Chapter 69 ဒီမိန်းခလေးကို မဆိုသလောက်လေးတောင် မနှောက်ယှက်မိစေနဲ့
Viewers 17k

အခန်း ၆၉ ဒီမိန်းခလေးကို မဆိုသလောက်လေးတောင် မနှောက်ယှက်မိစေနဲ့

"ကျွန်မ မသွားဘူး၊ အစ်မနဲ့အတူ နေပြီး လူဆိုးတွေကို ချေမှုန်းဖို့ ကူညီပေးချင်တယ်”

ကျိရှောင်ယင်က သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းပြီး ငြင်းဆန်နေသည်။ ကလေးမလေးက စူးချင်း၏အနားတွင် အချိန်အတော်ကြာနေခဲ့ပြီး ရဲရင့်လာပုံရသည်။ သူမက အစ်မစူးချင်းကို စွန့်လွှတ်ပြီး သူမဘာသာ ထွက်ပြေးသွားမည် မဟုတ်ပေ။

ငါ ပြောတာကို နားထောင်”

စူးချင်းက မျက်မှောင်ကြုတ်ပြီး အမိန့်မှန်း သိသာစေမည့်လေသံဖြင့် "မင်း ဒီမှာ နေမယ်ဆိုရင် မင်းက ငါ့ကို အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိလိမ့်မယ်။ မင်းအစ်ကိုနဲ့ မြန်မြန် လိုက်သွားတော့"

ကျိရှောင်ယင်၏မျက်လုံးများက နီရဲသွားပြီး သူမက သူမ၏ခြေကို စောင့်နင်းကာ မျက်ရည်များကို သုတ်လိုက်ပြီး အိမ်နောက်ဖေးဘက်သို့ ပြေးသွားတော့သည်။

ချိုးယုံခန်းနှင့် လီတာ့နျိုတို့က သူတို့ စားနပ်ရိက္ခာ ဝယ်ယူရန် သွားတော့မည့်အကြောင်း ကျိရွှေရှန့်ကို ပြောလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူတို့ မထွက်ခွာမီမှာပင် ကျိရှောင်ယင်က သူမ၏စကတ်ကို မပြီး ခန်းမကြီးမှ ဖြတ်ပြေးလာနေသည် တွေ့လိုက်ရသည်။

ကျိရှောင်ယင်၏ စိုးရိမ်ပူပန်မှုနှင့် ပျာယာခတ်နေသော မျက်နှာကို မြင်လိုက်ရသောကြောင့် ချိုးယုံခန်းနှင့် လီတာ့နျိုတို့က ရှေ့သို့ ဆက်မလှမ်းကြတော့ဘဲ သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ကျိရွှေရှန့်က သူမဆီသို့ ပြေးသွားပြီး သူ့ညီမလေးကို ဖမ်းဆွဲကာ သူမဘာဖြစ်လာသည်ကို မေးမြန်းလိုက်သည်။

"ရှောင်ယင် ဘာဖြစ်လာတာလဲ?"

တစ်ယောက်ယောက်က သတင်းလာပို့တယ်… ပြီးတော့ အစ်မစူးချင်းက ကျွန်မတို့ကို အရင် ထွက်သွားခိုင်းတယ်။ အစ်မက ဒီနေရာမှာ နေခဲ့ပြီး သခင်ကြီးချင်နဲ့အတူ အသေခံဖို့ ဆန္ဒရှိနေတယ်။ အစ်ကိုကြီး လူကြီးမင်းချင်ကို ကူညီပေးလိုက်ပါလား? သူက အရာရှိကောင်းတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ် အစ်မ မထွက်သွားရင် ညီမလေးလည်း ထွက်သွားမှာ မဟုတ်ဘူး"

