အခန်း ၃၁ ဒီအမျိုးသမီးက
ဘာကြောင့် ဒီလောက် ရဲရင့်နေရတာလဲ?
"မဆင်းနဲ့! အဲ့ဒါက ချောက်ကွ! မင်း သေချင်နေတာလား" ကျိရွှေရှန့်က အပြေးရောက်လာပြီး
ဘာမှ ရှင်းပြမနေဘဲ စူးချင်းကို ချောက်ကမ်းပါးနားမှ ပြန်ဆွဲခေါ်လိုက်သည်။
ကျိရှောင်ယင်က စူးချင်းကို
စိတ်ပူနေသောကြောင့် သူမ၏အစ်ကိုကြီးကို သွားရှာပေးရန် တောင်းဆိုခဲ့သည်။ ကျိရွှေရှန့်ကိုယ်တိုင်ကလည်း
စူးချင်း တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်မိသည့်အတွက် သူ့ညီမလေး၏တောင်းဆိုမူ သဘောတူခဲ့သည်။
သူ ရောက်လာချိန်မှာတွင် ထိုမျှလောက်ထိတ်လန့်စရာ မြင်ကွင်းကို မြင်ရလိမ့်မည်ဟုတော့
သူ မမျှော်လင့်ထားခဲ့ပေ။
ဒါက လီပေါင်း
ဒါဇင်နဲ့ချီမြင့်တဲ့ ချောက်ကမ်းပါးတစ်ခုလေ။ ဒီမိန်းခလေးက ဘာကြောင့် ဒီလောက်တောင်
ရဲတင်းရတာလဲ?!
စူးချင်းက ကျိရွှေရှန့်၏လက်ကို
ခါထုတ်လိုက်ပြီး အေးစက်သောအကြည့်ဖြင့် သူ့ကို ပြန်ကြည့်နေကာ သူမ၏အသံက သူမ၏အမူအရာထက်ပင်
ပို၍ အေးစက်နေလေသည်။
"ရှင် ဂရုစိုက်ဖို့ မလိုဘူး"
ကျိရွှေရှန့်က
ထိုကဲ့သို့ ကျေးဇူးကန်းတက်သည့် အမျိုးသမီးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
သူက အသက်ကို ပြင်းပြင်းရှူကာ သူ့စိတ်ထဲမှ မကျေနပ်မှုများကို မျိုသိပ်လိုက်ပြီး သူ့စိတ်ကို
ဆွဲဆန့်ကာ စူးချင်းကို မေးမြန်းလိုက်သည်။ "မင်း ဘာလုပ်ချင်လို့လဲ? ငါ့ကို ပြောပြ၊
ငါ မင်းကို ကူညီပေးမယ်"
"အိမ်သာသွားမလို့" စူးချင်းက မျက်နှာအမူအရာ မပြောင်းဘဲ ပြန်ဖြေလိုက်သည်။
ကျိရွှေရှန့်က သူမကို မယုံကြည်နိုင်သလို စိုက်ကြည့်လာပြီး သူ့မျက်လုံးများပင်
ပြူးကျယ်နေခဲ့သည်။
အိမ်သာက
ချောက်ကမ်းပါးကို ဆင်းသွားမှ ဖြစ်မှာလား?
“ဒီတောင်ပေါ်မှာ
ဘယ်သူမှ မရှိဘူး။ အဆင်ပြေတဲ့နေရာတစ်ခုတောင် ရှာ မတွေ့နိုင်ဘူးလား?” ကျိရွှေရှန့်က စိတ်ရှည်ရှည်ထားကာ
စူးချင်းကို ထပ်ပြောလိုက်သော်လည်း အမှန်တကယ်တွင် အဆင်မပြေလှပေ။
အခု ယောက်ျားနဲ့
မိန်းမ နှစ်ယောက်တည်း ရှိနေပြီး အိမ်သာတက်ဖို့ ဆွေးနွေးနေရတာလား?
