Chapter 67 ခက်ခဲတဲ့တိုက်ပွဲကို တွန်းလှန်ရင်ဆိုင်လိုက်ကြရအောင်
Viewers 17k

အခန်း ၆၇ ခက်ခဲတဲ့တိုက်ပွဲကို တွန်းလှန်ရင်ဆိုင်လိုက်ကြရအောင်

စူးချင်းနှင့် ကျိရှောင်ယင်တို့ကလည်း တစ်စုံတစ်ယောက်၏အော်သံကို ကြားလိုက်ရသောကြောင့် လူအုပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် သန်မာသော အမျိုးသားတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်နေရင်း ဗုံကို အပြင်းအထန် တီးနေသည်ကို သူမတို့ တွေ့လိုက်ရသည်။

ရုံးတော်အဝင်ဝတွင် စောင့်ဆိုင်းနေကြသော သာမန်လူများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး လူတိုင်း၏ မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကြသည်။ သူတို့က သူတို့၏မကျေနပ်မှုများကို တိုင်ကြားရန်ပင် မနေဝံ့ကြတော့ဘဲ ဦးတည်ရာမဲ့ ထွက်ပြေးကြတော့သည်။

ဘယ်သူက ဒီနေရာကို လာပြီး အရူးလို အော်ဟစ်နေရတာလဲ?”

သခင်ကြီးချင်က အမှုများ စစ်ဆေးနေဆဲ ဖြစ်ကာ သူက အစပိုင်းကတည်းက ကျန်းမာရေး မကောင်းသူ ဖြစ်သောကြောင့် ယခုကဲ့သို့ ပြင်းထန်သော စမ်းဆေးမှုများကြောင့် သူ အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သည်။ ယခု သူ့ကို နှောင့်ယှက်နေသော တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ သူက ဒေါသထွက်သွားပြီး စားပွဲကို သစ်သားတုံးဖြင့် ထုရိုက်လိုက်သည်။

"လူကြီးမင်း"

သက်တော်စောင့်တစ်ယောက်က ဗုံတီးနေသူကို ပင်မခန်းမဆောင်ကို ခေါ်ဆောင်လာခဲ့ပြီး ထိုလူက အလွန်စိုးရိမ်နေသဖြင့် သူ့ခေါင်းတွင် ချွေးများ ဖုံးလွှမ်းနေသည်ကို အားလုံး တွေ့လိုက်ကြရသည်။ သူက စကားပြောနေရင်း အလွန်အမင်း တုန်လှုပ်နေဟန်ရှိသည်။

"လူကြီးမင်း၊ ကျွန်တော်မျိုးရဲ့သမီးက ကော်ရှန်းကြောင့် သေခဲ့ရတာပါ။ အခု လူကြီးမင်းက မကောင်းတဲ့လူတွေကို ဖယ်ရှားပေးပြီး ပြည်သူတွေကို အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်မျိုးက လူကြီးမင်းကို အရမ်းလေးစားမိပါတယ်။ ဒါပေမယ့် အခုန လူကြီးမင်း မြို့စောင့်တပ်မှူးကို ခေါင်းဖြတ်လိုက်တဲ့ အချိန်မှာ ကော်မိသားစုရဲ့ အစေခံတစ်ယောက် ခိုးထွက်သွားတာ ကျွန်တော်မျိုး တွေ့လိုက်ရပါတယ်။ ကျွန်တော်မျိုး သူ့နောက်ကို လိုက်သွားတော့ သူက မြို့ပြင်က ပင်မ မြို့စောင့်တပ်ကို သွားနေတာကို တွေ့ခဲ့ရပါတယ်။ အဲ့တာက လူကြီးမင်းအတွက် အန္တရာယ်ဖြစ်လာစေမယ် ကျွန်တော်မျိုး ထင်ပါတယ်။ လူကြီးမင်းအနေနဲ့ လက်ဦးမှုရအောင် ပြင်ဆင်ထားသင့်ပါတယ်။ နောက်ကျသွားရင် အားလုံးဒုက္ခရောက်ရပါလိမ့်မယ်"

"မင်းပြောတာက ကျင်းချန်ရဲ့မြို့စောင့်တပ်ကို ဆိုလိုတာလား?"

