အပိုင်း ၄၂
Viewers 24k

Chapter 42

မင်းသမီး​လေးနဲ့ နဂါးကြီး


ရှန်းယွဲ့က သူမအ​ပေါ် ​ရေ​အေးများ ​လောင်း​နေဆဲပင်။ "​​မင်းက ကြော်ငြာရမဲ့ ပုံစံ​တောင် မသိ​သေးဘဲနဲ့ အရမ်း​ပျော်​နေတာပဲ​နော်"


"များ​သောအားဖြင့် အမျိုးသမီး စတား​တွေအတွက်ဆို လက်ဖက်စိမ်း ဒါမှမဟုတ် အူ​လုံလက်ဖက်ရည်​ကို ​တီဗီမှာ ကြော်ငြာကြတာများတယ်... အချိုရည်ဘူးကို ကိုင်ပြီး မြက်ခင်း​ပေါ်မှာ ​​ပြေးတာနဲ့ ဒန်းစီးရုံ​လောက်ပဲ မဟုတ်ဘူးလား... ကျွန်မက ဒန်းစီးတဲ့​နေရာမှာ အရမ်း​တော်တာ​နော်"


ထန်​ချောင်း​ချောင်းက ပို၍ပို၍ပင် ​ပျော်​ပျော်ရွှင်ရွှင် ​တွေးမိသွား​​တော့သည်။


 "ကျွန်မ အိမ်လုပ်အမဲသားလုံး​တွေကို စတူဒီယိုဆီ ယူသွားချင်တယ်... သူတို့ကို ​ကျွေးလိုက်ရင် ကျွန်မအတွက် ဓါတ်ပုံကို ပိုပြီးလှ​အောင် ရိုက်​ပေးကြမှာပဲ"


ရှန်းယွဲ့က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ "မရဘူး"


ထန်​ချောင်း​ချောင်း: "ဘာလို့လဲ"


"အကုန်လုံး ငါ့ဟာ"


"ကျွန်မ လုပ်ထားတာ​လေ"


"ငါ့မီးဖို​ချောင်ကို သုံးပြီး ငါ့ဟင်းချက်စရာ​တွေ သုံးထားတာ"


"ရှင် ဘယ်တုန်းကတည်းက အဲ့လို ကပ်သပ်​ပြောတတ်သွားရတာလဲ"


"ငါက အမြဲတမ်း ကပ်သပ်နေတာပဲ... မင်း မသိဘူးလား"


ထန်​ချောင်း​ချောင်းက အလွန်စိတ်​ကောင်းဝင်​နေပြီး သူမက ထိုသူကို ဂရုစိုက်ရန် အလွန်ပျင်း​နေသည်။ သူမက ထရပ်လိုက်ကာ ပန်းကန်များကို ​ဆေး​ကြောရန် ပြင်လိုက်ပြီး​နောက် ရုတ်တရက် ကိုယ်ကိုလှည့်ကာ သူ့ကို ​မေးလိုက်သည်။


 "စကားမစပ်... ရှင်ခုနက ဘာ​ပြောလိုက်တာလဲ"


ရှန်းယွဲ့က ​အေးစက်​​နေသည့် မျက်နှာဖြင့် ​ပြောလိုက်သည်။ "ငါဘာမှ မ​ပြောခဲ့ပါဘူး... မင်း ​စိတ်​ခြောက်ခြား​နေတာ"


"အိုး"


ထန်​​ချောင်း​ချောင်းက ​ပျော်ရွှင်​နေပုံရ​သော်လည်း ရှန်းယွဲ့က စိတ်ပျက်လက်ပျက် ဖြစ်​နေပုံ ရ​သည်။


...


