အပိုင်း ၃၀
Viewers 23k

Chapter 30

သူ​ဌေး သမီး အစစ်လား အတုလား


 

ထန်ရို့ မျှော်လင့်ထားသည်ထက်ပင် ​အနည်းငယ် ကျော်လွန်​နေ​ကာ ထန်​ချောင်း​ချောင်းသည်လည်း စကားဝိုင်းထဲသို့ ဆွဲသွင်းခံ​​နေရ​​ပေသည်။


ထန်ရို့က သူတို့နှစ်​ယောက်အ​ကြောင်း ​ဖော်ထုတ်ထားသည့် ​ဝေ့​ပေါ်ကို ​တွေ့လိုက်​သောအခါ ရုတ်တရက် အကြံတစ်ခု ရလာခဲ့သည်။ ထိုအချိန်မှာ သူမ လုပ်​နေခဲ့သည့် အရာအားလုံးက အလျင်စလို ဖြစ်​နေခဲ့သည်ကို သိ​နေ​သော်လည်း သူမက ​ဝေ့​ပေါ်ပိုစ့်ကို like လုပ်လိုက်ပြီး ချက်ချင်း ပြန်ဖျက်လိုက်သည်။


'လက်​​ချော်သွားလို့ ​ဆောရီး​နော်'


ထန်ရို့၏ နှလုံးသားတွင်​တော့ မည်သည့်အပြစ်ရှိစိတ်မှ ရှိမ​နေခဲ့​ပေ။ သူမက ထန်​ချောင်း​ချောင်းလို သရုပ်​ဆောင်တစ်​ယောက်က သူမကို ​အင်တာနက်​ပေါ်တွင် ထောက်ပံ့​ပေး​သောသူများ ရှိမည်ကို မယုံကြည်ပါ​ချေ။ ထန်​ချောင်း​ချောင်းက သူမ၏ ​ဖြစ်တည်မှု အစစ်အမှန်ကိုလည်း ထုတ်​ဖော်​ပြောရဲမည် မဟုတ်​ပေ။.


ထန်​ချောင်း​ချောင်းက ရှန်းမိသားစုဆီကို ချုံရှီအ​နေဖြင့် ​ပေးခံလိုက်ရတာ ဖြစ်သည်။ ရှန်းယွဲ့ က ​ခြေကျိုး​နေပြီး အသက်ရှင်​နေ​သေးသည့် အချိန် မဆိုထားနှင့် သူ​သေသွားလျှင်​တောင်မှ သူ့ပိုင်ဆိုင်မှုများကို ရနိုင်မည် မဟုတ်​ပေ။ ထန်မိသားစုဘက်တွင်မူ သူမသာ ခွင့်ပြုချက်မရဘဲ သူမ၏ ဖြစ်တည်မှုကို ဖော်ထုတ်ကာ ကုမ္ပဏီ၏ ပုံရိပ်ကို ဖျက်ဆီးလိုက်ပါက အ​မွေတစ်ပြားမှ မရနိုင်​တော့။


ထန်ရို့၏ စက္ကန့်ပိုင်းအတွင်း like​ပေးပြီး ပြန်ဖျက်လိုက်ခြင်းက မီးထဲကို ​လောင်စာထည့်လိုက်သည်နှင့် တူညီ​ပေသည်။ သူမက အင်တာနက်​ပေါ်တွင် ထန်ချောင်း​ချောင်းကို ​အုံလိုက်ကျင်းလိုက် ဆဲဆို​နေကြသည်များကို စိတ်​ကျေနပ်စွာပင် ကြည့်​နေခဲ့ပြီး အလွန်​ပျော်ရွှင်​နေခဲ့သည်။


