အခန်း ၄၆ အံ့ဖွယ်ဆေးဆရာမလေး
“သူက
ဘယ်သူဖြစ်ဖြစ် ငါနဲ့ ဘာမှ မဆိုင်ဘူး။ သူက ဖျားနာနေပြီး ကုသဖို့ အချိန်လွန်နေပြီ၊
သူ့ဘဝအတွက် သူ့အသက်နဲ့ လဲလှယ်ဖို့ သူ့ပိုက်ဆံကို သုံးသင့်တာကိုပဲ ငါ သိတယ်။ မင်းရဲ့မျက်စိထဲမှာ
မင်းသခင်ကြီးရဲ့အသက်က ရွှေတစ်ထောင်တောင် မတန်ဘူးလို့တော့ မပြောနဲ့နော်။ မင်း
အဲ့လိုထင်နေရင်တော့ ငါတို့ရဲ့ခရီးကို လာမနှောင့်ယှက်နဲ့တော့"
အိမ်ထိန်းကို ကြည့်နေသော
စူးချင်း၏မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏စကားများက ပို၍ပင်
ရက်စက်ကြမ်းကြုတ်နေကာ သူမက အိမ်ထိန်းကို ထွက်သွားရန်ပင် အမိန့်ပေးနေတော့သည်။
"ဟား ဟား၊ မင်း ပြောတာ မှန်ပါတယ်။ ငါ့အသက်က ရွှေတစ်ထောင်တော့ တန်ပါသေးတယ်”
အဘိုးအိုက စိတ်မဆိုးရုံသာမကဘဲ
စူးချင်း၏ စကားကြောင့် ကျေနပ်သွားလေသည်။ ဤသည်မှာ ကိုယ်ရည်ကိုယ်သွေးရှိသော မိန်းခလေးတစ်ဦး
ဖြစ်ပြီး သူမထံတွင် လူတိုင်းကို သည်းမခံတက်သော စိတ်နေစိတ်ထား ရှိနေသည်မှာ ဘဘာဝပင်။
တကယ်တော့ သူ့ရှေ့က
ကောင်မလေးက အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ။
"ငါ့ရဲ့သွေးခုန်နှုန်းကို အရင် စစ်ဆေးကြည့်လိုက်ပါ"
အဘိုးအိုက ပြုံးနေပြီး
သူ့လက်ကို ဆန့်တန်းပေးလိုက်သည်။ စူးချင်း၏မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေပြီး
အဘိုးအို၏သဘောထားကပင် သူမကို မပြုံးနိုင်စေခဲ့ပေ။ သူမက အေးစက်သောမျက်နှာဖြင့်
လမ်းဘေးရှိ ကျောက်တုံးများကို ညွှန်ပြလိုက်သည်။
“အဲ့မှာ
ထိုင်ပြီး နှလုံးခုန်နှုန်းကို တည်ငြိမ်အောင်လုပ်လိုက်”
"ဟား ဟား၊ ကောင်းပြီ"
အဘိုးအိုက
ကောင်းမွန်သော သဘောထားရှိပြီး စူးချင်း၏အမိန့်ပေးသံကိုပင် စိတ်မဆိုးပေ။ သူက
ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်လိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီး
သူ့သွေးခုန်နှုန်းကို အမြန်ဆုံး တည်ငြိမ်အောင် ကြိုးစားနေသည်။
စူးချင်းက
အထက်စီးဆန်သော ဟန်ပန်ဖြင့် ဘေးနားတွင် စောင့်ဆိုင်းနေပြီး သူမ စမ်းသပ်ရန် အချိန်နီးလာသောအခါမှ
သူ၏သွေးခုန်နှုန်းကို စစ်ဆေးရန် လျှောက်သွားလိုက်သည်။
ရှောင်ချီက
အဘိုးကြီး၏အခြေအနေကို စစ်ဆေးနေပြီး စနစ်အတွင်းမှနေကာ စူးချင်းကို အစီရင်ခံနေသည်။ စူးချင်းက
မှုန်ကုပ်ကုပ် မျက်နှာဖြင့် နားထောင်နေပြီး အဘိုးအိုက သူမ နားလည်နိုင်စွမ်းမရှိဟု
ခံစားနေရသည်။ သူမ၏လေးနက်သော အမူအရာက အဘိုးအို၏ အမူအရာကို ညှိုးငယ်သွားစေပြီး အဘိုးအိုက
သူ့၏ကံကြမ္မာ ကုန်ဆုံးသွားပြီဟု တွေးတောနေမိသည်။
ရှောင်ချီ၏
အစီရင်ခံချက်ကို အနည်းငယ် နားထောင်ပြီးနောက်တွင် စူးချင်းက “ရှင့်ရဲ့
ဝမ်းဗိုက်အောက်ပိုင်းမှာ အအေးလုံးတစ်ခု ရှိနေတယ်လို့ ရှင် ခံစားနေရတယ်မလား?
