အပိုင်း ၃၁
Viewers 23k

Chapter 31


အထူးသဖြင့် ထန်ရို့ပင်။


 သူမက ထန်မိသားစု၏ သမီး​နေရာတွင် သူမကြိုက်သလို ​နေနိုင်သည်။ ထန်​ချောင်း​ချောင်းက ထို​နေရာကို စိတ်မဝင်စား​ပေ။ မူလတွင် ​ရေတွင်း​ရေက မြစ်​ရေကို မဆန့်ကျင်သည်နှင့် တူ​သော်လည်း ထန်ရို့က သူမကို လာဆွခဲ့သည်။ ထို့​ကြောင့် သူမကို မကြင်နာတတ်သည့်အတွက် အပြင်မတင်နိုင်။


ရှန်းယွဲ့၏ မျက်နှာက ​ထောက်ခံ​နေသည့်ပုံ​ပေါ်​သည်။ 


"ဒါ​ပေမယ့်... ငါ​တော့ မင်း လုံလုံ​လောက်​လောက် လုပ်ထားပြီးပြီလို့ မထင်ဘူး... မင်း ကိစ္စ​တွေကို ပိုကြီး​အောင် လုပ်လို့ရတယ်​လေ"


ထန်​ချောင်း​ချောင်း: "ကိစ္စ​တွေ ပိုကြီး​အောင်က ဘယ်လို လုပ်ရမှာလဲ"


ရှန်းယွဲ့: "သူ့နည်းလမ်းကို ပြန်သုံးလိုက်​လေ"


သူက ဖုန်း​ပေါ်ကို လက်အနည်းငယ် ရိုက်လိုက်ပြီး တစ်ဖက်လူက စက္ကန့်ပိုင်းအတွင်း ပြန်​​ပြောလာခဲ့သည်၊


 "နားလည်ပါပြီ... သူ​ဌေး"


လီကျိက စိတ်အားထက်သန်စွာဖြင့် လက်သီးလက်​မောင်းတန်း​နေခဲ့သည်။ သူ ထိုကဲ့သို့ စိတ်မလှုပ်ရှားရသည်မှာ အ​တော်ပင် ကြာခဲ့​လေပြီ။ သူ​ဌေး သ​ဘောကျ​နေ​သော မိန်းက​လေးက ထို ​သွေးဆူလွယ်​သော အရှုပ်​တော်ပုံများကို ဆွဲ​ဆောင်နိုင်သည့် ထူးခြား​သော ပုံစံရှိပုံ​ပေါ်သည်။


သို့​သော်လည်း သူ့သူ​ဌေး ချစ်သူတစ်​ယောက် ဖမ်းမိ​ရေးအတွက် ကူညီ​ရန် သူအပြင်ထွက်ရ​ပေဦးမည်။


လီကျိက သူ့ကုမ္ပဏီနှင့် တစ်နှစ်ပတ်လုံး စီးပွား​ရေးအရ အဆက်အဆံ ရှိခဲ့သည့် လူထုဆက်ဆံ​ရေးကုမ္ပဏီအချို့ကို ဆက်သွယ်ကာ ထန်​ချောင်း​ချောင်း၏ ​ဝေ့​ပေါ်ကို ဖြစ်နိုင်သမျှ မြန်မြန် ​မွှေ​နှောက်ကြရန် ​ပြောလိုက်သည်။


ထိုအချိန်တွင် ထန်ရို့က ​​ဝေ့​ပေါ်မှ မှတ်ချက်များကို ကြည့်​နေခဲ့သည်။ သူမမျက်နှာက တဖြည်းဖြည်း ​ဖျော့​တော့ပြီး လက်​ချောင်းများလည်း တုန်ယင်လာခဲ့သည်။ ထန်​ချောင်း​ချောင်း၏ ​မျောက်ဘုရင်အစစ်နှင့် အတုအ​ကြောင်း ​​ပြောလိုက်သည့် စကားများက ​ဝေ့​ပေါ်မှ လူထုအမြင်က ​ပြောင်းလဲစပြုလာခဲ့သည်။


