Chapter 16
အရသာကို မကျေမနပ် ဖြစ်ခြင်း
ကျောင်းဝူသည် အဓိက ရိုက်ကူးရေးအဖွဲ့အစား ရိုက်ကွင်းနောက်ကွယ်မှ ရိုက်ချက်များကို ဦးတည်၍ ရိုက်ကူးသော ဘလော့ဂါတစ်ယောက် ဖြစ်သည်။ နာမည်ကျော်များကို ရိုက်ကူးရသည့်အပြင် တစ်ခါတစ်ရံတွင် သူက ရိုက်ကူးရေး လုပ်ငန်းစဥ်များနှင့် ရိုက်ကူးရေးအဖွဲ့များကိုလည်း ရိုက်လေ့ရှိသေးသည်။ အချို့သော ရိုက်ကူးရေးအဖွဲ့များ၏ စီမံခန့်ခွဲရေးများက တင်းကြပ်သော်လည်း "နတ်ဆိုးဘုရင်ကြီး၏ အချစ် မျိုးဆက် သုံးဆက်" ကဲ့သို့သော ဝက်ဘ်ဒရာမာလေးများတွင်မူ ထိုလူများက အချို့သော ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက် ဘလော့ဂါများကို ရိုက်ကွင်းနောက်ကွယ် ရိုက်ချက်များကို တင်ပေးစေလိုကြသည်။
ကျန်းဝူက မူလတွင် အမျိုးသမီးဇာတ်လိုက်၏ မျက်စိအဆိပ်သင့်စေနိုင်သော တောင်ပံခတ်နေသည့် ပိုးဖလံအကကို စိတ်ဝင်စားခဲ့သည်။သူက သရုပ်ဆောင်မင်းသမီးကို ရယ်မောကြရန်အတွက် ဝေ့ပေါ်တွင် ပိုစ့်တင်ရန် ကြံရွယ်ထားခဲ့သည်။သူ လှည့်ကြည့်လိုက်မိပြီးနောက် ဟင်းပွဲများကို စိတ်အားထက်သန်စွာ စားသောက်နေသည့် ထူးဆန်းသော သရုပ်ဆောင်တစ်ယောက်ကို ရိုက်ကူးမိမည်ဟု မထင်ထားခဲ့ပေ။
အခြားသော သရုပ်ဆောင်များက သူတို့ရှေ့မှ ဟင်းပွဲများကို ထိပင်မထိသော်လည်း သူမကသာ စားကောင်းသောက်ဖွယ်ကို စားရသကဲ့သို့ တစ်ကိုက်ပြီး တစ်ကိုက် စားသောက်နေခဲ့သည်။
သူက သေသေချာချာ ကြည့်လိုက်သည်။ ဟေး... ဒါလေးက ငရုတ်ကောင်းစေ့အခွံနင်သွားတဲ့ Hot Searchပေါ်က မင်းသမီး ထန်ချောင်းချောင်း မဟုတ်ဘူးလား....
