Chapter 19
သံမဏိအမျိုး
ထန်ချောင်းချောင်း မျက်တောင်ခတ်လိုက်ပြီး သူမ၏အကြည့်တွေက ဖော်ပြရခက်သည့်နေရာကို ရောက်သွားသည်။ သူမကတစ်ခုခုကို နားလည်သွားပြီးနောက် မေးလိုက်သည်။
"ဒီတော့ ရှင့်ကိုယ်အောက်ပိုင်းတစ်ခုလုံးက ထုံနေတာတော့မဟုတ်ဘူးပေါ့"
'အချို့နေရာတွေက သုံးလို့ရသေးတာပေါ့၊ ဟုတ်ရဲ့လား'
ရှန်းယွဲ့၏အမူအယာက မည်းမှောင်လာသည်။ ဘာလို့များ ဒီမိန်းမက ဒီလိုအရာမျိုးကို မျက်နှာတစ်ချက်လေးတောင် နီရဲမလာပဲ ပြောနိုင်ရတာလဲ။
တစ်ခါတစ်လေမှာ သူမက စာရွက်ဖြူတစ်ရွက်လို ရိုးရှင်းသည်။ အသီးအရွက်အချို့ကို စိုက်ပျိုးရင်း သူမကပျော်ရွှင်နိုင်သည်။ တစ်ခါတစ်ရံမှာတော့ သူမကို ယခုကဲ့သို့ အရှက်မရှိ'ဟူသောစကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။
ရှေးခေတ်က ယောက်ချိုဇွန်းဖြစ်သော ထန်ချောင်းချောင်း က ယောက်ျားနှင့်မိန်းမကြားက ကိစ္စတွေမှာ သံမဏိကဲ့သို့နှယ် မာကျောလှသည်။
ကမ္ဘာပေါ်ရှိ တာအိုဘုန်းကြီးများက ယောက်ျားမိန်းမကြားရှိ ချစ်မေတ္တာကို စိတ်အားထက်သန်ကြပြီး သူတို့က နှစ်ကိုယ်တူယှဥ်တွဲကျင့်ကြံခြင်းကိုပင် ပြုလုပ်ကြလေသည်။ သို့သော်လည်း သူတို့ထဲကအများစုမှာ စွဲလန်းခြင်း၇ပါးနှင့် ကိလေသာ၆ပါးကို ပယ်ဖျောက်ရန် အားထုတ်ကြခြင်းပင်။
ထန်ချောင်းချောင်း က အနှီလေထုထဲတွင် နှစ်မြုပ်နေခဲ့ပြီးနောက် ထိုအရာနှင့်ပတ်သက်၍ သူမ၏သဘောထားမှာ ထိခိုက်သွားခဲ့သည်။ တစ်ဖက်တွင်လည်း ယင်းမှာထိုသို့သောကိစ္စမျိုးဖြစ်နေသော်ငြား သူမကတော့ ရှက်ကြောက်ကာ ထွက်ပြေးမည်မဟုတ်ချေ။ အခြားတစ်ဖက်တွင်မူ သူမအမြင်အရ ယင်းမှာ လူသားတို့မျိုးပွားရန်လိုအပ်သည့် နည်းတစ်ခုသာဖြစ်လေသည်။
ထန်ချောင်းချောင်းမှာ ရှန်းယွဲ့၏နှလုံးသားထဲရှိ သူမ၏ပုံရိပ်လေး ပြောင်းလဲသွားခြင်းကို မသိလိုက်ပေ။ သူမက သစ်သားသေတ္တာကို ဖွင့်လိုက်ပြီး အထဲတွင် သွယ်လျသည့်ငွေအပ်လေးများက နှစ်တန်း အတန်းလိုက်ရှိနေ၏။
"ရှင့်ကိုမနှိပ်စေချင်ဘူးဆိုရင် မနှိပ်တော့ဘူး၊ အပ်စိုက်ကုထုံးစကြရအောင်"
ရှန်းယွဲ့ သေးသွယ်ပြီးထက်ရှနေသည့်ငွေအပ်အတန်းလိုက်ကိုကြည့်ကာ မျက်ခုံးတွေပင့်တက်သွား၏။
"မင်းတကယ် အပ်စိုက်ကုထုံးတတ်တယ်ပေါ့"
အပ်စိုက်ကုသခြင်းနှင့်အနှိပ်ပညာတို့က မတူညီသည့်အရာများဖြစ်သည်။
သူမကယုံကြည်မှုလွန်ကဲနေသည်ဟု သူခံစားရဏည်။ သူ့ခြေထောက်တွေက ခံစားနိုင်စွမ်းမရှိလျှင်ပင် အပ်တစ်ချက်မှားစိုက်မိသည်နှင့် ခြေထောက်တစ်ရှူးတွေသေသွားနိုင်သည်။
