Chapter 62 ဖေးစွေ့လိုမှာ ပြဿနာရှာခြင်း
Viewers 17k

အခန်း ၆၂ ဖေးစွေ့လိုမှာ ပြဿနာရှာခြင်း

ကျိရွှေရှန့်၏မှင်နက်ရောင် မျက်လုံးများက စူးရှနေပြီး သူ့ရှေ့တွင် ရှိနေသည့် လူမိုက်များကို အေးတိအေးစက် စိုက်ကြည့်နေသည်။ သူ့အသံက အကျယ်ကြီး မဟုတ်သော်လည်း ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကို သယ်ဆောင်နေမှန်း သိသာနေသည်။

အ‌ဒေါ်မိန်က နာကျင်မှုကြောင့် တုန်ယင်နေပြီး နောက်ဆုံးတွင် သူမရှေ့မှလူက ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ရှိကြောင်း သူမ သိလာရသည်။ သူ ပြောတာကို မလုပ်ပေးရင် သူက သူမကို တကယ်သတ်ပစ်လိမ့်မယ်။ သူမက အသိတရားရှိတာကြောင့် ဒီလိုလူတွေကို ကြောက်ရွံ့ပြီး လှည့်ကွက်တွေလည်း မလုပ်ရဲဘူး။

သူမက များကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “မြန်မြန်သွား၊ ဓားကို ချပြီး အဲဒီလူတွေကို ပြန်လွှတ်ပေးလိုက်။ အိုက်ယား.... အရမ်းနာတယ်။ ငါ့အသက်ကို ချမ်းသာပေးပါ!"

လူမိုက်များက သူတို့၏နှလုံးသားအောက်ခြေမှ ကျိရွှေရှန့်ကို ကျိန်ဆဲနေကြသည်။

ဒီလူက သူတို့ ဖြေရှင်းနိုင်တဲ့သူ မဟုတ်ဘူး။

သူတို့က သူတို့၏ဓားများကို နာခံမှုရှိရှိ ပြန်ချလိုက်ပြီး အခြေအနေကို အရင် တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ထို့နောက်မှ မြို့စောင့်တပ်မှူးကို ရှာရန် တစ်စုံတစ်ဦးကို စေလွှတ်ပြီး သူ့ကို ဖမ်းဆီးခိုင်းရန် တွေးလိုက်ကြသည်။

ကျိရွှေရှန့်က ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး မိန်းမကြီး၏လည်ပင်းပေါ်သို့ တင်လိုက်သည်။ မိန်းမကြီးက အလွန်ထိတ်လန့်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာကာ လှုပ်ရှားရန်ပင် မဝံ့ရဲတော့ချေ။

တာဝန်ခံက ကြမ်းပြင်ပေါ်မှ ပြန်ထလာသည်။ ကျိရွှေရှန့်၏ပစ်ထုတ်မှုကြောင့် သူ့၏ခါးက ကျိုးလုမတက် ဖြစ်ခဲ့ရပြီး သူ့ခေါင်းတွင် အေးစက်သော ချွေးများ ဖုံးလွှမ်းလာသည်အထိ နာကျင်နေခဲ့သည်။ ကျိရွှေရှန့်၏လက်ထဲတွင် ရှိနေသည့် မိန်းမကြီးကို မြင်သောအခါ သူက သူ့၏နာကျင်မှုကိုပင် ဂရုမစိုက်နိုင်ဘဲ ကျိရွှေရှန့်ကို အမြန်ချော့မော့လိုက်သည်။

ငါ သူတို့ကို အခု ပြန်ခေါ်ပေးမယ်။ အ‌ဒေါ်မိန်ကို မထိခိုက်စေနဲ့"

ကျိရွှေရှန့်က သူ့ကို အချိန်ဆွဲခွင့် မပေးဘဲ မဲမှောင်နေသောမျက်နှာဖြင့် ကြည့်နေသည်။ “မြန်မြန်လုပ်၊ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။ တစ်ရာအထိ ရေတွက်ပြီးလို့ လူတွေကို မတွေ့ရသေးရင် ငါ သူ(မ)ကို သတ်ပစ်မယ်"

