အပိုင်း ၄၀
Viewers 23k

Chapter 40


ဒီတစ်ကြိမ်​တော့ မ​ကောင်းတာ​တွေ ဖြစ်လာ​တော့မည်ပင်။ သူမ၏ "ကင်း​ကောင်ဘာဘီ" ဟူ​​သော အမည်ကို​ ​နောက်ထပ် ဖယ်ရှားနိုင်​တော့မည် မဟုတ်​ပေ။


ထန်​ချောင်း​ချောင်းက ရုတ်တရက်ပင် အ​ရေးကြီး​သော ​​မေးခွန်းတစ်ခုကို ​တွေးမိသွားသည်။ သူမ မ​နေ့က အားပြင်းပြင်းဖြင့် ကန်လိုက်မိသည်။ သူမကများ ထိုလူကို ​ခြေကျိုးသွားသည်အထိ ကန်မိလိုက်တာများလား.... ရဲများက သူမကို လာရန် ​ခေါ်ခဲ့သည်။ ထိုလူကများ သူမကို သူ့ရဲ့ ထိခိုက်နစ်နာမှုအတွက် တရားစွဲချင်​နေတာလား...


ရှန်းယွဲ့က ထန်​ချောင်း​ချောင်း၏ စိတ်ပျက်လက်ပျက် ဖြစ်​နေ​သော မျက်နှာကို ​တွေ့လိုက်ရသဖြင့် အတူလိုက်ခဲ့ရန် အဆိုပြုလိုက်သည်။


ထန်​ချောင်း​ချောင်းက ငြင်းဆန်လိုက်သည်။ "တကယ်လို့ သတင်း​ထောက်​တွေ ​ရောက်​နေရင်​ရော... လိုက်လို့မရဘူး"


ရှန်းယွဲ့: "ဒါဆို မင်းနဲ့ အတူလိုက်ဖို့ ​ရှေ့​နေ ​ခေါ်​ပေးမယ်"


ထန်​ချောင်း​ချောင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ "ဒါကျ အရမ်းဇာချဲ့လွန်းသလိုပဲ... ကျွန်မပဲ ဘာဖြစ်ခဲ့တာလဲလို့ အရင် ​သွားကြည့်လိုက်ပါမယ်"


သူမသာ အမှန်တကယ် တရားစွဲခံရပါက ထိုလူယုတ်မာကို ရိုက်ချပြီး ထောင်ထဲသွားရ​အောင် လုပ်နိုင်မည့် အသန်မာဆုံး ​ရှေ့​နေအဖွဲ့ကို ​ခေါ်လာ​ပေးရမည်ပင်။ ထိုမှသာ သူမမိသားစုကို ထပ်မရှုပ်နိုင်​​တော့မည်ဖြစ်သည်။


ထန်​ချောင်း​ချောင်းက ရဲစခန်းကို စိတ်လှုပ်ရှားစွာဖြင့် ​ရောက်လာခဲ့သည်။ သူမက စိတ်အသင့်ပြင်ကာ ကားထဲမှ မထွက်ခင် ပတ်ဝန်းကျင်ကို ​လေ့လာလိုက်သည်။ ကံ​ကောင်းစွာဖြင့် မည်သည့် သတင်း​​ထောက်နှင့် မီဒီယာမှ ရှိမ​နေခဲ့။


ထန်​ချောင်း​ချောင်း ရဲစခန်းထဲ ဝင်လိုက်​သောအခါ ရဲ​မေလှလှ​လေးက သူမကို လာကြို​ပေးခဲ့သည်။ ရဲ​မေ​လေးက သူမကို ​တွေ့​သောအခါ မျက်လုံးများ ​တောက်ပလာပြီး ခန္ဓါကိုယ်ကို ​တောင့်ကာ တိတ်တဆိတ် ​ခေါ်လိုက်သည်။


"ရှင်က ထန်​ချောင်း​ချောင်းလား.. အာ... ကျွန်မတို့ ရှင့်ကို ​စောင့်​နေကြတာပါ"


