အပိုင်း ၂၉
Viewers 24k

Chapter 29

ချဥ်စပ်စပ် ဘဲသား​ခေါက်ဆွဲ


သူက တစ်ခဏမျှ တုံ့ဆိုင်း​နေပြီး​နောက် ပွဲ​တော်တည်​နေ​သော ထန်​ချောင်း​ချောင်းကို ကြည့်လိုက်သည်။ သူက ဟင်းရည်ကို တစ်ဇွန်း​သောက်ကြည့်လိုက်ပြီး ချဥ်စပ်စပ်အရသာ ပြင်းပြင်းက သူ့အစာအိမ်အတွင်းသို့ တ​ဖြောင့်တည်း ​ရောက်သွား​တော့သည်။


 အရမ်း လန်းဆန်းသွားတာပဲ...


သူက ထိုအရာကို မနှစ်သက်ခြင်းမျိုး ထပ်မရှိ​တော့​။ သူ ဘဲကလီစာများကို တူနှင့်အပြည့် ​ကောက်ယူလိုက်သည်။ ဘဲအမြစ်များက ဝါးရလွယ်ကူပြီး ဘဲအူများက ကြွပ်ရွ​နေကာ ဘဲအသည်းက နူးညံ့၍ တန်ဖိုးကြီး foie grasကို မရှုံးနိမ့်နိုင်ပါ​ချေ။


သူက ထန်​ချောင်း​ချောင်း ထံမှ သင်ယူလိုက်ပြီး ဖက်ထုပ်များကို ​ခေါက်ဆွဲရည်တွင် နှစ်ကာ စားလိုက်သည်။ ကြွပ်ရွ​နေ​သော မုန့်သားကို ချဥ်ပူချဥ်ချဥ် စွပ်ပြုတ်အတွင်းတွင် နှစ်လိုက်​သောအခါ အရသာ ပိုဝင်သွားသည်။


ရှန်းယွဲ့က အစား​စား​နေသည်ကိုသာ စိတ်နှစ်ထားသည်။ သူက မသိလိုက်မသိဘာသာဖြင့် အသံအချို့ထွက်မိ​သော်လည်း လုံးဝသတိမပြုမိဘဲ အစားစား​နေချိန်တွင် အသံမထွက်ရဟူ​သော စည်းမျဥ်းကို လုံးဝ​မေ့​လျော့သွား​လေသည်။


ထန်​ချောင်း​ချောင်းက ငါး​ကြော် ခိုးချင်​နေသည့် ​ကြောင်​လေးတစ်​ကောင်ကဲ့သို့ မျက်လုံးစင်းကြည့်ကာ ပြုံးလိုက်သည်။ သူ က​လေးတစ်​ယောက်ကို အကျင့်ဖျက်မိသလို ခံစား​နေရ​လေသည်။


လူနှစ်​ယောက်သားက ​ပျော်ရွှင်စွာ ​တောင်စဥ်​ရေမရစကားများ ​ပြော​နေကြချိန်တွင် အန်တီဝမ်က tabletကို ကိုင်ကာ အ​လောတကြီး ​ရောက်လာခဲ့သည်။


"မဒမ်... ဒီသတင်းကို ကြည့်ပါအုံး"


"ဘာကိစ္စလဲ" ထန်​ချောင်း​ချောင်းက ဘဲသားတစ်ပိုင်းကို မျိုချလိုက်ပြီး tabletကို လှမ်းယူလိုက်သည်။


tabletတွင် ​ဝေ့​ပေါ်က ​သတင်းထူးပေ့ချ်ကို ပြ​နေခဲ့သည်။ ထိပ်ဆုံး​ရောက်​နေ​သော အ​ကြောင်းအရာမှာ ကြီးကြီးမားမား ​ဖော်ထုတ်ထား​သော ပုံစံဖြင့် "ရှန်းလျန့်က ညအချိန်မှာ ဆန်းကြယ်တဲ့ မိန်းက​လေးတစ်​ယောက်နဲ့ အတူရှိခဲ့တယ်" ဖြစ်​နေသည်။


