Chapter 30 ဆေးပင်များ စုဆောင်းရန် တောင်ပေါ်တောထဲသို့
Viewers 17k

အခန်း ၃၀ ဆေးပင်များ စုဆောင်းရန် တောင်ပေါ်တောထဲသို့

အ‌ဒေါ်ချိုး၊ ဆေးက မရှိတော့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှ လုပ်ပေးလို့ မရတော့ဘူး။ အဲ့ဆေးလုံးကို လုပ်ရတာက အရမ်းရှုပ်ထွေးတယ်၊ လိုအပ်တဲ့ ဆေးပင်တွေနဲ့ ပါဝင်ပစ္စည်းတွေ မရှိရင် ကျွန်မ ဆေးလုံးထပ်လုပ်လို့ မရတော့ဘူး”

အ‌ဒေါ်ချိုးအပေါ်ထားသော စူးချင်း၏သဘောထားက အတော်အတန် ကောင်းမွန်နေသော်လည်း သူမဆိုလိုချင်သည့် အဓိပ္ပါယ်ကတော့ အတူတူပင် ဖြစ်နေသေးသည်။

ဆေး မရှိတော့ဘူး။

အဒေါ်ချိုးထံတွင်လည်း တခြားရွေးချယ်စရာ မကျန်တော့ပေ။ စူးချင်း၏လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် ဆေးမရှိတော့ကြောင့် သူမ နားလည်လိုက်သည်။ သို့သော် သူမ၏သမီးကို လျစ်လျူရူကာ ထိုအခြေအနေတွင် ပစ်မထားနိုင်ပေ။ ထို့ကြောင့် သူမက စူးချင်းကို ဆက်လက် တောင်းဆိုလိုက်သည်။ “ဒါဆို  ဘာဆေးပင်တွေ လိုတာလဲ? ငါ သွားရှာပေးမယ်ဆိုရင် အဆင်ပြေနိုင်လား?"

ဆေးလုံးလုပ်ဖို့အတွက် ဆေးဖက်ဝင်အပင်တွေ အများကြီးလိုတယ်၊ အဲ့တာတွေကို စုဆောင်းဖို့လည်း မလွယ်ဘူး။ ဒါပေမယ့် ကျွန်မမှာ ဝမ်းလျှောတာကို ရပ်တန့်စေနိုင်တဲ့ ဆေးညွှန်းတစ်ခု ရှိတယ်။ အဲ့မှာ ပါဝင်ပစ္စည်းလေးမျိုးပဲ လိုတယ်။ ပိုင်ကျူသုံလျန်၊ ပိုင်လျောင်နှစ်လျန်၊ ချန်ဖီ(လိမ္မော်ခွံခြောက်) တစ်လျန်နှင့် ဖန့်ဖုန်း နှစ်လျန်ပဲ လိုတယ်။ အဲ့တာတွေကို ရေထဲ ထည့်ပြုတ်လိုက်ရင် ရပြီ” စူးချင်းက ပြောလိုက်သည်။

စူးချင်းက အေးစက်သောအသံက ဆေးညွှန်းကို ပြောပြနေသော်လည်း သူမ ပြောချင်သည့်အဓိပ္ပါယ်က ရှင်းလွန်းလှသည်။ သူမက သူတို့ကို ဆေးညွှန်းပေးမည် ဖြစ်သော်လည်း ဆေးပင်များကို သူတို့ကိုယ်တိုင် ရှာဖွေရမည် ဖြစ်သည်။ အခြားအပင်များကို ရှာဖွေရန် လွယ်ကူသော်လည်း ယခုရာသီတွင် လိမ္မော်ခွံကို ရှာမတွေ့နိုင်ပေ။ ဆေးညွှန်းက ရိုးရှင်းနေသော်လည်း ဆေးဖက်ဝင်ပစ္စည်းရှာဖွေရန် ခက်ခဲလှသည်။

အ‌ဒေါ်ချိုးက ကြောင်တောင်တောင် အမူအရာဖြင့် သူမကို ပြန်စိုက်ကြည့်နေသည်။ သူမက လိမ္မော်ခွံခြောက်၏ အမည်များကိုသာ သိနိုင်ပြီး တခြားအရာများက ဘာမှန်းတောင် မသိနိုင်ပေ။