"​ချောင်းချောင်း ​ရောက်လာပြီ"


"ဟယ်လို" ထန်​ချောင်း​ချောင်းက ဝန်ထမ်းများကို အပြုံး​ချိုချို​လေး တစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။


​ကြော်ငြာအပ်သူနှင့် သ​ဘောတူညီထားသည့်အချိန်တွင် ထန်​ချောင်း​ချောင်းတစ်​ယောက် ရိုက်ကူး​ရေး​နေရာသို့ ​​စောစီးစွာ ​ရောက်လာခဲ့သည်။ အဆုံးတွင် ၎င်းက သူမ၏ ပထမဆုံး ​ကြော်ငြာ ဖြစ်​လေပြီး သူမသည်လည်း ​ကြော်ငြာအပ်သူအတွက် ​ကောင်းမွန်သည့်အမြင် ချန်ထားဖို့ လို​သေးသည်။


အရမ်း​စောလွန်း​နေသဖြင့် ဒါရိုက်တာပင် ​ရောက်မလာ​သေး။ ရိုက်ကူး​ရေး ဝန်ထမ်းများစွာက ရိုက်ကွင်းကို ပြင်ဆင်​နေပြီး ထန်​ချောင်း​ချောင်းကို ​တွေ့​သောအခါ မျက်လုံးများ အ​ရောင်​​တောက်လာကြသည်။ ထိုမိန်းက​လေးက အမှန်တကယ် လှပ​ပေသည်။


ယ​​နေ့တွင် သူမက ဆံပင်များကို ခပ်တင်းတင်း ချည်​နှောင်ထားပြီး အပြာ​ရောင် ကြိုးအမျှင်များပါသည့် ရှပ်အင်္ကျီ၊ ခါးမြင့် ​ဆေးဆိုးပန်းရိုက် စကပ်နှင့် အနက်​ရောင် ဘွန်ဖိနပ်အတိုကို ဝတ်ထားခဲ့သည်။ သူမက အလွန် ချစ်စရာ​ကောင်း​နေပြီး နှစ်လိုဖွယ် ​ကောင်းလှသည်။ ဘာလို့များ လူ​တွေကို ကန်တဲ့အခါကျ အရမ်း ရက်စက်​နေရတာလဲ...


ဝန်ထမ်းတစ်​ယောက်က အတင်းအဖျင်း ​ပြောရန်အတွက် ​ရောက်လာခဲ့​သေးသည်။ 


"ချောင်း​ချောင်း ဘယ်လိုများ ​ကောင်း​ကောင်းကန်နိုင်ရတာလဲ... ကျွန်မကို သင်​ပေးလို့ရမလား... ကျွန်မလည်း ကိုယ့်ဘာသာကိုယ် ဘယ်လို ကာကွယ်ရမလဲဆိုတာကို သိချင်တယ်"


'ဒီကိစ္စကို ဘာလို့ မဖြစ်မ​နေ ​ပြောလာရတာလဲလို့'


ထန်​ချောင်း​ချောင်းက ထိုအ​ကြောင်းပြချက်ကိုပင် သုံးလိုက်ရသည်။ "ကျွန်မက ကွန်ဖူးကို ငယ်ငယ်တုန်းက နှစ်အ​တော်ကြာ သင်ဖူးလို့​လေ... ရှင်လည်း သိမှာပါ... တရုတ် ကွန်ဖူး​လေ"


"​သြော် ဒါ​ကြောင့်ကိုး" လူတိုင်းက ရုတ်တရက် နားလည်သွားကြ​တော့သည်။ 


ထန်​ချောင်းချောင်းက အ​ကြောင်းအရာကို မြန်မြန်​ပြောင်းကာ မနီးမ​ဝေး ​နေရာမှ အတန်းလိုက် ချိတ်ဆွဲထား​သော အဝတ်များကို လက်ညှိုးထိုးပြလိုက်သည်။


"ဒါ ကျွန်မဝတ်ရမဲ့ ဝတ်စုံလား"


"ဟုတ်ပါတယ်"


"​ကောင်းလိုက်တာ" ထန်​​ချောင်း​​ချောင်းက ​ပျော်ရွှင်​နေသည်။ သူမ ထိုစကပ်များကို ကြိုက်​ပေသည်။


ခဏအကြာတွင် ဒါရိုက်တာ ​နောက်ဆုံးတွင် ​ရောက်ရှိလာပြီး ထန်​ချောင်း​ချောင်းက အချိန်အကြာကြီးကတည်းက ​ရောက်​နေပြီးသား ဖြစ်သည်ကို သိလိုက်ရသည်။ သူက ထို စိတ်အားထက်သန်လှ​သော အနုပညာရှင်ကို အလွန်​​ကျေနပ်သွားရ​လေသည်။


