Chapter 71 တိတ်တဆိတ် နားလည်မှု
Viewers 17k

အခန်း ၇၁ တိတ်တဆိတ် နားလည်မှု

“ကျန်းဝူ၊ အဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး အနောက်ဘက်တံခါးကို သွားပိတ်ဆို့ထားလိုက်။ ဘယ်သူ့ကိုမှ ထွက်လာခွင့်မပြုနဲ့"

လာကြစမ်း၊ တံခါးကို လာတွန်းကြစမ်း”

ဝမ်ကျစ်ယောင်က အခိုင်အမာ ပိတ်ဆို့ထားသော ရုံးတော်တံခါးကို ကြည့်နေရင်း မောက်မာလွန်းလှသည့် အမူအရာဖြင့် အမိန့်ပေးလိုက်သည်သည်။

ဒီလို ရုံးတော်တံခါးတစ်ခုလောက်က သူတို့လို သေသေချာချာ လေ့ကျင့်ထားတဲ့ မြို့စောင့်တပ်တွေကို ဘယ်လိုတားဆီးနိုင်မှာတဲ့လဲ?

သခင်ကြီးချင်နှင့် အခြားသူများ အနောက်ဘက်တံခါးမှ လွတ်မြောက်သွားမည်ကို စိုးရိမ်သောကြောင့် သူက အနောက်ဘက်တံခါးကို ပိတ်ဆို့ရန်ပင် လူတစ်စုကို စေလွှတ်လိုက်သေးသည်။

ဝမ်ကျစ်ယောင်၏အမိန့်ကို လက်ခံရရှိပြီးနောက် စစ်သည်များအားလုံးက လှုပ်ရှားသွားကြသည်။ စစ်သည်တချို့က သစ်လုံးကြီးများကို လှိမ့်ရန် အဆင်သင့်ဖြစ်နေကြပြီး တချို့က အနောက်ဘက်တံခါးကို ပိတ်ဆို့ရန် ပြေးသွားကြသည်။ ကျန်သောစစ်သည်များက ဓားများကို မြှောက်ကာ “သတ်ပစ်! သတ်ပစ်! သတ်ပစ်!” ဟု အော်ဟစ်ကြွေးကျော်နေသောကြောင့် ရုံးတော်အတွင်းမှ လူများသာမက သာမာန်လူများပင် ကြောက်လန့်တုန်လှုပ်နေကြသည်။ မြေကြီးများပင် တုန်ခါနေစေသော လှုပ်ရှားမှုများကြောင့်  သာမန်တိုင်းသူပြည်သားများက အလွန်ကြောက်လန့်နေကြပြီး အမှားအယွင်းတစ်စုံတစ်ရာကြောင့် သူတို့ အသတ်ခံလိုက်ရမည်ကို စိုးရိမ်သောကြောင့် သူတို့၏အိမ်များသို့ ပြန်ပြေးကာ တံခါးများကို ပိတ်လိုက်ကြသည်။

ဝမ်ကျစ်ယောင်က သူ့အတွေးဖြင့်သူ ကျေနပ်နေခဲ့သည်။

ဒီတံခါးက အလုံးအရင်းနဲ့ ထိုးဖောက်ဝင်ရောက်မဘ့် သူ့စစ်သည်တွေကို တားနိုင်မယ်တဲ့လား? အထဲက လူတွေကို သတ်ပြီး သူတို့အလောင်းတွေကို အပိုင်းပိုင်း ခွဲပြီးတာနဲ့ အရာအားလုံးက သူနဲ့ သူ့ယောက်ဖရဲ့ပါးစပ်ထဲမှာပဲ ရှိလိမ့်မယ်။ နောက်ဆုံးတော့ သူတို့ ပြောတဲ့စကားကိုပဲ အမှန်လို့ ယူဆရလိမ့်မယ်။

ဒီလူတွေကို သစ္စာဖောက်တွေ၊ ဓားပြတွေ ဒါမှမဟုတ် ရန်သူ့တပ်တွေ ဘယ်လိုခေါ်ခေါ် သူတို့ကြိုက်သလို အမည်တပ်ပေးလိုက်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် သေပြီးတဲ့သူတွေမှာ သက်သေခံအထောက်အထားဆိုတာ မရှိနိုင်တော့ဘူး။

