Chapter 6
ခက်ခက်ခဲခဲ ညစာစားပြီးနောက် ထန်ချောင်းချောင်းတစ်ယောက် အနောက်ကိုမှီကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။
‘’ အခုမှပဲ သက်သာသွားတော့တယ်…’’
သူမ အရှေ့ရှိ ထိုင်နေသော အမျိုးသားကို ကြည့်လိုက်သည်။ သူသည် အစားကိုပုံမှန်စားနေပြီး လှုပ်ရှားမှုတိုင်းမှာ ကျက်သရေရှိကာ ပြေပြစ်နေသည်။ သူသည် ချမ်းသာသည့်မိသားစုက သားတစ်ယောက်ဖြစ်ထိုက်သည်ဟု သူမ တွေးနေမိသည်။
ထန်ချောင်းချောင်း မေးထောက်လိုက်ရင်း ‘’ ကျွန်မရှင့်ကိုပြောစရာရှိတယ်… မနက်ဖြန်ကစပြီး ရှိုးရိုက်ရတော့မယ်…’’
ရှန်းယွဲ့ ခဏရပ်တန့်သွားပြီး ‘’ မင်းမှာ ခြေထောက်ရှိတာပဲ … သွားချင်တဲ့နေရာသွားပေါ့…’’
‘’ ရှင်ဘာစားချင်လဲ… ကျွန်မ ကြိုချက်ပြီး ရေခဲသေတ္တာထဲမှာ ထားထားပေးမယ်လေ…’’
‘’ ဘာဖြစ်ဖြစ်…’’ ရှန်းယွဲ့ တစ်ဆို့သွားပြီး သူ၏ရေခဲမျက်နှာမှာ အနည်းငယ်လှုပ်ရှားသွားသည်။
သူမ ခေါင်းငြိမ့်လိုက်သည်။
‘’ ရှင်အစားမရွေးတာကောင်းတယ်… ကျွန်မလဲ မရွေးဘူး…’’
ရှန်းယွဲ့ ‘’ ….. ‘’
‘ ဒီမိန်းမ သူပြောတာကို ကောင်းကောင်းမကြားဘူးလား…’
‘’ မနက်ဖြန် ရှင်စားချင်တဲ့အချိန်ကျရင် အန်တီဝမ်ကို နွှေးခိုင်းလိုက်… အစာငတ်ခံပြီး ဆန္ဒလဲပြမနေနဲ့ဦး… မဟုတ်ရင် ရှင့်ခြေထောက်မသက်သာခင် ကိုယ်တွင်းကလီစာတွေ အရင်ပျက်စီးနေမယ်…’’
ရှန်းယွဲ့ စားပွဲအောက်မှ သူ၏လက်များကို တင်းတင်းဆုပ်ထားလိုက်မိသည်။
သူ့ခြေထောက်တွေက ကုမရတော့ဘူး….
ထန်ချောင်းချောင်း မျက်တောင်ခတ်လိုက်သည်။ ဝိညဉ်စွမ်းအင်ဖြင့် ကုသခြင်းကို သာမန်လူများအနေနှင့် နားမလည်နိုင်ပေ။ သူမအနေဖြင့် တဆင့်ပြီးတဆင့် ဆက်လက်လုပ်ဆောင်ရန် လိုနေသေးပြီး အချိန်တန်မှသာ သူ့အား အံ့အားသင့်စေမည်ဖြစ်သည်။
……………..
