Chapter 75 စူးချင်း ဒေါသထွက်သွားတယ်
Viewers 17k

အခန်း ၇၅ စူးချင်း ဒေါသထွက်သွားတယ်

"ရှောင်ယင်၊ ဒီစကားတွေကို မင်းစိတ်ထဲမှာပဲ ထားတာ ပိုကောင်းလိမ့်မယ်။ ဘယ်သူ့ကိုမှ ထပ်မပြောနဲ့တော့”

စူးချင်းက ထူးထူးခြားခြား တင်းမာနေသည့်အမူအရာဖြင့် ကျိရှောင်ယင်ကို တားမြစ်လိုက်သည်။ သူမ၏တင်းမားနေသည့်လေသံက ကျိရှောင်ယင်ကို အလွန်ထိတ်လန့်သွားစေပြီး ကျိရှောင်ယင်က သူမခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြနေသည်။

အစ်မက သူမကို ဘာကြောင့် စိတ်ဆိုးပြီး ဒေါသထွက်သွားလဲဆိုတာကို သူမ နားမလည်ပေမယ့် သူမရဲ့မွေးစားအဖေ ပြောခဲ့တဲ့စကားကိုတော့ သူမ မှတ်မိနေပါသေးတယ်။ မွေးစားအဖေကလည်း အစ်မလိုပဲ သူမအစ်ကိုကြီးရဲ့ ကျက်သရေရှိတဲ့ မျက်နှာအကြောင်း ဘယ်သူကိုမှ မပြောရဘူးလို့ ပြောခဲ့ဖူးတယ်။

ကျိရှောင်ယင်က  သူမကို ကြောက်ရွံ့နေပြီး ကျားတစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံနေရသာ ဆတ်ကလေးတစ်ကောင်၏မျက်ဝန်းများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် စူးချင်းက သူမ၏လေသံကို လျော့ချလိုက်ပြီး ကျိရှောင်ယင်ကို ပြန်ချော့လိုက်သည်။

"ရှောင်ယင်က ယောက်ျားလေး အဝတ်အစားနဲ့ တော်တော် ကြည့်လို့ ကောင်းတယ်!"

စူးချင်း ပြန်ပြုံးလိုက်သည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်၏ တင်းကျပ်နေသော အာရုံကြောများက နောက်ဆုံးတွင် ပြန်လည်ပြေလျော့သွားခဲ့ပြီး သူမလည်း ပြုံးလိုက်ကာ စက်ဝိုင်းပုံ လှည့်ပတ်လိုက်သည်။

“ကြည့်လို့ ကောင်းလား?"

"ကောင်းတယ်၊ ငါ မင်းကို ဆံပင်ကူ ဖြီးပေးမယ်"

ကျိရှောင်ယင် မကြောက်တော့သည်ကို မြင်လိုက်မှ စူးချင်းက  ညင်ညင်သာသာ ထပ်ပြောလိုက်သည်။ ကျိရှောင်ယင်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး သူမ၏အစ်မညီမ ဆံပင်ဖြီးပေးမည်ကို စောင့်နေခဲ့သည်။

သူမ ငယ်ငယ်လေးကတည်က သူမမှာ မိခင်မရှိတာကြောင့် အဒေါ်ချိုးနဲ့ အဒေါ်လီတို့က သူမရဲ့ဆံပင်ကို ဖြီးဖို့ ရံဖန်ရံခါ ကူညီပေးကြတယ်။ သူမက သူမကို အမေလို  ဆက်ဆံပေးမယ့် တစ်စုံတစ်ယောက် ဒါမှမဟုတ် သူမကို ချစ်ခင်အလိုလိုက်မယ့် အစ်မအရင်းတစ်ယောက်ရှိဖို့ သူမ တောင့်တခဲ့တယ်။