မကြာမီတွင် ရိုက်ကူးရေးအဖွဲ့ ဘလော့ဂါ ကျန်းဝူက ဝေ့ပေါ်တွင် ဗီဒီယို တစ်ခုကို တင်လိုက်သည်: "လူတိုင်းက ပျံသန်းနေတဲ့ ပိုးဖလံအကကို သဘောကျနေတဲ့အချိန်မှာ ထန်ချောင်းချောင်း ဘာလုပ်နေလဲ ကြည့်လိုက်ကြ"
ကျန်းဝူက တစ်နှစ်ပတ်လုံးတွင် နာမည်ကျော်ကြားလာသူ ဖြစ်လာခဲ့သည်။ သူ၏ ဝေ့ပေါ်မှ ဖန်များက အလွန်ပင် တက်ကြွကြသည်။ မကြာမီပင် မှတ်ချက် မြောက်များစွာက ထိုပိုစ့်ကို ဖုံးလွှမ်းသွားကြနော့သည်။
[ထန်ချောင်းချောင်း... တော်တော့... ဟင်းတွေ မစားပါနဲ့တော့... ငါရယ်ရလွန်းလို့ သေတာ့မယ်]
[သောက်ကျိုးနည်း... ဇာတ်လိုက်မကနေတာ ဘယ်လိုအကကြီးလဲ... အကလို့တောင် ခေါ်လို့ရရဲ့လား... ထန်ချောင်းချောင်းကို လေးစားတယ်ဟေ့... သူကတော့ ဒါကြီးကို ကြည့်ရင်း စားဝင်သေးတယ်]
[ချောင်းချောင်းကို ဖောလိုးလိုက်ပြီ... သူအခု အစားအသောက် ဘလော့ဂါ ဖြစ်လာတော့မှာလား... သံသယဖြစ်နေတဲ့ မျက်နှာအီမိုဂျီ]
[သူ့ကို ငရုတ်ကောင်းစေ့အခွံ ထုတ်ပြီးပြီလားလို့ မြန်မြန်မေးလိုက်]
[ငါတစ်ယောက်ပဲ ထန်ချောင်းချောင်း သရုပ်ဆောင်မဲ့ ဇာတ်ကောင်ကို သိချင်နေတာလား... စတိုင်က ဆိုးချက်ပဲ... ငါကတော့ ရာစုနှစ်တစ်ခုလောက် နောက်ပြန်ရောက်သွားသလိုပဲ]
[အံ့သြစရာ ဝတ်စုံနဲ့တောင် သူကလှနေတုန်းပဲ... သူ့မျက်နှာလေးသာ ထောက်ပံ့ပေးထားရင် ဘာဝတ်ဝတ် ကိစ္စမရှိဘူး]
မြေခွေးမိသားစု၏ ပုံရိပ်ကို ဖော်ပြရန်အတွက် မြေခွေးများ အဖြစ် သရုပ်ဆောင်မည့် ရိုက်ကူးရေးအတွင်းမှ သရုပ်ဆောင်များက ခေါင်းပေါ်တွင် နားရွက်များ တပ်ထားသည်၊ မဟုတ်လျှင် လည်ပင်းပေါ်တွင် အမွှေးထူမြေခွေးများ တင်ထားကြသည်။
ထန်ချောင်းချောင်းသည်လည်း ခေါင်းပေါ်တွင် နားရွက်နီလေးများ တပ်ထားပြီး သူမနောက်တွင်လည်း အရောင်တူ အမွှေးဖွာအမြီးလေးက မြေပေါ်တွင် တွဲလောင်းကျနေခဲ့သည်။ သူမက တဖျတ်ဖျတ်လက်နေသည့် အနီရောင် ပိတ်ကျဲဝတ်စုံကိုလည်း ဝတ်ဆင်ထားသေးသည်။။
ထိုအရာက အခြားသူများအတွက် ဘေးအန္တရာယ် တစ်ခုကဲ့သို့ ဖြစ်နသော်လည်း ထန်ချောင်းချောင်း အတွက်မူ ကြည့်ရဆိုးမနေပါချေ။
သူမ၏ အိုင်းလိုင်နာက အနည်းငယ် မြင့်နေပြီး အိုင်းရှဲဒိုးများကလည်း မျက်လုံး၏ အစွန်းနှစ်ဖက်တွင် မီးခိုးရောင်သန်းကာ ခြယ်သထားသည်။ သူမ၏ ပြိုင်ဘက်ကင်း မျက်ခွံမိတ်ကပ်က ဆွဲဆောင်နေသည့် ခံစားချက်ကို ရစေသည်။
သူမ၏ အသားအရောင်က မူလတွင် အဖြူရောင် ဖြစ်သော်လည်း အနီရောင်ဝတ်စုံက သူမကို နှင်းကဲ့သို့ ဖြူဆွတ်သွားစေသည်။
ပရိုဂျူဆာက သူမတွင် ထူခြားသော စွဲဆောင်မှု ရှိသည်ဟု ပြောခဲ့ပြီး ထိုစကားကလည်း မှန်ကန်ပေသည်။
ကျန်းဝူက ထန်ချောင်းချောင်း၏ ပုံစံက အလွန်တရာ ဆွဲဆောင်မှု ရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရိုက်ကူးရေး အနားယူချိန်ကို အခွင့်ကောင်းယူပြီး ထန်ချောင်းချောင်း၏ အနားကို ပြေးသွားတော့သည်။ ထိုအချိန်တွင် သူမက သူမပန်းကန်ထဲမှ အရာအားလုံးကို ပြောင်စင်သွားသည်အထိ စားသောက်ပြီးသွားလေပြီ။
"ဟယ်လို... ချောင်းချောင်း... ငါ့နာမည်က ကျန်းဝူ... ဖျော်ဖြေရေး ဘလော့ဂါတစ်ယောက်ပါ... ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ဖန်တွေကို ဟယ်လိုလို့ ပြောပေးနိုင်မလား..."