နောက်တစ်နေ့ မနက် ၁၀ နာရီတွင် ထန်ရှောင်းရှောင်းသည် ‘’အံ့ဩဖွယ်ရာအစားအစာများ ‘’ ရိုက်ကူးရေးနေရာသို့ရောက်နေပြီဖြစ်သည်။ ထိုနေရာသည် လူသွားလူလာများသော လမ်းမတစ်ခုတွင်ဖြစ်သည်။
‘’အံ့ဩဖွယ်ရာစားစရာများ ‘’ သည် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်ဖြစ်သည်။ ထန်ချောင်းချောင်း အပြင် တခြားပါဝင်သူ ၅ ဦးမှာ နာမည်ကြီးမင်းသမီး ကျိုးမုန့်၊ လူငယ်စတား ဟူမြောင်၊ ဒရမ်မာမင်းသားဟောင်း ဝမ်ချမ်း၊ တက်သစ်စပန်းပွင့်လေး ရှောင်ခယ် နှင့် အိုင်ဒေါလ် ဝေ့ရီချီ တို့ဖြစ်သည်။
သူတို့အားလုံးနှင့်ယှဉ်လျင် ၁၈ လိုင်းသရုပ်ဆောင်ဖြစ်သော ထန်ချောင်းချောင်း တစ်ယောက်တည်းသာ အောက်ဆုံးမှပါဝင်လေသည်။
အားလုံးတစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပြီးသည်နှင့် ဒါရိုက်တာက အဖွင့်စကားစပြောတော့သည်။
‘’ ကျွန်တော်တို့ရဲ့ ’အံ့ဩဖွယ်ရာအစားအသောက်များ’ ရှိုးမှကြိုဆိုပါတယ်… ကျွန်တော်တို့က အစားအသောက်လုပ်ငန်းအတွက် အသစ်စက်စက် reality show တစ်ခုဖြစ်ပါတယ်… ခင်ဗျားတို့ရဲ့အနောက်မှာရှိတာကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီးတော့ အပိုင်း ၃ ပိုင်းခွဲထားပါတယ်… အားလုံးကို အုပ်စု ၂ စုခွဲပြီး ဧရိယာတစ်ခုစီ သတ်မှတ်ပေးပါမယ်… အစားအစာထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းကအစ အားလုံးကိုကိုယ်တိုင်တာဝန်ယူရမှာပါ… ပိုက်ဆံအများဆုံးရှာနိုင်တဲ့အဖွဲ့က အနိုင်ရပါမယ်…’’
ဒါရိုက်တာက ပြုံးလိုက်သည်။
‘’စည်းကမ်းတွေက အရမ်းရိုးရှင်းပြီး ရက်စက်မနေဘူးလား…’’
ကျိုးမုန့်သည်တခြားသူများထက် ပေါ်ပြူလာဖြစ်သည့်အတွက် မေးလိုက်သည်။ ‘’ ကနဦးပိုက်ဆံကရော..’’
‘’မေးခွန်းကောင်းပဲ…’’ ဒါရိုက်တာရယ်လိုက်သည်။
‘’ အဖွဲ့တိုင်းက မြို့တည်ဖို့ ယွမ် ၁၀၀၀ စီရမယ်…’’
‘’ ယွမ် တစ်ထောင်တည်းလား… ဒီနေ့ခေတ်မှာ အပြင်ထွက်စားရင်တောင် ယွမ် ၁၀၀၀ က မလောက်တော့ဘူးလေ…’’ ဟူမြောင် မကျေမနပ်ဖြင့် ကွန်ပလိန်းတက်တော့သည်။
ဒါရိုက်တာက လက်ယမ်းပြလိုက်သည်။
‘’ယွမ်တစ်ထောင်ပဲ ရမယ်… စားသောက်ဆိုင်ကို အမြင့်, အလတ်, အနိမ့်ဆိုပြီး သုံးပိုင်းခွဲထားတယ်… အမြင့်ရတဲ့သူက အကောင်းဆုံးပဲ… အနိမ့်ကတော့ အဆိုးဆုံးပေါ့…. အဖွဲ့ဖွဲ့ပြီးရင် မဲနှိုက်ရမယ်…’’
ထိုစည်းမျဉ်းထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၆ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။
ကြည့်ရှုသူများ၏ သိလိုစိတ်များကို နှိုးဆွရန်အတွက် "အံ့သြဖွယ်ရာ အစားအသောက်များ" အစီအစဥ် ဝန်ထမ်းများက ရိုက်ကူးရေးနေ့မတိုင်မီအထိ ပါဝင်သော ဧည့်သည်တော်များစာရင်းကို လျှို့ဝှက်ထားခဲ့ကြသည်။ တိုက်ရိုက်ထုတ်လွှင့်သော အခန်းပွင့်လာကာ ကြည့်ရှုသူများက ဧည့်သည်များ၏ မျက်နှာများကို မြင်လိုက်ရသည့် အချိန်အထိ ဖြစ်သည်။
[မဟုတ်သေးဘူး... နောက်ဆုံးက ထန်ပုပုတော့ မဟုတ်ဘူးမလား?]
