အပိုင်း ၂၈
Viewers 23k

Chapter 28

ကြက်သွန်မြိတ်၏ အကျိုး​​ကျေးဇူးများ


ထန်ရို့က ကြက်​သေ​သေသွား​​​တော့သည်၊ 'ဘာလို့လဲ... သူတို့ရဲ့ ဆက်ဆံ​ရေးက သူ ထန်ချောင်း​ချောင်းအ​ကြောင်း သိချင်​နေတဲ့အထိ တိုးတက်သွားပြီလား'


"သူက အခု ရှင့်ဦး​​လေးနဲ့ လက်ထပ်ထားတာ​လေ... ကျွန်မတို့ ​လေး​ယောက် ​တွေ့ဖို့ စီစဥ်ကြရင်​ရော... ကျွန်မတို့က ​ဆွေမျိုး​တွေ ဖြစ်ကြ​တော့မှာပဲ​လေ"


 ထန်ရို့က "ဦး​လေး"ဟူ​သော စကားလုံးကို ဖိကာ ​ပြောလိုက်သည်။


သို့​သော်လည်း ရှန်းလျန့်က သ​ဘောတူမလာခဲ့။


 "​နေပါအုံး... ကိုယ် သူ့ဟင်း​တွေ နည်းနည်း​လောက်စားခဲ့တယ်ဆို​​ပေမယ့် သူ့ကို လူတစ်​ယောက် အ​နေနဲ့ အပြည့်အဝ သ​ဘောကျသွားပြီလို့ မဆိုလိုဘူး​လေ... အဲ့အပြင်ကို ကိုယ့်ဦး​လေးငယ်နဲ့ ကိုယ်က သိပ်အဆက်အဆံ မရှိဘူး... ​တွေ့ရတာ ကသိက​အောက် ဖြစ်​နေမှာ​ပေါ့"


သူရှန်းယွဲ့ဆီကို သွားခဲ့သည့် ​နောက်ဆုံးတစ်​ခေါက်တွင် သူ ရိုင်းရိုင်းစိုင်းစိုင်း ​ပြောထွက်မိသွားခဲ့သည်။ သူ့ ဦး​လေးငယ်အ​ကြောင်း ​တွေးမိသည်နှင့် တစ်ကိုယ်လုံး တုန်ယင်လာဆဲပင်။


ထန်ရို့ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမ၏ အဆင့်တန်းမြင့် ချစ်သူက​တောသူမတစ်​ယောက်ကို ဘယ်​တော့မှ ငဲ့ကြည့်မည် မဟုတ်မှန်း သူမသိ​နေခဲ့သည်။


ထန်ရို့က ဆက်​ပြောလိုက်သည်၊ " ကျွန်မ ​တွေးမိတာ အနာဂါတ်မှာ ကျွန်မ ရှင်နဲ့ လက်ထပ်တဲ့အခါကျရင် သူနဲ့ ရှင့်ဦး​လေးတို့က ကျွန်မတို့​ဆွေမျိုး​တွေ ဖြစ်လာမှာပဲ​လေ... သူတို့နဲ့ အဆင်​ပြေ​တော့လည်း ​ကောင်းတာပဲ"


'လက်ထပ်မယ်'


ထိုအ​ကြောင်းကို ​တွေးမိ​သောအခါ ရှန်းလျန့် မျက်​မှောင်ကြုတ်သွားရသည်။ ​ယောကျ်ား​လေး အိုင်​​ဒေါလ် တစ်​ယောက်၏ ​ကျော်ကြားမှုက အလွန် အထိခိုက်မခံ​ပေ။ ထို့​ကြောင့် သူ့အနာဂါတ် အစီအစဥ်များတွင် လက်ထပ်ခြင်းက ယခုထိ ​ပေါ်မလာ​သေးခဲ့။


သူ ဘယ်အရာက မှားယွင်း​နေသည်မှန်း မသိ​သော်လည်း ​နောက်ပိုင်းတွင် ထန်ရို့က သူ့ကို တိုက်​တွန်း​နေသကဲ့သို့ ထိုအ​ကြောင်းကို အချိန်နှင့်အမျှ ​ပြောလာခဲ့သည်။ အတိတ်မှာတုန်းက ထန်ရို့က သူ့အလုပ်ကို အပြည့်အဝ ​ထောက်ပံ့​ပေးခဲ့သည်။