သူ့စကားဆုံးသည်နှင့် ကျိရွှေရှန့်က သံမဏိဓားကို မိန်းမကြီး၏လည်ပင်းနားသို့ ပိုဖိကပ်လိုက်သည်။ သူ အင်အားနည်းနည်း ထပ်သုံးရုံဖြင့် သူမ၏လည်ပင်းက ပြတ်သွားနိုင်သောကြောင့် မိန်းမကြီးက သေရမည်ကို ကြောက်လန့်နေကာ အော်ဟစ်နေတော့သည်။

“မဟုတ်ဘူး၊ ငါ့ကို မသတ်နဲ့ပါ။ သူ့တို့ကို အမြန်​ထုတ်​လိုက်ပေး​ပါ"

မိန်းမကြီးက အလွန်ကြောက်လန့်နေပြီး သူမကိုယ့်သူမ မထိန်းနိုင်တော့သောကြောင့် ဆီးနံ့က လေထုကို ဖုံးလွှမ်းသွားသည်။ သူမ၏မျက်နှာတွင် နှပ်ချေးများရှိနေပြီး မျက်နှာတစ်ခုလုံး မျက်ရည်များ ဖုံးလွှမ်းနေသည်။ သူမ၏အော်သံများက စူးရှနေသော်လည်း ကျိရွှေရှန့်က ဘာအမူအရာမှ မရှိသလို သူ့လက်ထဲမှ ဓားကလည်း သူမ၏လည်ပင်းနားတွင် ရှိနေဆဲပင်။

တကယ်တော့ ဒါက သူ့အတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းပါပဲ။ ဒါပေမယ့် စူးချင်းနဲ့ သူ့ညီမလေးအတွက်ဆိုရင် သူ ဒီအဘွားကြီးကို သတ်တောင် သတ်ပစ်နိုင်တယ်။

အဲ့စိုးရိမ်စိတ်က သူ့ကို ရူးသွပ်သွားစေခဲ့တယ်။  သူတို့ထဲက ဘယ်ယောက်ျားက မိန်းမတွေကို မရိုက်ဖူးလို့လဲ? ရက်စက်ယုတ်မာတဲ့ လူဆိုးတွေအတွက်ဆိုရင် ကိုယ်ကလည်း ပြန်ရက်စက်တတ်ရမယ်၊ သူတို့က ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်နေမှာလဲ? မကောင်းတဲ့လူတွေအတွက် ရက်စက်မူကိုပဲ ပြန်ပေးသင့်တယ်။

"စပြီး ရေတွက်လိုက်"

ကျိရွှေရှန့်က မိန်းမကြီးကို တစ်ချက်ကြည့်ကာ သူ နောက်ပြောင်ခြင်း မဟုတ်ကြောင်း သိစေရန် လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

မိန်းမကြီးက အလွန်ကြောက်လန့်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သူမက “၁” ဟု စတင်ရေတွက်ပြီးနောက် အချိန်အတော်ကြာအောင် တုန်ယင်နေပြန်သည်။

"အချိန်ဆွဲဖို့ ကြိုးစားနေတာလား?"

ကျိရွှေရှန့်က ခပ်ထန်ထန် အော်မေးလိုက်ပြီး သူ့လက်ထဲမှ ဓားကို အားဖြင့် ဖိချလိုက်သည်။ မိန်းမကြီးက သူမ၏ လည်ပင်းကို အဖြတ်ခံလိုက်သကဲ့သို့ ခံစားနေရပြီး အသက်ရှုရခက်နေကာ မျက်ဖြူပင် လန်သွားတော့သည်။ ထို့နောက် သူမက အမြန်ရေတွက်လိုက်သည်။

၁  ၂   ၃   ၄    ၅    ၆…”