ထန်​ချောင်းချောင်းက ထပ်ပြီး ရှုပ်​ထွေးသွားပြန်သည်။ ဒါက သူမ​မျှော်မှန်းထားသည့် တ​လေးတနက်ဖြစ်ကာ ​အေးစက်​နေ​​သော မြင်ကွင်းနှင့် ကွာခြား​နေခဲ့သည်။


ရဲ​မေ​လေးက ထန်​ချောင်း​ချောင်းကို အခန်းတစ်ခုထဲ ​ခေါ်လာခဲ့ပြီး တစ်လမ်းလုံး စိတ်လှုပ်ရှားစွာ စကား​ပြောလာခဲ့သည်။ ထန်​ချောင်း​ချောင်းသည်လည်း သူမထံမှ မ​နေ့က သူတို့ ​ရောက်လာပြီး သံသယရှိသူကို ဖမ်း​ဆီးကာ ​ကျောင်းသူ​လေးကို ကယ်ဆယ်၍ ​ဖြောင့်မတ်မှန်ကန်ကာ ရဲရင့်သည့် နှလုံးလှ မိန်းက​လေးကို ရှာ​ဖွေ​နေကြသည့် ဇာတ်လမ်းကို ကြားသိခဲ့ရသည်။


ဆိုးသည်မှာ ​ထိုအချိန်တွင် ကျောင်းသူ​လေးက အလွန်ထိတ်လန့်​နေခဲ့သည်။ သူမက နှလုံးလှမိန်းက​လေး၏ မျက်နှာကို မမှတ်မိခဲ့သဖြင့် သူတို့သည်လည်း အကူအညီမဲ့ခဲ့ရသည်။ ထိုအချင်းအရာသည် ဘ​လော်ဂါက ​စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ​ဝေ့​ပေါ်တွင် တင်ပြီး​နောက် သူတို့ သူမကို ရှာ​တွေ့သွားရသည်အထိ ဖြစ်ခဲ့သည်။


ထို့​နောက် ​နောက်ထပ် ရဲအရာရှိ နှစ်​ယောက်က မ​နေ့ညက ဖြစ်ပျက်ခဲ့သည်များအ​ကြောင်း ထွက်ဆိုချက်ကို မှတ်တမ်းတင်ရန် ​ရောက်လာကြပြီး ထန်​ချောင်း​ချောင်းသည်လည်း ​မေးခွန်းများကို တစ်​ယောက်ချင်းစီ ​ဖြေခဲ့ရသည်။


​မေးခွန်းများ ​မေးပြီး​တော့မည့်အချိန်တွင် ထန်​ချောင်း​ချောင်းက မ​နေနိုင်ဘဲ ​မေးလိုက်သည်။ "အဲ့ဒီ အယုတ်တမာ​ကောင်... အာ... အဲ့ဒီလူ ဘယ်လို​နေ​သေးလဲ"


ရဲ​မေက ထူးမခြားနားစွာ ပြန်​ဖြေလိုက်သည်။ "သူအခုထိ ​ဆေးရုံ​ပေါ်မှာ လဲ​နေရတုန်းပဲ... ဒါ​ပေမယ့် အချိန်တစ်ခု​လောက်အထိ​တော့ မ​​သေနိုင်​​သေးပါဘူး"


"ဒဏ်ရာ​တွေက ပြင်းထန်လား"


"ကျွန်မကြားတာ​တောာ့ သူ့ကိုယ်​အောက်ပိုင်းက တစ်သျူး​ပျော့​တွေက ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်တဲ့... အနာဂါတ်မှာ ​အဲ့ဒီ​နေရာကို မ နိုင်​လောက်မှာ မဟုတ်ဘူးလို့ ကြားတယ်... ပြီး​တော့ နံရိုး နည်းနည်း​လောက် ကျိုးသွား​သေးတယ်"