သခင်ကြီးချင်၏အမူအရာက လေးနက်သွားကာ ထိုလူက အားတက်သရော ခေါင်းညိတ်ပြလာသည်။

ဟုတ်ပါတယ်၊ သူ့ယောက်ဖတစ်ယောက် မြို့စောင့်တပ်မှာ စစ်သူကြီးအဖြစ် စစ်မှုထမ်းနေတာပါ။ သူက အဆိပ်ရှိတဲ့မြွေနဲ့တူပြီး အရမ်းရက်စက် ကြမ်းကြုတ်ပါတယ်။ အရင်တုန်းကလည်း တချို့အရာရှိတွေက ပြည်သူတွေအတွက် ဒုစရိုက်ကောင်တွေကို ချေမှုန်းပစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့က အားလုံးကို တိတ်တဆိတ် ဖြေရှင်းခဲ့ကြတယ်။ အဲ့အရာရှိတွေ အကုန်လုံး အရိုးတောင် မကျန်တော့ဘူး။ ဒါကြောင့် လူကြီးမင်းလည်း မြန်မြန် ထွက်သွားသင့်တယ်။ အရမ်းနောက်ကျသွားရင် ဘာမှ တက်နိုင်တော့မှာ မဟုတ်ဘူး”

နှိပ်စက်ခံထားရသောကြောင့် မြေပြင်ပေါ်တွင် ​​ခွေးသေတစ်ကောင်လို လဲလျောင်းနေရသော ကော်ကန်းက ထိုစကားများကြောင့် ပြန်တက်ကြွလာပြီး သူ့၏မျက်ဝန်းထဲတွင် မောက်မာရိပ်များ ပြန်ပေါ်လာသည်။

ဟုတ်တယ်... သူ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ခဲ့တယ်။ စစ်ကူတွေရောက်လာရင် သူ့ အလှည့်ပြန်ရောက်လာနိုင်လိမ့်မယ်။

အချိန်တန်လာရင် သူက ဒီချင်မျိုးရိုးကို သတ်ပြီး ဒီလူက ဧကရာဇ်ရဲ့မင်းဆရာလို့ လူတွေကို လှည့်ဖြားပြီး ထွက်ပြေးဖို့ ကြိုးစားနေတာကြောင့် သတ်လိုက်တာလို့ အကြောင်းပြချက်ပေးလိုက်မယ်။

ကော်ကန်းက သူ့နှလုံးသားထဲမှ မိုက်မဲသော အကြံကို တွေးနေစဥ်မှာပင် သခင်ကြီးချင်၏ ကိုယ်ရံတော်က ဖြတ်လျှောက်လာပြီး သခင်ကြီးချင်အား စိုးရိမ်တကြီး ပြောလိုက်သည်။

သခင်ကြီး၊ ကျားကောင်းတစ်ကောင်က ဝံပုလွေတစ်အုပ်ကို မထိန်းနိုင်ပါဘူး။ ကျွန်တော်တို့ အရင် ထွက်သွားပြီး စစ်သူကြီး ရောက်လာမယ့်အချိန်ကို စောင့်သင့်ပါတယ်”

သခင်ကြီးချင်ကလည်း လက်ရှိအခြေအနေ၏ပြင်းထန်မှုကို သိနေသည်။ သူ့ထံတွင် စုစုပေါင်း သက်တော်စောင့်လေးယောက်သာ ရှိပြီး သူက ဧကရာဇ်မင်းထံ လျှောက်တင်လွှာ ပေးပို့ရန် တစ်ဦးကို စေလွှတ်ခဲ့ပြီး နောက်တစ်ဦးက  အခြားတက်မှ စစ်သူကြီးများကို အကူအညီတောင်းရန် စေလွှတ်ခဲ့သည်။ ယခုတွင် သူ၏သက်တော်စောင့်နှစ်ယောက်နှင့် လီဝူတို့သာ ကျန်နေခဲ့ပြီး သူတို့သုံးယောက်၏အင်အားဖြင့် မြို့စောင့်တပ်ကို ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။ ဤနေရာတွင် ဆက်နေခြင်းက  အန္တရာယ်များလှသည်။

