အခန်း ၆၀ မကောင်းသည့်အရာရှိကို
အပြစ်ပေးခြင်း
ကော်သခင်မက ထိုလှပသော
လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သခင်ကြီးချင်ကို လက်ဖက်ရည်သောက်ရန်
လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေသည်။ သခင်ကြီးချင်က သူမကို အလေးအနက်
ကြည့်လိုက်ပြီးမှ ကော်ကန်းကို အေးစက်စက်ဖြင့် လှမ်းမေးလိုက်သည်။
"ခရိုင်တရားသူကြီးကော်၊ မင်းက မိန်းမတွေကို ပင်မခန်းမထဲအထိ ပေါ့ပေါ့ပါးပါး ဝင်ထွက်ခွင့်ပေးလေ့ရှိတာလား?"
ကော်သခင်မ သခင်ကြီးချင်
ထိုသို့မေးမြန်းလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက ကော်ကန်းကို တစချက်ကြည့်လိုက်ပြီး
သူလည်း အနည်းငယ် အံ့သြနေပုံရသည်။
ကော်ကန်းက အလျင်အမြန်
တုံ့ပြန်လိုက်ပြီး သခင်ကြီးချင်အား ချက်ချင်း ဦးညွှတ်ကာ ငြင်းဆိုလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်တော့်ဇနီးက ပင်မခန်းမကို တစ်ခါမှ မရောက်လာဖူးပါဘူး။
ဒီနေ့က လူကြီးမင်း ဒီမှာရှိနေတယ်ဆိုတာကို ကျွန်တော် ကြားတော့ လက်ဖက်ရည်ပို့ ခိုင်းခဲ့မိတာပါ။
ကျွန်တော်က မှန်မှန်ကန်ကန် မတွေးတောခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးပါ”
သခင်ကြီးချင်က
သူ့စကားကို ရှင်းရှင်းလင်းလင်း မကျေမနပ် ဖြစ်နေသေးသော်လည်း သူက လက်ဖက်ရည်ပေးပိုရန်
ပင်မခန်းမထဲသို့ ဝင်ရောက်လာသည့် ကော်သခင်မ၏ကိစ္စကို ထပ်မပြောတော့ပေ။ ထိုအစား သူက
ဗုံကို ရိုက်နှက်ကာ မတရားမှုအတွက် တောင်းဆိုနေကြသော သာမာန်များကို ခန်းမထဲသို့ ခေါ်လာရန်
သူ၏သက်တောင်စောင့်များကို အမိန့်ပေးလိုက်သည်။
“သခင်ကြီးချင်၊
ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါ။ ခရီးရှည်က ပင်ပန်းစေတော့ လူကြီးမင်းရဲ့လည်ချောင်းကို
သက်သာစေလိမ့်မယ်"
သခင်ကြီးချင်က
လက်ဖက်ရည်သောက်ရန် ငြင်းဆိုနေပြီး အဖြစ်မှန်ကို စုံစမ်းရန် ဆန္ဒရှိနေသည်ကို