ဆီးသွားချင်ပေမယ့် ကောင်းကောင်းမွန်မွန် မသွားနိုင်ဘူး။ ဆီးသွားတဲ့ အချိန်တိုင်း
နှိပ်စက်ခံရသလို ခံစားရတယ်။ လွန်ခဲ့တဲ့သုံးရက်လောက်က ဆီးထဲမှာ သွေးပါခဲ့ပြီး ဒါက ပထမဆုံးအကြိမ်တော့
မဟုတ်ဘူး။ အရင်က အဲ့လိုဖြစ်တာနဲ့ ဆေးသောက်လိုက်ရင် သက်သာသွားတယ်။ အခုတော့ အစားစားတဲ့အခါမှာပါ
ခံစားရခက်နေပြီ။ ရှင့်မှာ အစာပြွန်နဲ့ အသည်းမကောင်းတော့တဲ့ လက္ခဏာတွေ ရှိနေပေမယ့် အဲ့တာတွေက
သိပ်မပြင်းထန်သေးဘဲ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်။ ဒါပေမယ့် ရှင့်ရဲ့ကျောက်ကပ်ကတော့
ရှင် ငယ်ငယ်က ရေခဲနေတဲ့ ရေထဲမှာ အကြာကြီး အေးခဲနေခဲ့တာကြောင့်
ရောဂါဟောင်းဖြစ်နေပြီး အမြစ်တွယ်နေပြီ"
စူးချင်း၏စကားဆုံးသွားချိန်တွင်
အဘိုးကြီးက အံ့သြသွားပြီး သူ့ရှေ့မှ မိန်းမငယ်လေးကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
သူမက အသက် ၂၀ လောက်ပဲ
ရှိပုံရပေမယ့် ဘာကြောင့် သူ့ရဲ့သွေးခုန်နှုန်းကို အတိအကျ ခံစားနိုင်တယ်ဆိုတာကို သူ
နားမလည်နိုင်တော့ဘူး။
ဒီတစ်ခါက တကယ့်ကို
တိုက်ဆိုင်ခဲ့တာပါ။ အရင်က သူက အံ့ဖွယ်သမားတော်ရှန်းကို ရှာဖွေရန် ယုချန်ကို သွားခဲ့ပေမယ့်
မြေနဂါးလှည့်သွားတာကြောင့် ရှန်းမိသားစုက ညသန်းခေါင်အတွင်း ထွက်ခွာသွားကြတယ်။ ယုချန်က
လုံးဝ ရှုပ်ထွေးနေပြီး သူတို့ကို လုံးဝ ရှာမတွေ့တော့ဘူး။ အဲ့တာကြောင့် သူ စိတ်ပျက်လက်ပျက်
ပြန်လာခဲ့ရတယ်။
ကောင်းကင်ဘုံက
သူ့ကို သေစေချင်နေပြီလို့ သူ ထင်ထားခဲ့ပေမယ့် သူ သေခါနီးမှာ ဒီနတ်ဆေးဆရာမလေးနဲ့
တွေ့မယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။
သူမ ပြောသမျှ မှန်နေပေမယ့်
အအေးလုံးကြီးက ဘာလဲဆိုတာ သူလည်း မသိဘူး။
အဘိုးကြီးက စူးချင်းကို
မျှော်လင့်ချက်ဖြင့် ကြည့်နေပြီး “မိန်းခလေး၊ မင်း ဒီအဘိုးကြီးရဲ့ရောဂါကို
ကုသဖို့ ယုံကြည်ချက်ရှိလား?”