အခု  စူးချင်းဆီက ဒီလိုနွေးထွေးမှုမျိုးကို သူမ ခံစားခဲ့ရတာကြောင့် သူမက စူးချင်းအပေါ် မှီခိုနေမိတယ်။

"သွားကြရအောင်၊ မင်းအစ်ကိုနဲ့ တာ့နျိုတို့အတွက် အဝတ်အစားတွေ သွားရွေးကြမယ်"

စူးချင်းက ကျိရှောင်ယင် ပြုံးနေသည်ကို မြင်နေရပြီး သူမကို အဝတ်လဲခန်းထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ တံခါးဝတွင် စောင့်နေသော ဆိုင်ရှင်က သူမတို့ အဝတ်အစားများ လဲဝတ်ထားသည်ကို ကြည့်နေပြီး အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။

ချမ်းသာတဲ့မိသားစုက မိန်းခလေးတွေက ဒီလိုယောက်ျားလေး အဝတ်ကို ကြိုက်တက်တဲ့ ထူးထူးဆန်းဆန်း အလေ့အထတွေ ရှိတာလား?

သူဌေး၊ စားနပ်ရိက္ခာတွေကို လှည်းပေါ်တင်နေတဲ့ လူသုံးယောက်ကို တွေ့လား? သူတို့ရဲ့အရပ်အမောင်းနဲ့ လိုက်ဖက်မယ့် အဝတ်သုံးစုံနဲ့ ဖိနပ်သုံးစုံလောက် ထပ်ရွေးပေးပါဦး"

စူးချင်းက ကျိရွှေရှန့်၊ လီတာ့နျိုနှင့် ချိုးယုံခန်းတို့ကို ညွှန်ပြရင်း ဆိုင်ရှင်ကို လှမ်းပြောလိုက်သည်။ ဒီနေ့ သူတို့သုံးယောက်က သူမကို ပစ်မထားခဲ့ပဲ အတူတူ တိုက်ခိုက်ပေးခဲ့တယ်။ ဒီသစ္စာစောင့်သိမှုအတွက် သူမ သူတို့ကို လက်ဆောင်ပေးသင့်တယ်။

"မင်း ဝတ်ထားတဲ့ ဝတ်စုံနဲ့ အရည်အသွေးတူတာကို လိုချင်တာလား? ဒါမှမဟုတ် ပိုကောင်းတဲ့ ၀တ်စုံကို လိုချင်တာလား?"

ဆိုင်ရှင်က တံခါးဝတွင် ရပ်လိုက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ လူသုံးယောက်၏ အရပ်အမောင်းနှင့် ကိုယ်ထည်ကို ခန့်မှန်းနေရင်း စူးချင်းကို ပြန်မေးလိုက်သည်။

နည်းနည်းပိုကောင်းတာ”

စူးချင်းက ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ သူများကို လက်ဆောင်ပေးမှတော့ မကောင်းတဲ့ အရာတစ်ခုကို ပေးဖို့ မသင့်တော်ဘူးလေ။ နည်းနည်းကောင်းတာလေး တစ်ခုခု ပေးမှ စိတ်ရင်းကို ပြရာရောက်လိမ့်မယ်။

"ကောင်းပြီ၊ ခဏစောင့်ပေးပါဦးနော်။ ငါ မင်းတို့အတွက် ချက်ချင်း သွားရွေးပေးပါ့မယ်"

ဆိုင်ရှင်သူဌေးက အလွန်ပျော်ရွှင်နေသည်။ ဒီနေ့တော့ ကြွယ်ဝခြင်းနတ်ဘုရာကို  အသီးအနှံတွေ ကပ်လှူပြီး နံ့သာပေါင်းနဲ့ ပူဇော်ရမယ်။ ဒါက ဒီနှစ်ဝက်အတွင်း အကြီးမားဆုံး ရိတ်သိမ်းမှုကြီးပဲ။

"သူဌေး၊ ငါတို့က အဝတ်အစားတွေ အများကြီးဝယ်တာဆိုတော့ အဲ့တစ်စုံစီအတွက် ခြေအိတ်တစ်စုံ ပေးပါလား?"