ရုံးတော်ထဲက အရာရှိက မှူးမတ်ရေးရာဌာနက မဟာအကြီးအကဲဖြစ်သလို ဧကရာဇ်မင်းမြတ်ရဲ့ မင်းဆရာ ဖြစ်တဲ့ အကြီးအကဲချင်ပဲ၊ အခု မင်းတို့ အားလုံး နောက်ပြန် ဆုတ်မယ်ဆိုရင် မသိလို့ မှားမိတဲ့အတွက် ခွင့်လွှတ်ပေးလိုက်မယ်။ မင်းတို့ ရုံးတော်ကို တိုက်ခိုက်ပြီး တော်ဝင်မင်းဆရာရဲ့တာဝန်တွေကို နှောင့်ယှက်မယ်ဆိုရင် မင်းတို့အားလုံးကို ခေါင်းဖြတ်သတ်ပစ်မယ်။ ဧကရာဇ်မင်းရဲ့ဆရာ တစ်ခုခုဖြစ်သွားလို့ ဧကရာဇ်မင်းမြတ်က မင်းတို့ကို အပြစ်တင်ရင်တော့ မင်းတို့ရဲ့မိသားစုတွေအားလုံး သုတ်သင်ခံရလိမ့်မယ်”

လီဝူက လူကြီးမင်းချင်၏အမိန့်အတိုင်း ရုံးတော်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ အောက်မှ စစ်သည်များကို အော်ပြောလိုက်သည်။ စစ်သည်များက စစ်တပ်၏အမိန့်ကိုသာ နာခံကြသူများ ဖြစ်ကြပြီး ဝမ်ကျစ်ယောင်က သစ္စာဖောက်များက ရုံးတော်ကို တိုက်ခိုက်ပြီး တရားသူကြီးမင်းကော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ပြောကာ သူတို့ကို ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ယခု လီဝူ၏စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ သူတို့အနည်းငယ် စိတ်ရှုပ်သွားကြသည်။

အထဲက လူက သစ္စာဖောက်လား? ဒါမှမဟုတ် ဧကရာဇ်ရဲ့မင်းဆရာလား? သစ္စာဖောက်ဆိုရင်တော့ ဖမ်းဆီးနိုင်တာနဲ့ သူတို့ ဆုချီးမြှင့်ခံရနိုင်တယ်။ ဒါပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့မင်းဆရာနဲ့ သူ့လူတွေ ဆိုရင်တော့ သူတို့အတွက် ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်လာပြီး သူတို့အားလုံး အပြစ်ပေးခံရလိမ့်မယ်။

စစ်သည်တို့ သူ့ကို မယုံပကြနဲ့။ ဧကရာဇ်မင်းမြတ်ရဲ့မင်းဆရာက ကျင်းချန်လို မြို့ငယ်လေးကို ဘာလို့ လာမှာလဲ? သူက သစ္စာဖောက်ပဲ၊ ရုံးတော်ထဲကို အမြန်ဖောက်ဝင်ပြီး လူကြီးမင်းကော်ကို ကယ်တင်ကြတော့။ သစ္စာဖောက်ကို ဖမ်းပြီး လူကြီးမင်းကော်ကို ကယ်တင်ပေးနိုင်ရင် ဆုလာဘ်ကြီးကြီးတစ်ခု ရလိမ့်မယ်၊ ပြန်ဆုတ်ခွာတဲ့ ဘယ်သူမဆို စစ်စည်းကမ်းအတိုင်း အရေးယူခံရမယ်”

လီဝူ၏စကားများက စစ်သည်များ၏ စိတ်ကို ယိမ်းယိုင်သွားစေကြောင်း မြင်လိုက်ရသဖြင့် ဝမ်ကျီယန်က အမြန် အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့အပြင် သူက ပြန်ဆုတ်နေသည့် စစ်သည်တစ်ဦးကို ထိုးစိုက်ရန် သူ့လက်ထဲမှ သုံးခွမှိန်းကို မြှောက်တင်လိုက်တင်သည်။

လူတစ်ရာကို သတိပေးဖို့ တစ်ယောက်လောက်ကို သတ်ပြလိုက်ရင် ဘယ်သူက နောက်ဆုတ်ရဲတော့မှာတဲ့လဲ?

