အပိုင်း (၉၁)
Viewers 31k

Part 91


စုန့်ထင်းရှန်း သူရှေ့မှာထိုင်နေသော လူငယ်ကိုကြည့်လိုက်ပြီး ခဏတာတွေဝေသွားမှုမှ ပြန်နိုးထလာသည်။သူ နက်ရှိုင်းလှသော အသံဖြင့်ပြောလိုက်သည်။


"ခင်ပွန်းဟောင်း....ဟုတ်လား..."


ဒီလူငယ်က သူကုမ္မဏီကို အကြောက်လန့်ကင်းကင်းရောက်လာပြီးတော့ သူဇနီးနဲ့ ကွာခြင်းခိုင်းမလို့ဟုတ်လား...


ထို့အပြင်သူတို့က မကွာခြင်းရသေးသော်လည်း ထိုလူ၏စိတ်ထဲ၌ကို သူကို ယွမ်ရှ၏ခင်ပွန်းဟောင်းဟုသတ်မှတ်ထားပြီးသားဖြစ်နေလေသည်။


သွမ့်ချီ ခဏမျှရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။


"CEO စုန့် ကျွန်တော်တို့ နှစ်ယောက်လုံးက တည့်တိုးပြောတတ်တဲ့သူတွေပဲ...ဒီတော့စကားကို ရိုးရိုးသားသားရှင်းရှင်းလင်းလင်းပဲ ပြောကြရအောင် 

ကျွန်တော်က ယွမ်ရှကိုနှစ်သက်မြတ်နိုးပြီးတော့သူမကို လက်လည်းထပ်ချင်တယ်။

ကျွန်တော်က ခင်ဗျားလောက်တော့ချမ်းသာမှာမဟုတ်ဘူး။

ဒါပေမဲ့တစ်နေရာမှာတော့ ခင်ဗျားကျွန်တော်ကို မနိုင်နိုင်ဘူး။ကျွန်တော်က သူမကိုချစ်ပေးနိုင်တယ်။ ခင်ဗျားပေးနိုင်တဲ့ ချစ်မေတ္တာထက်ပိုပြီးတော့..."


"ခင်ဗျားတို့ရဲ့ အိမ်ထောင်ရေးကို ဒီအခြေနေတိုင်းဆက်သွားနေမယ်ဆိုရင်တော့ဒါက အမှားတစ်ခုပဲ ဖြစ်လာမှာပဲ... ခင်ဗျားကို ခင်ဗျားလည်း နာကျင်စေပြီးတော့ ခင်ဗျား မချစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကိုလည်း နာကျင်စေလိမ့်မယ်..."


"ဒါ မင်းကိုယွမ်ရှ ပြောလိုက်တာလား..."


စုန့်ထင်းရှန်း မျက်မှောင်ရှုံ၍မေးလိုက်သည်။


တကယ်တမ်းတွင် သူထိုမေးခွန်းထုတ်လိုက်သော်လည်း ယွမ်ရှ၏ အကျင့်စရိုက်အရ အပြင်လူတစ်ယောက်ကို ထိုကဲ့သို့သော အကြောင်းများပြောလိုက်မည်မဟုတ်ကြောင်းသူသိပေသည်။


 သူတို့နှစ်ယောက် စတင်လက်ထပ်သည့် အချိန်ထဲက ယွမ်ရှသည် အချစ်မဲ့သော အိမ်ထောင်ရေးမျိုးကိုသာအလိုရှိခဲ့သူဖြစ်သည်။ ထို့အပြင် သူမ အပြင်ဘက်၌ ဘာဇယားမှ မရှိကြောင်းကိုလည်း သူကိုရှင်းလင်းစွာပြောထားခဲ့ပြီးသားဖြစ်သည်။


ယွမ်ရှ အနေဖြင့် သူကို လိမ်လည်ပြောစရာအကြောင်းမရှိမှန်းလည်းစုန့်ထင်းရှန်းသိထားပေသည်။ ထို့ကြောင့် ဒီလူက ဘယ်နေရာကနေ ထွက်ပေါ်လာရတာလဲ။


သွမ့်ချီ ခေါင်းခါရမ်းလိုက်သည်။


"သူက ကျွန်တော်ကိုမပြောပါဘူး။ ဒါပေမဲ့ သူမျက်လံးထဲက အထီးကျန်မှုတွေ နာကျင်မှုတွေကို ကျွန်တော်မြင်နိုင်တယ်..."


သူက မြင်မြင်ချင်းမှာပင် ယွမ်ရှကိုချစ်ခင်နှစ်သက်သွားမိခြင်းဖြစ်သည်။ ထိုနေ့က သူမသည်ထောင့်တစ်ထောင့် တွင်ထိုင်ကာ တစ်ယောက်တည်းအထီးကျန်စွာ ဝိုင်သောက်နေခဲ့သည်။


ထိုအချိန်က သူမ၏ ပုံစံလေးကို ယခုထိတိုင်အောင် သူမှတ်မိနေစဲဖြစ်သည်။


စုန့်ထင်းရှန်း လက်မြှောက်၍ အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။


"ဒီနေ့မင်းငါကို လာရှာတယ်ဆိုတာ ယွမ်ရှသိလား..."