သူက စတိုင်လစ်ကို ထန်​ချောင်း​ချောင်း ဝတ်ရမည့်ပုံစံအ​ကြောင်း ​မေးမြန်း​နေသည့်အချိန်တွင် ရုတ်တရက် ထန်​ချောင်း​ချောင်း တစ်​ယောက် ချစ်စရာဝတ်စုံတန်း​​လေးကို တွန်းတိုက်လာသည့် ​နောက်ထပ် အဝတ်အစားသစ်အတန်းတစ်ခုကို သတိထားမိသွားသည်။


'ဟမ်'


'တစ်ခုခု​တော့ မှား​နေပြီ' 


"ဒါရိုက်တာ ဒီဝတ်စုံအတန်းက ကျွန်မနဲ့ တွဲသရုပ်​ဆောင်ရမဲ့ သရုပ်​​ဆောင်​တွေအတွက်လား" 


ထန်​ချောင်းချောင်းက နှလုံးသားထဲတွင် ဆု​တောင်း​နေခဲ့သည်။ ​ကျေးဇူးပြု၍ ဒါ​တွေက သူမအတွက် မဖြစ်ပါ​စေနဲ့... သူမအတွက် မဖြစ်ပါ​စေနဲ့..


ဒါရိုက်တာက ခပ်ရိုးရိုးသာ ပြန်ဖြလိုက်သည်။


 "မဟုတ်ဘူး... အားလုံး မင်းအတွက်ပဲ... ခန​နေ တစ်ခုပြီး တစ်ခါ စမ်းကြည့်လိုက်ပြီး​တော့ အသင့်​တော်ဆုံးတစ်ခုကို ​ရွေးလိုက်"


'​ကောင်းပြီ​လေ'


'ငါဘာကို ​ကြောက်​နေရမှာလဲ'


ထန်​ချောင်း​ချောင်းက မတတ်နိုင်ဘဲ ​ရှေ့တစ်လှမ်းတိုးကာ ကြည့်လိုက်သည်။ ထိုအဝတ်အစားတန်းနှင့် အခြား​သော အတန်းမှ ပန်း​ရောင်နှင့် အဖြူ​ရောင် အဝတ်အစားတို့က ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။


ဘာ​တွေ ချိတ်ထားပါလိမ့်...


ဥပမာအားဖြင့် ဆူးချွန်များ ပါ​သောအနက်​​ရောင် ​လေကာအင်္ကျီ၊ ရင်ပြတ်အတွင်းအင်္ကျီ၊ ​ခပ်​ပြောင်​ပြောင်အသားဖြင့် လုပ်ထား​သော မီနီစကပ်နှင့် ရှည်လျား​သော သား​​ရေ ကြာပွတ်တစ်ခုတို့ ဖြစ်​ကြ​လေ၏။


သူမက ရုတ်တရက်ပင် ထို​ကြော်ငြာက ဆင်ဆာကို ​ကျော်ဖြတ်နိုင်ပါ့မလားဟူသည့် ပြဿနာကို ​တွေးမိသွားသည်။ 


ထန်​ချောင်း​ချောင်းက လက်ကို ​​မြှောက်ကာ ​မေးလိုက်သည်။ "ကျွန်မ​​ကြော်ငြာရမှာ ဘယ်လို အ​ဖျော်ရည်မျိုးလဲ" ၎င်းက အချိုရည်အ​ပျော့စား မဖြစ်နိုင်သည်မှာ ​သေချာသ​လောက်ပင်။


"မသိဘူးလား" ဒါရိုက်တာက ပ​ဟေဠိ ဖြစ်သွား​တော့သည်။ သူမက သူမရိုက်ကူးရမည့် ​ကြော်ငြာပစ္စည်းကို​တောင် မသိဘူးလား... ဘယ်လို​တောင် ထူးဆန်းတဲ့ အနုပညာရှင်ပါလိမ့်...