"ကျွန်မအတွက် ဒါက ပုံမှန်ပဲ"
စူးချင်းက ကျိရွှေရှန့်၏
အဖြေကို မစောင့်ဘဲ နွယ်ကြိုးကို ဆွဲယူကာ ချောက်ကမ်းပါးမှ ခုန်ချသွားတော့သည်။
ကျိရွှေရှန့်တစ်ယောက်
အလွန်ထိတ်လန့်သွားရပြီး သူ့၏နှလုံးခုန်သံပင် ရပ်တန့်လုနီးပါးဖြစ်သွားရသည်။ သို့သော်လည်း
မြေပြင်ပေါ်ရှိ နွယ်ကြိုးများက တဖျပ်ဖျပ် လျောကျနေသည်ကို မြင်လိုက်ရသောကြောင့် ထိုနွယ်ကြိုးကို
ကမန်းကတန်း လှမ်းဆွဲကာ သူမ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းနိုင်ရန် ကူညီပေးလိုက်ရသည်။
အခြေအနေကို
သိနိုင်ရန် ချောက်ကမ်းပါးစွန်း၏အောက်သို့ သူ လှမ်းကြည့်ချင်နေသော်လည်း စူးချင်း၏စကားက
သူ့ကို လုံးဝ တုံ့ဆိုင်းနေစေခဲ့သည်။ အမျိုးသမီးတစ်ယောက် အိမ်သာသွားနေတာကို ဘယ်အမျိုးကောင်းသားက
သွားကြည့်လို့ဖြစ်နိုင်မှာတဲ့လဲ?
သူက
ချောက်ကမ်းပါးစွန်းသို့ မသွားဝံ့ရုံသာမက စူးချင်းက သူ့ကို လူယုတ်မာဟု ထင်မှတ်သွားမည်ကို
စိုးရိမ်သည့်အတွက် ချောက်ကမ်းပါးစွန်းမှ ခြေလှမ်းဆယ်လှမ်းခန့်ပင် နောက်ပြန်ဆုတ်လိုက်သေးသည်။
အချိန်အတော်ကြာပြီးနောက်
နွယ်ကြိုးက လျောကျခြင်း ရပ်တန့်သွားသည်။ ကျိရွှေရှန့်က စူးချင်းက ပြန်တက်လာလျှင် အဆင်မပြေမည်ကို
စိုးရိမ်သောကြောင့် အဝေးကြီးကိုလည်း ထွက်မသွားရဲပေ။ ထို့ကြောင့် သူက
သစ်ပင်အောက်တွင်သာ လှဲအိပ်နေခဲ့သည်။
ကျိရွှေရှန့်က သူ့၏မျက်လုံးများကို
မှိတ်ကာ မှေးစက်နေသော်လည်း သူ့၏နားရွက်များက အလုပ်လုပ်နေဆဲဖြစ်သည်။ စူးချင်း ပြန်တက်လာသည်နှင့်
သူက ပြန်ထပြီး နွယ်ကြိုးကို ပြန်ဆွဲတင်ပေးရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
သို့သော် သူ ပြန်နိုးလာသည့်အထိ
စူးချင်းတက်လာသည်ကို မတွေ့ရသေးသောကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ရှိရမည့်
အကွာအဝေးကို သူ ဂရုမစိုက်နိုင်တော့ပေ။
ကျိရွှေရှန့်က
ချောက်ကမ်းပါးစွန်းသို့ ပြေးသွားပြီး အော်မေးလိုက်သည်။ "စူးချင်း! စူးချင်း၊
ကြားရလား? ငါ့ကို အသံပြန်ပေးဦး!"
