အခန်း ၄၃ စူးချင်းက
ငါ့ကို သတ်ချင်နေတာ
ချိုးယွဲ့က ရေခိုးများမှတဆင့်
ကမ်းစပ်တွင် ရပ်နေကာ သူမကို အေးစက်စွာ ကြည့်နေသည်ကို စူးချင်းကို မြင်နေရသည်။ သူမ၏
အကြည့်များက ငရဲကဲ့သို့ မှုန်မှိုင်း နက်မှောင်နေပြီး ကြောက်စရာကောင်းလှသောကြောင့်
ချိုးယွဲ့က သူမ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
သူမ ငယ်ငယ်ရွယ်ရွယ်နဲ့
ဒီမိန်းမ သတ်တာကို ခံရတော့မှာလား?
ကျိရှောင်ယင်က ချိုးယွဲ့ကို
ကယ်တင်ပေးရန် စူးချင်းကို တောင်းပန်ချင်နေသော်လည်း စူးချင်း၏နက်မှောင်သော
အမူအရာကို မြင်နေရသောကြောင့် သူမလည်း ဘာမှ မပြောဝံ့ပေ။ သို့သော်
ကြင်နာသောမိန်းကလေးက ချိုးယွဲ့ရေနစ်သေဆုံးတော့မည်ကို ရပ်ကြည့်မနေနိုင်ပေ။ သူမက ထရပ်လိုက်ပြီး
ရေကန်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလိုက်သော်လည်း စူးချင်းက သူမကို ဖမ်းဆွဲထားလိုက်သည်။
"အစ်မ၊ သူ(မ)က သေဖို့ မထိုက်တန်ပါဘူး" ကျိရှောင်ယင်က စူးချင်းကို
အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။
ချိုးယွဲ့၏ရုန်းကန်မှုများက
တဖြည်းဖြည်း လျော့နည်းလာပြီး သူမ အင်အားများ ဆုံးရှုံးနေသည်ကို မြင်နေရသော်လည်း စူးချင်းကတော့
လုံးဝ မတုန်လှုပ်ပေ။
ထိုအခိုက်အတန့်တွင်
တစ်စုံတစ်ယောက်က ရေထဲသို့ ခုန်ဆင်းသွားခဲ့သည်။
ကျန်းယွိရန်က ချိုးယွဲ့ဘက်သို့
ကူးခတ်နေပြီး သူမက ရေထဲတွင် အဆင်ပြေပြေ ကူးခတ်နိုင်သော်လည်း တစ်စုံတစ်ယောက်ကို
ကယ်တင်ခြင်းကတော့ သူမအတွက် ပထမဆုံးအကြိမ်သာ ဖြစ်သည်။ သူမက ကိုးရိုးကားရားပုံစံဖြင့်
ချိုးယွဲ့၏လက်ကို လှမ်းဆွဲကာ ကမ်းပေါ်သို့ ပြန်ဆွဲတင်ရန် ကြိုးစားလိုက်သည်။
တစ်စုံတစ်ယောက်က
သူမကို ဆွဲနေသလို ခံစားလိုက်ရချိန်တွင် ချိုးယွဲ့က သူမက ထိတ်လန့်တုန်လှုပ်သွားပြီး
ရှင်သန်မှုဗီဇအရ သူမထံတွင် ခွန်အားတစ်ခု ဖြစ်လာကာ ကျန်းယွိရန်ကို တင်းတင်းကြပ်ကြပ်
ပွေ့ဖက်ထားလိုက်သည်။
ထိုအပြုအမူကြောင့် ကျန်းယွိရန်လည်း
မလှုပ်နိုင်ရှားနိုင်တော့ပဲ သူမ၏ ပင်ကိုယ်အသိအရ သူမ ကြောက်လန့်သွားတော့သည်။
ချိုးယွဲ့က သူမကို ရေထဲဆွဲချဖို့
ကြိုးစားနေတာလား?