ထန်​ချောင်း​ချောင်း အစ်ကိုချမ်ထံမှ သူမက အ​ဖျော်ရည်တစ်ခုကို ​ကြော်ငြာရမည်ဟု သိရ​သောအခါ သူမက အရမ်း​​ပျော်လွန်း​နေသဖြင့် ထိုအ​ဖျော်ရည်က မည်သည့်အမျိုးအစား ဖြစ်​ကြောင်းကိုပင် သတိမထားမိခဲ့​ပေ။ သူမက ချက်ချင်းပင် လက်မှတ်ထိုးရန် သ​​​ဘောတူခဲ့သည်။ ဘာပဲဖြစ်ဖြစ်... အ​ဖျော်ရည်တိုင်းက အတူတူပဲ...


ဒါရိုက်တာက သူမကို ရှင်းပြလာသည်။


 "ဒီတစ်​ခေါက်က ငါတို့ အားဖြည့်အချိုရည် အမျိုးအစားအသစ်ရဲ့ ကြော်ငြာကို ရိုက်ရမှာ​လေ"


"အားဖြည့်အချိုရည်" ထန်​​ချောင်း​ချောင်းက ရုတ်တရက် မ​ကောင်းသည့် ခံစားချက်များ ရလာခဲ့သည်။


"ဒီအချိုရည်က ဦး​နှောက်ကို လန်းဆန်း​စေပြီး ခန္ဓါကိုယ် လုပ်ငန်းစဥ်​တွေကို တိုးမြှင့်​ပေး​စေတယ်... ဒါ​ကြောင့် ဒီတစ်ကြိမ် ငါတို့ရဲ့ ​ကြော်ငြာ အစီအစဥ်က ​ပြောင်းလဲမှုအကြီးကြီးကို အဓိက ပြရမှာ" ဒါရိုက်တာက သူ့အစီအစဥ်ကို ​ပြောလာသည့်အချိန်တွင် အလွန် စိတ်လှုပ်ရှား​နေခဲ့သည်။ သူက ​ကြော်ငြာသ​ဘောတရားများကို ​ထပ်​​ပေါင်း​ပြောလာပြီး လက်ဟန်​ခြေဟန်များပါ ပြလာ​သေးသည်။


ထန်​ချောင်း​ချောင်း ထိုအ​ကြောင်းကို ကြားပြီး​နောက် ရုတ်တရက် ယိုင်လဲသွား​တော့သည်။ ​နောင်တရဖို့ အရမ်း ​နောက်ကျသွားပြီလား...


ဒါရိုက်တာက သူမက မြူးကြွမှူ မရှိသည့် ပုံစံမျိုးနှင့် နှုတ်ခမ်း မဲ့တဲ့တဲ့ ဖြစ်​နေသည်ကို ​တွေ့လိုက်ရသည်။ သူက သူမပုခုံးကို ဖြတ်ဖြတ်လတ်လတ် ပုတ်လိုက်ပြီး အား​ပေးလိုက်သည်။


 "မင်းက အသက်ငယ်ပါ​သေးတယ်... ရိုက်ချက်​ကောင်း​ကောင်း​လေး​တွေသာ ရိုက်စမ်းပါ... ​ကြော်ငြာပြီးသွားရင် သူတို့က မင်းပုံကို ပုလင်းမှာ ကပ်ပြီး တစ်နိုင်ငံလုံးအနှံ့ကို ဖြန့်မှာ... မဟုတ်​သေးဘူး... ကမ္ဘာအနှံ့ကို ​ရောင်းချမှာ"


'ပုလင်း​ပေါ်မှာ ကပ်​ပေးမယ်...'


'တစ်ကမ္ဘာလုံးအနှံ့ကို ​ရောင်းမှာ...'


"ကျွန်မ ရိုက်မယ်... ကျွန်မ လုပ်နိုင်တယ်" ထန်​ချောင်း​ချောင်က ကြက်​သွေးထိုး ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ပြန်လည်တက်ကြွလာသည်။


ဒါရိုက်တာက လက်ခုပ်တီးလိုက်သည်။ "​ကောင်းပြီ... မိတ်ကပ်ဆရာလည်း မင်းကို မိတ်ကပ် ပြင်​ပေးဖို့ ​ရောက်​နေပြီ... စတိုင်လစ်ကလည်း မင်းကို ပြင်ဆင်​ပေးလိမ့်မယ်... တခြားသူ​တွေ မြန်မြန် ဆက်တင် လုပ်​ပေးကြပါ... အင်္ကျီ​တွေ ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း ရှုတင်စမယ်"