ထိုလူ့လက်ထဲရှိ ဖုန်းကို ကြည့်လိုက်ရင်းဖြင့် သူမက သူမဘာသာ တွေးလိုက်မိသွားသည်၊ 'အင်တာဗျူးများလား...'
သူမက မြန်မြန်လေး ထိုင်ချကာ ဖုန်းထဲရှိ တိုက်ရိုက် ထုတ်လွှင့်မှုကို လက်ဝေ့ယမ်းပြလိုက်ပြီး ပြုံးပြလိုက်သည်၊ "ဟယ်လို... ငါက ထန်ချောင်းချောင်းပါ"
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူထုကြီးက ပို၍ပင် အသက်ဝင်လာတော့သည်။
ကျန်းဝူက မေးနေကျ မေးခွန်းကိုပင် အေးလိုက်သည်၊ "မင်းသရုပ်ဆောင်မဲ့ ဇာတ်ကောင်က ဘယ်လိုမျိုးလဲ... ပြောလို့ ရမလား..."
ထန်ချောင်းချောင်းက သူမခေါင်းကို ထိုးပြလိုက်သည်၊ "မသိသာဘူးလား... မြေခွေးမိစ္ဆာလေ"
"ငါထင်တာ အခုလေးတင် မင်းစားသောက်နေတာနော်... ရိုက်ကူးရေးအဖွဲ့က အစားအသောက်တွေက အရမ်းကောင်းလို့များလား"
"အဆင်ပြေပါတယ်... သခွားသီးတွေက ကောင်းတယ်... ဒါပေမယ့် ကြက်သားက မီးကျွမ်းနေတဲ့ သစ်သားလိုပဲ... ပြီးတော့ ခရမ်းသီးက ဆီများလွန်းတယ်"
"ဒါဆို ဘာလို့ ဒါတွေကို အရသာရှိရှိနဲ့ ကုန်တဲ့အထိ စားနေရတာလဲ..."
"အစားအစာတွေကို ဖြုန်းတီးလို့ မဖြစ်ဘူးလေ... ဒါတွေကို ကျွန်မတို့အတွက် လုပ်ပေးထားတာမလား... ကျွန်မတို့ တရုတ်တွေက နည်းနည်းပဲ စားလေ့ရှိကြတယ်... ကျွန်မက အစားအစာကို ဖြုန်းတီးတာ အမုန်းဆုံးပဲ"
ထန်ချောင်းချောင်းနှင့် ကျန်းဝူတို့က ပျော်ရွှင်စွာ စကားပြောနေကြသော်လည်း သူမနားတွင် ထိုင်နေသည့် အခြားသော သရုပ်ဆောင်များက စိတ်ပျက်နေကြသည်။ သူတို့အားလုံးက ဒီဇာတ်ကားမှာ ဇာတ်ပို့တွေပဲလေ... ဘာလို့ ထန်ချောင်းချောင်း တစ်ယောက်ထဲကိုပဲ အင်တာဗျူးရတာလဲ...