ပုပု-အသားနဲ့ပင်လယ်စာတွေ ဖက်ထုပ်တွေ အများကြီး ခင်းကျင်းထားတဲ့ ဟင်းပွဲပါ
[သူပဲလေဟယ်... အစီအစဥ်က ဝန်ထမ်းတွေက ထန်ချောင်းချောင်းကို ဖိတ်ရတဲ့အထိ အဆင့်နိမ့်ကျသွားပြီလားပဲ... ဒီရှန်းလျန့်ရဲ့ ပရိတ်သတ်လေးက သူ့ကို တွေ့ချင်မနေဘူးနော်]
[ကျိုးမုန့်နဲ့ ဟူမြောင်တို့လည်း ပါမယ်ဆိုတာ သိထားပါရဲ့... ဒါပေမယ့် ဒီထန်ပုပုက ဘယ်ကနေ ထွက်လာရတာလဲ... ဟုတ်ပြီ... သူတို့တွေ ဝက်သားဘာဘီကျူးမကိုပါ ပါဖို့ ဖိတ်ထားတယ်ပေါ့]
[သေစမ်း.. သူ့ရဲ့ အနောက်က ရွှေသခင်ကြီးက အရမ်းကောင်းတာပဲ]
[သူ့ နောက်ခံအင်အားက ကြောက်စရာပဲ...ငါသူ့ကို ကျိန်ဆိုတယ်: နင်နတ်ဘုရားတွေဆီက အပြစ်ပေးခံရလိမ့်မယ်...]
[ထန်းချောင်းချောင်းကို မကြည့်ချင်ရင် သူ့ကို လျစ်လျူရှုထားလိုက်စမ်းပါကွာ... လူချောလေးတွေနဲ့ မိန်းမလှလေးတွေကိုပဲ ကြည့်ကြစမ်းပါ... ကြက်တစ်ကောင် ပို့ပေးလိုက်တာ အဆင်မပြေဘူးလား? ကျိုးမုန့်က တကယ်အလှလေးပဲ]
[ထန်ပုပုက ပုံစံတွေ ပြောင်းထားသလိုပဲ... သူ အရင်တုန်းက စွဲဆောင်မှု ရှိပြီး စျေးပေါတဲ့ ပုံစံနဲ့လေ... အခုတော့ ဖြူစင်ပြီး ချစ်ဖို့ကောင်းသလို ဖြစ်နေတယ်... ပုံရိပ်အသစ် ထွက်လာပြီ]
[ပုံစံပြောင်းလည်း အပိုပဲ.... သူ့ကိုကြည့်ရတာ စိတ်ပျက်ဖို့ ကောင်းတယ်]
...