ပထမတစ်ကြိမ်တွင် စူးချင်းက ဘာမှ မတောင်းဆိုဘဲ ယခုတကြိမ်တွင်တော့ သူမဘက်မှ စတင်တောင်းဆိုလိုက်သည်။

ပုံမှန်ဆိုရင် သာမာန်အထည်ဆိုင်က အဝတ်အစားတွေက စျေးအများကြီး မတင်ထားတက်ပေမယ့် သူမက လှည့်စားဖို့ လွယ်တဲ့ လူနုံလူအလို့တော့ အထင်မခံချင်ဘူးလေ။

“… ဒါ? ကောင်းပါပြီ!"

ဆိုင်ရှင်သူဌေး၏နှလုံးသားလေး အနည်းငယ် နာကျင်သွားရသည်။ ငါက သူမကို ရက်ရောတဲ့ မိန်းခလေးတစ်ယောက်လို့ ထင်ခဲ့တာလေ။ ချမ်းသာတဲ့သူတွေက ဘာလို့ ဈေးဆစ်နေရတာလဲ?

ဒါပေမယ့်လည်း ဒီလို ပေးလိုက်ရရင်တောင် သူ့အတွက် အမြတ်ငွေတော်တော်များများ ကျန်နိုင်ပါသေးတယ်။ တစ်ခါတလေမှာ အများကြီးမဝယ်တဲ့သူတွေကိုတောင် ဒီထက်ပိုပြီး စျေးလျော့ပေးရဖူးတယ်။ တစ်ခါမှ ဒီလောက် အများကြီး မရောင်းဖူးဘူး။

"သူဌေး၊ ကျေးဇူးပြုပြီး ငါတို့ရဲ့အဝတ်အစားတွေကို သီးသန့် ထုပ်ပိုးပေးပါလား?"

စူးချင်းက ဆိုင်ရှင်သူဌေးကို ထပ်တောင်းဆိုလိုက်သည်။ သူမက လူအိုကြီးချင် ပေးခဲ့တဲ့ အဲ့ဒိအစိမ်းရောင်ဝတ်စုံလေးကို အရမ်းသဘောကျတယ်။ ကျင့်ရှီလျိုမြောင်ကို ရောက်ရင် သူမ အဲ့ဝတ်စုံကို ပြန်ဝတ်ချင်တာကြောင့် အဲ့၀တ်စုံနှစ်စုံကို ထုတ်ပိုးပေးဖို့ ဆိုင်ရှင်ကို တောင်းဆို လိုက်တာပါ။

ကောင်းပြီ”

ဆိုင်ရှင်က သဘောတူလိုက်ပြီး သူမတို့၏အဝတ်အစားများကို ကူထုပ်ပေးရန် တစ်စုံတစ်ဦးကို ချက်ချင်း စေလွှတ်လိုက်သည်။ ကျွမ်းကျင်ပညာရှင်များက အဝတ်များကို သပ်သပ်ရပ်ရပ် ခေါက်ပေးလိုက်သောကြောင့် စူးချင်းတစ်ယောက် အကျေနပ်ကြီး ကျေနပ်နေတော့သည်။

မိန်းခလေး၊ အထည်ကြမ်းဆယ်စုံက တစ်စုံကို ကြေးပြားငါးရာ၊ ဆယ်စုံဆိုတော့ စုစုပေါင်း ငွေငါးလျန် ကျသင့်ပါတယ်။ နည်းနည်းပိုကောင်းတဲ ဒီယောက်ျားဝတ်သုံးစုံက တစ်စုံကို ငွေနှစ်လျန်၊ စုစုပေါင်းငွေခြောက်လျန်၊ ဖိနပ်သုံးစုံက စုစုပေါင်း ကြေးပြားသုံးရာ ကျသင့်ပါတယ်။ အဲ့တာကြောင့် စုစုပေါင်း ငွေဆယ့်တစ်လျန်နဲ့ ဝမ်သုံးရာ ကျသင့်ပါလိမ့်မယ်”