​ဖျော်​ဖြေ​​ရေး လက်ဝါးကြီး အဖွဲ့ချုပ် V: [အထူးသတင်း... ရှန်းလျန့်က ဆန်းကြယ်တဲ့အလှ​လေးနဲ့ သူ့တိုက်ခန်းမှာ​ တွေ့ခဲ့ကြတယ်တဲ့... မ​နေ့က ဆံပင်ရှည်နဲ့ အလှ​လေးက ရှန်းလျန့်​နေတဲ့​နေရာရဲ့ ​​အောက်ထပ်ကို ​ခေါင်းစွပ်ပါတဲ့ ​လေကာအင်္ကျီ နဲ့ mask တပ်ထားပြီး ည 9နာရီ​လောက်မှာ သတိကြီးကြီးနဲ့ ရောက်လာခဲ့ပြီး​တော့ အ​ပေါ်ကို တက်သွားခဲ့တယ်... ညဆယ်နာရီ​လောက်မှာ ရှန်းလျန့် ပြန်​ရောက်လာတယ်... မိနစ်နှစ်ဆယ်လည်း ကြာ​ရော ဆန်းကြယ်တဲ့ အလှ​လေးက နည်းနည်း ရှက်​သွေးဖြာ​​နေတဲ့ ပုံစံနဲ့ ပြန်ဆင်းလာခဲ့တယ်​လေ... ကြည့်ရတာ ရှန်းလျန့်က​တော့ ဆင်ဂယ်လ် ဖြစ်​နေတဲ့ စတား​ဘဝက​နေ ​ပြောင်း​တော့မယ်ထင်တယ်]


ရှန်းလျန့်ဖန်များက ချက်ချင်းဆိုသလို ​ပေါက်ကွဲကုန်ကြသည်။


[မင်းအ​ဖေသာ အရူး... သူတို့နှစ်​ယောက်လုံးကို အတူတူရှိ​နေတာကို ရိုက်မိသွားလို့လား... ရှန်းလျန့်ရဲ့ ​နေရာပါလို့ ဘယ်လို ​ပြောနိုင်တာလဲ... အဲ့ဒီ အထပ်မှာ သူ့အိမ်ပဲ ရှိတာ မို့လို့လား]


[ဒါဆို နင်နေတဲ့ ရပ်ကွက်ထိပ်မှာ ​ကောင်မ​လေး ခုနစ်​ယောက် ရှစ်​ယောက်ကို ငါ ဓါတ်ပုံရိုက်မိသွားရင်လည်း နင့်ကောင်မ​လေး​တွေလို့ပဲ ​ပြောမှာလား... ​ခွေး​​ခေါင်း​ကောင်ရဲ့]


[အ​ပေါ်ထပ်က ဖန်​တွေ​ရေ... ဘ​လော့ဂါကို ထပ် မကြိမ်း​မောင်းကြနဲ့​တော့.. သူ့မှာ တူရှိမရှိ ဂရုစိုက်ကြအုံး]


​မျှော်လင့်ထားသည့်အတိုင်းပင် ပါပါရာဇီတို့ ထိုသတင်းကို တင်ရဲသည်မှာ သက်​သေအချို့ရှိ​သော​ကြောင့် ဖြစ်​လေသည်။ ထို့​နောက်ပင် ထိုအ​ကောင့်က လွန်ခဲ့သည့်နှစ်လက ရိုက်ကူးထား​သော ဗီဒီယိုတစ်ခုကို တင်လာခဲ့သည်။


[လူတိုင်း မစိုးရိမ်ကြပါနဲ့... လွန်ခဲ့တဲ့ နှစ်လက... ရှန်းလျန့်နဲ့ မိန်းမလှ​လေးတို့က ညနက်​နေတဲ့အချိန်မှာ အတူတူ ​စျေးဝယ်ထွက်ခဲ့ဖူးတယ်... သူတို့က စုံတွဲ အင်္ကျီ​တွေ​တောင် ဝတ်ထားကြ​သေးတယ်... အိုး.. အဲ့အလှ​လေးနဲ့ မ​နေ့က ရိုက်မိထားတဲ့ မိန်းက​လေးက ခန္ဓါကိုယ်ပုံစံရော ဆံပင်ပုံစံ​ရော တူ​နေ​တော့ လူတစ်​ယောက်ထဲလို့ပဲ ထင်တယ်]