ဧည့်သည်တော်များကတော့ တိုက်ရိုက်ထုတ်လွှင်မှုက ဆူညံသံများကို မမြင်နိုင်ခဲ့ပေ။ သူတို့က အသင်းဖွဲ့ရန်အတွက် အလုပ်များနေခဲ့ကြတာ ဖြစ်သည်။
ဒါရိုက်တာက လူတိုင်းကို လွပ်လပ်စွာ အသင်းဖွဲ့ နိုင်ကြောင်း ကြေညာခဲ့သည်။ ကျိုးမုန့်နှင့် ဟူမြောင်ကတော့ အပြန်အလှန် နားလည်မှုဖြင့် အတူတူရပ်လိုက်ကြသည်။ သူတို့က တီဗွီစီးရီးတစ်ခု အတူတကွ ရိုက်ကူးခဲ့ကြတာ ဖြစ်သည်။ ထိုနှစ်ယောက်တွဲအသင်းက ဒရာမာကိုလည်း ပရိုမိုးရှင်းဆင်းရင်း ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သလိုပင်။
ဝမ်ချမ်းက လူကြီးတစ်ယောက် ဖြစ်ပြီး သူက ရွှင်ပြစွာဖြင့် ပြုံးလိုက်သည်။
"ရှောင်ခယ် ငါတို့လည်း အသင်းဖွဲ့ကြမလား? အဲ့ဒီရှိုးမှာ ငါမင်းအဖေနေရာကနေ ပါခဲ့တယ်လေ... ငါတို့က အဖေနဲ့ သမီး အသင်းလို့ ပြောလို့ရတာပဲ"
ရှောင်ခယ်ကတော့ ချိုသာစွာပင် "ဒါဆိုရင် ဦးလေးဆီပဲ မှီခိုရတော့မှာပဲ"။ အသင်းနှစ်သင်း ဖွဲ့စည်းပြီးသွားတော့ ဝေ့ရီချီက ထန်းချောင်းချောင်း အနားကပ်မလာခင်အထိ ကြိမ်အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သေးသည်။
"အစ်မချောင်းချောင်း.. ကြည့်ရတာ ကျွန်တော်တို့ အသင်းဖွဲ့ရမဲ့ပုံပဲ"
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူမက ဘယ်သူနှင့် အသင်းဖွဲ့ရရ စိတ်မဝင်စားပေ။ သူမက ဝေ့ရီချီကို ခြေဆုံးခေါင်းဆုံး ကြည့်မိရုံသာ။ သူမအကြည့်များက ချောမွေ့နေသော သူ့ဆံမြိတ်လေးဆီ ရောက်နေပြီးနောက် တလက်လက်တောက်ပနေသော သမင်မျက်လုံးလေးများနှင့် ဆုံမိသွားခဲ့သည်။
"မင်း အသက်ပြည့်ပြီလား?"
ဝေ့ရီချီက သူ့ရင်ဘတ်ကို မြှောက်လိုက်သည် ကျွန်တော် 19နှစ်နဲ့ 39ရက် ပြည့်ပြီးပြီ"
ထန်ချောင်းချောင်းကတော့ မယုံမကြည် ဖြစ်နေဆဲပင်။ သူက အရမ်းငယ်ရွယ်သည့်ပုံ ပေါက်နေသည်လေ။
"ကလေး လုပ်သားတွေကို ငှားတာ တရားမဝင်ဘူးနော်"
"ကျွန်တော် အစ်မကို မလိမ်ပါဘူးဗျာ... ကျွန်တော့ အိုင်ဒီကဒ် ပြမယ်လေ... အိုး.. ဟုတ်သား... ကျွန်တော့် အမှားပါ.. ကျွန်တော့်မှာ အိုင်ဒီကဒ်မရှိဘူး"
ဝေ့ရီချီက အိတ်ကို ကိုင်လိုက်ပြီး အနည်းငယ် သောကရောက်နေခဲ့သည်။
"ကျိန်ရဲပါတယ်ဗျာ... ကျွန်တော် ဆယ့်ရှစ်နှစ် ပြည့်ပြီးပြီ... ကျွန်တော် လိမ်ခဲ့ရင် အသင့်စားခေါက်ဆွဲတွေကို အရသာမှုန့်မထည့်ဘဲ စားပြမယ်"