"တံခါးကို ဖျက်ဖို့ သစ်သားတွေကို သုံးကြ"

ဝမ်ကျစ်ယောင်က စစ်သည်များကို မှုန်ကုပ်ကုပ်ဖြင့် အမိန့်ပေးလိုက်သည်။ အချိန်ဆွဲနေလျင် လူအိုကြီးချင်က ကော်ကန်းနှင့်သူ၏မိသားစုဝင်များကို သတ်ပစ်မည်ကို သူ ကြောက်နေသောကြောင့် သူ အလျင်လိုနေခဲ့သည်။

ကျား.... ကျား…”

စစ်သည်တစ်ဒါဇင်ကျော်က လေးလံလှသောသစ်တုံးကြီးများကို ထမ်းကာ အားမာန်သွင်းရင်း ရုံးတော်တံခါးဆီသို့ ပြေးသွားကြသည်။ သစ်တုံးကြီးက ရုံးတော်တံခါးပေါက်သို့ ထိလုထိခင်မှာပင် စူးချင်းက မီးစာပုလင်းကို မီးညှိလိုက်ပြီး လေထဲသို့ ပြစ်တင်ရန် အဆင်သင့်ပြင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် လေထဲသို့ ဖောက်ထွင်းဝင်ရောက်လာသော တစ်စုံတစ်ခု၏အသံကို ကြားလိုက်ရပြီး စူးရှသော လေသံနှင့်အတူ မြှားနှစ်စင်းက ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

ဝမ်ကျစ်ယောင်က အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက သူ့ဦးခေါင်းကို မြင်းတွင် တပ်ဆင်ထားသည့် ခြေနင်းကွင်းနားသို့ ရောက်အောင် လိမ့်လိုက်ပြီး ပုန်းအောင်းလိုက်သော်လည်း သူ့ခေါင်းကိုသာ ဝှက်ထားနိုင်ပြီး သူ့၏ခြေထောက်များကိုတော့ မဖုံးထားနိုင်ပေ။ ကျယ်လောင်သောလေတိုးသံနှင့်အတူ  မြှားတစ်စင်းက သူ့ပေါင်ကို ထိုးဖောက်ဝင်ရောက်လာပြီး မြှား၏အမြီးတွင် တပ်ဆင်ထားသည့် ငှက်မွေးလေးက တစ်ဆတ်ဆတ် တုန်ခါနေသည်။ သူက သူ့ဦးခေါင်းဆီသို့ ပစ်လိုက်သော မြှားကို ရှောင်နိုင်လိုက်သော်လည်း သူ့ခြေထောက်ဆီမှ  စူးစူးရှရှ နာကျင်မှုက သူ့ကို တစ်ကိုယ်လုံး တုန်ယင်သွားစေခဲ့သည်။ သူက စစ်သည်များကို ချက်ခြင်း အော်ဟစ်အမိန့်ပေးလိုက်သည်။

"သူ့ကို ပြန်...!"

သို့သော် သူ့အမိန့်၍ မပြီးသေးခင်မှာပင် သူကိုယ်တိုင် မြင်းပေါ်မှ ပြုတ်ကျသွားပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ သူ့ပါးစပ်မှ အနက်ရောင်သွေးများ ထွက်ကျလာသည်။ ထို့နောက်တွင် သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းလာကာ သူ့၏မျက်လုံးအိမ်များလည်း ပြူးကျယ်လာသည်။

ဝမ်ကျစ်ယောင် သေဆုံးမှုက စစ်သည်များကို ပရမ်းပတာ ဖြစ်စေခဲ့သည်။ အဆိပ်ရှိသောမြှားများက ထိုစစ်သည်များ ထိတ်လန့်စေရန် လုံလောက်သွားစေပြီး တံခါးကို တိုက်ခိုက်နေသော စစ်သည်များကလည်း သူတို့ ထမ်းထားသော သစ်တုံးကြီးကို ကြည့်ကာ တွေဝေနေကြသည်။

သူတို့ရဲ့ စစ်သူကြီးက သေသွားပြီလေ။ တံခါးကို တွန်းဖျက်ဖို့ လိုသေးလို့လား?