မြင်လိုက်ရသောကြောင့် ကော်ကန်း၏ မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်များ
ပေါ်လာသည်။ သူက ရှေ့သို့ လှမ်းလာပြီး သခင်ကြီးချင်ကို လက်ဖက်ရည်သောက်ရန် ဆွဲဆောင်လိုက်သည်။
"ဟုတ်တယ်။ ခရီးရှည်တော့ ပင်ပန်းနေပြီ။ အားလုံးပဲ လက်ဖက်ရည်သောက်ကြပါ"
ကော်သခင်မက သူမ၏ခင်ပွန်းဖြစ်သူ
သခင်ကြီးချင်ကို စည်းရုံးရာတွင်လည်း ဝင်ကူညီပေးလိုက်သည်။ သူမက လူအိုကြီးချင်၏ သက်တော်စောင့်များကို
ကြင်ကြင်နာနာဖြင့် လက်ဖက်ရည် ဧည့်ခံနေရုံသာမက စူးချင်းနှင့် ကျိရှောင်ယင်တို့ကိုလည်း
အလားတူ ပြုလုပ်ခဲ့သည်။
ကျိရှောင်ယင်က
အပြစ်ကင်းစင်ပြီး ရိုးရှင်းသော စိတ်ထားရှိသူဖြစ်သည်။ သူမက လက်ဖက်ရည်သောက်ရန်
ပြင်လိုက်သောကြောင့် စူးချင်းက သူမကို လှမ်းဆွဲလိုက်သည်။
“လက်ဖက်ရည်ထဲမှာ
အဆိပ်ရှိတယ်” စူးချင်းက သတိပေးလိုက်သည်။
သူမ၏အသံက
ကျယ်လောင်သည်လည်း မဟုတ်၊ ပျော့ပျောင်းခြင်းလည်း မရှိသော်လည်း ဧည့်ခန်းအတွင်းရှိလူတိုင်းက
သူမ၏စကားကို ကြားနိုင်ကြသည်။ ကော်ကန်းနှင့် ကော်သခင်မ၏မျက်နှာများက
ဖြူဖျော့သွားသည်။
“ပေါက်ကရတွေ
မပြောနဲ့၊ လက်ဖက်ရည်က ဘယ်လိုအဆိပ်သင့်နိုင်မှာလဲ?”
စူးချင်းကို သူမကို
မေးခွန်းထုတ်လိုက်ကြောင်း နားလည်လိုက်သော ကော်သခင်မက အပြစ်ရှိစိတ်ကြောင့်
ချက်ချင်း ငြင်းဆိုလိုက်သည်။
သက်တော်စောင့်လေးယောက်က
၎င်းတို့၏ လက်ဖက်ရည်ခွက်များကို လွှင့်ပစ်ကာ သူတို့၏ သံမဏိဓားများကို ဆွဲထုတ်လိုက်ပြီး
ကော်သခင်မ၏ လည်ပင်းပေါ်သို့ ဓားထောက်ထားလိုက်ကြသည်။ သူမက အလွန်ထိတ်လန့်နေပုံရပြီး ကော်ကန်းကို
အကူအညီတောင်းလိုက်သည်။
"သခင်ကြီး၊ ကျွန်မကို
ကူညီပါဦး"
ကော်ကန်းက သခင်ကြီးချင်ထံ
အလျင်စလို ဦးညွှတ်လိုက်ပြီး “ချင်လူကြီးမင်း၊ ကျွန်တော့်ဇနီးက တကယ့်ကို
အပြစ်ကင်းပါတယ်။ သူမက ဘယ်လိုလုပ် လက်ဖက်ရည်ကို အဆိပ်ခတ်ထားမှာလဲ? လူကြီးမင်းရဲ့အဆင့်အတန်းနဲ့ဆိုရင်
သူ(မ) ဒီလိုမျိုး လုပ်ဖို့ ဘယ်လို သတ္တိရှိနိုင်မှာလဲ?"
"အဆိပ်မရှိရင် သောက်လိုက်!"
