အပိုင်း (၉၀)
Viewers 34k

Part 90


သွမ့်ချီက ဧည့်တွေ့ခန်းထဲတွင်ထိုင်ရင်းပတ်ပတ်လည်ကိုဝေ့ဝဲကြည့်လိုက်သည်။


သူယွမ်ရှ၏ အခြေနေအရပ်ရပ်ကိုအတိကျသိဖို့တွက် တစ်လကြာမျှ အချိန်ယူခဲ့ရသည်။သူတို့ပထမ အကြိမ်တွေ့ဆုံထဲက ယွမ်ရှတွင် ခင်ပွန်းနှင့်သားလေးတစ်ယောက်ရှိကြောင်းသိပြီးသားဖြစ်သော်လည်း သူမ၏ခင်ပွန်က စုန့်ထင်းရှန်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


 သူကစီးပွားရေး လောကအကြောင်းကို သိပ်ဂရုမစိုက်သလို များများစားစားသိထားခြင်းလည်းမရှိသော်လည်း စုန့်ထင်းရှန်း ကိုတော့သိထားပေသည်။ စုန့်ထင်းရှန်း ကစီးပွားရေးလောက၏ ဒဏ္ဍာရီ ဟုပင်ဆို၍ရသည်။သူက မည့်သည့်နောက်ခံ ပံ့ပိုးမှုမှမရှိပါပဲ ယခုအောင်မြင်မှု နေရာသို့ရောက်အောင် သူ့ စွမ်းဆောင်ရည်ဖြင့်ကြိုးစားလာခဲ့ခြင်းဖြစ်သည်။စီးပွားရေး လောကတစ်ခုလုံးက်ု စစ်တမ်းကောက်ကြည့်မည်ဆိုလျှင်တောင် စုန့်ထင်းရှန်း လိုလူမျိုးနောက်တစ်ယောက်တွေ့လိုက်မည်မဟုတ်ပေ။


ပို၍အရေးကြီးဆုံးက သူက အသက်ငယ်ရွယ်တုန်းဖြစ်သည်။ ထိုအဓိပ္ပါယ်က စုန့်ကော်ပိုရေးရှင်းသည် အထွဋ်အထိပ်သို့မရောက်သေးဘူးဟုဆိုလိုသည်။


သို့သော် စုန့်ထင်းရှန်း သည် အရည်ချင်းရော အချင်းပါပြည့်စုံသော်လည်း သွမ်ချီအနေဖြင့် သူရှုံးလိမ့်မည်မဟုတ်ကြောင်းသေချာလေသည်။မူလက ယွမ်ရှကိုသာ တိုက်ရိုက်ရှာဖို့စဉ်းစားခဲ့သော်လည်း ၄င်းက အလွန်အမင်းမညင်သာရာကျလွန်းသည်ဟုထင်မိလေသည်။ယောက်ကျားစစ်စစ်တစ်ယောက်အနေဖြင့်ထိုကဲ့သို့လုပ်လိုက်မယ်မဟုတ်ချေ။ ထို့ကြောင့်သူကယောက်ကျားပီသစွာပင် စုန့်ထင်းရှန်း ဆီသို့အလည်လာလိုက်ခြင်းဖြစ်သည်။ 


ဒီပြဿနာများအားလုံးကို ယွမ်ရှ တစ်ယောက်တည်းရင်ဆိုင်ဖို့ သူဖိအားမပေးနိုင်ပေ။ယောက်ကျားဆိုသည်မှာ သူချစ်ခင်ရသော အမျိုးသမီးကိုကာကွယ်ရမည်ဖြစ်သည်။သွမ်ချီ သူကိုယ့်သူအားပေးနေစဉ်မှာပင် စုန့်ထင်းရှန်း အခန်းထဲဝင်လာပြီး တံခါးကိုပြန်ပိတ်လိုက်သည်။


စုန့်ထင်းရှန်း တစ်ယောက် ထိုအထွေထွေ မန်နေဂျာဆိုသူက ထိုမျှ ငယ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ပုံစံက လန်းဆန်းတတ်ကြွနေပြီး ယခုလက်တလောမှ ကျောင်းပြီးလာသူနှင့်တူနေသည်။စုန့်ထင်းရှန်း သွမ့်ချီဆီသို့ လျှောက်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။


 "အထွေထွေ မန်နေဂျာ သွမ့် ကျွန်တော်က စုန့်ထင်းရှန်း ပါ..."


သူရှေ့မှ ထိုသူကမည်မျှပင် ငယ်ရွယ်နေပါစဉ် စုန့်ထင်းရှန်း က မလေးမစားမလုပ်ပေ။ သူရှေ့မှ လူသည် အထွေထွေ မန်နေဂျာတောင် ဖြစ်လာပြီ ဆိုထဲက သူတွင် အရည်အချင်းသို့မဟုတ် တောင့်တင်းသောမိသားစုနောက်ခံ ရှိနေပေလိမ့်မည်။ထိုကဲ့သို့သော် သူမျိုးကို လျော့မတွက်သင့်ပေ။


 ထို့အပြင် သူကိုယ်တိုင်သည်လည်း ထိုအသက်ရွယ်လောက်မှာ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သောကြောင့် လူငယ်များကိုလေးစားပေသည်။


 သွမ့်ချီကလည်း လက်ဆွဲနှုတ်ဆက်ရင်း မိတ်ဆက်စကားဆ်ိုလိုက်သည်။


"စီအီးအို စုန့်တွေ့ရတာဝမ်းသာပါတယ်။

ကျွန်တော်က သွမ့်ချီပါ..."