“ပျောက်ကင်းအောင်
ကုသနိုင်ပေမယ့် လုံးဝ ပျောက်ကင်းဖို့က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခု လိုတယ်။
ကျွန်မမှာ မရှိဘူး"
စူးချင်းက ရှောင်ချီကို
မေးထားပြီးသားဖြစ်ကာ အဘိုးအိုကို ကုသနိုင်မည်ဟု ယုံကြည်သော်လည်း အနှစ်တစ်ထောင်သက်တမ်းရှိ
လင်ဇီးဖြင့် ပြုလုပ်သော ဆေးကို သောက်ရမည် ဖြစ်သည်။
အဘိုးအိုက ခဏတာ
ထိတ်လန့်သွားပြီး သူ့၏မျက်လုံးများတွင် စိတ်ပျက်နေသည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။
ဒီတောထဲမှာ အဲ့ဒီအနှစ်တစ်ထောင်လင်ဇီးကို
ဘယ်လို ရှာတွေ့နိုင်မှာလဲ?
"သခင်မလေး၊ မင်းရဲ့တိုင်ပင်ကြေးကို ငါတို့ လျှော့ပေးမှာ မဟုတ်ပါဘူး၊
ဒါကြောင့် ငါတို့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့"
အိမ်ထိန်းက
သည်းမခံနိုင်တော့ပေ။ စူးချင်းက သူတို့ ပိုက်ဆံမပေးမည်ကို ကြောက်နေသည်ဟု သူ ထင်နေပြီး
သူ့၏သခင်ကြီးကို ဆေးကုသနိုင်ရန် အလွန်စိတ်စောနေမိသည်။ နှစ်ပေါင်းများစွာ
နာမကျန်းဖြစ်ခဲ့ရသော သူ့၏သခင်ကြီးအတွက် သူ့၏နှလုံးသားလည်း နာကျင်ခဲ့ရသည်။
“ဆွေးနွေးမှုအတွက်က
သီးသန့်ပေးရမှာ... ဒါပေမယ့် ဆေးဖော်ဖို့ လင်ဇီးလိုတာလဲ အမှန်ပဲ။ လင်ဇီး မရှိရင် ကျွန်မလည်း
သူ့ကို ကူညီနိုင်မှာ မဟုတ်ဘူး"
စူးချင်း၏မျက်နှာက
မည်းမှောင်သွားပြီး မတ်တပ်ထရပ်နေပြီဖြစ်ကာ ဘာမှ ထပ်ပြန်မပြောတော့ပေ။
“သခင်မလေး၊
လင်ဇီးရှာဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။ ဆီးသွားလို့ရအောင် အရင် ကူညီပေးနိုင်မလား?
