Chapter 39 သူဖော်တဲ့ဆေး
Viewers 17k

အခန်း ၃၉ သူဖော်တဲ့ဆေး  

အစေခံများနှင့်တူသော လူသုံးလေးဦး ရောက်ရှိလာပြီး ထောင်ဟွားဝူမှ ရွာသားများကို လှမ်းပြောလိုက်သည်။ “ငါတို့ရဲ့သခင်က ကျွိရန်တစ်ယောက်ပဲ၊ မင်းတို့က ဒီလို ကပ်ဘေးအခြေအနေမှာတောင် အသားရောင်းပြီး ငွေရှာနေတယ်။ အဲဒါကို အခုချက်ချင်း ရပ်လိုက်ကြတော့၊ မင်းတို့ မရပ်ရင် ငါတို့က သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖမ်းခိုင်းမယ်”

ငါတို့အားလုံးက အခု ဘေးဒုက္ခရဲ့သားကောင်တွေ ဖြစ်နေကြပြီလေ။ အတူတူချင်းကို မင်းတို့က သခင်တစ်ယောက်လို လာပြီးပြုမူနေတုန်းပဲလား? ထွက်သွားစမ်း!"

ကျိရွှေရှန့်က သူတို့နှင့် ဖက်ပြိုင်ပြောဆိုရန် ပျင်းလွန်းနေပြီး သူက ထိုလူကို ကန်ကျောက်လိုက်ကာ ပျံသန်းစေပြီးမှ သူ့အသားကို သူ ဆက်ရောင်းနေခဲ့သည်။

ဤဆင်းရဲသားအုပ်စုကို ခြိမ်းခြောက်ရန် ကျဆုံးပြီး သူ့လူများ ရိုက်နှက်ခံခဲ့ရသည်ကို မြင်သောအခါ ထိုကျွိရန်(ပညာရှင်)က သူ မျက်နှာပျက်သည်ဟု ခံစားမိလိုက်ပြီး လူများကို ဖမ်းဆီးရိုက်နှက်ရန် သူ မွေးမြူထားသော လူရမ်းကားများကို လွှတ်လိုက်‌တော့သည်။

သူက အလွန်ထက်မြက်သူ ဖြစ်ပြီး သူ့လူများက ကျိရွှေရှန့်၏ပြိုင်ဖက်မဟုတ်ကြောင်း သိနေသောကြောင့် သူက အခြားသူကြွယ်များနှင့်ပူးပေါင်းကာ အသားလုယူရန် လူများ စေလွှတ်လိုက်သည်။

သူတို့ လှည့်ဖြားစည်းရုံးပြီးသောနောက်တွင် အိမ်ထောင်စု တစ်ဒါဇင်ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး တစ်အိမ်ထောင်စီမှ လူလေးငါးဦးစီ စေလွှတ်ပေးလိုက်သောကြောင့် လူအင်အားက ဒါဇင်များစွာ တိုးလာခဲ့သည်။

လူများစွာဖြင့် နောက်ခံကြောင့် ထိုပညာရှင်က သူ့အစွယ်ကို ထုတ်ကာ ခြေသည်းများကို ဖြည့်ပြရန်ပင် သတ္တိရှိလေသည်။ သူက အသားကို လုယူရန် လူများ ခေါ်ဆောင်လာသော်လည်း သူ့ပါးစပ်က ကြီးကြီးကျယ်ကျယ် ပြောနေပြီး သူက အများအကျိုးအတွက် မကောင်းဆိုးဝါးများကို ချေမှုန်းပေးမည်ဟုပင် ကြွေးကြော်နေသေးသည်။

"ဒီနေ့၊ ငါဆိုတဲ့ အဆင့်မြင့်ပညာရှင်တင်းက လူတိုင်းအတွက် ဒီဆိုးယုတ်မှုကို ဖယ်ရှားပေးမယ်။ အားလုံးက အဖြေတစ်ခုရဖို့ ငါနဲ့ လိုက်ခဲ့ကြပါ"

