အပိုင်း ၄၄
Viewers 23k

Chapter 44

အစားအ​သောက် တိုက်ရိုက်ထုတ်လွှင့်ခြင်း


သူမက ပါဝင်ပစ္စည်းများအတွက် ​ရေခဲ​သေတ္တာကို ဖွင့်ကာ ကြက်သားတစ်ပိုင်း, ကြက်သွန်မြိတ်​နှင့်ဆောစ့်များကို ထုတ်ယူလိုက်သည်။


ကြက်သားက အလွန်နူးညံ့လှ​သော လယ်ယာ​​မွေးမြူ​ရေး ကြက်ဖြစ်သည်။ ​ဆေး​ကြောပြီး​​နောက် သူမက ဆားအလွှာပါးပါး​လေး တစ်လွှာကို ဖြူးကာ ဂျင်းအပြား​​လေးများနှင့် ကြက်သွန်မြိတ်အထုံး​လေးကို ​ပေါင်းအိုးထဲတွင် ထည့်လိုက်ပြီး ကြက်သားကို ၎င်းအ​ပေါ်တွင် ထည့်၍ ဆယ်မိနစ်မျှ ​ပေါင်းလိုက်သည်။


ကြက်သွန်မြိတ်ကြက်သား​ပေါင်း၏ အသက်က ​မွှေးကြိုင်လှ​သော ကြက်သွန်မြိတ် အဆီဖြစ်​ပေသည်။ 


လက်တစ်ဆုပ်စာ ကြက်သွန်နီမြိတ် လတ်လတ်ဆတ်ဆတ်​လေးများကို အဖြူနှင့် အစိမ်း​ရောင် အပိုင်းများ အဖြစ်ခွဲလိုက်သည်။ ဒယ်အိုးထဲတွင် ဆီပူလာ​သောအခါ အဖြူ​ရောင်ဘကြက်သွန်မြိတ်များကို ​ရွှေ​ရောင်သန်းသည်အထိ ​ကြော်လိုက်ပြီး အစိမ်း​ရောင်အပိုင်းများကို ထပ်ထည့်လိုက်သည်။ အနံ့​မွှေးလာ​သောအခါ ကြက်သွန်မြိတ်များကို ဖယ်လိုက်​လေသည်။


ကျန်ရှိ​​​​သော ကြက်သွန်မြိတ်အဆီကို ကြက်သား​​ပေါင်းမှ မူလစွပ်ပြုတ်ရည်ဖြင့် ​ရောလိုက်ပြီး ပဲပိစပ်အနှစ်​ဆောစ့် အနည်းငယ် ​ရောလိုက်သည်။


ကြက်သားကို အပိုင်း​လေးများနွှာထားကာ အတုံး​လေးများအဖြစ် ​နေရာချထားသည်။ ပူ​နွေး​သော ကြက်သွန်မြိတ်ဆီကို ကြက်သား​ပေါ် ​လောင်းချလိုက်သည်နှင့် မွှန်ထူပြီး ​မွှေးကြိုင်လှ​သော ကြက်သွန်မြိတ်ဆီ ကြက်သား​​ပေါင်း ရရှိမည် ဖြစ်သည်။


​နောက်တစ်ဆင့်မှာ လတ်ဆတ်​သော ကြာမြစ်များကို ​ဆေး​ကြောကာ လှီးဖြတ်ပြီး​နောက် ဝက်ဗိုက်သားကို နုပ်နုပ်စင်းကာ အရသာများနှင့် နယ်ပြီး​နောက် ကြာမြစ်ကို အဆာသွပ်ရမည် ဖြစ်သည်။


အနှစ်ကို ဂျုံမှုန့်၊ ​ပြောင်း​ကော်မှုန့်၊ ကြက်ဥအကာ စသည်တို့ဖြင့် ​ရော​မွှေလိုက်မည် ဖြစ်သည်။ အဆာသွပ်ထား​​သော ကြာမြစ်ကို မုန့်နှစ်တွင် နှစ်ကာ ဒယ်အိုးထဲတွင် ​ကြော်ရမည်ပင်။ အ​ပေါ်ယံက ​ရွှေ​ရောင်သန်းကာ ကြွပ်ဆတ်လာသည့်အချိန်တွင် ​ဆယ်ယူနိုင်​ပေသည်။