ထိုအချိန်တွင် နောက်ကျောမှ ခြေလျင်တပ်သည်များက ဒိုင်းများဖြင့် ကာရံကာ အကာအကွယ်ကို အလျင်အမြန် မြှင့်တင်လိုက်ကြပြီး ဒုတိယစစ်သူကြီးက ဒိုင်းကာ နောက်တွင် ပုန်းနေခဲ့သည်။

"မြန်မြန်လုပ်ကြ၊ လေးသမားကို ရှာပြီး ပစ်ချလိုက်ကြ"

သူ့အော်သံကို ကြားလိုက်ရခြင်းက စူးချင်းအတွက် ပစ်မှတ်တွေ့သွားစေပြီး သူမက မီးစာပုလင်းကို မီးညှိကာ အော်သံကြားရာဆီသို့ ပစ်ချလိုက်သည်။ မီးစာပုလင်းက အကာအကွယ်၏နောက်သို့ ပြုတ်ကျကာ ပေါက်ကွဲသွားပြီး ဓာတ်ဆီများကြောင့် နေရာအနှံ့ မီးစများ ထွက်ပေါ်လာသည်။ ဒိုင်းကို ကိုင်ဆောင်ထားသည့် စစ်သည်များကိုလည်း မီးစွဲသွားစေသောကြောင့် ထိုစစ်သည်များက သူတို့၏ခန္ဓာကိုယ်ပေါ်မှ မီးများကို ငြိမ်းသတ်ရန် ဒိုင်းများကို အလိုအလျောက် ပစ်ချလိုက်ပြီး သူတို့ကိုယ်သူတို့သာ ဂရုစိုက်နိုင်တော့သည်။

ကျိရွှေရှန့်က ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပြီး လက်ထောက်စစ်သူကြီး၏ နှလုံးဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

လက်ထောက်စစ်သူကြီးက သူ့ရင်ဘတ်ရှိ မြှားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး ကြောက်စိတ်ကြောင့် သူ့မျက်လုံးများပင် ပြူးထွက်လာသည်။ ထိုတခဏအတွင်းမှာပင် သူ့နှာခေါင်းမှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်ကြီးက နောက်ပြန်လဲကျသွားကာ ဝမ်ကျစ်ယောင်ကဲ့သို့ပင် သေဆုံးသွားတော့သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့က ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နေကြပြီး အခြားသူများအားလုံး သတိပင် မထားမိလိုက်ကြပေ။

စစ်သူကြီးနှစ်ဦး ပစ်သတ်ခံရပြီးနောက်တွင် မြို့စောင့်တပ်၌ ခေါင်းဆောင် မရှိတော့ပေ။

စူးချင်းက နောက်ထပ်မီးစာပုလင်းတစ်လုံးကို မီးညှိလိုက်ပြီး သစ်တုံးကြီးပေါ်သို့ ပစ်ချလိုက်သည်။ မီးစာပုလင်းက သစ်တုံးပေါ်သို့ တည့်တည့်ကြကာ ပေါက်ကွဲသွားသောကြောင့် မီးစများက နဂါးကြီးတစ်ကောင် ကခုန်နေသလို လျှံတက်လာပြီး သစ်တုံးကြီးကို  လောင်ကျွမ်းသွားစေသည်။ သစ်တုံးထမ်းထားသော စစ်သည်များက သစ်တုံးကြီးကို ချက်ချင်း ပစ်ချကာ အသက်လုပြီး ထွက်ပြေးကြတော့သည်။ သူတို့အပါအဝင် အနီးတစ်ဝိုက်ရှိ စစ်သည်များအားလုံး ခုန်ပေါက်ထွက်သူက ထွက်ပြေး၊ မီးစများကို ရိုက်ပုတ် ငြှိမ်းသက်သူက မီးငြှိမ်း စသည်ဖြင့် ယောက်ယက်ခတ်နေကာ တစ်ချို့က လူးလိမ့်နေပြီး တစ်ချို့က အော်ဟစ်ညည်တွားနေကြသည်။

နောက်ဆုံးတွင် အခြေအနေက ပိုဆိုးလားပြီး မြို့စောင့်တပ်က သူတို့၏သံခမောက်များနှင့် သံချပ်ကာများကိုပင် ဆွဲချွတ်ကာ လွှင့်ပစ်လိုက်ကြသည်။ ထိုစစ်သည်များတွင် သူတို့ကို အမိန့်ပေးမည့်သူ မရှိတော့သောကြောင့် သူတို့ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြန်သည်။