ထိုအချိန်တွင်
ကမ်းပါး၏အောက်၌ စူးချင်းက ဧရာမစပါးအုံးမြွေတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့သည်။ ထိုစပါးအုံးမြွေက
ဆယ်မီတာကျော်ရှည်ပြီး လုံးပတ်က လူ၏ခန္ဓာကိုယ်နီးပါးရှိသည်။ ထိုမြွေက ၎င်း၏ ပါးစပ်ကို
ကျယ်ကျယ်ဖွင့်ပြီး စူးချင်းကို မျိုချရန် ကြိုးစားလိုက်သော်လည်း စူးချင်းက ထိုစပါးအုံးမြွေ၏မေးရိုးကို
ဖိညှစ်ထားလိုက်သည်။ သူမ၏လက်ထဲတွင် လက်နက်မရှိသောကြောင့် လက်ဗလာဖြင့်သာ ပြန်တိုက်ခိုက်နေရပြီး
စူးချင်း၏လက်ရှိ အင်အားက ထိုစပါးအုံးမြွေကို အနိုင်ယူနိုင်လောက်သည်အထိ မလုံလောက်သေးပေ။
ထိုစပါးအုံးမြွေက သူမကို မရစ်ပတ်မိစေရန် ရှောင်တိမ်းပြီးရင်း ရှောင်တိမ်းနေရသည်။
ဒီအရာက လူကို ရစ်ပတ်မိသွားရင်တော့
အရာအားလုံးက အသုံးမဝင်တော့ပါဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ကြီးမားပြီး
ဘယ်လောက်ပဲ ရဒန်းကုန်နေပါစေ အသေခံဖို့ စောင့်စားနေရလိမ့်မယ်။
စူးချင်းက ကျိရွှေရှန့်၏ခေါ်သံကို
ကြားနေရသော်လည်း တုံ့ပြန်ရန် မတက်နိုင်လောက်ပင် ဧရာမစပါးအုံးမြွေကြီးကို
တိုက်ခိုက်ရန် အာရုံစိုက်နေရသည်။
ကျိရွှေရှန့်က
ကြိမ်ဖန်များစွာ အော်ခေါ်နေသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။ တစ်ခုခု မှားနေပြီဟု သူ
ခံစားရသဖြင့် သူက နောက်ပြန်မဆုတ်တော့ဘဲ ကမ်းပါးပေါ်မှ လျှောဆင်းရန် နွယ်ကြိုးကို လှမ်းဆွဲလိုက်သည်။
သူ ဆင်းလာနေရင်း စူးချင်းကို အလွန်စိုးရိမ်နေသောကြောင့် ချွေးအေးများပင် ထွက်လာတော့သည်။
စူးချင်း၏လက်များက
ဧရာမစပါးအုံးမြွေ၏လည်မြိုနေရာကို တင်းနေအောင် ရစ်ပတ်ထားပြီး သူမ၏တစ်ကိုယ်လုံး ချွေးများ
ဖုံးလွှမ်းနေသည်မှာ ရေထဲသို့ ငါးရှာထွက်သော လူနှင့်ပင် တူနေပြီ ဖြစ်သည်။
သူမ၏ခန္ဓာကိုယ်ကလည်း တုန်ယင်နေပြီဖြစ်ကာ သူမ အလွန်ပင်ပန်းနွမ်းနယ်နေသည်မှာ
သိသာထင်ရှားလှသည်။ ကျိရွှေရှန့် အောက်သို့ရောက်ရှိသွားချိန်တွင် စပါးအုံးမြွေကြီးက
စူးချင်းကို ရစ်ပတ်ရန် အခွင့်အရေး ရသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အမျိုးသမီးအများစုက
မြွေကို မြင်လျှင် ကြောက်လန့်တကြား အော်ဟစ်တက်ကြသော်လည်း စူးချင်းကတော့ ဧရာမစပါးအုံးမြွေကြီးနှင့်
လုံးထွေးနေသည့်တိုင် သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာမျှ မရှိခဲ့ပေ။ ကျိရွှေရှန့်က
သူမ၏ ရဲစွမ်းသတ္တိနှင့် ထိုးထွင်းသိမြင်မှုကို ချီးကျူးနေခဲ့သည်။ လက်ရှိတွင် သူအတွက်
သူမကို ဂရုတစိုက်ကြည့်ရန် အချိန်မရှိသောကြောင့် သူက ဓားမြှောင်ကို ကိုင်ကာ သူမနှင့်
မြွေကြီးဆီသို့ အပြေးအလွှား တိုးဝင်သွားပြီး မြွေကြီး၏ မျက်လုံးများကို ဓားမြှောင်ဖြင့်
