Chapter 59 လူတိုင်းအတွက် မျှော်လင့်ချက်ကို မြင်ရပြီ
Viewers 17k

အခန်း ၅၉ လူတိုင်းအတွက် မျှော်လင့်ချက်ကို မြင်ရပြီ

ကျင်းချန်အစိုးရရုံး၏ အနောက်ဘက်တွင် ခရိုင်တရားသူကြီး ကော်ကန်းက ဒဏ်ရာရနေသော သားဖြစ်သူကို ကြည့်နေရင်း ဒေါသထွက်နေကာ ကျိန်ဆဲနေပြီး သူ့နှလုံးသားကလည်း သူ့သားအတွက် နာကျင်နေရသည်။

“အဲဒီမိန်းမကို ဖမ်းမိရင် အစိတ်တစ်ထောင်လောက် ပိုင်းဖြတ်ပစ်မယ်” 

ကော်သခင်လေးက ကုတင်ပေါ်တွင် လဲလျောင်းနေရပြီး အသက်ရှုလိုက်လျှင်ပင် သူ့နံရိုးများက အပြင်းအထန် နာကျင်နေခဲ့သည်။ သမားတော်က သူ့ကို ပတ်တီးစည်းပေးထားပြီး သူ့၏ပိန်ပါးသော ရင်ဘတ်ကို ပိတ်စများဖြင့် ရစ်ပတ်ခံထားရသောကြောင့် အသက်ရှုပင် မဝတော့ပေ။ သူက အံကို တင်းတင်း ကြိတ်ထားပြီး သူ့မျက်လုံးများတွင် မုန်းတီးမှုတွေ ပြည့်နှက်နေကာ ဖခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။

“အဖေ၊ သူတို့ကို ဖမ်းမိရင် ကျွန်တော့်ဆီကို အရင်ပေးပါ”

ကျင်းချန်မှာ သူ မရနိုင်တဲ့ မိန်းမဆိုတာ မရှိဘူး။ စူးချင်းကို သူ ပိုမုန်းလေလေ သူမကို အနိုင်ယူချင်လေလေပဲ။ သူမက သူ့အောက်မှာ သနားညှာတာပေးဖို့ တောင်းဆိုနေတာကို သူ စောင့်ကြည့်နေချင်တယ်၊ သူမ ငိုပြီး တောင်းပန်နေတာကို သူ ကြည့်ချင်တယ်၊ သူမက အမြီးကို မြှောက်ပြီး သူကို အသနားခံနေရမယ်...

ထိုသို့ တွေးမိရုံဖြင့် ကော်သခင်လေး၏မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပလာပြန်သည်။ သူ ပျော်ပါးပြီးတာနဲ့ ဒီဆူးပင်လေးကို ဖေးစွေ့လိုကို လွှင့်ပစ်လိုက်မယ်။ သူမရဲ့လှပတဲ့ မျက်နှာလေးနဲ့ဆိုရင် သူမက ငွေတောင်ကြီးတစ်ခု ဖြစ်လာမှာ သေချာနေတယ်။

ဒါကို ပြန်လည်အသုံးပြုခြင်းလို့ ခေါ်တယ်။

အရင်တုန်းက သူကို အဖော်ပြုပေးဖူးတဲ့ မိန်းကလေး အများစုမှာလည်း ဒီလို ကြေကွဲဖွယ် ကံကြမ္မာမျိုးတွေ ရှိခဲ့ဖူးတယ်။ တချို့က ခက်ထန်ပြီး သူမတို့ခေါင်းကို တစ်ခုခုနဲ့ ဆောင့်လိုက်တာမျိုး၊ ကြိုးဆွဲချတာမျိုးတွေ လုပ်ပြီး သတ်သေကြတယ်။ အားနည်းတဲ့သူတွေကတော့ သူမတို့ရဲ့ ကံကြမ္မာကိုပဲ လက်ခံပြီး သူ့အောက်မှာ နာနာခံခံ နေပေးရုံပဲ တက်နိုင်ကြတယ်။ တိုတိုပြောရရင် သူတို့ထဲက တစ်ယောက်မှာမှ ကောင်းမွန်တဲ့ အဆုံးသတ် မရှိခဲ့ကြဘူး။