ထန်​ချောင်း​ချောင်း၏ ​ဝေ့​ပေါ်မှ မှတ်ချက်များကို အုပ်စုလိုက် အလည်​ရောက်လာ​ကြသော အင်တာနက်​ပေါ်မှ လူများ​က သိမ်းယူသွားခဲ့ကြ​သည်။ သူမ၏ဖန်များမှာ အနိုင်ကျင့်မှုများကို ပြန်တွန်းလှန်ကာ မ​ကောင်း​သော မှတ်ချက်များ ​ဖယ်ရှားနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့​သော်လည်း ထိပ်ဆုံး​နေရာတွင်ပင် ဆဲဆို​နေကြသူများနှင့် ​ထေ့လုံး​ငေါ့လုံးများသာ ကြီးစိုးလာခဲ့သည်။


[နင်က သူ​ဌေးတစ်​ယောက်ရဲ့ ဆင်းရဲတဲ့ ​ဆွေမျိုးလား... သူတို့ အကူအညီ​တွေယူပြီး ​​​သွေးစုပ်ခဲ့တာ​ပေါ့​လေ]


[ထန်ရို့က like​​​ပေးခဲ့တယ်... ကြည့်ရတာ အမှန်တရားနဲ့ မ​​ဝေး​တော့ဘူးထင်တယ်]


[နင် မဟုတ်သ​ရွေ့ ရှန်းလျန့် ကြိုက်တဲ့သူနဲ့ ဒိတ်လိုက်စမ်း]


[ချိုးငှက်က သပိတ်လွယ်ငှက်ရဲ့ အသိုက်ကို သိမ်းလိုက်တယ်... နင်က သူ့မိသားစုကို ​ကျေးဇူးမတင်တဲ့အပြင် သူ့ချစ်သူကိုပါ ​လောဘကြီးလိုက်​သေးတယ်​ပေါ့... ထန်​ချောင်းချောင်း... နင်အရှက်မရှိဘူးလား]


[နင့်ရဲ့ သရုပ်​ဆောင်ဖြစ်ဖို့ အ​ထောက်အပံ့​တွေက ထန်မိသားစုက ​ပေးထားတာ ဖြစ်နိုင်တယ်... သူ​ဌေးသမီးအတုမ... မ​​ကျော်ကြားတဲ့ ​ကောင်မ... ရွံစရာ​ကောင်းလိုက်တာ]


[စာက​​လေးက စာက​​လေးပါပဲ... ဘယ်​တော့မှ ဖီးနစ်ငှက် ဖြစ်လာမှာ မဟုတ်ဘူး]


[ရှန်းလျန့် နင့်ကို စက်ဆုပ်​နေတာ အံ့သြစရာ မရှိ​တော့ဘူး... နင်က လက်ဖက်စိမ်း​ခွေးမပဲ]


...


တစ်ချိန်တည်းမှာပင် ရှန်းယွဲ့နှင့် ထန်​ချောင်း​ချောင်းက မျက်နှာချင်းဆိုင် ထိုင်​နေခဲ့​သေး​သော်လည်း အန်တီဝမ်က ညစာပန်းကန်များကို သိမ်းသွားခဲ့ပြီ ဖြစ်သည်။


ရှန်းယွဲ့က ထန်​ချောင်း​ချောင်းကို တည်ငြိမ်​သော မျက်နှာဖြင့် ကြည့်လိုက်ပြီး စိတ်ရှုပ်​ထွေးစွာဖြင့် မျက်ခုံးကို မြှင့်လိုက်သည်၊ "မင်း​ဝေ့​ပေါ်မှာ ​ရောက်​နေတာ ​သေချာ​ပေါက် ​ရေတပ်တစ်ခုပဲ... မင်းဘာလုပ်ဖို့ အစီအစဥ် ရှိလဲ"


ထန်​ချောင်း​ချောင်းက သူ့အ​မေးကို မ​ဖြေခဲ့ဘဲ ထိုအစား ပြန်​​မေးလိုက်သည်၊ "ကျွန်မသာ ရှင့်ကို တစ်ခုခု ဖုံးကွယ်ထားခဲ့ရင် ရှင် ဘာလုပ်မလဲ"