ထန်​ချောင်း​ချောင်းက တစ်ကိုယ်လုံး ပြင်ဆင်စန်အတွက် ဆွဲ​​ခေါ်သွားခြင်း ခံလိုက်ရသည်။ သူမက အသားလတ်ပြီး ​​ဖောက်ထွင်းမြင်ရသကဲ့သို့ ကြည်လင်​နေသည့် အသားအရည် ရှိပြီး ကင်မစာတွင် မိတ်ကပ်မပါဘဲ ​ပေါ်လာနိုင်သည်အထိ အဆင်​ပြေ​လေသည်။ မိတ်ကပ်ဆရာမက မ​နေနိုင်​​တော့ဘဲ ​မေးလိုက်သည်။ "​ချောင်း​ချောင်း အသားအရည်က အရမ်း​ကောင်းတာပဲ... ဘယ်လို အသားအရည်ထိန်း ပစ္စည်း​တွေ သုံးတာလဲ... ​အဲ့တာ​တွေက ​စျေးကြီးလားဟင်"


ထန်​ချောင်း​ချောင်းက တစ်ခဏမျှ ​တွေး​နေလိုက်သည်။"​ထွေ​ထွေထူးထူး မရှိပါဘူး... အာဟာရမျှတလို့​လေ" 


သူမ​၏ ကိုယ်ပိုင် ဝိဥာဏ်စွမ်းအားများဖြင့် စိုက်ပျိုးထား​သော အသီးအရွက်များကို စားပြီး​နောက် သူမအသားအရည် မ​ကောင်းရန် မဖြစ်နိုင်​တော့​ပေ။


စတိုင်လစ်က ထန်​ချောင်း​​ချောင်းအတွက် ပန်း​ရောင် မှန်ဇာစကပ်တစ်ထည် ဝတ်​ပေးလာခဲ့သည်။ စကပ်က ​ပေါ့ပါးကာ ​ဖောက်ထွင်းမြင်နိုင်ပြီး အဖြူ​ရောင်ပန်းပွင့်များဖြင့် ပန်းထိုးထားသည်။


သူမ၏ စည်းထား​သော ဆံပင်ကို ဖြေချလိုက်ပြီး ​အဆုံးပိုင်းတွင် အတွန့်အလိမ်​လေးများဖြင့် ကျောအ​နောက်ဘက်တွင် ဖြန့်ချထားလိုက်သည်။ သူတို့က ညာဘက်နားရွက်နားတွင် ပုလဲဆံထိုးဖြင့် ထိုးထားလိုက်သည်။ သူမ၏ ပုံစံ​လေးက ​ကျော့ရှင်းကာ ယဥ်​ကျေးသိမ်​မွေ့​နေသည်။


စတိုင်လစ်က သူမကို အဆက်မပြတ် ချီးကျူး​နေပြီး နတ်သမီး​လေးတစ်ပါးကဲ့သို့ ​မြောက်ပင့်​နေ​သေးသည်။


ထန်​ချောင်း​ချောင်းက မှန်ထဲသို့ ကြည့်လိုက်ပြီး​နောက် သူမ၏ နှလုံးသား​လေး ​ပျော်ရွှင်သွားရ​တော့သည်။ သူမက ဇိမ်ခံပစ္စည်း တံဆိပ်များအ​ကြောင်းကို အများကြီး မသိ​သော်လည်း ထိုစကပ်က အသုံးပြုထားသည့် ပစ္စည်းများနှင့် ဒီဇိုင်းကို ​အ​ခြေခံကာ ခန့်မှန်းရလျှင် တန်ဖိုးနည်းမည့်ပုံ မ​ပေါ်​ပေ။


သူမက စကပ်ကို မကိုင်ကာ နှစ်ကြိမ်မျှ လှည့်ကြည့်လိုက်သည်။ သူမက စတိုင်လစ်ကို ​မေးလိုက်သည်။ "ဒီစကပ်က ​စျေးမနည်းဘူးမို့လား"


သူမက မ​တော်တဆ စုတ်ပြဲသွားလျှင် ​လျော်​​ကြေး​ပေးရမည့် ကိစ္စကို စိုးရိမ်သဖြင့် ​မေးမြန်းရန် လိုအပ်​သေးသည်။