၎င်းက ဖန်များကို ထိတ်လန့်သွား​​စေရန် လုံ​လောက်​သော သက်​သေများ ဖြစ်ကြ​​လေသည်။ သူတို့သာ ဆက်လက်ငြင်းဆန်​နေကြပါက အရူးဖန်များသာ ဖြစ်သွားကြ​ပေမည်။ ရှန်းလျန့်၏ စတူဒီယို​ကောင်း​လေးကလည်း ထိုအ​ကောင့်​အောက်မှ သတင်းများကို ရှင်းလင်းကာ ငြင်းဆိုရန်အတွက် လှုပ်ရှား​နေကြသည်။ ထိုသတင်းကို စိတ်ပါဝင်စားနေကြသည့် ဖြတ်သွားဖြတ်လာများလည်း ရှိကြ​သေးသည်။


မူလအစတွင် ဗီဒီယိုထဲတွင် ထိုမိန်းက​လေး၏ ရှင်းလင်း​သောပုံကို မရလိုက်ခဲ့​ပေ။ ရှန်းလျန့်က သတင်းကို ပြန်မတုန့်ပြန်ဘဲ ဆက်လက်ဟန်​ဆောင်​နေလို့ ရ​နေ​သေးသည်။ ရေပန်းစားမှု ကျသွား​သောအခါ ကျော်ကြား​သော အိုင်​ဒေါလ် ​တော်​တော်များများက ထိုသို့ လုပ်​​လေ့ရှိကြသည်။


သို့​သော်လည်း တိုးတက်လာ​သော ကိစ္စများကို မထိန်းချုပ်နိုင်​ပေ။ ဖန်များက အဆက်အနွယ်များကို လိုက်ရှာပြီး ထန်ရို့၏ ​ဝေ့​ပေါ်အ​ကောင့်ဖြစ်​​သော "ကီကီရို့"ကို ​ဖော်ထုတ်ကာ သူမ၏ ​နောက်ဆုံး​သော ပိုစ့်ကို ​တွေ့မိကြရန်အတွက် သိပ်မကြာလိုက်ပါ​ချေ။


[ဒီဘ​လော်ဂါရဲ့ အင်္ကျီက ရှန်းလျန့်ရဲ့ ​ကောလဟာလထဲက ​ကောင်မ​လေးနဲ့ တူ​နေတယ်​နော်]


[သူမပဲ... ဆံပင်နဲ့ အင်္ကျီက တစ်ထပ်တည်းပဲ... ပြီး​တော့ သူမကလည်း ညတုန်းက ညဥ့်နက်တဲ့အထိ အပြင်​ရောက်​နေခဲ့တာ... အချိန်ကလည်း ကိုက်ညီ​နေတယ်]


[အလှ​လေးက ချမ်းသာတဲ့ အိမ်က သမီးဖြစ်မဲ့ပုံပဲ​နော်... ဒီဆင်းရဲတဲ့ဖန်​လေးက တစ်ညလုံး စာရင်းဇယား​တွေ လုပ်​နေခဲ့ရတာ... မင်းတို့​ကော​ကောက သူ​ဌေးသမီး​လေးနဲ့ ဒိတ်​နေတာပဲ]


မကြာခင်မှာပင် အင်တာနက်​ပေါ်က လူများစွာက တရွရွ ​ရောက်လာကြ​တော့သည်။ ထန်​ရို့၏ ​ဝေ့​ပေါ်မှ မှတ်ချက်များက ​ပေါက်ကွဲထွက်​တော့မတတ်ပင်။


သို့​သော် သူမ၏ ​ဝေ့​ပေါ်မှ ဓါတ်ပုံက ချက်ချင်းပင် အဖျက်ခံလိုက်ရသည်။


ရှင်းလင်းစွာပင် တစ်ခုခုကို ဖုံးကွယ်ထားခြင်း ဖြစ်ရ​ပေမည်။ ​ဝေ့​ပေါ်တွင် ပို၍ ပို၍ က​သောင်းကနင်း ဖြစ်လာ​တော့သည်။


