Chapter 58 မြို့စောင့်တပ်မှူး
Viewers 17k

အခန်း ၅၈ မြို့စောင့်တပ်မှူး

ဤသခင်လေးကော်က မာနကြီးပြီး အမြဲတမ်း မောက်မာခဲ့သည်။ ကျင်းချန်က သူ့အဖေ၏ပိုင်နက် ဖြစ်ပြီး မြို့စောင့်တပ်မှူးက သူ့ဦးလေးဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာကို သူ့ကမ္ဘာဟုသာ ထင်နေခဲ့သည်။

ဆိုင်ရှင်က သခင်လေးကော်၏စကားကို နားမထောင်ဘဲ မနေရဲသောကြောင့် ဆိုင်အကူနှစ်ယောက်ကို လိုက်သွားရန် အမြန်စေလွှတ်လိုက်သည်။ သူက သခင်လေးကို စံအိမ်သို့ ပြန်ပို့ပေးခဲ့ပြီး ကျန်းချန်ရှိ နာမည်ကြီးဆေးပညာရှင် သမားတော်လျန်အား ဖိတ်ခေါ်ရန် နောက်ထပ် ဆိုင်အကူတစ်ဦးကို စေလွှတ်ခဲ့သည်။ သခင်လေးက အလွန်နာကျင်နေပြီး  မခံမရပ်နိုင်ဖြစ်နေကာ ကျောပင် မမတ်နိုင်တော့ပေ။

သူ့ရဲ့အူတွေတောင် ပေါက်ပြဲကုန်ပြီလား မသိဘူး။

ဒီကောင်မလေးက အရမ်းပိန်ပုံရပေမယ့် ဘယ်လို လုပ်ပြီး ဒီလောက်သန်မာနိုင်ရတာလဲ?

စူးချင်းက အစောင့်များနှင့်အတူ ဆိုင်မှ ပြန်ထွက်လာခဲ့ပြီး အစောင့်များက သူမတို့ကို နားနေတည်းခိုဆောင်ဆီသို့ ပြန်ခေါ်သွားချင်နေကြသည်။ “သန်မာသောနဂါးက သူတစ်ပါး၏ပိုင်နက်အတွင်းမှ မြွေတစ်ကောင်ကို မနှိမ်နင်းနိုင်” ဟူသော စကားရှိပြီး  သူတို့ နားနေတည်းခိုဆောင်သို့ ပြန်ရောက်သွားလျှင် ဘယ်သူကမှ သူတို့ကို ဒုက္ခပေးရဲတော့မည် မဟုတ်ပေ။

သို့သော် စူးချင်းက သူမ လိုချင်နေသောအရာများကို မဝယ်ရသေးသလို သခင်လေးကော်၏ခြိမ်းခြောက်မှုကလည်း သူမကို ကြောက်လန့်စေရန် မည်သို့မျှ မဖြစ်နိုင်ပေ။ သူမက ထိုအထည်ဆိုင်မှ ထွက်လာပြီး နောက်အထည်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ အစောင့်နှစ်ယောက်ကတော့ သူမတို့နှင့် အဝေးကြီးတွင် မနေရဲတော့ဘဲ သူမတို့နောက်မှ အနီးကပ် လိုက်ပါလာကြသည်။

အခြားသူများ သူမ နောက်မှ လိုက်နေခြင်းက စိတ်မသက်မသာ ဖြစ်စေသောကြောင့် စူးချင်းက အတွင်းခံပြုလုပ်နိုင်မည့် ချည်ထည်နှစ်စကို ဝယ်ယူလိုက်သည်။ ဤချည်ထည်များက အဖြူရောင်သာဖြစ်ပြီး အလွန်နူးညံ့သောအထည်စမျိုး ဖြစ်သည်။

အတွင်းခံအတွက် နောက်ထပ် တွေးနိုင်သည်က ပိုးထည်ဖြစ်ပြီး ချမ်းသာသောအမျိုးသမီးများက ၎င်းတို့၏ အတွင်းခံများ ပြုလုပ်ရန် အသုံးပြုလေ့ရှိကြသည်။ သို့သော် စူးချင်းက ထိုအရာကို မကြိုက်ပေ။ ပိုးက ရေကို ကောင်းကောင်း မစုပ်နိုင်သည့်အပြင် ချည်ထည်လောက်လည်း သက်တောင့်သက်သာ မရှိပေ။