"ကူညီကြပါဦး! အစ်မစူးချင်း ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ!" ကျန်းယွိရန်က
ကြောက်လန့်တကြား အော်ဟစ်နေပြီး စူးချင်းထံမှ အကူအညီတောင်းနေခဲ့သော်လည်း ချိုးယွဲ့က
သူမကို ရေထဲသို့ ဆွဲခေါ်သွားတော့သည်။
“အစ်မ”
ကျိရှောင်ယင်က
အလွန်စိုးရိမ်နေပြီး သူမကိုယ်တိုင် ရေထဲသို့ ပြေးဆင်းချင်နေသော်လည်း စူးချင်းက
သူမကို တားဆီးကာ အခြားမိန်းကလေးများအား သူမကို စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။
ထို့နောက် သူမက ရေထဲသို့ ခုန်ဆင်းကာ ကျန်းယွိရန်နှင့် ချိုးယွဲ့ပြုတ်ကျသည့်နေရာသို့
ငါးတစ်ကောင်လို အမြန်ကူးခတ်သွားခဲ့သည်။
ရေထဲသို့ ရောက်သောအခါ
ချိုးယွဲ့က ကျန်းယွိရန်ကို လက်နှစ်ဖက်ဖြင့်သာမက ခြေနှစ်ချောင်းပါ ကုတ်တွယ်ထားသည်ကို
စူးချင်း တွေ့လိုက်ရသည်။ ချိုးယွဲ့က ကျန်းယွိရန်၏ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ရစ်ပတ်ထားပြီး
ရေဘဝဲတစ်ကောင်နှင့်တူနေတော့သည်။ ကျန်းယွိရန်က ချိုးယွဲ့ကြောင့် ရေမကူးနိုင်တော့ဘဲ
အသက်ရှုမဝပင် ဖြစ်နေကာ သူမ၏မျက်နှာကလည်း နီရဲလာသည်။ ချိုးယွဲ့က သူမကို ဆွဲခေါ်ကာ
ရေနှစ်သတ်တော့မည် ဖြစ်သည်။
စူးချင်းက ချိုးယွဲ့၏ဆံပင်ကို
လှမ်းဆွဲလိုက်ပြီး သူမကို ဆွဲတင်လိုက်သည်။ ချိုးယွဲ့က ရေဘဝဲတစ်ကောင်ကဲ့သို့ ကျန်းယွိရန်ကို
ကုတ်တွယ်ထားဆဲဖြစ်ကာ ရေထဲမှ ထွက်လာချိန်တွင်ပင် လက်မလွှတ်သေးပေ။ ရေပေါ်သို့ ပြန်ပေါ်လာသည်နှင့်
တပြိုင်နက် ကျန်းယွိရန်က အသက်ကို ပြင်းပြင်းရှုနေကာ သူမ၏နှလုံးသားထဲတွင်
စိုးရွံ့မှုများ ခံစားနေရသည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်းက သူမကို ကယ်တင်ပေးခဲ့ပြီး
စူးချင်းသာ လျစ်လျူရူထားလျှင် သူမလည်း ချိုးယွဲ့နှင့်အတူ
ရေနစ်သွားပေလိမ့်မည်။
စူးချင်းက သူမတို့နှစ်ယောက်ကို
ကမ်းပေါ်ဆွဲတင်ပြီး ထိုနေရာတွင် ချန်ထားခဲ့လိုက်သည်။ ကျိရှောင်ယင်က သူမတို့၏အခြေအနေကို
စစ်ဆေးရန် အမြန်ပြေးသွားခဲ့ပြီး ကျန်းယွိရန်က
ရေအနည်းငယ်သာ ရှိုက်မိသွားပြီး အဆုတ်ကို မထိခိုက်သောကြောင့် သူမ စိတ်သက်သာရာရသွားခဲ့သည်။
ချိုးယွဲ့၏ဗိုက်ကတော့
ရေများဖြင့် ပြည့်နေပြီ ဖြစ်ကာ ဖောင်းကားနေပြီး ကမ်းပေါ်သို့ ပြန်ရောက်ချိန်တွင် သူမ
သတိလစ်သွားခဲ့သည်။ သူမ မေ့မျောသွားသော်လည်း သူမက ကျန်းယွိရန်ကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားဆဲပင်။ တခြားမိန်းကလေးများက သူမတို့ကို ခွဲထုတ်ရန် ကြိုးစားကြသော်လည်း
လုံးဝ မဖယ်ရှားနိုင်ကြပေ။
ကျန်းယွိရန်က သူမကိုယ်တိုင်လည်း
အသက်ရှုမဝ ဖြစ်နေပြီး ချိုးယွဲ့က သူမကို ကုတ်တွယ်နေသောကြောင့် သူမ ဒေါသထွက်လာပြီး
ချိုးယွဲ့ကို တွန်းဖယ်ကာ "ချိုးယွဲ့၊ ငါ့ကို လွှတ်။ နင်က ငါ့ကို သတ်လုနီးပါးပဲ!"