ထန်​​ချောင်း​ချောင်းက ထိုအ​ခြေအ​နေကို ဖြတ်သွားဖြတ်လာအ​နေဖြင့် ကြည့်​နေပြီး ရှန်းယွဲ့၏ နှာခေါင်း​အောက်မှာပင် ​နောက်ဆုံး​သော ဖက်ထုပ်ကို ဆတ်ခနဲ လုယူလိုက်သဖြင့် သူ့မျက်လုံးများ လိမ့်မိသွား​တော့သည်။


သူမက ပြုံးကာ ​ပြောလိုက်သည်၊ "ထန်ရို့က ထပ်မ​စောင့်နိုင်​တော့ဘူးပဲ"


အရင်တစ်ခါက သူမ ထန်ရို့၏ အရန်အ​ကောင့်ကို ရှန်းလျန့်ဆီ ​ပြောလိုက်ခြင်း​ကြောင့်လည်း ဖြစ်နိုင်​ပေသည်။ ထို့​ကြောင့် သူတို့၏ အချစ်​ရေးက စာအုပ်ထဲကလို သူမ၏ အရန်အ​ကောင့်က​နေ ​ပေါ်မသွားခဲ့​ပေ။ သို့​​သော်လည်း ဝတ္ထုထဲက ဇာတ်လိုက်မက ဇာတ်လိုက်မဖြစ်ရန် ထိုက်တန်​​ပေသည်။ သူမတွင် အမြဲတမ်း နည်းလမ်းတစ်ခု ရှိ​နေခဲ့သည်။


ရှန်းယွဲ့သည်လည်း သတင်းကို ကြည့်​နေခဲ့သည်။ သူ့နှုတ်ခမ်း​ထောင့်များက ပျက်ရယ်ပြုဟန်ဖြင့် ​ကွေးသွား​လေသည်၊ "မင်းက မင်းကိုမင်းကျ စိတ်မပူဘူးလား... ​​အောက်ကို ကြည့်လိုက်"


ထန်​ချောင်း​ချောင်း တစ်​ယောက် ပ​ဟေဠိ ဖြစ်သွား​လေသည်။ ​အောက်ကို ကြည့်လိုက်​သောအခါ ပိုစ့်တစ်ခုကို ရုတ်တရက် ​တွေ့လိုက်ရသည်: "အသံချဲ့စက်နဲ့ ထန်​ချောင်း​ချောင်း; ထန်ရို့" သည်လည်း သတင်းထူးများတွင် ​ပေါ်လာ​​နေသည်။


ဖန်မိန်းက​လေးများ အသိုင်းအဝိုင်းက ရှား​လော့ဟုမ်းများ ဖြစ်ကြ​လေသည်။ သူတို့က ထန်ရို့၏ ​ဝေ့​ပေါ်ကို လိုက်ရှာကြပြီး​​​နောက် ထန်ရို့က ဗီလာအိမ်ရာဝင်းတစ်ခုတွင် ​နေထိုင်ပြီး ထန်​ချောင်း​ချောင်းသည်လည်း ထိုဗီလာဝင်းအတွင်းတွင် ​နေခဲ့ကြောင်း ရှာ​တွေ့ လိုက်ကြသည်။


ထိုအိမ်ရာဝင်းအတွင်းက အိမ်တစ်လုံးက အလွန်​စျေးကြီးလှသည်။ ​နေထိုင်သူကလည်း သိပ်မများရုံသာမက ထန်​ချောင်း​ချောင်းနှင့် ထန်ရို့တို့ နှစ်​ယောက်လုံးက ထန်မျိုးရိုး ဖြစ်​နေကြ​​သော​ကြောင့် ဖန်များက အ​တွေးများလာရ​တော့သည်။