သူမက အ​လေးအနက် ဖြစ်​နေပုံပေါ်သည်။ ရှန်းယွဲ့က သူမ သူ့ကိုအကူအညီ လာ​တောင်း​တော့မည်ဟု ထင်ခဲ့ပြီး သူမသာ ​​ခပ်​စော​စော ​ပြောလာခဲ့ရင် ပို​ကောင်းမည်ဟု ​တွေး​နေခဲ့သည်။ ထိုသတင်းများကို ရှင်းဖို့ မိနစ်အနည်းငယ်မျှပင် မလို​ပေ။


သို့​သော်လည်း သူမ၏ ရုတ်တရက် ​မေးခွန်းကို ကြားလိုက်​သောအခါ သူ့မျက်နှာ အနည်းငယ် အေးစက်သွား​လေသည်၊


 "မင်း ရှန်းလျန့်ကို တကယ်ကြိုက်​နေတာလို့ ​ပြောချင်တာ​တော့ မဟုတ်​လောက်ပါဘူး​နော်"


"​ဝေါ့... ​ဝေါ့" ထန်​ချောင်း​ချောင်းက စက်ဆုပ်​နေသည့်ပုံ ​ပေါ်​နေသည်၊ "ကံဆိုးစေတဲ့ အ​ကြောင်း​တွေ မ​ပြောစမ်းပါနဲ့"


ရှန်းယွဲ့အ​ပေါ် သူမရဲ့ သ​ဘောထား​တွေက လုံလုံ​လောက်​လောက် မသိသာ​သေးလို့လား... ဘာလို့ လူတိုင်းက သူမကို အထင်လွဲ​နေကြတာလဲ...


သူမ၏ စကားများကို ကြား​​သောအခါ ရှန်းယွဲ့ မျက်နှာ တည်ငြိမ်သွား​လေသည်၊ "ဒါဆို ဘာအ​ကြောင်းလဲ"


ထန်​ချောင်း​ချောင်းက မျက်​တောင်ခတ်လိုက်ပြီး သူမ၏ အသံသာသာ​လေးက အနည်းငယ် တိုးဖျသွားခဲ့သည်၊ "ကျွန်မသာ ရှင့်ကို ကျွန်မရဲ့ ဖြစ်တည်မှု အစစ်အမှန် အ​ကြောင်း လိမ်ထားခဲ့ရင်​​ရော"


ယ​နေ့တွင် ​ဝေ့​​ပေါ်က အလွန် အသက်ဝင်​​နေသည်။ ပထမအချက်က ရှန်းလျန့်က ညအချိန်မှာ ဆန်းကြယ်​သော အလှ​လေးနှင့် ​တွေ့ခဲ့သည့်အ​ကြောင်း ​ဖော်ထုတ်ခံလိုက်ရသည်။ ထို့​နောက် သူ့​ကောင်မ​လေးဟု ထင်ရ​သော မိန်းက​လေးက ထန်တအုပ်စုမှ ပိုင်ဖုမိန်တစ်​​ယောက် ဖြစ်​သည့် ထန်ရို့ဟု ​ပေါ်ထွက်လာသည်။ ထို့​နောက်တွင် သတင်းထဲမှ ချစ်သူ​ကောင်မ​လေးက ထန်​ချောင်း​ချောင်းနှင့် ​မှော်ဆန်သည့် ဆက်နွယ်မှု တစ်ခု ရှိ​နေသည့်အ​ကြောင်း ဖြစ်ပြီး​နောက် ထန်ရို့က like လုပ်ကာ ပိုစ့်ပြန်ဖျက်သွားသည် စသဖြင့်ပင်။ လှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ဖြစ်သွားပြီး​နောက် အင်တာနက်​ပေါ်မှ လူများက ခန့်မှန်းချက်အမျိုးမျိုးဖြင့် ဖရဲသီးစား​နေခဲ့ကြသည်။ 


ထိုအချိန်မှာပင် လူအများ၏ ​ဝေ့​ပေါ်စာမျက်နှာ​ပေါ်တွင် ထန်​ချောင်း​ချောင်း၏ ​နောက်ဆုံးပိုစ့်သာ ကြီးစိုးသွားကြ​​လေ၏။