[ထန်​ချောင်း​ချောင်းက နင့်ကို သမီးအတုလို့​ပြောတယ်... နင်ဘာလို့ ပြန် မတုံ့ပြန်တာလဲ]


[သူဘယ်လိုလုပ် ပြန်တုန့်ပြန်ရဲမလဲ... ထန်​ချောင်း​ချောင်းသာ မဟုတ်တာ​တွေ ​ပြော​နေရင် သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ ​ရှေ့​နေချက်ချင်း ​ခေါ်လိုက်မှာပဲ]


[ဒီ​နေ့တစ်​နေ့လုံး ငါဖရဲသီးပဲစား​နေပြီး ဘာမှ မလုပ်ခဲ့ရဘူး .. ရှန်းလျန့်၊ ထန်ရို့၊ ထန်​ချောင်း​ချောင်းနဲ့ ထန်တအုပ်စု အ​ကြောင်းပဲ ​ဝေ့​ပေါ်မှာ အ​ရှေ့အ​နောက် ​ပြေးလွှား​နေခဲ့ရတာ... ငါ ​​တော်​တော်​မော​နေပြီ]


[သမိုင်းမှာ အမြန်ဆုံး မျက်နှာဖြတ်ရိုက်ခြင်းပဲ... ထန်တအုပ်စုရဲ့ သမီးက အတု ဖြစ်သွားပြန်ပြီ]


[မင်းတို့ ထန်တအုပ်စု ဥက္ကဌရဲ့ ဇနီးမျက်နှာကို ​တွေ့ရင် သိလိမ့်မယ်... သူမက ထန်​​ချောင်း​ချောင်းနဲ့ ​တော်​တော်တူတာ... ထန်ရို့က မဒမ်ထန်တဲ့ တူတဲ့​နေရာ​လေးတစ်ခု​တောင် ရှာမရဘူး]


[ငါခုနတုန်းက မ​ပြောရဲခဲ့လို့... ​​အဲ့ဒီမမ​လေးရဲ့ ဝေ့​ပေါ်​အောက်က လေ​တွေက ပြင်းလွန်းလို့ သူ့ကို နတ်သမီး​လေလို ​ကောင်းကင်​ပေါ် ပျံတက်​တော့မဲ့အတိုင်းပဲ]


[ငါ​ပြောပါရ​စေ... သူမရဲ့ ပုံဆွဲပြီး ​ဆီ​ဆေးခြယ်ထားတဲ့ ပုံ​တွေက ​တော်​တော်​လေး အနုပညာ​မြောက်ပါရဲ့ ... သူမက သိသိသာသာ ဟန်လုပ်​နေတာပဲ... စုတ်တံကိုင်တဲ့လက်က မှား​နေတယ်​နော်]


[အကြာကြီး စကားများကြပြီး​​တော့ ရှန်းလျန့်က သမီးအတုနဲ့ ပတ်သက်ပြီး တစ်ခုခုများ ​ပြောခဲ့လို့လား... ကြည့်ရတာ သူတို့လမ်းခွဲကြ​တော့မယ်ဆိုတာ 80%​လောက် ​သေချာ​နေတယ်]


[သူတို့ အချင်းချင်း ချစ်​နေကြရင်​တောင် ငါစိတ်မရှိပါဘူး... ဖန်​တွေ​ရေ ​ဆွေ့​ဆွေ့ခုန်မ​နေကြနဲ့တော့... မင်းတို့ရဲ့ ​ယောင်းမကို ​ခေါ်လိုက်ကြစမ်းပါ]


[​ယောက်မ​လေး​ရေ... ငါတို့ဖန်​တွေက ငါတို့​ကော​ကောရဲ့ သီးသန့်ဘဝကို အ​လေးထားပါတယ်]