ထိုအချိန်တွင် "​ပေကျင်း အတွင်း​ရေး" ဟု​ခေါ်​သော ချမ်းသာ​သော ဒုတိယမျိုးဆက်များအ​ကြောင်း သတင်းထူးများ တင်တတ်သည့် ဘ​လော်ဂါတစ်​ယောက် ​ပေါ်လာ​တော့သည်။


[ငါ​ပြောမယ်... ငါ​ပြောမယ်... ငါအသက်ရှုရပ်​တော့မလို့... အဲ့ဒီ "ကီကီရို"က ထန်တ ကုမ္ပဏီဥက္ကဌရဲ့ သမီး ထန်ရို့​လေ... သူက ဂုဏ်သတင်းကြီးတဲ့ ကျောင်းက​နေ ဘွဲ့ရပြီး လုပ်ရည်ကိုင်ရည်လည်း ရှိတဲ့အပြင် လှ​သေးတယ်... ပြီး​တော့ ထန်​ချောင်း​ချောင်း ကျ​တော့ မှန်းကြည့်​လေ.. ဟားဟား... သူလည်း ထန်မိသားစုကပဲ​လေ... ထန်ရို့ရဲ့ ​မွေးစားအစ်မ]


မှတ်ချက်​ပေးသည့်​နေရာတွင်:


[အိုး ဖရဲသီးအကြီးကြီးပဲ... အား... တကယ့်အတွင်း​ရေးက ဘယ်လိုဆက်ဖြစ်မှာလဲ.... ငါ့နှလုံးသား​လေး ​တောင့်မခံနိုင်​တော့ဘူး]


[ဒါဆို ထန်ရို့နဲ့ ထန်​ချောင်း​ချောင်းက ​ယောကျ်ားတစ်​ယောက်အတွက် တိုက်ခိုက်​နေကြတဲ့ ညီအစ်မနှစ်​ယောက်​ပေါ့... စိတ်လှုပ်ရှားစရာပဲ]


[ထန်ရို့ကပဲ ရှန်းလျန့်နဲ့တွဲတာ ​ကောင်းမယ်... အနည်းဆုံး​တော့ သူမက ချမ်းသာတဲ့မိသားစုရဲ့ သမီးအစစ်ပဲ​လေ]


....


ထန်​ချောင်း​ချောင်းက ဖရဲသီးစား​နေ​ရုံ ဖြစ်သော်လည်း သူမကပါ သတင်းထူးတွင် ပါလာခဲ့သည်။ သူမမျက်နှာတွင် မယုံကြည်နိုင်​သော အမူအရာ ​ပေါ်လာ​တော့သည်။


'​ယောကျ်ားတစ်​ယောက်အတွက် တိုက်ခိုက်​နေကြတဲ့ ညီအစ်မနှစ်​ယောက်... ခဏ​နေကြပါအုံး"


'ရှန်းလျန့်ကို ​ခွေးလို​ကောင်က သူမနဲ့ လိုက်ဖက်လို့လား.. အင်တာနက်​​​ပေါ်က သာမန်လူ​ အစစ်တွေ​ရော ဖြစ်နိုင်ပါ့မလား... ​ရေတပ်များလား'


ထိုဒရာမာတစ်ခုလုံး ပြီးမသွားခင်ပင် ထန်ရို့က "​ပေကျင်း အတွင်း​ရေး"၏ ​ဝေ့​ပေါ်ကို ရုတ်တရက် likeလုပ်လိုက်​လေသည်။


ထန်ရို့က မနက်​စော​စောအချိန်တွင် အွန်လိုင်း​ပေါ်ရှိ ​ရေပန်းစားသတင်းများကို ​စောင့်ကြည့်​နေခဲ့ခြင်း ဖြစ်​လေသည်။ မာကတ်တင်း အ​ကောင့်မှ ​နောက်ဆက်တွဲ ဗီဒီယို ​ပေါ်လာကတည်းက သူမက အင်တာနက်​ပေါ်မှ လူထု၏ အမြင်ကို လိုက်လံကြည့်ရှု​နေခဲ့သည်။ အရာရာတိုင်းက သူမ​မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပုံရသည်။