ထန်​ချောင်း​ချောင်းက ​ဆောစ့်ကို မသုံးဘဲ ဆား၊ ငရုတ်​ကောင်း၊ နှမ်း​စေ့တို့ကို ​ရော​ချေကာ ကြာမြစ်အဆာသွပ်အ​ပေါ်တွင် ဖြူးလိုက်သည်။ အမျိုးမျိုး​သော အရသာများက အတူတကွ ​ရော​နှောသွားကာ ခပ်ချဥ်ချဥ် အရသာ​လေး ဖြစ်လာ​စေသည်။


တိုက်ရိုက် ထုတ်လွှင့်မှုမှ ဖန်များက ​အော်ဟစ်​နေကြပြီးသား ဖြစ်​သည်။ ထန်​ချောင်း​ချောင်းက ပြုံးပြလိုက်ကာ ခဏ​စောင့်ခိုင်းထားလိုက်သည်။ ယခုအချိန်အထိ မပြီး​သေးပါ​ပေ။


လူသားများသည် တစ်ခါတစ်ရံတွင် ​ပြောစကားနှင့် ဆန့်ကျင်ဘက်ကို လုပ်​တတ်​သော သတ္တဝါများ ဖြစ်​​ပေသည်။ သူတို့သည် ညလယ်ပိုင်း အချိန်တွင် ကယ်လိုရီ မြင့်​သော အစားအ​သောက်များကို ပို၍ မစားနိုင်​လေ​လေ ပို၍ ​တောင့်တ ကြ​လေ​လေ ဖြစ်​ပေသည်။ ထန်​ချောင်း​ချောင်းက ကြက်သွန်မြိတ် ကြက်သား​ပေါင်းနှင့် အဆာသွပ် ကြာမြစ်များ လုပ်ပြီးသွား​သောအခါ ကန်စွန်းဥယို ဟူသည့် အချိုပွဲတစ်မျိုးကိုပါ ထပ်လုပ်ချင်လာခဲ့သည်။


သူမက ကန်စွန်းဥနှစ်လုံးကို ​ဆေး​ကြောကာ အတုံး​လေးများ တုံးလိုက်သည်။ သူမက ၎င်းတို့ကို ကြာမြစ်မှ ကျန်ရှိ​နေသည့် ဆီပူထဲတွင် ထည့်လိုက်ပြီး အ​ပေါ်ယံလွှာ ​ရွှေ​ရောင်သန်းလာသည်အထိ မီးမျှင်းမျှင်းထားကာ ​ကြော်လိုက်သည်။ သူမက တူဖြင့် ကန်စွန်းဥထဲသို့ ထိုးခွဲ၍ ရ​လောက်သည့် အ​ခြေအ​နေတွင် ဆီထဲမှ ဆယ်ထုတ်လိုက်​လေသည်။


ကန်စွန်းဥယို လုပ်ရာတွင် အ​ရေးအကြီးဆုံးအချက်မှာ သကာရည်လုပ်သည့်အချိန်တွင် အပူချိန်ကို ထိန်းညှိရန် ဖြစ်​ပေသည်။ သကြားရည်ကို စော​လွန်းသည့်အချိန်တွင် အပူထဲမှ မထုတ်ရ​ပေ။ သို့​သော်လည်း အလွန်ကြာသွားလျှင်လည်း ခါးသက်ကာ ​စေးကပ်​နေမည်။


ထန်​​ချောင်း​ချောင်းက အ​ကြော်ဒယ်အိုးအသစ်ကို သုံးကာ သကြားရည်များ ​လောင်းချလိုက်ပြီး အပူချိန်နိမ့်နိမ့်​လေးဖြင့် အပူ​ပေးလိုက်ကာ တဖြည်းဖြည်း ဆူပွက်​စေသည်။ သူမက ဒယ်အိုး ​အောက်​ခြေတွင် မကပ်​စေရန် ခပ်ဖြည်းဖြည်း ​မွှေ​ပေး​နေခဲ့သည်။ သကြားရည် အညို​ရောင် ​​ဖျော့​ဖျော့ ဖြစ်လာပြီး ပူ​ပေါင်းအနည်းငယ် ထလာသည့်အချိန်တွင် သကာ​​ရည် အသင့်ဖြစ်​နေပြီ။


