Chapter 27 ရေ ရှာဖွေခြင်း (အပိုင်း ၁)
Viewers 17k

အခန်း ၂၇ ရေ ရှာဖွေခြင်း  (အပိုင်း ၁)

စူးချင်းက သူ၏သံသယအကြည့်ကို လျစ်လျူရှုထားပြီး အေးစက်သောမျက်နှာဖြင့် အဝတ်အစားများကို လှမ်းပေးလိုက်သည်။

ကျိရွှေရှန့်က ရှောင်ယင်နဲ့ ပတ်သက်တဲ့ကိစ္စမျိုးကို မပြောသရွေ့တော့ သူမက တခြားဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ရှင်းပြဖို့ဆိုတာမျိုးက သူမအတွက်တော့ ပျင်းစရာ‌ကောင်းလွန်းတယ်။

ကျိရွှေရှန့်က ရေစိုနေသော သူ့အင်္ကျီကို ပြန်ဝတ်လိုက်ပြီး ချက်ချင်းပင် အေးမြမှုကို ခံစားလိုက်ရသည်။ ဆပ်ပြာနံ့ကို ရသောအချိန်တွင် သူ၏မျက်ခုံးများက ပြေလျော့သွားခဲ့သည်။

"အားလုံး မြန်မြန် သွားကြမယ်။ ငါတို့ ကောင်းချန်က ထွက်သွားတာနဲ့ ဓားပြတွေက ငါတို့ကို လိုက်မမှီနိုင်တော့ဘူး” ကျိရွှေရှန့်က သူ့နောက်မှ အဖွဲ့ကို လှမ်းအော်လိုက်သည်။

သူ၏နက်ရှိုင်းသော အသံက စူးရှလွန်းနေပြီး စွမ်းအားရှိပုံရသည်။ တောင်ပေါ်ရှိ ငှက်များပင်လျှင် အလွန်တုန်လှုပ်သွားကြပြီး မြေပြင်ပေါ်ရှိ နဂါးငွေ့တန်းရှည်ကြီးနှင့်တူသော အဖွဲ့ကို ကြည့်ရန် လေထဲတွင် လှည့်ပတ်ပျံသန်းနေကြသည်။

ဒုက္ခသည်အဖွဲ့က တစ်မနက်လုံး လမ်းလျောက်နေကြပြီး လူတိုင်းက လမ်းပေါ်သို့ ရောက်ရန် အလျင်လိုနေကြသည်။ သူတို့အားလုံး ပင်ပန်းနေကြသော်လည်း မည်သူကမျှ မညည်းညူကြပေ။ ကလေးများကိုပါ လှမ်းများပေါ်သို့ တင်ထားကြပြီး လူကြီးများက ခရီးကို ပိုအရှိန်မြှင့်နေကြသည်။

မွန်းတည့်ချိန်၏နေမင်းကြီးက မီးကဲ့သို့ ထွန်းလင်းနေတာက်ပနေပြီး ထောင်ဟွားဝူမှ ရွာသားများ၏နှုတ်ခမ်းများက ခြောက်သွေ့လွန်းကာ အက်ကွဲလာသောကြောင့် သွေးများပင် ထွက်နေပြီ ဖြစ်သည်။ ဝါးပြွန်များတွင်လည်း ရေများများ မကျန်တော့ဘဲ နောက်ထပ်ရေအရင်းအမြစ်ကို ရှာမတွေ့နိုင်ရင် ရေပြတ်လပ်တော့မည် ဖြစ်သည်။

ကျိရွှေရှန့်က ခြောက်သွေ့နေသော သူ့လည်ချောင်းကို စိုစွတ်စေရန် တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး နောက်သို့လှည့်ကာ ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။

"ယုံခန်း၊ အ‌ရှေ့မှာ ရေရှိ မရှိ ငါ သွားကြည့်ဦးမယ်။ မင်းတို့က ရွာသားတွေကို သေသေချာချာ စောင့်ရှောက်ပြီး ခေါ်လာခဲ့ ဘယ်သူမှ မကျန်ခဲ့စေနဲ့”

လီတာ့နျိုနှင့် ကျန်းလောင်ချီတို့နှင့် နှိုင်းယှဉ်လျှင် ကျိရွှေရှန့်က တည်ငြိမ်ပြီး အေးဆေးသော ချိုးယုံခန်းကို ပို၍ စိတ်ချနိုင်သည်။

"ရတယ်၊ မင်း စိတ်ချလက်ချ သွားပါ!"