စူးချင်းက သူမတို့ကို
ဂရုမစိုက်ဘဲ သန့်ရှင်းသောအဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ပြီးနောက် သူမ ချွတ်ထားသောအဝတ်အစားများနှင့်
ကျိရှောင်ယင်၏အဝတ်များကို ယူကာ ရေလျှော်ရန် ရေကန်ဆီသို့ ပြန်သွားလိုက်သည်။
စူးချင်းက သူမ၏အဝတ်အစားများကို
လျှော်ဖွပ်ပေးနေသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်က ရှက်ရွံ့အားနာသွားရသည်။
"အစ်မ၊ ကျွန်မဘာသာ လျှော်ပါ့မယ်!"
သူမ အမြန်ပြေးသွားချင်သော်လည်း
သူမ၏ခြေလက်များ အားနည်းနေပြီး လမ်းလျှောက်ရင်း လဲကျလုနီးပါး ဖြစ်နေပြန်သည်။
"မင်းလည်း ငါ့အတွက် လျှော်ပေးခဲ့တယ်လေ"
စူးချင်းက နောက်သို့
ပြန်လှည့်မကြည့်သော်လည်း ကျိရှောင်ယင် စိတ်သက်သာရာရစေရန် ပေါ့ပေါ့ပါးပါး
ပြန်ပြောလိုက်သည်။
"အစ်မ၊ အစ်မချိုးယွဲ့ သေမှာလား?"
ကျိရှောင်ယင်က စူးချင်းကို
သေချာအောင် မေးမြန်းလိုက်သည်။ ချိုးယွဲ့၏မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများ
မှိတ်ကျနေကာ သူ့မ၏ဝမ်းဗိုက်က အလွန်ဖောင်းကားနေသောကြောင့် သူမ စိတ်ပူနေမိသည်။
"မသေနိုင်ပါဘူး"
စူးချင်း၏အသံက
အေးစက်နေသောကြောင့် ကျိရှောင်ယင်က ကြောက်လန့်သွားပြီး မေးခွန်းများ ထပ်မမေးရဲတော့ပေ။
သူမက အခြားမိန်းကလေးများနှင့်အတူ ချိုးယွဲ့ကို ပြုစုပေးရန် ပြေးသွားပြန်သည်။
ဤအဖြစ်အပျက်ပြီးနောက်တွင်
ရွာရှိမိန်းကလေးများက စူးချင်းကို ပို၍ ကြောက်လာကြသည်။ သို့သော် ချိုးယွဲ့က
ထိုအရာနှင့် ထိုက်တန်သည်ဟုလည်း သူမတို့ ခံစားနေရသည်။ ချိုးယွဲ့က သူမနှင့် သူမ၏အဘိုးကို
ကယ်တင်ပေးခဲ့သော စူးချင်းအပေါ် မည်သို့ ကျေးဇူးတင်ရမည်ကို မသိဘဲ တစ်ဖက်လူကို
အမြဲရန်စနေတက်သည်။ သူမကို မည်သူကို
ရန်မစသင့်မှန်းနားမလည်အောင် ဥာဏ်တိမ်လှသည်။
မိန်းကလေးများ၏
စောင့်ရှောက်မှုအောက်တွင် ချိုးယွဲ့၏ပါးစပ်ထဲမှ ရေများ တစ်ပွတ်ပြီးတစ်ပွတ် ပြန်ထွက်စပြုလာသည်။
ချိုးယွဲ့က ရေများကို အန်ထုက်နေပြီး သူမ၏အူများပင်
ထွက်ကျလာတော့မလို ခံစားနေရသည်။
သူမ အလွန်တုန်လှုပ်နေမိပြီး
ပူပြင်းသော နေရောင်အောက်မှာတောင် သူမ၏ခန္ဓာကိုယ်ထဲမှ အအေးဓာတ်ကို မထိန်းနိုင်ပေ။ ထိုကြောက်မက်ဖွယ်