စူးချင်းက
အချိန်ဖြုန်းချင်သောသူ မဟုတ်ပေ။ သူမ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ကော်သခင်မ၏
ပါးစပ်ကို ဖြဲပြီး လက်ဖက်ရည်ကို လောင်းထည့်လိုက်သည်။ ကော်သခင်မ၏တုံ့ပြန်မှုက
ပြင်းထန်လွန်းပြီး သူမ ရုန်းကန်နေကာ သူမ၏ဦးခေါင်းကို ယမ်းခါနေပြီး ပါးစပ်ဖွင့်ရန်
ငြင်းဆန်နေသည်။
သို့သော် စူးချင်း၏ခွန်အားက
သူမ လွန်ဆန်နိုင်သောအရာ မဟုတ်ပေ။ လက်ဖက်ရည် အနည်းငယ် ဖိတ်စင်သွားသော်လည်း
ခွက်တစ်ဝက်ကျော်ကျော်က ကော်သခင်မ၏ပါးစပ်ထဲသို့ လောင်းထည့်ခံလိုက်ရသေးသည်။
သက်တော်စောင့်က
ကော်သခင်မ၏လည်ပင်းမှ သံမဏိဓားကို ပြန်ချလိုက်ပြီး စူးချင်းကို လေးလေးစားစား စိုက်ကြည့်နေလေသည်။
ဒါက ကောင်းမွန်လွန်းတဲ့
လှုပ်ရှားမှုတစ်ခုပဲ။
စူးချင်းက
သူမ၏လက်ကို ပြန်လွှတ်လိုက်ပြီး ဘာသိဘာသာ နောက်ပြန်ဆုတ်သွားသည်။ အချုပ်အနှောင်မှ
လွတ်မြောက်သည်နှင့် ကော်သခင်မက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူမ၏လည်ချောင်းထဲသို့
လက်ထိုးနှိုက်ကာ သူမ သောက်ခဲ့သော
လက်ဖက်ရည်ကို ထွေးထုတ်ရန် အသည်းအသန် ကြိုးစားနေသည်။
သို့သော်လည်း
အချိန်နှောင်းသွားပုံရပြီး ကော်သခင်မ၏နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများနှင့်
နားများမှ သွေးများ စီးကျစ ပြုလာကာ သူမလည်း အော်ဟစ်ညည်းတွားကာ ကြမ်းပြင်ပေါ်သို့
လဲကျသွားသည်။ ထို့နောက်တွင် သူမ၏ခြေထောက်များက အကြောဆွဲသလို တဆတ်ဆတ် တုန်နေပြီး အသက်ရှူရပ်သွားတော့သည်။
ကော်ကန်းလည်း ကြမ်းပြင်ပေါ်သို့
ဖင်ထိုင်ချလိုက်သည်။ တော်ဝင်ရုံးတော်မှ အရာရှိတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်ခြင်းက တရားခံကို
ကွက်မျက်ကာ ပိုင်ဆိုင်မှုကို သိမ်းယူခြင်းဖြင့် အပြစ်ပေးနိုင်သည့် ရာဇ၀တ်မှု
ဖြစ်သည်။ သူ့သားနှင့် သူ့အသက်ကို ကယ်တင်နိုင်ရန်အတွက်
ကော်ကန်းက သူ့မိန်းမ၏အလောင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူက ပြန်ထလိုက် ကြမ်းပြင်ပေါ်သို့
ဒူးထောက်ကာ သခင်ကြီးချင်ကို ဦးတိုက်နေတော့သည်။
“ချင်သခင်ကြီး၊
ချင်သခင်ကြီး၊ ဒီနိမ့်ကျတဲ့မိန်းမက လူကြီးမင်းကို ဒုက္ခပေးချင်နေတယ်ဆိုတာကို ကွန်တော်မျိုး
တကယ် မသိခဲ့ပါဘူး။ သူ(မ)က သူ(မ)ရဲ့အစ်ကို အသတ်ခံရတာကို သိသွားပြီး လက်စားချေဖို့ ရောက်လာတာ
ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်ဆော်မျိုးနဲ့ ဘာမှ မဆိုင်ပါဘူး!"
“မင်း
မိန်းမက အတွင်းဆောင်ကနေ အခုမှ ထွက်လာပြီး သူ(မ)ရဲ့အစ်ကို အသတ်ခံရတာကို
ဘယ်လိုလုပ်သိတာလဲ? ဒါက မင်းနဲ့ မင်းမိန်းမကြားက ပူးပေါင်းကြံစည်မှုတစ်ခုပဲ။ မင်းက
ငြင်းဆိုချင် နေသေးတာလား? လာကြစမ်း၊
သူ့ကို အပြစ်ပေးကြစမ်း”
သခင်ကြီးချင်က
အလွန်ဒေါသထွက်နေဟန်ဖြင့် လှောင်ပြောင်ရယ်မောလိုက်ကာ သစ်သားတုံးကို စားပွဲပေါ်
ရိုက်ချလိုက်ပြန်သည်။ သူက အပြစ်ပေးသည့် ညှပ်ကိုပါ တစ်ပါတည်း ပစ်ချပေးလိုက်သည်။
ဒီစက်ဆုပ်ရွံရှာဖွယ်လူက
သူ့ရဲ့နိမ့်ကျတဲ့အသက်ကို ကယ်တင်ဖို့အတွက် သူ့ရဲ့ပထမဇနီးကိုတောင် ရောင်းစားပစ်လိုက်သေးတယ်။
ဒီလိုလူက တာရှားရဲ့အရာရှိဖြစ်ဖို့ ဘယ်လို ထိုက်တန်ပါ့မလဲ?