ထို့​နောက် သူမက ကန်စွန်းဥများကို ဒယ်အိုးအတွင်း ​လောင်းချကာ ကန်စွန်းဥအတုံး​လေးများ တစ်တုံးချင်းစီ ညီညီညာညာဖြင့် သကာရည်များ ဖုံးသွား​စေခဲ့သည်။


ထန်​ချောင်း​​ချောင်းက ဖုန်းကို ​ရွှေ့ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ဧည့်ခန်း​ဆီသို့ ယူလာခဲ့သည်။ အရင်က သူမက ချက်ပြုတ်ပြီးသည်နှင့် ကင်မရာကို ပိတ်လိုက်မည်သာ ဖြစ်သည်။ ယ​​​​​နေ့တွင်မူ သူမက ဟင်းလျာများ ချက်ပြုတ်ရုံသာမက လတ်တ​လော ​ခေတ်စား​နေသည့် အစားအ​သောက် တိုက်ရိုက်ရှိုးကိုပါ လုပ်မည် ဖြစ်သည်။


ကြက်သွန်မြိတ်ဆီဆမ်းထား​သော နူးညံ့လှသည့် ကြက်သား၊ ဆားနှင့် ငရုတ်​ကောင်းတို့ ဖြူးထား​သော အဆာသွပ် ကြာမြစ်၊ ကန်စွန်းဥ အချိုပွဲနှင့် အမဲသားလုံး​​ခေါက်ဆွဲ တစ်ပန်းကန်က စားပွဲ​ပေါ်တွင် သပ်ရပ်စွာ စီစဥ်ထားသည်။


ထန်​ချောင်း​ချောင်းက သူမနှင့် ဟင်းပွဲ​လေးပွဲလုံး ကင်မရာထဲတွင် ပါဝင်လာ​စေရန် ရှု​ထောင့်ကို ချိန်ညှိလိုက်သည်။


[​ချောင်း​ပေါင်က ဒီည mukbang လုပ်ပြ​တော့မှာလား... အပူ​တွေ ​ပေါက်ကွဲထွက်​တော့မယ်]


[T/N Mukbang_အစားအ​သောက် စားပြတဲ့ ဗီဒီယိုတွေပါ]


[ဘာလို့များ ​ချောင်းချောင်းတစ်​ယောက် အရမ်း အင်အားအပြည့် ဖြစ်​​နေပါလိမ့်... မင်း အိပ်မ​ပျော်ဘူးလား]


[အိပ်ပါ​တော့ အိပ်ပါ​တော့... ငါခု​လေးတင် အသင့်စား​ခေါက်ဆွဲ စားထားရတာ... ဒါမှမဟုတ် အစားအ​သောက်​တွေ ​မှာလိုက်ရတော့မလား]


ထန်​ချောင်း​ချောင်းက ယခုအချိန်တွင် အကျအန ထိုင်ကာ အပြုံး​လေးတစ်ခုဖြင့် ​ပြောလိုက်သည်။ "မင်းတို့​တွေ အများစုက အိပ်ရာထဲမှာ လဲ​​လျောင်းနေ​လောက်ပြီ... ဒါ​ပေမယ့် ငါအိပ်မရလို့... တိုက်ရိုက် ထုတ်လွှင့်မှု လုပ်ပြီး စကား​ပြောကြရင် ​ကောင်းမလားလို့​လေ"


"အို​ကေ... စားရ​အောင်"


ထန်​ချောင်း​ချောင်း၏ ပထမအလုတ်က ကန်စွန်းဥယို ဖြစ်သည်။ ထိုဟင်းပွဲက ပူ​နေတုန်း စားသင့်​ပေသည်။ ကန်စွန်းဥအတုံး​လေးများကို တောင်​လေးတစ်ခုသဖွယ် စီထားပြီး သလင်း​ကျောက်ကဲ့သို့ ကြယ်လင်​နေ​သော သကာရည်ဖြင့် ဖုံးအုပ်ထားသည်။ သကာရည် အတွင်းမှ ကန်စွန်းဥများက ​ရွှေ​ရောင် ​​တောက်ပ​နေသည်။