အခြားသော ဘေးဒုက္ခခံရသူများ အားလုံးကလည်း အသားကို တောင့်တနေကြသည်။ တစ်ယောက်ယောက်က ဦးဆောင်လိုက်သည့်အတွက် သူတို့က ပျော်ပျော်ရွှင်ရွှင် ပါဝင်လာကြပြီး လူတစ်ရာကျော်ရှိလာခဲ့သည်။

ပညာရှင်တင်းက သဘောထားကြီးသော အမူအရာဖြင့် ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ "အသားတွေကို လွှဲပေးလိုက်ပါ၊ ဒါက မင်းရဲ့ပထမဆုံးအမှားဖြစ်နေတော့ ဒီသခင်ကြီးက မင်းကို ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ကို အာဏာပိုင်တွေဆီ ပို့ပစ်မယ်”

ခင်ဗျားကတော့ ကိုယ်ကျိုးမဖက်ဖူးပေါ့၊ အဲ့တာဆို ခင်ဗျား ယူလာတဲ့ အစားအစာတွေကို ထုတ်ပေးလိုက်လေ။ ပုံမှန်ဆို ခင်ဗျားတို့က အလျှံအပယ် စားသောက်လေ့ရှိကြတယ်မလား? အဲ့တာ အခု ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ အစားအစာတွေ ထုတ်ပေးလိုက်လေ"

ကျိရွှေရှန့်က ရယ်မောလိုက်ပြီး ပညာသင်တင်း၏ရထားလုံးပေါ်မှ ရိက္ခာများကို ညွှန်ပြရင်း ဒုက္ခသည်များကို အော်ပြောလိုက်သည်။ “ဒီနေ့၊ သခင်ကြီးတင်းက သူ့မှာပါလာတဲ့ အစားအသောက်တွေကို ဒုက္ခသည်တွေအတွက် အကုန်ထုတ်ပေးရင် ကျုပ်လည်း ဒီအသားတွေကို အခမဲ့ ဝေပေးမယ်”

စူးချင်းက ကျိရွှေရှန့်ကို တလေးတစား လှမ်းကြည့်နေသည်။

သူရဲ့ဒီလှုပ်ရှားမှုက ကြီးကျယ်ခမ်းနားလွန်းပြီး ဒါက ကိုယ်ပိုင်ဆေးကို  ပြန်မြည်းစမ်း ခိုင်းတာနဲ့ အတူတူပဲ။

သူက ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူတစ်ဦးလို ထင်နေရပေမယ့် လိုအပ်လာတဲ့အခါ ရဲရင့်ပြီး လိမ္မာပါးနပ်တယ်။

ပညာရှင်တင်းက တောသားတစ်ယောက်က ဤကဲ့သို့ စကားမျိုး ပြောလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ အမှန်တကယ်တွင် သူက ထိုဆင်းရဲသားများကို ဝေငှကျွေးမွေးလိုစိတ် မရှိပေ။

ထိုဒုက္ခသည်များက သူ့ကို အကူအညီတောင်းတော့မည်ကို မြင်လိုက်သောအခါ ပညာရှင်တင်းက ဒေါသထွက်လာပြီး ကျိရွှေရှန့်ကို “ဒီသခင်ကြီးကို ဒုက္ခလာမပေးနဲ့။ ရထားလုံးပေါ်က စပါးတွေက မင်းရဲ့ပစ္စည်းတွေနဲ့ မတူဘူး၊ ဒါက ဒီသခင်ကြီးရဲ့ကိုယ်ပိုင် ဥစ္စာတွေပဲ”