 

ဆိုင်ရှင်က သူ၏ ဧရာမပေသီးဖြင့် ရေတွက်နေရင်း ကျသင့်ငွေကို ပြောပြနေသည်။ ငွေပမာဏကို ကြားလိုက်ချိန်တွင် ကျိရှောင်ယင်၏နှလုံးသားက နာကျင်သွားပြီး သူမက စူးချင်းကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်မ၊ အရမ်းစျေးကြီးတယ်"

မိန်းခလေး၊ ဈေးမကြီးပါဘူး။ ဒီအဝတ်အစားတွေကို ပုံမှန်အချိန်မှာတောင် အနည်းဆုံး ငွေတလျန်နဲ့ ရောင်းချတာပါ။ အခုက ကောင်းတဲ့နှစ်မဟုတ်တော့ ငါတို့က အနိမ့်ဆုံးစျေးအထိ လျော့ချပေးထားတာပါ။ ဒီထက်လျှော့ရောင်းရင် ငါတို့ဆိုင်က ငွေတွေတောင်မှ ဆုံးရှုံးရလိမ့်မယ်။ ပြီးတော့ ငါ မင်းတို့ကို ခြေအိတ်ဆယ့်သုံးစုံ အပို ပေးထားပြီးပြီးလေ။ ခြေအိတ်တစ်စုံက အနည်းဆုံး ကြေးပြားရှစ်ပြား ကျသင့်တာ မဟုတ်ဖူးလား"

စျေးနှုန်းနှင့်ပတ်သက်၍ ကျိရှောင်ယင်၏စောဒကတက်မှုကို ကြားလိုက်ချိန်တွင် ဆိုင်ရှင်သူဌေးက ဤအ‌ရောင်းအဝယ်ကို  လက်လွတ်မခံချင်သောကြောင့် သူ၏ကြိုးစားအားထုတ်မှုအကြောင်း အမြန် ရှင်းပြလိုက်သည်။

"မပြောနဲ့တော့!"

စူးချင်းက သူ့စကားကို တားဆီးရန် သူမ၏လက်ကို မြှောက်လိုက်ပြီး လျန်ငါးဆယ်တန် ငွေစက္ကူကို ကောင်တာပေါ်သို့ ပစ်တင်ပေးလိုက်သည်။

"ဒီအပိုင်းအစတွေ အကုန်လုံး ငါ့အတွက် ထုပ်ပေး"

စူးချင်းက မြေပြင်ပေါ်ရှိ အထည်ပုံကြီးကို လက်ညှိုးထိုးပြပြီး ဆိုင်ရှင်ကို ထပ်ပြောလိုက်သည်။ သူက သူမတို့ကို ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုတော့ မေ့သွားခဲ့တယ်။ ဒါပေမယ့် သူ အရေးမကြီးဘူး၊ နောက်ဆုံးအချိန်မှာ သူ မမေ့သွားရင် ရပြီ။

ကောင်းပါပြီ”

ဆိုင်ရှင်က ခေါင်းမညိတ်ချင်သော်လည်း ခေါင်းညိတ်လိုက်ရသည်။

ဒီမိန်းခလေးက အထည်စအနည်းငယ်ပဲ လိုချင်တယ်လို့ သူ ထင်ခဲ့တာ။ အဆုံးမှာတော့ သူမက အားလုံးကို လိုချင်နေတယ်။ ဟေး... ဟေး... ဟေး... ခုနက ဘယ်သူက မင်းကို သဘောတူခိုင်းလို့လဲ?