"ဒါကို ​နောက်ပိုင်းမှ ​ပြောကြတာ​​ပေါ့" ရှန်လျန့်က သူ့မျက်ခုံးများကို ဖျစ်ညှစ်လိုက်သည်၊ "​​တော်​တော်​လေး နောက်ကျ​နေပြီ... ​စော​စော ပြန်​လေ... ဒီကို ကား​မောင်းပြီးလာတာလား... မင်းကို ပြန်ပို့​ပေးဖို့ လူတစ်​ယောက်​လောက် ​ခေါ်​ပေးရအုံးမလား"


ထပ်ဖြစ်ပြန်ပြီ။ သူမ လက်ထပ်မည့်အ​ကြောင်း ​ပြောသည့်အချိန်တိုင်း ရှန်းလျန့်က စကားလမ်း​ကြောင်းလွဲရန်အတွက် ဆင်​ခြေတစ်ခု ရှာလိမ့်မည် ဖြစ်သည်။ သူက နာမည်​ကျော်ကြား​သော စတားတစ်​ယောက် ဖြစ်ပြီး လက်ထပ်ရန်နှင့် ချစ်ကျွမ်းဝင်ရန်က သူ့အတွက် မလွတ်လပ်​ပေ။ သူမက ထိုကိစ္စကို နားလည်​သော်လည်း အမြဲတမ်း ထိုင်မ​စောင့်နိုင်​ပေ။


​ဖျော်​ဖြေ​ရေး​​လောကမှ စတားများနှင့် တိတ်တဆိတ် ​ရေ​မြေခြား အချစ်ရေး ရှိကြ​​သော မိန်းက​လေးများက သူတို့ကို ဆုံးရှုံးသွားရသည်နှင့်သာ အဆုံးသတ်သွားခဲ့ရသည်။


သူမက နာမည်အရတွင် ထန်မိသားစု၏ သမီး ဖြစ်​နေ​သော်လည်း သူမ၏ မိဘရင်းများက ဆုံးပါးသွားကြပြီ ဖြစ်သည်။ ၎င်းက ထန်​ချောင်း​ချောင်း ပြန်​ခေါ်လိုက်ရသည့် အ​ကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်​သေးသည်။ သို့​သော်လည်း ထို​သမီးအတု ဟူ​သော အချက်က တစ်ချက်က​လေးမှ သူမ၏ စိတ်ပူပန်မှုများကို မရပ်တန့်​စေနိုင်ခဲ့​ပေ။ သူမက သူမအ​ပေါ် ရှန်းလျန့်၏ အချစ်ကိုသာ မှီခိုထားနိုင်​တော့သည်။


"ရှင်လိုက်ပို့ မ​ပေးနိုင်ဘူးလား" ထန်ရို့က သူ့ရင်ခွင်ထဲဝင်ကာ က​လေးတစ်​ယောက်လို ချွဲနွဲ့လိုက်သည်။


ရှန်းလျန့်က သူမကို ​ချော့ရန်အတွက် ပါး​လေးဆွဲကာ ​​ပြောလိုက်သည်၊ 


"အရှုပ်​တွေ မလုပ်နဲ့... မင်းကို လိုက်ပို့လိုက်လို့ ဓါတ်ပုံ အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ... မင်းက ထန်​ချောင်း​ချောင်း မဟုတ်ဘူး... ကိုယ့်ဖန်​တွေ မင်းကို ကြိမ်း​မောင်းကြမှာမျိုး မဖြစ်​စေချင်ဘူး"


ထန်​ချောင်း​ချောင်း... ထပ်ပြီး​တော့ ထန်​ချောင်း​ချောင်းပဲလား... သူမက အဲ့​ကောင်မနဲ့ အရာရာတိုင်း လိုက်ယှဥ်ဖို့ လိုအပ်လို့လား...


18လိုင်း မင်းသမီးတစ်​ယောက်က သူမနဲ့ ယှဥ်နိုင်ဖို့ ဘယ်လိုအရည်အချင်း​တွေ ရှိမှာလဲ...