ရှန်းယွဲ့ သူ့ခြေထောက်တွေကို လျှော့လိုက်ရင်း နောက်ဆုတ်လိုက်ချင်သည်။
ထန်ချောင်းချောင်းက သူ၏ခြေကျင်းဝတ်ကို ညာလက်ဖြင့် ဖမ်းကိုင်လိုက်ပြီး သူမ၏ဘယ်လက်ထဲတွင်မူ ငွေအပ်တစ်ချောင်းရှိနေကာ မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ကာဖြင့်
"အပ်လွဲသွားရင် ကျွန်မလည်းရှင့်ကို မကူညီနိုင်ဘူးနော်"
ပြီးနောက် သူမလက်က အနည်းငယ်တုန်ခါသွားပြီး ရှန်းယွဲ့မတုန့်ပြန်နိုင်သည်အထိ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမက ကြမ်းကြုတ်စွာပင် ထိုးဖောက်ချလိုက်လေသည်။
မိနစ်၂၀ကြာပြီးနောက် ရှန်းယွဲ့၏ခြေသလုံးနှင့်ပေါင်တို့တွင် ငွေအပ်များဖြင့်ပြည့်လို့နေသည်။ သူမလှုပ်ရှားနိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ အစမ်းသပ်ခံဟုခံစားလာရသည်။
သူမ ပင်ပန်းနွမ်းနယ်သွားရသည်။ အပ်စိုက်ခြင်းနှင့်ခွဲစိတ်ခြင်းက စွမ်းအင်များစွာကို ဆုံးရှုံးသွားစေသည်။ အမှန်တကယ်မှာ ငွေအပ်က အထောက်အကူတစ်ခုသာဖြစ်သည်။ အရေးကြီးသည့်အချက်မှာ အပ်စိုက်လိုက်သည့်နေရာ၌ ငွေအပ်ကိုဖြတ်၍ သူမ၏အော်ရာတို့ကို ပို့လွှတ်ခြင်းဖြစ်သည်။ သူမ၏အော်ရာများကို သူ့ခြေထောက်ရှိ သွေးကြောနှင့် အကြောဆုံမှတ်တိုင်းထံ စိမ့်ဝင်သွားစေပြီး ပိတ်ဆို့ထားသမျှကို ပွင့်သွားစေကာ ပျက်စီးနေသည့် အာရုံကြောများကို ပြန်ပြုပြင်ပေးဖို့ရာဖြစ်သည်။
ဤလုပ်ဆောင်ချက်မှာ တစ်ကြိမ်နှစ်ကြိမ်မျှဖြင့် မပြီးပါချေ။ သေချာပေါက်ပင် သူမကလည်း ဤအကြောင်းကို သူ့အားပြောပြမည်မဟုတ်ပေ။ သူရလဒ်ကို မြင်ရဖို့သာ လိုအပ်၏။
"နောက်နာရီဝက်လောက်ဆို အဆင်ပြေသွားမှာပါ"
အမျိုးသမီး၏နဖူးနှင့် နှာတံထိပ်တို့တွင် ချွေးတို့စိမ့်ထွက်နေကာ သူမ၏မျက်နှာက နီရဲနေခဲ့သည်။ သို့သော်လည်း သူမ၏နှုတ်ခမ်းတွေကတော့ ပြုံးနေဆဲဖြစ်ကာ သေးငယ်သည့်ကျားသွားလေးများကလည်း တောက်ပနေခဲ့သည်။
ရှန်းယွဲ့၏အမူအရာကရူပ်ထွေးနေခဲ့သည်။
သူက ကော်ဖီစားပွဲပေါ်မှတစ်ရူးအနည်းငယ်ဆွဲထုတ်လိုက်ပြီးနောက် သူမထံပစ်ပေးလိုက်သည်သူက ခပ်ပြတ်ပြတ်ပြောလိုက်၏။
"မင်းချွေးသုတ်လိုက်ဦး၊ အဲဒါကအရမ်းညစ်ပတ်တယ်"
ထန်ချောင်းချောင်းက ယခုအချိန်တွင် သူမ၏အဆိပ်ပြင်းသည့်လျှာကို မသုံးခဲ့ပေ သူမက သူ၏လေသံကိုဂရုမစိုက်ဘဲ မျက်နှာမှချွေးများကိုဂရုတစိုက်သုတ်လိုက်သည်။
နာရီဝက်ကြာပြီးနောက် အပ်များကိုပြန်ထုတ်ယူလိုက်သည်။နောက်နှစ်ရက်မှာလည်းသူမက ရှန်းယွဲ့အားနှစ်ကြိမ်တိုင်တိုင်အပ်စိုက်ခဲ့ပြီး သူကလည်း မငြင်းဆန်ခဲ့ပေ။
........