စူးချင်းနှင့် ကျိရှောင်ယင်က အဝတ်အိတ်ကြီးတစ်လုံးဖြင့် ဆိုင်ထဲမှ ကျေကျေနပ်နပ် ပြန်ထွက်ခွာလာခဲ့သည်။ ကျိရွှေရှန့်နှင့် သူ့သူငယ်ချင်းများက စားနပ်ရိက္ခာများကို လှည်းပေါ်တင်၍ ပြီးလုနီးပါးဖြစ်သော်လည်း ပြဿနာ ရှိနေသည်မှာ သူတို့က လှည်းတစ်စီးသာ ယူလာပြီး အစားအစာများကို အလွန်အကျွံ ဝယ်မိသောကြောင့် ထိုလှည်းနှင့် မဆံတော့ခြင်းပင်။

"ရွှေရှန့်၊ ငါတို့ ဘာလို့ လှည်းမဝယ်ရမှာတာလဲ? ငါတို့မှာ မြင်းအပိုတွေရှိတယ်လေ၊ လှည်းဆွဲဖို့နဲ့ အစာတွေသယ်ဖို့ အဲ့မြင်းတွေကို သုံးနိုင်တယ်”

ထိုနှစ်ယောက် စကားပြောနေစဉ် ချိုးယုံခန်း၏နှလုံးသားက နာကျင်လာသည်။ သူ့မှာ ငွေလေးဆယ့်ရှစ်လျန်ပဲ ကျန်တော့တယ်၊ လှည်းတစ်စီးဆိုရင် ငွေဘယ်နှစ်လျန်တောင် ပေးရမှာလဲ?

"အဲဒါ ကောင်းတယ်"

ကျိရွှေရှန့်က မြေပြင်ပေါ်ရှိ စပါးအိတ်ကြီးနှစ်လုံးကို ကြည့်ရင်း စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။ လှည်းထပ်ဝယ်ရင် စပါးများများ ပိုဝယ်နိုင်လိမ့်မယ်။ ဒီနှစ် မိုးခေါင်ရေရှားမှု ပြင်းထန်တော့ စပါးအထွက်နှုန်း လျော့ကျသွားပြီး ဈေးနှုန်းက ထပ်တက်လာနိုင်သေးတယ်။

ဘယ်မှာ လှည်းဝယ်လို့ ရနိုင်မလဲလို့ သူဌေးကို မေးလိုက်”

ချိုးယုံခန်းက ဆိုင်ရှင်သူဌေးထံမှ မေးမြန်းစုံစမ်းရန် ဆိုင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ မည်သို့ပင် ဖြစ်စေ သူတို့က ဤနေရာနှင့် မရင်းနှီးသောကြောင့် မည်သည့်နေရာတွင် ရောင်းမှန်းပင်  မသိပေ။ ကြိုတင် မေးမြန်းစုံစမ်းခြင်းက မလိုလားအပ်သော ဒုက္ခများကို ရှောင်ရှားနိုင်ပေလိမ့်မည်။

"အစ်ကိုကြီး၊ အစ်မက အစ်ကိုကြီးအတွက် အဝတ်အစားတွေ ဝယ်လာတယ်"

ကျိရှောင်ယင်က ဝမ်းသာအားရ ပြေးလာပြီး စူးချင်း ကျိရွှေရှန့်အတွက် ဝယ်ခဲ့သော အဝတ်အစားများ ကိုင်ဆောင်ကာ ကျိရွှေရှန့်နှင့် ကျန်လူများအား  ပျော်ပျော်ရွှင်ရွှင် ပြသနေသည်။

"သူ(မ)က ဘယ်လိုဖြစ်လို့ အဲ့လို ဝယ်လာရတာလဲ?"

ကျိရွှေရှန့်က အဝတ်အစားများကို မကြည့်ဘဲ စူးချင်းကိုသာ ကြည့်နေပြီး သူ့အမူအရာက အနည်းငယ် လက်မခံနိုင်သလို သဘာဝမကျ ဖြစ်နေခဲ့သည်။ အမြဲတမ်းယောကျ်ားတွေကပဲ မိန်းမတွေကို ဝယ်ပေးရတာလေ။ ဒီလို ပြောင်းပြန်နည်းလမ်းကြီးက ဘယ်လို ဖြစ်နိုင်မှာလဲ?