အင်တာနက်​ပေါ်မှ လူများ သူမ၏ ​ဝေ့​ပေါ်က ​ကော်ဖီခွက်နှင့် ဆယ်ဖီပုံကို ရှာ​တွေ့ခဲ့ကြ​သောအခါ သူမက ဆယ်မိနစ်ကျော်မျှ ​စောင့်ဆိုင်း​နေပြီးနောက် ဖျက်ပစ်လိုက်​တော့သည်။ ထိုကာလတို​လေးက လူထုနှင့် အဓိက မီဒီယာကြီးများကို သက်​​သေအဖြစ် စကရင်​ရှော့များ ရယူသွားနိုင်ရန် လုံ​လောက်​ပေသည်။ ထိုသတင်းက ရှန်းလျန့်ကို ထိတ်လန့်သွား​စေပြီး မီဒီယာများက သူ့ကို အဆက်မပြတ် ဖုန်း​​ခေါ်လာကြ​တော့သည်။ သူက ထန်ရို့ကို ဖုန်းဆက် မဆူနိုင်​တော့သည်အထိ အလွန် ဖိအား​များ​နေရသည်။ အဆုံးတွင် ထို​နေ့က ပါပါရာဇီ တစ်​ယောက် ရှိ​နေပြီး ထန်ရို့၏ ​ဝေ့​ပေါ်ကိုလည်း ရှာ​တွေ့သွားကြမည်ဟု မည်သူက သိခဲ့မည်နည်း။ သူမက အမှန်တကယ်တွင် ဘာအမှားမှ မလုပ်ခဲ့​ပေ။


ရှန်းလျန့်အဖွဲ့က လူထုနှင့် ဆက်သွယ်ရန် အလုပ်များ​နေခဲ့ပြီး ထန်ရို့ဘက်တွင် တိုးတက်​နေမှုများကို ​​စောင့်မကြည့်အားခဲ့​ပေ။


သူမက ​နောက်ဆုံးတင်ထား​သော ပိုစ့်ကိုသာ ဖျက်ခဲ့ပြီး ​ဝေ့​ပေါ်တွင် တင်ထားခဲ့​သော အခြားအရာများကို လက်ဟန်မပျက် ချန်ထားခဲ့သည်။ ထို့​ကြောင့် အင်တာနက်​ပေါ်က လူများက သဘာဝကျစွာပင် သိလိုစိတ်ပြင်းစွာဖြင့် ​​​ရှာ​ဖွေကြ​တော့သည်။


သူမ​၏ ​ဝေ့​ပေါ်တွင် တင်ထားသည်များမှာ သူမ အားလပ်ရက် ခရီးသွားခဲ့သည့် နိုင်ငံရပ်ခြား​ဒေသများ၊ သို့မဟုတ် ​နောက်ဆုံးထွက် ဖက်ရှင် အဝတ်အစားများ စသည်ဖြင့် အရာအားလုံး ဇိမ်ခံတံဆိပ်များ ဖြစ်ကြပြီး ပန်းအလှဆင်ခြင်း၊ ဆီ​ဆေး ပန်းချီ​ရေးဆွဲခြင်းနှင့် အခြား​သော လူချမ်းသာများ လုပ်​လေ့ရှိသည့် အရာများပင် ဖြစ်ကြသည်။


သူမ၏ ပုံစံက အမြဲတမ်း တိတ်ဆိတ်ကာ ​ကောင်းမွန်​​သော အကျင့်ရှိသည့် အမျိုးသမီးငယ်​လေး ပုံစံသာ ဖြစ်သည်။ သူမက ရှန်းလျန့်နှင့် ပတ်သက်​သော ပိုစ့်တစ်ခုကိုမှ Like မလုပ်ခဲ့​ပေ။


[ထန်ရို့ရဲ့ ​ဝေ့​ပေါ်က သရေကျစရာ​လေး​နော်... သူ​လေးက ရှန်းလျန့်နဲ့ တကယ် လိုက်ဖက်တယ်]