မဟုတ်ဘူး၊ အဲဒီမိန်းမက ရက်စက်လွန်းတယ်။ သူ(မ)ကို မင်းရဲ့အနားမှာ နေခွင့် မပေးနိုင်ဘူး"

သူ့သားကို အမြဲတမ်း အလိုလိုက်လေ့ရှိသော ကော်ကန်းက ဒီတစ်ကြိမ်တော့ သဘောမတူဘူး။

သူ့သားကို အချိန်မရွေး နာကျင်အောင် လုပ်နိုင်တဲ့ အမျိုးသမီးကို သူ့သားဘေးမှာ မထားနိုင်ဘူး။

သူ(မ)ရဲ့လက်နဲ့ ခြေထောက်က အရွတ်တွေကို ဖြတ်ပစ်ရင် သူ(မ)ဘာမှ လုပ်လို့ မရတော့ဘူး။ သူ(မ)ကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာ ခံစားရစေချင်တယ်”

အဲ့မိန်းမက သူ့ကို နှိပ်စက်ခဲ့တာကို ပြန်တွေးနေမိပြီး သူက သူမကို ဖမ်းပြီး ပြန်နှိပ်စက်ဖို့ မစောင့်နိုင်တော့ဘူး။

“သခင်ကြီး၊ ရှင့်ရဲ့သား ပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ။ ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမှန်း မသိတဲ့ ဒီမိန်းမမျိုးကို ဒီလိုနည်းနဲ့ သင်ပေးသင့်တယ်”

ကော်ကန်း၏ဇနီးဖြစ်သော ကော်သခင်မက သူ့သားဒဏ်ရာရသွားသည်ကို သိချိန်မှစ၍ တစ်ချိန်လုံး ငိုနေခဲ့သည်။ သူမသား၏နည်းလမ်းက ရိုးရိုးရှင်းရှင်းနှင့် ကောင်းမွန်းလွန်းပြီး လူတစ်ဦး၏အမုန်းတရားများကို ပြေပျောက်စေရန် သေခြင်းတရားထက် ပိုဆိုးအောင် လုပ်ခြင်းက ပိုကောင်းသည်ဟု သူမ ခံစားနေမိသည်။

လူတစ်ယောက်ကို ဓားနဲ့ ထိုးသတ်တာထက် သေတာထက် ပိုဆိုးတဲ့ဘဝမှာ ထားလိုက်တာက ပိုကောင်းတယ်လေ။

ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ယောက်ဖက သူတို့ကို ဖမ်းဖို့ သွားနေပြီ။ ငါ့သားကို ထိဝံ့တဲ့သူ ဘယ်သူဖြစ်ဖြစ် သေရလိမ့်မယ်!"

ကော်ကန်းက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လက်ဖက်ရည်ခွက်က အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်ကို ကြည့်နေရင်း သူက အံကြိတ်ကာ ကြိမ်းမောင်းနေပြန်သည်။

ထိုအချိန်တွင် ပင်မခန်းမတွင် တာဝန်ကျနေသော ရှေ့တော်ပြေးက ခန်းမ၏အနောက်ဘက်သို့ ရောက်လာပြီး သူ့တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကာ သူ့မျက်နှာက ပွန်းပဲ့ရောင်ရမ်းနေသည်။ တံခါးမှ ဝင်လာပြီးသည်နှင့်တပြိုင်နက် သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။

သခင်ကြီး၊ မကောင်းတော့ဘူး”

"ဘာက မကောင်းတာလဲ?"