သူတို့နှစ်ဉ်ီးစလုံးသည် တစ်ဦးနှင့်တစ်ဦး အဆက်စပ်မရှိကြပေ။ လူမှု ဆက်ဆံရေးလည်းမရှိသလိုစီးပွားရေးအရလည်း ပတ်သက်မှုမရှိပေ။ 


အမျိုးသားများကြားထဲမှ ဆက်ဆံရေးသည် အမျိုးသမီးများကြားထဲမှ ဆက်ဆံရေးနှင့်ကွာခြားသည်ဟု သွမ့်ချီ တွေးလိုက်မိသည်။


အမျိုးသားများသည် သူတို့၏ ကဒ်များကိုစားပွဲပေါ်တွင် ပွင့်ပွင့်လင်းလင်းချထားလိုက်မည်သာဖြစ်သည်။ (လျို့ဝှက် ကွေ့ကောက်မနေဘူး)


စုန့်ထင်းရှန်း ကသွမ့်ချီနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ပြီး သတိထားဖြင့်မေးလိုက်သည်။


"အထွေထွေ မန်နေဂျာ သွမ့်က ဒီနေ့ ကျွန်တော်ကိုလာတွေ့တာ ဘာကိစ္စများရှိလို့ပါလဲ..."


ထိုသူရုတ်တရက် ရောက်လာရသည့်အကြောင်းကိုသူစဉ်းစားခဲ့သော်လည်း သွမ့်ကော်ပိုရေးရှင်းနှင့် စုန့်ကော်ပိုရေးရှင်းကြားတွင် ပူးပေါင်းလုပ်ဆောင်နိုင်သည့် စီးပွားရေး လုပ်ငန်းမျိုး သူမစဉ်းစားနိုင်ချေ။


သွမ့်ချီသည် စီးပွားရေးသမားများကဲ့သို့ လှည့်ပတ်ပြောဆ်ိုနေရခြင်းကိုသဘောကျနေသူမျိုးမဟုတ်ပေ။ထို့အပြင် ဒီနေ့သူရောက်လာသည်မှာလည်း စီးပွားရေးအကြောင်းပြောဆိုဖို့ ဟုတ်မနေချေ။


ဒီနေ့ကသူက ကိုယ်ရေးကိုတာကြောင်းများပြောရန်ရောက်လာခြင်းဖြစ်ပြီး ယောက်ကျားအချင်းချင်းစကားပြောရာတွင် ကဗျာဆန်ဆန်ပြောနေခြင်းက မသင့်တော်သောကြောင့် တိုက်ရိုက်သာ စကားဆိုလိုက်သည်။


"စီအီးအိုစုန့် ယွမ်ရှက ခင်ဗျားရဲ့ ဇနီးမဟုတ်လား...

ခင်ဗျားသူကို ကွာရှင်းဖို့အတွက် ဘာလုပ်ပေးရမလဲ...."


စုန့်ထင်းရှန်းသည် သူရှင်သန်လာခဲ့သော ၃၅နှစ်တာ ကာလအတွင်းပထမဦးဆုံးအကြိမ်ဖြင့်ဦးနှောက်ပျက်သွားသလိုပင်ခံစားလိုက်ရသည်။


သူအချိန်ခဏမျှ အံအားသင့်မှုမှ ရှုန်းမထွက်နိင်ပေ။ မေးခွန်းထုတ်လိုက်သောထိုသူကိုကြောင်အစွာကြည့်နေမိသည်။


စုန့်ထင်းရှန်း စကားမပြောလာသည်ကိုမြင်ပြီးနောက်သွမ့်ချီ၏ ယုံကြည်မှုပို၍မြင့်တတ်လာသည်။ 


"ခင်ဗျားတို့လက်ထပ်ထားတာ လေးနှစ်ရှိပြီး သားလေးတစ်ယောက်ရှိတယ်ဆိုတာက်ုလည်း ကျွန်တော်သိထားတယ်။ပြီးတော့ ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေမရှိဘူးဆိုတာလည်း သိထားတယ်...တစ်ချိန်တုန်းကတော့ ခင်ဗျားတို့နှစ်ယောက်ကြားတစ်ခုခုရှိနေမလားကျွန်တော်မသိဘူးပေါ့..."


"ဒါပေမဲ့ ခုလက်ရှိမှာတော့ ဘာမှ မရှိတော့ဘူးဆိုတာကိုကျွန်တော်သိတယ်...

စီအီးအို စုန့်ခင်ဗျားတို့နှစ်ယောက် ကတစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေမရှိကြဘူးဆိုမှတော့ ဘာလို့များ ကိုယ့်ကိုယ့်ကိုဖိအားပေးပြီးတော့ အတူတူနေဖို့ကြိုးစားနေကြတာလဲ..."


"ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ကျွန်တော်က သဘောထားကျဉ်းမြောင်းတဲ့သူမျိုးမဟုတ်ဘူး...

ဇနီးဟောင့်းနဲ့ ခင်ပွန်းဟောင်းကြားထဲက ဆက်ဆံရေးကိုရပ်တန့်ခိုင်းမှာမျိုးမလုပ်ဘူး။ပြီးတော့လည်း ခင်ဗျားကလေးရဲ့ အုပ်ထိန်းခွင့်မလိုချင်ဘူးဆိုရင်လည်းကျွန်တော်လက်ခံမယ်။ကျွန်တော်သူကို ကိုယ့်သားလေးလိုပဲ ဂရုစိုက်စောင့်ရှောက်ပေးမယ်..."