ကျိရှောင်ယင်က သူမ၏ပါးစပ်သေးသေးလေးကို လှုပ်ကာ အလျင်စလို ပြန်ဖြေနေပြီး  မြို့စောင့်တပ်များက ရုံးတော်ကို သိမ်းပိုက်ရန် လာနေကြောင်း ပြောပြနေသည်။ အားလုံးရှင်းပြပြီးနောက်တွင် သူမက သူမအစ်ကို၏လက်ကို ကိုင်ကာ ဆွဲလှုပ်နေပြီး လူအိုကြီးကို ကယ်တင်ပေးရန် တောင်းဆိုနေသည်။ ထိုအပြုအမူက စူးချင်းကို ကယ်တင်ပေးရန် တောင်းဆိုခဲ့သည့် ပထမဆုံးအကြိမ်နှင့် အတူတူ ဖြစ်နေပြီး သူမကိုယ်တိုင်လည်း စူးချင်းနှင့် အတူနေခဲ့ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ကျိရွှေရှန့်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့မှာ သွေးကြွေးဆပ်ရမယ့် ရန်ကြွေးတွေ ရှိနေတာကြောင့် သူ မသေချင်သေးသလို သူ့ရဲ့ညီမငယ်လေးကိုလည်း အသေမခံနိုင်သေးပါဘူး။ ဒါပေမယ့် စူးချင်း.... သူ သူမ သေတာကိုလည်း သူ ထိုင်မကြည့်နေနိုင်ပါဘူး။

"ရွှေရှန့်၊ ငါတို့ ဒီမှာနေပြီး ကူညီပေးကြရအောင်။ လူကြီးမင်းချင်လိုမျိုး အရာရှိကောင်းတွေက အများကြီး မရှိဘူး။ သူက ဂျုံယာဂုကို ထောက်ပံ့ပေးပြီး မရေမတွက်နိုင်တဲ့ လူတွေကို ကယ်တင်ဖို့ အမိန့်ပေးခဲ့တယ်။ ငါတို့ ထောင်ဟွားဝူက လူတွေလည်း သူရဲ့ကြင်နာမှုကို လက်ခံရရှိခဲ့ကြတယ်၊ ငါတို့ သူ့ကို လူဆိုးတွေကြောင့် ထိခိုက်စေလို့ မဖြစ်ဘူး"

ချိုးယုံခန်းက ကျိရွှေရှန့်ကို ထွက်သွားရန် စည်းရုံးနေပြီး ဆက်နေရန် တိုက်တွန်းနေသည်။

သူက ကျိရွှေရှန့်ကို နေခိုင်းတဲ့အပြင် သူလည်း ရှိနေမှာပါ။ သူတို့က ညီအစ်ကို‌ကောင်းတွေ ဖြစ်တာကြောင့် သူတို့က ကျိရွှေ့ရှန့်ကို ဘယ်တော့မှ ချန်ထားပြီး ကိုယ်လွှတ်ရုန်းသွားမှာ မဟုတ်ပါဘူး။ အတူတူမွေးပြီး အတူတူသေကြမယ်။ ဘာပဲဖြစ်ဖြစ် သစ္စာစောင့်သိပြီး ဖြောင့်မတ်တဲ့ အမျိုးသားကြီးတစ်ယောက်ကို ကူညီဖို့ တိုက်ခိုက်ရတာက ဂုဏ်ယူစရာပဲလေ။

ချိုးယုံခန်း၏ စကားလုံးများက ကျိရွှေရှန့်၏ဆုံးဖြတ်ချက်ကို ပြတ်သားသွားစေခဲ့သည်။ သူက စိတ်ဓာတ်တက်ကြွလာပုံရကာ  အံကြိတ်ထားပြီး ကောင်းပြီလေ၊ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို အပြစ်ပေးဖို့ ငါတို့ ညီအစ်ကိုတွေ လက်တွဲပြီး တိုက်ပွဲဝင်ကြရအောင်”

ယခုအချိန်က လူကြီးမင်းချင်အတွက် အကူအညီ လိုအပ်နေချိန် ဖြစ်ပြီး  နောက်ထပ်လူတစ်ယောက်​ ပါဝင်လာခြင်းက ​နောက်​ထပ်​ အင်အားတစ်​ခုဟု ဆိုနိုင်သည်​။ သို့သော်လည်း ကျိရွှေရှန့်က သူ့ညီမငယ်လေးကို  မနေစေချင်သောကြောင့် ကျိရှောင်ယင်ကို ခေါ်သွားစေရန် လီတာ့နျိုအား အမိန့်ပေးလိုက်သည်။

ရလဒ်အနေဖြင့် ကျိရှောင်ယင်နှင့် လီတာ့နျိုတို့နှစ်ယောက်စလုံးက ခေါင်းကို တပြိုင်တည်း ယမ်းလိုက်ကြသည်။

"ညီမလေး မသွားဘူး"