သို့သော်လည်း စူးချင်းကို ဆေးဖက်ဝင်အပင်များ ကူရှာ ပေးရန်လည်း သူမ မတောင်းဆိုနိုင်ပေ။ စူးချင်းက ပြင်းထန်သောဒဏ်ရာများမှ ပြန်လည်သက်သာလာစဖြစ်ပြီး စူးချင်းပေးသောဆေးကို စတင်စော်ကားခဲ့သူက သူမ၏သမီးသာ ဖြစ်သည်။ စူးချင်းက ဘာတာဝန်မှ မရှိဘဲ စေတနာဖြင့်သာ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အဲ့တာကြောင့် အခုအချိန်မှာ ဘယ်သူမှ ဘာမှ မပြောနိုင်တော့ပါဘူး။

"အမေ၊ ကျွန်တော် သွားရှာကြည့်မယ်"

ချိုးယုံခန်းက စူးချင်းနှင့် သူ့အမေ ပြောနေသည့် စကားသံကို ကြားလိုက်ရသည်။ ယောက်ျားနှင့်မိန်းမ အချင်းချင်း မရင်းနှီးသင့်သောကြောင့် သူက စူးချင်းကို အကူအညီ တောင်းရန် မလာခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် စူးချင်းက သူတို့ကို ဆေးညွှန်းပေးသည့်အတွက် သူ့ညီမအတွက် သူ ဆေးသွားရှာရမည် ဖြစ်သည်။

လိမ္မော်ခွံခြောက်ကိုတော့ တော်ငပေါ်တောထဲတွင် ရှာနိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသောနည်းလမ်းက ကောင်းချန်ရှိဆေးဆိုင်မှ ဝယ်ယူရန် ဖြစ်သောကြောင့် သူက ကောင်းချန်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

အဒေါ်ချိုးက ငိုနေရင်းဖြင့် သူမ၏သားကို လှမ်းပြောလိုက်သည်။ “ကောင်းပြီ၊ အမေ မင်းညီမကို သွားကြည့်ဦးမယ်။ အခု ငါတို့ ဘယ်လို လုပ်ကြမလဲ၊ မင်းရဲ့ညီမလေး တစ်ခုခုဖြစ်သွားရင် အမေ အသက်မရှင်နိုင်လောက်ဘူး”

အမေ၊ စိတ်မပူပါနဲ့။ ညီမလေးက ပြန်ကောင်းလာမှာပါ” ချိုးယုံခန်းက သူ့အမေကို အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်ယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စအချိန်က မည်သည့်အန္တရာယ်မှ မရှိနိုင်သေးပေ။ ဤနေရာက ကောင်းချန်မှ ဆယ်မိုင်ကျော်သာ ဝေးသောကြောင့် သူ လျင်လျင်မြန်မြန် သွားနိုင်လျှင် နှစ်ရှီးချန်အတွင်း ဆေးဝယ်နိုင်မည်ဖြစ်သည်။

သူ ထွက်မသွားခင် ချိုးယုံခန်းက စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏အေးစက်သော အမူအရာကိုသာ မြင်လိုက်ရသောကြောင့် သူက စူးချင်းကို  ထပ်တောင်းပန်ရန် မကြိုးစားတော့ဘဲ ကောင်းချန်သို့ အမြန်ပြန်သွားခဲ့သည်။

သူ လမ်းလျှောက်နေသော တစ်ရှီးချန်အတွင်းတွင်ပင် ချိုးယွဲ့က ရေဓာတ်ခန်းခြောက်နေပြီ ဖြစ်သည်။

ကျန်းအမျိုးသမီးက သူမကို ရေအိတ်ဖြင့် ကြင်နာစွာ ရေတိုက်နေသော်လည်း ချိုးယွဲ့က ရေအိတ်ကို ကိုင်ရန်ပင် ခွန်အားမရှိတော့သောကြောင့် ကျန်းအမျိုးသမီးက သူမ၏ပါးစပ်ထဲသို့ ရေလောင်းထည့်ပေးလိုက်ရသည်။ ချိုးယွဲ့က ရေကိုတစ်ကျိုက်တည်း သောက်ချလိုက်သည်။