"ငါမင်းတို့ မြင်ရဖို့ အတွက် ကန်စွန်းဥ​​လေးကို ပြမယ်"


သူမက ကန်စွန်းဥ တစ်တုံးကို ​ကောက်လိုက်ပြီး ခပ်ဖြည်းဖြည်း ဆွဲပြလိုက်သည်။ သကာရည်က မီတာဝက်မျှ ရှည်သည်အထိ ဆွဲနိုင်​သော ပိုးသားမျှင် ပါးပါး​လေးကဲ့သို့ပင်။ အပါးဆုံးအပိုင်းက ဆံပင်ချည်​လေးကဲ့သို့ ဖြစ်​နေ​သော်လည်း ပြတ်မသွား​ပေ။


သူမက ကန်စွန်းဥကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ 


"ခွပ်"


မိုက်ခရိုဖုန်းက သကြားအုပ်ထား​​သောအပိုင်း​လေး ကွဲသွားသည်ကို ရှင်းရှင်းလင်းလင်း ဖမ်းယူသွားပြီး တိုက်ရိုက်ကြည့်ရှု​နေကြသည့် လူတိုင်း၏ နားအတွင်းသို့ ဖြတ်သွား​လေသည်။


[ဖယ်လိုက်ပါ​​တော့... ငါဆက်မကြည့်နိုင်​တော့ဘူး]


[ကြွပ်ဆတ်​နေလိုက်တာ... အဲ့ဒီ ကန်စွန်းဥ​တွေက အိုးထဲက ထုတ်ကတည်းက စား​ကောင်းမဲ့ပုံ ​ပေါက်​နေတာ]


[ဘုရား​ရေ... လူတိုင်းကို အိပ်ချင်​ပြေသွား​​စေ​လောက်တယ်]


[အသံဒါနပေါ့... ​ချောင်း​​ချောင်း​ အသံက အရမ်း​ကောင်းတာပဲ]


"​နောက်တစ်ခုက​တော့ ကြက်သွန်မြိတ် ကြက်သား​ပေါင်းကို စမ်းကြည့်ရ​အောင်" 


ကြက်သွန်မြိတ် ကြက်သား​ပေါင်းက ​ပေါင်းပြီး​နောက်တွင် အလွန် နူးအိသွားသည်။ ချက်ပြုတ်သည့် နည်းလမ်းက ကြက်သား၏ မူလအရသာကို အပြည့်အဝ ထိန်း​ပေးထားနိုင်သည်။ ကြက်သွန်မြိတ်ဆီပူကို ​ကြက်အ​ရေပြား ပေါ်တွင် ​ရှေ့ပြန်​နောက်ပြန် ထပ်ကာထပ်ကာ ​လောင်းထားသဖြင့် ကြက်သားကို ကြက်သွန်မြိတ်၏ အထူးအနံ့အရသာများ ​ပေါင်းစပ်သွား​စေသည်။ ၎င်းက လန်းဆန်းသွား​စေပြီး ​နောက်ပိုင်း အရသာအတွက် အဆုံးမရှိ​ ပြီးပြည့်စုံသည့် အရသာ​လေး ရ​လာ၏။ 


ထန်​ချောင်း​ချောင်း ကိုယ်တိုင်က ပလပ်​ဖောင်း​ပေါ်မှ အစားအ​သောက်ရှိုးများကို ရံဖန်ရံခါ ကြည့်​လေ့ရှိပြီး အခြား ဘ​လော်ဂါများ လုပ်တတ်သည့် အပြုအမူများကို မှတ်မိ​နေသည်။


"ကျွန်မ ရှင်တို့ကို တစ်စက္ကန့်အတွင်း အရိုးဖယ်နည်း ပြမယ်"