မိန်းကလေးများထဲမှ တစ်ယောက်က ထန်ချောင်းချောင်းနှင့် ကျန်းဝူတို့၏ စကားများကို တစ်လုံးမကျန် နားထောင်နေပြီးနောက် တိတ်တဆိတ်ထရပ်ကာ ထွက်သွားတော့သည်။
"ဘယ်သူလဲ... ဘယ်သူက ငါချက်တဲ့ဟင်းတွေကို စားမကောင်းဘူးလို့ ပြောတာလဲ..." မကြာခင်မှာပင် ပြောင်နေသော ဦးခေါင်းနှင့် ခပ်ရွှဲရွှဲ ဗိုက်တို့ ရှိသော သက်လတ်ပိုင်း လူတစ်ယောက်မှ ရိုက်တွင်းတွင် အသံကျယ်ကျယ်ဖြင့် ထွက်ပေါ်လာခဲ့သည်။
"ဒါ စားဖိုမှူး ဖန်မလား... သူ့ကို ဘယ်သူ ဆန့်ကျင်မိသွားတာလဲ..."
"ဘယ်သူရှိမှာလဲ... ထန်မျိုးရိုးနဲ့ တစ်ယောက်ပေါ့... သူ ဆရာဖန်ရဲ့ အစားအစာတွေကို စားလို့မကောင်းဘူးလို့ ပြောနေတာကို ကြားလိုက်တယ်"
လုံထောင်နူ နှင့် အခြားသော သရုပ်ဆောင်များက စုဝေးကာ ရှိုးကောင်းကောင်းတစ်ခုကို စောင့်နေရင်း ထန်ချောင်းချောင်းကို ကြည့်နေခဲ့ကြသည်။
စာဖိုမှုးဖန်က ရိုက်ကူးရေးအဖွဲ့၏ အဓိက စာဖိုမှူးတစ်ယောက် ဖြစ်ရုံသာမက ပရိုဂျူဆာ၏ ဆွေမျိုးလည်း ဖြစ်နေသေးသည်။ ထိုသူက ဆိုးရွားသော စိတ်သဘောထားလည်း ရှိသည်။ အတိတ်တွင် သူ့အစားအစာကို မကျေမနပ် ဖြစ်သည့် မည်သူမဆို ကြိမ်းမောင်းခံခဲ့ရသည်၊ "မင်းသာ လုပ်နိုင်ရင် ဒီက ထွက်သွားလိုက်... နောက်တစ်ခါ ငါချက်တာ မစားနဲ့"
ပရိုဂျူဆာ၏ ကာကွယ်မှုကြောင့် သူ့အစားအစာများကို မည်သူမှ နောက်ထပ် မဝေဖန်ရဲကြတော့။
ဒီတစ်ကြိမ်တွင် ထန်ချောင်းချောင်းက သံချောင်းထူထူ တစ်ချောင်းဖြင့် တိုက်မိသွားခဲ့ပြီ။
"မင်းပဲ... ငါချက်ထားတာတွေကို စားမကောင်းဘူးပြောတာ မင်းမလား..."
ထန်ချောင်းချောင်းက သူမရှေ့တွင် ရပ်နေသော လူကြီးကို ကြက်သေသေနေသော အမူအယာဖြင့် ကြည့်နေခဲ့သည်။ ထိုသူက တောင်ကုန်းတစ်ခုကဲ့သို့ ဝလွန်းနေခဲ့သည်။
ကျန်းဝူသည်လည်း ထိုအခိုက်တွင် ကြက်သေသေနေခဲ့သော်လည်း ခပ်မြန်မြန် တုံ့ပြန်လာကာ သူ့ကင်မရာကို ထိုလူနှစ်ယောက်ကို ရိုက်ကူးရန် မြန်မြန် ချိန်ညှိလိုက်သည်။
'တိုက်ခိုက်ကြ... တိုက်ခိုက်ကြ'
"ငါမေးမယ်... ငါ့အစားအစာတွေကို ဆိုးဝါးတယ်လို့ ပြောတာ မင်းလား..."ဆရာဖန်က ထပ်မေးလိုက်ပြန်သည်။
ထန်ချောင်းချောင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊ "ကြက်သားက မီးကျွမ်းထားတဲ့ သစ်တုံးလိုပဲ... ခရမ်းသီးကလည်း ဆီများလွန်းတယ်"
