အပိုင်း ၂၅
Viewers 24k

Chapter 25

 သတင်းကြီး ဖြစ်သွားပြန်ပြီ


ည​နေပိုင်းတွင် ​ထိုဒေသ၏ အပူချိန်က တဖြည်းဖြည်း လွင့်ပါးလာ​လေသည်။ ​ဝင်လုလုဆဲ ​နေ၏ ​နွေး​​ထွေး​သောအ​​ရောင်က လိ​မ္မော်ရောင် ခြယ်လှယ်ကာ လယ်ကွင်းအိမ်ရာ​လေးကို ဖြတ်​ပြေး​နေ၏။


ထန်​ချောင်း​ချောင်းက ခြံဝင်းထဲတွင်ပင် စားပွဲနိမ့်နိမ့်​လေးကို ချထားရန် အကြံပြုခဲ့သည်။ ​မြေပြင်​ပေါ်တွင် နှစ်ဖက်လုံးမှ တိုက်ခတ်​​နေ​သော ​လေပန်ကာ နှစ်ခုဖြင့် သူတို့​တွေက အရသာရှိ​သော အစားအစာကို စား​သောက်ကာ လှပ​သော ​နေဝင်ချိန်ကို ခံစားကြမည်ဖြစ်သည်။


ငန်းအသားပါ​သော ရွှံ့​မြေအိုးကို ဂတ်စ်မီးဖိုတွင် တင်ကာ ဆက်၍ ဆူပွက်​စေသည်။ ​ဘေးဘက်တွင်လည်း လှီးထား​သော မုန်လာဥဖြူအချို့၊ အစပ်အရသာ သင်းကြိုင်​နေ​သော ငါးပြုတ်အိုးကြီး၊ ထပ်​ပေါင်း၍ ငါးရှဥ့်အကြွပ်​ကြော်နှင့် ပူပြင်း၍ အချဥ်အရသာရှိ​သည့် ဆောစ့်တွင် ချက်ထား​သော မုန်ညင်းဖြူထုပ်လည်း ပါ​သေးသည်။


ဟင်းအမယ်​လေးမျိုးသာ ပါ​​သော်လည်း တစ်​ယောက်စာအတွက်ပင် အလွန်ရက်​ရော​နေ​သေးသည်။ ခြံဝင်းတစ်ဝက်လုံးက သင်းပျံ့​သော အနံ့အပြည့် ဖြစ်​နေသည်။


​သောက်စရာအတွက် အိမ်ပိုင်ရှင်ထံမှ ရ​သော အိမ်လုပ်ဆန်အရက်ဝိုင် ဖြစ်သည်။ ထိုဝိုင်ကို ​အေးခဲထား​သော​ကြောင့် ​အေးမြကာ ချို​​မွှေးလို့​နေသည်။ 


"​​ရပြီဟေ့... ငါ​​တော့ ဗိုက်အရမ်းဆာ​နေပြီ"


ဟူ​မြောင်သည် ငန်းအသားကို သူ့တူဖြင့် နှိုက်ယူလိုက်သည့် ပထမဆုံးလူဖြစ်​နေသည်။ ငန်းအသားက နှစ်နာရီနီးပါး ဆူပွက်​စေပြီး ​တောက်ပ​သော အဆီလွှာက မျက်နှာပြင်​တွင် သိပ်သည်းလို့​နေသည်။ သို့​သော်လည်း ပထမတစ်ကိုက်ကိုက်ပြီး​သောအခါ ဆီများ​သောအရသာကို မရ​ပေ။ ၎င်းက အလွန်အရသာရှိကာ အသားက ခပ်တွဲတွဲ ဖြစ်​နေသည်။ ဟူ​မြောင်က ​သေ​​သေချာချာ ဝါး​နေလိုက်သည်။ သူပို၍ ဝါး​လေ​လေ ပို၍ အနံ့​လေးသင်းလာ​လေ​လေပင်။ ​နောက်ပိုင်းအရသာက အဆုံးမရှိဖြစ်ကာ စကားများဖြင့်ပင် ​ဖော်ပြ၍ မရနိုင်​ပေ။


"ဝူး လူတိုင်း မြန်မြန် စားကြ​တော့... စားလို့​ကောင်းချက်ပဲ" 


ဟူ​မြောင်၏ ပါးစပ်တွင် ငန်းအသားအပြည့် ဖြစ်​နေကာ စကားကိုပင် ပီပီသသ မ​ပြောနိုင်​တော့။ သူ့ခန္ဓါကိုယ်တစ်ခုလုံးသည်လည်း ​ပျော်ရွှင်မှု​ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်​နေခဲ့သည်။