သူမ အနည်းငယ် နှေးသွားလျှင်  ကျိရွှေရှန့်က သူမကို သတ်ပစ်မည်ကို ကြောက်ရွံ့နေသော မိန်းမကြီးက ခပ်မြန်မြန် ရေတွက်နေပြီး ၈၀ ပြည့်ခါနီးတွင် လူမိုက်များက မိန်းကလေးငယ် တစ်ဒါဇင်ကျော်နှင့်အတူ ပြန်ပြေးလာကြသည်။

"သူတို့ ဒီမှာပါ၊ အားလုံး ရောက်လာပါပြီ"

တာဝန်ခံက ကျိရွှေရှန့်ကို ဦးညွှတ်လိုက်ပြီး ဒါဇင်နှင့်ချီသော မိန်းကလေးများကို လက်ညှိုးထိုးပြလိုက်သည်။

ကျိရွှေရှန့် မော့ကြည့်လိုက်ရာ ထိုမိန်းကလေးများကြားတွင် ရင်းနှီးသောမျက်နှာများကို သူ တကယ် မြင်လိုက်ရသည်။ ပညာရှင်တင်း၏ သမီးနှင့် မောင်းမမိဿံများ အားလုံး ဤနေရာတွင် ရှိနေကြသည်။

ကျန်မိန်းကလေးများမှာလည်း သဘာဝဘေးမှ ထွက်ပြေးလာကြသူများ ဖြစ်ပြီး သူမတို့အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ မိန်းမကြီး၏လည်ပင်းတွင် ဓားတင်ထားသော ကျိရွှေရှန့်ကို မြင်သောအခါ သူမတို့က ကယ်တင်ရှင်ကို မြင်လိုက်ရသလို ဖြစ်သွားကြပြီး ကျိရွှေရှန့်ကို စတင် တောင်းပန်ကြတော့သည်။ "သူရဲကောင်းကြီး၊ ကျွန်မတို့ကို ကယ်တင်ပေးဖို့ ဆောင်းဆိုပါတယ်"

ကျိရွှေရှန့်က မိန်းကလေးများကြားတွင် နှစ်ကြိမ်တိုင်တိုင် ရှာဖွေခဲ့သော်လည်း သူ့ညီမလေးနှင့်စူးချင်းကို ရှာမတွေ့ခဲ့ပေ။ သူ့မျက်နှာက မယုံနိုင်လောက်အောင် မဲမှောင်လာပြီး သူ့လက်ထဲမှ ဓားကို ပိုမို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ "မင်းတို့က ငါ့ကို လှည့်စားဖို့ သတ္တိရှိနေသေးတာလား?"

သူ့လက်ကို အနည်းငယ် ထပ်ဖိလိုက်သည်နှင့် မိန်းမကြီးက အော်ဟစ် တောင်းပန်လိုက်သည်။ “သူတို့အားလုံး ဒီမှာပါ။ သူတို့ အားလုံးက ဒီမှာ တကယ်ရှိနေတာပါ။ မယုံရင် အထဲကိုဝင်ပြီး ရှာကြည့်လို့ ရပါတယ်။ ငါ တစ်ခုခု လိမ်ပြောမိရင် မိုးကြိုးပစ်ပါစေ"

မိန်းမကြီးက သစ္စာဆိုနေပြီး သူမ၏ခြေထောက်များက ခေါက်ဆွဲကဲ့သို့ တွန့်လိမ်နေကာ သူမ၏မျက်ရည်များကလည်း သူမ၏မျက်နှာချေများကို ညစ်ပတ်နေစေသည်။ သူမ၏မျက်နှာက မျက်ရည်များနှင့် အနီရောင်မျက်နှာချေမှုန်များကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေပြီး သူမ၏မျက်နှာအသွင်အပြင်က ကြောက်ရွံ့ဖွယ်ကောင်းနေရာမှ အလွန်ရယ်စရာကောင်းသော အသွင်သို့ ပြောင်းလဲသွားသည်။