ချိုးယုံခန်းက သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်နေရင်း ပြန်ဖြေလိုက်သည်။ သုံးရက်ကြာ ထွက်ပြေးလာကြပြီးနောက် သူလည်း ယခင်ကကဲ့သို့ ချောမောတင့်တယ်နိုင်ခြင်း မရှိတော့ပေ။ သူ့မျက်နှာက ညိုမဲပြီး နီရဲနေကာ ပါးပြင်ပေါ်မှ ချွေးများ စီးကျနေသည်။ အမြဲတမ်း ဂရုတစိုက် ဖြီးသင်ထားတက်သော သူ့ဆံပင်များပင် ရှုပ်ပွနေသေးသည်။

အေး”

ကျိရွှေရှန့်က ခေါင်းညိတ်ပြပြီး အားပြင်းသော ခြေလှမ်းများဖြင့် ရှေ့သို့ လှမ်းသွားတော့သည်။ သူတို့က တောင်တန်းပေါ်မှ မထွက်နိုင်သေးသောကြောင့် တောင်ထိပ်များက အဆုံးမရှိ ဖြစ်နေသည်။ ရေအရင်းအမြစ်ကို ရှာချင်လျှင် အရိပ်ထူထပ်သော နေရာများကို ရှာဖွေရမည် ဖြစ်ပြီး ရေအလုံအလောက်ရှိမှသာ သစ်ပင်များ ရှင်သန်ကြီးထွားနိုင်မည်ဖြစ်သောကြောင့်ပင်။

ထို့အပြင် တိရစ္ဆာန်များ၏ခြေရာများကို နောက်ယောင်ခံကာ လိုက်သွားခြင်းဖြင့်လည်း  ရေအရင်းအမြစ်များကို ရှာဖွေနိုင်သည်။ တောထဲတွင် တိရစ္ဆာန်များကသာ ပိုင်ရှင်များဖြစ်ကြပြီး သူတို့က ရေနှင့် အစားအစာရှိသည့် နေရာကို ကောင်းကောင်းသိနေကြသည်။

ကျိရွှေရှန့်က တောင်တန်းများပေါ်တွင် ကြီးပြင်းခဲ့သူ ဖြစ်ပြီး တိရစ္ဆာန်များ၏ခြေရာများကို ဖော်ထုတ်ရာတွင် အလွန်ကျွမ်းကျင်သည်။ သူက ရေအရင်းအမြစ်ကို ရှာရန် တိရစ္ဆာန်များ၏ခြေရာများကို အရင် လိုက်ရှာနေခဲ့သည်။

ကျိရွှေရှန့် ထွက်သွားပြီး သိပ်မကြာခင်မှာပင် သူတို့၏အနောက်မှ မြင်းခွာသံများ ထွက်ပေါ်လာသောကြောင့် ထောင်ဟွားဝူမှ လူများ အားလုံး အံ့သြသွားကြသည်။

ဓားပြတွေက သူတို့ကို လိုက်မီသွားတာ ဖြစ်နိုင်လား?

အမျိုးသားများက လက်နက်များကို ယူရန် လှမ်းများဆီသို့ ကမန်းကတန်း ပြေးသွားကြသည်။ လက်နက်များရှိနေမှသာလျှင် ဓားပြများကို ပြန်တိုက်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဓားပြများထံမှ သိမ်းဆည်းရမိသော လက်နက်များ အားလုံး ပျောက်ကွယ်သွားခြင်းက သူတို့ကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

တစ်ခုမှ မကျန်ခဲ့ဘူးလား? လေထဲမှာတင် ပျောက်ကွယ်သွားတာလား?

ကောက်ဆွတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားကို ယူကြလေ” စူးချင်းက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်ပြီး ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူမက လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကို ပိုမြင့်သောနေရာသို့ သွားရန် ညွှန်ကြားလိုက်သည်။

ကျန်းလောင်ချီ၊ လီတာ့နျို၊ ရှင်တို့ နှစ်ယောက်လုံး တောင်ပေါ်ကို တက်ပြီး ကျောက်တုံးတွေကို ပစ်ချကြ။ လူတိုင်းက မထိတ်လန့်ဘဲ ရှေ့ကို မြန်မြန် ဆက်သွားကြ၊ ဒီလမ်းကို ရှင်းလင်းရမယ်"