သူမက သူမ၏စွမ်းအင်ကို ပြန်လည်ဖြည့်တင်းချင်သော်လည်း ရေသောက်ပြီးနောက်တွင် ဝမ်းလျှောမှုက ပိုဆိုးလာမည်ဟုတော့ သူမ မမျှော်လင့်ခဲ့ပေ။ သူမ ဗိုက်က တစထက် တစ ပေါက်ထွက်တော့မလို ခံစားနေရပြီး သူမ နာကျင်စွာ အော်ဟစ်ညည်းသူနေရသည်။ ချွေးအေးများကြောင့် သူမ၏အဝတ်အစားများ စိုစွတ်နေပြီး သူမ၏ခန္ဓာကိုယ်တွင် ကပ်နေပြီ ဖြစ်သည်။

ကျိရွှေရှန့်က ဆေးပင်များနှင့်အတူ တောင်ပေါ်မှ အမြန်ပြန်ရောက်လာသည်။ သူ ပြန်ရောက်ချိန်တွင် ချိုးယွဲ့မှ လွဲ၍ လူတိုင်း ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်းကို သူ သိလိုက်ရသည့်အတွက် စူးချင်း၏ဆေးလုံးက နတ်ဆေးလုံးဖြစ်သည်ဟု သူ ပို၍ပင် ယုံကြည်လာခဲ့သည်။

သို့သော် စူးချင်း၏ ရက်စက်မှုကိုလည်း သူ တွေ့မြင်လိုက်ရသည်။

သူမ မလုပ်ချင်တဲ့အရာကို တွန်းအားပေးဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ထို့ကြောင့် သူက စူးချင်းကို ဘာမှ ထပ်မပြောတော့ဘဲ ချိုးယွဲ့အတွက် ဆေးကြိုပေးရန် ကျိရှောင်ယင်ကို တောင်းဆိုလိုက်သည်။

"ရွှေရှန့်၊ ခဏလောက် လာခဲ့ပါဦး" ရွာလူကြီးချိုးက ကျိရွှေရှန့်နှင့် တစ်ခုခု တိုင်ပင်ရန် သူ့ကို လှမ်းခေါ်လိုက်သည်။

ကျိရှောင်ယင်က ချိုးယွဲ့အတွက် ဆေးကျိုချက်ရန်  လိုအပ်သည့် ဆေးအိုးကို ရှာရန် လှည်းဆီသို့ ပြေးသွားလိုက်သည်။ ထိုအချိန်တွင် စူးချင်းက မတ်တပ်ထရပ်ကာ တောင်ပေါ်ဘက်သို့ လျှောက်သွားနေသည်ကို သူမ မြင်လိုက်ရသည်။ ကျိရှောင်ယင်က အလျင်စလို အော်မေးလိုက်သည်။

“အစ်မ ဘယ်သွားမလို့လဲ?” 

ဆေးပင်အချို့ သွားရှာမလို့” စူးချင်းက ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။

ချိုးယွဲ့အတွက် ဆေးကျိုဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ဘူးလေ။ သူမ တောင်ပေါ်ကို သွားပြီး ဆေးဘက်ဝင်အပင်တွေ ရှာဖို့ အချိန်ရနိုင်လောက်တယ်။ အဲ့တာဆိုရင် နောက်ထပ် မြို့တစ်မြို့ကို ရောက်တာနဲ့ ဆေးဘက်ဝင်အပင်တွေကို ရောင်းပြီး အမျိုးသမီးတွေအတွက် လိုအပ်တာတွေ ဝယ်နိုင်လိမ့်မယ်။

အစ်မ သတိထား‌နော်”

စူးချင်းက ဆေးဘက်ဝင်အပင်များ ရှာရန် တောင်ပေါ်သို့ သွားမည့်အကြောင်းကို ကျိရှောင်ယင် ကြားသောအခါ သူမက စူးချင်း၏လုံခြုံရေးအတွက် အလွန်စိုးရိမ်နေသေးသည်။ သူမ မလိုက်နိုင်သောကြောင့် စိုးရိမ်သောအကြည့်ဖြင့်သာ ထိုသတိပေးစကားကို လှမ်းပြောလိုက်သည်။