ကျိရွှေရှန့်က သူမကို လုံးဝ မယုံပေ။

ရှောင်ယင်နဲ့ စူးချင်းက ဒီမိန်းကလေးတွေထက် ပိုလှတယ်။ အဲ့တာကြောင့် ဒီမိန်းမကြီးက လွှတ်မပေးချင်တာ ဖြစ်နိုင်တယ်။

“မထွက်လာသေးတဲ့ မိန်းကလေးတွေ ရှိသေးလား?” သူက ထိုမိန်းကလေးများကို လှမ်းမေးလိုက်သည်။

မရှိတော့ဘူး၊ ကျွန်မတို့ပဲ ရှိတာပါ။ ကျွန်မတို့ အားလုံး ဒီမှာပါ"

ပညာရှင်တင်း၏ကိုယ်လုပ်တော်က သဘောကျနေသောမျက်လုံးများဖြင့် ကျိရွှေရှန့်ကို  မြတ်နိုးစွာ ကြည့်နေသည်။ ဤကဲ့သို့ သန်မာသောယောက်ျား၏ နောက်သို့ လိုက်ရခြင်းက သူမ၏ဘဝအတွက် လုံခြုံမှုကို ခံစားနိုင်မည်ဟု သူမ တွေးနေမိသည်။ ထို့ကြောင့် ကျိရွှေရှန့်၏ စကားကို ရဲရဲဝံ့ဝံ့ ပြန်ဖြေလိုက်ပြီး သူက သူမကို သတိပြုမိစေရန် မျှော်လင့်နေမိသည်။

ငါ့တို့မှာ တကယ် မရှိတော့ပါဘူး။ ငါတို့ ဖမ်းမိထားတဲ့ မိန်းကလေးတွေ အကုန်လုံး ဒီမှာ ရှိနေပါတယ်”

ကျိရွှေရှန့်က မိန်းခလေးများကို  မေးနေသော်လည်း  မိန်းမကြီးက ငိုယိုရင်း ဝင်ဖြေလိုက်သည်။

သူမ ဒီနေ့ ဒီနတ်ဆိုးလက်ထဲကနေ လွတ်ပြီး မနက်ဖြန်အထိ အသက်ရှင်နိုင်ပါ့မလား?

ကျိရှောင်ယင်နှင့် စူးချင်းတို့ ဤနေရာတွင် မရှိကြောင်း သေချာသွား‌သောအခါ ကျိရွှေရှန့်တစ်ယောက် ပို၍ပင် စိုးရိမ်လာသည်။

သူမတို့က ဖေးစွေ့လိုမှာ မရှိဘူးဆိုတော့ ရုံးတော်ကို ရောက်နေတာလား?

ကျိရွှေရှန့်က မိန်းမကြီးကို လွှတ်ပေးတော့မည်ကို မြင်လိုက်သောကြောင့် သနားစရာကောင်းသော မိန်းကလေးများက သူ့ကို ကူကယ်ရာမဲ့ ကြည့်နေကြသည်။ 

ကျိရွှေ့ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး  သူမတို့ကို ကယ်တင်ပေရန် ဆုံးဖြတ်လိုက်သည်။

သူ သူမတို့ကို တွေ့နေပြီဆိုမှတော့ သူမတို့အားလုံးကို ကယ်တင်ပေးလိုက်တော့မယ်။

သူမတို့ လွတ်မြောက်သွားရင် ရှောင်ယင်တို့ကို လူစုခွဲပြီး လိုက်ရှာနိုင်ဖို့ သူမတို့ကို ပြန်အကူအညီ တောင်းလို့ရနိုင်တယ်။

ဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက် ကျိရွှေရှန့်က မိန်းကလေးများကို အမိန့်ပေးလိုက်သည်။

"မင်းတို့ အရင်ထွက်သွားကြ"

