Chapter 68 စနစ်က အချိန်ကိုက် ကူညီပေးတယ်
Viewers 17k

အခန်း ၆၈ စနစ်က အချိန်ကိုက် ကူညီပေးတယ်

ဓာတ်ဆီနှစ်ပုလင်းနဲ့ အနက်ရောင်ယမ်းမှုန့်တွေလား?

ဒါက ခက်ခဲတဲ့ တိုက်ပွဲဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် စနစ်က သူမအတွက် လက်တွေ့အသုံးဝင်မယ့် ပစ္စည်းတွေကိုပဲ ပေးခဲ့တာလား? ဓာတ်ဆီနဲ့ မီးစာပုလင်း ပြုလုပ်နိုင်ပြီး အနက်ရောင်ယမ်းမှုန့်ကတော့ လက်လုပ်ဗုံးအတွက် အသုံးဝင်နိုင်တယ်လေ။

 

ဤအရာနှစ်ခုက ယခုအချိန်တွင် သူမ အရေးတကြီးလိုအပ်နေသောအရာ ဖြစ်သည်။ တခြားတစ်ဖက်တွင် ထောင်နှင့်ချီတဲ့ စစ်သည်များနှင့်် မြင်းများရှိနေပြီး သူမတို့ဘက်တွင် လူနှစ်ဆယ်မှ သုံးဆယ်ခန့်လောက်သာ ရှိနေခဲ့သည်။ အရေအတွက်က များစွာ သာလွန်နေပြီး ဆယ်ယောက် တစ်ယောက် ပြန်တွန်းလှန်နိုင်လျှင်ပင် အခြားတစ်ဖက်၏တိုက်ခိုက်မှုကို မတားဆီးနိုင်ပေ။

အခုတော့ စနစ်က တကယ်ပဲ နှင်းတောထဲမှာ မီးသွေးတွေ ပို့လာခဲ့တယ်။

စူးချင်းက လှုပ်ရှားရန် တွေဝေနေဆဲဖြစ်သော ရဲမက်များနှင့် ရှေ့တော်ပြေးများကို တစ်ချက်ကြည့်လိုက်သည်။ လီဝူနှင့် အစောင့်နှစ်ယောက်က သူတို့ကို တားနိုင်မည် မဟုတ်ပေ။

"ရှောင်ချီ ငါ့ကို ဆေးမှုန်နည်းနည်းနဲ့ အနက်ရောင်ဆေးပြား ၂၃ လုံး လုပ်ပေးဦး"

စူးချင်းက ရှောင်ချီကို အမိန့်ပေးလိုက်သည်။ ရှောင်ချီက သူမ၏တင်ပါးဖောင်းဖောင်းလေးကို တွန့်လိမ်ကာ သူမ၏ခြေထောက်တိုလေးများဖြင့် စနစ်ထဲတွင် လှည့်ပတ် ပြေးလွှားနေသည်။ ရှောင်ချီက ဝတုတ်ပြီး တုံးအမိုက်မဲသော်လည်း အလုပ်လုပ်ရာတွင် အလွန်မြန်ဆန်လှသည်။ သူမ၏လက်လေးနှစ်ဘက်က အလုပ်ရှုပ်နေကြပြီး သူမက ဆေးမှုန့်ကို ချက်ချင်း ပြုလုပ်ကာ စက္ကူဖြင့်ထုပ်ပြီး စနစ်ထဲမှ ထုတ်ပေးလိုက်သည်။

သခင်၊ ဒါက အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရိုးပျော့ဆေးမှုန့်ပါ။ အဲဒါက လူတွေရဲ့ ခန္ဓာကိုယ်ကို ပျော့ပျောင်းသွားစေနိုင်ပြီး သူတို့ကို သခင်ဆန္ဒရှိသလို ထိန်းချုပ်နိုင်ပါလိမ့်မယ်”