ကော်ကန်းက ထိုရှေ့တော်ပြေးကို ကန်ထုတ်လိုက်သည်။ သူက သူ အခြေအနေ မကောင်းရုံနဲ့ သခင်ကိုပါ မကောင်းကြောင်း ပြောနေသေးတယ်၊ အဲ့လို မကောင်းတဲ့စကားတွေက သူ့ကို စိတ်မသက်မသာဖြစ်စေတယ်။

လူတချို့က မြို့စောင့်တပ်မှူးကို ဖမ်းပြီး ရုံးတော်ကို ခေါ်လာကြတယ်။ အဲ့ထဲက အဖိုးကြီးတစ်ယောက်က သူ့ကိုယ်သူ ဧကရာဇ်ရဲ့ဆရာလို့ အခိုင်အမာ ပြေနေတယ်။ သူက သခင်ကြီးကို ခန်းမထဲမှာ စောင့်နေပြီး သူ့ကို လာတွေ့စေချင်နေတယ်"

ရှေ့တော်ပြေးက သူ့သခင်၏ ကန်ချက်ကြောင့် နာကျင်နေသည့် တင်ပါးဆုံရိုးကို နှိပ်နယ်နေကာ သခင်ဖြစ်သူကို ဝမ်းနည်းသောမျက်နှာဖြင့် သတင်းပို့နေသည်။

"ဧကရာဇ်မင်းမြတ်ရဲ့ဆရာလား?"

ကော်ကန်းက အံ့သြသွားသည်။ ဧကရာဇ်မင်းမြတ်ရဲ့ဆရာက သူ့ရဲ့သေးငယ်တဲ့ ကျင်းချန်ကို ဘာလာလုပ်တာလဲ? သူ့ယောက်ဖကို ဘာကြောင့် ဖမ်းတာလဲ?

ဟုတ်တယ်၊ သခင်လေးကို ဒဏ်ရာရဟေတဲ့ မိန်းမက အဲ့လူကြီးမင်းနဲ့အတူ လိုက်လာတယ်”

ရှေ့တော်ပြေးက ခေါင်းညိတ်လိုက်သည်။ သူ စကားများများပြောလေ သူ့မျက်နှာမှ ဒဏ်ရာက ပိုနာကျင်လေလေ ဖြစ်နေသောကြောင့် သူက သူ့မျက်နှာကို ပြန်အုပ်ရင်း ရှုံ့မဲ့နေလေသည်။

ကော်ကန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သားဖြစ်သူက ဧကရာဇ်မင်းမြတ်၏ဆရာနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးကို စော်ကားခဲ့သောကြောင့် ယခုအခါတွင် သူက သားဖြစ်သူကို အလိုလိုက်ရန်ပင် မတွေးနိုင်တော့ပေ။

သူက ဒေါသတကြီးဖြင့် “ရှန်းအာ၊ မင်း ဘယ်သူကို စော်ကားခဲ့တာလဲ? မင်းက ကြီးမားတဲ့ ဘေးဥပဒ်ကို ဖြစ်စေခဲ့တယ်"

မဟုတ်ဘူး၊ သူ(မ)က သာမန်မိန်းမတစ်ယောက်ပဲ။ အဖေ၊ သူတို့အားလုံးက လူတွေကို လှည့်စားတက်တဲ့ သိုင်းလောကထဲက လူလိမ်တွေပဲ ဖြစ်ရမယ်။ သူတို့ကို မယုံပါနဲ့။ တော်ဝင်မင်းဆရာက ကျင်းချန်ကို ဘာလာလုပ်မှာလဲ? သူက မြို့တော်မှာ ရှိနေရမှာ မဟုတ်ဘူးလား?”

သူ့အဖေ စိတ်ဆိုးလာသည်ကို မြင်လိုက်ချိန်တွင် ကော်ရှန်းက ထိတ်လန့်သွားသော်လည်း သူက ဝန်ခံရန် ငြင်းဆန်ဆဲဖြစ်သည်။

"သခင်ကြီး၊ ရှန်းအာ ပြောတာ မှန်ပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ဆရာက ကျွန်မတို့ရဲ့ ကျင်းချန်လို မြို့ငယ်လေးကို ဘယ်လိုရောက်လာမှာလဲ? တစ်ယောက်ယောက်က အယောင်ဆောင်ထားတာ ဖြစ်မှာပေါ့… တကယ်လို့ သူတို့က လူလိမ်တွေ မဟုတ်ရင် ကျွန်မတို့ ပြင်ဆင်ထားဖို့ ပိုလိုအပ်နေပြီ”