သွမ့်ချီ ခေါင်းခါရမ်းလိုက်ပြန်သည်။


"သူ မသိဘူး...CEO စုန့် ဒါက ယောက်ကျားတွေကြားထဲက ကိစ္စပါ ကျွန်တော်က သူကိုခက်ခဲအောင်မလုပ်ချင်ဘူး။

ကျွန်တော်နဲ့သူမရဲ့ ကြားထဲမှာလည်း ဘာမှမရှိဘူး။ကျွန်တော် ဒီနေ့လာတာက ခင်ဗျားသူမကိုကွာရှင်းပေးဖို့တွက် ဘာလုပ်ပေးရမလဲဆိုတာသိချင်လို့ပဲ

ခင်ဗျား တို့နှစ်ယောက်ကွာရှင်း လိုက်တာနဲ့ ကျွန်တော်သူမကို တရားဝင်လိုက်ပိုးပန်းတော့မယ်..."


ထိုအဓိပ္ပါယ်အရ သူက ယခုအထိတော့ သိက္ခာရှိနေဆဲပင် ။


သွမ့်ချီသည် စုံတွဲတစ်တွဲကြားမှာ တတိယဘီးလုံးတစ်ယောက်မဖြစ်ချင်ပေ။သူက ယွမ်ရှနှင့်ချစ်ကြိုးသွယ်ချင်သော်လည်း သူမ၏လက်ထပ်မှုမှ လွတ်မြှောက်သည့်အထိတော့စောင့်စားရပေမည်။


ထို့အချက်ကြောင့်သူသည် ယွမ်ရှကို ပထမဆုံး ချဉ်းကပ်ရမည်အစား စုန့်ထင်းရှန်းကိုသာ လာရှာလိုက်ခြင်းဖြစ်သည်။


ပြောရမည်ဆိုလျှင် ၄င်းကအရိုးသားဆုံး ဗြောင်အကျဆုံး ချဉ်းကပ်မှုတစ်ခုပင်ဖြစ်ပေသည်။


စုန့်ထင်ရှန်း စားပွဲပေါ်ရှိစာရွက်အလွတ်နှင့်ဘောပင်ကို ကောက်ယူပြီးဖုန်းနံပါတ်တစ်ခုချရေးလိုက်သည်။ထို့နောက် သူထိုစာရွက်ကို သွမ့်ချီဆီသို့လှမ်းပေးလိုက်သည်။


သွမ့်ချီ စာရွက်ကိုယူလိုက်ပြီးနောက် သိချင်စိတ်ဖြင့်မေးလိုက်သည်။ 


"ဒါကဘာလဲ..."


ဒါက ယွမ်ရှရဲ့ ဖုန်းနံပါတ်များဖြစ်နိုင်လား။ဒါမှမဟုတ်လဲသူရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်များလား...


အမြဲတမ်း အပြုအမှုကောင်းများသာ ပြုမှူတတ်သော စုန့်ထင်းရှန်း၏ဘဝတွင်ပထမဆုံး အနေဖြင့် လူတစ်ယောက်ကို ထိုကဲ့သို့အကြံဉာဏ်မျိုးပေးမိလေသည်။


"ဒီဖုန်းနံပါတ်က စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်ရဲ့နံပါတ် မင်း သူနဲ့တစ်ခေါက်လောက်သွားတွေ့သင့်တယ်..."


ထိုစကားပြောပြီးသည့်နဲ့ စုန့်ထင်းရှန်း ထရပ်လိုက်ကာ အခန်းထဲမှ ထွက်သွားလေသည်။


သူ သူ၏ ရုံးခန်းထဲသို့ပြန်ရောက်ပြီးနောက် ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်သည်။

သူစိတ်ငြိမ်သက်သွားဖို့ မိနစ်အနည်းငယ်လောက် အချိန်မယူရသေးခင်မှာပင် လက်ထောက်ချန်းတစ်ယောက်တံခါးကိုတွန်းဖွင့်ကာဝင်လာပြီး သတိတထားအမှုအရာဖြင့်မေးလိုက်သည်။


"CEO စုန့် မစ္စတာ သွမ့်က CEO နဲ့စကားပြောချင်နေတုန်းပါပဲ..."


စုန့်ထင်းရှန်း မျက်နှာသေဖြင့်လက်ထောက်ချန်းကိုကြည့်လိုက်သည်။


ထိုအကြည့်ကအနည်းငယ် ကြောက်ရွံဖွယ်ကောင်းပြီး လက်ထောက်ချန်းအား သူသူဌေး၏ သဘောထားကိုပြောစရာမလိုပဲနားလည်သွားစေသည်။


လက်ထောက်ချန်း ကတိုက်ကရိုက်ဖြင့် ပြန်ထွက်သွားပြီးနောက် ရုံးခန်းက တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားလေသည်။ 


စုန့်ထင်းရှန်း ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်ရှိနေသော အခ်ျိန်ကိုကြည့်လိုက်ပြီး သူကိုယ့်သူနည်းငယ်မယုံသင်္ကါပင်ဖြစ်သွားလေသည်။ 


သူရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေကို အဲလိုငတုံးတစ်ယောက်နဲ့သွားဖြုန်းလိုက်မိတာလား။