Chapter 47 သူက အံ့ဖွယ်ဆေးဆရာမလေးကို သူ့ဘေးနားမှာ ထားချင်တယ်
Viewers 17k

အခန်း ၄၇ သူက အံ့ဖွယ်ဆေးဆရာမလေးကို သူ့ဘေးနားမှာ ထားချင်တယ်

အဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်လုနီးပါးဖြစ်နေပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသော အခြားဘေးဒုက္ခသည်များက သူတို့ကို ထိခိုက်မည်စိုးသောကြောင့် ထွက်ပြေးသွားကြသည်။ အခြေအနေက တင်းမာနေပြီး မီးထတောက်လောင်တော့မတက် ပူလောင်နေသည့်အခိုက်အတန့်တွင် အိမ်တော်ထိန်းက သစ်ပင်နောက်မှ လှမ်းအော်လိုက်သည်။

“ဘာမှ မလုပ်ကြနဲ့”

အစောင့်သုံးယောက်က အိမ်တော်ထိန်း၏အော်သံကို ကြားသည်နှင့် သူတို့၏ဓားရှည်များကို ချက်ချင်း ဖယ်ရှားလိုက်ကြပြီး သူတို့လည်း စိတ်သက်သာရာရသွားခဲ့သည်။

တဖက်က ကိုယ်ခံပညာကိုယ် သိ မသိ သူတို့ မသိနိုင်ပေမယ့် တခြားတစ်ဖက်မှာ လူတွေ အများကြီး ရှိနေတော့ တကယ်တိုက်ခိုက်ကြရင် ဖရိုဖရဲတွေ ဖြစ်လာပြီး နှစ်ဖက်စလုံး အထိနာမှာ သေချာတယ်။

သူတို့ထံတွင် သခင်ကြီးချင်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေသေးပြီး အကယ်၍ သူတို့ ဒဏ်ရာရနေချိန်တွင် သူတို့၏သခင် အန္တရာယ်ရှိလာပါက သူတို့ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

စူးချင်းက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး တိုက်ပွဲဖြစ်ခါနီးအခြေအနေတွင် သူမက တုန်လှုပ်နေခြင်းမျိုး မရှိပေ။

တစ်နာရီ၏လေးပုံတစ်ပုံခန့် အကြာတွင် အဘိုးအိုက အိမ်တော်ထိန်းလီဝူ၏ အကူအညီဖြင့် တောထဲမှ ပြန်ထွက်လာခဲ့သည်။ သူ့၏ခါး ပိုမတ်လာပြီး သူ့၏ခြေလှမ်းများက သွက်လပ်နေကာ သူ လမ်းလှောက်နေသည်မှာ ပို၍ ပေါ့ပါးသွားမှန်း သိသာနေသည်။

အဘိုးအို၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး လူ မရောက်ခင်မှာပင် အသံက အရင်ထွက်ပေါ်လာသည်။

မိန်းခလေး၊ မင်းရဲ့ ဆေးပညာက အရမ်းကောင်းတာပဲ၊ ဒီချင်မျိုးရိုးက မင်းကို လေးစားပါတယ်”

ဆေးသောက်ပြီးနောက်တွင် သခင်ကြီးချင်က သူ့၏ဝမ်းဗိုက်အောက်ပိုင်းမှ အေးစက်မှုကို ခံစားရပြီး ထိုအေးစက်မှုက အောက်ဘက်သို့ ရွေ့လျားသွားသောကြောင့် သူ ဆီးသွားရန်အတွက် တောထဲသို့ ဝင်သွားရသည်။ သူ ဆီးသွားနေသည့်အချိန်က ဆီးက အနီရင့်ရောင် ဖြစ်နေပြီး သူ၏ဝမ်းဗိုက်အောက်ပိုင်းက ချက်ချင်း ပူနွေးလာကာ ဆီးသွားပြီးနောက် ခံစားရလေ့ရှိသည့် နာကျင်မှုများကိုလည်း မခံစားရတော့ပေ။ သူက ဝမ်းဗိုက်အောက်ပိုင်းကို မကိုင်ဘဲ ကျောမတ်မတ် ခါးမတ်မတ်ဖြင့် လမ်းပြန်လျှောက်နိုင်ပြီ ဖြစ်သည်။

အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးကို အမြန်ဆုံး ရှာလိုက်ပါ။ ရှင့်မှာ အချိန် သိပ်မကျန်တော့ဘူး"

စူးချင်းက အဘိုးအို၏ ချီးမွမ်းမှုကြောင့် ကျေနပ်သွားသည့် အမူအရာကိုပင် မဖော်ပြဘဲ တိုက်ရိုက်တုံ့ပြန်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အေးစက်သော အမူအရာများ ရှိနေပြီး သူမ၏အသံကလည်း အေးစက်စက်နှင့် သီးသန့်ဆန်လွန်းနေသည်။

လင်ဇီးကို ရှာဖို့ ငါ လူတချို့ကို လွှတ်လိုက်ပါ့မယ်။ မင်း ငါနဲ့ ရထားလုံးအတူ လိုက်စီးလို့ရမလား?"

အဘိုးအိုက စူးချင်းကို ဖိတ်ခေါ်လိုက်သည်။ ဒီနတ်ဆေးဆရာမလေးကို သူ့ဘေးမှာ ထားရမယ်။

ရတယ်” စူးချင်းက သဘောတူလိုက်သည်။

အမှန်တကယ်တွင်လည်း စီးစရာ ရထားလုံးတစ်စီး ရှိနေလျှင် စူးချင်းက ယဥ်ကျေးနေမည် မဟုတ်ပေ။ ထို့အပြင် သူမက အဘိုးအိုဆီမှ ‌ဆေးကုခ မရသေးသောကြောင့် အဘိုးကြီးကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ သူက သူ့စကားအတိုင်း ငွေ မပေးမည်ကိုတော့ သူမ မစိုးရိမ်ပေ။ သူမ၏အကြွေးကို ပြန်မဆပ်သူတိုင်း သေရမည်ပင်။

"စူးချင်း"

ကျိရွှေရှန့်က စူးချင်းကို လှမ်းခေါ်လိုက်သည်။ သူက သူမတစ်ယောက်တည်း လိုက်သွားပြီး အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေသည်။

"ကျွန်မ အဆင်ပြေပါတယ် ကျင်းချန်မှာ ပြန်ဆုံကြမယ်"

စူးချင်းက ကျိရွှေရှန့်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအဘိုးအိုကြီးတွင် မကောင်းသော ရည်ရွယ်ချက် မရှိဘဲ သူက အသက်ရှင်ချင်ရုံသာ ဖြစ်ကြောင်း သူမ အကဲခတ်နိုင်သေးသည်။

"ရှောင်ယင်၊ လာခဲ့၊ ငါနဲ့ ရထားလုံး လိုက်စီး"

သူမကက ကျိရှောင်ယင်က လွဲရင် ဘယ်သူကိုမှ  ဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။  သူမ လမ်းလျှောက်ဖို့ မလိုတဲ့ အခွင့်အရေးတစ်ခု ရလာရင်၊ သူမ ပထမဆုံးတွေးမိတဲ့သူက ရှောင်ယင်ပဲ ဖြစ်လာလိမ့်မယ်။

စူးချင်းက ကျိရှောင်ယင်ကို လှမ်းခေါ်လိုက်ချိန်တွင် ကျိရွှေရှန့်၏မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကို သူမ မြင်လိုက်ပြီး သူ့ကို အာမခံလိုက်သည်။ "စိတ်မပူပါနဲ့၊ သူ(မ)ရဲ့ဘေးကင်းရေးကို ကျွန်မ အာမခံပေးနိုင်ပါမယ်"

အဘိုးကြီးတွင် သန်မာသော လက်နက်ကိုင် အစောင့်လေးယောက်ရှိနေသော်လည်း စူးချင်းက သူ့တို့ကို အလွယ်တကူ သတ်နိုင်ပေသည်။ သူမ သူ့ကို ကြွားလုံးထုတ်နေပြီး လိမ်လည်ကာ အာမခံနေခြင်း မဟုတ်ပေ။