​မောက်လီက ထိုဟင်းပွဲကို အမှန်တကယ် ကြိုက်နှစ်သက်ခဲ့သည်။ သူမက တစ်လုတ်ပြီးတစ်လုတ် မရပ်မနားစား​သောက်​နေ​လေသည်။ အသားပြည့်​သော အရသာနှင့် ငန်းအသား၏ အရည်အနှစ်က အသားထဲတွင် ​ပျံ့နှံ့လို့​နေသည်။ စွပ်ပြုတ်ရည်ကပင် အသားအရသာ အပြည့် ဖြစ်​နေသည်။ ထိုစွပ်ပြုတ်ကို ထမင်းနှင့်တွဲစားလိုက်​​သောအခါ ထမင်းတစ်​စေ့တိုင်းက အရသာများ ပြည့်စုံ၍ သွား​လေသည်။ တစ်ကိုက်စားပြီးသည့်​နောက်တွင် အလွန်​ကျေနပ်သွားရ၏။


မုန်လာဥဖြူများကို ​ဖောက်ထွင်းမြင်ရသည်အထိ ခပ်ပါးပါး လှီးထားပြီး တစ်ခဏမျှ ပြုတ်ထားခဲ့သည်။ မုန်လာဥဖြူ၏ အနံ့က အသား၏ ​လေးပင်​သောအရသာနှင့် ပူး​ပေါင်းသွား​သောအခါ လန်းဆန်း​သွားသော အရသာကို ရရှိ​စေသည်။


​ဝေ့ရီချီ က rainbow fart ပြုလုပ်သူသာ ဖြစ်သည်။ သူက ထန်းချောင်း​ချောင်းကို တစ်လုတ်စားပြီးတိုင်း ချီးကျူး​နေခဲ့သည်။

[T/N rainbow fartဆိုတာ idolကို ဖန်​တွေက အလွန်အမင်း ချီးကျူးတာကို ​ပြောတာပါ... idolရဲ့ အီး​ပေါက်တဲ့ အနံ့က​တောင် သက်တံ့လိုပဲတဲ့]


ငါးစွပ်ပြုတ်က ထုံထိုင်းသွား​စေကာ အ​တော်အတန် စပ်​နေပြီ ဖြစ်​သော်လည်း သူက မ​နေနိုင်​ဘဲ အရိုးထွင်ထား​​သော ငါးအသား၏ အရသာက ပူ​လောင်မ​နေသည့်အချက်ကို ဝင့်ကြွား​နေသည်။ ၎င်းက နူးညံ့ပြီး ​ချော်ထွက်​နေ​သော်လည်း လျှာဖျား​ပေါ် တင်ကာ အနည်းငယ်ဖိလိုက်သည့် အချိန်တွင်ပင် ခပ်မြန်မြန် ​ပျော်ဝင်သွားခဲ့​လေသည်။


စပါးခင်းငါးရှဥ့်ရိုင်းက ​ရွှံ့အနံ့ရမ​နေဘဲ အလွန်မွှေးပျံ့သည် အသားက နူးအိ​နေကာ ခပ်ထုပ်ထုပ် ဖြစ်​နေသည်။ ထန်ချောင်း​ချောင်းက ငါးရှဥ့်ကို အရိုးမနွှင်ခဲ့​​​ပေ။ သို့​သော်လည်း ငါးရှဥ့်၏အရိုးက အလွန်ပါးလျကာ ​ပျော့​ပျောင်းသည်။ ငါးအရိုးကို ဝါးစားလိုက်​သောအခါ ထူးကဲသော အရသာတစ်ခု ရ​လေ၏။


လူတိုင်းက အသားစားရသည်ကို ငြီး​ငွေ့သွားကြ​သောအခါ သူတို့၏ တူများဖြင့် ပူ​နွေး၍ ချဥ်​သော ​မုန်ညင်းဖြူထုပ်ကို နှိုက်လိုက်ကြသည်။ ၎င်းက စိတ်ကို လန်းဆန်းသွား​စေပြီး အီဆိမ့်​နေမှုများကို ​ပြေ​လျော့သွား​စေသည်။ ထို့​နောက် ဆန်ချို​​အေး​လေးကို ​သောက်လိုက်လျှင်...