ထန်​ချောင်း​ချောင်း ထိုအ​ကြောင်းကို ကြား​သောအခါ 'ငါ​တော့ ​သွားပြီ' ဟု တွေးလိုက်မိသည်။ ​နောက်တစ်ဆင့်မှာ သူမက ​သေချာ​​ပေါက် အားအလွန်အကျွံသုံးမှုဖြင့် တရားစွဲခံရ​တော့မည်သာ ဖြစ်သည်။

,


မထင်မှတ်ထားစွာပင် ရဲ​မေ​လေးက စိတ်လှုပ်ရှားစွာဖြင့် ​ပြောလာခဲ့သည်။


 "ရှင် ​​ကောင်း​ကောင်း လုပ်ခဲ့တာပဲ"


"ဟမ်..."


"ကျွန်မတို့လည်း မ​နေ့က ဗီဒီယိုကို ကြည့်ပြီး​တော့ အရမ်း ​ဒေါသထွက်​နေကြတာ... ကျွန်မတို့​လေ သူ့ကို သွားကန်ဖို့ မ​စောင့်နိုင်​တော့​အောင်ပဲ... ကံမ​ကောင်းစွာနဲ့ပဲ မလုပ်

နိုင်ခဲ့ဘူး​လေ... ကျွန်မတို့က ရဲ​တွေ ဖြစ်​နေတာကိုး"


'သနားစရာပဲ'


"ရှင့်ကို ​ကျေးဇူးတင်ရမှာ... မဟုတ်ရင် ဒီလို အလိုရှိ ရာဇဝတ်​ကောင်ကို ခဏ​လေးနဲ့ ဖမ်းမိမှာ မဟုတ်ဘူး"


"သူက အလိုရှိ​နေတဲ့ ရာဇဝတ်သားလား" ထန်​ချောင်း​ချောင်း အမှန်တကယ် ​ရှော့ရသွားသည်။


"ဟုတ်တယ်... သူက ​လွန်ခဲ့တဲ့ ငါးနှစ်တုန်းက နယ်ဘက်မှာ မိန်းက​​လေးတစ်​ယောက်ကို ​စော်ကားတဲ့အမှုနဲ့ အလိုရှိစာရင်းဝင်​နေတာ... သူနာမည်​​ပြောင်းပြီး မြို့​တော်ကို ​ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး... ရှင့်ကို ​ကျေးဇူးတင်ရမှာပါ... နိုင်ငံသား​ကောင်းတစ်​ယောက်​ပေါ့"


"အဲ့လို ဖြစ်သွားတာလား... ​ကောင်းလိုက်တာ" ထန်​ချောင်း​ချောင်း၏ နှလုံးသား ​ပြေ​လျော့သွားပြီး သက်ပြင်းချလိုက်သည်။


ရဲ​မေ​လေးက သူမအနားကို ရုတ်တရက် ချဥ်းကပ်လာပြီး ခပ်တိုးတိုး ​ပြောလိုက်သည်။ 


"တကယ်​တော့ ကျွန်မက ရှင့်ဖန်ပါ... ရှင့်ရှိုးကို ကြည့်ဖူးတယ်"


"​ကျေးဇူးပါ​နော်" ထန်​ချောင်း​ချောင်းက ပြုံးပြလိုက်သည်။


"ကျွန်မ ​မေးလို့ရမလား... ရှင်ဘာလို့များ အရမ်းအားသန်​နေရတာလဲ... ဒီက အား​အကောင်းဆုံးဆိုတဲ့ ရဲ​တွေ​တောင် ရှင် လုပ်သလို မလုပ်နိုင်​လောက်ဘူးလို့ ​ပြော​နေကြတာ"


'လာပြီ... ​​နောက်ဆုံး​တော့ တစ်​ယောက်​ယောက် ​မေးလာပြီ'


ထန်​ချောင်း​ချောင်းက ခါးသက်သက် ပြုံး​​နေခဲ့သည်။ သူမ ဘာ​ပြောရမှာလဲ... သူမက သဘာဝလွန်စွမ်းအားရှိတဲ့ အင်အားကြီး မိန်းမတစ်​ယောက်လို့လား... ကင်း​ကောင်ဘာဘီလို့လား...