ဝေ့ရီချီ၏ မျက်လုံးတွေက ဘလင်းဘလင်း ဖြစ်နေပြီး သူမ အရင်က မီးဖိုချောင်ထဲမှာ မြင်ဖူးခဲ့တဲ့ ပါပီလေးတစ်ကောင်ကို အမှတ်ရသွားစေသည်။ မည်သည့် တာအိုဆရာ မွေးထားသလဲတော့ မသိခဲ့ရပေ။ ထိုအကောင်လေး၏ စားစရာများကို ကြည့်နေသော စိတ်အားထက်သန်ပြီး လိုချင်စိတ်အပြည့် ဖြစ်နေသော မျက်လုံးလေးများက အခု ထိုကောင်လေး၏ ပုံစံနှင့် တစ်ထပ်တည်းပင်။
ထန်ချောင်းချောင်း ပြုံးရယ်လာခဲ့သည်
"အစ်မ မင်းကို ယုံပါတယ်... ဒါပေမယ့် အင်တာနက်ပေါ်က အစ်မရဲ့ ဂုဏ်သတင်းတွေက သိပ်မကောင်းဘူး"
ရိုးသားတဲ့ကောင်လေး။ သူမကတော့ အခြားသူတွေရဲ့ မိသားစုကို ဒုက္ခမရောက်စေချင်ပါဘူး။
ဝေ့ရီချီက သူ့နှဖူးကို မြှင့်လိုက်သည် "ကိစ္စမရှိပါဘူး... ကျွန်တော်လည်း ရူးရူးနှမ်းနှမ်းပဲလေ"
သူက နှစ်နှစ်နီးပါး လေ့ကျင့်ရေးဆင်းခဲ့ရတာ ဖြစ်သော်လည်း သူ့အဖွဲ့ထဲမှာ သူ့ကျော်ကြားမှုကတော့ အရမ်းကို ဆိုးသည်။ ထို့ကြောင့်ပင် သူက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဥ်များတွင် ပါဝင်ဖို့ ပစ်မှတ် ဖြစ်လာခဲ့သည်။
သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့ မိုက်ခရိုဘလော့ ပေ့ချ်ကို ဖွင့်ပြလိုက်သည်။
"ကျွန်တော် သက်သေပြမယ်... ကျွန်တော့် ဖန်အရေအတွက်ကို ကြည့်လိုက်"
ထန်းချောင်းချောင်း သူမကိုယ်ကိုကိုင်းကာ သူ့ခေါင်းပေါ်မှ ကြည့်လိုက်ပြီးနောက် အံ့သြတကြီး ပြောလိုက်သည် "မိုက်ချက်ပဲ...ဖန်အရေအတွက်က ဂဏန်းငါးလုံးတောင် ရှိတယ်" ဆိုလိုသည်က သူ့ကို ယုံကြည်ကြသူများက သူမထက် ဆယ်ဆများလေ၏။
ထန်ချောင်းချောင်းက ချက်ချင်း သူမ၏ ဝေ့ပေါ်ပေချ့်ကို ဖွင့်လိုက်ပြီး ဂဏန်းလေးလုံးသာရှိသော ဖန်အရေအတွက်ကို သူ့ဆီ ပြလိုက်သည်။
ဝေ့ရီချီက သူမကို နှစ်သိမ့်ပေးလိုက်၏ "တကယ်က ကျွန်တော့်ဖန်တွေအားလုံးကို ကုမ္ပဏီက ဝယ်ပေးထားတာ... အားလုံးအတုတွေ"
ထန်းချောင်းချောင်း: "အနည်းဆုံးတော့ မင်းမှာ ဖန်ရီဗျူးတွေ ရှိသေးတာပဲလေ.. အစ်မဖန်တွေအားလုံးက ဇွန်ဘီဖန်တွေနဲ့ တိုက်ခိုက်နေတဲ့ဖန်တွေ ချည်းပဲ... ရီဗျူးနေရာမှာတောင် ရိုက်စားလင့်တွေ ရှိသေးတယ်"
"အာ ဟုတ်လား" အမျိုးသမီး ကြယ်ပွင့်တစ်ယောက် အတွက်က ထိုအချက်တစ်ခုကပင် အမှန်တကယ် ကျရှုံးမှု တစ်ခု ဖြစ်လေသည်။
ဝေ့ရီချီ ဘာပြောရမှန်း မသိတော့။ အခုအကြိမ်က သူ သူ့ထက်ပို အခြေအနေဆိုးသည့် အနုပညာရှင်တစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်နေသည်။ သူက ခေါင်းလှည့်လိုက်ပြီး ပြောလိုက်သည်