သူမဖုန်းတွင် သူမငှားထားသည့် မားကတ်တင်းအ​ကောင့်၏ နံပါတ်​ပေါ်​နေပြီး နှစ်သက်ဖွယ်မရှိ​သော အ​ကြောင်းအရာများကို ဖယ်ချရန် ​ပြောလိုက်​သော်လည်း တစ်ဖက်လူက လက်မခံ​တော့​ပေ။ အခြားတစ်ဖက်တွင် သူတို့လို ကုမ္ပဏီငယ်​လေး မထိန်းချုပ်နိုင်သည့် အစစ်အမှန် ဖြတ်သွားဖြတ်လာများ ရှိ​နေသည်။ တိုက်ခိုက်ရန်လာ​နေသည့် အခြား​သော အင်အားစုများလည်း ရှိ​နေ​သေးသည်။ သူတို့က ပို၍ အဆင့်မြင့်ကာ ဖယ်ထုတ်ရန် မတတ်နိုင်​ပေ။


ထန်ရို့က ဒီတစ်ကြိမ်တွင် လုံးဝ ​ကြောက်လန့်သွား​ရ​ချေပြီ။


သူမ၏ အစီအစဥ်တွင် ထန်​ချောင်း​ချောင်းက လုံးဝ ပြန်မတုံ့ပြန်နိုင်​ပေ။ ထို့အပြင် သူမတို့၏ ဆက်ဆံ​ရေးအ​ပေါ် ရှန်းလျန့်၏ သ​ဘောထားအတွက်ကား ရှန်းလျန့်က ဝန်မခံလျှင်​တောင် ငြင်းဆန်မည်မဟုတ်သည်မှာ ​သေချာ​ပေသည်။ သူက သူ့​အေးဂျင့်ကို "ကျွန်​တော့် အနုပညာသည်ရဲ့ သီးသန့်ကိစ္စ​တွေကို မသိပါဘူး" ကဲ့သို့ စကားတစ်ခုခုကို ​ပြောရန်သာ တွန်းပို့လိုက်မည် ဖြစ်​ပေသည်။


ထိုနည်းလမ်းဖြင့် သူတို့၏ဆက်ဆံ​ရေးက ပွင့်လင်းမြင်သာမှု မရှိလျှင်​တောင်မှ သူမက ရှန်းလျန့်၏ ​ကောလဟာလထဲမှ ချစ်သူ ​​နေရာကို ရလာမည်ဖြစ်သည်။ ထို့နောက် သူမက ဖန်များ သူမကို တဖြည်းဖြည်း လက်ခံလာသည့်အချိန်အထိ သူမက ခပ်​ဖြေး​ဖြေး ထွက်​ပေါ်လာကာ သူမ၏ တည်ရှိမှုကို ပြလာမည်ဖြစ်သည်။ ​နောက်ဆုံးတွင် သူမတို့က လူထုကို ချပြရန်အတွက် အချိန်​ကောင်းကို ရှာမည်ပင်။


ဘယ်​လောက်​ကောင်းလိုက်တဲ့ အစီအစဥ်လဲ... အခု​တော့ ​ခွေးမ ထန်​ချောင်း​ချောင်းကြောင့် အကုန်ပျက်ဆီးသွားရပြီ...


ထန်ရို့ ထပ်ပြီး မ​ပြောနိုင်​တော့။ အ​ကြောင်းမှာ ထန်​ချောင်း​ချောင်းက ထိန်းမနိုင် သိမ်းမရဖြစ်လာပြီး မည်သည့် လှည့်ကွက်မျိုး လုပ်လာမည်ကို မသိ​သော​ကြောင့် ဖြစ်သည်။


သူမက ရှန်းလျန့် ထိုမုန်တိုင်းကို မည်ကဲ့သို့ တုန့်ပြန်မည်ကိုလည်း မ​တွေးရဲ​တော့​ပေ။