ချည်ထည်စအချို့ကို ဝယ်ပြီးနောက်တွင် စူးချင်းက အထည်ဆိုင်မှ ပြန်ထွက်ကာ အပ်နှင့်အပ်ချည်ဝယ်ရန် ကုန်စုံဆိုင်သို့ သွားလိုက်သည်။ သူမ ဖိနပ်ချုပ်ရန် တော့တင်းသော အပ်ချည်နှင့် ကြီးမားသောအပ်များကိုလည်း လိုအပ်နေသေးသည်။ သူမက ထိုအရာများအပြင် သူမအတွက် အသုံးဝင်မည်ဟု ထင်သော မြင်သမျှ ပစ္စည်းတချို့ကိုလည်း ဝယ်ခဲ့သေးသည်။

ကျိရှောင်ယင်က တချိန်လုံး ထိတ်လန့်တုန်လှုပ်နေပြီး သူမ၏ညာဘက်မျက်ခွံက တဆတ်ဆတ် လှုပ်နေခဲ့သည်။ သူမက စူးချင်း၏လက်ကို ဆွဲကာ "အစ်မ၊ ပြန်ကြရအောင်။ ကျွန်မ အရမ်း ကြောက်နေပြီ"

အင်း”

ကျိရှောင်ယင် ကြောက်နေသည်ကို မြင်သောအခါ စူးချင်းက ခေါင်းညိတ်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ လိုအပ်တဲ့ ပစ္စည်းအများစုက ဝယ်ပြီးသွားပြီဆိုတော့ ပြန်လို့လဲ ရတာပါပဲ။ ရှောင်ယင်ကို ပြန်ပို့ပြီးမှ ကတိုးအိတ်ရောင်းဖို့ ဆေးဆိုင် သွားရှာရမယ်။

စူးချင်းနှင့် ကျိရှောင်ယင်တို့ ကုန်စုံဆိုင်မှ ပြန်ထွက်လိုက်သည်နှင့် တပြိုင်နက် လမ်းပေါ်တွင် စစ်သည်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသူက မြင်းစီလာပြီး သုံးခွမှိန်းကို ကိုင်ဆောင်ထားသည်။ သူက မြင်း၏ ဇက်ကြိုးကို ဆွဲထားရင်း ကုန်စုံဆိုင်၏အပြင်ဘက်တွင် ခေါက်တုန့်ခေါက်ပြန် သွားလာနေသည်။ စူးချင်းနှင့်အခြားလူများ ထွက်လာသည်ကို မြင်သောအခါ ထိုလူက စူးချင်းကို သုံးခွမှိန်းကို လှမ်းရွယ်လိုက်ကာ "မင်းက ငါ့တူလေးကို ဒဏ်ရာရစေခဲ့တဲ့ သူလား?"

"သာမန်မိန်းကလေးတွေ မတရားလုပ်ဖို့ ကြံစည်တဲ့သူက အရိုက်ခံရဖို့ ထိုက်တန်တယ်"

စူးချင်း၏မျက်နှာက အေးစက်နေပြီး အာဏာကြီးမားသော မြို့စောင့်တပ်မှူး ကိုပင် မကြောက်မရွံ့ ပြန်ကြည့်နေလေသည်။ မြို့စောင့်တပ်မှ မြို့စောင့်တပ်မှူးက တယောက်ယောက်ကို ဖမ်းရန် ရောက်လာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူများက ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ စျေးသည်များကလည်း သူတို့ပစ္စည်းများကို အမြန်ထုပ်ပိုးသိမ်းဆည်းနေကြသည်။

စစ်တပ်၏ဝန်းရံခြင်းကို ခံထားရသည့် စူးချင်းတို့ကို ကြည့်ရင်း ဝမ်တန်ဆိုင်မှ ဆိုင်ရှင်က သက်ပြင်းချလိုက်သည်။