"Wonderful food"၏ ဒုတိယအကြိမ်ရိုက်ကူးရေးက စတော့မည်ဖြစ်ပြီး ပရိုဂရမ်အဖွဲ့၏အစီအစဥ်က ပြောင်းသွားခဲ့သည်။ ဤအကြိမ်မှာတော့ themeက ပြောင်းလဲသွားပြီဖြစ်သည်။
ဆိုင်မှာရောင်းချရမည့်အစား လယ်တောအိမ်မှာနေဖို့ရာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ထို့ကြောင့် ထန်ချောင်းချောင်း အနေဖြင့် မြို့မှထွက်ကာ ရွာတစ်ရွာတွင် နှစ်ရက်နှင့်တစ်ည နေရမှာဖြစ်သည်။
ယင်းက ဤကမ္ဘာကို သူမရောက်ပြီးကတည်းက ပထမဆုံးအနေဖြင့် ရှန်းမိသားစုဗီလာ၏အပြင်တွင် ညအိပ်ရမှာဖြစ်သည်။
"ကျွန်မ နှစ်ရက်ပြန်ဖြစ်မှာမဟုတ်ဘူး၊ ရှင်စားဖို့ဥယျာဥ်နောက်က သီးအရွက်တွေကို သုံးပေးဖို့အန်တီဝမ်ကိုတောင်းဆိုခဲ့တယ်၊ နောက်ပြီးရေခဲသေတ္တာထဲမှာစားစရာတွေလုပ်ထားတာရှိတယ်၊ ရှင်အဲ့ဒါတွေကို စားကိုစားရမယ်နော်"
"နှိပ်တာနဲ့အပ်စိုက်ကုထုံးက နှစ်ရက်လောက်တော့နားရလိမ့်မယ်၊ ကျွန်မပြန်လာတာကိုစောင့်ပါ ၊ ပြီးတာနဲ့အဲဒါကို ပြန်လုပ်မယ်"
သူမက အန်တီဝမ်ကို စိတ်မပူဖို့ တိုးတိုးလေးပြောလိုက်သည်။သူမယောက်ျားကိုကောင်းကောင်းဂရုစိုက်ပြုစုပေးလိမ့်မည်။ ရှန်းယွဲ့ကစကားတစ်ခွန်းမှမပြောသော်လည်း သူ့မျက်နှာကကြောက်စရာကောင်းလောက်အောင်အေးစက်နေသည်။
ရှန်းယွဲ့ သူ...ဘာကြောင့်ရုတ်တရက်စိတ်ဓာတ်ကျရသလဲမသိချေ။ ယခင်ကတော့ထန်ချောင်းချောင်ူအပြင်မှာ အိပ်ရုံမျှမက သူမအပြင်မှာ သေဆုံးသွားလျှင်ပင် သူနှင့်ဘာမှမသက်ဆိုင်ပေ။
သို့ပေမယ့်အခုတော့ သူမက မသိလိုက်ဘဲသူ့ဘဝထဲကိုတစ်စထက်တစ်စကျူးကျော်လာခဲ့သည်။ ဤဗီလာရှိနေရာတိုင်းတွင် သူမ၏အငွေ့အသက်များနှင့်ပြည့်နေသည်။
သူမမှာလည်း ကိုယ်ပိုင်ဘဝရှိတယ်ဆိုတာသူကောင်းကောင်းသိသည်။ သူမက သူမချက်သည့်ဟင်းလျာတွေကိုကြိုက်တဲ့ပရိတ်သက်ဘယ်လောက်ရှိသလဲဆိုတာကို မကြာခဏပြောပြလေ့ရှိ၏။
သူမက ယခုမူ အစီအစဥ်ကိုရိုက်ကူးရန်နှစ်ရက်ခန့် အဝေးမှာနေရသည်။ ပြီးနောက် အနာဂတ်တွင် အလုပ်အတွက် အချိန်အတော်ကြာအောင် ထွက်သွားရနိုင်သော်လည်းသူမအားရပ်တန့်ဖို့အကြောင်းရင်း သူ့မှာမရှိချေ ။ယင်းကိုသူတွေးကြည့်ရုံမျှဖြင့် သူ့နှလုံးသားကိုကျောက်တုံးကြီးတစ်ခုဖြင့် ထုခွဲလိုက်သလိုခံစားလိုက်ရသည်။