ဖန်​ပေါင်း သောင်း​​ချီ ကျိန်း​မောင်း​နေသည်ကို ခံရပြီး​နောက် ရှန်းလျန့်၏ စတူဒီယိုကလည်း ​နောက်ဆုံးတွင် ​နောက်ကျသည့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်ရ​တော့သည်။ အ​ကြောင်းအရာက အလွန်ရိုးရှင်း​ပေသည်။ ​ပြောထားသည်မှာ ရှန်းလျန့်က လူလွတ်သာ ဖြစ်ပြီး ​​ကျေးဇူးပြု၍ ​ကောလဟာလများကို မယုံကြည်ကြရန်သာ ဖြစ်​လေသည်။


ထိုကဲ့သို့ အ​ရှောင်အတိမ်း ထုတ်ပြန်စာမှာ သိသိသာသာပင် ဖန်များကို ​ချွေးသိပ်ရန် ရည်ရွယ်ထားခြင်းဖြစ်​ပေသည်။ ဖန်များက သူတို့ လိုချင်​သော အ​ဖြေကို ရ​နေသ၍ ထိုထုတ်ပြန်ချက်ကို ယုံကြည်ကြမည်ဖြစ်​လေသည်။


ထန်ရို့အတွက်ကား ရှန်းလျန့်က ဖုန်း​ခေါ်လာခဲ့​လေသည်။


"ကိုယ်အခုချိန်မှာ ဘာမှလုပ်လို့မရဘူး... ကိုယ့်အဖွဲ့က အများကြီး ​စဥ်းစားခဲ့ကြတယ်... အခုအချိန်မှာ ဒါက ​ဘေးအကင်းဆုံးနည်းလမ်းပဲ... ဘာပဲဖြစ်ဖြစ် ဒါက ဖန်​တွေ မြင်သွားရုံ​လေးတင်ပဲ... ကိုယ်တို့အချစ်​ရေးက ​ပြောင်းလဲမှာ မဟုတ်ဘူး"


ရှန်းလျန့်၏ သ​ဘောထားက သူမကို ရယ်​မော​စေသည်။ သူက သူမကို လူထုအ​ရှေ့တွင် ချပြမည်မဟုတ်​ပေ။


"ကိုယ်တို့နှစ်​ယောက် လူ​ရှေ့ထွက်ဖို့ အချိန်မကျ​သေးဘူး... ပြီး​တော့ မင်းရဲ့ ​ဖြစ်တည်မှု အစစ်က​လည်း ပြဿနာတစ်ခု ဖြစ်​နေ​သေးတယ်... ​ပြောရမယ်ဆိုရင် မင်း ဘာမှ မ​ပြောခဲ့သင့်ဘူး... ပြီး​တော့ ​ဝေ့​ပေါ်ကိုလည်း likeမလုပ်ခဲ့သင့်ဘူး... အခု​​တော့ ​ကောင်း​ရော... ခါချဥ်အုံကို တုတ်နဲ့ထိုးသလို ဖြစ်သွားပြီ... ထန်​​​ချောင်း​ချောင်းက ထန်​​ချောင်း​ချောင်းနဲ့ လုံးဝမတူ​တော့ဘူး"


 ရှန်းလျန့်က ထိုကိစ္စကို ​လေး​လေးနက်နက် နားလည်​လေသည်။


ထန်ရို့က ရှုပ်​​ထွေး​နေဆဲသာ ဖြစ်သည်၊ "ကျွန်မ လက်​ချော်သွားတာ"


"မင်း လက်​ချော်​ချော် မ​ချော်​ချော် ကိစ္စမရှိ​တော့ဘူး.. ဘာပဲဖြစ်ဖြစ် ကိစ္စ​တွေက ဒီလို ဖြစ်သွားခဲ့ပြီ"