လူတိုင်းက မသိစိတ်ဖြင့် စူးချင်း၏အမိန့်ကို နာခံနေကြသည်။ သူမက အရာအားလုံးကို စနစ်တကျ စီစဉ်နိုင်ပြီး အေးဆေးတည်ငြိမ်နေသောကြောင့် လူတိုင်းအတွက် ကြောက်လန့်မှုကို လျော့နည်းစေခဲ့သည်။ ကျိရွှေရှန့်အနားတွင် ရှိနေသကဲ့သို့ သူတို့ သက်တောင့်သက်သာ ရှိနေကြသည်။

စူးချင်း စီစဉ်ပြီးသည်နှင့် တပြိုင်နက် မြင်းစီးသမားအုပ်စုက သူတို့ကို လိုက်မီသွားသည်။ ၎င်းက ကောင်းစွာလေ့ကျင့်ထားသော စစ်တပ်ဖြစ်ပြီး သူတို့အားလုံးက ရုံးတော်ဝတ်စုံများကို ဝတ်ဆင်ကြသည်။ သူတို့က လေးနှင့်မြှားများ၊ လှံရှည်များနှင့် ဓားရှည်များကို ကိုင်ဆောင်ကာ ကျယ်လောင်စွာအော်ငေါက်နေကြသည်။ ရပ်စမ်း၊ ဆက်မသွားကြနဲ့။ ရပ်လိုက်ကြ၊ မဟုတ်ရင် မင်းတို့အားလုံးကို ရက်ရက်စက်စက် သတ်ပစ်မယ်"

ထိုလူများ၏မျက်နှာများတွင် လူသတ်ချင်နေသော အရိပ်အယောင်များ ပြည့်နေပြီး  သူတို့၏လက်ထဲမှ ဓားနှင့် လှံရှည်များကို ထောင်ဟွားဝူမှ လူများထံသို့ ချိန်ရွယ်ကာ ကျယ်လောင်စွာ အမိန့်ပေးနေသည်။

ထောင်ဟွားဝူမှ သာမာန်လူများက ထိုသို့သောပုံစံများကို ဘယ်တုန်းကမှ မမြင်ဖူးကြပေ။ လက်ရှိတွင် သူတို့ အနီးနားရှိ အရာရှိများနှင့် စစ်သည်များက သူတို့၏လည်ပင်းများကို အချိန်မရွေး ဖြတ်ပစ်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများရှိနေကြပြီး တောက်ပနေသောဓားများကို ကိုင်ဆောင်ထားကြသည်။

"လူကြီးမင်း၊ ဘာအကြောင်းရှိလို့ပါလဲ?"

ရွာလူကြီးချိုးက ချိုးယုံခန်း၏အကူအညီဖြင့် ဦးဆောင်လာသည့် အရာရှိနှင့် ညှိနှိုင်းရန် ရှေ့တိုးသွားခဲ့သည်။ ချိုးယုံခန်းက ခရီးသွားလက်မှတ်များကို အမြန်ထုတ်ယူပြီး အိမ်ထောင်စုစာရင်းများကို ထိုအရာရှိထံသို့ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးအပ်လိုက်သည်။

လူကြီးမင်း၊ ကျွန်တော်မျိုးတို့ အားလုံးက လူကောင်းတွေပါ၊ ကျွန်တော်မျိုးတို့ မိသားစုတွေက ဘေးဒုက္ခနဲ့ ကြုံခဲ့ရပြီး အသက်ဆက်မရှင်နိုင်တော့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးဖို့ ခရီးထွက်လာခဲ့ကြတာပါ”

အရာရှိက ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို ကြည့်ပြီးနောက် ချိုးယုံခန်းအား စူးရှသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"အားလုံး ဒီမှာ ရှိနေကြလား? မနေ့ညက မင်းတို့တွေ ဘယ်မှာ နေကြတာလဲ? မြို့ထဲကို တစ်ယောက်ယောက် ဝင်လာသေးလား?"

အားလုံး ဒီမှာ ရှိပါတယ်။ ကျွန်တော်မျိုးတို့ မနေဘက ကောင်းချန်မြောက်ဘက်က တောင်ပေါ်ဘုရားကျောင်းမှာ ညအိပ်ခဲ့ကြတယ်။ ဘယ်သူမှ မကျန်ခဲ့ပါဘူး” ချိုးယုံခန်းက ရှင်းရှင်းလင်းလင်း ပြန်ဖြေနေပြီး သူ့လေသံက တည်ငြိမ်နေကာ အဆောတလျင် ဖြစ်နေခြင်းမျိုး မရှိသလို ထိတ်လန့်မှုလည်း ရှိမနေပေ။