သူက သူမတို့ကို ကယ်တင်ရန် ဆန္ဒရှိနေသည်ကို မြင်လိုက်ရသောကြောင့် ထိုမိန်းကလေးများက သူ့၏ကြင်နာမှုအတွက် ကျိရွှေရှန့်ကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြပြီး ဖေးစွေ့လိုမှ ပြန်ထွက်ရန် တစ်ယောက်ကို တစ်ယောက် ပံ့ပိုးကူညီပေးနေကြသည်။

ပညာရှင်တင်း၏ ကိုယ်လုပ်တော်သာလျှင် မထွက်ခွာချင်ဘဲ ထိုနေရာတွင် ရပ်နေကာ စိတ်ထက်သန်သော မျက်လုံးများဖြင့် ကျိရွှေရှန့်ကို ကြည့်နေလေသည်။

ကျေးဇူးရှင်ကြီး၊ ကျွန်မက ရှင့်ရဲ့ကျေးကျွန်အဖြစ်နဲ့ ရှင့်ကို ပြုစုဖို့ ဆန္ဒရှိပါတယ်”

ထွက်သွားစမ်း”

သူမ၏ အရှက်မဲ့သော စကားများကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်၏မျက်နှာက ပို၍ပင် မည်းမှောင်သွားသည်။ သူက သူမကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းနှင်ထုတ်လိုက်သောကြောင့် ပညာရှင်တင်း၏ကိုယ်လုပ်တော်က အလွန် ကြောက်လန့်သွားပြီး ထိုနေရာတွင် မနေရဲတော့ဘဲ သူမ၏စကတ်ကို မကာ တံခါးအပြင်သို့ ‌ပြေးထွက်သွားတော့သည်။

ကျိရွှေရှန့်က သူတို့ ​​ခက်ခက်ခဲခဲ ဖမ်းမိထားသော မိန်းကလေးများကို ပြန်လွှတ်ပေးနေကြောင်း မြင်နေရသောကြောင့် မိန်းမကြီးနှင့် လူမိုက်များအားလုံး သူတို့၏နှလုံးများကို အညှစ်ခံလိုက်ရသလို နာကျင်နေကြသော်လည်း  ဘယ်သူမှ ဘာမှ မပြောရဲကြပေ။ သူတို့က သူတို့၏ရင်ဘတ်များကို သူတို့ဘာသာ ပြန်ဖိထားရုံသာ တက်နိုင်တော့သည်။

ကျိရွှေရှန့်က ခဏလောက် စောင့်နေလိုက်ပြီး မိန်းကလေးများ အဝေးသို့ ထွက်သွားပြီးကြောင်း သေချာစေပြီးမှ သူက ဓားကို ကိုင်ကာ အဘွားကြီးကို ဆွဲခေါ်ရင်း တံခါးအပြင်ဘက်သို့ ထွက်လာလိုက်သည်။

လူမိုက်များက သူတို့နောက်မှ လိုက်လာကြသော်လည်း မိန်းမကြီး ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် အနားမကပ်ရဲကြပေ။

ကျိရွှေရှန့်က ဖေးစွေ့လို၏တံခါးမှ ထွက်ခွာလာပြီး သူ ထွက်မသွားသေမီ တခဏမျှ စဉ်းစားနေခဲ့သည်။ ခဏအကြာတွင် သူက သူ့၏ဓားကို စက်ဝိုင်းပုံစံ ညွှန်ပြလိုက်ပြီး "မင်းတို့အားလုံး မင်းတို့ရဲ့ခါးပတ်ကြိုးတွေကို  ဖြည်ပြီး အချင်းချင်း ချည်နှောင်လိုက်ကြ"

အစပိုင်းတွင် မိန်းမကြီးနှင့် အပေါင်းအပါများက  ကျိရွှေရှန့် စတင်ထွက်ခွာသည်နှင့် ခရိုင်တရားသူကြီးထံ သတင်းပို့ရန် စောင့်ဆိုင်းနေကြသော်လည်း ကျိရွှေရှန့်က သူတို့ကို အခွင့်အရေး လုံးဝမပေးခြင်းမျိုးကိုတော့ မမျှော်လင့်ထားခဲ့ပေ။