[ငါလည်း ​တွေး​နေတာ​လေ တစ်​ယောက်က ချမ်းသာတဲ့ ဆိုရှယ်ကျကျ အလှ​လေး၊ တစ်​ယောက်က ​ကျော်ကြားတဲ့ အိုင်​ဒေါလ် တစ်​ယောက်နဲ့ အိမ်​တော်တစ်ခုက သား... သူတို့ မိသားစု ​နောက်ခံက တူညီ​နေပြီး နှစ်​ယောက်လုံးကလည်း ​ချောကြ​သေးတယ်]


[ရှန်းလျန့်ဖန်တစ်​ယောက်အ​နေနဲ့ ငါက​တော့ ​ရွေးလိုက်ပြီ​နော်... ဒီလို လှပပြီး နတ်ဆိုးမဆန်တဲ့ ​ယောင်းမ​လေးကို ဘယ်မှာ သွားရှာနိုင်ပါ့မလဲ... အဆိပ်ပြင်းတဲ့ အင်တာနက်ဆယ်လီ​တွေထက် ပို​ကောင်းတယ်​လေ]


[ ကျဲကျဲကို မနာလို​တော့ဘူး​နော်... သူ လူ​ချော​လေးရှန်းကို တကယ်ကြီး ရသွားပြီ]


[အဲ့မိန်းက​လေးက တကယ်ကြီး သူ့ချစ်သူ ဟုတ်ပါ့မလား... ထွက်လာပြီး တစ်ခုခု ​ပြောစမ်းပါ... ဟုတ်​နေရင်​တောင် ငါအသိအမှတ်ပြု​ပေးမယ်]


[လက်ခံလိုက်​တော့ အရူး​​တွေ... ရှန်းလျန့်က ဘာမှ မ​ပြောလာမှ​တော့ ဘာမှ မဖြစ်ခဲ့ဘူးလို့ ယူဆလိုက်​တော့မယ်(ငိုလျက်)]


[ငါက​တော့ ရှုခင်း​လေး​တွေ လိုက်ကြည့်​နေတာ... ထန်​ချောင်း​ချောင်းက တကယ် မင်းအစ်မလား... သူမက မင်းနဲ့လည်း မတူဘူး]


[​သေချာ​ပေါက် ဘယ်ဟုတ်မလဲ... ချမ်းသာတဲ့ မိသားစု​တွေက မိသာစုဦး​ရေ အများကြီး ရှိတတ်ကြတယ်]


[ထန်ချောင်း​ချောင်းက ငယ်ငယ်တုန်းက ​​တောရွာဘက်မှာ ကြီးပြင်းလာတဲ့ ထန်မိသားစုရဲ့ ​သွေး​ဝေး​ဆွေမျိုးတစ်​ယောက်ရဲ့ သမီးလို့ ​ပြောထားတာပဲ]


[သူမ စရိုက်အရမ်းကြမ်း​နေတာ အံ့သြစရာ မရှိ​တော့ဘူး... အရင်တစ်​ခေါက် ရှိုးမှာ ဝက်ကိုဖမ်းပြီး ငန်းကို သတ်ခဲ့​သေးတယ်... ထန်ရို့ရဲ့ ပုံစံ​လေးနဲ့ လုံးဝ မယှဥ်နိုင်ဘူး]


[ငါ ဒရာမာတစ်ပုဒ်​လောက် အနံ့ရ​​နေပြီ​နော်... ထန်​ချောင်း​ချောင်းက သူ့ညီမရဲ့ ချစ်သူကို သ​ဘောကျ​နေတယ်]


[ဒီ​နေရာက မှတ်ချက်​တွေက ​တော်​တော်​လေး ထူးဆန်းပြီး​​တော့ ​နှောက်ယှက်​နေတဲ့ ပုံစံ ​ပေါက်​နေတယ်​နော်... လူ​တွေကို ဆွဲချပြီး တက်မနင်းရရင် ​​သေသွားမှာ မို့လို့လား... ကိုယ့်အရှုပ်​တွေသာ ဂရုစိုက်ကြစမ်းပါ... ငါ​တော့ ​ချောင်း​ပေါင်ကို ​ခေါ်သွားပြီ​​ဟေ့]


Xxxxxxxx