လှမ်းထိုးလိုက်သည်။
ချွန်ထက်သော
ဓားမြှောင်က ဧရာမစပါးအုံးမြွေကြီး၏ မျက်လုံးကို ထိုးဖောက်ဝင်ရောက်သွားပြီး မြွေကြီးက
နာကျင်မှုကြောင့် ရူးသွပ်လုနီးဖြစ်သွားခဲ့သည်။ ထိုကြောင့် မြွေကြီးက စူးချင်းကို
ရစ်ပတ်ရန် အစွမ်းကုန် ကြိုးစားနေပြီး ထိုအခြေအနေကို ရိပ်မိလိုက်သော ကျိရွှေရှန့်က အပေါ်သို့ ခုန်တက်ကာ စပါးအုံးမြွေကြီး၏ နောက်ထပ်မျက်လုံးတစ်ဖက်ကိုပါ
ဓားမြှောင်ဖြင့် ထိုးဖောက်လိုက်သည်။ နာကျင်မှုကြောင့် မြွေကြီး၏ခန္ဓာကိုယ်
လှုပ်ယမ်းလာပြီး ရစ်ပတ်အားပြေလျော့သွားချိန်ကို အခွင့်ကောင်းယူကာ ကျိရွှေရှန့်က စူးချင်းကို
ဆွဲထုတ်လိုက်သည်။
"မြန်မြန်သွား" ကျိရွှေရှန့်က စူးချင်းကို ပြောနေရင်း
စပါးအုံးမြွေကြီး၏မေးရိုးကို ဓားမြှောင်ဖြင့် ထိုးခွဲလိုက်သည်။
ထိုဧရာမစပါးအုံးမြွေကြီး၏
ခန္ဓာကိုယ်ကို မာကြောသောအကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး သာမန်ဓားများက ၎င်းကို
ဖြတ်တောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ကျိရွှေရှန့်က သူ့လက်ထဲတွင် ရတနာတစ်ခုကို
ကိုင်ဆောင်ထားခဲ့ပြီး ထို ဓားမြှောင်က အကြေးခွံများကို အလွယ်တကူ ထိုးဖောက်သွားပြီး
မြွေကြီး၏လည်မြိုသို့ ဝင်ရောက်သွားခဲ့သည်။ သူက သူ့လက်ကို လှန်လိုက်ပြီး
ဓားမြှောင်ကို မြွေကြီး၏ဗိုက်အောက်သို့ ရောက်အောင် အမြန် ဆွဲခွဲချလိုက်သည်။ ၎င်း၏
အူများပွင့်သွားပြီးနောက်တွင် ဧရာမစပါးအုံးမြွေကြီးက နာကျင်စွာ လူးလှိမ့်နေကာ
မြေပြင်ပေါ်တွင် တစ်ဆတ်ဆတ် ခုန်နေတော့သည်။ ၎င်း၏ ခွန်အားက အလွန်ကြီးမားပြီး
ပန်းကန်လုံးနီးပါး ထူထဲသော သစ်ပင်၏ပင်စည်ကိုပင် ကျိုးသွားစေသည်။ ကျိရွှေရှန့်က
လျင်မြန်စွာ ခုန်ကာ ရှောင်တိမ်းလိုက်ပြီး ထိုဧရာမစပါးအုံးမြွေကြီး၏ ရိုက်ချက်ကြောင့်
သူ သေလုနီးပါးဖြစ်သွားသည့်အတွက် အလွန်ထိတ်လန့် တုန်လှုပ်ကာ ချွေးအေးများ ထွက်လာပြန်သည်။
ထိုအခိုက်အတန့်တွင်
စူးချင်းက ကျောက်တုံးကြီးတစ်တုံးကို
ရှာတွေ့သွားပြီး ထိုဧရာမစပါးအုံးမြွေကြီး၏ဦးခေါင်းကို ကျောက်တုံးဖြင့် ရိုက်ချလိုက်သည်။
ဦးခေါင်းကို အရိုက်ခံလိုက်ရသော ဧရာမစပါးအုံးမြွေကြီးက မငြိမ်သက်မီ မြေပြင်ပေါ်တွင်
နောက်ထပ် နှစ်ကြိမ်ခန့် လူးလိမ့်နေပြီးမှ နောက်ဆုံးတွင် လုံးဝ မလှုပ်မယှက်
ဖြစ်သွားတော့သည်။
စူးချင်းက ပြင်းပြင်းထန်ထန်
မောဟိုက်နေပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ကျိရွှေရှန့်က သူမ၏ဖြူဖျော့နေသော
မျက်နှာကို မြင်နေရသော်လည်း သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု မရှိသည်ကို
မြင်လိုက်ရသေးသည်။
ဘယ်လောက်တောင် ထူးဆန်းတဲ့
မိန်းခလေးလဲ??
"မင်း အဆင်ပြေရဲ့လား?"