"ဘာတွေများ ကွာခြားနေလို့လဲ? ဒါတွေအားလုံးက ကျုပ်ရဲ့ကိုယ်ပိုင်ဥစ္စာပဲလေ။ ခင်ဗျား အသားစားချင်ရင် တောင်ပေါ်ကို တက်ပြီး ကိုယ်တိုင်သွားဖမ်းလေ။ ဒီစပါးအုံးမြွေကြီးကို ဖမ်းဖို့အတွက် ကျုပ်တို့ အသက်တွေ ဆုံးရှုံးလုနီးပါး ကြိုးစားခဲ့ရတယ်။ ဒီလိုထူးခြားဆန်းပြားတဲ့ အရသာမျိုးက အဖိုးမဖြတ်နိုင်ဘူးလေ။ ဒါက သာမာန်မြွေသားမဟုတ်ဘဲ မြွေကြီးသားနော်။ ဂျင်ဆင်းကိုတောင် သာမာန်၊ နှစ်တစ်ရာနဲ့ နှစ်တစ်ထောင်ဆိုပြီး ခွဲခြားကြတယ်မလား? ဒီစပါးအုံးမြွေကြီးက နှစ်ပေါင်းတစ်ထောင်လောက် အသက်ရှင်လာတဲ့ စပါးအုံးမြွေကြီးပဲ။ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂျင်ဆင်းလိုမျိုးပဲ အဖိုးအများကြီး ထိုက်တန်တယ်။ တကယ်လို့ ခင်ဗျား ဝယ်ဖို့ မတတ်နိုင်ရင် ဒီကနေ ထွက်သွားလိုက်တော့။ ဒီကို လာပြီး သခင်တစ်ယောက်လို ဟန်ဆောင်မနေစမ်းပါနဲ့။ ခင်ဗျားက ပညာရှင်တစ်ဦးဆိုတာကို ဘယ်သူက သက်သေခံပေးနိုင်လို့လဲ။ ခင်ဗျားက အတုအယောင်လို့ ကျုပ် ထင်တယ်"

ကျိရွှေရှန့်က သူ့ကို ထိန်းထားနိုင်မလား? သေချာတာပေါ့... သူရဲ့ကျယ်လောင်တဲ့ အသံက ကွင်းပြင်တစ်ခုလုံးက ဆူညံမှုကိုတောင် ထိန်းထားနိုင်သေးတယ်။ သူက အရပ်ရှည်ပြီး ရဲရင့်တဲ့ပုံလည်း ပေါက်နေသေးတယ်။ သူ အဲ့နေရာမှာ ရပ်နေရုံနဲ့ သူ့ဆီကနေ  ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ဖိနှိပ်ချုပ်ချယ်မှုတစ်ခုကို ပေးစွမ်းနေတယ်။

ထောင်ဟွားဝူမှ အမျိုးသားများအားလုံးက သူတို့၏လက်နက်များကို ကိုင်မြှောက်ကာ လောဘကြီးစွာ စိုက်ကြည့်နေသောလူများဖြင့် ပြန်စိုက်ကြည့်နေကြသည်။ သူတို့က ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူသည်ကို တွေ့မြင်နေရသောကြောင့် ဆူပူအုံကြွမှုနောက်သို့ လိုက်ပါလာသော ဒုက္ခသည်များလည်း နောက်ပြန်ဆုတ်သွားကြသည်။

တကယ်တော့ မြွေသားကို လုယူရတာက အစားအစာကို လုယူရတာလောက် မလွယ်ကူဘူးလေ။ ကျွိရန်တဲ့လား? ဒီအချိန်မှာ ဘယ်သူက ဂရုမစိုက်နိုင်မှာတဲ့လဲ? အစားမစားရရင် သူတို့ မရှင်သန်နိုင်တော့ဘူးလေ။

ပညာရှင်တင်းက သူ့လူများကို ခေါ်လာပြီး ထောင်ဟွားဝူမှ လူများကို ဝန်းရံနေချိန်တွင် ပြန်ဆုတ်ခွာသွားသော ကပ်ဘေးဒုက္ခသည်များက ထိုအခြေအနေကို အခွင့်ကောင်းယူကာ  သူ့ရထားလုံးပေါ်ရှိ အစားအစာများကို သွားယူကြတော့သည်။

"သခင်ကြီး၊ သူတို့က ကျွန်မတို့ရဲ့စားစရာတွေကို လုယူနေကြပြီ"