ရဲ​မေက ထပ်​ပြောပြန်သည်၊ "ကျွန်မထင်တာ ​ရှင် ငယ်ငယ်တုန်းက ရှောင်လင် ဘုရား​ကျောင်းလို ​နေရာမျိုးမှာ ကွန်ဖူးသင်ခဲ့တာ များလား"


'ဟုတ်သားပဲ'


ရဲ​မေ၏ စကားများက ထန်​ချောင်း​ချောင်းကို အလင်းပွင့်သွား​​စေသည်။ သူမ၏ ခွန်အားကို ဤနည်းလမ်းဖြင့် ရှင်းပြနိုင်​​ပေသည်။


ထန်​ချောင်း​ချောင်းက စိတ်လှုပ်ရှားစွာ ​ပြောလိုက်သည်။


 "ရှင်​ပြောတာ မှန်တယ်... ကျွန်မ ငယ်ငယ်တုန်းက ဆရာ​ကောင်း တစ်​ယောက်ဆီက​နေ နှစ်နည်းနည်း​လောက် ကွန်ဖူးသင်ခဲ့ရ​သေးတယ်... ပြီး​တော့ သူလည်း ကမ္ဘာပတ်ပြီး ခရီးသွား​နေတာနဲ့ ထပ်မ​တွေ့ ဖြစ်​တော့ဘူး"


သူမက ကွန်ဖူး သင်ခဲ့သည်ဟု ​ပြော​နေသမျှ ကျိုး​ကြောင်းဆီ​လျော်သည့် ဖြေရှင်းချက် တစ်ခု​ပေးနိုင်လိမ့်မည်။ ဆရာသခင်အတွက်တွင်မူ ဘယ်သူမှ မသိနိုင်​ပေ။ သူက သွား​လေပြီ။


သူမက တကယ် ဥာဏ်​ကောင်းသည့် ​ကောင်မ​လေးပင်။


"ကျွန်မထင်တာ ဒီကိစ္စပြီးရင်​လေ ​နောက်တစ်ခါကျ ရှင်ကျွန်မအတွက် လက်မှတ်ထိုး​ပေးလို့ရမလား" ရဲ​မေ​လေးက ခပ်ရှက်ရှက် ​ပြောလိုက်သည်။


"လက်မှတ်လား... ကျွန်မရှင့်ကို ပြိုင်ဘက်ကင်း လက်မှတ်တစ်ခု ထိုး​​ပေးမယ်" 


ထန်​ချောင်း​ချောင်းက ခပ်​ကွေး​ကွေး ​ပြုံးလိုက်သည်။


ခဏအကြာတွင် ​ကျောင်းသူ​လေးနှင့် သူမ၏မိဘများက အ​ပြေးအလွှား ​ရောက်လာကြ​လေသည်။ သူတို့က သူမကို အလွန်အမင်း ​ကျေးဇူးတင်​နေခဲ့ကြသည်။ သူတို့က ညတွင်းချင်း ပြုလုပ်ထားသည့် ပိုးထည် တံခွန်အလံတစ်ခုကိုပါ မှာယူခဲ့​သေးသည်။


ထို တံခွန်အလံကို လက်ခံရရှိ​သောအခါ ထန်​ချောင်းချောင်း အလွန် စိတ်ခံစားလွယ်ခဲ့​သေးသည်။ သို့​သော်လည်း ၎င်းထက်မှ စကားလုံးများကို မြင်လိုက်ရသည့်အခါတွင်​တော့ အနည်းငယ် ကြက်​သေ​​သေသွားခဲ့ရသည်။


ထိုအချိန်တွင် ​ဝေ့​ပေါ်၌ ဆူဆူညံညံ ဖြစ်​နေခဲ့ကြသည်။ ပို၍များပြားလာသည့် လူများစွာသည် ထိုမိန်းက​လေးက ထန်​ချောင်း​ချောင်းများ ဖြစ်​နေသည်လားဟု ​မေးခွန်းထုတ်ခဲ့ကြသည်။


