Chapter 40 မိန်းကလေးများကို ခိုးယူသူများ
Viewers 17k

အခန်း ၄၀ မိန်းကလေးများကို ခိုးယူသူများ

ကောင်းပြီ”

ကျိရွှေရှန့်၏အသံက အနည်းငယ် ပျင်းရိနေပုံရသည်။ သူက သူ့လက်ထဲမှ ကောက်ဆွခက်ရင်းခွကို ချိုးယုံခန်းထံ လှမ်းပေးလိုက်ပြီး လှဲအိပ်ရန် အပြင်ဘက်အစွန်းဆီသို့ လျောက်သွားလိုက်သည်။ မကြာခင်မှာပင် သူ အိပ်ပျော်သွားပြီး ဟောက်သံထွက်လာတော့သည်။

စူးချင်းကလည်း သူမ၏မျက်လုံးကို မှိတ်ချလိုက်ပြီး အိပ်ပျော်ရန် ကြိုးစားလိုက်သည်။ ကျိရှောင်ယင်၏ကိုယ်အလေးချိန်ကြောင့် သူမဖိထားသည့် နေရာက ထုံကျင်နေသော်လည်း စူးချင်းက သူမ၏လက်ကို ဆွဲမထုတ်နေတော့ပေ။

သိုသော်လည်း ည၏ဒုတိယပိုင်းတွင် ဖရိုဖရဲဖြစ်လာခဲ့သည်။ လူတိုင်း အိပ်ပျော်နေသော ညအချိန်၏တိတ်ဆိတ်မှုကို အခွင့်ကောင်းယူကာ လူတချို့က လှုပ်လှုပ်ရှားရှား လုပ်လာကြသည်။ ကျိရွှေရှန့်နှင့် သူ၏လူများက အစောင့်အကြပ်ကို သေသေချာချာ တင်းတင်းကြပ်ကြပ် ချထားသောကြောင့် ထိုလူများက အခြားချမ်းသာသူများကိုသာ အာရုံစူးစိုက်ကြတော့သည်။

သူတို့က ကျေးကျွန်အနည်းငယ်သာရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူများကို ပစ်မှတ်ထားကြသည်။ ထို့အပြင် သူတို့က ပထမတစ်ခါ လုယက်ခဲ့ဖူးသော သခင်ကြီးတင်း၏အိပ်ထောင်စုကိုလည်း အဓိက ပစ်မှတ်ထားကြသည်။ အကျိုးဆက်အနေဖြင့် ငိုကြွေးသံ၊ အော်ဟစ်သံနှင့် ကျိန်ဆဲသံတို့က ည၏ တိတ်ဆိတ်ခြင်းကို အချိန်တစ်ခုကြာသည်အထိ  နှောက်ယှက်ဖျက်ဆီးနေခဲ့သည်။

ကျိရွှေရှန့်က ရုတ်တရက် ခုန်ထလာပြီး ထောင်ဟွားဝူမှလူများကလည်း အသင့်အနေအထား ပြင်ဆင်ကာ စောင့်ကြည့်နေကြသည်။ သူတို့ဘက်တွင် လုယက်ခြင်းမခံရသော်လည်း ကောင်းကောင်း အိပ်ရန် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည်။

ည၏နောက်ဆုံးတစ်ဝက်ကို အမျိုးသမီးများနှင့် ကလေးများ၏ အော်ဟစ်သံများဖြင့် ကုန်ဆုံးခဲ့ရပြီး မနက်မိုးလင်းချိန်၌ ညသန်းခေါင်တွင် မိသားစုအချို့မှ မိန်းကလေးများ ခိုးယူခံလိုက်ရသည်ဟု တစ်စုံတစ်ယောက် ပြောသံကို ကြားလိုက်ကြရသည်။

"အစ်မစူးချင်း၊ အဲ့ဒီကောင်မလေးတွေကို ဘယ်ကို ခေါ်သွားတာလဲ?" ကျိရှောင်ယင်က စူးချင်းကို မေးလိုက်သည်။ မိန်းခလေးများကို ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များ ငိုကြွေးနေသည်ကို မြင်ရခြင်းက သူမကို ကြောက်ရွံ့ဝမ်းနည်းစေခဲ့သည်။

