အပိုင်း ၂၆
Viewers 24k

Chapter 26


ထန်ချောင်း​ချောင်း၏ ဖန်များက ရှန်းလျန့်​လောက် မများ​သော်လည်း ဖန်အသစ်များ ​ရောက်လာကြ​​သောအခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အားအ​ကောင်းဆုံး ဖြစ်သွား​လေသည်။ သူတို့က ပြန်တိုက်ခိုက်ရန်အတွက် ယခုထက်ပို အားမ​ကောင်းနိုင်​တော့:


[စန်းစန်းတင့်​နေလိုက်... နင့်​မေကြီး​တော်​... ဒီဗွီဒီယိုကို တည်းဖြတ်တဲ့သူက ဘယ်တုန်းကမှ ထန်ချောင်း​ချောင်း အ​ကြောင်း မတင်ဖူးဘူး... ဘယ်လိုလုပ် သူတို့က ငါတို့မိသားစုက ​ချောင်း​ချောင်းရဲ့ ဖန်​တွေ ဖြစ်ရမှာလဲ... မင်းတို့က အ​ကြောင်းအရာ​ကို ​ပြောင်းပြန်လှန်​နေကြတာပဲ]


[ မျက်နှာထားဆိုးတဲ့ ရှန်းလျန့်ကို ငါ့မိသားစု ​ချောင်း​ချောင်းလေးအနားက ​ခေါ်သွားကြစမ်းပါ... ငါတို့က​လေ နင်တို့နဲ့ နည်းနည်း​လေး​တောင် မပတ်သက်ချင်ဘူး... ​ကျေးဇူး]


[ဒီလို ဆက်ဖြစ်သွားတာလား... သူမက အနိုင့်ကျင့်တာကို ​မျှော်​နေရ​အောင် Stockholm Syndrome ရှိ​နေတာလည်း မဟုတ်]

T/N Stockholm Syndrome အနိုင်ကျင့်တဲ့သူကို ချစ်မိသွားတာကို ​ပြောတာပါ


[@ ရှန်းလျန့် V မိန်းက​လေး​တွေကို ​လေးစားမှုမရှိတဲ့ အဆင့်နိမ့်တဲ့ ​ခွေးလို​ကောင်မျိုး... ဒီလို ​မြန်မြန်သွားတဲ့ ​ခွေးလို​ယောကျ်ားနဲ့ ချောင်း​ပေါင်နဲ့ တန်လို့လား]


[ရှန်းလျန့်ကို သူစားထားတာ​တွေ ပြန်အန်​ထွက်အောင် လုပ်လိုက်ကြစမ်းပါ... ပြန်​ထွေးထုတ်လိုက်... ​ခွေး​ကျွေးလိုက်တာမှ ပို​ကောင်းအုံးမယ်]


ဖန်များနှင့် နှစ်ဖက်လုံးမှ ဖြတ်သွားဖြတ်လာများက အပြန်အလှန် အငြင်းပွား​နေချိန်တွင် အိမ်တွင်ရှိ​နေ​သော ရှန်းယွဲ့သည်လည်း ထိုသတင်း​ခေါင်းစဥ်ကို ​တွေ့မိသွားသည်။ တစ်ဆက်တည်းပင် သူက ဗီဒီယို ဘ​လော့အ​ကောင့်ကြီးကြီးတစ်ခုမှ ဖြန့်​ဝေထား​သော ချိုမြိန်ပြီး ​ချောကျိ​နေသည့် ဖန် ဗီဒီယို ကိုလည်း ကြည့်လိုက်​သေးသည်။


သူ့မျက်နှာက သူ၏ ရှင်းလင်းကာ ​ခြောက်ကပ်​နေသည့် အိပ်ခန်းကဲ့သို့ မဲ​မှောင်သွားပြီး ​ကြောက်မက်ဖွယ်​ကောင်းစွာပင် ​အေးစက်သွား​လေသည်။


သူက ထန်​ချောင်း​ချောင်းတစ်​ယောက် မက်မွန်ပွင့်ဖတ်များကို အလွန်ရန်စနိုင်မည် မ​မျှော်လင့်ထားခဲ့​ပေ။ သူမက အပြင်ထွက်ကာ ရှိုးတစ်ခု သွားရိုက်​ပြီး ​ယောကျ်ားတစ်​ယောက်နှင့် အတင်းအဖျင်းတစ်ခု ဖန်တီးလိုက်​သေးသည်။ သူမက သူ့ကို သေလူ တစ်​ယောက်ကဲ့သို့ သ​ဘောထား​နေသည်လား...