အပြစ်ပေးခံရမည်ဟု
ကြားသောအခါ ကော်ကန်း၏ခြေထောက်များက တောင့်တင်းသွားသည်။ သူက ကြမ်းပြင်ပေါ်
ဒူးထောက်ပြီး အပြင်းအထန် ဦးတိုက်ကန်တော့နေသည်။
"သခင်ကြီးချင်.... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို သနားပေးတော်မူပါ..... ကျွန်တော်မျိုးကို
သနားပေးတော်မူပါ!”
ကံမကောင်းစွာဖြင့်
ထိုအရာက လုံးဝ အသုံးမဝင်ပေ။ သခင်ကြီးချင်က ညှို့မှိုင်းနေသော မျက်နှာဖြင့် သူ့ကို
ကြည့်နေပြီး မတုန်မလှုပ် ဖြစ်နေခဲ့သည်။ သက်တော်စောင့်များက ရှေ့တိုးလာပြီး ကော်ကန်းကို
ဖမ်းချုပ်ကာ သေသွားသော ကော်သခင်မ၏ဘေးနားတွင် သူ့ကို ဖိချလိုက်သည်။ သူတို့က ရဲမက်နှစ်ယောက်ကို
ဆွဲထုတ်လိုက်ပြီး ကော်ကန်းကို ပြင်းပြင်းထန်ထန် နှိပ်စက်ရန် စေခိုင်းလိုက်သည်။
ရုံးတော်မှ ရဲမက်များအားလုံး
ကြောက်ရွံ့နေကြသည်။ ကော်ကန်းက ဧကရာဇ်မင်းမြတ်၏ ဆရာကို သတ်ဖြတ်ခြင်းဖြင့်
မိသားစုတစ်ခုလုံးကို သေဒဏ်ပေးနိုင်မည့် ကြီးလေးသောရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။ ထိုအမှုက
သူတို့ကို ငြိစွန်းလာမည်ကို သူတို့ ကြောက်ရွံနေကြသည်။ ထို့ကြောင့် သက်တော်စောင့်များက
ကော်ကန်းကို နှိပ်စက်ရန် အမိန့်ပေးလိုက်သည့်အခါ ကြားသောအခါ သူတို့က သူတို့၏အရာရှိဟောင်းကို
နှိပ်စက်စစ်ဆေးရန် သံကြိုးများ၊ ကလန့်တုတ်တံများနှင့် ညှပ်များကိုပင် အသုံးပြုကြတော့သည်။
ကော်ကန်းက
အဆိပ်ကြောင့် သေဆုံးသွားသည့် သူ့၏ဇနီးရှေ့တွင် နှိပ်စက်ခံနေရသည်။ သူမ၏မျက်လုံးများ
ပြူးကျယ်နေပြီး မျက်နှာကြီးက ဖြူဖပ်ဖြူရော် ဖြစ်နေကာ သူမ၏ ထွက်ပေါက်ခုနစ်ပေါက်မှ
သွေးများစီးကျနေသောကြောင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကော်ကန်းက အလွန်ကြောက်လန့်နေပြီး
သူ့မိန်းမကို သနားရန်ပင် မေ့သွားတော့သည်။ သူ့၏ခြေထောက်ကို ကလန့်တုတ်တံများဖြင့်
ကလန့်ကာ ညှပ်များဖြင့် အညှပ်ခံရသည့် အချိန်မှ သူက အသတ်ခံရသည့်ဝက်သဖွယ် အော်ဟစ်ညည်းညူနေကာ
သခင်ကြီးချင်ထံမှ ကရုဏာ တောင်းခံလေသည်။
သူက ကလန့်တုတ်တံ၏အစွမ်းကို
ကောင်းကောင်းသိသူ ဖြစ်သည်။ ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ ဒီလို
နှိပ်စက်မှုကို ခံနိုင်ရည် ရှိမှာ