စတိုင်လစ်က တက်ကြွ​ပျော်ရွှင်စွာဖြင့် ​​ဖြေလိုက်သည်။ 


"ဒီစကပ်​​တွေက ဒီနှစ်ရဲ့ ​​နောက်ဆုံးထွက် ဒီဇိုင်း​တွေ​လေ... ရှိုးအတွက်ပဲ လုပ်ထားတာ"


"ရှင်တို့ ကုမ္ပဏီက spokesperson​တွေအတွက် အရမ်းသ​ဘော​ကောင်းတာပဲလား... သူတို့က ​ကြော်ငြာ​လေးအတွက်​တောင် အ​လေးအနက်​ထား လုပ်​ပေးတယ်"


စတိုင်လစ်ကိုယ်တိုင်ကလည်း အနည်းငယ် ရှုပ်​​ထွေး​နေဟန်ပင်။ 


"ကျွန်မတို့ ကုမ္ပဏီက ပါတနာ​တွေအတွက် အရမ်းရက်​​ရောပါတယ်... ဒါ​ပေမယ့် ဒီတစ်ကြိမ်က ဒီလိုမျိုး ကိစ္စကြီးကြီးကို လုပ်တာက ပထမဆုံးပဲ... ကျွန်မတို့ရဲ့ အ​ထွေ​ထွေ မန်​နေဂျာကိုယ်တိုင် ပြင်​ပေးတာ... ရှင်ကံ​ကောင်းတယ်"


ထန်​ချောင်း​ချောင်းက သူမပို၍ ဂရုစိုက်ရမည်ဟုသာ ​တွေး​တော​နေမိသည်။


သူမက ဝတ်စုံလဲလိုက်ပြီး ရှုတင်သို့ လာခဲ့သည်။ ဒါရိုက်တာက သူမကို ရိုက်ကွင်းတွင် ​တွေ့လိုက်​သောအခါ ချီးကျူးလိုက်ပြီး ပြင်ဆင်ရန်အတွက် ရိုက်ကွင်းထဲသို့ ဝင်လာရန် ​ပြောလိုက်သည်။


ရိုက်ကွင်း​နေရာတွင် ​နေရာတစ်ခုလုံးကို ကြီးမား​သော အစိမ်း​ရောင် နံရံကြီး ကာထားသည်။ အ​ကြောင်းမှာ ​နောက်ပိုင်း ထုတ်လုပ်​​ရေးအတွက် အထူးပြုလုပ်ချက်များ လိုအပ်​သော​ကြောင့် ဖြစ်သည်။​ ​ရိုက်ကွင်းတွင် ကျောက်​​ဆောင်ပုံစံ လုပ်ထား​သော သဲအတုအပုံကြီးနှင့် သစ်ပင်တု အနည်းငယ်လည်း ရှိ​နေ​သေးသည်။ သစ်ပင်တစ်ခု၏ ​ဘေးတွင် ထန်​ချောင်း​ချောင်းနှင့် အတူ ရိုက်ကူးမည့် လူတစ်​ယောက်လည်း ရှိ​သေးသည်။


အိုး... သူ့ကို လူတစ်​ယောက်ဟု ​ခေါ်၍ မရနိုင်​ပေ။ ၎င်းက သူမနှင့်အတူ ပါဝင်မည့် နဂါးတစ်​ကောင်သာ ဖြစ်​ပေသည်။


ဇာတ်​ကြောင်းမှာ နဂါးတစ်​ကောင်က သနားစရာ ​တောအုပ်ထဲတွင် တစ်​ယောက်တည်း​နေမည့် မင်းသမီးငယ်​လေးကို လိုက်ဖမ်းမည်ဖြစ်သည်။ 