ဒီလို မိန်းကလေးကောင်းလေး တစ်ယောက်.... ဒါပေမယ့် အဲဒီလူယုတ်မာတွေရဲ့ ဖျက်ဆီးမှုကို ခံရပြန်ဦးမယ်။ အစိုးရက အကျင့်ပျက်ခြစားတာကြောင့် ဒီကျင်းချန်ရဲ့ကောင်းကင်က မှောင်မိုက်နေပြီး ဥပဒေဆိုတာ မရှိတော့ဘူး။

မြို့စောင့်တပ်မှူး တွေးထားသည်က စူးချင်းက အလွန်ထိတ်လန့်သွားကာ သူ့ကို ဒူးထောက် တောင်းပန်လာလိမ့်မည်ဟုသာ ဖြစ်သည်။ သို့သော် သူမက အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မကြောက်မလန့်ဖြစ်နေရုံမျှမက သူ့တူက အရိုက်ခံရန် ထိုက်တန်သည်ဟု သူမ ပြောလာမည်ကိုတော့ သူက မမျှော်လင့်ထားခဲ့ပေ။

သူက စူးချင်းကို သူ့၏သုံးခွမှိန်းဖြင့် ချိန်ရွယ်ထားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ? မင်းက ငါ့တူကို ရိုက်ရဲတယ်လား?”

"ပေါက်ကရပြောနေတာကို ရပ်လိုက်တော့၊ နင့်မှာ အရည်အချင်းရှိရင် ရှေ့တိုးလာခဲ့"

စူးချင်းက သူ၏ခြိမ်းခြောက်စကားများကို နားမထောင်ချင်တော့ပေ။ သူမက အလွန်ပျင်းရိလာပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

သူမ လူမသတ်ရတာ ကြာနေပြီ။ ဒီနေ့တော့ သွေးတွေ မြင်ချင်လာတယ်။ တစ်စုံတစ်ဦးကို သတ်လိုက်တာရဲ့ အကျိုးဆက်နဲ့ ပတ်သက်ရင်လည်း သူမက လုံးဝ ကြောက်နေမှာ မဟုတ်ဘူး။ အများဆုံးမှ သူတို့က သူမကို လိုက်ဖမ်းရုံပဲ။ သူမကလည်း သူမနောက်ကို လိုက်လာသမျှ လူတိုင်းကို သတ်လိုက်ရုံပဲ။ ဘာကြောက်စရာ ရှိလို့လဲ?

အစောင့်နှစ်ယောက်က အခြေအနေမကောင်းမှန်း သိသွားပြီး တစ်ယောက်က သခင်ကြီးချင်ကို သတင်းပို့ရန် ပြန်သွားတော့သည်။ ကျန်နေသော အစောင့်က စတုတ္ထအဆင့် သက်တော်စောင့်တံဆိပ်ပြားကို ထုတ်လိုက်ကာ မြို့စောင့်တပ်မှူးဆီသို့ အေးစက်စက် မျက်နှာအမူအရာဖြင့် လျှောက်သွားလိုက်သည်။ သူက မြို့စောင့်တပ်မှူး မြင်နိုင်စေရန်အတွက် သူ့တံဆိပ်ပြားကို မြှောက်ပြလိုက်ပြီး “မြို့စောင့်တပ်ကလူတွေက အကြောင်းမရှိဘဲ မြို့ထဲကို တကယ်ဝင်လာတယ်လား!?! သူတို့က ဧကရာဇ်ရဲ့ဥပဒေကို လျစ်လျူရှုပြီး ယောကျာ်းမိန်းမကိစ္စတွေကို ဝင်ပါနေတာလား?”

တာ့ရှား၏ စည်းမျဉ်းများအရ မြို့စောင့်တပ်မှ လူများက ပြည်သူများကို နှောင့်ယှက်ရန် မြို့တွင်းသို့ သီးသန့်ဝင်ရောက်ခွင့် မရှိပေ။ ထို့ကြောင့် သူက သူတို့ကို မေးခွန်းထုတ်ရန် အကြောင်းပြချက်ကောင်းရှိသည်။

ထို့အပြင် သူက စတုတ္ထအဆင့် လက်နက်ကိုင် သက်တော်စောင့်တစ်ဦး ဖြစ်နေပြီး  မြို့စောင့်တပ်မှူးထက် ရာထူးပိုမြင့်သောကြောင့် ၎င်းတို့ကို ထိန်းချုပ်နိုင်သည်။