ထန်ချောင်းချောင်းက သူမ၏ပစ္စည်းတွေကိုထုပ်ပိုးပြီး ရှန်းယွဲ့ထံ လက်ဝေ့ယမ်းကာဆိုလိုက်သည်။
"ကျွန်မ သွားတော့မယ်''
ရှန်းယွဲ့က ပြန်မဖြေချေ။
ထန်ချောင်းချောင်းက စင်္ကြဆီကိုလမ်းလျှောက်သွားပြီးသူမ၏ခေါင်းကိုနောက်တစ်ဖန်လှည့်ကာ"ကျွန်မသွားပြီ"ဟုအော်လိုက်၏။
''မင်းသွားချင်ရင်မြန်မြန်သွား၊ ဘာလို့အော်နေတာလဲ''
ရှန်းယွဲ့ကအေးစက်စွာပြောလိုက်သည်။သူကဘီးးတပ်ကုလားထိုင်ကို ညာလက်ဖြင့်လှည့်ကာ သူမကို ကျောပေးလိုက်လေသည်။
သူသွားမသွားကို သူကဘာလို့ဂရုစိုက်ရမှာလဲ။ သူ့ကိုတပွစိစိလုပ်ပြီး စိတ်အနှောင့်အယှက်ပေးနေတဲ့အပြင် အဲဒီ့အပ်အစုတ်အပြတ်တွေနှင့် ခြိမ်းခြောက်နေမယ့်အစား အဝေးမှာနေတာက အကောင်းဆုံးပဲ။
ထန်ချောင်းချောင်းက သက်ပြင်းချလိုက်ကာ အန်တီဝမ်အား သူ့ကိုဂရုစိုက်ပေးဖို့ မှာကြားလိုက်လေသည်။
.........
ထန်ချောင်းချောင်း ပရိုဂရမ်အသင်းနှင့် တွေ့ပြီးနောက် ဝမ်ချမ်းနှင့်ရှောင်ခယ်မှာ အချိန်ဇယား ကွဲလွဲသောကြောင့် မလာနိုင်ကြောင်း သိလိုက်ရသည်။ သူတို့က ဧည့်သည်အသစ်နှစ်ယောက်ကို ကြိုဆိုရမှာ ဖြစ်၏။ လူပေါ် မူတည်ပီးတော့ ဒါရိုက်တာက လျှို့ဝှက်ပြီးထူးခြားမှုကိုတင်းတင်းကြပ်ကြပ် ပြုလုပ်ခြင်းကြောင့် သူမ ရောက်လာမဲ့သူကို မျော်လင့်နေမိသည်။
အဲ့ဒါက နာမည်ကြီးကြယ်ပွင့်များလား။
ထို့ကြောင့် ထန်ချောင်းချောင်းက အဖွဲ့၏ဗင်ကားဖြင့်ပေကျင်းမြို့ပြင်သို့နာရီအတော်ကြာအောင်စီးခဲ့သည်။ မြို့တော်က မည်မျှပင်သာယာသော်လည်းသကျေးလက်ဆင်ခြေဖုံးသို့ရောက်သောအခါ တခြားကမ္ဘာတစ်ခုကိုရောက်သွားသလိုခံစားရသည်။ဝေးလံခေါင်သီပြီးလူသံဆိတ်ညိမ်နေခဲ့သည်။ရိုက်ကူးရေးနေရာနှင့်တစ်ဒါဇင်ကျော်ဝေးသည့် အချိန်မှာတော့ ဒါရိုက်တာက ထန်ချောင်းချောင်းကို ရုတ်တရက် ကားထဲက ထွက်ခိုင်းပြီး ဗီဒီယိုရိုက်ကူးသူကိုလည်း လိုက်ခိုင်းလိုက်သည်။
သူက အနှီစကားလုံးတို့ကို ပြောလိုက်၏။
"မင်းအဲဒီကို သွားဖို့ နည်းလမ်းရှာလိုက်ပါ"
ထို့နောက် ဗင်ကားက လမ်းမပေါ်မှာ မောင်းထွက်သွားခဲ့ကာ ကြီးမားသော ဖုန်လုံးကြီးမှလွဲ၍ ဘာကို မချန်ခဲ့ချေ။ ရှိုးအဖွဲ့သားများက သူတို့၏ကြယ်ပွင့်များကို အဆုံးသတ်ဖို့ရန် အမှန်တကယ်ပင် ကြိုးစားနေကြ၏။