ကောင်းပြီ” ကျိရွှေရှန်းက ပြောလိုက်သည်။

ကျိရွှေရှန့်က စူးချင်းကို လေးလေးနက်နက် ကြည့်လိုက်နေပြီး  စူးချင်းက ရှောင်ယင့်ကို သူ့ထက်ပင် ပိုကောင်းအောင် ဂရုစိုက်နိုင်ပေးကြောင်း သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။

သူမက ‌ ရှောင်ယင်ကို လုံးဝ အန္တရာယ်ကျရောက်စေမယ့်သူ မဟုတ်ပါဘူး။

ကျိရှောင်ယင်က ဝမ်းသာအားရ ပြေးသွားတော့သည်။ ဤသည်မှာ သူမဘဝတွင် ပထမဆုံးအကြိမ် ရထားလုံးပေါ်တွင် ထိုင်ဖူးခြင်း ဖြစ်ပြီး ရက်ပေါင်းများစွာ ခရီးထွက်ပြီးလာနောက် နောက်ဆုံးတွင် ကောင်းမွန်စွာ အနားယူနိုင်တော့မည် ဖြစ်သည်။

ချိုးယွဲ့က စူးချင်းကို မနာလိုစွာ စိုက်ကြည့်နေသည်။ သူမ၏အဘိုးဖြစ်သူက မြင်းနင်းခံရပြီးနောက် သူမက လှည်းပေါ်တွင် ဆက်မနေနိုင်တော့ပေ။ သူမက ဝမ်းလျှောခဲ့သည့်အပြင် စူးချင်းကြောင့် ဗိုက်တစ်လုံးအပြည့်ရေသောက်(ရေနစ်)ခဲ့ရသောကြောင့် လမ်းလျှောက်နေချိန်တွင် သူမ၏ခြေထောက်များက အားနည်းကာ ပျော့ခွေနေခဲ့သည်။

စူးချင်းက အဘိုးအိုကို ကုသပေးရန်အတွက် လျန်တစ်ထောင်လိုချင်ကြောင်း ပြောလိုက်သည်ကို ကြားသောအခါတွင် ထိုအဘိုးအိုက ဒေါသထွက်လာပြီး သူ့ဒေါသများကို ဖြေဖျောက်ရန် စူးချင်းကို ရိုက်နှက်ဖို့ သူမ မျှော်လင့်ခဲ့သည်။ အဘိုးအိုက စူးချင်းကို ကုသခပေးပြီး သူ့၏ရထားလုံးပေါ်သို့ ဖိတ်ခေါ်မည်ဟုတော့ သူမ မထင်ထားမိပေ။

လျန်တစ်ထောင်၊ အဲဒါက ဘယ်လောက် များပြားတဲ့ပမာဏလဲ? ရွှေငွေကို ၀တ်ဆင်ပြီး တော်တွေ တောင်တွေ ပင်လယ်တွေကရတဲ့ ထူးခြားဆန်းပြားပြီး အရသာရှိတဲ့ အစားအစာတွေကို စားနိုင်တော့မှာ မဟုတ်ဘူးလား?

ယခုအချိန်တွင် ချိုးယွဲ့က ပိုင်ကျို့ရှန်းထံမှ ဆေးပညာ မသင်ယူခဲ့သည့်အတွက် သူမကိုယ်သူမ မုန်းတီးနေမိသည်။ ထိုသို့မဟုတ်လျှင် သူမက နတ်ဆေးဆရာမလေး ဟု အခေါ်ခံရနိုင်ပြီး ဂုဏ်ထူးဆောင်ဧည့်သည်ကဲ့သို့ ဝန်ဆောင်မှုမျိုးကို ရနိုင်ပေလိမ့်မည်။

လက်ရှိအချိန်တွင် ချိုးယွဲ့တစ်ယောက် စူးချင်းက ကျိရှောင်ယင်ကို ရထားလုံးပေါ်သို့ ဆွဲတင်သွားသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေရတော့သည်။ သူမ အဖွဲ့နှင့်အတူ လမ်းလျှောက်နေချိန်တွင် သူမ၏ခြေထောက်များက ခဲများဆွဲထားသလို လေးလံနေသည်ဟု ခံစားနေရသည်။