အစ်ကိုရွှေရှန့်၊ ညီမလေးကို မြို့ပြင်ကို လိုက်ပို့ဖို့ ယုံခန်းကို လွှတ်လိုက်ပါ။ ငါက မင်းနဲ့ အတူတူ တိုက်ပွဲဝင်ချင်တယ်။ ငါက ပိုသန်မာတော့ သူတို့ကို ခုခံနိုင်မှာပါ"

လီတာ့နျိုက ချိုးယုံခန်းကို တွန်းလွှတ်ပြီး ကျိရှောင်ယင်ကို ခေါ်သွားခိုင်းနေခဲ့သည်။ သူက ထိုကဲ့သို့သော တိုက်ပွဲမျိုးကို လက်လွှတ်မခံနိုင်ပေ။ လူကြီးမင်းချင်ကို ကူညီကာ လူဆိုးများကို တိုက်ထုတ်ရမည်ဟု ကြားလိုက်ရရုံဖြင့် သူ့၏သွေးများက ဆူပွက်နေပြီး သူ့ကို ထွက်ပြေးခိုင်းသည်က သေခိုင်းသည်ထက်ပင် နာကျင်စေသည်။

ညီမလေး မသွားဘူး။ ညီမလေး မသွားချင်ဘူး”

ကျိရှောင်ယင်က ထိတ်လန့်နေသော်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။ "အစ်ကိုကြီးတို့အားလုံးက ဘာလို့ ညီမလေးကို အတင်း ပြန်လွှတ်နေရတာလဲ? အစ်ကိုကြီးတို့တွေ မရှိရင် ညီမလေးလည်း အသက်ရှင်နေဖို့ အဓိပ္ပါယ်မရှိတော့ဘူး။ ညီမလေးကို အတင်းပြန်လွှတ်ရင် ညီမလေး အစ်ကိုကြီးတို့ရှေ့မှာပဲ သတ်သေလိမ့်မယ်"

ကျိရှောင်ယင်က ဘေးဘယ်ညာသို့ လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် ကျနေသော ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။ သူမက ထိုဓားကို ကောက်ယူရန် ပြေးသွားခဲ့သော်လည်း ချိုးယုံခန်းက သူမကို တားဆီးလိုက်သည်။

"ရှောင်ယင်၊ ဒုက္ခမပေးနဲ့"

"အစ်ကိုယုံခန်း၊ ညီမ အစ်ကိုတို့နဲ့ လိုက်ချင်တယ်"

ကျိရှောင်ယင်က ချိုးယုံခန်းကို ဝမ်းပန်းတနည်း စိုက်ကြည့်နေပြီး သူ သဘောမတူပါက သူမ ငိုတော့မှာ သေချာနေကာ သူမ၏ ပါးဖောင်းဖောင်းလေးပေါ်သို့ မျက်ရည်များ စီးကျတော့မယောင် ဖြစ်နေခဲ့သည်။

"ကောင်းပြီ၊ မင်း လူကြီမင်းချင်ရဲ့အနားမှာပဲ နေရမယ်။ သူ့အနားမှာ နေတာက မင်းအတွက် အလုံခြုံဆုံး ဖြစ်လိမ့်မယ်"

ကျိရှောင်ယင် ငိုနေသည်ကို မြင်လိုက်သည်နှင့် ချိုးယုံခန်းက သည်းမခံနိုင်တော့ဘဲ သက်ပြင်းချကာ ဆုံးဖြတ်ပေးလိုက်သည်။ သခင်ကြီးချင်၏ဘေးနားတွင်  ဓားကိုင်ဆောင်ခွင့်ရသော ကိုယ်ရံတော်များ ရှိနေမှန်း သူ သိထားပြီး သခင်ကြီးချင်၏ဘေးနားတွင် ရှိနေခြင်းက ကျိရှောင်ယင်ကို ဘေးကင်းစေမည်ဟု သူ တွေးလိုက်မိသည်။

ညီမ နာခံပါ့မယ်”

ချိုးယုံခန်းက သူမ၏တောင်းဆိုချက်ကို သဘောတူလိုက်သောကြောင့် ကျိရှောင်ယင်၏မျက်နှာက တောက်ပလာသည်။ သို့သော်လည်း သူမက မျက်တောင်ခတ်လိုက်သောကြောင့် သူမ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ ထိုမျက်ရည်များက ချိုးယုံခန်း၏နှလုံးသားထဲကို အပြင်းအထန် နာကျင်စေပြီး သူက သူမ၏မျက်ရည်များကို သုတ်ပေးရန်အတွက် သူ့လက်ကိုပင် အမှတ်တမဲ့ မြှောက်တင်လိုက်မိသည်။ သို့သော်လည်း သူ့လက်က လေထဲတွင်သာ ရပ်တန့်သွားခဲ့သည်။