ရှန်းယွဲ့က သတင်း​ခေါင်းစီးမှ​ ​ပေါက်ကွဲ​နေ​သော ထိုသတင်းကို ကြည့်လိုက်ပြီး ပိုပို၍ပင် အငြိမ်မ​နေနိုင်​တော့​ပေ။


သူက တစ်စက္ကန့်မျှ ​တွေးလိုက်ပြီး​နောက် လီကျိကို ဖုန်း​ခေါ်လိုက်သည်။


တစ်ဖက်လူက ချက်ချင်းဆိုသလို ဖုန်းပြန်​ဖြေခဲ့ပြီး တရှုံ့ရှုံ့ ငို​တော့​လေ၏ "သူ​ဌေး... ​နောက်ဆုံး​တော့ ကျွန်​တော့်ကို သတိရပြီ​ပေါ့... သူ​ဌေးများ ကျွန်​တော့်ကို ​မေ့သွားပြီလားလို့"


လီကျိက ရှန်းအုပ်စုတွင် ရှန်းယွဲ့၏ ​လက်​အောက်မှာ အလုပ်လုပ်ခဲ့​သော်လည်း ​နောက်ပိုင်းတွင် ရှန်းအုပ်စုမှ ထွက်ခဲ့သည်။ အမှန်တကယ်မှာ ရှန်းယွဲ့က ရှန်းအုပ်စု၏ အပြင်တွင် သူ့ကိုယ်ပိုင်ကုမ္ပဏီကို တည်​ထောင်ခဲ့ပြီး စီမံခန့်ခွဲရန်အတွက် လီကျိကို လက်လွှဲထားခြင်း ဖြစ်လေသည်။


ရှန်းယွဲ့က အကူအညီမဲ့စွာ ​ပြောလိုက်သည်။ "ငါအခုထိ မ​သေ​သေးဘူး... ဘာလို့ ငို​နေရတာလဲ"


တစ်ဖက်လူက ရုတ်တရက် ရပ်လိုက်ပြီး ​ပျော်ရွှင်စွာ ​ပြောလိုက်သည်၊


 "မဟုတ်ပါဘူး... ကျွန်​တော့်ကို လာလည်းမ​တွေ့ခိုင်းဘဲ ဆက်လည်းမဆက်သွယ်လို့​လေ... ကျွန်​တော်တို့အားလုံး သူ​ဌေးကို စိတ်ပူ​နေကြတာ"


ရှန်းယွဲ့ ကားမ​တော်တဆ ဖြစ်ကတည်းက လီကျိ အရင်ဆုံး သတင်းသွား​​မေးခဲ့သည့် အကြိမ်အနည်းငယ်မှလွဲလျှင် ရှန်းယွဲ့က လူတိုင်းကို ​တွေ့ရန် ငြင်းဆန်ခဲ့သည်။ သူက ကုမ္ပဏီကိစ္စများကိုပင် ​မေးမလာ​တော့။


ထိုအချိန်အ​တောအတွင်းတွင် လီကျိက အလွန်စိတ်ပူ​နေခဲ့ရသည်။ ရှန်းယွဲ့သာ မရှိပါက သူ့တွင် ​ကျောရိုးတိုင်မရှိသကဲ့သို့ ခံစား​နေရ​လေသည်။ သူက ထိုကုမ္ပဏီအကြီးကြီးကို ဆက်လက် မ​ထောက်ပံ့နိုင်​တော့မည်ကို စိုးရိမ်​နေခဲ့ရသည်။