မဟုတ်ပါဘူး။ ကလန့်တုတ်ချောင်းကို အမြင့်ဆုံးအထိ ချိန်ညှိလိုက်ရင် အရိုးတွေနဲ့
အရွတ်တွေကိုတောင် ကျိုးပဲ့ပျက်ဆီးစေနိုင်ပြီး ချက်ချင်း ဒုက္ခိတ ဖြစ်သွားလိမ့်မယ်။
"သခင်ကြီးချင်၊ ကျွန်တော်မျိုးအသက်ကို ချမ်းသာပေးပါ။ ကျွန်တော်မျိုးက တော်ဝင်တရားရုံးရဲ့အရာရှိပါ။
လူကြီးမင်းက ကျွန်တော်မျိုးကို ညှဉ်းပန်းနှိပ်စက်ရင် တရားရုံးတော်ကို စော်ကားရာ
ရောက်လိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ညှာတာပေးပါ"
ကော်ကန်းက
ရူးသွပ်သောလူတစ်ယောက်ကဲ့သို့ သခင်ကြီးချင်အား လိမ်လည်ပြောဆိုနေပြီး သူ့မျက်နှာတွင်
နှပ်ချေးများနှင့် မျက်ရည်များ ဖုံးလွှမ်းနေသည်။ သူက သူ့ကိုယ်သူ တာ့ရှားတိုင်းပြည်၏အရာရှိတစ်ဦး
ဖြစ်ကြောင်း ပြောဆိုနေပြီး သခင်ကြီးချင်ကို အသက်ချမ်းသာပေးရန် တောင်းဆိုလိုက်သည်။
သခင်ကြီးချင်က ကော်ကန်းကို
အလွန်အမင်း အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နေသည်။ သူတို့၏ တာ့ရှားတိုင်းပြည်တွင် ဤကဲ့သို့
လောဘကြီးပြီး သူရဲဘောကြောင်သော အရာရှိများ ရှိနေခြင်းက တိုင်းပြည်အတွက်
အရှက်ရစရာသာ ဖြစ်သည်။ သေခြင်းတရားကို အလွန်ကြောက်ရွံ့သော အရာရှိများကသာ
အင်ပါယာတရားရုံးကို စော်ကားသူများ ဖြစ်သည်။ လက်ရှိအချိန်တွင် အပြင်ဘက်၌ သာမန်လူများ
ရှိနေပြီး တာ့ရှားပြည်ထောင်၏ အရာရှိက
သရဲတစ္ဆေသဖွယ် အော်ဟစ်ငိုယိုနေခြင်းက အရာရှိကြီးများ၏ ဂုဏ်သတင်းကို ထိခိုက်စေသည်။
သူက ထိုဝံပုလွေကဲ့သို့ အော်ဟစ်သံကို သာမန်လူများက မမြင်စေချင်သောကြောင့် ကော်ကန်းကို
အေးစက်စွာ အမိန့်ပေးလိုက်သည်။ "မင်း အသက်ကို နှမြောနေသေးရင် မင်း အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေနဲ့
ဒီနှစ်တွေအတွင်းမှာ မင်း လုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို ဝန်ခံလိုက်"
ကော်ကန်းက ခဏတာမျှ
အံ့အားသင့်နေပုံရပြီး သူ့မျက်လုံးများက သူ့မျက်အိမ်အတွင်း လှည့်ပတ်သွားသည်။
သူသာ ဝန်ခံလိုက်ရင်
နောက်ပြန်လှည့်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး။
"မင်းက ခေါင်းတလားကို မတွေ့မချင်း မငိုဘူးပေါ့၊ မင်းက နောက်ဆုံးအခိုက်အတန့်အထိ
ဆုပ်ကိုင်ထားဖို့ တောင်းဆိုနေမှတော့ ကွပ်မျက်လိုက်ကြရအောင်!"