ထန်ရို့က ရှန်းလျန့်၏ တိုက်ခန်းတွင် ဆက်မ​နေချင်​တော့​ပေ။ သူမက တိတ်တိတ်​လေး ပြန်ဆင်းလာခဲ့​သော်လည်း ​အောက်ထပ်ရှိ ပန်းခြံထဲမှ ပြတင်း​ပေါက်​ပေါ်တွင် ​အနီ​ရောင်အစက်တစ်ခု​ပေါ်​နေသည့် သံသယဖြစ်ဖွယ် ဗန်ကားတစ်စီးကို ​တွေ့လိုက်ရသည်။


ပါပါရာဇီတစ်​ယောက်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။


ထန်ရို့က သူမမျက်နှာကို မ​ဖော်ထားခဲ့​ပေ။ သူမက ​​အောက်ထပ်တွင် တစ်မိနစ် နှစ်မိနှစ်မျှ လှည့်ပတ်​နေခဲ့ပြီး​နောက် သူမမျက်နှာကို စိတ်လှုပ်ရှားစွာဖြင့် အုပ်မိသွားပုံ​ပေါ်သည်။ သူမက ဦးထုပ်ကို ခပ်တင်းတင်း ဆွဲချကာ မြန်မြန် ထွက်သွား​တော့သည်။


သူမ​နေထိုင်ရာသို့ ​ပြန်ရောက်​သောအခါသူမက 24နာရီ ဖွင့်​သော ကော်ဖီဆိုင်တစ်ဆိုင်​လေးကို ဖြတ်သွားရင်း ​ကော်ဖီတစ်ခွက် ဝယ်ခဲ့​သေးသည်။ ထို့​နောက် သူမက ​သူမမျက်နှာကို တစ်ဝက်ကွယ်ထားရန်အတွက် ကော်ဖီခွက်ကို ကိုင်ကာ သူမ မျက်လုံးတစ်စုံကို ​ဖော်ပြထားပြီး ဆယ်လ်ဖီတစ်ပုံ ဆွဲလိုက်သည်။


သူမက ထိုပုံကို ​​ဝေ့​ပေါ်တွင် တင်ခဲ့သည်:

["လန်းဆန်း​စေဖို့ ​ကော်ဖီတစ်ခွက်... တစ်ညလုံး အလုပ်လုပ်ရမယ်...(အချစ်)"]


ထန်ရို့၏ ​ဝေ့​ပေါ်တွင် ဖန်များက နှစ်သိန်းကျော်မျှ ရှိ​လေသည်။သူမက မကြာခဏ သူမ၏ ဇိမ်ကျလှ​သော ပိုင်ဖုမိန်ဘဝကိုလည်း ​ဝေမျှတတ်​သေးသည်။

T/N ပိုင်ဖုမိန် ဆိုတာ အသားဖြူ၊ ချမ်းသာပြီး လှပတဲ့ ပြီးပြည့်စုံတဲ့ မိန်းက​လေး​တွေကို ​ပြောတာပါ...


[ကျဲကျဲရဲ့ မျက်လုံး​လေး​တွေက အရမ်းလှတာပဲ... သူ့မျက်နှာကို အရမ်းမ​ဖော်ထားဘူး​နော်]


[ကျဲကျဲရဲ့ ​လေကာအင်္ကျီက မိုက်လိုက်တာ​နော်... ကြည့်ရတာ ရှီးမိသားစုက စတိုင်လ် အသစ်ထင်တယ်... ဒီ​ကောင်မ​လေးက မတတ်နိုင်​တော့ဘူး​နော်... ဝူးဝူး]


[ကျဲကျဲ လှလှ​​လေးရေ အနားယူဖို့ကိုလည်း သတိရအုံး​နော်... အရမ်း​နောက်ကျတဲ့အထိ မ​နေပါနဲ့]


ထန်ရို့က မှတ်ချက်များကို ဖတ်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး​နောက် စိတ်​​ကျေနပ်စွာဖြင့် အိမ်ကို ပြန်သွား​တော့သည်။


...


​နောက်တစ်​နေ့က ​နေသာ​သော​နေ့ ဖြစ်​လေသည်။ ထန်​ချောင်း​ချောင်း၏ အသီးအရွက် စိုက်ခင်းက ​သေချာ ပျိုး​ထောင်ထားခြင်းခံရသည်။ အသီးအရွက်များ၊ ဘူးသီးနွယ်ဝင်အသီးများနှင့် သစ်သီး အမျိုးစုံတို့က လတ်ဆတ်ပြီး စိမ်းစို​နေကာ ​သုခဘုံငယ်​လေး သဖွယ် ဖြစ်​နေသည်။ သူမက ထိုအသီးအရွက်များကို မစားလျှင်​တောင် အသီးအရွက်ခင်းဆီမှ ဝိဥာဏ်စွမ်းအားများကို စုပ်ယူ၍ ရ​နေပြီး သူမကို အားအင် ပိုရှိလာ​​စေရန် လုံ​လောက်​ပေသည်၊။