နောက်ဆုံးတွင် စစ်သည်များက ရုံးတော်၏ရှေ့တွင် မနေရဲကြတော့ပေ။ သူတို့ကို ခြေထောက်အပိုထည့်ကာ မမွေးပေးခဲ့သည့် မိဘများကိုသာ မုန်းတီးအပြစ်တင်နေကြပြီး ယုန်များထက် ပိုမြန်အောင် ပြေးကြတော့သည်။

စူးချင်းက ကျိရွှေရှန့် ရှိနေသည့်နေရာသို့ တစ်ချက်ကြည့်လိုက်သည်။

မဆိုးဘူး၊ ပစ်ချက်က တတယ်ကို တိကျလွန်းတယ်။

ကျိရွှေရှန့်က သူ့လေးကို ကိုင်ထားရင်း စူးချင်းကို ပြန်ကြည့်နေသည်။ ခုန သူမ ပစ်လိုက်တာ ဘာလဲ? အဲဒီလူတွေကို တစ္ဆေလို ငိုကြွေးပြီး တောခွေးတွေလို အော်ဟစ်ရလောက်တဲ့အထိ လောက်ကျွမ်းစေတဲ့အရာက ဘာလဲ?

ကျိရွှေ့ရှန်းက စူးချင်းကို ကြည့်နေရင်း သူမကို လက်မထောင်ပြလိုက်သည်။ စူးချင်း၏ နှုတ်ခမ်းများက တဖြည်းဖြည်း ကော့တက်လာသော်လည်း သူမက ချက်ချင်းပင် သူမ၏ သူမ၏အေးစက်စက်နှင့် ဘာမှမထူးခြားသည့် အမူအရာဆီသို့ ပြန်ပြောင်းသွားခဲ့သည်။

လီဝူက စူးချင်းနှင့် ကျိရွှေရှန့်ကို လေးစားမှုအပြည့်ဖြင့် ငေးကြည့်နေသည်။

တဖက်လူတွေက ပြင်ဆင်နေဆဲဖြစ်ပေမယ့် ကျိရွှေရှန့်ကတော့ သူ အရင်ဦးအောင် တိုက်ခိုက်ဖို့ စတင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့လေးပစ်စွမ်းရည်က ထူးချွန်လွန်းပြီး ပစ်မှတ်ကို မလွတ်စေတဲ့အပြင် မြှားနှစ်ချောင်းကို တပြိုင်နက်တည်း ပစ်နိုင်‌သေးတယ်။ တကယ်တော့ စစ်ပွဲမှာ အရေးအကြီးဆုံးက အမြန်နှုန်းဖြစ်ပြီး သူရဲ့အချိန်ကိုက်တုံ့ပြန်နိုင်မှုက မြန်ဆန်လွန်းတဲ့အပြင် တိကျနေသေးတယ်။

လက်ရှိ မင်းဆက်ရဲ့ အကောင်းဆုံး လေးသမားက ဝမ်မိသားစု စစ်တပ်က ဝမ်ယွိလင်ပဲ။ သူ့ကို အကောင်းဆုံးလေးသမားလို့ တင်စားခေါ်ဝေါ်ရတဲ့ အကြောင်းအရင်းက သူက မြှားနှစ်စင်းကို တစ်ပြိုင်နက်တည်း ပစ်နိုင်ပြီး ပစ်မှတ်ကို ဘယ်တော့မှ မလွဲခဲ့တာကြောင့်ပါ။ ဒီလူငယ်လေးက အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်သူကြီးရဲ့မြားပစ်စွမ်းရည်ကို အမီလိုက်နိုင်နေပြီ၊ အချိန်တန်ရင် သူက  ဝမ်ယွိလင်ကို ကျော်ဖြတ်သွားတော့မှာ အသေအချာပဲ။

လူတိုင်းက ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမည်ဟု ထင်ထားခဲ့ကြသော်လည်း အဆုံးတွင် သူတို့ ဘာမှ မလှုပ်ရှားရသေးမီတွင် စူးချင်းနှင့် ကျိရွှေရှန့်တို့က မြို့စောင့်တပ်ကို ချေမှုန်းပစ်ခဲ့ပြီး ဖြစ်သည်။ အရေးကြီးဆုံးမှာ အသေအပျောက်နည်းသောကြောင့် အထက်အရာရှိထံသို့ အစီရင်ခံပို့ရန် လွယ်ကူမည်ဖြစ်သည်။