ရှောင်ချီက သူမ၏သခင်ထံမှ ချီးကျူးမှုကို ရရှိရန် စောင့်ဆိုင်းနေခဲ့သော်လည်း စူးချင်း သူမကို လျစ်လျူရှုလိုက်ပြီး ရဲမက်များ၊ လီဝူနှင့် အခြားလူများဆီသို့  လျှောက်သွားလိုက်သည်။

စိတ်ဓာတ်ကျသွားသော ရှောင်ချီက သူမ၏ဦးခေါင်းပြောင်ပြောင်လေးနှင့် စနစ်ထဲတွင် အလုပ်ရှုပ်နေပြန်သည်။ သူမက သူမသခင်၏အမိန့်ကို ဆောင်ရွက်ပေးနိုင်ရန် အနက်‌ရောင်ဆေးပြားများ ဆက်လုပ်ရန် ပြင်ဆင်နေခဲ့သည်။

ခဏအကြာတွင် ရှောင်ချီက သူမ၏ အပြာရောင် မျက်လုံးကြည်ကြည်တောက်တောက်လေးများကို မှေးကျဥ်းလိုက်သည်။

ဘာဆေးလုပ်ရမယ်ဆိုတာကို သခင်ကို မေးဖို့ မေ့သွားတယ်။ သခင်က ဘာမှ မပြောမှတော့ ဒဏ်ရာတွေ အတွက် လိုအပ်တဲ့ ဆေးပြားတွေပဲ ထုတ်ပေးလိုက်တော့မယ်။ ခနနေရင် သခင်က ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမှာဆိုတော့ အဲ့တာတွေက အသုံးဝင်လာလိမ့်မယ်။

စူးချင်းက ရှောင်ချီ၏အတွေးများကို မသိပေ။ သူမက ဆေးသောက်ပြီး လီဝူ၏ နံဘေးသို့သွားကာ တိုးတိုးလေး အမိန့်ပေးလိုက်သည်။

"ရှင်တို့ သုံးယောက် နောက်ဆုတ်လိုက်"

လီဝူက အံ့အားသင့်သွားသည်။ သူတို့သုံးယောက်တောင်မှ ဒီဘက်တော်သားတွေကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာလေ၊ စူးချင်းလို မိန်းမငယ်လေးက ဘယ်လိုလုပ်ပြီး သူတို့ကို ထိန်းချူပ်နိုင်မှာလဲ?

"စူးမိန်းခလေး?"

လီဝူက စူးချင်း ဘာလုပ်မည်ကို သိချင်နေသောကြောင့် သူမကို မေးချင်နေသော်လည်း စူးချင်း၏ မျက်လုံးများထဲမှ အေးစက်သော အလင်းတန်းများက သူ့ကို အလွန်ကြောက်လန့်စေပြီး သူ မမေးဝံ့တော့ပေ။ သူက အခြား သက်တော်စောင့်နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး စူးချင်း၏နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။ သူတို့အားလုံး နောက်ဆုတ်လိုက်သော်လည်း သူမ အန္တရာယ်တစ်စုံတစ်ရာ ကြုံလာပါက အချိန်မရွေး ကူညီနိုင်ရန် အသင့်ပြင်ထားကြသည်။

စူးချင်းက သူတို့ကို တားလိုက်သည်ကို မြင်သေညအခါ ရဲမက်များက သူမက သူတို့ကို စည်းရုံးရန် သူမ၏ပါးစပ်ကို အသုံးပြုမည်ဟု တွေးလိုက်ကြသည်။ ထို့ကြောင့် သူတို့က “ဘာမှ မပြောနဲ့တော့။ မင်း ပြောရင်တောင် ငါတို့က ထွက်သွားရမှာ။ ငါတို့ဘဝက ပိုအရေးကြီးတယ်” ဟူသော စကားကို ဦးအောင် ပြောထားရန် ပြင်ဆင်လိုက်သည်။

သို့သော် သူတို့ ဘာမှ မပြောရသေးမီ စူးချင်းက စက္ကူခေါက်လေးတစ်ခုကို ဖြည်လိုက်ပြီး ထိုစက္ကူပေါ်တွင် အဖြူရောင်ဆေးမှုန့်များ ရှိနေသည်ကို သူတို့ သိလိုက်ရသည်။

ဒါက ဘာလဲ?