 ရှန်းလျန့်က စိတ်​ရော ကိုယ်ပါ နွမ်းနယ်​နေခဲ့သည်။ သူက လူထု ဆက်ဆံ​ရေး တန်ပြန်အစီအစဥ်အတွက် သူ့အဖွဲ့နှင့် အကြာကြီး ငြင်းခုံကာ အစည်းအ​ဝေးလုပ်ခဲ့ရသည်။ ထို့​နောက် သူ့အ​မေ ဖုန်းဆက်​ဆူသည်ကိုလည်း ခံလိုက်ရ​သေးသည်။


"မင်းမိဘ​တွေ ကိုယ့်မိဘ​တွေဆီကို သွားပြီး ရှင်းပြဖို့ လိုမယ်... သူတို့က မင်းရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး စိတ်မ​​​ကျေမချမ်း ဖြစ်​နေကြတယ်"


ယခုတွင် ထန်ရို့ လုံးဝ စိတ်ရှုပ်သွားရ​တော့သည်၊ "ဦး​လေးနဲ့ အန်တီက ကျွန်မကို အပြစ်တင်ကြမှာလား"


"ကိုယ် အမှန်အတိုင်းပဲ ​ပြောလိုက်ရတယ်... မင်းလည်း ကိုယ့်အ​မေအ​ကြောင်း သိသားပဲ... သူ့မျက်လုံးထဲ သဲတစ်မှုန်​တောင် ဝင်လို့ မဖြစ်ပါဘူးဆို... ဒီတစ်ခါ​တော့ မင်းမိဘ​တွေကို ​​လာရှင်းပြဖို့ ​​​ပြောလိုက်အုံး" ရှန်းလျန့်သည်လည်း အနည်းငယ်တုန်လှုပ်​​နေ​​ပေသည်။


ထန်ရို့က​ ​ဒေါသ​ကြောင့် တုန်ယင်လာပြီး ရက်စက်စွာ ​ပြောလိုက်သည်၊ "အားလုံး ထန်ချောင်း​ချောင်းရဲ့ အပြစ်ပဲ... သူ လက်ထပ်ပြီးသားဆိုတာကို ကျွန်မ ​ဖော်ထုတ်ပြမယ်" အမျိုးသမီး ကြယ်ပွင့် တစ်​ယောက်က ​ခြေကျိုးနဲ့ လက်ထပ်ထားတာကို ဖုံးကွယ်ထားတယ်... ဘယ်သူ့ ဂုဏ်သတင်းက ပိုဆိုးမလဲ ကြည့်ရ​သေးတာ​ပေါ့...


ထိုအ​ကြောင်းကို ကြား​သောအခါ ရှန်းလျန့်က သူမကို ချက်ချင်း သတိ​ပေးလိုက်သည်၊ " အရှုပ်​တွေ မလုပ်ဖို့ ​ပြောထားမယ်​နော်... ကိုယ့်ဦး​လေးက မင်းထင်သလို မရိုးရှင်းဘူး... တကယ်လို့ သူသာ ​ဆွေမျိုး​တွေကို ငြင်းဖို့ နည်းလမ်း​တွေသုံးလာရင် ကိုယ့်မိဘ​တွေ သူ့ကို ​ကြောက်​နေရ​တော့မှာ"


ထန်ရို့ ပ​ဟေဠိ ဖြစ်သွားရ​တော့၏။ "ဒါ​​ပေမယ့် သူက မသန်မစွမ်း​လေ... ကုမ္ပဏီအာဏာကလည်း ရှင့်အ​ဖေဆီမှာပဲကို... ရှင်ဘာ​တွေ​ကြောက်​နေတာလဲ"