စူးချင်းက သူ့ကို လေးလေးနက်နက် ကြည့်နေခဲ့သည်။ ဒီပုဂ္ဂိုလ်က အနာဂတ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရနိုင်မယ့်သူမျိုးပဲ၊ သူက အရမ်းတည်ငြိမ်လွန်းတယ်။ ကျိရွှေရှန့်က သူ့ကို ယုံကြည်နေတာ မထူးဆန်းတော့ဘူးပဲ။

ဦးဆောင်လာသည့် အရာရှိက စစ်သူကြီးဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့၏မျက်လုံးများက လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှနေကာ ထက်မြက်ပုံရပြီး မည်သူ့ကိုမဆို ထိုးဖောက်မြင်နိုင်ပုံရသည်။ သူက ချိုးယုံခန်းကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး ချိုးယုံခန်းက လေးလေးစားစား ခေါင်းငုံ့ထားသည်။ ကျန်သူများအားလုံးက ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့အားလုံးက ရိုးသားသောရွာသားများဖြစ်ကြောင်း ထင်ရှားနေသည်။

သူက စစ်သည်များကို လက်ဝှေ့ယမ်းပြကာ အမိန့်ပေးလိုက်သည်။ “ရှာကြစမ်း”

ထိုစစ်သည်များက သာမန်ပြည်သူများ၏ အရေးကိစ္စများကို ဂရုမစိုက်ကြဘဲ သူတို့ ပစ္စည်းများကို ဖွင့်ဖောက်ရှာဖွေခြင်းက အလွန်ကြမ်းတမ်းလှသည်။ သူတို့က ပစ္စည်းများကို မြေပြင်ပေါ်သို့ ပစ်ချကာ ခြေဖြင့် တက်နင်းကြသည်။ ထောင်ဟွားဝူမှ ရွာသားများက ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောရဲကြပေ။

သူတို့အသက်ကို ထိမ်းသိမ်းထားနိုင်သရွေ့ ပစ္စည်းတွေ ဆုံးရှုံးသွားရင်တောင် ထပ်ဝယ်ဖို့ ငွေရှာနိုင်ပါသေးတယ်။

သာမာန်လူတွေက သူဌေးတွေနဲ့ မယှဥ်ပြိုင်နိုင်သလို ချမ်းသာတဲ့ သူတွေကလည်း အရာရှိတွေကို မယှဥ်ပြိုင်ရဲပါဘူး။ အထူးသဖြင့် ဓားကိုင်တဲ့ အရာရှိတွေကိုဆိုရင် ပိုပြီး ရင်မဆိုင်ရဲကြပါဘူး။

အပြင်းအထန် ရှာဖွေပြီးနောက်တွင် လက်နက်များ မတွေ့ရဘဲ ပေါက်ပြားများ၊ ကောက်ဆွခက်ရင်းများနှင့် ပေါက်တူးများကိုသာ တွေ့ရသောကြောင့် ခေါင်းဆောင်အရာရှိက ထိုအရာများကို ကြည့်နေရင်း ချိုးယုံခန်းကို ထပ်မေးလိုက်သည်။

"ဒါတွေကို မင်းတို့ ဘာလုပ်ဖို့ ယူလာတာလဲ?"

လူကြီးမင်း၊ ကျွန်တော်မျိုးတို့ ထွက်ပြေးခဲ့တဲ့ လမ်းပေါ်မှာ ဓားပြအချို့နဲ့ တွေ့နိုင်တာကြောင့် ခုခံကာကာကွယ်ဖို့ ယူဆောင်လာခဲ့တာပါ။ ပြီးတော့ နေရာသစ်ကို ရောက်တဲ့အခါ လယ်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ လိုအပ်ပါတယ်၊ အဲ့အတွက် မြေယာတွေကို ပြန်လည်ပြုပြင်ဖို့ ဒီလယ်ယာသုံးကိရိယာတွေ လိုအပ်ပါတယ်”  ချိုးယုံခန်းက လက်သီးဆုပ်ပေါ် လက်ဝါးအုပ်ကာ အမြန်ပြန်ဖြေလိုက်သည်။ သူ့က အကြောင်းအရာကို ပညာသားပါပါ ပြောနိုင်ပြီး စနစ်တကျ ပြောဆိုတတ်သောကြောင့်  သူက ရိုသေလေးစားဖွယ် ပညာရှင်တစ်ယောက်နှင့် တူနေပြီး အန္တရာယ်ပေးနိုင်သော လူနှင့် မတူပေ။

ထောင်ဟွားဝူမှ လူများက ကြောက်ရွံ့တုန်လှုပ်နေကြပြီး ကလေးများက ငိုကြွေးနေကြသောကြောင့် အမျိုးသမီးများက သူမတို့၏ ကလေးများကို ပွေ့ချီကာ စစ်သည်များကို ထိတ်လန့်စွာ ကြည့်နေကြသည်။

"မင်းတို့ လမ်းမှာ သံသယဖြစ်စရာလူကို တွေ့ခဲ့သေးလား?"