ကျိရွှေရှန့်က စူးချင်းဆီသို့
လျှောက်သွားကာ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
စူးချင်းက ကျိရွှေရှန့်၏လက်ကို
လှမ်းကြည့်လိုက်သည်။ သူ့လက်က ကြီးမားပြီး သူ့၏လက်မနှင့် လက်ညှိုးကြားရှိ
ပါးလွှာသော အသားမာများ ဖုံးလွှမ်းနေသည်။ သူ့လက်ခုံရှိ သွေးကြောများက ပေါက်ထွက်လုမတက်
ထင်ရှားနေပြီး တစ်ချက်ကြည့်လိုက်သည်နှင့် သူက ကိုယ်ခံပညာကို မကြာခဏ လေ့ကျင့်လေ့ရှိပြီး
အလွန်သန်မာသူ ဖြစ်ကြောင်း ပြောနိုင်သည်။
စူးချင်းက ကျိရွှေရှန့်၏လက်ကို
မကိုင်ဘဲ သူမဘာသာသူမ မတ်တတ် ထရပ်လိုက်သည်။ သူမက မြေပြင်ပေါ်တွင် သေဆုံးနေသော
စပါးအုံးမြွေကြီးကို တစ်ချက်ကြည့်ကာ ကျိရွှေရှန့်အား ခပ်တင်းတင်း
လှမ်းပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူမ သူ့ကို နောက်တစ်ကြိမ်
အကြွေးထပ်တင်သွား ပြန်ပြီ၊ နောင်မှပဲ ပြန်ဆပ်ရတော့မယ်။
ကျိရွှေရှန့်က စူးချင်းကို
လေးလေးနက်နက် စိုက်ကြည့်နေကာ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဒီခေါင်းမာတဲ့အမျိုးသမီးက
သန်မာလွန်းတယ်။
ကျိရွှေရှန့်က မြွေကြီးဆီသို့
လျှောက်သွားလိုက်ပြီး ထိုမြွေကြီးကို ကန်ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ
စားဖို့ အသားတွေ ရလာပြီပဲ။
စူးချင်းက ထိုနေရာသို့
ရောက်လာပြီး မြွေကြီးကို ခွကျော်ကာ မြွေသည်းခြေကို ထုတ်ယူလိုက်ပြီး "ကျွန်မ ဆေးဖော်ဖို့
သိမ်းထားလိုက်မယ်”
ရှောင်ချီကတော့ သူမကို
စိုးရိမ်တကြီး သတိပေးနေသေးသည်။
“မြွေအရေခွံကိုလည်း
ဆေးဖော်ဖို့ သုံးလို့ရသေးတယ်လေ”
စူးချင်း၏
မျက်လုံးများက တောက်ပလာသော်လည်း သူမက ရှောင်ချီကို လျစ်လျူရှုလိုက်သည်။ ကျိရွှေရှန့်၏ရှေ့တွင်
ဖြစ်နေသောကြောင့် သူမက မြွေသည်းခြေအိတ်ကို ခြင်းတောင်းသေးသေးလေးထဲ ထည့်လိုက်သည်။ ထိုအချိန်မှသာ
ကျိရွှေရှန့်က ခြင်းတောင်းထဲရှိ ဂျင်ဆင်းကို မြင်သွားပြီး အံ့သြသွားရပြန်သည်။
သူက စူးချင်းကို
မေးလိုက်သည်။ "ဒါကို မင်း ရှာတွေ့ခဲ့တာလား?"
“အင်း”
စူးချင်းက ခေါင်းညိတ်ပြီး “ရှင် လိုချင်လို့လား? ဒီမှာ ယူလေ"
စူးချင်းက သူ့၏အသက်
ကယ်တင်ပေးမှုကို ဂျင်ဆင်းဖြင့် ပြန်ပေးဆပ်ရန် လိုလားနေပြီး ညီတူညီမျှ ဖြစ်သွားမည်ဟု တွေးနေခဲ့သည်။
"မလိုပါဘူး၊ မင်းက သေလုနီးပါးဖြစ်နေပြီ၊ အဲဒါကို မင်း သိမ်းထားလိုက်ပါ၊
အဲ့တာက မင်းအတွက် ကောင်းတဲ့အရာပဲ”
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။
စူးချင်းက သူမ၏အသက်နှင့် လဲလှယ်ခဲ့သော ရတနာတစ်ခုကို သူ ယူမည်မဟုတ်ပေ။ သူက
စပါးအုံးမြွေကြီးကို မြေပြင်ပေါ်မှ ကောက်ယူလိုက်သည်။
သူက စူးချင်းကို ပြုံးပြလိုက်ပြီး
"စားစရာထပ် ရပြန်ပြီ။ မြွေအရေခွံကိုတော့ ရောင်းလို့ ရနိုင်တယ်။ ဒါက ကောင်းမွန်တဲ့
ရိပ်သိမ်းမှုကြီးပဲ”
သုံးရက်ရှိပြီ၊ ဒါက
သူမ ကျိရွှေရှန့်ရဲ့အပြုံးကို ပထမဆုံးမြင်ဖူးတာပဲ။ သူ ပြုံးလိုက်တော့
သူ့မျက်လုံးထဲက လူသတ်ရိပ်တွေ ပျောက်သွားပြီး သူ့မျက်လုံးတွေက ကျိရှောင်ယင်နဲ့
အရမ်းတူတာပဲ။
စူးချင်းက
သူမအကြည့်ကို ပြန်ရုတ်လိုက်သည်။
သူက ရှောင်ယင်လို့
အပြစ်ကင်းစင်တဲ့ ဆယ်ကျော်သက်လေး မဟုတ်ဘူး။ သူက လူတွေကို သေတဲ့အထိ ကိုက်သတ်နိုင်တဲ့
တောခွေးကြီးတစ်ကောင်ဟ...