"မင်းဘာသိလို့လဲ" ထိုအချိန်တွင် ရှန်းလျန့်က ထန်ရို့ကို ဦး​နှောက်မရှိသည့်သူဟု အမှန်တကယ် ခံစားလာရ​တော့သည်။ "သူက ကုမ္ပဏီမှာ နှစ်​ပေါင်းများစွာ လုပ်လာတာ... ပြီး​တော့ ဒါရိုက်တာ​အိုကြီး​တွေကလည်း သူ့စကား နား​ထောင်ကြတယ်... သူ့မှာ ရှယ်ယာ​တွေလည်း အများကြီးရှိ​သေးတယ်... ပြီး​တော့ အဘွားကလည်း သူ့ကို အရမ်းချစ်တာ... သူကုမ္ပဏီမှာ မရှိ​တော့ရင်​တောင် သူ့ကို လွယ်လွယ်နဲ့ ဖယ်ရှားလို့ မရနိုင်ဘူး"


"ရှန်းအုပ်စုက စု​ပေါင်းကုမ္ပဏီတစ်ခုပဲ... ကုမ္ပဏီမိသားစုဝင်​တွေရဲ့ ​ခြေလှမ်းတစ်ခုတိုင်းက စ​တော့​စျေးကို ထိခိုက်နိုင်တယ်... မင်းဘာပဲ လုပ်လုပ် ဂရုမစိုက်ဘူး... မင်းဒီကိစ္စကိုသာ ​ပြောလိုက်လို့ ရှန်းမိသားစုနဲ့ ရှန်းအုပ်စု ပိုင်ဆိုင်မှု​တွေ အန္တရယ် ရှိလာရင်တော့ မင်းကို ကိုယ်လည်း ကာကွယ်​ပေးနိုင်မှာ မဟုတ်​တော့ဘူး"


ရှန်းလျန့်က ထိုကိစ္စ၏ အ​ရေးကြီးမှုကို ရှင်းပြလိုက်​သော်လည်း ထန်ရို့က​တော့ မယုံကြည်​သေး​ပေ။ သို့​သော်လည်း သူမက ယာယီ ​တပ်ပြန်ဆုတ်ရန်သာ တတ်နိုင်​ပေသည်။


သို့​သော်လည်း သူမနှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် သူမရည်းစားက မသန်မစွမ်းလူ​လောက်ပင် မှီခို၍ မရနိုင်ဟု ​ခံစားလာရ​တော့သည်။ တစ်ခုခု ဖြစ်လာရင်​​တောင် သူက အသုံးမဝင်နိုင်​ပေ။


အစပိုင်းတွင် သူမက ထန်​ချောင်း​ချောင်းကို ​အရှက်တကွဲ ဖြစ်​စေရန်အတွက် ရှန်းယွဲ့နှင့် လက်ထပ်စေခဲ့သည်။ သို့​​သော်လည်း ယခုတွင်မူ သူမတွင် ​နောက်ခံကြီးကြီးတစ်ခု အမှန်တကယ် ​တွေ့သွားပုံ​ပေါ်သည်။


'အကွက်​ရွှေ့တာ မှားသွားတယ်'


ထန်​​​ချောင်း​ချောင်းဖုန်းက မရပ်မနား မြည်​​နေခဲ့သည်။ အစ်ကိုချမ်က အလွန်အမင်း ​ရှော့ရသွားကာ ထန်​ချောင်း​ချောင်းနှင့် ထန်မိသားစုတို့၏ ဆက်နွယ်မှုက မှန်မမှန် ဆိုသည်ကို အဆက်မပြတ် ​မေး​နေ​လေသည်။


ထန်​ချောင်း​ချောင်းက ထိုအ​ကြောင်းကို သူမ​အေးဂျင့်အား ဖုံးကွယ်ထားရန်မလိုဟု ​တွေးမိ​သော​ကြောင့် အမှန်အတိုင်းသာ ​ပြောလိုက်သည်။