ထန်​ချောင်း​ချောင်းက အန်တီဝမ်ကို ကြက်​လှောင်အိမ်တစ်ခု ဝယ်ခိုင်းလိုက်ပြီး ၎င်းကို ခြံစည်းရိုး​ထောင့်တွင် ထားလိုက်သည်။ ကြက်များက ကြီးထွားလွယ်ပြီး လအနည်းငယ်မှာပင် အပြည့်အဝ အရွယ်​ရောက်လာနိုင်သည်။ ထို ဝိဥာဏ်စွမ်းအားများရှိသည့် ခြံအတွင်း ကြီးထွားလာကြသည့် ကြက်များက ​သေချာ​ပေါက် အရသာရှိ​ပေလိမ့်မည်။


ထန်​ချောင်း​ချောင်းက အသီးအရွက်စိုက်ခင်းကို လှည့်ပတ်ကြည့်လိုက်ပြီးကြက်သွန်မြိတ်များ ​တော်​တော်​လေး အညွန့်​ပေါက်​နေသည်ကို ​​တွေ့လိုက်ရသည်။ ထို့​ကြောင့် သူမက အသီးအရွက်ခြင်း​​လေးကို ယူလိုက်ကာ ကြက်သွန်မြိတ်အညွန့်​လေးများကို လက်တစ်ဆုပ်အပြည့် ခူးလိုက်ပြီး ဂျူးမြစ် သုံး​လေးခုကိုလည်း တစ်ခါတည်း ခူးလိုက်​သေးသည်။


ရှန်းယွဲ့က အသီးအရွက်စိုက်ခင်း၏ အဝင်ဝတွင် ထန်​ချောင်း​ချောင်းကို တိတ်တဆိတ် ကြည့်​နေခဲ့သည်။ လွန်ခဲ့သည့် ​ခြောက်လကသာ တစ်​ယောက်​ယောက်က သူတယုတယစိုက်ထားခဲ့ရသည့် ဥယျာဥ်​လေးက အသီးအရွက် စိုက်ခင်းကြီး တစ်ခု ဖြစ်သွားမည်ဟုသာ ​ပြောခဲ့ပါက ထိုသူများကို ရူး​နေသည်ဟုသာ ​သူ​သေချာ​ပေါက် ​ပြောလိမ့်မည် ဖြစ်သည်။


ယခုအချိန်တွင်မူ ထိုအရူးအနှမ်းကိစ္စွအတွက် မှားယွင်း​နေသည့် ခံစားချက်မျိုး ရှိမ​နေခဲ့ပါ​ချေ။


"​နေ့လည်ကို ကြက်သွန်မြိတ်စားမယ်... ကြက်သွန်မြိတ်က ရှင့်ကျန်းမာ​ရေးအတွက် ​ကောင်းတယ်"


ထန်​ချောင်း​ချောင်းက ပြုံးဖြီးကာ ​ပြောလိုက်သည်။


သူက သူမ ဒွိဟ ဖြစ်​စေ​သော တစ်ခုခုကို ​ပြော​နေသည်ဟု ခန့်မှန်းလိုက်​သော်လည်း သက်​​သေ မရှိခဲ့​ပေ။


ရှန်းယွဲ့က ​ပြောစရာစကား မဲ့သွား​တော့သည်၊ "မင်းဆီမှာ မရှိသင့်တဲ့ အ​တွေး​တွေကို ထုတ်ပစ်လိုက်"


ထန်ချောင်း​ချောင်းက နှုတ်ခမ်းများကို တွန့်ကာ မထီမဲ့မြင်ပုံစံဖြင့် ​ပြောလိုက်သည်၊ "ကျွန်မက ရှင့်​ခြေ​ထောက်အတွက် ​ကောင်းတယ်လို့ပဲ ​ပြောချင်တာ... ညစ်ပတ်တဲ့အ​တွေး​တွေ ​တွေး​နေတဲ့သူ​တွေကပဲ အရာရာတိုင်းကို ညစ်ညမ်းတယ်လို့ပဲ ​တွေး​နေမှာ"


ရှန်းယွဲ့:....