သူမ၏ခင်ပွန်းက သားဖြစ်သူကို ဆူပူကြိမ်းမောင်းနေသည်ကို မြင်သောအခါ ကော်သခင်မ၏နှလုံးသားက နာကျင်သွားပြီး သူမ၏သားအတွက် ခုခံကာကွယ်ပေးရန် အပြေးအလွှား ပြင်ဆက်လိုက်သည်။

ရောက်လာတဲ့သူက ဧကရာဇ်ရဲ့မင်းဆရာ ဆိုရင်တောင် အတုအယောင်လို့ စွပ်စွဲရမယ်။

ဒီအဘိုးကြီးကိုသာ အသက်ဆက်ရှင်ခွင့်ပေးလိုက်ရင် သူတို့မိသားစုရဲ့ သာယာတဲ့ဘဝက ရှိတော့မှာ မဟုတ်ဘူး။

"မင်း ပြောတာ မှန်တယ်။ သူတို့ကို ကျင်းချန်ကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပြုလို့ မဖြစ်တော့ဘူး။ ဒီလိုလုပ်ရင်…”

ဇနီးဖြစ်သူက သတိပေးလိုက်သောကြောင့် ကော်ကန်းက သူ့စကားကို ရပ်လိုက်သည်။ ထို့နောက် သူက သူ့မျက်လုံးများကို မှေးကျဥ်းကာ သူ့မိန်းမကို အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။

"ကောင်းပြီ၊ ကျွန်မ အခု သွားလုပ်မယ်"

ကော်သခင်မက ခေါင်းညိတ်ပြပြီး သူ့သားရဲ့အခန်းကို အမြန်ထွက်သွားတယ်။

ကော်ကန်းက သူ့၏တရားဝင်ရုံးဝတ်စုံကို ၀တ်ဆင်ကာ ဧည့်ခန်းဆီသို့ အမြန်သွားလိုက်သည်။ သူ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်းအလယ်ရှိ ဆံပင်ဖြူ၊မုတ်ဆိတ်ဖြူများ ရှိနေသည့် အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအဘိုးကြီး၏မျက်နှာက မှင်များ စိမ့်ထွက်နေသလို မည်းမှောင် မှုန်ကုပ်ကုပ်နေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ခံ့ညားသော မျက်နှာအမူအရာနှင့် သူ၏မျက်လုံးထဲမှ စူးရှပြင်းထန်သောအေးစက်မှုတို့က ကော်ကန်းအတွက် ဤလူက ဧကရာဇ်မင်းမြတ်၏ မင်းဆရာသခင်ကြီးချင်ဖြစ်ကြောင်း သေချာစေခဲ့သည်။

ဧည့်ခန်းတွင် ဒူးထောက်နေသော လူအုပ်စု၏ ခေါင်းဆောင်မှာ သူ့၏အကြီးဆုံး ယောက်ဖဖြစ်သည်။ လက်ရှိအချိန်တွင် သူထံတွင် အရင်ကလို မောက်မာမှုများ မရှိတော့ပေ။ တစ်စုံတစ်ယောက်က သူ့ကို ရိုက်နှက်ထားပုံရကာ သူ့၏မျက်နှာကလည်း ပွန်းပဲ့စုတ်ပြတ်နေပြီး သူ့၏ပါးပြင်များက မုန့်ပေါင်းကြီးများကဲ့သို့ ဖောင်းကားရောင်ရမ်းနေသည်။

အခြားဒူးထောက်နေသူများမှာ သူ့ယောက်ဖ၏ စစ်သည်များနှင့် ရုံးတော်မှ ရဲမက်များ ဖြစ်သည်။ သူတို့ လုံးဝ ရုံးနိမ့်သွားပြီဟု  ပြောနိုင်သည်။