အင်း” စူးချင်းက ပြန်ပြောလိုက်ပြီး သူမ၏မျက်လုံးများမှ အေးစက်မှု ပျောက်ကွယ်သွားခဲ့သည်။ သူမက အသံတိုးတိုးလေးဖြင့် သဘောတူလိုက်ပြီး သူမ ရက်ထားသော တောင်းလေးကို ကိုင်ကာ တောင်ပေါ်သို့ တက်သွားတော့သည်။

ရှောင်ချီ၊ ဂျင်ဆင်းနဲ့ ထျန်းမာ ရှိတဲ့နေရာကို ရှာပေးဦး”

တောင်ပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် စူးချင်းက ဂျင်ဆင်းအပြင်  အရမ်းအဖိုးမတန်သော ဆေးဖက်ဝင်အပင်များကိုပါ ရှာဖွေပေးယူရန် ရှောင်ချီကို အမိန့်ပေးလိုက်သည်။ သူမအတွက် လင်ဇီးကို အမြန်ဆုံးဝယ်ရန် ငွေအလုံအလောက် စုဆောင်းထားရမည် ဖြစ်သည်။

ရေကန်ဘေးက ချောက်ကမ်းပါးအောက်ခြေမှာ ဂျင်ဆင်းရှိတယ်။ ထျန်းမာကတော့ ရေကန်ဘေးမှာ ရှိနိုင်တယ်”

ရှောင်ချီက ၎င်းကို ရှာဖွေရန် သူမသခင်၏အမိန့်ကို လက်ခံရရှိပြီး တည်နေရာကို အမြန်သတင်းပြန်ပို့လာသည်။

အင်း” စူးချင်းက တုံ့ပြန်လိုက်ပြီး အကွာအဝေးကို တွက်ချက်ကြည့်လိုက်သည်။ ချိုးယွဲ့နှင့် တခြားသူများကြောင့် နှောင့်နှေးနေခဲ့ခြင်းက သူမအတွက် ကံကောင်းစေခဲ့သည်။ လက်ရှိတွင် သူမက ရေကန်နှင့် လီတစ်ဝက်ခန့်သာဝေးပြီး မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

ဂျင်ဆင်းကို စုဆောင်းရာတွင် ပရော်ဖက်ရှင်နယ် ကိရိယာများ လိုအပ်သောကြောင့် စူးချင်းတစ်ယောက် အံကိုတင်းတင်းကြိတ်ကာ စနစ်ထံမှ ဂျင်ဆင်း ခူးနိုင်မည့် ကိရိယာကို ငှားယမ်းလိုက်ရသည်။ ထို့အတွက် သူမ၏ ဆေးပင်ရှာဖွေမှုမှ အမှတ်လေးမှတ်ကို စတေးခဲ့ရသည်။

သို့သော်လည်း ဂျင်ဆင်းကဲ့သို့သော အဖိုးတန်ဆေးဖက်ဝင်အပင်က အမှတ်လေးမှတ် ထက်ပို၍ တိုးတက်လာစေနိုင်သောကြောင့် ဆုံးရှုံးမှုတော့ မဟုတ်ခဲ့ပေ။

၁၅ မိနစ်အကြာတွင် စူးချင်းတစ်ယောက် ရေကူးကန်သို့ ရောက်လာခဲ့ပြီး ရေကန်၏ပတ်လည်တွင် တောဆိတ်များ ရေသောက်နေသည်ကို တွေ့လိုက်ရသည်။ စူးချင်းက ဖိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ သို့သော်လည်း သူမထံတွင် လေး သို့မဟုတ် သေနတ် မရှိသောကြောင့် သူမ ရနိုင်သော အရာများဖြင့် လောက်လေးခွတစ်ချောင်းကို ပြုလုပ်လိုက်သည်။

သူမ မြင်းကို သတ်ခဲ့စဥ်က မြင်းမြီးကို စနစ်ထဲသို့ ထည့်ထားခဲ့သည်။ သူမက ထိုမြင်းမြီးကို ချည်မျှင်အဖြစ်(ဒဏ်ရာချုပ်ရန်) အသုံးပြုချင်ခဲ့သော်လည်း ယခုအချိန်တွင် အသုံးဝင်လာမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

အဲဒါကြောင့် ကပ်ဘေးကနေ ထွက်ပြေးတဲ့လမ်းမှာ ဘာကိုမှ မပစ်သင့်ဘူးလို့ ပြောကြတာ ထင်ပါရဲ့။ ဘယ်အချိန်မှာ အသုံးဝင်လာမလဲဆိုတာကို ဘယ်သူက ကြိုသိနိုင်လို့လဲ?