ခွင့်မပြုပဲ ဝင်လို့မရပေမယ့် ငါတို့က ခရိုင်တရားသူကြီးရဲ့သားကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမားကို ဖမ်းဖို့ မြို့ထဲကို ဝင်ခဲ့တာ”

မြင်းပေါ်မှ မြို့စောင့်တပ်မှူး သက်တော်စောင့်ကို လုံးဝ ဂရုမစိုက်ပေ။ မြို့တော်က အစောင့်တစ်ယောက်ကများ  ငါ့နယ်မြေမှာ ငါ့ကို အမိန့်ပေးရဲတယ်လား?

လူသတ်ရင်တောင် လူသတ်သမားကို ဖမ်းဖို့ ရုံးတော်က ရဲမက်တွေ ရှိတယ်။ မင်းတို့ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာကနေ ထွက်ခွာလာတာက စည်းကမ်းကို ချိုးဖောက်တာပဲ။ မင်းတို့ အခု ထွက်သွားသင့်ပြီ"

သက်တော်စောင့်က သိက္ခာရှိရှိ အမိန့်ပေးနေသော်လည်း မြင်းပေါ်မှ မြို့စောင့်တပ်မှူးက အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။

ငါက တရားရုံးတော်ရဲ့ တရားခံပြေးတစ်ဦးကို ဖမ်းဖို့ ရောက်နေတာပဲ။ မင်းက သူ(မ)ကို ဆက်ပြီး ကာကွယ်နေမယ်ဆိုရင် ငါ မယဉ်ကျေးတာကို အပြစ်လာမတင်နဲ့"

သူ ထို့သို့ပြောနေချိန်တွင် စစ်သည်များက သက်တော်စောင့်နှင့် စူးချင်းတို့ကို ချက်ခြင်း ဝိုင်းရံလိုက်သည်။ ကျိရှောင်ယင်က အလွန်ကြောက်လန့်နေပြီး တုန်လှုပ်နေခဲ့သည်။ သူမက စူးချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ငိုရှိုက်နေသောလေသံဖြင့် "အစ်မ... ကျွန်မတို ဒီနေ့ ဒီကနေ ထွက်သွားလို့ရပါ့မလား?"

အင်း၊ ငါတို့ ထွက်သွားနိုင်တယ်”

စူးချင်းက တစ်ဒါဇင်ခန့်သာ ရှိသော တပ်သားများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့အားလုံး အရက်သေစာ သောက်စားထားကြောင့် အသေအချာ သဘောပေါက်သွားသည်။ မြို့စောင့်တပ်မှူးကပင် အရက်နှင့် အမျိုးသမီးများကို အလွန်အမင်း  နှစ်သက်နေသောကြောင့် သူမ အံကြိတ်လိုက်ပြီး သူမက သူတို့အားလုံးကို သူမ သတ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။

သူတို့ကို သတ်ပြီးနောက် သူတို့၏မြင်းများကို လုယူကာ ရှောင်ယင်ကို ကျင်းချန်မှ ခေါ်ထုတ်သွားပြီး နက်ရှိုင်းသောတောင်တန်းများအတွင်းသို့ ဝင်ရောက်သွားလျှင် မည်သူမျှ သူမတို့ကို ဖမ်းနိုင်တော့မည် မဟုတ်ပေ။ စူးချင်းက လူများကို လူအများကို သတ်ရန် ထောင်ချောက်များ ပြုလုပ်ရာတွင် အထူးကျွမ်းကျင်လှပြီး ထောင်နှင့်ချီသော တပ်များကိုပင် ဂရုမစိုက်ပေ။

"သခင်မလေးစူး၊ သခင်မလေးကျိ၊ ငါ သူတို့ကို အချိန်ဆွဲထားလိုက်မယ်၊ မင်းတို့တွေ မြန်မြန်ပြေးကြတော့။ နားနေဆောင်ကို ပြန်ရောက်သွားရင် သူတို့ ငါတို့ကို ဆက်လိုက်ရဲမှာ မဟုတ်တော့ဘူး”