ကော်ကန်း၏မျက်လုံးများက လုံးဝ ပြူးကျယ်သွားသည်။ ပညာရှိများက မည်သည့်အချိန် နောက်ပြန်ဆုတ်ရမည်ကို သိသူများ ဖြစ်ကြပြီး အခြေအနေက သူ့ဘက်တွင် မရှိကြောငး သိသာနေသောကြောင့် ကော်ကန်းတစ်ယောက် ရိုးသားဟန်ဆောင်ရုံသာ တက်နိုင်တော့သည်။ သူက ချက်ချင်းပင် လက်သီးဆုပ်ပေါ် လက်ဝါးအုပ်လိုက်ပြီး သခင်ကြီးချင်ကို တရိုတသေ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

လူကြီးမင်း လာမယ်ဆိုတာ ကျွန်တော် ကြိုမသိတာကြောင့် ကြိုဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူကြီးမင်းက ခွင့်လွှတ်ပေးပါ"

သခင်ကြီးချင်ကို နှုတ်ဆက်ပြီးနောက် ကော်ကန်း၏ မျက်နှာက အုံ့မှိုင်းသွားပြီး သူ့၏ယောက်ဖကို တင်းမာစွာ မေးလိုက်သည်။ “အစ်ကိုကြီး၊ အစ်ကိုကြီးက လူကြီးမင်းချင်ကို ဘာလို့ အပြစ်ပြုရဲရတာလဲ?”

သူ့ယောက်ဖကို ဆူပူကြိမ်းမောင်းပြီးနောက်တွင် ကော်ကန်းက သခင်ကြီးချင်ဘက်သို့ ပြန်လှည့်ကာ သူ့ယောက်ဖအတွက် သနားခံ တောင်းပန်ပေးရန် ဦးညွှတ်လိုက်ပြီး သခင်ကြီးချင်၊ ကျွန်တော်ယောက်ဖက ကြမ်းတမ်းတဲ့သူ ဆိုတော့ သူက လူကြီးမင်းကို  စော်ကားမိရင် ခွင့်လွှတ်ပေးဖို့  တောင်းဆိုပါရစေ"

သူ့၏ သရုပ်ဆောင်မှုပြီးသွားသည်နှင့် ကော်ကန်းက သခင်ကြီးချင် စကားပြောလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး သခင်ကြီးချင်ကို တိတ်တဆိတ် အကဲခတ်နေသည်။ သို့သော်လည်း သခင်ကြီးချင်၏ အမူအရာက ပို၍ပင် တင်းမာလာသည်ကို သူ မြင်နေရပြီး သူ့၏နှလုံးသားထဲမှ တုန်လှုပ်လာ‌တော့သည်။

ဒီနေ့တော့ သူ အလွယ်တကူ ရှောင်ပြေးနိုင်မှာ မဟုတ်ဘူး။

ဒီအခြေအနေကို ကြည့်ရတာ သခင်ကြီးချင်က သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ။ ကံကောင်းထောက်မလို့  သူ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တယ်။ သူက အဆိပ်မပြင်းတဲ့ ကြီးမြတ်တဲ့ သူရဲကောင်း မဟုတ်ဘူး။

ဒုန်း!

ကော်ကန်းက  အခြေအနေကို အခွင့်ကောင်းယူကာ သခင်ကြီးချင်ကို ချော့မော့ရန် ကြံစည်နေသော်လည်း သခင်ကြီးချင်က စားပွဲကို တုံးဖြင့် ရိုက်လိုက်သောကြောင့် ကော်ကန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားရသည်။


(T/N: တရုတ်ကားတွေထဲမှာ အမှုစစ်ရင် ခုံကို ရိုက်တဲ့ သစ်သားတုံးလိုမျိုးတုံးပါ)

ထိုနောက်တွင် သခင်ကြီးချင်၏အေးစက်သော အသံ ထွက်ပေါ်လာသည်။ "တာ့ရှားတိုင်းပြည်ရဲ့ဥပဒေအရ  မြို့စောင့်တပ်သားတွေက မြို့ထဲကို ၀င်ခွင့်မရှိဘူး။ အခု ခွင့်ပြုချက်မရှိဘဲ မြို့ထဲကို ဝင်တဲ့အပြင် တိုင်းသူပြည်သားတွေကိုလည်း နှောင့်ယှက်တယ်။ နှောင့်ယှက်ရုံတင် အားမရလို့ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ပြုမှုခဲ့တယ်၊ တာ့ရှားရဲ့စစ်ရေးဥပဒေတွေအရ သူကို အရင် ကွပ်မျက်ပြီးမှ အစီရင်ခံလို့ရတယ်။ ရဲမက်တို့၊ လာကြစမ်း၊ သူ့ကို ခေါ်ထုတ်သွားပြီး ကွပ်မျက်လိုက်တော့”