သခင်ကြီးချင်က ပင်မခန်းမဆောင်တွင် တည်တည်ငြိမ်ငြိမ် ထိုင်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက ကြီးမားသောမုန်တိုင်းများကို ကြုံတွေ့ခဲ့ဖူးပြီး ကြောက်လန့်ခြင်း မရှိတော့သော အရေးပါသည့် ရာထူကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူတို့ အနိုင်ရပြီး‌နောက် အဘိုးအိုက စူးချင်းနှင့် ကျိရွှေရှန့်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနေသည်ကို တွေ့လိုက်ရသဖြင့် ရဲမက်များက စူးချင်းကို ပို၍ ကြောက်လန့်လာကြသည်။ သူ့ရှေ့တို့ ကြောင်တစ်ကောင်၏အရှေ့တွင် ရောက်နေသော ကြွက်များကဲ့သို့ ဖြစ်နေပြီး အသက်ရှုပင် ဝအောင် မရှူရဲကြပေ။

လောင်းကြေးကို မှန်မှန်ကန်ကန် ထပ်နိုင်ခဲ့သည့်အတွက်လည်း သူတို့စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။

သူတို့က စူးချင်းနဲ့ အခြားသူတွေကို ရန်သူဖြစ်အောင် ပြုမူမိရင် သူတို့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။ သူတို့လည်း မြို့စောင့်တပ်က စစ်သည်တွေလို အဆုံးသတ်သွားမှာ မဟုတ်ဘူးလား?

အနောက်ဘက်မှ တိုက်ပွဲက ပို၍ပင် မြန်ဆန်ခဲ့သည်။ လက်ထောက်စစ်သူကြီးတစ်ယောက်က လူတစ်စုကို ဦးဆောင်ကာ အနောက်ဘက်တံခါးကို ပိတ်ဆို့လိုက်ကြသော်လည်း အနောက်ဘက် လမ်းကြားက ကျဥ်းမြောင်းသောကြောင့် လူနှစ်ဦး ဘေးချင်းကပ်သာ လျှောက်လှမ်းနိုင်သည်။ ထို့ကြောင့် ပထမဆုံးဝင်လာသော လူနှစ်ယောက်ကို ချိုးယုံခန်းနှင့် လီတာ့နျိုတို့က ပစ်သတ်လိုက်ကြသည်။ သူတို့ အဆိပ်မိပြီး သေသွားသည်ကို မြင်လိုက်သောအခါ လက်ထောက်စစ်သူကြီးက အလွန်ကြောက်လန့်ကာ ပြန်လှည့်ထွက်ပြေးတော့သည်။ သူ ထွက်ပြေးသွားသည်နှင့် အခြားသူများကလည်း ဘာမှ မလုပ်နိုင်ဘဲ အားလုံး ထွက်ပြေးသွားကြတော့သည်။

မြို့စောင့်တပ်မှ မောက်မာလှသော လူတစ်စုက သူတို့၏ သံခမောက် နှင့် သံချပ်ကာများကိုပင် လွှင့်ပစ်ကာ သစ်တုံးကြီးများနှင့် လှေကားများကိုမူ ထည့်ပင်မတွက်တော့ဘဲ ကြွက်များကဲ့သို့ ပြေးသွားကြတော့သည်။

ဒီလို စစ်တပ်က ပြည်သူတွေကို ဘယ်လိုကာကွယ်နိုင်မတဲ့လဲ? အန္တရာယ်ကြုံတဲ့အခါ သူတို့က ယုန်တွေထက်တောင် မြန်အောင် ပြေးနိုင်ကြတယ်။

မြို့စောင့်တပ်များကို အနိုင်ယူပြီးနောက် စူးချင်းက ရုံးတော်ရှေ့ပြေးများနှင့် ရဲမက်များကို ပြန်ဆုတ်ခိုင်းလိုက်သည်။

အားလုံးနောက်ဆုတ်လိုက်ကြ”

စူးချင်း၏လေသံတွင် အမိန့်သံ ပွဝင်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း သူမ၏အမိန့်ကို ကြားပြီးနောက် ရဲမက်များက သူတို့ အလွန်နှေးနေလျှင် ထိုနတ်ဆိုးမကြီး ဒေါသဖြစ်ကာ သူတို့အတွက် အဆိပ်ဖြေဆေးမပေးမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ပြန်ဆုတ်ခွာလာကြသည်။