မြင်းမွေးဖြင့် ပြုလုပ်ထားသော လောက်လေးခွတစ်ချောင်းက တိကျမှု မရှိနိုင်သော်လည်း အသုံးပြုသူအပေါ်တွင်လည်း မူတည်နေသေးသည်။ စူးချင်းက ကျောက်တုံးလေးတစ်တုံးကို ကောက်ယူပြီး လောက်လေးပေါ်တင်တာ ပစ်လွှတ်လိုက်သည်။ ထိုကျောက်တုံးလေးက ရေသောက်နေသော တောဆိတ်တစ်ကောင်၏မျက်လုံးကို ထိသွားပြီး ထိုတောင်ဆိတ်က နောက်ပြန်လန်ကျကာ ရေကန်ဘေးသို့ ခြက်ချင်း လဲကျသွားသည်။

ကျန်သော တောင်ဆိတ်များကတော့ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး ပြန့်ကျဲသွားတော့သည်။ စူးချင်းက အေးအေးဆေးဆေး လျှောက်လာပြီး ထိုတောင်ဆိတ်များကို စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။

"ရှောင်ချီ၊ ဆေးဖော်ဖို့ သုံးနိုင်တဲ့ အရာတွေကို သပ်သပ်စီ သိမ်းထားလိုက်"

ဟုတ်ကဲ့။ တောင်ဆိတ်ရဲ့ဝှေးစေ့က သဘာဝအတိုင်း နွေးထွေးစေပေမယ့် အနံ့အသက်တော့ ရှိပါတယ်၊ အစာအိမ်ရဲ့ချီစွမ်းအင်ကို လျှော့ချပေးနိုင်ပြီး အစာအိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဓိကအားဖြင့် ပျို့အန်ခြင်း၊ လေချဉ်တက်ခြင်းနဲ့ အဆိပ်ဖြေခြင်းတွေကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ ဆိတ်သွေး၊ ဆိတ်ချို၊ ကျောက်ကပ်နှင့် သည်းခြေအိတ်တွေကိုလည်း ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုနိုင်ပါတယ်”

“ဆိတ်ရဲ့သွေးက ခပ်ကျဲကျဲ သဘာဝရှိပြီး အရသာကောင်းမွန်တာကြောင့် သွေးစီးဆင်းမှုကို ကူညီပေးနိုင်ပါတယ်၊ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးနိုင်သလို သွေးထွက်တာကိုလည်း ရပ်တန့်စေနိုင်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်၊ မီးဖွားပြီးနောက် သွေးသွန်တာကို ကုသပေးဖို့၊ သန္ဓေအိတ်ကို ပြန်ထိန်းပေးဖို့ သုံးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်နဲ့ ရောစပ်ရင် အဆိပ်တွေကို ကုသပေးနိုင်ပါတယ်။ ဆိတ်ချိုက သဘာဝအတိုင်း အအေးဓာတ်ပါဝင်တာကြောင့် အဲ့တာက မျက်စိအမြင်ကို ကောင်းမွန်စေတယ်၊ အာရုံကြောတွေကို တည်ငြိမ်စေပြီး ချီပြန်ဖြည့်တင်းပေးနိုင်တယ်။ ညဘက်မှာ မျက်လုံးမမြင်ရတာတွေ၊ ရင်တုန်တာတွေ ခေါင်းကိုက်၊ ဝမ်းလျှောနဲ့ သွေးအန်တာတွေကို ကုသပေးနိုင်ပါတယ်။ ဆိတ်ဝှေးစေ့က နွေးထွေးတဲ့ ဘဘာဝ ရှိပြီး အရသာက ချိုမြိန်ပါတယ်။ ကျောက်ကပ်ကို အာဟာရဖြစ်စေနိုင်ပြီး အနှစ်သာရအဖြသ် အကျိုးပြုတာကြောင့် ယန်ဓာတ်ကို ကူညီအားဖြည့်ပေးနိုင်ပါတယ်။ ညဘက်မှာ ချွေးထွက်တာ၊ ကျောက်ကပ်ချို့တဲ့တာ၊ မစွမ်းဆောင်နိုင်တာ၊ ရေငတ်တာနဲ့ မကြာခဏ ဆီးသွားတာတွေ အပြင် ပင်ပန်းနွမ်းနယ်စေတဲ့ အလုက်တွေကြောင့် ခါးနာတာကို ကုသဖို့လည်း အသုံးပြုနိုင်ပါတယ်”