ရဲမက်များက သူမ၏လက်ထဲမှ အဖြူရောင်ဆေးမှုန့်များကို သံသယဖြင့် ကြည့်နေစဥ်မှာပင် စူးချင်းက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးမှုန့်များက လေထဲသို့ ပျံ့လွင့်လာကာ သူတို့ဆီသို့ တိုးဝင်လာတော့သည်။ ရဲမက်များက မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူတို့ ထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။ ဆေးမှုန့်များက သူတို့၏နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်က ပျော့ပျောင်းလာကာ မလှုပ်ရှားနိုင်တော့သည်ကို သူတို့ ခံစားလိုက်ရသောကြောင့် သူတို့က စူးချင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဒီမိန်းခလေးက သူတို့ကို ဘာလုပ်လိုက်တာလဲ?

စူးချင်း၏လုပ်ရပ်က သခင်ကြီးချင်ကိုလည်း အံ့အားသင့်စေခဲ့သည်။

သူတို့ မနေခဲ့ချင်တာကြောင့် သူမက ဒေါသထွက်ပြီး သူတို့ကို  သတ်ဖို့ ကြိုးစားနေတာလား?

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် စူးချင်းက နောက်ထပ် အနက်ရောင်ဆေးပြားငယ်လေးများကို ထုတ်ယူလိုက်သည်။ သူမက ဘာမှ မပြောဘဲ သူတို့ဆီသို့ လျှောက်သွားကာ ရဲမက်တစ်ဦးစီကို ဆေးတစ်လုံး တိုက်လိုက်သည်။

စူးချင်းက သူတို့ကို ဆေးတိုက်နေသော်လည်း ရဲမက်များက လုံးဝ မရုန်းနိုင်ဘဲ သူမကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။ စူးချင်းက သူတို့ကို ဘာကျွေးခဲ့မှန်း သူတို့ မသိနိုင်သော်လည်း ဆေးကောင်း မဟုတ်မည်ကိုတော့ သူတို့ နားလည်နေသည်။

သူတို့ကို ဆေးတိုက်ပြီးနောက်တွင် စူးချင်းက အရိုးပျော့ဆေးမှုန့်အတွက် ဖြေဆေးကို ထုတ်ပေးလိုက်သည်။ သူတို့၏ခွန်အားများ ပြန်ရလာပြီဟု ခံစားလာရချိန်တွင် ရဲမက်များက ဆေးကို ထွေးထုတ်ရန် ကြိုးစားနေကြပြီး သူတို့၏လည်ချောင်းများထဲမှ ဆေးကို အစွမ်းရှိသမျှ နှိုက်ထုတ်နေကြသည်။

အော့၊ အေ့…”

အချိန်အတော်ကြာအောင် အန်နေကြသော်လည်း ဆေးက ပြန်ထွက်မလာတော့ပေ။ ထို့ကြောင့် သူတို့က စူးချင်းကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏မျက်လုံးများတွင် မုန်းတီးမှုများလည်း ပြည့်နှက်နေခဲ့သည်။

စူးချင်းက လက်နောက်ပစ်ထားရင်း အေးစက်စွာ ပြောလိုက်သည်။

"ဆေးက မင်းတို့ရဲ့ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားပြီး မင်းတို့ရဲ့သွေးထဲကို ပေါင်းသွားပြီပြီ"

"မိန်းမငယ်လေး... မင်းက ဘာလို့ ငါတို့ကို ဒုက္ခပေးချင်ရတာလဲ?"