ကျိရွှေရှန့်က
ချောက်ကမ်းပါးကို မော့ကြည့်ပြီး စူးချင်းကို ပြန်လှည့်ကြည့်ကာ "ငါ အရင်တက်ပြီး
စပါးအုံးမြွေကြီးကို အရင် ဆွဲတင်လိုက်မယ်။ ပြီးမှ မင်းကို ဆွဲတင်ပေးမယ်”
(T/N: တောခွေးကြီးကျိရွှေ့ရှန်း :
အသားက ပထမ၊ ဇနီးက ပြီးမှ)
"ကျွန်မ ဘာသာတက်နိုင်တယ်၊ ရှင် အရင်တက်သွားလိုက်"
စူးချင်းက ငြင်းဆိုလိုက်သည်။
သူမက သူမ၏ ခွန်အားကို ပြန်လည်ရရှိနေပြီဖြစ်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း
ဂျင်ဆင်းခူးဆွတ်မှုအတွက် တိုးတက်မှု ပိုမိုမြင့်မားလာခဲ့သည်။ သူမ ဂျင်ဆင်းကို တူးယူရန်
တိုးတက်မှုဘားမှ အဆင့်လေးခုကို သုံးစွဲခဲ့ရပြီး ဂျင်ဆင်းကို တူးပြီးသောအခါတွင်
တိုးတက်မှုဘားက လုံးဝ ပြည့်သွားခဲ့သည်။
သူမ၏ ဆေးပင်ရှာဖွေမှုစွမ်းရည်က
အဆင့် ၃ သို့ ရောက်ရှိသွားပြီဖြစ်ကာ သူမ၏ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၄ သို့ ရောက်ရှိသွားခဲ့သည်။
ကံကောင်းပြီး သူမ
အဆင့်တက်သွားလို့ ဧရာမစပါးအုံးမြွေကြီးကို အချိန်အတော်ကြာအောင် ပြန်တိုက်နိုင်ခဲ့တာလေ။
မဟုတ်ရင် သူမ သေတာကြာလှပေါ့။
ကျိရွှေရှန့်က
သူမကို လေးလေးနက်နက် ထပ်ကြည့်လိုက်ပြန်သည်။
ဒီအမျိုးသမီးက နည်းနည်းလောက်
ပျော့ညံ့ပြလို့ မရဘူးလား? ယောက်ျားတွေတောင်မှ သူမရှေ့မှာ သာလွန်ထူးကဲမှု မရှိနိုင်တော့ဘူး။
ကျိရွှေရှန့်က
ဧရာမစပါးအုံးမြွေကြီးကို နွယ်ကြိုး၏အောက်ခြေတွင် ချည်နှောင်ပြီး အရင် ပြန်တက်သွားခဲ့သည်။
သူ၏ ပြန်တက်နှုန်းက မြန်ဆန်လွန်းသောကြောင့် စူးချင်းက သူ့ကို အောက်ကနေ မော့ကြည့်နေမိသည်။
“သခင်၊
ကောင်းတာတစ်ခု ရှိနေတယ်။ ဘယ်ဘက်မှာရှိတဲ့ ချုံပုတ်ထဲမှာ အံ့သြစရာတစ်ခု ရှိတယ်!”
✍️✍️✍️