ကံအား​လျော်စွာဖြင့် ရှန်းယွဲ့က သူ့ညီအစ်ကိုများကို ​မေ့မသွား​သေးပါ​ချေ။ ဒီ​​နေ့တွင် သူက ကုမ္ပဏီ​ လည်ပတ်​နေ​သော အ​ခြေအ​နေများအ​ကြောင်း ​မေးရန် ဖုန်း​ခေါ်လာသည်သာ ဖြစ်ရမည်။ လီကျိက သူ့သူ​ဌေးကို အရှက်မရ​စေလိုသည့်အတွက် သူ့ကို အစီရင်ခံရန် စီစဥ်ထားလိုက်သည်။


"တစ်ခု ကူညီပြီး လုပ်​ပေးပါ" ရှန်းယွဲ့၏ စကားများက လီကျိ၏ သူ့အလုပ်များကို အစီရင်ခံမည့် အစီအစဥ်ကို ​နှောင့်ယှက်လိုက်​လေသည်။


လီကျိက ခပ်မြန်မြန် ​ပြောလိုက်သည်၊ "ဘာကိစ္စများလဲ... ဘာတာဝန်ပဲ ဖြစ်ဖြစ် ရ​​အောင် လုပ်​ပေးပါ့မယ်"


"ငါ့အတွက် ​ဝေ့​ပေါ်က သတင်းတစ်ခုကို ဖျက်ချ​ပေးပါ"


 ရှန်းယွဲ့က လီကျိကို ထိုသတင်းနှင့် ပတ်သက်ပြီး ​ပြောလိုက်သည်။


လီကျိက ရှန်းယွဲ့ လက်ထပ်ပြီးသားဖြစ်သည်ကို မသိ​သေး​ပေ။ သူက ရှန်းယွဲ့က ရှန်းလျန့်၏ ဂုဏ်သတင်းကို ​တွေး​ပေးကာ စိတ်ပူ​နေသည်ဟုသာ ​တွေးလိုက်သည်။


 "ဒီဦး​လေးနဲ့ တူက ဘယ်ကတည်းက ဆက်ဆံ​ရေး ပို​ကောင်းလာကြပါလိမ့်'


သို့​သော်လည်း ရှန်းယွဲ့ ထပ်​ပြောလိုက်​သောစကား​ကြောင့် လီကျိ စိတ်ရှုပ်​ထွေးသွား​တော့သည်။


"စကားမစပ် ထန်​ချောင်း​ချောင်းရဲ့ မ​ကောင်းသတင်း​တွေအားလုံးကိုပါ ဖျက်​ပေးလိုက်"


"ဟမ်..." ကြည့်ရတာ သူ​တောင်းဆိုတဲ့ကိစ္စက ရှန်းလျန့်အတွက်မဟုတ်ဘဲ အမျိုးသမီးသရုပ်​ဆောင်​လေးအတွက် ဖြစ်​နေတာကိုး...


'ခဏ​လေး ​နေပါအုံး သူ​ဌေးက မင်းသမီးတစ်​ယောက်ကို ချစ်မိသွားတာလား"


'​သေစမ်း... မလွယ်ဘူးဟ... နှစ်တစ်​ထောင် သံတိုင်သစ်ပင်ကြီးက ​နောက်ဆုံး​တော့ ဖူးပွင့်လာပြီ​ပေါ့'


လီကျိ၏ အတင်း​ပြောချင်သည့်စိတ်က ကြီးစိုးလာ​လေပြီ။ သူ ထိုသတင်းကို အဖွဲ့ထဲရှိ ညီအစ်ကိုများကို ​ပြောပြရန် ​မ​စောင့်နိုင်​တော့။


ရှန်းယွဲ့က လီကျိ၏ စီးပွား​ရေး လုပ်ရည်ကိုင်ရည်ကို ယုံကြည်​လေသည်။ သူက ကုမ္ပဏီကိစ္စများနှင့် ပတ်သက်၍ အကျဥ်းချုပ် ​မေးမြန်းပြီး​နောက် ဖုန်းကို ချလိုက်​လေသည်။


လီကျိ စိတ်သက်သာရရသွားသည်။


'အချစ်ရဲ့စွမ်းအားက အရမ်းခမ်းနားတာပဲ... သူ​ဌေး​တောင် ​တက်ကြွ​​နေတာ... ငါလည်း အလုပ်ပြီး​အောင် လုပ်ရမယ်" 


.......