ရဲမက်များက ဒေါသထွက်နေကြသည်။ သူတို့က စူးချင်းကို သူတို့၏ဓားများဖြင့် အသေသတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း စူးချင်းက ဘာလုပ်နေသည်ကို သူတို့ မသိရသေးပေ။ သို့သော် သူမ၏တည်ငြိမ်ပြီး ယုံကြည်မှု ရှိနေသောအကြည့်ကို မြင်လိုက်ရသောကြောင့် သခင်ကြီးချင်က ဘာမှ မပြောတော့ဘဲ သူမကိုသာ ယုံကြည်ပေးလိုက်သည်။

ဒီမိန်းကလေးက သတ္တိရှိသလို ထူးဆန်းတဲ့ အကြံအစည်တွေလည်း ရှိတယ်။ ဒီနေ့ ဒီပြဿနာကို သူမ ဖြေရှင်းပေးနိုင်မယ်။

ငါ မင်းတို့ကို နှလုံးကြေကွဲအဆိပ် ပေးလိုက်တာ။ သုံးရက်အတွင်း ဖြေဆေး မရရင် မင်းတို့က သနားစရာကောင်းလောက်အောင် ဝေဒနာ ခံစားပြီးမှ သေရလိမ့်မယ်။ မင်းတို့ကိုယ်တိုင် မင်းတို့ရဲ့ခန္ဓာကိုယ်က အရေပြားတွေကို ကုတ်ခြစ်ပြီး မြန်မြန်သေဖို့ ဆုတောင်းရလိမ့်မယ်၊ ဆေးက မင်းတို့ရဲ့အူတွေကို ဖြတ်တောက်နေသလိုလညိး ခံစားရလိမ့်မယ်။ ငါက အဆိပ်ဖြေဆေးရှိတဲ့ တစ်ယောက်တည်းသောသူပဲ”

စူးချင်း၏လက်များက သူမ၏ နောက်ကျောနောက်တွင် ရှိနေပြီး သူမ၏မေးစေ့က အနည်းငယ် ပင့်မော့နေသည်။ သူမ၏အေးစက်ကာ ရွှမ်းစိုနေသည့် မျက်လုံးများက သူမ၏အသက်ကို လိုချင်သော ရဲမက်များဆီသို့ ရောက်ရှိလာပြီး သူမက သူတို့ကို လှည့်ပတ်ကြည့်ရှုနေကာ သူမ၏စကားသံက တိုက်ခတ်နေသည့်လေအေးများသကဲ့ ဖြစ်နေခဲ့သည်။

စူးချင်း၏စကားများက သူမကို သတ်ချင်သော ရဲမက်အနည်းငယ်ကို ကြောက်လန့်သွားစေခဲ့သည်။ အဆိပ်က မည်မျှ ကြောက်စရာကောင်းသည်ကို သူမ  ပြောပြီးပြီ ဖြစ်သောကြောင့် သူတို့ သူမကို သတ်လိုက်လျှင် သူတို့လည်း သေရမည်မှာ အသေအချာပင်။

ရဲမက်များက သူတို့၏ဓားများကို ချက်ချင်း ပစ်ချလိုက်ပြီး သူတို့ကို သနားကြင်နာပေးရန် စူးချင်းအား တောင်းပန်နေကြသည်။ စူးချင်းက သူတို့ စကားဆုံးသည်အထိ အေးစက်စွာ စောင့်ဆိုင်းနေပြီးမှ "မင်းတို့ အသက်ရှင်ချင်ရင် အကြီးအကဲရဲ့စကားကို နားထောင်လိုက်လေ။ မြို့စောင့်တပ်က စစ်သူကြီးက စည်းမျည်းတွေကို မလိုက်နာပဲ မြို့ထဲကို ဝင်လာရင် သူ့ကို ပုန်ကန်မှုနဲ့ အပြစ်ပေးလို့ ရတယ်။ မြို့စောင့်တပ်ကို မောင်းထုတ်ဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်တဲ့သူက သူရဲကောင်းအဖြစ် သတ်မှတ်ခံရလိမ့်မယ်။ မင်းတို့ ကော်ကန်းနဲ့အတူ ဒီနှစ်တွေမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖယ်ရှားပစ်ရုံသာမက ဆုတောင်မှ ချီးမြှင့်ခံရနိုင်တယ်။ ဒါက မင်းတို့ နာမည်ရဖို့ အခွင့်အရေးပဲ၊ မင်းတို့ အသက်ရှင်ချင်လား သေမလား ဆိုတာကတော့ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်"