ရှေ့တွင် ဖုန်ထနေသည့် လမ်းမကြီးမှလွဲ၍ မည်သည့်ရွာမှမရှိပေ။ စျေးဆိုင်များကလည်း နောက်တွင်ကျန်ခဲ့ပြီဖြစ်၏။ သူတို့မည်သို့ ထိုနေရာကို သွားရမည်နည်း။
အတော်ကြာပြီးနောက် အခြားဗင်ကားတစ်စီး ရောက်လာသည်။ အခြားပုဂ္ဂိုလ်တစ်ဦးနှင့် ဗီဒီယိုဆရာတစ်ဦးက တူညီသည့်နည်းအတိုင်း ထပ်မံ၍ကားပေါ်မှ ကန်ထုတ်ခံလိုက်ရပြန်၏။ ပြီးနောက် အဖွဲ့သားများက ထပ်၍ထွက်သွားကြပြန်သည်။
'အိုး ဒါကဧည့်သည်အသစ်ပေါ့'
ထန်ချောင်းချောင်းက ပျော်ရွှင်စွာ လမ်းလျှောက်လာပြီး"မင်္ဂလာပါ "ဟူ၍ဧည့်သည်ကိုနှုတ်ဆက်လိုက်သည်။
အမျိုးသားကထန်ချောင်းချောင်းနှင့် မျက်နှာချင်းဆိုင်လိူက်သည်။
ထန်ချောင်းချောင်းတစ်ယောက် အဆင့်မရှိသော ကျိန်ဆဲသည့်စကားလုံးတို့ကို မဆိုပဲမနေနိုင်တော့ချေ။
ဒီလူဖြစ်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။
ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့က ထိတ်လန့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အကြားတွင် တစ်မီတာမျှ ကွာခြားနေပြီး သူတို့က တစ်ခဏကြာသည်အထိ စကားမပြောခဲ့ကြပေ။
အပင်များ၏ တိုက်ခတ်သံများကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုက အေးခဲသွားသည်ဟု ထင်ကြပေလိမ့်မည်။
ထန်ချောင်းချောင်းက ရှန်းလျန့်ကို တွေ့သောအခါ သူမနှုတ်ခမ်းထောင့်များ ရုတ်တရက် မဲ့သွားရတော့သည်။
"ဒီခွေးလိုကောင်က ဒီနေရာမှာ ဘာလို့ပေါ်လာရတာလဲ"
နောက်ဆုံးအကြိမ် သူမ သူ့ကို မျက်နှာချင်းဆိုင် ရယ်စားကာ သူ ရှန်းယွဲ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရကတည်းက ရှန်းလျန့် သူမကို ရှောင်ရှားနေခဲ့သည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် ဝေးဝေး နေကြသည်ကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထို့အပြင် သူမက ထိုရှိုးတွင် အရင်က ပါဖူးခဲ့ပြီး နာမည်ကြီးသတင်းတစ်ခုလည်း ဖြစ်လာခဲ့သေးသည်။ ရှန့်လျန့် မသိဘူး ဆိုသည်ကိုတော့ သူမမယုံနိုင်ပါပေ။ ဆိုလိုသည်မှာ သူဒီရှိုးကို ရောက်လာသည့် ရည်ရွယ်ချက်က သူမကို အမှားရှာရန် ဖြစ်နိုင်ပေသည်။
ခွေးလိုယောကျ်ားတစ်ယောက်၏ နှလုံးသားက ယောကျ်ားတစ်ယောက်ထက် ပိုသေးလေပြီး မျက်လုံးသည်လည်း အပ်ပေါက်ထက်ပင် ကျဥ်းပေသည်။