ထန်​ချောင်း​ချောင်း v: [ ငါ လတ်တ​လောကပဲ ​ရှောင်​ပေါ်ကျန်းမှာ "အ​နောက်အရပ်သို့ ခရီးသွားခြင်း"ကို ကြည့်​နေခဲ့တာလေ... ငါက​တော့ "​မျောက်ဘုရင်အစစ်နဲ့အတု"ဆိုတဲ့ အပိုင်းကို ​တော်​တော်​လေး ကြိုက်​နေတာ... အဆုံးမှာ ​မျောက်ဘုရင် အစစ်နဲ့အတုထဲက ဘယ်သူကများ ​သေသွားမှာလဲ ဆိုတာ ​ငါ့ကို ပြောပြလို့ရမလား]


အချို့​သော ရိုးသားသည့် လူများက အတည်​ပေါက် ​ဖြေလာကြသည်၊ "​သေချာ​ပေါက် ​မျောက်ဘုရင် အတု​ပေါ့... သူက သပိတ်လွယ်ငှက်ရဲ့ အသိုက်ကို ယူပြီး အစားထိုးချင်​နေ​သေးတယ်... သူက တကယ့်​ မျောက်ဘုရင်အစစ် ဆီက​နေ ​သေတဲ့အထိ ​အရိုက်ခံလိုက်ရတာ​တော့ ရှက်စရာပဲ"


ထန်​ချောင်း​ချောင်းက ထိုလူကို ချက်ချင်း စာပြန်လိုက်သည်၊ "ရဲ​ဘော် ထိုင်ပြီး ​​ပြောကြရ​အောင်"


လူတိုင်းနီးပါးက ထန်​ချောင်း​ချောင်း၏ တုန့်ပြန်မှုကို ​စောင့်​နေခဲ့ကြသည်။ သူတို့က သူမ အမှန်တကယ် အတည်​ပေါက်ပုံစံဖြင့် "အ​နောက်အရပ်သို့ ခရီးသွားခြင်း"၏ ဇာတ်​ကြောင်းကို ​လူတိုင်းနှင့် ​ဆွေး​နွေးလာမည်ဟု မထင်ထားခဲ့​ပေ။ ထို့အပြင် သူမက သုံးနှစ်သားက​လေးပင် သိနိုင်မည့် ​မေးခွန်းကို ​မေးလာခဲ့​​သေးသည်။


သိသိသာသာပင် ထို​မေးခွန်းက ​အလွန် မရိုးရှင်းကာ ခပ်တိမ်တိမ် ဖြစ်မ​နေ​ပေ။


[​မျောက်ဘုရင် အစစ်နဲ့အတုလား... ထန်​ချောင်း​ချောင်းက ထန်ရို့နဲ့ဂယက်​​​တွေထဲက အ​ကြောင်းကို ​ပြော​နေတာလို့ ခံစား​နေရတယ်]


[အခု ငါတို့က ထန်ရို့က ထန်မိသားစုရဲ့ သမီးအရင်း ပြီး​တော့ ထန်​ချောင်း​ချောင်းက ချမ်းသာတဲ့ ​ဆွေမျိုးကို မှီပြီး အမြင့်တက်ချင်တဲ့ ဆင်းရဲတဲ့ ​ဆွေမျိုးလို့ ​ပြော​နေကြတာမလား... ဒါ​ပေမယ့် ထန်ချောင်း​ချောင်းက ဘာ​ပြောချင်​​နေတာလဲ]


[နားမလည်ဘူး... သူမက ထန်ရို့ကသာ သမီးအတုလို့ ​ပြောချင်​နေတာလို့ ထင်တာပဲ]


[​ထောက်ခံတယ် အ​ပေါ်ထပ်ကလူ​ရေ... ငါလည်း အဲ့အတိုင်းပဲ နားလည်လိုက်တယ်]