ကောင်းတဲ့နေရာ‌တော့ ဖြစ်မှာ မဟုတ်ဘူး။ မင်း အဖွဲ့ထဲကနေ ထွက်ပြီး ဘယ်ကိုမှ တစ်ယောက်တည်း မသွားသင့်ဘူး”

စူးချင်းက ကျိရှောင်ယင်ကို ထိုမိန်းကလေးများ၏ကံကြမ္မာနှင့် ဖြစ်ပျက်နိုင်သည်များကို ပြောပြရန် နှလုံးသားမရှိသောကြောင့် သူမကို အဖွဲ့ထဲမှ မထွက်ခွာရန်သာ သတိပေးလိုက်သည်။

ထောင်ဟွားဝူတွင် လူတစ်ရာကျော်ရှိနေသော်လည်း အားလုံးက စည်းလုံးကြသည်။ ထိုကြောင့် မိန်းကလေးများကို လုယူချင်သူများက ပေါ်ပေါ်ထင်ထင် လာဝံ့ကြမည် မဟုတ်သော်လည်း မိန်းခလေးများ တစ်ယောက်တည်း ရှိနေချိန်တွင် အခွင့်ကောင်းယူခံရမည်ကိုတော့ စိုးရိမ်ရသေးသည်။ ထိုအချိန်က သူတို့အတွက် လှုပ်ရှားရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။

"ညီမ၊ အပေါ့သွား ချင်တယ်"

ကျိရှောင်ယင်၏မျက်နှာက နီရဲနေသည်။ သူမ မနေ့ညကတည်းက ဆီးသွားချင်နေသောလည်း ငိုသံများကြားလိုက်ရသောကြောင့် မသွားရဲတော့ခြင်းပင်။ ထို့ကြောင့် ယခုအချိန်တွင် သူမ တကယ် မထိန်းထားနိုင်တော့ပေ။

စူးချင်းက သူမလည်း အိမ်သာသွားချင်နေသောကြောင့် ကျိရှောင်ယင်ကို ပြန်ပြောလိုက်သည်။ "ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”

"ညီမစူးချင်း၊ ကျွန်မလည်း အစ်မတို့နဲ့ လိုက်ချင်မယ်" လီရွှမ်းအာက အမြန်ဖြတ်ပြောလိုက်ပြီး အသနားခံသည့်အမူအရာဖြင့် စူးချင်းကို လှမ်းပြောလိုက်သည်။

ထောင်ဟွားဝူမှ အခြားမိန်းကလေးများလည်း ရောက်လာကြပြီး စူးချင်းက သူမတို့ကို ကြည့်လိုက်ရာ သူမတို့အားလုံး ထိတ်လန့်နေသည်ကို တွေ့လိုက်ရသည်။

စူးချင်းက ဘာမှပြန်မပြောတော့ဘဲ သဘောတူလိုက်သည်။

ချိုးယွဲ့ကလည်း သူမတို့နောက်သို့ လိုက်ချင်နေသည်။ သို့သော်လည်း စူးချင်းက အေးစက်သောမျက်နှာဖြင့် သူမကို တစ်ချက်လှည့်ကြည့်လိုက်သောကြောင့် သူမ မလိုက်ရဲတော့ပေ။ သူမ နောက်မှလိုက်သွားလျှင် လူအများရှေ့၌ လှောင်ပြောင်ခံရမည်ကို သူမ စိုးရိမ်နေမိသည်။ စူးချင်းက ထောင်ဟွားဝူမှ မိန်းကလေးငယ်များကို တောထဲသို့ ခေါ်ဆောင်သွားပြီး ထိုမိန်းခလေးများက စိတ်လက်ပေါ့ပါးစွာ လိုက်ပါသွားသည်ကို သူမ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။

"ချိုးယွဲ့၊ ငါတို့နဲ့လိုက်ခဲ့!"