ကျိရွှေရှန့်က သူ့ညီမလေး၏ ခေါင်းမာမှုကို သိနေသောကြောင့် သူမကို ဖြောင်းဖြနိုင်ရန် အကြောင်းပြချက် မရှာနိုင်တော့ပေ။ ထို့အပြင် သူက သူ့ညီမလေးကို သူ မပါဘဲ ပြန်လွှတ်ရန် စိတ်မချသောကြောင့် ချိုးယုံခန်း၏အကြံပြုချက်ကသာ အကြံကောင်း ဖြစ်သည်။

လူကြီးမင်းရဲ့အနားမှာ ရှိနေတာက အလုံခြုံဆုံးဖြစ်နိုင်တယ်။ သူတို့က သိပ်မကြာခင် မြို့စောင့်တပ်တွေနဲ့  အသေအကြေ တိုက်ခိုက်ရမှာဆိုတော့ ရှောင်ယင့်ကို ကာကွယ်ပေးဖို့ အချိန်မရှိလောက်တော့ဘူး။

"လှည်းကို ခြံဝင်းထဲကို ​မောင်းလိုက်"

ကျိရွှေရှန့်က ဝင်ရောက်ကန့်ကွက်ခြင်းမရှိသောကြောင့် ချိုးယုံခန်းက လှည်းကို အထဲသွင်းရန် လီတာ့နျိုကို လှမ်းပြောလိုက်သည်။ ထိုလှည်းက သူတို့၏ဒုက္ခသည်အဖွဲ့ဝင်များအတွက် တန်ဖိုးအရှိဆုံးအရာ ဖြစ်သောကြောင့် သူတို့ ကာကွယ်ရမည် ဖြစ်သည်။

လီတာ့နျိုက လှည်းကို ခြံဝင်းထဲသို့ မောင်းသွင်းလိုက်ပြီး ထို့နောက်တွင် ချိုးယုံခန်းနှင့် ကျိရွှေရှန့်တို့က ခြံတံခါးကို အသေပိတ်လိုက်ကြပြီး ခိုင်ခံ့မှုကို အာမခံနိုင်အတွက် တံခါးမင်းတုံးကို နှစ်ထပ် တပ်ဆင်လိုက်ကြသည်။

ကော်ကန်း၏မိသားစုမှ ကျေးကျွန်များက ခြံဝင်းထဲတွင် ကြောက်လန့်တကြား ရပ်နေကြပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။

ကျိရွှေရှန့်က သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤလူများ ရှိနေလျှင်ပင် သူတို့က မြို့အစောင့်ကို ကိုင်တွယ်ရန် အကူအညီ ပေးနိုင်မည်  မဟုတ်ပေ။ ထို့ကြောင့် သူက လီတာ့နျိုကို အမိန့်ပေးလိုက်သည်။

သူတို့ကို အတွင်းခန်းထဲထည့်ပြီး ပိတ်လှောင်ထားလိုက်။ ထွက်လာရဲတဲ့သူကို သတ်ပစ်မယ်”

ထိုကျေးကျွန်များက မျက်ရည်များ ကျလာကြသည်။ သူတို့ကို လွှတ်ပေးမယ်လို့ သူတို့ တွေးလိုက်ပေမယ့် သူတို့ကို ဖမ်းဆီးထားတုန်းပါပဲ။

"သခင်ကြီး၊ ကျေးဇူးပြုပြီး ငါတို့ အသက်ကို ချမ်းသာပေးပါ!"