ဟုတ်ကဲ့”

သခင်ကြီးချင်၏လူများက အမိန့်ကို လက်ခံလိုက်ပြီး မြို့စောင့်တပ်မှူးကို မြေပြင်ပေါ်မှ ဆွဲထူကာ ရုံးတော်ထဲမှ ထွက်သွားကြသည်။ မြို့စောင့်တပ်မှူးက အလွန်ထိတ်လန့်နေပြီး “သခင်ကြီးချင်၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးအသက်ကို ချမ်းသာပေးပါ၊ အသက်ကို ချမ်းသာပေး‌တော်မူပါ! မိဘတွေ သေရင်တောင် မြို့ထဲကို ဘယ်တော့မှ ထပ်မဝင်တော့ဘူးလို့ ကတိပေးတယ်။ မကြာသေးမီက လူရိုင်းတွေ ကျင်းချန်ကို ကျူးကျော်ဝင်ရောက်လာလို့ ကျင်းချန်ကလူတွေကို ကာကွယ်ပေးဖို့ အသက်ကို ချမ်းသာပေးပါ”

သခင်ကြီးချင်၏မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေပြီး မြို့စောင့်တပ်မှူးကို ကြည့်ပင်မကြည့်ဘဲ သူ့လူများကို ထွက်သွားရန် လက်တစ်ချက်ဝှေ့ပြ လိုက်သည်။

သက်စောင့်များက မြို့စောင့်တပ်မှူးကို အပြင်သို့ ခေါ်ထုတ်သွားပြီး လမ်းပေါ်တွင် ကွပ်မျက်ရန် ပြင်ဆင်လိုက်ကြသည်။ ထိုအရာကို မြင်ရချိန်တွင် သာမန်ပြည်သူများ သွေးဆူသွားကြသည်။ အစပိုင်းတွင် သခင်ကြီးချင်က ကော်ကန်းနှင့် ဤလူယုတ်မာကို ထိန်းချုပ်နိုင်မည်ဟု သူတို့ မထင်ထားကြသော်လည်း ယခု မြို့စောင့်တပ်မှူး အသတ်ခံရလိုက်ရသောကြောင့် သူတို့အားလုံး၏မျှော်လင့်ချက်ကို ပြန်မြင်လိုက်ကြရသည်။

အစိုးရရုံးတော်၏ အပြင်ဘက်တွင်  တရားမျှတမှုအတွက် တောင်းဆိုသံများ ထွက်ပေါ်လာသည်။ သခင်ကြီးချင်က ပြည်သူများအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မည်ကို သူတို့ သိသွားပြီဖြစ်သောကြောင့် တစ်စုံတစ်ဦးမှ စတင်ကာ ရုံးတော်အပြင်ဘက်မှ တရားမျှတမှုဗုံကို မြန်မြန်ဆန်ဆန် ရိုက်နှက်နေကြတော့သည်။

ကော်သခင်မက အိမ်အကူနှစ်ယောက်နှင့်အတူ အတွင်းခန်းမှ ပင်မခန်းမထဲသို့ လျှောက်လာနေပြီး သူမက သူမအစ်ကို ခေါင်းဖြတ်ခံရကြောင်း  မသိသေးပေ။ သူမက ပင်မခန်းမထဲသို့ ဝင်လာပြီး  အတုအယောင်ဆန်သော အပြုံးဖြင့် သခင်ကြီးချင်အားကို ဧည့်ဝတ်ပြုလိုက်သည်။

"ချင်လူကြီးမင်း... လက်ဖက်ရည်လေး သုံးဆောင်ပါဦး။ ခရီးရှည်ကြီး လာခဲ့ရတော့ ပင်ပန်းနေမှာပေါ့"

✍️✍️✍️