[ဘယ် နာမည်​ကျော်ကများ လက်​ထောက်မပါဘဲ အပြင်ထွက်ဖူးလို့လဲ... ဘာလို့ ထန်​​ချောင်း​ချောင်းက အရမ်း​နောက်ကျနေတဲ့အချိန်မှာ​တောင် လမ်းကြားထဲ တစ်​ယောက်တည်း ​ပေါ်လာရတာလဲ... ဒါကြီးက သူနဲ့ရုပ်တူတဲ့ တစ်​ယောက်​ယောက် ဖြစ်မယ်ဆိုတာ သိသာ​နေတာပဲကို... ထန်​ချောင်း​ချောင်း မင်းမျက်နှာကို ​ရွှေချချင်မ​နေစမ်းနဲ့]


[ဒီလို အပူချိန်မျိုးက မိုးကြိုးနဲ့ တွဲလာတာ @ထန်​ချောင်း​ချောင်း v]


ထန်​​ချောင်း​ချောင်း၏ ဖန်များက ​​ဟော့​ပေါ့ထဲမှ ပုရွတ်ဆိတ်များကဲ့သို့ စိုးရိပ်ပူပန်​နေကြသည်။ သို့​သော်လည်း ထန်​ချောင်း​ချောင်း၏ ​အေဂျင်စီက အချိန်အ​တော်ကြာသည်အထိ မတုန့်ပြန်လာခဲ့​ပေ။ သူတို့က ထိုမိန်းက​လေးက သူတို့အိုင်​ဒေါလ် ဖြစ်သည်ဟု ​သေချာမ​ပြောရဲကြ​တော့​​ပေ။


သို့​သော်လည်း "မြို့​တော် တရားဝင် ရဲဌာန"မှ ထုတ်​ဖော်လာသည့် အသိ​ပေးစာက ​ဝေ့​ပေါ်ကို ထပ်မံ ဆူပွက်လာ​​စေပြန်သည်။ " အင်တာနက်​ပေါ် ပျံ့နှံ့​နေတဲ့ #အနက်​​ရောင်ဝတ်အမျိုးသမီးက မုဒိန်း​ကောင်ကို ရိုက်နှက်ခဲ့တယ်# ဆိုတဲ့ ဗီဒီယိုကို ​သေ​သေချာချာ ကြည်ရှုပြီးချိန်မှာ ကျွန်​တော်တို့က သံသယရှိသူနဲ့ ဆက်နွယ်​နေတဲ့ အချက်အလက်​တွေနဲ့ အခြား​သော အ​သေးစိတ်အချက်အလက်​တွေကို အ​လေးထား ရှာ​ဖွေခဲ့ပါတယ်... စုံစမ်းစစ်​ဆေးပြီးချိန်မှာ လူထုကို ထုတ်ပြန်​ကြေညာမှာ ဖြစ်ပါတယ်... နာမည် မချန်ထားခဲ့တဲ့ မှန်ကန်ပြီး ​ကောင်းမှု ပြုခဲ့တဲ့ နှလုံးလှ အမျိုးသမီး​လေးက​တော့ စုံစမ်းစစ်​ဆေးချက်​တွေအရ @ထန်​ချောင်း​ချောင်း v လို့ အတည်ပြုခဲ့ပါတယ်... ကျွန်​တော်တို့က သူမ၏ အကျိုးပြုမှုကို ချီး​မြှောက်တဲ့အ​နေနဲ့ နိုင်ငံသား​ကောင်းဆုကို ​ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... ကယ်ဆယ်ခံရတဲ့ မိန်းက​လေးနဲ့ မိဘ​တွေကလည်း ကိုယ်တိုင် ​ကျေးဇူးတင်ဖို့အတွက် တံခွန်အလံတစ်ခု လုပ်​ပေးမှာ ဖြစ်ပါတယ်.... ​ကျေးဇူးပြု၍ တစ်ဖက်သားကို ထိခိုက်​စေမဲ့ အပြုအမူ​​​တွေနဲ့ ​ကောလဟာလ​တွေ ဖြန့်တာကို ရပ်ကြဖို့ ​ပြောချင်ပါတယ်... အင်တာနက်က ဥပ​ဒေ အပြင်ဘက်မှာ ရှိ​နေတာ မဟုတ်ပါဘူး"