အစေခံများက လေးလေးနက်နက် တောင်းပန်နေကြသော်လည်း ကျိရွှေရှန့်က သူ့တို့အပေါ် ကရုဏာ မထားပေ။ လီတာ့နျိုနှင့် ချိုးယုံခန်းတို့က ထိုလူများကို စာဖတ်ခန်းထဲသို့ တွန်းပို့ပြီး အချင်းချင်း ပြန်ချည်နှောင်ခိုင်းလိုက်သည်။ ထိုမှသာ သူတို့အတွက် အချိန်ကုန်သက်သာစေပြီး သူတို့က နောက်ဆုံးလူကို ချီနှောင်ရုံသာ ကျန်ရှိတော့မည် ဖြစ်သည်။ သူတို့က ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမည် ဖြစ်သောကြောင့် အတွင်းရေးကို အရင် ဖြေရှင်းရမည်ပင်။

ရုံးတော်၏ရှေ့တွင်မူ ရဲမက်များက လေးကိုင်းများ နှင့် ထောပတ်များကို ပင်မခန်းမဆောင်သို့ သယ်ဆောင်လာပြီး စူးချင်ကို မဝံ့မရဲ ကြည့်နေကာ သူမဘေးတွင် ရပ်နေကြသည်။

အခု သူတို့ ဘာတွေ ခံစားနေရမှန်းတောင် မသိတော့ပါဘူး။ ဒီမိန်းမက သူတို့ကို စစ်တပ်နဲ့ ရန်သူဖြစ်အောင် အတင်းအကြပ် ဖိအားပေးနေတော့ သူတို့ ဒီလှေပေါ်ကို အတူတူ တက်ရတော့မယ်။ အခု သူတို့က ကြိုးတစ်ချောင်းထဲ အချည်ခံထားရတဲ့ နှံကောင်တွေ ဖြစ်နေပြီ ဆိုမှတော့ လူကြီးမင်းချင် မနိုင်ရဖို့ပဲ မျှော်လင့်ရတော့မယ်။ လူကြီးမင်းချင် အနိုင်ရရင် ဧကရာဇ်မင်းရဲ့မင်းဆရာ ရန်သူကို တွန်းလှန်တဲ့အချိန်မှာ ကူညီပေးတဲ့ စွမ်းဆေင်မှုကြောင့် သူတို့ ချီးမြှောက်ခံရလိမ့်မယ်။

ဒါပေမယ့် ဒါက သူတို့ အိပ်မက်မက်နေတယ်လို့တော့ ခံစားနေရဆဲပဲ။ သူတို့ ရဲမက်အယောက်နှစ်ဆယ်က ကောင်းကောင်းလေ့ကျင့်ထားတဲ့ ရာနဲ့ချီတဲ့ မြို့စောင့်တပ်သားတွေကို တိုက်ခိုက်ရမှာလား? အဲ့တာက ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်ခိုင်းတာ မဟုတ်ဘူးလား?

စူးချင်းက အဝကျဉ်းသော ပုလင်းတစ်ဒါဇင်ကျော် ယူဆောင်လာရန် အမိန့်ပေးလိုက်ပြီး သူမက ပုလင်းများထဲသို့ ထောပတ်ဆီများ ဖြည့်ကာ ပုလင်းများ၏ အဝကို ဆို့ပိတ်ရန် ဆီစိမ်ထားသောအဝတ်များကို အသုံးပြုကာ အပြင်ဘက်တွင် ဆီပြည့်နေသည်ဟု ထင်ရသည့် လှည့်ကွက်တစ်ခုကို ဖန်တီးလိုက်သည်။

ရဲမက်ခေါင်းဆောင်က တခြားသူများ၏အမူအရာကို ဖတ်နိုင်သူ ဖြစ်ပြီး အလိုက်သင့် ပြုမူနိုင်သူတစ်ဦး ဖြစ်သည်။ စူးချင်း ဆီပုလင်းများနှင့် အလုပ်ရှုပ်နေသည်ကို တွေ့သောအခါ သူက ကူညီပေးရန် အဆိုပြုလိုက်သည်။ နောက်ပိုင်းတွင် လူတိုင်းက ဆီပုလင်းများ ပြင်ဆင်ရန် အတူတူ အလုပ်လုပ်ခဲ့ကြပြီး စူးချင်းက တစ်စုံတစ်ခု မှားယွင်းသွားခြင်းမျိုး မဖြစ်စေရန် အားလုံးကို စစ်ဆေးပြီးမှ သူတို့လည်း စိတ်သက်သာရာရသွားခဲ့ကြသည်။