အကြောက်တရားက သူမ၏ အရိုးများထဲသို့ပင် စိမ့်ဝင်နေတော့သည်။
ချိုးယွဲ့က စူးချင်းကိုပင်
မကြည့်ရဲတော့ပေ သူမ ထိုနတ်ဆိုးကို ထပ်ကြည့်မိလျှင် ထိုနတ်ဆိုးမကြီးက သူမကို ရေထဲသို့
နောက်တကြိမ်ပစ်ချပြီး ရေနစ်သွားမည်ကို သူမ ကြောက်နေမိသည်။
စူးချင်းက
အဝတ်လျှော်ပြီးသွားပြီ ဖြစ်ကာ သူမ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင်
ကောင်မလေးများက ချိုးယွဲ့အတွက် အလုပ်ရှုပ်နေသေးသည်ကို သူမ တွေ့လိုက်ရသည်။ သူမက
အဝတ်အစားများကို သစ်ကိုင်းတစ်ခုပေါ်တွင် ချိတ်ဆွဲကာ လှမ်းထားလိုက်ပြီး ငါးဖမ်းပိုက်
ရက်လုပ်ရန်အတွက် သေးငယ်သောနွယ်ပင်များကို ဆွဲချလိုက်သည်။
သူမက ငါးဖမ်းပိုက်ရက်လုပ်နည်းကို
မသိသော်လည်း ရှောင်ချီက သူမကို သင်ပေးနိုင်သည်။ စူးချင်းက ထက်မြက်ပြီး ပထမတစ်ကြိမ်တည်းဖြင့်
မည်သို့လုပ်ဆောင်ရမည်ကို နားလည်နိုင်ခဲ့သည်။ အစပိုင်းတွင် သူမက အနည်းငယ် နှေးကွေးနေခဲ့သော်လည်း
ပြီးခါနီးလေလေ ပိုမြန်လာလေ ဖြစ်သည်။
မိန်းကလေးများက ချိုးယွဲ့နှင့်
အလုပ်ရှုပ်ပြီးသောအခါတွင် စူးချင်းတစ်ယောက် ငါးဖမ်းပိုက် ရက်နေသည်ကို တွေ့လိုက်ရသည်။
သူမတို့က အံ့သြတကြီး ဖြစ်နေကြပြီး သူမတို့မျက်လုံးများဖြင့် သေသေချာချာ
လိုက်ကြည့်နေကြသော်လည်း သင်ယူရန် မတတ်ကြနိုင်ပေ။ သူမတို့၏မျက်လုံးများတွင် ရိုသေလေးစားမှုနှင့်
ပြည့်နှက်နေပြီး သူမတို့က စူးချင်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုကို
ကြောက်ရွံ့နေကြသော်လည်း စူးချင်း၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အစွမ်းအစကိုတော့ အလွန်သဘောကျနေကြသည်။
ကျိရှောင်ယင်ကလည်း စူးချင်း
ငါးဖမ်းပိုက်ကို ရက်နေသည်ကို တွေးသွားပြီး စပ်စုရန် ပြန်ရောက်လာခဲ့သည်။
"အစ်မ ငါးဖမ်းမလို့လား?"
"ဟုတ်တယ်၊ ရေထဲမှာ အနက်ရောက်ငါးတွေ အများကြီး ရှိတယ်"
စူးချင်းက ကျိရှောင်ယင်အပေါ်
အလွန်စိတ်ရှည်ပြီး သူမ မေးသမျှ မေးခွန်းတိုင်းကို ဖြေကြားပေးသည်။ ကျိရှောင်ယင်၏
ဖြူစင်သော မျက်လုံးများကို မြင်လိုက်တိုင်း သူမ၏ စိတ်ဝိညာဉ် သန့်စင်ပေးနေသလို
ခံစားရကာ သူမနှလုံးသားထဲမှ ရန်လိုမှုနှင့် မုန်းတီးမှုများ များစွာ ပြေလျော့သွားတက်သည်။
"အခု ရေထဲကို ငါးသွားဖမ်းတာလား?"