သူမက ဝိဥာဏ်စွမ်းအားကို စုပ်ယူရန်အတွက် ဖန်တွေအကြား ကျော်ကြားမှုကို လှုံ့ဆော်ရန် လိုအပ်သည်သာ မဟုတ်ခဲ့ပါက သူ့မျက်နှာကို မြင်လိုက်ချင်းပင် နှုတ်ထွက်လိုက်မည်ဖြစ်သည်။
ထန်ချောင်းချောင်းက မိုင်ပေါင်းတစ်ဒါဇင်ထက် ပိုသွား၍ မဖြစ်နိုင်ကြောင်း သူမနှလုံးသားတွင် တွက်ချက်ထားပြီးသား ဖြစ်သည်။
ရှန့်လျန့်သည်လည်း မအီမသာ မျက်နှာနှင့်ပင်။ ထန်းချောင်းချောင်း ဒီရှိုးမှာပါသည်ကို သူ မသိဘဲမနေပေ။
ထိုမိန်းမကြောင့် သူ့အမေနှင့် အဖွားထံမှ အဆူခံခဲ့ရသည်။ ထို့အပြင် လတ်တလောတွင် ထန်ရို့တွင် မည့်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူသိပါမည်နည်း။ သူမသည်လည်း သူ့အပေါ်အေးစက်လာသည်။
ထိုအရာအားလုံးက သူမကြောင့် ဖြစ်လာရသည်ချည်းသာ။
ထို "အံ့သြဖွယ်ရာ အစားအသောက်များ" အစီအစဥ် ရိုက်ကူးရေးတစ်ခုလုံးက သူ စာချုပ်ချုပ်ထားသော ကုမ္ပဏီ၏ အစီအစဥ်သာ ဖြစ်သည်။ အိုင်ဒေါလ်တစ်ယောက် အနေဖြင့် ရှန်းလျန့်၏ ကျော်ကြားမှုက မြင့်မားသော်ငြား သရုပ်ဆောင်အရည်အချင်းက အားနည်းချက် ဖြစ်နေသည်။ ထို့ကြောင့်ပင် ဖျော်ဖြေရေးလောကတွင် သူ့ကို မြင့်တက်စေမည့် မည်သည့် လက်ရာကောင်းတစ်ခုမျှ ရှိမနေပါချေ။ သူ၏ လတ်တလော အလုပ်များမှာ အချစ်အိုင်ဒေါလ် ဒရာမာများသာ။
၎င်းက ရှန်းလျန့်အနေဖြင့် ရုပ်ရှင်ကောင်းတစ်ခုကို လက်ခံရချိန် မတိုင်မီအထိ ဖြစ်ပျက်ခဲ့သည်။ သူ၏ တွဲဖက်ပါတနာမှာ အသက်လေးဆယ် အရွယ်တွင် ဒဏ္ဍာရီလာ သရုပ်ဆောင်တစ်ဦး ဖြစ်နေခဲ့သည့် ဝါရင့်သရုပ်ဆောင် တစ်ယောက် မောက်လီ ဖြစ်ပေသည်။
ထိုကဲ့သို့ အခွင့်အရေးက တွေ့ကြုံနိုင်သော်လည်း လိုက်ရှာ၍ မရနိုင်ပေ။ ထို့ကြောင့် ကုမ္ပဏီနှင့် အေးဂျင့်က သူ့ကို မောက်လီ၏ တောင်းဆိုချက်များအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး သူမ အလိုရှိသော လှုပ်ရှားမှု ပေါင်းစုံကို လိုက်ပါဆောင်ရွက်ရန် ပြောခဲ့သည်။
ထပ်ပြီးတော့ မောက်လီက မည်သည့်အကြောင်းကြောင့် သူတို့၏ ရုပ်ရှင်ကို ကြော်ငြာရန်အတွက် "အရသာရှိသော အစားအသောက်များ" အစီအစဥ်တွင် ပါဝင်ရန် တောင်းဆိုခဲ့သည်ကို သူမသိခဲ့ပေ။ ထို့ကြောင့်ပင် အဓိက အမျိုးသားသရုပ်ဆောင် အနေဖြင့် ရှန်းလျန့် လာခဲ့ရတော့သည်။
Xxxxxxxx