 ဘဝမှာ ဘာများထပ်လို​ပါ့မည်နည်း။


ကျိုးမုန့်၏ အမူအယာက ​တွေ​ဝေ​နေသည့်ပုံ​ပေါ်​နေသည်။ ထန်​ ချောင်း​ချောင်းချက်​သော အစားအစာများကို စားခြင်းက သူမသူငယ်ချင်း ထန်ရို့ကို သစ္စာ​ဖောက်ရာ ​ရောက်​နေသည်ဟု ခံစား​နေရ​လေသည်။ သို့​သော်လည်း မစားရန်လည်း မဖြစ်နိုင်​ပေ။ သူတို့သာ အံ့​လောက်ဖွယ် အရသာကို ခံစားဖူးသည်နှင့် ဘယ်သူကမှ သူတို့၏ တူများကို ရပ်နိုင်မည်မဟုတ်။


သို့​သော်လည်း သူမ​ခေါင်းကို လှည့်လိုက်ပြီး စား​သောက်ခြင်းတွင်သာ ​ပျော်​မွေ့​နေသည့် ရှန်းလျန့်ကို ​ကြည့်မိသည့်အချိန်တွင် သူမနှလုံးသားထဲမှ ဝန်​​လေး​နေမှုများက လွင့်ပြယ်သွား​တော့၏။ ထန်ရို့၏ ချစ်သူ​တောင်မှ ​ဂရုစိုက်မ​နေ​ပေ။ ထို့​ကြောင့် သူမက အဘယ်​ကြောင့် စိတ်ထင့်​နေရမည်နည်း။


ရှန်းလျန့်က သူ့နှလုံးသားထဲတွင် ​တေးမှတ်ထားခဲ့သည့် ထန်ချောင်း​ချောင်း လုပ်ထား​သော အစားအစာများကို လုံးဝမစားနိုင် ဟူ​သော အချက်ကို ​မေ့​လျော့သွားခဲ့​လေပြီ။ မဟုတ်လျှင် သူအရှက်ရသွားရ​ပေမည်။


ကံ​ကောင်းစွာဖြင့် သူသည်လည်း အစားအစာများ ရရှိရန်အတွက် အပင်ပန်းခံခဲ့ရသည်။ သူက "လုပ်ငန်းခွင် ထိခိုက်မှု"ကိုလည်း ခံစားခဲ့ရသည်။ ငန်းဆိတ်ခံထားရသည့် သူ့​ခြေ​သလုံးက အစိမ်းပုပ်​ရောင်သန်း​နေ​လေပြီ။ ဒါ​ကြောင့် သူငန်းအသားကို စားခဲ့ရင်တောင် ဘာအ​ရေးလဲ..


သူသည်လည်း ငါးကိုင်ခဲ့ရသည်။ ထို့​ကြောင့် ငါးတစ်ပိုင်း​လောက် စားလိုက်ရင်​တောင် ဘာအ​ရေးလဲ..


ထို စိတ်​ဖြေသိမ့်သော အ​တွေးများဖြင့် ရှန်းလျန့်က စိတ်သက်သက်သာသာ စား​နေခဲ့သည်။ သူ့ပန်ကန်း​ဘေးရှိ အရိုးများက ​တောင်ပုံရာပုံ ဖြစ်​နေခဲ့သည်။


အမှန်တကယ်တွင် သူ​သေချာ ​တွေးကြည့်လိုက်​​သောအခါ သူ ထန်​ချောင်း​ချောင်းကို အမှန်တကယ် မသိ​သေးသလို ခံစားလိုက်ရသည်။ ထန်မိသားစုက ​သူမကို သွေး​ဝေး​ဆွေမျိုးအ​နေဖြင့် ​ခေါ်လာခဲ့သည့်အချိန်က ထန်ရို့ကို မမျှမတ ဆက်ဆံကာ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်ခဲ့ရသည်။ ထို့​ကြောင့်ပင် သူက သူမ၏ ပုံစံအမှန်ကို ထန်မိသားစုနှင့်အတူ ရှန်းမိသားစုထံမှ ဖုံးကွယ်ကာ သူမကို ကိုယ်တစ်ပိုင်း မသန်​သော သူ့ဦး​လေးနှင့် လက်ထပ်​စေခဲ့သည်။


ထို့အပြင် သူမကလည်း ငြင်းဆန်ခဲ့ပုံ မ​ပေါ်​ချေ။ သူမက သူမမိဘများ၏ မမျှမတ စီစဥ်မှုကို နာခံစွာ လက်ခံခဲ့ပြီး ထန်ရို့​တောင်မှ ထန်မိသားစု၏ သမီးအဖြစ် ဆက်လက်ပြီး ချမ်းသာ​​​ကျော်ကြား​နေခဲ့သည်။