ထို့နောက် သူမက ဆေးမှုန့်တစ်ချို့ကို ထပ်ထုတ်ကာ တစ်စုံတစ်ယောက်ကို ပေးလိုက်ပြီး ရေနှင့် ဖျော်ခိုင်းလိုက်သည်။ သူမက လေးကိုင်းများနှင့်အတူ ယူလာသော မြှားများကို ဆေးရေထဲတွင် စိမ်ရန် ရဲမက်ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။ ထိုအရာများ အားလုံး လုပ်နေချိန်မှာပင် သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုတစ်စုံတစ်ရာ မရှိဘဲ အာရုံစူးစိုက်မှုအပြည့်ရှိနေပြီး အရာအာလုံးကို စနစ်တကျ အမိန့်ပေးနေခဲ့သည်။

သူမ ထိုသို့ငြိမ်သက်နေသည်ကို မြင်နေရသောကြောင့် မူလက ထိတ်လန့်တုန်လှုပ်နေသော ရဲမက်များလည်း စိတ်ငြိမ်သက်သွားပုံရသည်။ သူတို့က မြှားခေါင်းများကို အဆိပ်ဖြင့် စိမ်နေရင်း စူးချင်းကိုသာ စိုက်ကြည့်နေကြသည်။

ဒီမိန်းခလေးကို မဆိုသလောက်လေးတောင် မနှောက်ယှက်မိစေနဲ့.... မဟုတ်ရင် မင်းတို့ ဘာဖြစ်မှန်း မသိဘဲတောင် သေသွားရလိမ့်မယ်။

လီဝူက လူကြီးမင်းချင်ကို ကာကွယ်ရန် အစောင့်နှစ်ယောက်နှင့်အတူ နေရာယူထားပြီး ဖြစ်သည်။ သူတို့၏တာဝန်က လူကြီးမင်းချင်၏လုံခြုံရေးကို သေချာစေရန် ဖြစ်ပြီး ခြံအနောက်ဘက်ကို ကျိရွှေရှန့်နှင့် သူ၏ညီအစ်ကိုများအတွက် ချန်ထားခဲ့ကြသည်။

"မင်းတို့ထဲက ဘယ်တစ်ယောက်က မြားပစ်စွမ်းရည် ပိုကောင်းလဲ?"

စူးချင်းက သူမ၏မျက်လုံးများကို ပင့်လိုက်ပြီး လီဝူနှင့် ရဲမက်အယောက်နှစ်ဆယ်ကို ကြည့်လိုက်သည်။ လေးနှင့် မြှားများ အများအပြား ရှိနေသော်လည်း တစ်ဖက်တွင် ထောင်နှင့်ချီသောလူများ ရှိနေသောကြောင့် ဖြုန်းတီးပစ်ရန် မတတ်နိုင်ပေ။

ငါ” လီဝူနှင့် အစောင့်နှစ်ယောက်က တစ်ချိန်တည်း လက်မြှောက်လိုက်ကြသည်။ သက်တော်စောင့်များ ဖြစ်ကြသော သူတို့ အနေဖြင့် သူတို့၏ လေးပစ်စွမ်းရည်က ပထမတန်းစား ဖြစ်သည်။

"ရှင်တို့ထဲက တစ်ယောက်က သခင်ကြီးချင်ကို ကာကွယ်ဖို့ နောက်မှာ နေရလိမ့်မယ်။ ကျန်တဲ့နှစ်ယောက်က ရဲမက်သုံးယောက်စီကို ခေါ်သွားပြီး ဘယ်ဘက်နဲ့ ညာဘက်က ခြံဝင်းတွေကို သွားရမယ်၊ အဲ့နေရာမှာ ခြုံခိုတိုက်ခိုက်နိုင်မယ့် မြင့်မားတဲ့သစ်ပင်တွေကို နေရာယူထားလိုက်ကြ”

စူးချင်းက သူတို့ကို လေးနှင့် အဆိပ်လူးမြှားများကို ယူဆောင်စေကာ သစ်ပင်ပေါ်တွင် ကင်းပုန်းဝပ်ရန် တောင်းဆိုလိုက်သည်။

လီဝူနှင့် အစောင့်နှစ်ယောက်က တွေဝေနေသော အမူအရာများဖြင့် သခင်ကြီးချင်ကို ကြည့်လိုက်ကြသည်။

သူတို့ ထွက်သွားပြီး လူကြီးမင်းချင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? သူတို့က လူကြီးမင်းချင်ရဲ့လုံခြုံရေးအတွက် တာဝန်ရှိနေသေးတယ်လေ။

✍️✍️✍️