တင်းကျွိရန်၏ဇနီးနှင့်မောင်းမမိဿံများက အော်ဟစ်အကူအညီတောင်းနေပြီး သဘာဝဘေးဒဏ်ခံရသူများက သူတို့၏အစားအစာများကို လုယူနေသည်အား တွေ့လိုက်ရသောကြောင့် တင်းကျွိရန်က သူ့လူများကို အမြန်ပြန်ခေါ်သွားခဲ့သော်လည်း ၎င်းတို့က ခြေတစ်လှမ်းနောက်ကျနေသေးသည်။ သဘာဝဘေးဒုက္ခသည်များ သူတို့၏ ရိက္ခာများနှင့် ပစ္စည်းဥစ္စာများကို ရထားလုံးတစ်စီးစာ သယ်ယူသွားသည်ကို ကြည့်နေရတော့သည်။

တခြားသူဌေးများကလည်း ပညာရှင်တင်း၏အစားအသောက်များ လုယူခံနေရသည်ကို တွေ့လိုက်ရသောကြောင့် သူတို့၏ပစ္စည်းများကို ကာကွယ်ရန် သူတို့လူများကို အမြန်ပြန်ခေါ်သွားကြသည်။ တခဏချင်းမှာပင် ပညာရှင်တင်း၏လူတစ်ရာကျော်ရှိနေသော အဖွဲ့က သူတို့၏မိသားစုဝင် လူတစ်ဒါဇင်လောက်သာ ကျန်‌နေတော့သည်။

ပညာရှင်တင်း လုယက်ခံရပြီးနောက်တွင် သူက ခြေကို ဆောင့်လိုက်ပြီး “လူယုတ်မာတွေ၊ မင်းတို့က လူယုတ်မာတွေပဲ။ ငါ ခရိုင်တရားသူကြီးကို အကြောင်းကြားပြီး မင်းတို့ကို ခေါင်းဖြတ်ခိုင်းမယ်။ ငါ့စပါးတွေကို မြန်မြန်ပြန်ပေးကြစမ်း”

သို့သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။ အချိန်က မှောင်နေပြီဖြစ်ကာ အစားအသောက် လုယူသွားသူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ရှင်းရှင်းလင်းလင်း မြင်ရလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ ဤနေရာတွင် ဒုက္ခသည်များစွာ ရှိနေပြီး လူအုပ်ထဲသို့ ရောက်သွားလျှင် သူတို့ကို ဘယ်နည်းနှင့်မျှ ပြန်ရှာနိုင်တော့မည် မဟုတ်ပေ။

ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် မြွေသားဝယ်ရန် မလာရဲကြတော့ပေ။ ထို့ကြောင့် ကျိရွှေရှန့်က အ‌ဒေါ်ချိုးကို လှမ်းခေါ်ကာ လူတိုင်းအတွက် ဝေမျှခွင့်ပေးလိုက်တော့သည်။

လွန်ခဲ့သော အခိုက်အတန့်တွင် သူက အသားဆယ်ဇွန်းကျော်စာ ရောင်းထားခဲ့ပြီး ငွေလေးဆယ့်ငါးလျန် ရထားပြီး ဖြစ်သည်။ ယခင်ရောင်းချမှုမှ ရရှိခဲ့သော ငွေနှစ်ဆယ့်ရှစ်လျန်ဖြင့် ပေါင်းလျှင် ထောင်ဟွားဝူအဖွဲ့၌ ငွေခုနစ်ဆယ်သုံးလျန် ရှိနေပြီ ဖြစ်သည်။

စပါးဈေးက တစ်ဟူ(တစ်ရှစ်)လျှင် ငွေဆယ်လျန်အထိ တက်လာလျှင်ပင် ကျင့်ချန်သို့ သွားသောလမ်းတွင် ဤငွေဖြင့် စပါး ခုနှစ်ဟူ ဝယ်နိုင်သေးသည်။

(တစ်ဟူဆိုတာက ရှေးခတ်တရုတ်အချိန်အတွယ်ပါ၊ တို့ဆီမှာဆို တင်းလိုမျိုးပေါ့၊ ပမာဏကတော့ ထုထည်နဲ့တွက်ရင် ရေငါးဆယ်လီတာပုံးနဲ့ အတူတူပဲလို့ ပြောတယ်၊ အလေးချိန်ဆိုရင်တော့ ၂၇ ကျင်တဲ့)