ကြက်သွန်မြိတ် အ​ကြောင်း ​ပြောလိုက်ပါက လူတိုင်းက ဖက်ထုပ်အ​ကြောင်းပဲ ​တွေးကြမည် ဖြစ်သည်။ ထန်​ချောင်း​ချောင်းက အပြင်ဘက်တွင် ကြွပ်ရွပြီး အထဲတွင် နူးအိ​နေ​သော ဖက်ထုပ်များ စားရသည်ကို ကြိုက်နှစ်သက်​ပေသည်။


[T/N တရုတ်တိုင်းရင်း​ဆေးမှာဆိုရင် ကြက်သွန်မြိတ်က ​​ကျောက်ကပ်ကို အားဖြည့်​ပေးပြီး ခန္ဓါကိုယ်ကို ပူ​နွေး​စေတဲ့ အပူစာပင် ဖြစ်လို့ ​သွေးလည်ပတ်မှုကို ​ကောင်းမွန်​စေပါတယ်တဲ့... ဒါ​ကြောင့်မို့ ​ယောကျာ်း​တွေရဲ့ အချို့​သော (အဟမ်း) လုပ်ငန်း​ဆောင်တာ​တွေကိုပါ အကူအညီ ဖြစ်​စေပါတယ်တဲ့..]


[ဒီ​နေရာမှာ ကြက်သွန်မြိတ်က ကြက်သွန်ဖြူမြိတ်​သေးသေး​လေး​တွေ မဟုတ်ဘဲ တရုတ်​တွေရဲ့ ခပ်တုတ်တုတ် ကြက်သွန်မြိတ်​တွေကို ​ပြောချင်တာပါ အရသာက ကြက်သွန်နီနဲ့ ဆင်တူပြီး ကြက်သွန်နီမြိတ်ထက်လည်း ပိုကြီးပါ​​သေးတယ်]


ထန်​​​ချောင်း​ချောင်းက အစိမ်း​ရောင် ရှိ​နေ​သေးသည့်အချိန်တွင် ​အစိုဓါတ် ရှိ​နေရန်အတွက် လှီးထား​သော ကြက်သွန်မြိတ်များကို ​ဆီအနည်းငယ်ဆွတ်လိုက်သည်။ ထို့​နောက် ဆူဖြိုးကာ အသား​ကောင်းသည့် လတ်လတ်ဆတ်ဆတ် ဝက်သားအချို့ကို ခုတ်ထစ်ကာ နုပ်နုပ်စင်းလိုက်ပြီး ၎င်းကို ကြက်သွန်မြိတ်နှင့် ပုစွန်၊ ​တောက်​​တောက်စင်းထား​​​​သော ဂျင်း၊ လှီးထား​သော ကြက်သွန်ဖြူမြိတ်၊ နှမ်း​ဆီနှင့် အရသာမှုန့်များနှင့် ​ရော​နှောလိုက်သည်။


ထန်ချောင်း​ချောင်းက မုန့်သားကို ​ချော​မွေ့ကာ ​စေးကပ်လာသည်အထိ လက်ဖြင့် နယ်​နေလိုက်သည်။ သူမက မုန့်မှုန့်ကို ဇွန်းအပြည့်ထပ်ဖြည့်လိုက်ပြီး မုန့်သားကို ခပ်ရှည်ရှည်အ​​ချောင်းတစ်ခု ဖြစ်​အောင် လုပ်ကာ အုပ်ထားလိုက်​သော်လည်း ​ဘေးနှစ်ဖက်ကို ခပ်ဟဟဖွင့်ကာ ဖုံးအုပ်မထားခဲ့​ပေ။


သူမက အဖုံးပါသည့် ဒယ်အိုး​အောက်​ခြေကို ​ဆေး​ကြောလိုက်ပြီး ဖက်ထုပ်​များကို ​လျော့ရဲရဲ ထည့်ကာ အောက်​ခြေက ​ရွှေ​ရောင်သန်းလာ​သောအခါ သူမက ​ရေနှင့်​ရောထား​သော ​ကြက်ဥများကို ​လောင်းထည့်လိုက်ပြီး အဖုံးအုပ်ကာ ​လေးမိနစ်ခန့် ​ဆူပွက်​စေလိုက်သည်။


ကြက်ဥက ဖက်ထုပ်​လေးများကို ဖက်တွယ်ကာ ဘေးတွင်းယှက်ဖြာ​နေပြီး ပို၍ ကြည့်လို့ ​ကောင်းကာ စားချင်စဖွယ် ဖြစ်လာသည်။


ဖက်ထုပ်​လေးများက ပွင့်​နေ​သော် လည်း အထဲမှ အဆာပလာများ၏ အရည်များက အပြင်ဘက်သို့ လျှံမကျသွား​ပေ။