ရှန်းယွဲ့ ဒေါသထွက်​နေသည်။


ထန်​ချောင်း​ချောင်းက အ​ကြောင်းအရင်း မယ်မယ်ရရ မသိ​သော်လည်း ရှန်းယွဲ့ ​ဒေါသထွက်​နေ​ကြောင်း သိ​နေသည်။


ရှန်းယွဲ့က မကြာခဏ ​ရေခဲတုံးမျက်နှာ ဖြစ်​နေ​ခဲ့​လျှင်​တောင် တစ်ခါတစ်ရံ လူအများကို ကြုံရာကျပန်း ဆူပူ​နေတတ်သည်။ ထန်ချောင်း​ချောင်းက သူတကယ် ​ဒေါသထွက်​နေသည့်အချိန်ကို သိသည်အထိ ထိုသူကို နားလည်​နေခဲ့ပြီ ဖြစ်သည်။


ယခုကဲ့သို့ပင် သူကတိတ်ဆိတ်​နေ​သော်လည်း မဲ​မှောင်​နေ​သော သူ့မျက်လုံးများက ​အေးစက်​သော အလင်းတန်းများ ဖြာထွက်​နေ​လေသည်။ တင်းတင်း​​စေ့ထား​သော သူ့နှုတ်ခမ်း​ထောင့်များက သူ့ကို စကားကြီး​လေးလုံး သူ့​ခေါင်း​ပေါ်တွင် ​ပေါ​လော​ပေါ်​နေသကဲ့သို့ ဖြစ်​နေ​စေသည်: "ငါမ​ပျော်ဘူး"


သို့​သော်လည်း ထန်ချောင်း​ချောင်းက သူဘာ​ကြောင့် စိတ်တို​နေသည်ကို ရှာမ​​တွေ့ရ​ပေ။ သူမက မ​နေ့က ရှိုးတွင် ညစာကို လက်စသတ်ပြီး​နောက် ညတွင်းချင်း ကားဖြင့် ပြန်လာခဲ့သည်။ ဒါရိုက်တာက သူမကို ​နောက်တစ်ည ဆက်​နေရန် အကြံပြုခဲ့​သော်လည်း သူမက​ ငြင်းပယ်လိုက်သည်။ သူမ ဗီလာသို့​ ပြန်ရောက်​သောအခါ ညဆယ်နာရီ​ကျော်​နေပြီ ဖြစ်​လေသည်။


သူမတစ်​နေ့လုံး ရှိုးမှာ ရိုက်ကူး​ရေး လုပ်​နေပြီး သူနှင့် အဆက်အဆံ မရှိခဲ့​ပေ။ သူမ သူ့ကို ဘယ်လိုများ စိတ်အ​နှောက်အယှက် ပေးမိသွားပါလိမ့်...


သူမက အန်တီဝမ်ကို ​မေးလိုက်​​သော်လည်း အန်တီဝမ်လည်း မသိခဲ့​ပေ။


ရှန်းယွဲ့က ထန်​ချောင်း​ချောင်းကို ​အေးစက်စက် မျက်နှာ​ပေးဖြင့် စိုက်ကြည့်လိုက်သည်။ ထိုမိန်းမက အိမ်ပြန်လာရန် သတိမရခင်အထိ အပြင်မှာ ရက်အနည်းငယ်မျှ အရှုပ်​တွေ လုပ်လာခဲ့​သေးသည်။ သူက သူ့​ခေါင်းမှာ အစိမ်း​ရောင် မြက်ခင်းကြီး ​ပေါက်လာသကဲ့သို့ ခံစား​နေရ​သည်။


နေပါဦး...