"သေလိုက်စမ်း..." စာဖိုမှူးဖန်က ထန်ချောင်းချောင်း၏ နူးညံ့သော ခန္ဓါကိုယ်လေးနှင့် မရင်းနှီးသော မျက်နှာကို ကြည့်နေခဲ့သည်။ သူက သူမကို အရူးတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီး ပို၍ပင် မသမာသော စိတ်များ ဝင်လာခဲ့သည်၊ "မင်းကရော စားကောင်းအောင် ချက်တတ်လို့လား... မင်းက ဆားနဲ့ သကြား၊ ပဲအနှစ်ဆောစ့်နဲ့ ဗင်နီဂါကိုတောင် ခွဲတတ်လို့လား... မင်းက ဒီလောင်ဇီကို လာသင်ရဲသေးတယ်"
ထန်ချောင်းချောင်း၏ မျက်နှာ အေးစက်သွားလေသည်။ ဆရာဖန်၏ စာဖိုမှူးဝတ်စုံတွင် ဆီအဝါများ စွန်းထင်းနေခဲ့သည်။ သူက စိတ်လှုပ်ရှားကာ စကားပြောနေသောကြောင့် တံတွေးများလည်း လာစင်နေသေးသည်။ ထိုသူတွင် သားသတ်သမားကဲ့သို့ စိတ်ကြီးဝင်နေသော သဘောထား နေသည်။ သူမက ထိုကဲ့သို့ စာဖိုမှူးများစွာကို တွေ့ခဲ့ရပြီး ထိုသူတို့ကို အလွန်စိတ်ညစ်ညူးခဲ့ရသည်။
"ရှင်က ကြက်အိုကြီးတွေကို သုံးထားတယ်... သူတို့တွေက သုံးနှစ်ကျော်လောက် မွေးထားတဲ့ ကြက်တွေပဲ... သူတို့က အိုနေတော့ စျေးပေါတယ်လေ... ရှင်က ကြက်တွေကို မကင်ခင် ရေထဲမှာ ဖြူလာတဲ့အထိ ကြိုမစိမ်ထားခဲ့ဘူး... ကင်တဲ့အချိန်ကလည်း ကြာလွန်းတယ်... အနည်းဆုံး 2နာရီထက်တောင် ပိုမလားပဲ... ကျွန်မပြောတာ မှားလား... ဆက်ပြောရအုံးမလား"
ထန်ချောင်းချောင်း၏ မျက်နှာက တည်ငြိမ်နေပြီး စကားလုံးတိုင်းက စာဖိုမှူးဖန်ကို ပြောစရာမဲ့သွားစေသည်။ ရိုက်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ကျန်းဝူက ပျော်ရွှင်စွာ ရိုက်ကူးနေသည်၊ "ဝိုး... အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီ"
ဆရာဖန်မှာ ထန်ချောင်းချောင်း၏ စကားများကြောင့် ထိတ်လန့်သွားပြီး ဒေါသထွက်လာတော့သည်။ သူက အော်ဟစ်လိုက်လေသည်၊ "ဆိုတော့ မင်းက ဟင်းချက်တတ်တယ်ပေါ့လေ... အဲ့တော့ဘာဖြစ်လဲ... ငါဟင်းစချက်တုန်းက မင်းလိုမိန်းကလေးက နို့သောက်နေတုန်းပဲ ရှိသေးတယ်"
ထန်ချောင်းချောင်းက လှောင်ရယ်လိုက်သည်၊ "ရှင်က လူကြီး ဖြစ်နေပြီ ဆိုတဲ့ အချက်ကိုပဲ မှီခိုနေတာ... ရှင့်အသံက ကျယ်ပေမယ့် ဟင်းချက်တယ်ဆိုတာ အသံကျယ်မကျယ်အပေါ် မူတည်နေတာ မဟုတ်ဘူး..."
မစ္စတာဖန်က သူလုံးဝ အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ ရိုက်ကူးရေးအဖွဲ့အတွင်းရှိ မည်သူကမျှ သူ့ကိုမော်မကြည့်ရဲခဲ့ပေ။
"မင်းစကားကို နားထောင်ရသလောက် မင်းလည်း ဟင်းချက်တတ်တယ်ပေါ့လေ... ဒါဆို ငါတို့ပြိုင်ကြမယ်"
ထန်ချောင်းချောင်းက ထရပ်လိုက်လေသည်၊ "ဟုတ်ပြီလေ... ရှင်ရှုံးရင်ရော..."