အဒေါ်ချိုးက ချိုးယွဲ့ကို ဆွဲခေါ်လိုက်သည်။ အဒေါ်လီနှင့် အခြားအမျိုးသမီးအနည်းငယ်လည်း သူမဘေးတွင် ရပ်နေပြီး စုစုပေါင်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေသည်။

သူမတို့၏ပတ်ဝန်းကျင်က လူတော်တော်များများ ရှိနေသောကြောင့် အဆင်ပြေနိုင်သည်ဟု ချိုးယွဲ့က တွေးလိုက်ပြီး သူမ၏အမေနှင့်အတူ တောထဲသို့ လိုက်သွားခဲ့သည်။

တောထဲသို့ ဝင်လိုက်သည်နှင့် မိန်းခလေးတစ်ယောက်၏ ထိတ်လန့်တကြားအော်ဟစ်သံကို ကြားလိုက်ရပြီး ငှက်များ သစ်ပင်ပေါ်မှ ပျံပြေးသွားသည်ကို တွေ့လိုက်ရသည်။

ချိုးယွဲ့တစ်ယောက် အလွန်ကြောက်လန့်သွားပြီး သူမ၏မျက်နှာပင် ဖြူဖျော့သွားသည်။

မိန်းခလေးတွေကို ဖမ်းဖို့ တောထဲမှာ ခြုံခိုပုန်းအောင်းနေတဲ့ လူတောင် တကယ်ရှိနေတယ်လား?

"အမေ၊ အစ်ကိုကြီးနဲ့ တခြားသူတွေကို သွားခေါ်ရအောင်!"

ချိုးယွဲ့က သူမအမေ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမ၏အမေကို တောထဲသို့ မဝင်စေဘဲ နောက်သို့ ပြန်ဆွဲထားလိုက်သည်။

ဒါက အရမ်းကြောက်စရာကောင်းတယ်။ စူးချင်းကို သွားရှာရအောင်!" အ‌ဒေါ်လီက အ‌ဒေါ်ချိုးကို လှမ်းပြောလိုက်သသည်။

ကျန်းမိသားစုမှ ချွေးမတစ်ယောက်ကလည်း အလျင်အမြန် ခေါင်းညိတ်သဘောတူလိုက်သည်။

စူးချင်းမှာ သူမတို့ကို ကာကွယ်နိုင်စွမ်း ရှိတယ်လေ။

ချိုးယွဲ့က လူတိုင်းနှင့် အတူတူ လိုက်သွားရမည် ဖြစ်သောကြောင့် စူးချင်းကို သွားရှာလျှင် သူမနှင့် မဆိုင်ဟုသာ တွေးထားလိုက်သည်။

စူးချင်းကလည်း ထိုမိန်းခလေး၏အော်ဟစ်သံကို ကြားလိုက်သည်။ သို့သော်လည်း သူမက ထိုမိန်းခလးကို ကယ်တင်ရန် မသွားနိုင်ခဲ့ပေ။ သူမ ထွက်သွားချိန်၌ ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ အန္တရာယ်ဖြစ်မည်ကို သူမ စိုးရိမ်နေရသေးသည်။

အပြင်လူနဲ့ ကိုယ့်လူကြားမှာ ရွေးရရင်တော့ ကိုယ့်လူကိုပဲ အရင် ကာကွယ်ရမယ်လေ။

သူမတို့ဘက်တွင်လည်း တစုံတယောက် ပုန်းအောင်းကာ ချောင်းမြောင်းနေမည်ကို စိုးရိမ်သောကြောင့် စူးချင်းက တုတ်ခိုင်သော နွယ်ပင်တစ်ပင်ကို ဆွဲဖြတ်ကာ ထိုနွယ်ကြိုးကို ကြာပွတ်သဖွယ် အသုံးပြုပြီး ပတ်ပတ်လည်ရှိ ချုံပုတ်များကို လှမ်းရိုက်လိုက်သည်။ ချုံပုတ်ထဲတွင် ပုန်းနေသော လူများကလည်း မိန်းကလေးများကို ဖမ်းရန် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သောကြောင့် လက်မလွှတ်နိုင်ပေ။ မိန်းကလေး အနည်းငယ်မျှသာရှိပြီး ယောက်ျားများ မရှိသည်ကို မြင်လိုက်ရသဖြင့် သူတို့က မိန်းကလေးများကို ဖမ်းရန် ခုန်ထွက်လာကြသည်။

ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က အလွန်ထိတ်လန့်သွားပြီး စူးချင်း၏နောက်သို့ ဝင်ပုန်းနေကြသည်။ စူးချင်းက တုတ်ခိုင်သော နွယ်ပင်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းကာ ထိုလူများကို ရိုက်နှက်တော့သည်။ သူတို့က သူတို့၏ခေါင်းများကို အုပ်ကာ ကြွက်များကဲ့သို့ ထွက်ပြေးသွားပြီး မူလက သူတို့ထံမှ ဖမ်းဆီးခြင်းကို ခံခဲ့ရသော မိန်းကလေးများက တုန်တုန်ယင်ယင်ဖြင့် ပြန်ထွက်ပြေးလာကာ စူးချင်း၏နောက်တွင် ပုန်းအောင်းရန် ကြိုးစားနေကြသည်။

မြန်မြန် အပေါ့အပါးစွန့်လိုက်ကြ” စူးချင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ မိန်းကလေးများက သူမတို့၏ ဇီဝပြဿနာကို ဖြေရှင်းရန် သူမတို့၏ဘောင်းဘီများကို အမြန်ချွတ်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။

အ‌ဒေါ်ချိုးနှင့် အ‌ဒေါ်လီတို့က စူးချင်း၏ ရဲစွမ်းသတ္တိကို မြင်သွားပြီး ချိုးယွဲ့ကို အမြန်ဆွဲခေါ်ကာ အပေါ့အပါးစွန့်ရန် ရောက်ရှိလာသည်။

ထိုနေရာက ကြီးမားသော နေရာကျယ်တစ်ခု ဖြစ်နေသောကြောင့် ချုံပုတ်များ၏အပြင်ဘက်တွင် နွယ်ကြိုးကို ကိုင်ကာ ရပ်စောင့်နေသည့် စူးချင်း၏မျက်နှာက မည်းမှောင်သွားသည်။ သူမက ဤမျှလောက်သော လူများနှင့်အတူ အပေါ့အပါး မသွားနိုင်ပေ။

ထောင်ဟွားဝူမှ အမျိုးသမီးများ သူမတို့၏ပြသနာကို ဖြေရှင်းပြီးချိန်တွင် စူးချင်းက သူမတို့ကို အရင်ပြန်သွားခိုင်းလိုက်ပြီး တောနက်သည့်နေရာသို့ သွားရန် ပြင်လိုက်သည်။

"အစ်မ၊ အန္တရာယ်များနိုင်လား?"

ကျိရှောင်ယင်က စူးချင်းကို စိတ်ပူနေပြီး စူးချင်းကို စောင့်ရှောက်ရန် အတူလိုက်ချင်နေသည်။

"ပြန်သွားလိုက်ပါ၊ စောင့်ကြည့်ခံရတာကို ငါ အသားမကျသေးဘူး” စူးချင်းက ကျိရှောင်ယင်ကို သူမနောက်သို့ မလိုက်ရန် တားဆီးလိုက်သည်။ သူမ အိမ်သာသွားနေချိန်တွင် စောင့်ကြည့်ခံရသည့် အလေ့အထကို သူမ သည်းမခံနိုင်သေးပေ။

တောအုပ်ထဲသို့ ဝင်ပြီးနောက် စူးချင်းက အတော်အတန် မြင့်သောသစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို ငုံ့ကြည့်လိုက်သည်။ အနီးနားတွင် မည်သူမျှမရှိကြောင်း သေချာစေပြီးမှ သူမက သစ်ပင်ပေါ်မှ ခုန်ဆင်းကာ သူမ ရွေးချယ်ထားသည့် နေရာသို့ လျောက်သွားလိုက်သည်။