သခင်ကြီးချင်က စူးချင်းကို သဘောတကျ စိုက်ကြည့်လိုက်သည်။ ဒီကောင်မလေးက တကယ်ကို အံ့သြစရာပဲ။ သူမက မုန်လာဥနီနှင့် တုတ်နှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်တာပဲ။ ယောက်ျားတွေတောင်မှ သူမလောက် မတက်နိုင်ကြဘူး။

"ငါတို့ လူကြီးမင်းရဲ့အမိန့်ကို နားခံပါမယ်"

နှစ်ဆယ်ကျော်သော ရဲမက်များက အချိန်အတော်ကြာ တွေးတောရုန်းကန်နေပြီးမှ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ဒီလူကြီးမင်းရဲ့စကားကို နားထောင်ပြီး မြို့စောင့်တပ်ကို  ဆန့်ကျင်တာက သေခြင်းတရားဆီကို ဦးတည်နိုင်တယ်ဆိုပေမယ့် အသက်ရှင်ဖို့ အခွင့်အလမ်းတော့ ရှိနေသေးတယ်။ တကယ်လို့ သူတို့က မကောင်းဆိုးဝါးကောင်တွေ ဘက်ကနေပြီး လူကြီးမင်းကို ဆန့်ကျင်မိရင်တော့ သူတို့ရဲ့မိသားစုတစ်ခုလုံးကိုပါ ထိခိုက်စေတော့မှာ သံသယ ဖြစ်ဖို့ မလိုပါဘူး။

ထို့အပြင် အမည်ကောင်းနှင့် အောင်မြင်မှု၊ ဆုလာဒ်များက သူတို့ကို သွေးဆောင်နိုင်ဆဲ ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာရန် အခွင့်အရေးလည်း ရှိနေသေးသည်။

တကယ်တော့ ဘယ်သူအကူအညီမှ မပါရင် ဒီအရာရှိကြီးတသ်ယောက်တည်းနဲ့ မြို့စောင့်တပ်မှူးကို ဖမ်းပြီး ခရိုင်တရားသူကြီးကို ဖမ်းဆီးဖို့က ဖြစ်နိုင်ပါ့မလား? နောက်ကွယ်မှာ အစီအစဥ်အချို့ ရှိနိုင်သေးတယ်။

ကောင်းတယ်။ အခု ငါ့အမိန့်​ကို နား​ထောင်​ပြီး ​ခြံဝင်းတွေရဲ့​ ​တံခါးပေါက်​တွေ အားလုံးကို ​သော့ခတ်လိုက်တော့"

စူးချင်းက ဤလူများ နာခံသွားပြီဖြစ်ကြောင်း နားလည်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

စူးချင်း ဘာဆက်လုပ်မည်ကို သခင်ကြီးချင်က မသိသေးသော်လည်း သူက သူမကို မတား‌တော့ပေ။

"မင်းတို့မှာ လက်နက်တိုက်ရှိလား?"