"လာကြစမ်း၊ ကော်ကန်းကို သေသေချာချာ တုတ်နှောင်ပြီး သေဒဏ်ပေးမယ့် အကျဥ်းသားတွေ ထားတဲ့ ထောင်ထဲကို ထည့်ထားလိုက်"

အကြီးအကဲချင်က တုန်လှုပ်နေခြင်း လုံးဝ မရှိဘဲ  တည်တည်ငြိမ်ငြိမ်ဖြင့် အမိန့်ပေးလိုက်သည်။

အန္တရာယ်ရှိရင်တောင် သူက ဒီရုံးတော်မှာပဲ နေရမယ်။ ဒီအချိန်မှာ သူတို့ ထွက်သွားဖို့ အရမ်း နောက်ကျသွားပြီ။ သူ့လို လူတစ်ယောက်အနေနဲ့ အလျင်စလို ထွက်ပြေးတာက တော်ဝင်ရုံးတော်ရဲ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ။

သူ ထွက်သွားရင် ကျင်းချန်က နစ်နာခဲ့ရသူတွေနဲ့ သာမာန်လူတွေ အားလုံးအတွက် ငရဲဖြစ်သွားလိမ့်မယ်။

ယခုန ကော်ကန်းကို နှိပ်စက်ရိုက်နှက်ခဲ့သော ရဲမက်များကလည်း အလွန်ကြောက်လန့်နေပြီ ဖြစ်သည်။

ကော်ကန်းက ဘယ်လိုလူလဲဆိုတာ သူတို့ အသိဆုံးပဲ။ အဲ့လူက အငြိုးကြီးတဲ့သူပဲ။ အခု သူ့ဆီသွားပြီး အသနားခံ တောင်းပန်နေရင်တောင် အသုံးမဝင်တော့ဘူး။ သူတို့ရဲ့ဇနီး၊ သားသမီးတွေနဲ့ သူတို့ရဲ့မိသားစုတစ်ခုလုံးတောင် သူတို့ကြောင့် ငြိစွန်းလာနိုင်သေးတယ်။

သခင်ကြီးချင်က ကော်ကန်းကို ထောင်ထဲထည့်ရန် အမိန့်ပေးလိုက်သည့်အသံကို  ကြားလိုက်ရသော်လည်း မည်သူမျှ ထွက်မလာဝံ့ကြတော့ပေ။ သူတို့အားလုံးက ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

အခု မင်းတို့မှာ ရွေးချယ်စရာတစ်ခုပဲ ရှိတော့တယ်။ အဲ့တာက အဆုံးထိ ငါ့နောက်ကို လိုက်ခဲ့ဖို့ပဲ၊ အဲ့တာကပဲ မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေး ဖြစ်နိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ကော်ကန်း လွတ်မြောက်သွားရင် မင်းတို့ ဘာဖြစ်သွားမလဲဆိုတာကို ငါက မင်းတို့ကို သတိပေးစရာ မလိုဘူး မဟုတ်လား?”

သခင်ကြီးချင်က မည်းမှောင်နေသော မျက်နှာဖြင့် လှည့်ပတ်ကြည့်ရင်း သတိပေးလိုက်သည်။ ခန်းမထဲတွင် ရဲမက် ၂၀ ကျော်ရှိနေပြီး ဤလူများက မြို့စောင့်တပ်ကို ပြန်မတိုက်နိုင်သော်လည်း ၎င်းတို့က ကော်ကန်းနှင့် အခြားသူများအတွက် အကူအညီ မဖြစ်သွားလျှင်ပင် သူ ကျေနပ်ရမည် ဖြစ်သည်။

ဒီလိုမှ မဟုတ်ရင် အတွင်းပြသနာနဲ့ အပြင်ပြဿနာ နှစ်ခုပေါင်းသွားလိမ့်မယ်။ အဲ့တာဆိုရင်တော့ သူက ကြီးမားလှတဲ့ ကောင်းကင်ဘုံရဲ့ နတ်ဘုရား ဖြစ်နေခဲ့ရင်တောင်မှ ဒီကစားပွဲကို ပြန်လှန်နိုင်မှာ မဟုတ်တော့ဘူး။