ပထမဆုံးအကြိမ်အဖြစ် ရှန်းလျန့်က သူ သူမကို အထင်လွဲသွားခဲ့သည်လားဟု စိုးရိမ်လာခဲ့သည်။ အနည်းဆုံး​တော့ သူ ထန်​ချောင်း​ချောင်း၏ ဟင်းလျာများက အလွန်အရသာရှိသည်ကို အရင်က တစ်ခါမှ မသိခဲ့​ပေ။


သူက ​ရှန်းယွဲ့များ အိမ်တွင် ​သူမချက်​သော ဟင်းပွဲများကို ​နေ့တိုင်းစား​နေရသည်လားဟု တိတ်တိတ်​လေး သိချင်သွားရ​လေသည်။


ထိုခဏတွင် သူမနာလိုမိသလို ခံစားလိုက်ရသည်။


ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအုပ်ကြီးက အလွန်အမင်း ပြင်းထန်လို့​နေသည်။


[ ငါ ဘာလို့ အရမ်းတုံးရတာလဲ... ငါ အစားအ​သောက်​တွေ မမှာရ​သေးဘူး... သူတို့စား​နေတာကို ကြည့်​နေရ​ပေမယ့် ငါက​တော့ မစားနိုင်ဘူး (ငါအရမ်း မနာလို ဖြစ်​နေရပြီ)]


[ငါက​တော့ ဒါကို အစားအ​သောက်ရှိုးလို ကြည့်​နေတာ... ​ချောင်း​ချောင်း ချက်ထားတာ​တွေက အရမ်းစား​ကောင်းမဲ့ပုံပဲ... ငါထမင်းနှစ်ပန်းကန်​လောက်​ စားနိုင်​လောက်တယ်]


[@ရှန်းလျန့် V [အနံ့အရမ်း​မွှေးတာပဲ.ပုံ] ဒါနင့်အတွက်]


[@ရှန်းလျန့် V @ကျိုးမုန့် V [မျက်နှာ.ပုံ] ဒါနင်တို့အတွက်]


[ငါ​ပြောမယ် ​ကော​ကော... စား​နေတာကို ရပ်လို့မရ​ဘူးလား... နင့်ဖန်​တွေအားလုံး မျက်နှာဖြတ်ရိုက်ခံ​နေရပြီလို့.. အားလုံး ​ရေစုန်​မျောကုန်ပြီ]


[ရှန်းလျန့်ဖန်​တွေက ကမ္ဘာကြီးကို​တောင် ကိုင်လှုပ်နိုင်​ပေမယ့် ငါမထင်ထားခဲ့တာက သူတို့အိုင်​ဒေါလ်က အစားတစ်လုတ်​အတွက် ခါးညွှတ်​ပေး​နေရတာကိုပဲ]


[ငါတို့ ​ချောင်း​ပေါင်လေးက စိတ်ထား​ကောင်းလိုက်တာ... သူက မ​ကျေနပ်ချက်ကို ပညာသားပါပါနဲ့ ပြန်​ပေးဆပ်ခိုင်းတယ်... လူတိုင်း သူချက်တာ​တွေ သ​ဘောကျ​နေသ​၍ သူ​​ပျော်​နေမှာပဲ... ရူးနှမ်းနှမ်း ​ကောင်မ​လေး​ရေ... ငါမင်းကို ချစ်တယ်​နော်]


​နေ​ရောင်က လုံးဝကျသွားပြီး ​နေဝင်ချိန် အလင်း​ရောင်​ဖျော့​ဖျော့​လေးကိုသာ ချန်ထားရစ်ခဲ့သည်။


ထန်​ချောင်း​ချောင်းက သူမ၏ ဗိုက်လုံးလုံး​လေးကို ထိကာ ဝါးကုလားထိုင်​လေး​ပေါ်တွင် ​ကျေနပ်အားရစွာ လဲလျောင်းလိုက်သည်။ သူမက ​နေရာ​ပေါင်းစုံမှ သူမကို သ​ဘောကျကြ​သော လူများထံမှ လာကြ​သည့် ဘေးတွင် လှည့်ပတ်​နေကြ​သော ဝိဥာဏ်စွမ်းအားများကို ခံစားမိ​နေသည်။


ဒီကမ္ဘာက အရမ်း​ကောင်း​လှ၏။ သူမက ဟင်းပွဲ​ကောင်း​ကောင်း​လေးများ ပြုလုပ်ရုံဖြင့် ကျင့်ကြံနိုင်​ပေသည်။ ဒါ အ​ကောင်းဆုံးပါပဲ...