စူးချင်းက ရှေ့တော်ပြေးတစ်ယောက်ကို အော်ခေါ်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

ဟုတ်ကဲ့ ရှိပါတယ်၊ ရုံးတော်ရဲ့အနောက်ဘက်မှာပါ”

ရဲမက်ခေါင်းဆောင်က အမြန် ပြန်ဖြေလိုက်သည်။ စူးချင်း၏ အပြုအမူနှင့် နည်းလမ်းများကို မြင်ပြီးနောက်တွင် သူက သူမကို မုန်းတီးကာ ကြောက်ရွံ့နေခဲ့သော်လည်း သူမ၏အမိန့်ကိုလည်း မလွန်ဆန်ဝံ့ပေ။

စူးချင်းက ထပ်မေးလိုက်သည်။

"လေးနဲ့မြှားတွေရှိလား"

"ရှိပါတယ်"

"ဘယ်လောက်ရှိလဲ?"

"လေး အလက်နှစ်ဆယ်နဲ့ မြှားသုံးရာကျော် ရှိပါတယ်"

စူးချင်းက မေးနေပြီး ရဲမက်က ပြန်ဖြေနေကာ သူမလိုချင်သော အဖြေကို ရရှိခဲ့သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး လေးနဲ့ မြှားတွေ အကုန်လုံး သွားထုတ်လာခဲ့၊ ပြီးတော့  မီးခွက်ထွန်းဖို့ အသုံးပြုတဲ့ ထောပတ်ဆီတွေလည်း ထုတ်ယူလာခဲ့”

သူမက ထောပတ်ကို အကာအကွယ်အဖြစ် အသုံးပြုရမည် ဖြစ်သည်။ ဒီခေတ်မှာ ဓာတ်ဆီမရှိတော့ သူမ မီးစာပုလင်းလုပ်ချင်ရင်  အကြောင်းပြချက်ကောင်းတစ်ခုရှိရမယ်လေ။ ထောပတ်က သူမရဲ့အကြောင်းပြချက်ပဲ။

သခင်ကြီးချင်က မျက်ခုံးပင့်လိုက်သည်။ သူမက မီးမြှားတွေ လုပ်ချင်နေတာလား? ဒါက အကြံကောင်းတစ်ခုပဲ၊ ဒါပေမယ့် သူတို့မှာ မီးမြှားတွေ ရှိရင်တောင် အသုံးမဝင်တော့ဘူး။ သူတို့က လူနည်းနေပြီး တစ်ဖက်က လူအင်အားများလွန်းတယ်။ တစ်​​ယောက်ကို ​သတ်နိုင်​ရင်တောင်​ ​နောက်​ထပ်​လူဆယ်ယောက်​လောက် အ​ပြေးရောက်လာလိမ့်​မယ်​။

"ရှောင်ယင်၊ မင်းရဲ့အစ်ကိုကြီးနဲ့ တခြားသူတွေရှိတဲ့ အနောက်ဘက် ခြံဝင်းကို သွားလိုက်။ သူတို့ကို ပြောပြီး မြို့ထဲကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြတော့။ ​မြို့​က​ ​ထွက်နိုင်တာနဲ့ ​လုံးဝနှောင့်​နှေးမနေဘဲ အားလုံးကို ခေါ်ပြီး မြန်မြန်​ထွက်​သွားကြရ​မယ်”

စူးချင်းက လူအိုကြီးချင်ကို ကူညီရန် သူမ နေခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူမက ကျိရှောင်ယင်ကိုတော့ မပတ်သတ်စေချင်ပေ။ သူမက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ဤအရာထဲသို့ မပါဝင်သင့်ပေ။

ကျိရွှေရှန့်က အင်အားကြီးမားသော်လည်း သူထံတွင် လူအိုကြီးချင်ကို ကူညီရန် တာဝန် မရှိပေ။ ထို့အပြင် သူက အမုန်းတရားများ သယ်ဆောင်ထားပုံရသောကြောင့် သူမက သူ့ကို မထိခိုက်စေချင်ပေ။

"ကျွန်မ မသွားဘူး၊ အစ်မနဲ့အတူ လူဆိုးတွေကို ချေမှုန်းဖို့ ကူညီပေးချင်တယ်”

✍️✍️✍️