အဲ့တာက အရမ်းကို ခံစားရခက်စေတဲ့ ရောဂါပါ”
အဘိုးအို၏မျက်နှာက
အနည်းငယ် နီနေသည်။
ဘာပဲဖြစ်ဖြစ်
တစ်ဖက်လူက မိန်းမငယ်လေးလေ။ သူ့အသက်အရွယ်နဲ့ ဒီလိုစကားမျိုးပြောရတာက နည်းနည်းလေး
မလေးစားရာ ရောက်တယ်လေ။
သို့သော်
အထူးသဖြင့် ရေသုံးရန် အဆင်မပြေသော လမ်းပေါ်တွင် အမှန်တကယ် ခံရခက်လှသည်။ ဆီးကို
မထိန်းနိုင်သည့်အချိန်တွင် သူ့အဝတ်အစားများကိုပင် စွန်းထင်းသွားတက်သည်။
"အဲ့အတွက်က ရပါတယ်။ ရှင့်ရဲ့ဝမ်းထဲက အအေးဓာတ်ကို အရင်ဖယ်ရှားနိုင်ဖို့ ကျွန်မ
ကူညီပေးမယ်၊ ဒါဆို ရှင် ဆီးကို ချောချောမွေ့မွေ့ သွားနိုင်လိမ့်မယ်"
စူးချင်းက အလွန်
ယုံကြည်မှု ရှိနေပုံရသောကြောင့် အဘိုးအို၏ တိမ်တိုက်ကဲ့သို့ မှုန်မှိုင်းနေသော မျက်လုံးများတွင်
မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာသည်။ အကြောင်းပြချက် မရှိသော်လည်း ထိုအမျိုးသမီးလေးက
သူ့ကို ကုသပေးနိုင်မည်ဟု သူ ယုံကြည်နေမိသည်။
စူးချင်းက သူ့အတွက်
ရှောင်ချီ ပြင်ဆင်ပေးထားသည့် ဆေးကို ထုတ်ယူပေးလိုက်သည်။ ကံကောင်းထောက်မစွာပင် သူမက
ဆေးပင်များ တွေ့သည်နှင့် ချက်ချင်းပင် တူးယူကာ စနစ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။ ထိုသို့မဟုတ်လျှင်
ရှောင်ချီလည်း ဆန်မရှိဘဲ ထမင်းမချက်နိုင်သည့် လိမ္မာပါးနပ်သော အိမ်ထောင်ရှင်မကဲ့သို့
ဖြစ်နေပေလိမ့်မည်။
"သခင်ကြီး၊ ဆေးကို အရင် စမ်းဆေးပါရစေ"
သခင်က အမည်မသိဆေးကို
ပါးစပ်ထဲသို့ ထည့်တော့မည်ကို မြင်လိုက်ရသဖြင့် အိမ်တော်ထိန်းက သူ့ကို တားရန်
အလျင်အမြန် ရောက်လာပြန်သည်။
စူးချင်း၏
မျက်လုံးများက ချက်ချင်း အေးစက်သွားပြီး အိမ်တော်ထိန်းဆီသို့ စူးစူးစိုက်စိုက် ကျရောက်သွားသည်။
အိမ်တော်ထိန်းက သူ့ပတ်ဝန်းကျင်တွင် အပူချိန် ကျဆင်းသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး
သူ ခေါင်းကို မော့ကြည့်လိုက်ရာ စူးချင်း၏အေးစက်သော မျက်လုံးများကို ရင်ဆိုင်လိုက်ရပြီး
သူ မထိန်းနိုင်တော့ဘဲ တုန်လှုပ်သွားတော့သည်။
“အဆင်ပြေပါတယ်”
အဘိုးအိုက အိမ်တော်ထိန်းလီဝူကို
တင်းမာသောအမူအရာဖြင့် တွန်းထုတ်လိုက်ပြီး ဆေးကို သူ့ပါးစပ်ထဲသို့ တည်တည်ငြိမ်ငြိမ်
ပစ်ထည့်လိုက်သည်။ လီဝူက အလွန်စိတ်လှုပ်ရှားနေပြီး သူ့နဖူးတွင် ချွေးများ
ပြည့်နေသည်။ သူက သူ့သခင်ကြီး၏ တုံ့ပြန်မှုကို အံ့အားသင့်နေပြီး သူ့သခင်ကို စောင့်ကြည့်နေလေသည်။
လက်နက်ကိုင်ထားသော အစောင့်လေးယောက်ကလည်း
သူတို့၏ဓားရိုးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး စူးချင်းကို
စိုက်ကြည့်နေသည်။
သူမသာ သာမန်အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့လျှင်