ဤအချိန်တွင် ထန်​​ချောင်း​ချောင်း၏ ကုမ္ပဏီက ရဲဌာန၏ ​ဝေ့​ပေါ်ကို အ​လောတကြီး ပြန်လည်မျှ​ဝေလာခဲ့သည်။


[တကယ်ကြီး ငါတို့ရဲ့ ​ချောင်း​ပေါင်​လေးပဲ... ဝူးဝူး... တခြားသူလို့ ​ပြော​နေတဲ့သူ​တွေ အခု ဘယ်မလဲ]


[ရဲ​တွေက​တောင် ​​ထောက်ခံ​နေပြီ... anti fanတွေ ထွက်သွားလို့ရပြီ​နော်]


[ဒါ​​လေးကြောင့်နဲ့ ငါ ထန်​ချောင်း​ချောင်းရဲ့ သစ္စာရှိဖန် ဖြစ်လာပါပြီ]


ရဲများက ထန်​ချောင်း​ချောင်းနှင့် ကယ်ဆယ်ခံရ​သော မိန်းက​​လေး၏ မိသားစုတို့၏ ဓါတ်ပုံတစ်ပုံကိုလည်း တင်​ပေးလာခဲ့သည်။ အင်တာနက်သုံးစွဲသူများက ထန်​ချောင်း​ချောင်း ကိုင်ထား​သော တံခွန်အလံ ပေါ်မှ စာလုံးများကို ကြည့်လိုက်ကြသည်: "ကန်ပြီး​တော့ ​ဖောက်ခွဲပစ်မယ်... အသန်မာဆုံး ​​ချောင်း​ချောင်း... အတိတ်​ရော အနာဂါတ်ပါ ကမ္ဘာ​ပေါ်မှာ အ​ဖြောင့်မတ်ဆုံးလူ..."


[ဟားဟားဟား ဒီအလံက အရမ်းရယ်ရတယ်လို့ ဘယ်သူထင်လဲ]


[သူ မဖြစ်ချင်တဲ့ကိစ္စကို အ​လေးအနက်ကြီး ​​ဖော်ထားတာ​​ဟေ့... ​​ချောင်း​ချောင်း အပြုံးက ခါးသက်သက်ဖြစ်​​နေတာ အံ့သြစရာ မရိ​တော့ဘူး]


[​ချောင်း​ချောင်း ဒါကြီးကို အိမ်ပြန်ယူပြီး ချိတ်ထားမလား... မချိတ်ထားဘူးလားပဲ... ငါတို့ ​သေ​အောင် ရီ​နေရတာက​တော့ ပြဿနာပဲ​ဟေ့]


[ဒါလုံးဝ မမှား​နေပါဘူး ငါတို့မင်းကို နာမည်အသစ်​ပေးမယ်​လေ... "ထန်ရိကျောင်း" လို့... ဟားဟားဟား]


[T/N ရိ​ကျောင်းက ကန်ချက်တစ်ချက်လို့ အဓိပ္ပါယ် ရပါတယ်]


ထန်​​ချောင်း​ချောင်းက ​ဝေ့​ပေါ်ကို ဖွင့်ရန် သတ္တိ​မွေးလိုက်ပြီး သူမ၏ ရှုပ်​ထွေး​နေမည့်ဘဝကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူမက "ကင်း​ကောင်ဘာဘီ"ပဲ မလား... ဒီ​တော့ ဘာဖြစ်လဲ...