သူမက ကြက်​​တောင်ပံ တစ်​ချောင်းကို ​ကောက်ယူလိုက်ကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။ သူမ ပြန်ဆွဲထုတ်လိုက်သည့်အခါ ​ပြောင်စင်​နေသည့် အရိုးနှစ်​​ချောင်းသာ ပြန်ပါလာသည်။


[mukbangလို ခံစားချက်ရ​နေတယ်... ဟားဟားဟား]


[666ခါ​လောက် likeလုပ်ဖို့ Double click လုပ်​နေပါပြီ]


ကြာမြစ်၏ အပြင်သားက ကြွပ်ရွလာသည်အထိ ​ကြော်ထား​သော်လည်း အထဲကမူ နူးအိကာ ကပ်​စေး​စေး ဖြစ်​နေသည်။ ကြာမြစ် အချပ်​လေးများက ကြွပ်ရွကာ အားအင်များ ပြည့်သွား​စေသည်။ အတွင်းမှ လတ်ဆတ်​သော အသားက ပါးစပ်ထဲတွင် ​ပျော်ဝင်သွားသည်။ ထိုအရသာ​လေးက ကြာမြစ်အဆာသွပ်ကို မ​မေ့နိုင် ဖြစ်သွား​စေရသည်။


အထူးပြုလုပ်ထား​သော ဆားနှင့် ငရုတ်​ကောင်း အမှုန့်တို့က အစပ်အရသာ ထပ်ဖြည့်ထားပြီး စားချင်စိတ်ကို လှုံ့​ဆော်​​ပေး​နေသည်။


[ဘာလို့များ ​ချောင်း​ပေါင်ရဲ့ ​ဝေစုက ဒယ်အိုးထဲကထက် ပိုနည်း​နေရတာလို့ ထင်​နေရပါလိမ့်... ကြာမြစ်​တွေလည်း နည်း​နေတယ်​နော်]


[တုံးလိုက်တာ... သူမက ဒါ​တွေ အကုန်လုံးကို ဘယ်စားနိုင်ပါ့မလဲ]


[​​ချောင်း​​ပေါင်က အစာအိမ်ကြီးတဲ့ ဘုရင်ကြီးမှ မဟုတ်တာ... အိုင်​ဒေါလ် တစ်​ယောက်ရဲ့ ပုံရိပ်ကို ထိန်းထားတာ​လေ... ဒါ​တွေအားလုံး ဘယ်ကုန်ပါ့မလဲ]


...


၎င်းက အမှန်တကယ်ပင် အထင်လွဲမှု လှလှ​လေးသာ ဖြစ်​ပေသည်။


ထန်​ချောင်း​ချောင်းက အကုန်လုံးကို ဘယ်လိုလုပ် အကုန် မစားနိုင်ရမှာလဲ... သူမက မျက်နှာချင်းဆိုင်မှာ ထိုင်​နေတဲ့ ​ယောကျ်ားကို ခွဲ​ပေးရ​တာ ​ကြောင့်သာ...


ထန်​ချောင်း​ချောင်းနှင့် ရှန်းယွဲ့တို့က ထမင်းစားပွဲ၏ တစ်ဖက်တစ်ချက်တွင် ထိုင်​နေကြသည်။


​အမျိုးသမီး၏ ​ရှေ့တွင် ထောက်တိုင်နှင့်ဖုန်းတို့ ရှိ​နေပြီး သူမက အစားအ​သောက် တိုက်ရိုက်လွှင့်ခြင်း လုပ်​ချိန်တွင် ​အမျိုးသားက အစားအ​သောက်များကို တိတ်တဆိတ် အရသာ ခံ​နေသည်။ ထိုသူက တစ်ချိန်လုံး သူ့တစ်ဖက်မှ လူသား​လေးကိုသာ အာရုံစူးစိုက်​နေ၏။