"ငါရှုံးရင် ငါ့ခေါင်းကို သုံးချက်တိတိ ချက်ချင်းခေါက်ပေးမယ်... မင်းရှုံးရင် ရိုက်ကူးရေးအဖွဲ့ကနေ ထွက်သွား..." မစ္စတာဖန်က အနိုင်ကဒ်ကို ကိုင်ထားသည့်ဟန်ပင်။
"အရမ်းကြီး ရိုသေဖို့ မလိုပါဘူး... ရှင်က မတန်ဘူးလေ... ရှင်ကျွန်မကို လူတွေရှေ့ တောင်းပန်ပြီး အစားအသောက်ဝယ်ဖို့ ပေးထားတဲ့ ရိုက်ကူးရေးရဲ့ ပိုက်ဆံတွေကို ဘတ်ထားတယ်လို့ ဝန်ခံရမယ်"
"ဘယ်သူက ဒိုင်လုပ်မှာလဲ..."
"သေချာတာပေါ့... လူတိုင်းရှိနေကြတာပဲ" ထန်ချောင်းချောင်းက ပြောလိုက်သည်။
[ဒီလိုလူမျိုးက သေချာပေါက် ရိုက်ကူးရေးအဖွဲ့ထဲမှာ အနိုင်ကျင့်တတ်တဲ့လူဖြစ်ရမယ်... ချောင်းချောင်း... သူနဲ့မပြိုင်ပါနဲ့... လုံခြုံရေးက အရေးကြီးတယ်]
[မကြောက်နဲ့ ချောင်းချောင်း... ငါတို့အားလုံး မင်းကို အားပေးနေမယ်... မင်းက သေစေနိုင်လောက်တဲ့ မိန်းမလှလေးပဲ]
[ဟုတ်တယ်... သူမင်းကို နာကျင်ဖို့ လုပ်ရဲရင် ငါတို့တွေ သူ့ကို ဖော်ထုတ်ကြမယ်]
[ဘယ်လိုတောင် ဖရိုဖရဲ ဖြစ်နေတဲ့ ရိုက်ကူးရေးအဖွဲ့လဲ.... အစားအသောက်က စားမကောင်းဘူး... ဒါပေမယ့် ဘယ်သူမှ ထုတ်မပြောရဘူး... ဒါက မြေအောက်ကမ္ဘာမို့လို့လား]
[ဘုရားကျောင်းသေးသေးလေးမှာ လေပြင်းထန်နေတယ်... ရေတိမ်တိမ်မှာ ဘုရင်တွေ အများကြီးပါလား]
T/N အရည်အချင်း နည်းနည်းသာ ရှိသူတွေက အဆူညံဆုံးလို့ အဓိပ္ပါယ်ရတာပါ... သတ်မှတ်အဆင့်(ရေ) ပိုနိမ့်လေ...လူပိန်းတွေကို ဆွဲဆောင်လေပဲတဲ့... ဒါကြောင့်မို့ သတ်မှတ်အဆင့်နိမ့်လေ ပိုဆူညံလေပဲ... သူပြောချင်တာ မကောင်းတဲ့ ရိုက်ကူးရေးအဖွဲ့မို့လို့ စားဖိုမှူးလို မကောင်းတဲ့လူတွေကို ဆွဲဆောင်နေတာပါတဲ့
ကျန်းဝူက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြင့်တက်လာသော ကြည့်ရှုသူဦးရေကို ကြည့်လိုက်သည်။ သူ့ပါးစပ်က နားရွက်ပေါ်တွင် တက်ချိတ်တော့မတတ်ပင်။ ဒီနေ့သူ ငါးအကြီးကြီး ဖမ်းမိလိုက်လေပြီ။
ပရိုဂျူဆာနှင့် ဒါရိုက်တာတို့ ဖြစ်ပျက်နေသော ကိစ္စကို သိလိုက်ရသောအခါ ထန်ချောင်းချောင်းနှင့် ဆရာဖန်တို့က ကြည့်ရှုနေသော လူများစွာ ခြံရံလျက် မီးဖိုရှေ့တွင် ရောက်နေပြီးသား ဖြစ်နေခဲ့သည်။
Xxxxxx