ကြက်သွန်မြိတ် နူးအိ​နေမှု၊ ပုစွန်၏ လတ်ဆတ်မှုနှင့် ဝက်သား၏ အနံ့တို့က ပြီးပြည့်စုံစွာ ​ပေါင်းစပ်​နေကြသည်။ ​အောက်​ခြေအလွှာက ပါးကာ ကြွပ်ဆတ်ပြီး ကြက်ဥ၏ ​ချော​မွေ့​နေမှုကို အရသာခံနိုင်​ပေသည်။ ပိုစား​လေ ပို၍ စွဲလမ်းလာ​လေ​ပေ။


​သေချာ​ပေါက် ဖက်ထုပ်အနည်းငယ်က ထန်​ချောင်း​ချောင်း၏ အစာအိမ်ကို မ​ကျေနပ်​စေ​ပေ။ ထို့ကြောင့် သူမက ပူပူချဥ်ချဥ် ဘဲသား​ခေါက်ဆွဲ နှစ်ပန်းကန်ကိုလည်း လုပ်ခဲ့​သေးသည်။


ဘဲသား​ခေါက်ဆွဲက လတ်ဆတ်​သော ဘဲအမြစ်၊ ဘဲအသည်း၊ ဘဲအူနှင့် ဘဲနှလုံးတို့ကို အသုံးပြုရသည်။ ​၎င်းတို့ကိုပြောင်းဖူးမှုန့်နှင့် ဆေး​ကြောပြီးသွား​သောအခါ သူမက အလွှာ​လေးများ ဖြစ်​အောင်လှီးကာ ညှီနံ့​​ပျောက်သွား​စေရန် ငရုတ်​ကောင်း၊ ဆား၊ ဟင်းချက်ဝိုင်တို့ ဖြူးကာ နှပ်ထားလိုက်သည်။


​နောက်တစ်ဆင့်တွင် သူမက ၎င်းတိုကို ဒယ်အိုးပူကြီး​ပေါ်တွင်​ ​မွှေ​ကြော်​ကြော်လိုက်ပြီး ဆားရည်စိမ် ငရုတ်သီး၊ ဆားရည်စိမ် မုန်လာဥဖြူ၊ ​တောက်​တောက်စင်းထား​သော ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ မွှေးပျံ့လှ​သော အရသာကို ဖန်တီးလိုက်သည်။ ထို့​နောက် သကြားနှင့် ဗင်နီဂါတို့ဖြင့် အရသာ ပြုပြင်ကာ ​ဆောစ့်ကို ပိုပျစ်လာ​စေရန်အတွက် ​ကော်မှုန့် အနည်းငယ်ကို ထည့်လိုက်သည်။


လတ်ဆတ်​​​သော ဆန်​ခေါက်ဆွဲများကို မီးဖိုပေါ်တွင် ပြုတ်ထားပြီး ​ခေါက်ဆွဲ၏ အ​ပေါ်ယံကို ဘဲကလီစာအစပ်များ ဆမ်းထားလိုက်သည်။


ဆန်​ခေါက်ဆွဲက နူးညံ့ကာ ပုံစံမပျက် ရှိ​နေပြီး ဘဲသားက ခပ်ထုပ်ထုပ်ဖြစ်ကာ ဝါးရလွယ်သည်။ ချဥ်ကာ စိတ်လန်းဆန်းသွား​စေမည့် ဆားရည်စိမ် ငရုတ်သီးနှင့် ဆားရည်စိမ် မုန်လာဥဖြူ များက စားချင်စိတ်ကို ဖြစ်​ပေါ်​စေ​သော လျှာထိပ်ရှိ အဖု​လေးများကို နက်နက်နဲနဲ နှိုးဆွ​ပေး​​နေသည်။


သခင်​လေး ရှန်းယွဲ့သည်လည်း ထို လက်​တွေ့ကျလှ​သော ပါဝင်ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် သိသိသာသာ လာ​ရောက် ထိ​တွေ့ခဲ့သည်။ သူက တိရစ္ဆာန် ကလီစာများကို စားသည်က အလွန်ရှားပါး​လေသည်။ သူက အနိမ့်ဆုံးအ​နေဖြင့် အပိုင်း​လေးတစ်ပိုင်းကို ယွမ်​ထောင်​ကျော်တန်သည့် ပြင်သစ်အစားအစာ foie grasကိုသာ ရံဖန်ရံခါ စား​လေ့ရှိသည်။

T/N foie grasက ငန်းအသည်းနဲ့ လုပ်ထားတဲ့ ပြင်သစ် ဟင်းလျာပါ


Xxxxx