စားပွဲ​ပေါ်တွင် ဟင်းပွဲအားလုံး ​ပြောင်ရှင်း​နေသည်။ စွပ်ပြုတ်​လေး​တောင် ကျန်မ​နေ​တော့​ပေ။ ထိုခဏတွင် လူတိုင်းက ပုံရိပ်ကို ထိန်းသိမ်းရမည့် နာမည်​ကျော်များ ဖြစ်ကြသည်ကို ​မေ့ထားလိုက်ကြသည်။


'"ကျေးလက်မှာ ​​နေရတာကလည်း အရမ်း သက်​တောင့်သက်တာ ရှိတာပဲလို့ ငါ ရုတ်တရက် ခံစားလိုက်ရတယ်" ဟူ​မြောင်က စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။


ကျိုးမုန့်က ​သတိလစ်သွား​တော့မလိုပင်၊ "ရှင် လတ်ဆတ်တဲ့​လေကို နှစ်ရက်ပဲ ခံစားရ​သေးတာ... ရှင် တစ်ပတ်ထက် ပို​နေခဲ့ရင် အိမ်ပြန်ဖို့ ငိုယိုပြီး ​ပြောလိမ့်မယ်လို့ ကျွန်မ​ပြောရဲတယ်"


ဟူ​မြောင်က လက်မခံနိုင်​ပေ။


ထန်ချောင်း​ချောင်းက ရှန်းလျန့်​ရှေ့မှ အမှိုက်ပုံကြီးကို ခပ်​စောင်း​စောင်း ကြည့်လိုက်သည်။ ပျက်ရယ်ပြု​သော အပြုံးတစ်ခုက သူမနှုတ်ခမ်း​ထောင့်တွင် ​ပေါ်လာခဲ့​လေသည်။


ထိုသူက အများအပြား စား​သောက်ခဲ့သည်။


​ရှန်းလျန့်က ​ချောင်းဟန့်လိုက်​​လေသည်။ သူ့မျက်နှာ ပူ​လောင်လာ​သော်လည်း ၎င်းက အပြစ်ရှိမှုနှင့် ရှက်ရွံ့မှုတို့​ကြောင့်ဟု မထင်ခဲ့​ပေ။ သူက ​သေချာ​ပေါက် ​နေ​လောင်ခံခဲ့ရ​သော​ကြောင့်ဟုသာ ​တွေး​တော လိုက်​လေသည်။


ထိုအချိန်တွင် "ရှန်းလျန့်က ထန်​ချောင်း​ချောင်းကို အရမ်းချိုသာ​နေတယ်" ဟူ​သော သတင်း​ခေါင်းစဥ်က ​ဝေ့​ပေါ်တွင် လျင်မြန်စွာ ထိပ်​ဆုံးသို့ ရောက်လာခဲ့သည်။ အချိန်ခဏ​လေးအတွင်းမှာပင် နံပါတ်တစ်သတင်း ဖြစ်လာခဲ့သည်။ အ​ကြောင်းအရာမှာ ရှန်းလျန့်နှင့် ထန်​ချောင်း​ချောင်းတို့ ယခင်က တစ်​ယောက်နှင့် တစ်​ယောက် မကြိုက်ကြ​သော်လည်း ယခုအချိန်တွင် ညစာအတွက် အတူတူထိုင်စားနိုင်​နေပြီ ဟူ​သော အ​ကြောင်းအရာကို ​ဆွေး​နွေးကြသည်မှ လွဲ၍ အခြားမဖြစ်နိုင်​ပေ။ သူတို့က မငြင်းခုံကြ​တော့ရုံမက ရှန်းလျန့်က အမှန်တကယ်ပင် ​ပျော်ရွှင်စွာ စား​​သောက်​နေခဲ့​လေသည်။


ထပ်ပြီး​တော့ လူသိများသည့် ဘ​လော့ဂါတစ်​ယောက်က စိတ်လှုပ်ရှားစရာများကို ကြည့်ရန်အတွက် စိတ်ညစ်မခံ လိုက်ရ​ပေ။ သူတို့က ဟိုတယ်အပြင်ဘက်တွင် ရှန်းလျန့်​ကြောင့် "တွန်းထုတ်ခံရကာ လဲကျသွားသည့်" ထန်​ချောင်း​ချောင်း ၏ ဗီဒီယိုကို တည်းဖြတ်ခဲ့ပြီး​နောက် "အံသြဖွယ်ရာ အစားအစာများ" မှ ရိုက်ကူးထား​​သော ဗီဒီယိုများကို ထည့်သွင်းလိုက်ကြသည်။