ထို့ကြောင့် သူမက ရထားလုံးပေါ်တွင် အေးအေးဆေးဆေး ထိုင်နေမည့် စူးချင်းအကြောင်းကို စဉ်းစားရင်း စိတ်ထဲမှ ကျိန်ဆဲနေပြန်သည်။ စူးချင်းကို ကျိန်ဆဲရင်း လမ်းလျှောက်နေရခြင်းက သူမ လမ်းဆက်လျှောက်ရန် အင်အားများရလာစေသည်။

(T/N: အဲ့တစ်ယောက်က ဇွက်ကို ဗီလိန် ဖြစ်ချင်နေတာပဲ၊ အရင်တုန်းကတော့ သူ့ရဲ့အစ်ကို‌ရွှေရှန့်နားကပ်လို့ဆိုပြီး အခု စူးချင်းက ခွဲထွက်သွားတော့လည်း နောက်တစ်မျိုး ဖြစ်ရပြန်ပြီ)

စူးချင်းနှင့် ကျိရှောင်ယင်က အဘိုးအို၏ ရထားလုံးပေါ်သို့ တက်သွားကြပြီး အထဲတွင် ထိုင်ခုံနှစ်တန်းရှိနေသည်ကို တွေ့လိုက်ရသည်။ အလယ်တွင် စစ်တုရင်ခုံတစ်ခု တင်ထားသော လက်ဖက်ရည်စားပွဲလေး တစ်ခုရှိနေပြီး ထိုအပေါ်တွင် နံ့သာဖြူမီးဖိုနှင့် လက်ဖက်ရည်တစ်ခွက်လည်း ရှိနေသေးသည်။

စူးချင်း၏မျက်လုံးများက တောက်ပလာပြီး အဘိုးအိုက စာပေအနုပညာသမား ဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။

ရထားလုံးထဲသို့ ဝင်ပြီးနောက်တွင် ကျိရှောင်ယင်က သူမ၏လက်နှင့် ခြေများကို ဘယ်နေရာတွင် ထားရမှန်းမသိ ဖြစ်နေလေသည်။ ထိုင်ခုံများကို ပိုးထည်များဖြင့် ဖုံးအုပ်ထားသည်ကို သူမ  မြင်နရပြီး ထိုပိုးထည်များကို ခြစ်မိမည်ကို စိုးရိမ်သောကြောင့် ရထားလုံး၏ကြမ်းပြင်ပေါ်တွင် ထိုင်နေလေသည်။

"ရှောင်ယင်၊ ခုံပေါ်မှာ ထိုင်လေ"

စူးချင်းက ကျိရှောင်ယင်၏သတိထားနေသော အမူအရာကို မြင်လိုက်ပြီး သူမ၏မျက်လုံးများတွင် စူးရှသောအပြုံးရိပ်တစ်ခု တောက်ပလာသည်။ သူမက ကျိရှောင်ယင်ကို ဆွဲထူကာ ထိုင်ခုံပေါ်သို့ ဆွဲတင်လိုက်သည်။

"ဟား ဟား၊ အဆင်ပြေပါတယ်။ ထိုင်ပါ"

သခင်ကြီးချင်က သူကို စကားပြောရန်ပင် ခက်ခဲစေသော ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လိုက်သောကြောင့် စိတ်ကောင်းဝင်နေခဲ့သည်။ သူက ပြုံးနေပြီး ကျိရှောင်ယင်နှင့် စူးချင်းကို ထိုင်ခိုင်းလိုက်သည်။

သခင်ကြီးချင်က စူးချင်းကို မေးလိုက်သည်။ "စစ်တုရင်ကစားနည်းကို သိလား?"

လူတစ်​​ယောက်က​ စိတ်​​ကောင်းဝင်​နေချိန်​တွင်​ စစ်တုရင် ကစားချင်ပြီး ရထားလုံးပေါ်တွင် သူတစ်ယောက်တည်း စစ်တုရင်ကစားရခြင်းကလည်း ပျင်းစရာကောင်းလှသည်။

"ကျွန်မ နည်းနည်းသိတယ်"

စူးချင်းက အဖြူအမည်းနှင့် ကျောက်ပြားလေးများကို တစ်ချက်ကြည့်လိုက်သည်။

အဲဒါက ရှေးခတ်စစ်တုရင် မဟုတ်ဖူးလား?