လက်ရှိခေတ်ကာလတွင် အိမ်သာသုံးစက္ကူများ မရှိသောသောကြောင့် ကိစ္စရှင်းပြီးချိန်တွင် အိမ်သာသုံးစက္ကူအစား သစ်ရွက်ကြီးများကို သုံးလေ့ရှိကြသည်။ စူးချင်းလည်း ထိုဓလေ့ကို ကျင့်သုံးရတော့သည်။

အဓိကပြသနာက ထိုသစ်ရွက်များက အပြည့်အဝ မသန့်ရှင်းပေးနိုင်ဘဲ ခန္ဓာကိုယ်မှ အနံ့ဆိုးများ ထွက်လာတက်သည်။ စူးချင်းက အိမ်သာသွားပြီးတိုင်း သူမကိုယ်သူမ သန့်စင်ရန် စနစ်ထဲမှ ရေထည့်ထားသည့် ဝါးကျဥ်ကို ထုတ်ယူလေ့ရှိသည်။

သူမ နောက်ဆုံး ရေချိုးခဲ့သည်မှာ လေးရက်ရှိနေပြီ ဖြစ်ပြီး နေ့တိုင်း ချွေးတလုံးလုံးဖြင့် ပြေးလွှားနေရသေးသည်။ စူးချင်းက သူမ၏ခန္ဓာကိုယ်ပေါ်မှ ချဉ်စုတ်နေသောအနံ့ကို သည်းမခံနိုင်တော့ပေ။

ရေ မရှိရင် နံစော်ပြီး သေရတော့မှာ မဟုတ်ဘူးလား?

ရှောင်ချီ၊ အနီးအနားမှာ ရေရှိလား?” စူးချင်းက ရှောင်ချီကို မေးလိုက်ပြီး ဝတုတ်လေးရှောင်ချီက စိတ်ဆင်းရဲစွာဖြင့် ခေါင်းကုတ်လိုက်သည်။

သခင်က သူမကို ထောက်လှမ်းရေးလိုမျိုး ဆက်ဆံနေပြန်ပါပြီ။

သို့သော်လည်း စူးချင်းမေးလိုက်သည်နှင့် ရှောင်ချီက သူမ၏တင်ပါးဖောင်းဖောင်းလေးကို တွန့်လိမ်ကာ ရေအရင်းအမြစ်ရှာရန် စခရင်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ရုတ်တရက်  စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။ “သခင်၊ တောင်ဘက် ငါးလီလောက်မှာ ရေအရင်းအမြစ်တစ်ခု ရှိတယ်”

စူးချင်းက ထိုနေရာကို မှတ်သားလိုက်သည်။ ရေကို တွေ့တာနဲ့ ဘာရေပဲဖြစ်ဖြစ် ငါ ရေချိုးရမယ်။

စူးချင်းက တောထဲတွင် လမ်းလျှောက်နေရင်း ရုတ်တရက် အသံတိုးတိုးတစ်ခု ကြားလိုက်ရသည်။ ထိုအသံက အချိန်အနည်းငယ်သာ ထွက်လာပြီး ပြန်ရပ်သွားသည်။

စူးချင်းက ရဲရင့်ပြီး လိမ္မာပါးနပ်သူ ဖြစ်သည်။ သူမက တောထဲမှ အလျင်အမြန် ပြန်ထွက်လိုက်သော်လည်း ရုတ်တရက် မိုးပေါ်င်မှ ပိုက်ကွန်ကြီးတစ်ခု ပြုတ်ကျလာပြီး သူမကို ဖမ်းမိသွားသည်။ ထိုပိုက်ကွန်ကို တုတ်ခိုင်သော နွယ်ကြိုးများဖြင့် ရက်လုပ်ထားပြီး ပိုက်ကွန်က အလွန်ခိုင်ခံပုံရသည်။