သူမက ဤအစောင့်များ၏ လူသတ်ရိပ်ပြည့်နေသော အကြည့်များကြောင့် ကြောက်လန့်နေပေလိမ့်မည်။
သို့သော်လည်း စူးချင်းက သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။ သူမ၏မျက်လုံးများမှ သတ်ဖြတ်ခြင်းရောင်ဝါက
ပို၍ပင် ပြင်းထန်နေပြီး ထိုအစောင့်လေးယောက်၏ အရောင်အာဝါသကို လုံးဝ ဖိနှိပ်ထားသည်။
ကျိရွှေရှန့်က စူးချင်း
အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေပြီး သူမ၏ဘက်သို့ ကူးသွားကာ သူမရှေ့မှ တောင်ကြီးကဲ့သို့
အကာအကွယ် ပေးထားလိုက်သည်။
စူးချင်းက ကျိရွှေရှန့်၏ကျယ်ပြန့်သော
ပခုံးများကို စိုက်ကြည့်နေပြီး သူမက အမြဲတမ်း တစ်ယောက်တည်း နေရလေ့ရှိပြီး ထို့သို့ကာကွယ်ပေးခံရခြင်းမျိုးကို
သူမ အသားမကျသေးပေ။
"အိုး ငါ အိမ်သာသွားရမယ်"
ဆေးသောက်ပြီးနောက် အဘိုးအိုက
နာကျင်သောအမူအရာဖြင့် သူ့၏ဝမ်းဗိုက်အောက်ပိုင်းကို ဆုပ်ကိုင်လိုက်သည်။ သူ၏ဝမ်းဗိုက်တွင်
ရေခဲများ ပြိုကျနေသလို ခံစားနေရပြီး ထိုနာကျင်မှုကို သူ သည်းမခံနိုင်တော့ပေ။
“ရွှတ်!”
(ဓားဆွဲထုတ်သံ)
လက်နက်ကိုင်အစောင့်လေးဦးက
သူတို့၏ဓားများကို ဆွဲထုတ်လိုက်သည်။ အစောင့်တစ်ယောက်က အဘိုးအိုကို လမ်းဘေးမှ
တောအုပ်ဆီ ခေါ်ဆောင်သွားပြီး ကျန်အစောင့်သုံးယောက်က ကျိရွှေရှန့်နှင့် စူးချင်းကို
ဝိုင်းရံထားလိုက်သည်။
ကျိရွှေရှန့်က
ခံစစ်နေရာတွင် ရပ်နေပြီး သူ့နောက်မှ စူးချင်းကို ကာကွယ်ပေးထားသည်။ ချိုးယုံခန်း၊ လီတာ့နျိုနှင့်
ကျန်းလောင်ချီတို့က အခြေအနေ မမှန်ကြောင်း ရိပ်မိသွားပြီး လက်နက်များကိုင်ကာ ပြေးလာကြသည်။
အစောင့်များ၏
မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး သူတို့က ရွာမှလူများကို သူတို့နှင့်
တန်းတူ မသတ်မှတ်ကြောင်း ထင်ရှားနေကာ အခြေအနေက ပိုတင်းမာလာကြောင်း ထင်ရှားနေသည်။
စူးချင်းက
အေးစက်သောမျက်နှာဖြင့် ကျိရွှေရှန့်၏ရှေ့သို့ လျှောက်သွားနေပြီး သူမ၏
ခန္ဓာကိုယ်သေးသေးလေးတွင် ကြီးမားသော ဖိအားတစ်ခု ရှိနေပုံရသည်။
သူမက
အစောင့်သုံးယောက်ကို မည်းမှောင်သောအကြည့်ဖြင့် ကြည့်နေကာ “မင်းတို့က တိုက်ပွဲစချင်
နေတာလား။ မင်းတို့ အဲ့လိုလုပ်တာနဲ့ မင်းတို့ သခင်ရဲ့ရောဂါကို ငါ ကုပေးတော့မှာ
မဟုတ်ဘူး၊ မင်းတို့ ငါ့ကို ရွှေတသောင်းပေးရင်တောင်မှ ငါ ကုပေးမှာ မဟုတ်ဘူး"
စူးချင်း၏စကားကို ကြားချိန်တွင်
ထိုအစောင့်သုံးယောက်က လှုပ်ရှားရန် ပိုကြောက်သွားကြသည်။ သို့သော်လည်း သူတို့က
သူတို့ကို ဖိနှိပ်ထားနိုင်သည့် ရောင်ဝါကို မကျေနပ်ကြပေ။ သူတို့အားလုံးက သူမကို ပြင်းပြင်းထန်ထန်
စိုက်ကြည့်နေကြသည်။
နောက်ဆုံးတော့
သူတို့က လက်နက်ကိုင် အစောင့်တွေလေ။ မိန်းမတစ်ယောက်ကိုတောင် မနိုင်ရင် ဘယ်လောက်တောင်
ရှက်စရာကောင်းလိုက်မလဲ?