ဒီမင်းဆက်မှာ ဒီကစားနည်း ရှိနေလိမ့်မယ်လို့တော့ သူမ မမျှော်လင့်ထားမိဘူး။ သူမ စစ်နတ်ဘုရား ဖြစ်နေတဲ့အချိန်တုန်းက သူမတစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ စစ်တုရင်ကစားရတာကို သူမ သဘောကျတယ်။ စစ်တုရင်ကစားနေတဲ့ အချိန်ဆိုရင် သူမရဲ့နှလုံးသားက ငြိမ်သက်နေတက်ပြီး သူမကြောင့် သေသွားတဲ့လူတွေရဲ့မျက်လုံးတွေနဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်သွေးနီနီတွေကို မေ့ထားနိုင်တယ်။

ကောင်းလိုက်တာ၊ အတူတူ ကစားကြရအောင်”

စူးချင်းက စစ်တုရင်ကစားနည်းကို သိကြောင်း ကြားလိုက်ရချိန်တွင် သခင်ကြီးချင်က အလွန်ဝမ်းသာသွားသည်။ သူက ပြင်းပြင်းထန်ထန် ရယ်မောနေပြီး သူ့၏မုတ်ဆိတ်မွေးများပင် တုန်ခါနေသည်။

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုင်ချလိုက်ကာ အနက်ရောင် စစ်တုရင်ကျောက်ပြားလေးကို ကောက်ယူလိုက်သည်။

သူတို့ စစ်တုရင်ကစားတော့မည်ကို မြင်သောအခါ ကျိရှောင်ယင်က စူးစမ်းချင်စိတ်ဖြင့်  စိတ်ဝင်တစားကြည့်ရှုရန် ပါဝင်လာသည်။ ရထားလုံးပေါ်တွင် ပထမဆုံးရှိနေရခြင်းကြောင့် သူမ နေမထိထိုင်မသာဖြစ်နေကာ သူမ၏မေးစေ့လေးကို သူမလက်ဖြင့် ပြန်ထောက်ထားပြီး သူမ၏ကြီးမားရွှမ်းစိုနေသော မျက်လုံးများက စစ်တုရင်ခုံကိုသာ စိုက်ကြည့်နေသည်။ သူမ၏ မသိနားမလည်ပုံရသော အမူအရာလေးက သခင်ကြီးချင်ကို ရယ်မောစေခဲ့သည်။

"ကောင်မလေး၊ မင်း သင်ချင်လား?"

အဘိုးအိုက ကျိရှောင်ယင်ကို ကြင်ကြင်နာနာ မေးလိုက်သည်။ ကလေးမလေးက သူ့၏မြေးမလေးနှင့် သက်တူရွယ်တူ ဖြစ်ပုံရပြီး သူမ၏အပြစ်ကင်းစင်သော ပုံပန်းသဏ္ဍာန်က သူ့မြေးမလေးနှင့် အလွန်ဆင်တူလှသည်။ ထို့အပြင် သူမမျက်လုံးများကို မြင်နေရချိန်တွင် ဘာကြောင့်မှန်းမသိ ရင်းနှီးမှုတစ်ခု ရှိနေသည်ဟု ခံစားနေရသည်။

ကလေးမလေးက အေးစက်စက်နှင့် သီးသန့်ဆန်သော စူးချင်းနှင့် အတူထိုင်နေသော်လည်း တစ်ယောက်က အေးစက်နေပြီး တစ်ယောက်က နွေးထွေးနေကာ အံ့သြစရာကောင်းလောက်အောင် လိုက်ဖက်ညီနေသည်။ လူအိုကြီးက ကောင်မလေးနှစ်ယောက်စလုံး မဆိုးဘူးဟုသာ သတ်မှတ်ထားလိုက်သည်။

ဟုတ်ကဲ့”