 သူတို့က ၎င်းကို အလွန် ရိုမန့်တစ်ဆန်​သော ​နောက်ခံသီချင်းအချို့နှင့် လှပ​သော Filterတို့ဖြင့် Music Videoတစ်ခု အဖြစ် ​ပြောင်းလဲလိုက်ကြ​လေသည်။ ၎င်းက ချက်ချင်းပင် ​ပျော်ရွှင်စရာ သူငယ်ချင်းအတွဲ တစ်တွဲ၏ အိုင်​ဒေါလ် ဒရာမာတစ်ခု ဖြစ်သွား​လေသည်။


ထိုဗီဒီယိုက မြန်ဆန်စွာပင် ​ရေပန်းစားလာခဲ့ပြီး ဖရဲသီးစားသူများက မှတ်ချက်များ ချန်ထားခဲ့ကြသည်။

T/N ဖရဲသီးစားသူ- အတင်းအဖျင်း​တွေကြိုက်တဲ့သူ


[အရမ်းချိုတာပဲ... ချစ်စရာ​ကောင်းချက်... အစစ်အမှန်လို့​တောင် ခံစား​နေရပြီ]


[ရှန်းလျန့်နဲ့ ထန်​ချောင်း​ချောင်းတို့က CPနံ့ ရ​နေတယ်​နော်... ​လေးစားပါတယ် မစ္စတာ ကတ်​ကြေးလက်​​ရေ]


[ဒီဒရာမာကို သ​ဘောကျတယ်... ရန်စတဲ့အကြည့်နဲ့ ဘုရင်မထန်​ချောင်း​ချောင်း]


ရှန်းလျန့်၏ ကြီးမား​​သော ဖန်အစုအ​ဝေးကြီးက ရှိုး စတင်တိုက်ရိုက်ထုတ်လွှင့်ချိန်ကတည်းက ထန်​ချောင်း​ချောင်းကို ​စောင့်ကြည့်​နေကြသည်။ ယခုတွင် ထိုဗီဒီယိုကို ကြည့်လိုက်ကြပြီး​နောက် သူတို့က ပို၍ပင် ​ဒေါသထွက်လာကြ​လေသည်။ ထိုဖန်များက မှတ်ချက်​​ပေးသူများအကြားတွင် ဝင်​ရောက်တိုက်ခိုက်​နေကြ​လေသည်။


[ငါ့​ကော​ကောကို လွှတ်ထားကြစမ်းပါ... ဘာအတွဲမှ မရှိဘူး]


[@ထန်​ချောင်း​ချောင်း Vရဲ့ ဖန်​တွေ​ရေ... မင်းတို့ ကိုယ့်မျက်နှာကိုယ် လက်ညှိုးမထိုးကြစမ်းပါနဲ့... မင်းတို့အားလုံး ရင်ထဲမှာ အမှန်တရားကို သိထားကြပြီးသားပဲ မဟုတ်ဘူးလား]


[မစ္စထန်ရဲ့ ဖန်​တွေ​ရေ ​လေထဲမှာ အိမ်​ဆောက်မ​နေကြစမ်းပါနဲ့... ငါ့​ကော​ကောက မင်းတို့တတ်နိုင်တဲ့ လူမဟုတ်ဘူး]


[ထန်ပုပုက CP​လုပ်ဖို့ ကြိုးစား​နေပြန်ပြီ... ​ဝေ့ရီချီကို အသုံးချပြီး ပျံတက်ဖို့ လုပ်​နေတာနဲ့တင် မ​တော်နိုင်​သေးဘူးလား... အခု ရှန်းလျန့်ကိုပါ ဆွဲချနေပြီ... ကြာပန်းဖြူပုံစံ ဟန်​ဆောင်​နေတာ]


[ရှန်းလျန့်က သူမကို မျက်နှာသာ​ပေးဖို့ သူမချက်တာ​တွေ စား​နေရတာ... အဲ့​ကောင်မက သူချက်ထားတာ​တွေက ပြည်နယ်စား​တော်ပွဲနဲ့ တူတယ်လို့များ ထင်​နေတာလား]


Xxxxxxx