နားနေတည်းခိုဆောင်က နန်းတွင်းအရာရှိများ၏ နေထိုင်ရာနေရာဖြစ်သည်။ ယေဘူယျအားဖြင့် သူတို့ အသိစိတ်မပျောက်သရွေ့ လူကို ဖမ်းရန် ထိုနေရာသို့  သွားရဲမည် မဟုတ်‌ပေ။

တစ်ယောက်မှ မလွှတ်စေနဲ့၊ ဒီနေရာမှာ ရှိတဲ့သူတွေအားလုံးက တရားခံတွေပဲ။ ထွက်ပြေးရင် အားလုံးကို သတ်ပစ်လိုက်”

သူတို့ ရင်ဆိုင်ရန် စတင်လိုက်ပြီ ဖြစ်သောကြောင့် မြို့စောင့်တပ်မှူးက သက်တော်စောင့်ကိုပင် အသက်ရှင်ခွင့် မပေးချင်တော့ပေ။

သူက စောစောကထွက်သွားခဲ့တဲ့ အစောင့်ကို လိုက်ရှာဖို့ လူတွေကို စေလွှတ်ထားပြီးသားလေ။ သူက သူတို့ထဲက တစ်ယောက်ယောက်ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး။

မင်း လိမ်နေတာ။ ငါက တော်ဝင်သက်တော်စောင့်တပ်ဖွဲ့က စတုတ္ထအဆင့်အရာရှိပဲ။ မင်းနှာ ငါ့ကို ဖမ်းပိုင်ခွင့် မရှိဘူး"

သက်တော်စောင့်က သူ့၏သံမဏိဓားကို ဆွဲထုတ်ကာ မြို့စောင့်တပ်မှူးကို ပြန်အော်လိုက်ပြီး  စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ကာကွယ်ပေးရန် သူမတို့ရှေ့တွင် ရပ်နေလိုက်သည်။

ယခုအချိန်တွင် သူ့ရှေ့မှ မြို့စောင့်တပ်မှူးက လူအများ၏အမြင် ရှုပ်ထွေးအောင် ကြိုးစားနေပြီး သူတို့ကို တရားခံပြေးဟု အမည်တပ်ကာ သတ်ပစ်ရန် ကြိုးပမ်းနေကြောင်းကို သူ နားလည်သွားခဲ့သည်။

လာကြစမ်း၊ ဖမ်းကြ၊ ခုခံရင် ကရုဏာမထားဘဲ သတ်ပစ်လိုက်”

မြို့စောင့်တပ်မှူးက သူ စကားထပ်ပြောရန် အခွင့်အရေး မပေးတော့ပဲ သူနောက်လိုက်များကို အမိန့်ပေးလိုက်သည်။

ဟုတ်တယ်လေ... ဒီစစ်သားတွေက သူ့အမန့်ကိုပဲ နာခံတယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ သိပေမယ့် ဒီအရာရှိက ရာထူး ဘယ်လောက်ပဲ မြင့်နေပါစေ သူတို့ ကျင်းချန်ကနေ အသက်ရှင်လျက် မလွှတ်သွားသရွေ့ကတော့ ဒီသတင်းကို ဘယ်သူမှ ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူးလေ။ သူတို့ ဒီလိုလုပ်နေတာ ဒါက ပထမဆုံးအကြိမ် မဟုတ်သလို အချိန်တိုင်းလည်း အဆင်ပြေခဲ့သားပဲ။

သာမန်ပြည်သူတွေ ဘယ်လိုများ တွေးခေါ်နိုင်ပါ့မလဲ? သူတို့က တကယ်ကို တရားခံပြေးတွေ ဖမ်းနေတယ်လို့ပဲ ထင်နေကြလိမ့်မယ်။ ဒီအချိန်ဆို သူတို့က အဝေးမှာ ပုန်းနေပြီး စောင့်ကြည့်နေရုံပဲ တက်နိုင်လိမ့်မယ်။