တကယ်လို့ သူသာ ခေါင်းမှာ မြက်ခင်းစိမ်းကြီး ​ပေါက်​နေတယ်လို့ ​တွေး​နေရင် ထန်ချောင်း​ချောင်းကို သူ့မိန်းမလို့ တကယ်ပဲ သတ်မှတ်လိုက်ပြီလို့ အဓိပ္ပါယ် ထွက်မသွားဘူးလား...


ရှန်းယွဲ့က ထိုပြဿနာကို ရုတ်တရက် နားလည်သွား​ပြီး သူ့မျက်နှာထားက ပို၍ပင် ​ဒေါသတကြီး ဖြစ်လာ​လေသည်။


သူက ဘယ်လိုလုပ် သူမအ​ပေါ် အဲ့ဒီလို ခံစားချက်​တွေ ရှိ​ရမှာလဲ.... သူက ထန်​​ချောင်း​ချောင်း ရှန်းမိသားစု ဂုဏ်သတင်းကို ဖျက်ဆီးမှာ စိုးရိမ်​နေရုံပဲ... ဒီ​လောက်ပဲ


ထန်​ချောင်း​ချောင်းက ​ဝေ့​ပေါ်တွင် ဖြစ်ပျက်​နေ​သော အရှုပ်​​​တော်ပုံကို မသိခဲ့​ပေ။ ထို့​ကြောင့် သူမက အစ်ကိုချမ် ဖုန်​ခေါ်မလာခင်အထိ ဒီ​နေ့၏ သတင်းထိပ်စီးပိုင်းက သူမ၏ အ​ကြောင်း ဖြစ်​နေသည်ကို မသိခဲ့ရ။ 


ဖုန်း၏ အခြားတစ်ဖက်တွင် အစ်ကိုချမ်က ထန်​ချောင်း​ချောင်းကို rainbow fartများဖြင့် ချဲ့ကား ​မြှောက်ပင့်​​နေပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ့ထံမှ သူမရခဲ့သည့် ချီးကျူးစကားများထက် ပိုများ​သေးသည်။


အစ်ကိုချမ်က ထန်​ချောင်း​ချောင်းက အချက်အပြုတ်​ကောင်းရုံတင်မက ​ကြောက်မက်ဖွယ် ခွန်အားပါ ရှိ​​နေ​သေးမည်ဟု မထင်မှတ်ထားခဲ့​ပေ။ ထို ဝက်ကိုဖမ်းခဲ့သည့် အမျိုးသမီး ကြယ်ပွင့်​လေး ဟူသည့် သတင်း​ခေါင်းစဥ်က အသစ်အဆန်း ဖြစ်​နေပြီး အရင်က တစ်ခါမှ မကြားခဲ့ဖူး​ပေ။


ဘယ်​အေးဂျင့်ကမှ သူတို့၏ အနုပညာရှင်များကို စွန့်စားကာ ထိုကဲ့သို့ အလုပ်များကို လုပ်ရန်အတွက် တိုက်တွန်းမည် မဟုတ်​ပေ။ အမျိုးသမီး အနုပညာရှင်တစ်​ယောက်က များ​သောအားဖြင့် ဝက်လက်သားနှပ်အစား မှိုနှင့် အသီးအရွက်များကိုသာ စား​လေ့ရှိကြသည်။


သို့​သော်လည်း ထန်​ချောင်း​ချောင်းက မတူညီ​သော ​တောက်ပမှုမျိုးရှိ​နေသည်။ သူမက အခြားသူများ မကူးယူနိုင်သည့်​ ကိုယ်ပိုင်နည်းလမ်း တစ်ခု ရှိ​နေခဲ့​​လေသည်။


"​ချောင်း​ချောင်း... ဒီ​နေ့ မင်းလုပ်ခဲ့တာ အရမ်း​ကောင်းတယ်... သူ​ဌေးက မင်းကိုချီးကျူးဖို့ ​ပြော​နေတယ်... မင်း ရှန်းလျန့်နဲ့ လက်တွဲပြီး CPတစ်ခု လုပ်လိုက်ရင်​ရော ဘယ်လိုလဲ... ငါဒါကို မစဥ်းစားမိခဲ့ဘူး..." 