အရာရှိက မြင်းဇက်ကြိုးကိုဆွဲကာ ချိုးယုံခန်း၏ပတ်ပတ်လည်ကို လှည့်ပတ်နေရင်း ထပ်မေးလာသည်။ ထိုအရာက သာမာန်လူများအတွက် သေလောက်အောင်ကြောက်လန့်စေနိုင်သောအရာ ဖြစ်သောကြောင့် ချိုးယုံခန်းကလည်း ကြောက်လန့်ဟန် ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

"လူကြီးမင်း၊ ကျွန်တော်မျိုးတို့ ကောင်းချန်ကို လာခဲ့တဲ့လမ်းမှာ ဓားပြအုပ်စုနဲ့ တွေ့ခဲ့တယ်။ သူတို့က မြင်သမျှကို လူတွေကို သတ်ပြီး ပစ္စည်းတွေကို လုယက်ကြတယ်။ သူတို့က သံသယရှိတဲ့လူတွေလား?"

'ဓားပြ' ဟူသော စကားကို ကြားသောအခါ အရာရှိ၏မျက်လုံးများက အေးစက်သွားပြီး ပြန်မေးလာခဲ့သည်။

ဓားပြတွေလား?”

ဟုတ်ပါတယ်၊ သူတို့က လူအတော်များများကို သတ်ခဲ့ပြီး အရမ်းရက်စက်ကြတယ်” ချိုးယုံခန်းက ခေါင်းညိတ်လိုက်သည်။

စူးချင်းက သူတို့ကို အကဲခတ်နေခဲ့သည်။

ဒီစစ်သားတွေက ခရိုင်အဆင့်က ရဲမက်တွေ မဟုတ်သလို သာမန်တပ်သားအဆင့် စစ်သည်တွေလည်း မဟုတ်ကြဘူး။ သူတို့က ကောင်းကောင်းလေ့ကျင့်ထားတဲ့ အစောင့်တွေနဲ့ ပိုတူတယ်။

ကောင်းချန်ကို ဝင်ခါနီးမှာ အစောင့်တပ်သားက ပြောခဲ့တာကို သူမ ပြန်တွေးကြည့်တော့ တော်ဝင်သံတမန်က ကောင်းချန်ကို ရောင်နေတယ်တဲ့။ ဒီလူတွေက မြို့တော်က  သက်တော်စောင့်တွေပဲ ဖြစ်ရမယ်။

သူတို့က လူဖမ်းဖို့ ထွက်လာတယ်ဆိုတော့ တော်ဝင်သံတမန်က တစ်ခုခုဖြစ်ခဲ့တာလား?

စူးချင်းက ထိုလူများကို အကဲခတ်နေချိန်တွင် ဦးဆောင်လာသည့် အရာရှိက မြင်းဇက်ကြိုးကို ပြန်ဆွဲပြီး သူ့မြင်းကို ပြန်လှည့်လိုက်သည်။

သွားကြစို့” သူက သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။

ထိုလူများက လေပြင်းတိုက်သလို ရောက်လာကြပြီး လေပြင်းတိုက်သလို ပြန်ထွက်သွားကြကာ မြင်းခွာသံများနှင့်အတူ ဖုန်မှုန့်များ လွင့်ပျံလာသည်။

ရွာလူကြီးချိုးက သူ့သားကို တုန်လှုပ်သောအသံဖြင့် မေးလိုက်သည်။

"ဘာဖြစ်တာလဲ?"

ဘာဖြစ်မှန်း မသိပေမယ့် ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်နိုင်တယ်”

ချိုးယုံခန်းက ခေါင်းယမ်းလိုက်ပြီး စစ်သည်များကို မတွေ့ရတော့သည်အထိ စောင့်နေလိုက်သည်။ ထို့နောက် သူက လူတိုင်းကို တိုက်တွန်းလိုက်သည်။

“အမြန်သွားမယ်၊ ဒီဒုက္ခများတဲ့ နေရာကနေ မြန်မြန်ထွက်သွားကြမယ်”

✍️✍️✍️