သခင်ကြီးချင်၏စကားကို ကြားချိန်တွင် ရဲမက်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကော်ကန်းကလည်း လူအိုကြီးချင် သူတို့ကို သိမ်းသွင်းနိုင်သွားမည်ကို စိုးရိမ်နေသည့်အတွက် သူက သူတို့ကို ခြိမ်းခြောက်ချင်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း စူးချင်းက သူ့နံဘေးသို့ လျှောက်လာပြီး သူ့၏အင်္ကျီလည်ပင်းစကို ဆွဲယူကာ သူ့ကို ခွေးသေတစ်ကောင်လို ဆွဲမြှောက်လိုက်သည်။ ထို့နောက် စူးချင်းက သူ့၏လည်ဂုတ်ကို ရိုက်ချလိုက်သောကြောင့် ကော်ကန်းတစ်ယောက် မျက်ဖြူလန်သွားပြီး မေ့မျောသွားတော့သည်။

စူးချင်းက ဆေးတစ်လုံးကို ထုတ်ယူကာ ကော်ကန်း၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ၎င်းက ပို၍ သေချာစေရန်အတွက် ဖြစ်ပြီး သူ့ကို သတိမေ့နေစေနိုင်သော ဆေးဖြစ်သည်။

စူးချင်း၏လုပ်ရပ်ကို မြင်လိုက်ရသော လူအိုကြီးချင်က ထိတ်လန့်သွားသော်လည်း သူမကို မတားခဲ့ပေ။ စူးချင်းက သူမ ဘာလုပ်သင့်သည်ကို သိနေပြီး ကော်ကန်းကို မသတ်ခဲ့ပေ။

"လာကြစမ်း၊ ကော်ကန်းကို ခေါ်သွားလိုက်"

လူအိုကြီးချင်က ရဲမက်များကို အမိန့်ပေးပြန်လိုက်ပြန်သည်။ ကော်ကန်းက မော့မျောနေပြီ ဖြစ်သော်လည်း ရဲမက်များက သူ့ကို မထိဝံ့သေးပေ။ မည်သူကမျှ သူ့စကားကို နားမထောင်ခဲ့ပေ။ သူတို့၏မျက်လုံးထဲတွင် သခင်ကြီးချင်က သေချာပေါက် သေလူသာ ဖြစ်ပြီး သူတို့ မည်သို့ လွတ်မြောက်နိုင်မည်ကိုသာ တွေးနေခဲ့ကြသည်။

သူတို့ မလှုပ်မရှား ဖြစ်နေသည်ကို မြင်လိုက်သောကြောင့် လီဝူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။ လူကြီးမင်းက သူ့ကို ခေါ်သွားခိုင်းနေတယ်လေ။ မင်းတို့အားလုံးက နားမကြားကြဘူးလား?"

သခင်ကြီး၊ ကျွန်တော်မျိုးတို့ အဲဒီလို မလုပ်ဝံ့ပါဘူး။ သခင်ကြီးတို့ ထွက်သွားပြီးရင် ကျွန်တောမျိုးတို့က ကျင်းချန်မှာ ကျန်နေခဲ့ရမှာပါ။ မိသားစုထဲမှာ အသက်ကြီးတဲ့လူတွေနဲ့ ကလေးတွေ ရှိသေးတာကြောင့် ပါဝင်ပတ်သတ်ပြီး ငြိစွန်းမှာကို စိုးရိမ်မိပါတယ်။ ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ"

ရဲမက်တစ်ယောက်က ရှေ့တိုးလာပြီး သခင်ကြီးချင်ကို လက်သီးအုပ် တောင်းပန်နေကာ သူ့အမိန့်ကို မနာခံနိုင်ကြောင်း ဖော်ထုတ်ပြောဆိုနေသည်။

သခင်ကြီးချင်က သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထိုရဲမက်က ခေါင်းငုံ့ထားသော်လည်း သူ့အမိန့်ကို နားမထောင်သေးပေ။

မင်းတို့က ရုံးတော်က ပေးတဲ့ လစာကို တစ်သက်လုံး လောဘတကြီး ယူထားခဲ့ကြပြီးမှ အခုတော့ သူရဲဘောကောင်နေတယ်ပေါ့။ မင်းတို့မှာ မတ်တပ်ရပ်ပြီး ဆီးသွားဖို့ပဲ အရည်အချင်း ရှိတာလား?”