သို့​သော်လည်း ​ဝေ့​ပေါ်မှ သူမ၏ နာမည် အသစ် "ထန်ရိ​ကျောင်း"ကို ​တွေ့​သောအခါ သူမရယ်ရမလား ငိုရမလားပင် မသိ​တော့ပါ​ချေ။


အင်တာနက်​ပေါ်မှ လူများက အမှန်တကယ်ပင် နာမည်​ပေး​​တော်​သော သရဲ​လေးများ ဖြစ်သည်။ ထန်​ချောင်း​ချောင်းက ကိုယ်ခံအားအချို့ တိုးလာသည်ဟု ခံစား​နေရသည်။ အနည်း​ဆုံး​​တော့ ထို "ထန်ရိ​ကျောင်း" က ကွန်ဖူးနာမည်နှင့် တူ​နေ​သေးသည်။


သူမက မှတ်ချက်များကို အ​ပေါ်​အောက်ဆွဲ​နေလိုက်သည်: [ထန်​ချောင်း​ချောင်း... မင်းက ငါ့နတ်ဘုရားမ​လေးပဲ... မင်းဆီက​နေ သင်ချင်ပါတယ်]


[မိန်းက​လေး​တွေက ပင်ကိုယ်ကကို အခွင့်မသာ ဖြစ်​နေရတာ... လူတိုင်းကသာ ​ချောင်း​ချောင်းလို ရဲရင့်ကြရင် ကမ္ဘာ​ပေါ်မှ ကံဆိုးမိုး​မှောင်ကျရတာ​တွေ နည်းသွားမှာပဲ]


[​ချောင်း​ပေါင်က လှပပြီး တက်ကြွတယ်... သူ့​​ဒေါက်ဖိနပ်​လေးက​တောင် ပျံသွား​တော့ ချစ်စရာကောင်း​နေတုန်းပဲ... သကြားယုန်​လေး​တွေက မင်းကို အမြဲချစ်​နေမှာပါ]


ရံဖန်ရံခါ လျစ်လျူရှုရမည့် မှတ်ချက်များလည်း ​ပေါ်လာ​သေးသည်: 


[သူမက မိန်းက​လေးနဲ့ လုံးဝမတူဘူး... အခြားသူ​တွေ မုန်းတာ ခံရ​တော့မှာပဲ]


[အချိန်​တွေ ​ပြောင်းကုန်ပြီ... မိန်းမ​​တွေလည်း ကိုယ်တိုင် တိုးတက်မှု​တွေ ရှိရမယ်... ဘယ်သူက မိန်းမ​တွေ လုပ်နိုင်စွမ်း မရှိဘူးလို့ ​ပြောတာလဲ]


[မင်းလို ​ခွေးမနဲ့ အဲ့ဒီ လူယုတ်မာနဲ့က တစ်ဖွဲ့တည်းပဲ... ​ကောင်းပြီ​လေ... မင်းတို့ဥ​တွေကို ​သေချာ ​စောင့်​ရှောက်ကြ​ပေါ့... ဟမ့်]


မှန်​ပေသည်။ အချိန်အခါများက ​ပြောင်းလဲသွား​ချေပြီ။ သူမက ချိုမြိန်ပြီး နူးညံ့​သော မိန်းက​လေး ဖြစ်ချင်​သည်။ သို့​သော်လည်း ၎င်းက သူမ၏ခွန်အားနှင့် ကွဲလွဲမ​နေ​ပေ။


ထန်​ချောင်း​ချောင်း ​တွေး​တောပြီး​နောက် စိတ်မတင်မကျ ဖြစ်​နေခြင်းမျိုး မရှိ​တော့​​ပေ။ သူမက တံခွန်ကို အိပ်ခန်းထဲတွင် ချိတ်ထားလိုက်ပြီး ဝတ်စုံ​လှလှ​လေးဝတ်ကာ တံခွန်အလံ​လေးနှင့် ဆယ်ဖီဆွဲကာ ပိုစ့်တင်လိုက်သည်။ "ငါချိတ်ထားလိုက်ပြီ (​ယေး)"


Xxxxxxx