ထောင်ဟွားဝူမှလူများက မြွေသားများအားလုံးကို စားလိုက်ကြကြောင်း တွေ့လိုက်ရချိန်တွင် အခြားဝယ်ချင်သူများ စိတ်မကောင်းဖြစ်သွားရသည်။ ၎င်းက နှစ်တစ်ထောင်သက်တမ်းရှိ ဧရာမစပါးအုံးမြွေအသားဖြစ်ပြီး သူတို့၏ တစ်သက်တာတွင် ဤတစ်ကြိမ်သာ စားနိုင်မည်ဖြစ်သည်။

စိတ်မကောင်းလိုက်တာ၊ ငါတို့က အရမ်း သနားစရာကောင်းတာပဲ။

ကျိရွှေရှန့်၏လိမ်ညာမှုက အတော်လေး ထိရောက်ခဲ့ပြီး  ဤဧရာမစပါးအုံးမြွေကြီးက အနှစ်တစ်ထောင် သက်တမ်းရှိသော စပါးအုံးမြွေကြီးဟု လူတိုင်းက ထင်မှတ်သွားကြသည်။

သူတို့ ဗိုက်ပြည့်သွားပြီးနောက် ကောင်းကင်ကြီးက လုံးဝမှောင်မိုက်သွားတော့သည်။ လက်ရှိတွင် ထွက်ပြေးနေကြသော  ဒုက္ခသည်အရေအတွက်က သူတို့စတင်ထွက်လာသည့်အချိန်ထက် ပိုမိုများပြားနေပြီး ယခုအချိန်တွင် ဤနေရာ၌ ဒုက္ခသည် ရာနှင့်ချီ၍ စုရုံးရောက်ရှိနေသည်။ ဤဒုက္ခသည်များက သာမန်လူများနှင့် မတူဘဲ လူတစ်ဦးတည်းပင် လုယက်ရဲကြသည်။

ကျိရွှေရှန့်က သူ့လူများကို တင်းကြပ်စွာ စောင့်ကြပ်ပေးထားပြီး အဖွဲ့၏ ရှေ့၊ နောက်၊ ဘယ်၊ ညာ အားလုံးကို မီးထွန်းရန် လီတာ့နျိုကို အမိန့်ပေးလိုက်သည်။ အမျိုးသမီးများနှင့် ကလေးများက အတွင်းဘက်အကျဆုံး စက်ဝိုင်းတွင် အိပ်ကြရပြီး၊ လူအိုများက အပြင်ဘက်တွင် အိပ်ကြရသည်။ ထောင်ဟွားဝူမှ သန်မာသော ယောက်ျားများက ပြင်ပစက်ဝိုင်းတွင် အိပ်ကြပြီး ကင်းလှည့် စောင့်ကြည့်ရန် လူများ စေလွှတ်ထားသေးသည်။

စူးချင်းနှင့် ကျိရှောင်ယင်တို့က လှည်းဘေးတွင် ခင်းထားသည့် အိပ်ယာပေါ်တွင် အိပ်ရန် ပြင်ဆင်နေပြီး ချိုးယွဲ့က သူမ၏အမေကို ဆွဲခေါ်ကာ ကျိရှောင်ယင်အနားတွင် အိပ်ရန် ပြေးသွားတော့သည်။

စူးချင်းက အလွန်အစွမ်းထက်ကြောင်း ချိုးယွဲ့က သိနေပြီး အကယ်၍ တစ်စုံတစ်ယောက်က အပြင်မှ ပြေးဝင်လာလျှင် စူးချင်းက ထိုလူကို ရိုက်နှက်မောင်းထုတ်ပေလိမ့်မည်။

လီရွှမ်းအာ၊ သူမ၏အမေ နှင့် သူမ၏ယောင်းမတို့ကလည်း စူးချင်းနှင့် နီးကပ်စွာ အိပ်ချင်နေကြသည်။ လီရွှမ်းအာက စူးချင်းကို သဘောကျပြီး သူမဘေးတွင် ရှိနေလျှင် လုံခြုံသည်ဟု ခံစားရသည်။ စူးချင်းက လီရွှမ်းအာကို မကြိုက်တာမျိုးမရှိသည့်အတွက် သူမ ဆန္ဒရှိသလို လုပ်ခွင့်ပေးထားခဲ့သည်။