ကျိရှောင်ယင်က
မချင့်မရဲဖြစ်သွားပြန်သည်။
အစ်မစူးချင်းက ရေထဲကို
ငါးသွားဖမ်းမယ်လို့ သိရင် သူမ ရေထဲကို မဆင်းသွားပါဘူး၊ အခုတော့ အစ်မကို ဒုက္ခရောက်စေပြီ။
“အင်း”
စူးချင်းက ကျိရှောင်ယင်၏မျက်လုံးများမှ
ညှိုးနွမ်းနေသော အရိပ်လေးများကို မြင်လိုက်ပြီး ပြုံးလိုက်မိသည်။
သူမက
ဒီကောင်မလေးရဲ့ပူပန်မှုကို ခံစားနိုင်ပြီး အရမ်း နွေးထွေးနေသလို ခံစားရတယ်။
ငါးဖမ်းပိုက်ကို ရက်ပြီးနောက်
မိန်းကလေးများ၏ စိတ်လှုပ်ရှားနေသော အကြည့်များအောက်တွင် စူးချင်းက ပိုက်ကွန်ကို ရေထဲသို့
ပစ်ချလိုက်သည်။ သူမက အပေါ်မှ ပစ်နိုင်သော ပိုက်ကွန်အဝိုင်းကို ရက်လုပ်ထားသောကြောင့်
ပိုက်ကို ဆွဲရန် ရေထဲသို့ ဆင်းသွားစရာ မလိုဘဲ အပေါ်မှ ပစ်ချလိုက်သည်နှင့်
ငါးဖမ်းနိုင်မည် ဖြစ်သည်။
ရေကန်ထဲတွင် ငါးများ
အများအပြား ရှိနေပြီး ပိုက်ကွန်တစ်ခုတွင်ပင် ငါးအကောင် ၂၀ ကျော် ဖမ်းမိပြီး ပိုက်က
နိမ့်ဆင်းသွားသည်။ ထိုငါးများက ကြီးမားပြီး သူတို့၏ခွန်အားကလည်း ကြီးမားကာ
ရုန်းကန်မှုက ပြင်းထန်လှသည်။
စူးချင်းက သူမဘာသာ တစ်ယောက်တည်း
ပိုက်ကွန် ပြန်ဆွဲတင်ရန် အခက်တွေ့နေပြီး ကျိရှောင်ယင်က
ပထမဆုံး ပြေးလာကာ နောက်တွင် လီရွှမ်းအာ လိုက်ပါလာသည်။ အခြားမိန်းကလေးများအလည်း သူမတို့နှစ်ဦး
ကူညီပေးနေသည်ကို မြင်သွားပြီး ပြေးသွားကြသည်။ အားလုံးက ငါးဖမ်းပိုက်ကို ကမ်းပေါ်သို့
အတူဆွဲတင်လိုက်ကြသည်။
ဝဖြိုးနေသော ငါးနက်ကြီးများကို
မြင်လိုက်သည်နှင့် ထိုရိတ်သိမ်းမှု၏ပျော်ရွှင်ခြင်းကို မိန်းကလေးများအားလုံး
ခံစားနေရပြီး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ချိုးယွဲ့က တကိုယ်လုံး စိုစွတ်နေသော်လည်း
ဘေးဘက်သို့ တွန်းပို့ခံလိုက်ရသည်။ သူမက အလွန်ဒေါသထွက်နေကာ မျက်ရည်များ ဝဲနေသော်လည်း
ဘာမှ မပြောရဲတော့ပေ။
စူးချင်းက
ပိုက်ကွန်ထဲမှ ငါးများကို ကမ်းစပ်နှင့် မနီးမဝေးတွင် သွန်ချလိုက်ပြီး နောက်ထပ်တကြိမ်
ပိုက်ပြန်ချလိုက်သည်။ အစိမ်းရောင်ပိုက်ကွန်က ရေထဲသို့ ကျသွားပြီး ငြိမ်သက်နေသော ရေမျက်နှာပြင်ပေါ်တွင်
ရေလှိုင်းများ ဖြစ်ပေါ်လာသည်။ မိန်းကလေးများက ပိုက်ကွန်ကို ပြန်ဆွဲရန်
စောင့်ဆိုင်းနေရင်း အသက်ပင်ဝဝမရှုကြပဲ ရေထဲကိုသာ တညီတညွတ်တည်း ကြည့်နေကြသည်။
ချိုးယွဲ့က ဦးခေါင်းမှ