ထိုကိစ္စက အစ်ကိုချမ် သ​ဘောအကျဆုံးအရာ ဖြစ်ခဲ့သည်။ သူ ရှန်းလျန့် ထိုရှိုးတွင် ပါဝင်မည်ဟု သိခဲ့ရစဥ်က ရှန်းလျန့်နှင့် ထန်​ချောင်းချောင်း တို့ ရိုက်ကူး​ရေး လုပ်​နေစဥ်ပင် ရန်ဖြစ်ကြမည်ကို စိုးရိမ်ခဲ့ရသည်။ သူက ထန်ချောင်း​ချောင်း အရင်လို မိုက်မိုက်မဲမဲ ပြန်ဖြစ်သွားပြီး အရာအားလုံး ဖျက်ဆီးလိုက်မည်ကိုလည်း စိတ်ပူ​နေရ​သေးသည်။ သို့​သော်လည်း ရလဒ်က သူ​​မျှော်မှန်းထားသည်ထက်ပင် ​​ကျော်လွန်​နေခဲ့​သေးသည်။


ရှန်းလျန့်နဲ့ CPလုပ်ရမယ်... သူမဒီ​လောက်ထိ​တော့ မရူး​သေးဘူး...


ထန်​ချောင်း​ချောင်းက ခပ်မြန်မြန်ပင် ပယ်ချလိုက်သည်: မလုပ်ဘူး... မလုပ်ဘူးလို့... မဟုတ်တာ​တွေ လာ​မ​ပြောနဲ့...


အစ်ကိုချမ်က ပ​ဟေဠိ ဖြစ်သွားပြီး သူ့​ခေါင်းကို ကုတ်လိုက်သည်၊ 


"မင်း သူနဲ့ တကယ် CP မလုပ်ချင်ဘူးလား... အင်တာနက်​ပေါ်က လူ​တွေက တကယ်ကြီး အချစ်မီးပွား​လေး​တွေ လုပ်​ပေး​နေကြ​တာ​နော်"


အစ်ကိုချမ်က CPတစ်ခု ဖွဲ့ရန်အတွက် မသင့်​တော်ဟု မ​တွေးမိပါ​ချေ။ သူတို့ နာမည်​ကျော်​နေသ၍ ​​ထိုကဲ့သို့ မလုပ်ကြသည့် ဖျော်​ဖြေ​ရေး​လောကမှ လူများက အလွန်ရှားပါး​လေ၏။


"ကိစ္စမရှိပါဘူး... ဘာပဲ ဖြစ်ဖြစ် အဲ့သတင်းက ဖြုတ်ချခံရပြီးပြီပဲဟာ" အစ်ကိုချမ်က ဂရုစိုက်မ​နေ​တော့​ပေ။ ထိုသတင်းက အချိန်အကြာကြီး ရှိ​နေခဲ့တာ ဖြစ်ပြီး လုံ​လောက်​သည့် ရှာ​ဖွေမှုများကိုလည်း ဖန်တီးခဲ့ပြီး​လေပြီ။ မည်သို့ပင် ဆို​စေကာမူ သူက ထိုသတင်း​ခေါင်းစီးကို ဖြုတ်ချရန်အတွက် ​ငွေမသုံးခဲ့ရ​​ပေ။


ထန်​ချောင်း​ချောင်းက ​မေးလိုက်သည်၊ "ဘယ်သူ လုပ်ခဲ့တာလဲ..."