သခင်ကြီးချင်က ကော်ကန်း၏
ကောက်ကျစ်စဉ်းလဲသော အသွင်အပြင်ကို ကြည့်နေရင်း ရွံရှာနေမိသည်။ သူက ရဲမက်များကို လက်ဝှေ့ယမ်းလိုက်ပြီး
သခင်ကြီးချင်၏ရှေ့တွင် ကောင်းမွန်စွာ စွမ်းဆောင်ပြချင်နေသော ရဲမက်နှစ်ဦးကလည်း
များစွာ ကြိုးစားအားထုတ်နေကြသည်။ သူတို့က အပြစ်ပေးရာတွင်သုံးသည့် ကလန့်တုတ်တံကို ပြန်တပ်လိုက်ပြီး
ထိုတုတ်တံများကို ဖိချရန် အပြင်းထန်ဆုံး အင်အားကို အသုံးပြုနေကြသည်။
ကော်ကန်းက နာကျင်စွာအော်လိုက်ပြန်သည်။
သူက ကြမ်းပြင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် ရိုက်ပုတ်ရုန်းကန်နေသော်လည်း သူ့ခြေထောက်မှ
နာကျင်မှုက မသက်သာသွားပေ။ ထိုနာကျင်မှုက သူ့အရိုးများ ကျိုးသွားခြင်းဖြစ်နိုင်သောကြောင့်
သူ ရင်ထိတ်သွားရသည်။
နောက်ဆုံးတွင် သူက
တောင့်မခံနိုင်တော့ဘဲ အလျင်အမြန် တောင်းပန်တော့သည်။ “ကျွန်တော်မျိုး ဝန်ခံပါ့မယ်၊
ဝန်ခံပါ့မယ်”
“သူ့ကို
စုတ်တံနဲ့ စာရွက်တစ်ရွက် ပေးပြီး တစ်လုံးချင်းစီ ချရေးခိုင်းလိုက်”
"ဘဘ်သူက အကြံပေးလဲ? စာရင်းကိုင်က ဘယ်သူလဲ?"
သခင်ကြီးချင်က
တစ်စုံတစ်ယောက်အား ကော်ကန်းထံ စုတ်တံနှင့် စာရွက် ယူလာခိုင်းပြီး အကြံပေးအရာရှိနှင့်
စာရင်းကိုင်ကို ရှာတွေ့လိုက်သည်။ ထိုနှစ်ယောက်က ကြောက်လန့်တုန်လှုပ်နေကာ ကြမ်းပြင်ပေါ်တွင်
ဒူးထောက်ကာ ကရုဏာကို တောင်းခံနေကြသည်။
“ကျွန်တော်မျိုးတို့ရဲ့အသက်ကို
ချမ်းသာပေးတော်မူပါ။ ကျွန်တော်မျိုးတို့က အမိန့်ကို လိုက်နာရတဲ့သူတွေပါ။
ဒါတွေအားလုံးက ကော်ကန်းရဲ့အမိန့်ပါ။ ကျွန်တော်မျိုးတို့က မနာခံဘဲ မနေဝံ့ပါဘူး။ ကော်ကန်းက
ရက်စက်ပြီး ကရုဏာကင်းတဲ့သူပါ။ ကျွန်တော်မျိုးတို့ မနာခံရင် ကျွန်တော်မျိုးတို့ရဲ့ မိသားစုတွေ
သေပွဲဝင်ရမှာပါ”
သခင်ကြီးချင်၏
မျက်နှာက ညိုမှိုင်းနေပြီး သူက ထိုလူနှစ်ယောက်ထံ စာရွက်နှင့် စုတ်တံပေးရန်
တစ်စုံတစ်ယောက်အား ထပ်အမိန့်ပေးလိုက်သည်။ သူတို့ ပူးပေါင်းကြံစည်မှု မရှိစေရန် သူတို့ကို
သီးခြားစီ ရေးခိုင်းရန် အမိန်းပေးနေသော သူ့အသံက အေးစက်လွန်းသောကြောင့် လူအများကို ရင်တုန်စေသည်။