ထောင်ဟွားဝူမှ ရွာသားများအားလုံးလည်း
ထိတ်လန့်သွားကြသည်။
စူးချင်းက ဘယ်လို
လူမျိုးကို စော်ကားမိလို့ သူတို့က ဓားတွေကို ချက်ချင်း ထုတ်နေကြတာလဲ?
အဒေါ်ချိုး၊ အဒေါ်လီနှင့်
အဒေါ်ကျန်းတို့ အားလုံးကလည်း သူမတို့၏သားများအတွက် စိတ်ပူနေကြသည်။ သူမတို့က ရန်ပွဲဖြစ်မည်ကို ကြောက်နေကြပြီး
ဝိုင်းဝန်း တိုက်ခိုက်ခ့ရမည်ကို စိုးရိမ်နေကြသည်။
"စူးချင်းက နေရာတိုင်းမှာ ဒုက္ခဖြစ်စေတဲ့ ဘေးဥပဒ်တစ်ခုပဲ"
နောက်ဆုံးတွင် ချိုးယွဲ့က
သူမ၏အဖိုး၊ လီမိသားစုနှင့် ကျန်းမိသားစုများ၏ ရှေ့တွင် စူးချင်ကို
ပုတ်ခတ်ပြောဆိုရန် အခွင့်အရေး ရလာခဲ့သည်။
"ချိုးယွဲ့ နင့်ပါးစပ်ကို ပိတ်ထား" အဘိုးကြီးချိုးက သူ့မမြေးကို
ကြိမ်းမောင်းလိုက်ပြီး သူ့မြေးကို အော်ပြောလိုက်သည်။
"ယုံခန်း၊ စူးချင်းကို
ကာကွယ်ပေးပါ"
“ဟုတ်ကဲ့၊
အဖိုး”
ချိုးယုံခန်း၏မျက်လုံးများတွင်
ခိုင်မာမှုအပြည့် ရှိနေသည်။ ချိုးမိသားစုက စူးချင်းအပေါ် အသက်ကယ်ကျေးဇူးများ
အကြွေးတင်နေပြီး သူက သူ့အသက်နှင့်ရင်းကာ သူမကို ကယ်တင်ရမည် ဖြစ်သည်။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က
တစ်ချိန်တည်း အော်ငေါက်လိုက်ကြပြီး သူတို့၏အသံများက ကောင်းကင်နှင့်မြေကြီးကို
တုန်လှုပ်စေလောက်သည်။ “စူးချင်ကို ဘယ်သူထိဝံ့တာလဲ?”
ထောင်ဟွားဝူမှ
အမျိုးသားများက အမြဲတမ်း စည်းလုံး ညီညွတ်ခဲ့ကြပြီး ကျိရွှေရှန့်နှင့် ကျန်လူများ အသဲအသန်
တိုက်ခိုက်ရမည်ကို မြင်သောအခါ အားလုံးက လက်နက်များကိုင်ကာ ပြေးသွားကြသည်။
✍️✍️✍️