စူးချင်းက သူတို့ရှေ့သို့ ဖြတ်လျှောက်လာပြီး စကားပြောနေရင်းဖြင့် သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူတိူ့က သူမစကားကြောင့် အရှက်ရသွားကြသော်လည်း သူတို့အသက်ကို ထိန်းထားနိုင်ချင်ကြသေးသည်။ စူးချင်း၏စကားများက မည်မျှပင် ကြမ်းတမ်းသည်ဖြစ်စေ သူတို့က သူတို့၏အကြီးအကဲဟောင်းကို ဆန့်ကျင်ရန် မဝံ့ရဲကြပေ။

သခင်ကြီးချင်က မျက်မှောင်ကြုတ်လိုက်သည်။ စစ်သားမပါဘဲ စစ်တိုက်ဖို့ဆိုတာက စစ်သူကြီးတစ်ယောက်အတွက် ခက်ခဲလွန်းပါတယ်။ သူက တော်ဝင်ရုံးတော်နဲ့ ပြည်သူတွေအတွက် ဒုစရိုက်ကောင်တွေကို ချေမှုန်းပစ်ချင်ခဲ့တယ်။ သူက အထောက်အထားတွေကို အမြန်ရဖို့ ကြိုးစားခဲ့တယ်၊ တကယ်လည်း ခိုင်လုံတဲ့ အထောက်အထားမရှိရင် သူတို့ကို လာကူပေးဖို့ တခြားစစ်တပ်ကို စည်းရုံးနိုင်မှာ မဟုတ်ဘူး။ တပ်မှူးကို သတ်လိုက်ပြီးရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးလို့ သူ ထင်ထားခဲ့ပေမယ့် သူ့မှာ စစ်သူကြီးဖြစ်နေတဲ့ ယောက်ဖတစ်ယောက်ရှိနေဦးမယ်လို့ သူ မမျှော်လင့်ထားမိဘူး။ ဒီလူတွေက အရမ်းရဲရင့်တယ်။ ဧကရာဇ်မင်းနဲ့ အလှမ်းဝေးကွာနေတာကို အခွင့်ကောင်းယူပြီး နန်းတွင်းက အရာရှိတွေကိုတောင် သတ်ဝံ့တယ်တဲ့လား?

သခင်ကြီးချင်က ယနေ့ သူ သေရတော့မည်ကို နားလည်လိုက်သည်။ သူက သေခြင်းကို မကြောက်ပေ။ သူက အသက်ကြီး နေပြီဖြစ်ကာ သူ သေသွားလျှင်ပင် အရေးမကြီးတော့ပေ။ သို့သော်လည်း ရှောင်ယင်၊ စူးချင်းနှင့် အခြားသူများက ငယ်ရွယ်နေသေးသည်။ ထိုကြောင့် သူက သူမတို့အား နှောင့်ယှက်ခြင်း မပြုနိုင်တော့ပေ။

"စူးချင်း၊ ရှောင်ယင့်ကို ရုံးတော်ကနေ အမြန်ခေါ်သွားလိုက်တော့။ ပိုဝေးလေ ပိုကောင်းလေပဲ၊ ဒါက ဒီလူအိုကြီးက နတ်ဆေးဆရာမလေးကို တောင်းဆိုတာပါ၊ ရှောင်ယင်ကို ကာကွယ်ပေးပြီး သူမ စိတ်ပူစရာ မလိုဘဲ ဘဝလေးနဲ့ နေနိုင်အောင် စောင့်ရှောက်ပေးပါ”