စစ်သည်တစ်ဒါဇင်ကျော်က သူတို့၏ဓားများကို မြှောက်ကာ ပြေးလာကြသည်။ စူးချင်းက အနီးနားရှိ ဈေးဆိုင်မှ ဝါးတိုင်တစ်ခုကို လှမ်းဆွဲလိုက်ပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း သူမ ဘာမှ မလုပ်နိုင်ခင်မှာ သခင်ကြီးချင်က တခြားသက်တော်စောင့်သုံးယောက်နှင့်အတူ ရောက်လာခဲ့ပြီး သတင်းပြန်ပို့သော သက်တော်စောင့်ကလည်း ဒဏ်ရာရထားပုံပေါ်သည်။

သက်တော်စောင့် သုံးယောက် ထပ်ရောက်လာခြင်းက ကျားကို အတောင်တပ်ပေးသလို ဖြစ်သွားပြီး သူတို့ကပါ သူတို့၏ဓားရှည်များကို ဆွဲထုတ်ကာ စစ်သားများဆီသို့ ပြေးဝင်ကာ မူလက ရှိနေသည့် သက်တော်စောင့်နှင့် ပူးပေါင်းလိုက်သည်။

၎င်းတို့လေးဦးအတွက် ထိုစစ်သည်တစ်ဒါဇင်က ကလေးကစားသဖွယ် ဖြစ်နေပြီး  အလွယ်တကူ အနိုင်ယူလိုက်သောကြောင့်  မြို့စောင့်တပ်မှူးက သူကိုယ်တိုင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း စူးချင်းက သူ့မလက်ထဲမှ ဝါးတိုင်ကို လွှဲရမ်းလိုက်ပြီး မြင်း၏ ခြေထောက်များကို လှမ်းရိုက်လိုက်သောကြောင့် မြင်း၏ခြေထောက်များကို ကျိုးသွားပြီး မြို့စောင့်တပ်မှူးက မြင်းပေါ်မှ ပြုတ်ကျသွားသည်။ သက်တော်စောင့်တစ်ယောက်က ရှေ့သို့တိုးလာကာ မြို့စောင့်တပ်မှူး၏လည်ပင်းကို သူ့၏သံမဏိဓားဖြင့် ဖိထားလိုက်သည်။ ထိုအချိန်တွင်  မြို့စောင့်တပ်မှူးက ကရုဏာထားရန် တောင်းပန်လာတော့သည်။ “ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော်က အင်ပါယာတရားရုံးရဲ့ အရာရှိတစ်ဦးပါ။ ခင်ဗျားတို့ ကျွန်တော့်ကို သတ်ရင် ဥပဒေကို ချိုးဖောက်မိလိမ့်မယ်"

လာကြစမ်း၊ သူ့ကို ဖမ်းချုပ်လိုက်။ ငါတို့ ကျင်းချန်ရဲ့စီရင်စုရုံးတော်ကို သွားကြမယ်"

သခင်ကြီးချင်၏မျက်နှာက ရေကန်နက်ကြီးထဲမှ ရေကဲ့သို့ မည်းမှောင်နေသည်။ သူက မြို့စောင့်တပ်မှူးကို ချည်နှောင်ရန် သူ့ လူများကို အမိန့်ပေးလိုက်ပြီး သူ့သက်တော်စောင့်များနှင့် စူးချင်းတို့ကို ခေါ်ကာ ကျင်းချန်၏အစိုးရရုံးသို့ ဦးတည်လိုက်သည်။

သူက အခြားသူတွေရဲ့အကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ချင်ပေမယ့် ဒီနေ့ကိစ္စတွေက သူ ဝင်ရောက်စွက်ဖက်ဖို့ လုံလောက်နေပြီ။ သူ ကျင်းချန်အတွက် ဒီမကောင်းမှုတွေကို ဖယ်ရှားပေးရလိမ့်မယ်။

စောင့်ကြည့်နေကြသော ရဲရင့်သည့်လူတချို့က အလွန်အံ့ဩနေကြသည်။ ဘာတွေဖြစ်နေတာလဲ? မြို့စောင့်တပ်မှူးကို ဖမ်းလိုက်တာလား? အဲဒီလူကြီးက ဘယ်သူလဲ? သူတို့ရဲ့ကျင်းချန်အတွက် မျှော်လင့်ချက်တွေ ရှိလာတော့မှာလား?

✍️✍️✍️