[​ဝိုး... မင်းတို့ သူမမျက်နှာကို ဖြတ်ရိုက်ကြ​တော့မလို့လား... ရှန်းလျန့်နဲ့ အရှုပ်​တော်ပုံထက် ပိုပြီး စိတ်လှုပ်ရှား​နေပြီ​ဟေ့... ငါက​တော့ လူချမ်းသာ​တွေရဲ့ ​ခွေး​သွေးဇာတ်လမ်း​တွေကို အကြိုက်ဆုံးပဲ]


[ထန်​ချောင်း​ချောင်းက ​ထေ့လုံး ​ငေါ့လုံး အပြည့်နဲ့ ​ပြော​နေ​ပေမယ့် ငါကြိုက်တယ်ဟယ်... စာတင်လိုက်ပါတယ်]


[​သောက်ကျိုးနဲ... ထန်​​ချောင်း​ချောင်းသာ အစစ်ဆိုရင် အရင်ကဟာက ဘယ်လိုအချစ်နဲ့ အမုန်း​တွေ ဖြစ်သွားရတာလဲ(​ဖော်ထုတ်ခံရတဲ့အချိန်)]


[​ချောင်း​ပေါင်... ငါတို့ အမြဲတမ်း မင်းကို ယုံတယ်​နော်... ​ရေတပ်က ပိုလူထူလာပြီ... မ​ကောင်းတဲ့ ဝိဥာဏ်​တွေ ​နေရာတိုင်း ပြန့်ကျဲ​နေတာပဲ]


[ငို​နေပြီ... ငါတို့ ​ချောင်း​ပေါင်ကို ဘယ်သူ ရန်စတာလဲ... ရှိုးမှာဆိုရင် သူမက အရင်က အဖြစ်​တွေကို​တောင် ဂရုမစိုက်ဘဲ ရှန်းလျန့်အတွက် ဟင်းချက်​ပေးလိုက်​သေးတယ်... ဒါ​ပေမယ့် သူ့ဖန်​တွေက ဆဲကြတာ​နော်... ဘာလို့များ မိန်းက​လေး​တွေက အခြား မိန်းက​လေး​တွေကို လိုက်ပြီး အရှက်ခွဲ​နေကြရတာလဲ]


[ခဏ​လေး ​နေကြပါအုံး... ငါ​တော့ ဒီအဆက်အနွယ်ကို ရှုပ်​​ထွေး​နေရပြီ... ထန်တအုပ်စု​ရေ... ဘယ်သူက ရှင့်သမီးလဲ]


...


ဗီလာဘက်တွင် ရှန်းယွဲ့က ​ဝေ့​ပေါ်​ပေါ်မှ ထန်​ချောင်း​ချောင်း၏ ပိုစ့်ကို ​တွေ့လိုက်ရသည်။ "ဒါ မင်း​​ပြောချင်တဲ့ ကိစ္စလား... မင်းက ထန်မိသားစုရဲ့ သမီးအစစ်ဆိုတဲ့ အ​ကြောင်း​ပေါ့​လေ"


ထန်​ချောင်း​ချောင်းက ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် အံ့သြသွားသည်၊ 'အစ်ကိုကြီး... ဘာလို့ အရမ်းတည်ငြိမ်​နေရတာလဲ'


ရှန်းယွဲ့ အမူအရာက မ​​ပြောင်းလဲ​ပေ၊ "ငါသိတာ ကြာလှပြီ"


"ဘာရယ်... ရှင်သိ​နေတယ်"ထန်​ချောင်း​ချောင်း အံ့သြတကြီး ဖြစ်သွားရ​တော့၏။


ရှန်းးယွဲ့: "ငါက မိန်းမတစ်​​ယောက်ကို သူ့အ​ကြောင်း ဘာမှမသိဘဲနဲ့ လက်ထပ်မယ်လို့ ထင်​နေတာလား"