"မိန်းမယုတ်၊ မင်းက ငါတို့ရဲ့ အစီအစဥ်တွေကို ဖျက်ဆီးရဲတယ်ပေါ့။ ငါတို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြပေးမယ်။ ဒီတစ်ခါတော့ မင်းမှာ အတောင်ပံတွေရှိရင်တောင် မင်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ မင်းကို နေရာကောင်းကို ပို့ပေးမယ်။ မင်းအပေါ်ကို လူထောင်ချီတက်ပြီး မင်းက ထောင်သောင်းချီတဲ့ လူတွေနဲ့ အိပ်ရလိမ့်မယ်။ ညတိုင်းညတိုင်း မင်းရဲ့သတို့သားက ပြောင်းလဲနေလိမ့်မယ်"

စူးချင်ထံမှ အညိုအမဲ ဆွဲအောင် အရိုက်နှက်ခံခဲ့ရသော လူအနည်းငယ်က သစ်ပင်နောက်ကွယ်မှ ထွက်လာပြီး ခေါင်းဆောင်ဖြစ်ဟန်တူသူက စူးချင်းကို ပြုံးပြနေသည်။

သူတို့အပြင် ကြိုးချည်ခံထားရပြီး ပါးစပ်များကို ပိတ်ဆို့ ခံထားရသော တခြားမိန်းကလေး သုံးယောက်ကိုလည်း ဆွဲခေါ်လာကြသည်။ ထိုမိန်းခလေးများက ကြောက်လန့်တုန်လှုပ်နေကြပြီး သူမတို့၏မျက်နှာများတွင် မျက်ရည်များ ပြည့်နှက်နေကာ စိတ်ပျက်အားငယ်နေသော အမူအရာများ ပြည့်နှက်နေသည်။

ခေါင်းဆောင်၏လက်အောက်ငယ်သားတစ်ယောက်က သူ့၏မျက်နှာကို အုပ်ပြီး သူ့၏ခေါင်းဆောင်ကို သတိပေးလိုက်သည်။ "ခေါင်းဆောင်၊ ဒီမိန်းမက အရမ်းကြမ်းတမ်းတယ်"

ခေါင်းဆောင်ဟု အခေါ်ခံရသေသာသူက မျက်နှာ ချွန်ချွန်နှင့် ပိန်ပိန်ပါးပါး ဖြစ်ပြီး မျောက်တစ်ကောင်နှင့် တူလွန်းလှသည်။ သူ၏ ကျောကုန်းကလည်း ကိုင်းကျနေပြီး သူက သိုင်းသမားဝတ်စုံကို ၀တ်ဆင်ထားသော်လည်း သူ့ထံတွင် ခေါင်းဆောင်တစ်ယောက်၏ဟန်ပန်မျိုး မရှိပေ။

သူက ဆေးတစ်ထုပ်ကို ထုတ်လိုက်ပြီး သူ့၏လက်အောက်ငယ်သားထံ ပစ်ပေးလိုက်သည်။

သူ(မ)ကို ဒီဆေး ရှူခိုင်းလိုက်။ ဒါနဲ့ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်ဘုံက မသေမျိုးနတ်ဘုရားတွေတောင် ငါတို့လက်ကနေ မလွတ်မြောက်နိုင်ဘူး”

စူးချင်းက လေထဲသို့ ဆွဲတင်ပြီး ချိတ်ဆွဲခံထားရသည်။ သူမက နွယ်ပင်များကို ဖြတ်ထုတ်ရန် ကြိုးစားနေခဲ့သေည်လည်း သူမလက်ထဲတွင် ဘာလက်နက်မှ မရှိသောကြောင့် သူမ၏ကြိုးစားမှုက အရာမထင်ပေ။

စူးချင်းက ဓားထုတ်ပေးရန် ရှောင်ချီကို အမိန့်ပေးခါနီးတွင် မြင့်မားသောပုံရိပ်တစ်ခု အပြေးရောက်လာပြီး သူ့လက်ထဲမှ ဓားမြှောင်လေးတစ်ချောင်း ပြေးထွက်လာကာ နွယ်ကြိုးများကို ဖြတ်တောက်ပစ်လိုက်သည်။

✍️✍️✍️