"စူးမိန်းခလေး၊ ဒီလူအိုကြီးရဲ့အကြပ်အတည်းကို ကူညီဖြေရှင်းပေးခဲ့လို့ ဒီလူအိုကြီးက မင်းကို ကျေးဇူးတင်ပါတယ်"

လူကြီးမင်းချင်က ရဲမက်များအားလုံး ပြန်ဆုတ်သွားသည်အထိ အပြုံးဖြင့် စောင့်ဆိုင်းနေခဲ့ပြီး စူးချင်းက သူ့ကို ပြောစရာရှိနေမည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။

(T/N: ဒီအခန်းတွေမှာ မြို့စောင့်တပ်တွေရဲ့ ပုံစံကို နည်းနည်းလေး ပြောပြချင်တယ်၊ တရုတ်ဝတ္ထုတွေ အမြဲတမ်း ဖတ်နေကြသူတွေကတော့ သိပြီးသား ဖြစ်မှာပါ၊ ရှေ့ခေတ်setting တွေနဲ့ သိပ်မရင်းနှီးတဲ့သူတွေအတွက် ရှုပ်နေမှာ ဆိုလို့ပါ၊ သူတို့ရဲ့ရှေးခတ်အုပ်ချုပ်‌ရေးပုံစံက များသောအားဖြင့် အရပ်ဘက်နဲ့ စစ်ဘက်ဆိုပြီး ခွဲအုပ်ချုပ်တာပါ၊ အရပ်ဘက်အရာရှိက မြို့ထဲမှာနေပြီး အခွန်တော်ကောက်တာတို့၊ မြို့ရဲ့တိုးတက်ရေးတို့ တရားမျှတရေးတို့ကို ဆောင်ရွက်လေ့ရှိတယ်ပေါ့၊ သူက တိုင်းသူပြည်သူတွေကို တိုက်ရိုက်အုပ်ချုပ်ပြီး မြို့တွင်းက ကိစ္စအာလုံးက သူ့လက်အောက်မှာ ရှိတယ်။ မြို့စောင့်တပ်ကျတော့ စစ်ဘက်အရာရှိက ဦးဆောင်တယ်၊ သူတို့က မြို့တံခါးမှာ အစောင့်ထားတာက လွဲရင် မြို့ထဲက ပြသနာတွေက သူတို့နဲ့ မဆိုင်ဘူး၊ သူတို့က မြို့ပြင်က မသမာသူတွေ မြို့ထဲ ဝင်မလာအောင်၊ တိုင်းတပါးသာတွေ မကျူးကျော်အောင် မြို့ကို ကာကွယ်ပေးရတဲ့သူတွေပေါ့၊ အများအားဖြင့် သူတို့က မြို့ထဲကို မဝင်ရဘူး၊ မြို့ထဲမှာ မိဘရှိလို့ ကိုယ်ရေးကိုယ်တာနဲ့ ဝင်ရင်တောင် လက်နက်တို့ ဘာတို့ မပါဘဲ သာမာန်အဝတ်နဲ့ပဲ ဝင်ရတယ်၊ သံချပ်ကာတွေဝတ်မလာရဘူး။ တပ်ကို ခေါ်မလာရဘူး။ တပ်နဲ့အတူ မြို့ထဲဝင်လာရင် မြို့စောင့်တပ်က ပုန်ကန်တယ်လို့ သတ်မှတ်လို့ရတယ်။ ပုံမှန်ဆိုရင် အဲ့နှစ်ဘက်က တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေကြတာများတယ်၊ တစ်ဘက်က မကောင်းရင် တစ်ဖက်က ဧကရာဇ်ဆီကို လှမ်းတိုင်ကြတယ်၊ အခုကြတော့ နှမပေးယောက်ဖတော်ထားပြီး တကြိတ်တည်း တဥာဏ်တည်း ထင်တိုင်းကြဲနေတာပါ၊ နောက်တစ်ခုက သာမာန်ပြည်သူတွေက လက်နက် ကိုင်ခွင့်ရှိပါဘူး၊ အဲ့တာကြောင့် ဒီနေရာမှာ ဓားကိုင်သက်တော်စောင့်တို့ ဘာတို့ သုံးနေတာပါ)    

✍️✍️✍️