ထောင်ဟွားဝူမှ အမျိုးသမီးများအားလုံးက သဘောတူညီမှု ရရှိထားပုံဖြင့် သူမတို့အားလုံးက စူးချင်းနှင့် နီးနီးကပ်ကပ် အိပ်ချင်နေကြသော်လည်း လီရွှမ်းအာနှင့် ချိုးယွဲ့တို့က စူးချင်းအနားတွင် နေရာယူထားပြီးသည်ကို တွေ့လိုက်ရသောကြောင့် သူမတို့က အပြင်မှာသာ အိပ်နိုင်ကြတော့သည်။ အပြန်ပြန်အလှန်လှန် ရွေ့လျားနေရာ ယူကြပြီးနောက် စူးချင်းနှင့် ကျိရှောင်ယင်တို့က အလယ်တွင် ရှိနေပြီး ဘေးအကင်းဆုံးအနေအထားလည်း ဖြစ်နေခဲ့သည်။

စူးချင်းလည်း အနားယူရန် အချိန်ရလိုက်သည်။ သူမက မြွေနှင့် တိုက်ခိုက်ခဲ့ရပြီး တနေ့တာလုံး  ခရီးရှည် ထွက်ခဲ့ရသည့်အတွက် မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ မြွေသားကို ချက်ပြုတ်ရာမှာ သူမ၏ချက်ပြုတ်မှုစွမ်းရည်ကို အဆင့်သေးရှစ်နေရာအထိ မြှင့်တင်နိုင်ခဲ့ပြီး သူမ နောက်တစ်ဆင့်တက်နိုင်ရန်အတွက်  နောက်ထပ်အဆင့်သေးနှစ်ခုစာသာ လိုအပ်တော့သည်။

စူးချင်းက ကတိုးသမင်ကို ကြော်ပြီး စားနိုင်ရန် နောက်နေ့ နံနက်စောစော ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ ဟင်းလျာအသစ်များ ပြုလုပ်နေသရွေ့ သူမ လျင်မြန်စွာ အဆင့်တက်နိုင်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။

ညက အနည်းငယ် ပိုအေးလာပြီး ကျိရှောင်ယင်က အအေးဒဏ်ကို ခံစားလိုက်ရသောကြောင့် စူးချင်းဘက်သို့ တိုးသွားလိုက်သည်။ စူးချင်း၏မျက်လုံးများက ပွင့်လာပြန်သည်။ သူမက အခြားသူများနှင့် ရင်းနှီးရခြင်းကို အသားမကျသေးပေ။ သူမက ကျိရှောင်ယင်ကို လှည့်ကြည့်လိုက်ပြီး ကျိရှောင်ယင်က  ကလေးတစ်ယောက်ကဲ့သို့ အိပ်ပျော်နေသည်ကို သူမ တွေ့လိုက်ရသည်။ ကောင်မလေး၏ဦးခေါင်းက သူမပခုံးပေါ်တွင် မှီနေပြီး ကောင်မလေး၏လက်များက သူမ၏လက်မောင်းကို ရစ်တွယ်ထားသည်။

စူးချင်းထံတွင် ကျိရှောင်ယင်ကို တွန်းထုတ်နိုင်သည့် နှလုံးသားမရှိသောကြောင့် သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားရန်သာ ခွင့်ပြုလိုက်ရတော့သည်။

"ရွှေရှန့် သွားအိပ်လိုက်ပါ။ ငါ ကင်းလှည့်ပေးမယ်" ချိုးယုံခန်း၏ အသံ ထွက်ပေါ်လာသည်။

စူးချင်းက သူတို့၏စကားသံကြားရသည့်နေရာသို့ လှမ်းကြည့်လိုက်ရာ သူတို့က အနောက်ဘက်ခြမ်းတွင် ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ မီးပုံးပေါ်မှ မီးလျှံများက ကခုန်နေပြီး အလင်းရောင်က ကျိရွှေရှန့်၏မျက်နှာကို လင်းလက်စေကာ သူ့အမူအရာက မသေချာမရေရာ ဖြစ်နေပုံရသည်။

✍️✍️✍️