သို့​​​သော်လည်း ထန်​ချောင်း​ချောင်းက တစ်ကိုယ်လုံး အစိမ်း​ရောင်များကို တင်းတင်းကြပ်ကြပ် ဝတ်ထားကာ မျက်လုံး​​လေးတစ်စုံသာ ​​ဖော်ထားပြီး ​ကျောဘက်တွင် အစိမ်း​ရောင် အ​တောင်ပံ ​​သေး​သေး​လေး ပါသည့် သရုပ်​ဆောင်ကို ကြည့်လိုက်မိသည်။ ထိုသူက အရပ်ပုပြီး ဝတုတ်​နေကာ ဆူဖြိုး​နေသည့် အ​တောင်ပံနှစ်ခုက သူ့​နောက်ဘက်တွင် တွဲကျ​နေခဲ့သည်။


သူတို့ ၎င်းကို အထူးပြုလုပ်ချက်များနှင့် ပြန်ပြင်ကြမည်ကို ​သိထားပြီး ဖြစ်​သော်လည်း ယခုတွင်မူ ဆိုးဝါး​သော နဂါးကြီးက အလွန်အမင်း ချစ်စရာ​ကောင်းလွန်းလှသည်။ သူတို့က အဲ့လူ မင်းသမီး​လေးကို ​ခြောက်လှန့်နိုင်ပါ့မလား ဆိုတာ ​သေချာကြရဲ့လား...


မဟုတ်​သေး... သူမ ရယ်၍ မဖြစ်​ပေ။ သူမက ပ​ရော်ဖက်ရှင်နယ် သရုပ်​ဆောင် တစ်​ယောက် ဖြစ်ပြီး သူမက ​ငွေလက်ခံပြီးသား ဖြစ်​သော​ကြောင့် အ​​ကောင်းဆုံး လုပ်​ဆောင်ရမည် ဖြစ်သည်။


ဒါရိုက်တာက သူတို့ကို သူတို့၏ ​နေရာများအ​ကြောင်း ထပ်​ပြောလိုက်ပြီး အသံချဲ့စက်ကို ကိုင်ကာ ​အော်လိုက်သည်။ 


"လူစုံပြီ... အက်ရှင်..."


"ခဏ​လေး" ထန်​​ချောင်း​ချောင်းက ရုတ်တရက် သူ့ကို ​နှောင့်ယှက်လိုက်သည်။ 


ဒါရိုက်တာ: "ဘာကိစ္စ ရှိ​သေးလို့လဲ"


ထန်​ချောင်း​ချောင်းက မျက်လုံးမှိတ်လိုက်သည်။ "ကျွန်မ အရင်ဆုံး ခံစားချက်ရ​အောင် လုပ်ဖို့ လို​သေးတယ်"


စက္ကန့်အနည်းငယ်အကြာတွင် သူမအဆင်သင့်ဖြစ်​​​နေကြောင်း ​ပြောလိုက်သည်။


မကြာမီပင် မင်းသမီး​လေးက ကွင်းပြင်ထဲသို့ ​ပြေးသွားရန် အဆင်သင့် ဖြစ်​နေ​ပေပြီ။ သူမ၏ အမူအယာက အလွန် စိတ်လှုပ်ရှားကာ ​ကြောက်ရွံ့​နေပုံ​ပေါ်ပြီး သူမ မျက်လုံးများတွင်လည်း မျက်ရည်များ ရှိ​နေ​သေးသည်။ သူမက ဆူးအပြည့် ဖြစ်​နေ​သော ​နောအုပ်ထဲသို့ ​ပြေးသွားပြီး သစ်ပင်အကိုင်းများက သူမစကပ်ကို စုတ်ပြဲသွား​စေသည်။ သူမက ယိုင်တိယိုင်တိုင် ​ပြေး​နေ​သော်လည်း ဆိုးဝါးသည့် နဂါးကြီးက သူမ​နောက်ကို လိုက်​နေခဲ့သည်။သူမက မတတ်နိုင်ဘဲ ​ကောင်းကင်ကြီးကို ​အော်​ပြောမိ​​တော့သည်။ 


"အိုး... ကျွန်မရဲ့ မင်းသား​လေး... ရှင်ဘယ်​မှာများလဲ"


နဂါးကြီးက ခပ်ရှက်ရှက် ​ပြောလာသည်။


 "အိုး ဆိုးလိုက်တာ... မင်းသမီး​လေးရယ်... မင်းရဲ့ မင်းသား​လေးက အခုထိ လမ်းမှာပဲ ရှိ​သေးတယ်"


Xxxxxx