"မင်းတို့နှစ်ယောက် သီးခြားစီ ဝန်ခံပြီး ကော်ကန်းအလွဲသုံးစားလုပ်ခဲ့တဲ့ ငွေတွေအားလုံးနဲ့
ဒီနှစ်တွေအတွင်း သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ချရေးလိုက်။ တစ်ခုခုကို
ဖုံးကွယ်ထားရင် ကော်ကန်းနဲ့အတူတူ ဒီရာဇ၀တ်မှုအတွက် သေဒဏ်ပေးရလိမ့်မယ်”
အကြံပေးအရာရှိနှင့်
စာရင်းကိုင်က အလွန်ကြောက်လန့်သဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကရုဏာတရား
တောင်းခံနေကြသည်။
"ကျွန်တော်မျိုးတို့ သိသမျှကို သေချာ ချရေးမှာပါ၊ သခင်ကြီးက ကရုဏာထားပေးဖို့ကို
တောင်းပန်ပါတယ်"
စူးချင်းက ဤအမှုကို
ကိုင်တွယ်နေသည့် သခင်ကြီးချင်ကို သဘောကျစွာ စောင့်ကြည့်လိုက်ပြီး ဤအဘိုးအိုအပေါ်
လေးစားမှု တိုးလာခဲ့သည်။
သူက တကယ့်ကို အာဏာရှိတဲ့ပုဂ္ဂိုလ်ကြီးပဲ။
သူက ဒီအမှုကို သေသေချာချာ ဖြေရှင်းနိုင်တယ်၊ သူ့နည်းလမ်းတွေက ထက်မြက်ပြတ်သားပြီး
ထူးခြားပြောင်မြောက်တယ်။ ဒါက တစ်ခုပြီး တစ်ခု ချိုးဖျက်ဖို့ အသုံးပြုတဲ့
ကောင်းမွန်တဲ့ လှုပ်ရှားမှုပဲ။ ဒီနည်းနဲ့ တစ်ယောက်ချင်းစီကို အနိုင်ယူ
ဖော်ထုတ်နိုင်လိမ့်မယ်။
သုံးနေရာခွဲပြီး
စိစစ်နေတာကြောင့် သူတို့ လိမ်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး။ အကြံပေးအရာရှိနဲ့
စာရင်းကိုင်က သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်
ကော်ကန်းလုပ်ခဲ့တဲ့ တရားမ၀င်တဲ့ အရာအားလုံးကို ဝန်ခံလာလိမ့်မယ်၊ ဖုံးကွယ်ဖို့တို့
ရှောင်လွှဲဖို့တို့ လုံးဝ လုပ်ရဲမှာ မဟုတ်ဘူး။
ကော်ကန်းကလည်း
အကြံပေးအရာရှိနဲ့ စာရင်းကိုင် ဝန်ခံမှာကို သိနေတော့ လိမ်ညာဖို့ မဝံ့ရဲလောက်တော့ဘူး။ ဒီနည်းနဲ့ ကော်ကန်းမှာ
ညစ်ပတ်ပြီး မသန့်ရှင်းတဲ့ငွေတွေ ဘယ်လောက်ရှိနေပြီး သူ ဘယ်လောက် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာကို
အလွယ်တကူ သိရှိနိုင်လိမ့်မယ်။ သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေ အပါအဝင်ပေါ့။
စူးချင်းက အမှုစုံစမ်းရန် သခင်ကြီးချင်၏နောက်သို့ လိုက်ပါသွားပြီး ခန်းမထဲတွင် ရှိနေချိန်၌ နားနေတည်းခိုဆောင်မှ ကျိရွှေရှန့်က သူ့ကုတင်ပေါ်တွင် ထထိုင်လိုက်ရင်း ငိုက်မြည်းနေပြန်သည်။
✍️✍️✍️