သူက ထန်​ချောင်း​ချောင်းတစ်​​ယောက် ညလယ်ကြီးတွင် အထူးဟင်းလျာများ ပြုလုပ်​နေသည်ကို ​တွေ့လိုက်ရသည်။ ၎င်းက အသားများ၊ ကြက်သားများ၊ အ​ကြော်များနှင့် သကြားရည်နှစ်ထား​သော မုန့်များပါ ပါ​သေးသည်။ အရာအားလုံးနီးပါးက သူ၏ အာဟာရနှင့် အချိုးတကျ စားသုံးမှု အမြင်တို့နှင့် ဆန့်ကျင် ​နေ​ပေသည်။ သို့​သော်လည်း အနံ့​လေးက မီးဖို​ချောင် တစ်ဝိုက် ပျံ့နှံ့လာသည့် အချိန်တွင် သူ့အစာအိမ်က ချက်ချင်း လှုံ့​ဆော်လာခဲ့သည်။


အသင်က မည်သည့် ကျန်းမာ​ရေးမျိုး ထိန်းထားချင်​ပါသနည်း။ သင့် အစာအိမ် ပြည့်​နေမှသာ သင့်ကျန်းမာ​ရေးကို ထိန်းသိမ်းရန် ခွန်အားများ ရလာမည် ဖြစ်သည်။


ထို့​ကြောင့်ပင် သူက ထန်​ချောင်း​ချောင်း​ချောင်းတစ်​ယောက် လက်ကို ​မြှောက်ကာ သကာရည်ကို ဆွဲဆန့်လိုက်သည်ကို တစ်ခဏမျှ ကြည့်​နေလိုက်ပြီး မျက်နှာကျက်အထိ ဆွဲဆန့်သွား​စေချင်ခဲ့သည်။ ထို့​နောက် သူမက တစ်စက္ကန့်အတွင်း အရိုးဖယ်နည်းကိုလည်း ပြသခဲ့ပြီး အရည်များ ​ပေါက်ထွက်လာသည့် အမဲသားလုံးများကို "The God of Cookery" ရုပ်ရှင်အတိုင်း ကြည့်ရှုသူများကို ပြသ​နေခဲ့သည်။


ထန်​ချောင်း​ချောင်း အလုပ်ကြိုးစား​နေပုံ​လေးက ရုတ်တရက်ပင် သူ့ကို သူမက မိသားစု ​နေထိုင်းစား​​သောက်ရန်အတွက် ရုန်းကန်လှုပ်ရှား​နေရပြီး ဝှီးချဲ​ပေါ်မှ ခင်ပွန်းကို ဂရုစိုက်​နေရသည့် ဇနီး​ကောင်း​လေးဟုပင် အမြင်မှား​စေရသည်။ အပြန်အလှန်အ​နေဖြင့် သူက အိမ်မှာ စား​သောက်ရုံသာ သိပြီး အပျင်းတစ်​နေသည့် အလုပ်မရှိအ​ကိုင်မရှိ ​ယောကျာ်းတစ်​ယောက် ဖြစ်သွားရ​တော့​လေသည်။


'​​သေစမ်း'


ရှန်းယွဲ့က သူ၏ ကိုယ်ပိုင်ဦး​နှောက်​ကြောင့် ကြောင်အသွားရ​လေသည်။ မဖြစ်​သေးဘူး... မနက်ဖြန် လီကျိကို ဖုန်းဆက်ပြီး အလုပ်​​တွေ အစီရင်ခံခိုင်းရမယ်...


[​ချောင်း​​ပေါင်​လေး ဒီ​နေ့​​ပျော်​နေသလိုပဲ​နော်]


ထန်​ချောင်း​ချောင်း ဖန်များဆီမှ ထို​မေးခွန်းကို ​တွေ့​သောအခါ ​ပျော်ရွှင်မှုဖြင့် ဆိုလိုက်သည်:


 "ဟုတ်တယ်... ကျွန်မ ဒီ​နေ့ ​ကြော်ငြာတစ်ခု ရိုက်ခဲ့ရတယ်​လေ... တရားဝင် ထုတ်ပြန်မှု မရှိ​သေးဘဲ ​ပြောလို့မရလို့ပါ​နော်... မကြာခင် ​တွေ့ရမှာပါ... ကျွန်မရဲ့ ပထမဆုံး​ကြော်ငြာ​လေ"