တစ်ချို့က ခေါင်းမာပြီး ကိုယ့်ကိုကိုယ် မချည်နှောင်ချင်သူများ ရှိနေသေးသည်။ ကျိရွှေရှန့်က ဓားကိုင်ထားသော သူ့လက်ကို အင်အားအနည်းငယ် ထပ်သုံးလိုက်သောကြောင့် မိန်းမကြီး၏လည်ပင်းမှ သွေးများ စီးကျလာသည်။ မိန်းမကြီးက ဝက်မကြီးကဲ့သို့ ကြောက်လန့်တကြား ထအော်လိုက်သည်။ "မြန်မြန်... မြန်မြန် ချည်လိုက်ကြ!"

ကျိရွှေရှန့်က အေးစက်သော မျက်လုံးများဖြင့် တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်နေသည်။ နောက်ဆုံးတွင် တာဝန်ခံက သူ့ကို ချည်နှောင်ရန် ကူညီမည့်သူ မရှိတော့သော တစ်ဦးတည်းသောသူ ဖြစ်လာသည်။ သူက ခါးပတ်ကြိုးကို ကိုင်ထားရင်း အသနားခံသောမျက်နှာဖြင့် ကျိရွှေရှန့်ကို ကြည့်နေကာ "ငါ့ကိုယ်ငါ ပြန်ချည်လို့ မရဘူး"

"ခင်ဗျား သွားလိုက်"

ကျိရွှေရှန့်က မိန်းမကြီးကို ကန်လွှတ်လိုက်သောကြောင့် မိန်းမကြီးက တာဝန်ခံ၏ရှေ့တွင် လဲကျသွားပြီး  နာကျင်လွန်းသောကြောင့် သူမ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။ သူမ နာကျင်မှုကြောင့် မညည်းတွားနိုင်သေးခင်မှာပင် ကျိရွှေရှန့်၏ အေးစက်သောအသံကို ကြားလိုက်ရပြန်သည်။

မြန်မြန်လုပ်”

ဤအသံက ရုတ်တရက် မိုးခြိမ်းလိုက်သည့်အသံထက်ပင် ပို၍ ကျယ်လောင်ပြီး ကြောက်စရာကောင်းနေသည်။ မိန်းမကြီးက အလွန်ကြောက်လန့်နေပြီး ကြိုးစား ထရပ်ကာ တာဝန်ခံကို ချည်နှောင်ရန် သွားရတော့သည်။ သူမ၏လက်များက ခါးပတ်ကြိုးပြားကို ကောင်းကောင်း မကိုင်နိုင်လောက်အောင် တုန်ယင်နေသော်လည်း ကျိရွှေရှန့်က သူမကို ဓားဖြင့် ခုတ်မည်ကို ကြောက်ရွံ့နေသောကြောင့် တာဝန်ခံကို သေသေချာချာ တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။

သူမ တစ်ယောက်တည်း ကျန်နေချိန်တွင် ကျိရွှေရှန့်က သူမ၏လည်ပင်းနောက်သို့ ဓားပြားဖြင့် ရိုက်ချလိုက်သောကြောင့် မိန်းမကြီးက အော်ပင်မအော်နိုင်လဲ မေ့လဲသွားတော့သည်။

အပေါ်ထပ်မှ မိန်းခလေးများက  ထိုနေရာတွင်ပင် စုပြုံနေကြပြီး ကြောက်လွန်းသောကြောင့် အသက်ပင် ရဲရဲမရှုဝံ့ကြပေ။ ကျိရွှေရှန့် ထွက်သွားချိန်တွင် သူမတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး "ငါတို့က ဘာလုပ်ရမှာလဲ? ငါတို့ ထွက်ပြေးရမှာလား !? ဒါမှမဟုတ် တရားသူကြီးကို သတင်းပို့သွားပို့ရမှာလား?”

✍️✍️✍️