"စိတ်မပျက်ပါနဲ့... ဒီရှိုးလွှင့်ပြီးရင် ဂဏန်းငါးလုံးအထိ ရောက်ဖို့ ကြိုးစားရအောင်လေ"
ထန်ချောင်းချောင်းက ထိုအကြောင်းကို တွေးတောလိုက်သည် "ယုတ္တိရှိသားပဲ"
တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းတွင်:
[ငါတို့ရဲ့ ချီချီလေးက အရမ်းသနားဖို့ ကောင်းတာပဲ... မားမားက မင်းကို ရူးနှမ်းနှမ်းလေးလို့ ပြောတာကို တားမြစ်တယ်နော်]
[ချီချီလေးက သတ္တိရှိလိုက်တာ... သနားစရာကလေးလေးကို အနိုင်မကျင့်နဲ့နော်]
[ထန်ချောင်းချောင်းနဲ့ ဝေ့ရီချီ မူလတန်းကျောင်းက ကြက်ပေါက်စတွေကို တွဲပေးထားတာလား...သူတို့တွေ အသင်းဖွဲ့ဖို့ အဆင်ပြေပါ့မလား]
[ဘယ်သူက ပိုဆိုးလဲ: ဂဏန်းငါးလုံးဖန်တွေ ဒါမှမဟုတ် ဂဏန်းလေးလုံးဖန်တွေ... ငါကတော့ ဒီသနားစရာ ကိုးယို့ကားယား ဖြစ်နေတဲ့ ကလေးတွေအတွက် အရမ်းသနားနေပြီ... ဘယ်လိုတောင် ဆိုးဝါးလိုက်တဲ့ ကုမ္ပဏီလဲ... ဖန်တွေ ပိုဝယ်ပေးတော့ သေသွားမှာ မို့လို့လား]
[ ဝေ့ရီချီ ဂရုစိုက်နော် ထန်ချောင်းချောင်းက မင်းရဲ့ အောင်မြင်မှုကို ဆွဲချလိမ့်မယ်]
[သူလည်း ပေါင်တစ်ဝက်လောက်ပဲ တန်တာကို... ငါ့ဖင်ကြီးပဲ]
[အသင်းတွေ ဘယ်လိုများ ခွဲထားတာလဲ? ကျိုးမုန့်နဲ့ ဟူမြောင်တို့အသင်းက အရမ်းနာမည်ကြီးတာကို... သူတို့ရေနွေးပဲ ရောင်းရင်တောင် ဝယ်မဲ့ဖန်တွေ ရှိမှာပဲ... ယုံချင်ယုံ မယုံချင်နေ]
....
ဒါရိုက်တာက လက်ခုပ်တီးလိုက်သည် "အသင်းတွေ ဖွဲ့ပြီးပြီ ဆိုတော့ နေရာတွေရွေးဖို့ မဲနှိုက်ကြမယ်... ဘယ်သူ မဲလာနှိုက်ကြမလဲ"
ဝမ်ချင်းက အကြံပြုလိုက်သည် "မိန်းကလေးတွေ ဦးစားပေးလိုက်မယ်.. ဘာပဲဖြစ်ဖြစ် အသင်းတစ်ခုစီမှာ မိန်းကလေးတွေ ရှိကြတာပဲ"
လူတိုင်းက မကန့်ကွက်ကြပေ။ ထို့ကြောင့် ကျိုးမုန့်၊ ရှောင်ခယ်နှင့် ထန်ချောင်းချောင်းတို့က မဲနှိုက်ဖို့ အတူတကွ ရှေ့ထွက်လာခဲ့ကြသည်။
ရှောင်ခယ်က သူမ၏မဲလက်မှတ်ကို ကြည့်လိုက်သောအခါ ပျော်ရွှင်မှုတို့ဖြင့် ခုန်ပေါက်သွားရသည်။ "ကျွန်မ အဆင့်မြင့်နေရာ ပေါက်တယ်"
ကျိုးမုန့်က သူမလက်ထဲမှ အလယ်အလတ်နေရာကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ယုံကြည်မှု ရှိသည့် ပုံပေါက်နေသည်။ သူမက သူမဘေးမှ ထန်းချောင်းချောင်းကို ကြည့်လိုက်သည်။ သူမလက်ထဲမှ မဲကအဆိုးဆုံး အသုံးအဆောင်များ ဖြစ်နေမည်မှာ သံသယ ဖြစ်စရာပင်မလိုချေ။
'
Xxxxxxx