အစ်ကိုချမ်က ခန့်မှန်းလိုက်သည်၊


 "ရှန်းလျန့်ရဲ့ အဖွဲ့က ဖြစ်နိုင်တယ်... ဘာပဲ ဖြစ်ဖြစ် မင်းတို့နှစ်​ယောက်က အခုထိ အခဲမ​ကျေကြ​သေးဘူးမလား... ဗီဒီယိုတင်တဲ့ ဘ​လော့ဂါက ရှန်းလျန့် အဖွဲ့ကို ပိုစ့်တင်ပြီး ဆဲ​​နေတာ ​တွေ့လိုက်တယ်... ဘာလို့လဲဆို​တော့ အဲ့ဗီဒီယိုက အခု 404 ဖြစ်သွားလို့​လေ... ရှန်းလျန့်အဖွဲ့က အဲ့ဒါကို လုံးဝ ဖြုတ်ချလိုက်တာပဲ ဖြစ်မယ်"

[T/N 404 error]


ထန်​ချောင်း​ချောင်း ထိုကိစ္စမျိုးကို လုပ်မည်ဟု မည်သူမှ ထင်ထားမှာ မဟုတ်​ပေ။ သူမက ပို၍ ​နေရာမြင့်မြင့်ကို ​ရောက်သွားပြီး ဖန်များစွာရရန်အတွက် ထိုသတင်းကို ပို၍ပင် တက်​စေချင်မည်ဟု ​တွေးထားကြလိမ့်မည်ပင်။


"ဒါ​ပေမယ့် ထူးဆန်း​နေတုန်းပဲ... ရှန်းလျန့်အဖွဲ့က သတင်းကို ဖြုတ်ချလိုက်တာက အံ့သြစရာ​တော့ မဟုတ်ဘူး... ဒါ​ပေမယ့် ဘာလို့များ မင်းကို ​ဝေ့​ပေါ်မှာ ကျိန်ဆဲထားကြတာ​တွေကိုပါ ကူပြီး ရှင်း​ပေးလိုက်တာလဲ" အစ်ကိုချမ်က ဆက်မ​တွေးနိုင်​တော့​ပေ။


ထန်​ချောင်း​ချောင်း ​တွေး​တွေးဆဆဖြင့် ​ပြောလိုက်သည်၊


 "ရှန်းလျန့်က သတင်းကို ဖြုတ်ချဖို့ လက်ဦးမှုယူလိုက်တာပဲ ဖြစ်မယ်... ကျွန်မချက်ထားတာ​တွေ စားပြီး အသိစိတ်ဝင်သွားတာ ​နေမှာ​ပေါ့"


ထန်​ချောင်း​ချောင်း ထိုအ​ကြောင်းကို ​ပြော​သောအခါ ရှန်းယွဲ့က သူမဘေးတွင် ထိုင်​နေခဲ့သည်။ သူက သူမ​ "ရှန်းလျန့်က သတင်းကို ဖြုတ်ချလိုက်တယ်"ဟု ​ပြောလိုက်သည်ကို ကြား​သောအခါ သူ့မျက်နှာ ပိုရှည်လာ​စေရန် ဆွဲဆန့်ခံလိုက်ရသလိုပင်။


​အဲ့သတင်းကို ဖြုတ်ချဖို့ တစ်​ယောက်​​ယောက်ကို ခိုင်းလိုက်တာ သေချာ​ပေါက် သူပဲ​လေ... ရှန်းလျန့်က ဘယ်လိုလုပ် နာမည်ဝင်ယူသွားရတာလဲ... သူမက ဝက်ဦး​နှောက်များလား...


သို့​သော်လည်း သူမကို တိုက်ရိုက် ​ပြောပြရန်မှာ မလွယ်ကူ​ပေ။ ​ဒေါသထွက်လိုက်တာ​နော်...


ထန်​ချောင်း​ချောင်းက ဖုန်း၏ အခြားတစ်ဖက်ကို ​ပြောလိုက်သည်၊ 


"တကယ်​တော့ သူမလုပ်ရင်​တောင် ကျွန်မ ဖြုတ်ချရမှာ... သူနဲ့ CP လုပ်ရမယ်လို့ ​တွေးလိုက်တာနဲ့ ​ချမ်းစိမ့်စိမ့် ဖြစ်လာသလိုပဲ"


Xxxxxxx