"ဘယ်တုန်းက သိတာလဲ" အကယ်၍ ထိုသူသာ အစကတည်းက သိထားပါက အခုအချိန်ထိ လွှတ်​ပေးထားမည် မဟုတ်​ပေ။ အဆုံးတွင်​တော့ ရှန်းယွဲ့က အစတည်းကပင် မူလကိုယ်ကို အလွန်အမင်း မုန်းတီး​နေခဲ့​လေသည်။


"ဘယ်အချိန်ကသိသိ အ​​ရေးမပါဘူး"


"ငါကိုယ့်ကိုကိုယ် ထပ်ပြီး အရူးလုပ်မိပြန်ပြီ"


အမှန်တကယ်တွင် အရင်တစ်ခါက ဟူဟုန်နှင့် ရှန်းလျန့်တို့ သားအမိနှစ်​ယောက် ဗီလာဆီ လာခဲ့ကြစဥ်က ထန်ရို့အ​ပေါ် ထန်ချောင်း​ချောင်း၏ သ​ဘောထားမှာ သံသယဖြစ်ဖွယ်​ကောင်းသည် ဆိုသည်ကို သူ​တွေ့ခဲ့ရသည်။ ထို့​ကြောင့်ပင် သူက ရင်းနှီး​သော အတွင်း​ရေးစုံစမ်းသူကို ထိုအ​ကြောင်းအား ရှာ​ဖွေစုံစမ်းရန်အတွက် ​​ပြောခဲ့သည်။


ထိုစုံစမ်းမှုပြီး​နောက် သူက ထန်မိသားစုက ရှန်းမိသားစုကို မည်ကဲ့သို့ လိမ်ညာလှည့်ဖြားခဲ့သည်ကို သိသွား​တော့သည်။ သူတို့က ​​ကျေးလက်​ဒေသတွင် ကြီးပြင်းခဲ့​သော ထန်​ချောင်း​ချောင်းကို မျိုးရိုးမြင့် အမျိုးသမီး တစ်​ယောက်အဖြစ် ပုံသွင်းကာ သူနှင့် လက်ထပ်ရန် ပို့ခဲ့သည်။ 


ထန်​ချောင်း​ချောင်းဘဝက အရင်က မည်မျှ ခက်ခဲခဲ့သည်ကိုလည်း သူ နားလည်လိုက်ရ​သည်။


သူမကို ​ခေါ်သွားခဲ့သည့် မိသားစုက အ​ခြေအ​နေ သိပ်မ​ကောင်း​ပေ။ သူမက တက္ကသိုလ် တက်ရန်အတွက် ပညာသင်ဆုများကို သာ မှီခိုခဲ့ရ​လေသည်။ မ​မျှော်လင့်ထားစွာပင် သူမ၏ ​မွေးစားမိဘများက ရုတ်တရက် တစ်​ယောက်ပြီးတစ်​ယောက် ဆုံးပါးသွားခဲ့သည်။ ထန်​ချောင်း​ချောင်းက လူမှုရန်ပုံ​ငွေများကို လက်ခံခဲ့ပြီး ၎င်းက ထန်တအုပ်စု၏ လက်​အောက်ရှိ ဖောင်​ဒေးရှင်းတစ်ခုမှ လာသည့် ပိုက်ဆံ ဖြစ်​နေသည်။ 


ထန်​ချောင်း​ချောင်းနှင့် မဒမ်ထန်တို့က ရုပ်ဆင်ကြသည်။


သူမ၏ အသွင်အပြင်​ကို ဝန်ထမ်းတစ်​ယောက်​တွေ့သွား​သောအခါ သိလိုစိတ် ပြင်းပြလာပြီး ထန်မိသားစုဆီ အစီရင်ခံခဲ့​ကာ နှစ်နှစ်ဆယ်မျှ တိတ်တဆိတ် အိပ်​ပျော်​နေသည့် အလှ​လေးက ​ပေါ်ထွက်လာ​တော့သည်။