အစ်ကိုချမ်က ​​သေ​လောက်​အောင် ​နောင်တရသွား​တော့သည်။ သူက သူ့လက်ထဲတွင် ရွှေ​ရောင်အသိုက်ကြီး ကိုင်ထားမိ​သော်လည်း သူမကို ကျောက်တုံးကွဲတစ်ခုအ​နေဖြင့် ဆက်ဆံမိခဲ့သည်။ သူမသာ ထိုကဲ့သို့ ​နောက်ခံ​ကောင်း​ကောင်းနှင့် ဇာတ်လမ်း​ကောင်း​ကောင်း​လေး ရှိ​​နေသည်ကို သိခဲ့ပြီး ထိုအ​ကြောင်းကို စန်းတင်ခဲ့ပါက ထန်​ချောင်း​ချောင်း အရင်ကတည်းက ​ကျော်ကြား​​လာမှာ ဖြစ်သည်။


သို့​​သော်လည်း ထန်ချောင်း​ချောင်းက အစ်ကိုချမ် ထိုအ​ကြောင်းကို မာကတ်တင်း​ကြော်ညာအ​နေဖြင့် ဆက်လက်အသုံးပြုမည့် အကြံကို ငြင်းဆန်လိုက်ပြီး မီဒီယာ အင်တာဗျူးများကို ပြန်မတုံ့ပြန်ရန် ​ပြောလိုက်သည်။


အလွန်အမင်း လုပ်လျှင် အလွန်​နောက်ကျတတ်သည်​ကြောင့် တူညီ​သော သတင်းများ ထပ်ကာတလဲလဲ ​ပေါ်လာခြင်းက အင်တာနက်​ပေါ်မှ လူများအကြား မုန်းတီးမှုကို လှုံ့ဆော်​ပေး​စေနိုင်​လေသည်။


ထန်မိသားစုက အသက်ခြိမ်း​ခြောက်နိုင်သော ဖုန်းအဝင်​ကောများ ဒါဇင်ခန့် ​ခေါ်လာ​သော်လည်း သူမက ဘယ်သူ့ကိုမှ ပြန်မ​​ဖြေခဲ့​ပေ။ သူတို့ကို အချိန်ခဏ​လောက် ခုန်​ပေါက်ခိုင်းလိုက်မည်။


သို့​သော်လည်း တစ်​ယောက်၏ ​ခေါ်ဆိုမှုကို​တော့ ကိုင်ဖို့ လိုလာ​ပေသည်။


အန်တီဝမ်: "သခင်မကြီးဆီက ဗီဒီယို​ကောပါ"


ထိုအချိန်တွင် ထန်​ချောင်း​ချောင်းနှင့် ရှန်းယွဲ့တို့က မနက်ပိုင်းတွင် သူမလုပ်ထားကာ အ​အေးခံထားခဲ့သည့် သ​ရေစာ ဂျယ်လီ​အေးကို စား​နေခဲ့ကြသည်။ ၎င်းက ခွဲထား​သော သစ်ကြားသီးနှင့် ​ဟောသွန်းသီး၊ လှီးထား​သော စပျစ်သီး​ခြောက်များ၊ ဂိုဂျီဘယ်ရီသီး၊ဖရဲသီးတုံး​လေးများနှင့် သခွားသီးတုံး​လေးများဖြင့် ဖုံးထားသည်။ ​နောက်ဆုံးတွင် အ​ပေါ်ပိုင်း၌ သကြားညိုရည်ကို ဆမ်းထားခဲ့သည်။ အ​ရောင်အ​ဆင်းက အလွန်လှပ​နေသည်။


​နွေရာသီ ​နေ့လည်ပိုင်းတွင် ​အေးမြပြီး ​​ပျော့အိ​နေသည့် ချို​မွှေး​မွှေး ဂျယ်လီ​အေး အချိုပွဲက ခန္ဓါကိုယ်မှ ​ရေဓါတ်ကို ဖြည့်တင်း​ပေးသည်သာမက အပူကို​လျော့ချကာ ခန္ဓါကိုယ်ကို ​အေးမြ​စေသည်။ ထန်းရို့ လုပ်ထား​သော ပြဿနာ​ကြောင့် ဖြစ်လာသည့် ​လေပူများကို ​လျှော့ချရန်ပင်။


Xxxxxxx