ခြေဖျားအထိ တုန်လှုပ်မှုကို ခံစားရပြီး သူမ၏ နှလုံးသားက ကြေကွဲခြင်းများနှင့်
ပြည့်နှက်နေသည်။ သူမက စွန့်ပစ်ခံလိုက်ရသလို ခံစားနေရပြီး ပါးပြင်ပေါ်သို့
မျက်ရည်များ စီးကျလာသည်။ စူးချင်းက သူမကို သတ်ချင်နေကြောင်း သူမအဘိုးနှင့် တခြားသူများကို
ပြန်ပြောပြချင်နေမိသည်။
ချိုးယွဲ့ ထွက်သွားသည်ကို
မည်သူမျှ မသိကြဘဲ လူတိုင်းက ပိုက်ကွန်ကို အစွမ်းကုန် ဆွဲတင်နေကြပြီး ကျိရှောင်ယင်ကတော့
ပျော်ပျော်ရွှင်ရွှင် အော်ဟစ်နေသေးသည်။
“လာ၊
လာ။ အားနဲ့ ဆွဲကြ၊ ဆွဲပြီးရင် ငါတို့ စားဖို့ ငါး ရှိတော့မယ်"
မိန်းခလေးများက
သူမ၏အမိန့်အောက်တွင် ပို၍ပင် အလုပ်ကြိုးစားနေကြသည်။ စူးချင်းက ဤခံစားချက်ကို
ရုတ်တရက် သဘောကျသွားသည်။ သတ်ဖြတ်ရခြင်းမျိုး မရှိဘဲ အားလုံး အတူတကွ
ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေထိုင်နိုင်ကြသည်။
သူမ၏ပါးစပ်ထောင့်များက
အမှတ်တမဲ့ ပင့်တက်သွားပြီး သူမလည်း ငါးဖမ်းပိုက်ကို အစွမ်းကုန် ဆွဲတင်လိုက်သည်။
ယခုတစ်ကြိမ်တွင်
ငါးကောင်ရေ ၃၀ မှ ၄၀ အထိ ဖမ်းမိခဲ့ပြီး ယခင်တစ်ကြိမ်ထက် ပိုမိုများပြားခဲ့သောကြောင့်
ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့သည်။
စားနိုင်သလောက် ဖမ်းဆီးခြင်းကသာ
အကောင်းဆုံးဖြစ်ပြီး ယခုအချိန်တွင် အစားအစာများက အပူဒဏ်ကြောင့် ပုတ်သိုးပျက်စီးနိုင်ပြီး
သိမ်းမထားနိုင်တော့ပေ။ စူးချင်းက ပိုက်ဆက်မချဘဲ ပိုက်ကို မြေပြင်ပေါ်သို့
ပစ်ချလိုက်သည်။ ကျိရှောင်ယင်က ထိုပိုက်ကို ပြန်သွားယူလိုက်သည်။
"အဲ့တာက မလိုတော့ဘူးလေ၊ ထားခဲ့လိုက်ပါ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ်" စူးချင်းက
ကျိရှောင်ယင်ကို လှမ်းအော်လိုက်သည်။
နေရာတိုင်းမှာ
နွယ်ပင်တွေရှိပေမယ့် ငါးကတော့ နေရာတိုင်းမှာ မရှိနိုင်ဘူးလေ။ ငါးဖမ်းပိုက်က နေရာ အများကြီး
ယူနိုင်တော့ ဝန်ပိုဖြစ်နေလိမ့်မယ်။
"နှမြောစရာ ကောင်းလိုက်တာ"
ကျိရှောင်ယင်က အနည်းငယ်
တုံ့ဆိုင်းနေသေးသည်။
အရင်က သူ့အစ်ကို ရက်လုပ်ထားတဲ့
ငါးဖမ်းပိုက်က အစ်မစူးချင်းရဲ့ငါးဖမ်းပိုက်လောက် မကောင်းဘူးလေ။ အဲ့တာတောင်မှ
လူတွေက အဲ့ပိုက်ကို ဝယ်ဖို့ ပိုက်ဆံသုံးကြတယ်။
သူမတို့ ငါးများကို
ကောက်ယူနေချိန်တွင် လီရွှမ်းအာက ရုတ်တရက် ထအော်လိုက်သည်။ "ချိုးယွဲ့ ဘယ်မှာလဲ? သူ(မ)
မရှိတော့ဘူး၊ ရေထဲကို ထပ်ကျသွားတာလား?"
✍️✍️✍️