ရှန်းယွဲ့ ထိုအမှန်တရားကို သိ​လိုက်ရသောအခါ စိတ်အ​ပြောင်းအလဲ နည်းနည်းမျှ ဖြစ်မလာ​ပေ။ သူက ထန်​ချောင်း​ချောင်းက မည်သူ့သမီး ဖြစ်သည် သာမက သူမက မည်ကဲ့သို့ ​နောက်ခံအ​ခြေအ​နေမှ လာသည်ကိုလည်း ဂရုစိုက်​ပေ။ ယခု သူမက သူ၏ တရားဝင်ဇနီးသာ ဖြစ်​ပေသည်။


ထန်​ချောင်း​ချောင်း ရှန်းယွဲ့ကို အနည်းငယ် ​လေးစားသွားရ​တော့သည်။ ထိုသူက ဝတ္ထု၏ အလယ်ပိုင်းနှင့် ​နောက်ပိုင်းတို့တွင် အမျိုးသား ဇာတ်လိုက်၏ အင်အားကြီးရန်သူ​တော် အမှန်တကယ် ဖြစ်ထိုက်ပါ​​ပေသည်။ သူက ဗီလာထဲက မထွက်နိုင်ဘဲ အိပ်ရာထဲတွင် လဲ​နေသည့် မသန်မစွမ်း ဖြစ်​နေလျှင်​တောင်မှ သူသိလိုသည်များကို အမြဲတ​စေ သိနိုင်ခဲ့သည်။


"အ​လေးပြု" ထန်​ချောင်း​ချောင်းက ​လေးစားမှု အပြည့်ဖြင့် သူ့ကို အ​လေးပြုလိုက်သည်။


ရှန်းယွဲ့က စိတ်ဆိုး​နေသည့်အသံဖြင့် ​ပြောလိုက်သည်၊


 "ငါသိတယ်ဆိုတာက ကိစ္စတစ်ခုပဲ၊ ဒါ​ပေမယ့် မင်း လူသိ​​အောင် လုပ်လိုက်တာက ​နောက်ကိစ္စတစ်ခု ဖြစ်သွားပြီ... မင်းမိဘ​တွေ မင်းဆီကို စာရင်းလာရှင်းကြမှာ မ​ကြောက်ဘူးလား... ငါသိသ​လောက် ထန်ရို့ကသာ မင်းမိဘ​တွေရဲ့ အချစ်​တော်​လေး​လေ" မဟုတ်လျှင် သူတို့က ထန်ရို့ကို အရှက်ရမှုမှ ကာကွယ်ရန် ထန်​ချောင်း​ချောင်း၏ ဖြစ်တည်မှုကို ဖုံးကွယ်ကာ အသုံးမကျသည့်သူနှင့် ​ပေးစားမည်မဟုတ်​ပေ။


"အရင် ထန်​ချောင်း​ချောင်းကတော့ ​ကြောက်ချင် ​ကြောက်လိမ့်မယ်... ဒါ​ပေမယ့် ကျွန်မ​က​တော့ မ​ကြောက်ဘူး" ထန်ချောင်း​ချောင်းက တည်ငြိမ်စွာ ​ပြောလိုက်သည်။ 


"မိသားစု ဆက်ဆံ​ရေးကို အသိအမှတ်မပြုတာ သူတို့ပဲ​လေ... ကျွန်မ ဘာလို့ ဂရုစိုက်​နေရမှာလဲ... ဒီအ​ကြောင်း​ကြောင့် ကျွန်မအတွက် သူတို့ စိတ်မ​ကောင်း ဖြစ်ချင် ဖြစ်သွားကြမှာ​ပေါ့... ကျွန်မက​တော့ ကျွန်မဘာသာ အချိန်​ကောင်း​လေး​တွေပဲ ရ​နေချင်တယ်... အခြားသူ​တွေ ကျွန်မကို စိတ်မသက်မသာ ဖြစ်​​အောင် လုပ်ရင် ကျွန်မကလည်း သူတို့ကို ​ကောင်း​ကောင်းမ​နေ​စေရဘူး"


Xxxxxxxxx