လူအိုကြီးချင်က သေရန် စိတ်ပိုင်းဖြတ်ထားပြီး သူ၏မျက်လုံးများက သူ့၏ပြတ်သားမှုကြောင့် တောက်ပနေသည်။ သူ စူးချင်းကို ပြောလိုက်သော စကားက သူ့၏နောက်ဆုံးစကားကဲ့သို့ ဖြစ်နေသည်။

စူးချင်းက လူအိုကြီးချင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူမက ရှောင်ယင်ကို ခေါ်ကာ ဤဒုက္ခမှ ဝေးရာသို့ ထွက်ခွာသွားရန် စီစဉ်ထားပြီး ဖြစ်သည်။ သူမက ကိုယ်ကိုကိုယ် အန္တရာယ်အဖြစ်ခံမည့် လူစားမျိုး မဟုတ်ပေ။ သို့သော်လည်း သခင်ကြီးချင်၏ စကားများကို ကြားပြီးနောက်တွင် စူးချင်းက  ထွက်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

သူမ ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် စနစ်၏အသံကို ကြားလိုက်ရသည်။

“Host က ရဲရင့်ပြီး သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိပါတယ်။  Host က အကျင့်ပျက်အရာရှိတွေကို ဖမ်းဆီးပေးပြီး ပြည်သူတွေအတွက် ဒုစရိုက်မှုတွေကို ရှင်းလင်းပေးခဲ့တယ်။ အဲ့အတွက်ကြောင့် မရေမတွက်နိုင်တဲ့ သဘာဝဘေးဒဏ်ခံရသူတွေက ယာဂု သောက်နိုင်ခဲ့တယ်။ ဒီအကျိုးကျေးဇူးက ကောင်းမှုကုသိုလ်အဆင့်ကို နှစ်ဆင့် မြှင့်တက်စေခဲ့ပြီး။ Host ရဲ့ ကုသိုလ်ကောင်းမှုစွမ်းရည်က အဆင့်ခုနစ်အထိ တိုးသွားပါပြီ။ Host ရဲ့ စိတ်စွမ်းအား၊ ကာယခွန်အားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေက အဆင့်ဆယ့်ကိုးကို ရောက်ရှိသွားပါပြီ။ အဲ့အတွက် ဆုကြေးက ဓာတ်ဆီနှစ်ပုလင်းနဲ့ အနက်ရောင်ယမ်းမှုန့်တစ်ထုပ်ပါ”

စူးချင်း၏နှလုံးခုန်သံ အလွန်အကျွံ ကျယ်လောင်လာသည်။ သူမက ပြည်သူတွေအတွက် မကောင်းမှုကို ပပျောက်စေပြီး မရေမတွက်နိုင်တဲ့ ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တာလား? လူအိုကြီးချင် ယာဂုဝေခိုင်းတာကလည်း သူမရဲ့ကုသိုလ်ကောင်းမှုကို တိုးလာစေတယ်တဲ့လား?

ဒါဆို အခု ရိုးသားတဲ့ အရာရှိတစ်ယောက်ကို ထပ်ကယ်တင်လိုက်ရမလား? အဲ့လိုကူညီပေးလိုက်ရင် အခြားအဆင့်တစ်ခုကို ထပ်ပြီး အဆင့်မြှင့်သွားနိုင်သေးလား? ဘာပဲဖြစ်ဖြစ် လူအိုကြီးချင်က ဒီမင်းဆက်ရဲ့အကြီးအကဲ တစ်ယောက်လေ။

"သခင်၊ သခင်က အရမ်းတော်လွန်းတယ်။ အဆင့်နှစ်ဆင့်တောင် တိုးသွားပြီ။ ရှောင်ချီက သခင့်ကို အရမ်း လေးစားအားကျနေပါပြီ!”

ရှောင်ချီ၏ချစ်စဖွယ် မြှောင့်ပင့်သံကြောင့် စူးချင်း ပြုံးလိုက်မိသည်။ ဒီခက်ခဲတဲ့တိုက်ပွဲကို တွန်းလှန်ဖို့ သူမ ကူညီပေးရတော့မှာပေါ့။ မဆိုးပါဘူးလေ၊ တကယ်တော့ သူမလည်း လူအိုကြီးချင်ကို လေးစားမိတာပါပဲ။

✍️✍️✍️