ရှောင်ချီက အမိန့်ကို သဘောတူလိုက်သည့်အပြင် ထိုဆိတ်အတွက် ဆေးပညာတွင် အသုံးပြုနိုင်သော အရာများအားလုံးကို စစ်တမ်းပြုစုပေးကာ ကုသပေးနိုင်မည့် ရောဂါများကိုပင် ဖော်ပြနေသေးသည်။

စူးချင်း၏ပါးစပ်က လှုပ်ယမ်းသွားသည်။

ရှောင်ချီက သူမကို ဆေးပညာ ပြန်သင်ပေးနေတာလား?

သူမက  ‌ရှောင်ချီ၏ အဓိပ္ပါယ်မရှိသော အသံကို နားထောင်ရန် အချိန်မရှိသောကြောင့်  လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"တိတ်တိတ်နေစမ်း"

ဟုတ်ကဲ့”

ရှောင်ချီ၏ ဝမ်းနည်းနေသော အသံက စူးချင်း၏ မျက်နှာကို ပြုံးလာစေသည်။ သူမက ရှောင်ချီ၏ ညှိုးငယ်နေသော အကြည့်လေးကိုပင် စိတ်ကူးဖြင့် မြင်နေနိုင်သည်။

ဂျင်ဆင်းက ချောက်ကမ်းပါး၏အောက်ခြေတွင် ရှိနေသောကြောင့်  အောက်သို့ ဆင်းရန် ကြိုးကို အသုံးပြုမည် ဖြစ်သည်။ တောင်များပေါ်တွင် ကြိုးတစ်ချောင်းရှာရန်က မလွယ်ကူနိုင်သော်လည်း စူးချင်းအတွက်တော့ ပြဿနာ မဟုတ်ပေ။

စူးချင်းက နွယ်ပင်များကို ဆွဲချလိုက်သည်။ တောင်ပေါ်တွင် နွယ်ပင်များ အများအပြား ရှိနေပြီး ခက်ခက်ခဲခဲ ဆွဲဖြုတ်နေရသည်။ စူးချင်းက နွယ်ပင်များကို အလုံအလောက်ဆွဲဖြုတ်ပြီးမှ သူမ၏အထူးနည်းပညာဖြင့် ချည်နှောင်လိုက်သည်။ ၎င်းက မီတာလေးဆယ်ခန့် ရှည်လျားသည်။

သူမ ဘာမှ မပြောရခင် ‌ရှောင်ချီက "သခင်၊ တော်လောက်ပြီ"

ထိုအသံကြောင့် စူးချင်းက နွယ်ပင်များကို ထပ်မဆက်တော့ဘဲ  ထူထဲသော ပင်စည်ကို ရှာကာ နွယ်ကြိုး၏တစ်စကို ချည်နှောင်လိုက်သည်။ နောက်တစ်စကို သူမ၏ခါးတွင် ချည်ပြီးတောက် သူမက ချောက်ကမ်းပါးမှ လျှောဆင်းရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"မဆင်းနဲ့ အန္တရာယ်များတယ်!" တစ်ယောက်ယောက်က အော်ဟစ်ရင်း ပြေးလာနေသည်။

စူးချင်းက အသံပိုင်ရှင်ကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူက ဘာလို့ ဒီကို ရောက်လာရတာလဲ?

✍️✍️✍️