ထန်​ချောင်း​ချောင်း ထိုသတင်းကို ​ကြေညာပြီးပြီးချင်းပင် ဖန်များက ပေါက်ကွဲထွက်သွး​တော့သည်။ အိုင်​ဒေါလ်များ၏ ​အောင်မြင်မှုတိုင်းက ဖန်များကို စိတ်လှုပ်ရှား​စေနိုင်သည်ပင်။


[ဖာခ့် ​​ချောင်း​ပေါင်​​လေးက ကိစ္စအကြီးကြီးကို တိတ်တိတ်​​လေး လုပ်ထားတာပဲ]


[​နောက်ဆုံး​တော့ ​ငါတို့ ချောင်း​ပေါင်အတွက် ပိုက်ဆံ သုံးရမဲ့​နေရာ ရှိလာပြီ​ပေါ့... ငါ့ပိုက်ဆံအိတ်​လေးက အကြာကြီး ဗိုက်ဆာပြီး ​ရေငတ်​နေခဲ့ရတာ]


ဖန်များစွာက ​ပျော်ရွှင်စွာပင် ထန်​ချောင်း​ချောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆု​များ​ပေးလာကြသည်။ အမျိုးမျိုး​သော ​ရောင်စုံ လက်​ဆောင်များက ဖုန်းမျက်နှာပြင်​ပေါ်တွင် ချက်ချင်း ပြည့်သွားရသည်။


ထိုအချိန်တွင် "ငါ​လေးက ​ချောင်း​ပေါင်လက်ထဲက ကြာပွတ်​သေး​သေး​လေး"ဟု အမည်ရှိသည့် လူတစ်​ယောက်က "အနီ​ရောင် နှင်းဆီ" 999ပွင့် ဆုချလာခဲ့သည်။ သူ့နာမည်နှင့် နှစ်လိုဖွယ် နှင်းဆီများက ချက်ချင်းပင် မျက်နှာပြင် တစ်ခုလုံး ဖုံးအုပ်သွား​ပြီး အလွန်အမင်း ပုံကြီးချဲ့လွန်းသည့်ဟန်ပင်။


[အရှင်သခင်ကြီး​တွေကို ​သောက်ရမ်း ဦးညွှတ်ချင်နေပြီ​ဟေ့]


[နှင်းဆီတစ်ပွင့်က ငါးယွမ်ကျတယ်​နော်... ​ပေါင်းလိုက်ရင် အနည်းဆုံး ငါး​ထောင်​လောက်ပဲ]


[ချမ်းသာချက်...]


အရင်ကမူ ဖန်များက လက်​​ဆောင်​သေး​သေးများသာ ​​ပေးလာကြသဖြင့် ထန်​ချောင်း​ချောင်းသည်လည်း ဂရုစိုက်ရန် ပျင်းလွန်းသည်​ကြောင့် ​ပျော်စွှင်စွာ လက်ခံလိုက်သည်။


သို့​​သော်လည်း ဖုန်းမျက်နှာပြင်အပြည့် နှင်းဆီပန်းများကို ထန်​ချောင်း​ချောင်း ​တွေ့လိုက်ရ​သောအခါ ကြက်​သေ​သေသွားရ​​​တော့သည်။ သူမက စဥ်းစားလိုက်ပြီး​နောက် ​​ပြောလိုက်သည်၊


 "​ကျေးဇူးပါ... သူငယ်ချင်း ကြာပွတ်လေး​ရေ... ဒါ​ပေမယ့် ကျွန်မဖန်​တွေကို စတား​နောက်လိုက်ရင် ​သေချာစဥ်းစားကြပါလို့ ​ပြောချင်တယ်... ပိုက်ဆံ​တွေ အရမ်းကာ​ရော မသုံးကြပါနဲ့... တိုက်စိုက်ထုတ်လွှင့်မှုကို လာကြည့်ရင်ပဲ​ ​ကျေနပ်ပါပြီ"


"​ငါ​လေးက ချောင်း​ပေါင်လက်ထဲက ကြာပွတ်​​လေး"က ကြင်နာစွာ ပြန်​ဖြေလာသည်။


 "မင်းနဲ့ ထိုက်တန်ပါတယ်"


Xxxxxx