အဘိုးအို၏ အမေးကို ကြားသောအခါ ကျိရှောင်ယင်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမ ပြုံးလိုက်သောအခါတွင် သူမ၏ပါးပြင်ပေါ်တွင် ပါးချိုင့်လေးနှစ်ခု ပေါ်လာပြီး အထူးသဖြင့် ချိုမြိန်လွန်းလှသည်။

ကျိရှောင်ယင်က စစ်တုရင်ကစားနည်းကို သင်ယူလိုကြောင်း ကြားသောအခါ စူးချင်းက သူမ၏လှုပ်ရှားမှုကို အလွန်နှေးကွေးအောင် လျော့ချလိုက်သည်။ သူမက ကျိရှောင်ယင်ကို စစ်တုရင်ကစားနည်း၏အခြေခံ စည်းမျဉ်းများကို ရိုးရိုးရှင်းရှင်း စတင်ရှင်းပြပေးနေပြီး သခင်ကြီးချင်က စိတ်ဝင်တစား နားထောင်နေသည်။

ဒီကလေးမလေးက ဗဟုသုတ စုံလင်လွန်းပြီး သူမ မသိတာ ဘာမှ မရှိနိုင်ဘူးလို့တောင် သူ ရုတ်တရက် ခံစားလာရတယ်။ ပြသနာက သူမက အရမ်းအေးစက်လွန်းတာပဲ။

ကျိရှောင်ယင်က ပင်ကိုယ်ထက်မြက်သူ ဖြစ်ပြီး စူးချင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် စစ်တုရင် စမ်းကစားကြည့်ရန် စိတ်အားထက်သန်နေသဖြင့် အဘိုးအိုက အပြုံးဖြင့် မေးလိုက်သည်။

“မင်း စမ်းကြည့်ချင်လား?”

ဟုတ်ကဲ့”

ကျိရှောင်ယင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ချစ်စဖွယ်အမူအရာက  သခင်ကြီးချင်ကို ပိုသဘောကျစေခဲ့သည်။

သူတို့နှစ်ယောက် စစ်တုရင်ကစားနေချိန်တွင် စူးချင်းက မိုးမခအကိုင်းအခက်များ ကူခုတ်ပေးရန် အစောင့်များနှင့် လက်နက်ကိုင်အစောင့်များကို တောင်းဆိုလိုက်သည်။ သူမက အခြားသူများကို ခိုင်းစေနေသော်လည်း ဝန်ထုပ်ဝန်ပိုး မရှိသလို ပြောဆိုနေပြီး သူမက အမြဲတမ်း အမိန့်ပေးသည့် လေသံကိုပင် အသုံးပြုနေသေးသည်။

အိမ်ထိန်းအဘိုးကြီးက သူ့သခင်ကြီးကို လှမ်းကြည့်လိုက်သော်လည်း သခင်ကြီးချင်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သခင်ကြီးက ဤမိန်းကလေး၏ ယုတ္တိမရှိသော တောင်းဆိုမှုကို သဘောတူနေကြောင်း မြင်လိုက်ရသဖြင့် အိမ်တော်ထိန်းက လျစ်လျူမရှုဝံ့တော့ဘဲ အစောင့်များကို တောစပ်သို့သွားကာ မိုးမခပင်အကိုင်းအခက်များကို ခုတ်ပေးရန် အမိန့်ပေးလိုက်သည်။

များမကြာမီပင် ရထားလုံး၏သုံးပုံတစ်ပုံတွင် မိုးမခအကိုင်းအခက်များ ပြည့်နှက်သွားပြီး သခင်ကြီးချင်ပင်လျှင် သူ့၏စစ်တုရင်စားပွဲကို နေရာရွှေ့ပေးလိုက်ရသည်။

သခင်ကြီးချင်က စူးချင်း မိုးမခကိုင်းများကို မည်သည့်အတွက် လိုချင်နေကြောင်း သိချင်နေပြီး အဆုံးတွင် အံ့ဖွယ်နတ်ဆေးသမားတော်က တည်ငြိမ်သော အမူအရာဖြင့် မိုးမခခြင်းတောင်း စတင်ရက်လုပ်နေသည်ကို သူ မြင်လိုက်ရသည်။

✍️✍️✍️