(T/N: အဲ့အတွဲက ပြောင်းပြန်နော်၊ အမကြီးက အရမ်းအမ်းတာပဲ... အစ်ကိုကြီးကလည်း ဆေးတိုက်တာတောင် သူ့နှုတ်ခမ်းကို ထိလို့ သူ နစ်နာတာကို စူးချင်းက တာဝန်ယူရမယ်ဆိုပဲ...)

ပြီးတော့ စူးချင်းက သူ့အတွက်သာမကဲ သူတို့ အားလုံးအတွက် ဝယ်လာခဲ့တာကြောင့် သူက သူမအတွက် ထူးခြားမှု မရှိဘူးလို့ သက်သေပြနေခဲ့တယ်။

ထိုအတွေးပေါ်လာသည်နှင့် တပြိုင်နက် ကျိရွှေရှန့်က သူက ရယ်စရာကောင်းနေကြောင်း သူ့ကိုယ်သူ ပြန်သတိပြုလိုက်မိသည်။

သူနဲ့ စူးချင်းမှာ ဘာဆက်ဆံရေးရှိလို့လဲ? သူဘ ဘာလို့ စူးချင်းက သူ့ကို တခြားသူတွေနဲ့ မတူအောင် ဆက်ဆံပေးဖို့ မျှော်လင့်နေရတာလဲ?

ကျိရွှေရှန့်က စူးချင်းကို အဝတ်အစားများအတွက် ပိုက်ဆံပြန် ပေးချင်နေသော်လည်း ငွေတစ်လျန်ပင် မထုတ်နိုင်ပေ။

ပိုက်ဆံရှိတဲ့‌ယောကျ်ားကမှ ယောကျာ်းဖြစ်ပြီး ငွေမရှိတဲ့ ဘဝက ခက်ခဲလွန်းတယ်။

 ကျိရွှေရှန့်၏အမူအရာက အဆင်မပြေ ဖြစ်နေပြီး သူက ရှက်ရွံ့နေပုံရသည်။

ဒီ နှစ်ရာ့ငါးဆယ်လျန်က ရှင် ရသင့်တဲ့အရာပဲ”

စူးချင်းက လျန်ငါးဆယ်တန် ငွေစက္ကူငါးရွက်ကို ထုတ်ယူပြီး ကျိရွှေရှန့်ကို လှမ်းပေးလိုက်သည်။ သူမ၏မျက်နှာက အေးစက်နေပြီး သူမ၏အသံကလည်း မနွေးထွေးဘဲ အထက်လူကြီးက သူ့၏လက်အောက်ငယ်သားကို အေးတိအေးစက် ပြောနေသကဲ့သို့ပင်။

"ဘာလို့ ငါ ရသင့်​တာ​ ဖြစ်​​နေတာလဲ?"

ကျိရွှေရှန့်က စူးချင်းကြောင့် စိတ်ရှုပ်သွားရပြန်သည်။ သူမက အဝတ်အစားတွေ ပေးရုံသာမကဘဲ ငွေစက္ကူတွေတောင် ပေးနေသေးတယ်။ ဒီမိန်းမက ဘာတွေလုပ်နေတာလဲ?

အဘိုးကြီးချင်က သူ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်ဖို့ ငွေလျန်ငါးရာ ပေးခဲ့တယ်။ ကျွန်မတို့ အတူတူလုပ်ခဲ့တာဆိုတော့ ပိုက်ဆံကို အညီအမျှ ခွဲဝေယူသင့်တယ်”

စူးချင်းက စိတ်မရှည်စွာဖြင့် ငွေစက္ကူများကို ကျိရွှေရှန့်၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။ သူမက ခေတ်မီသူတစ်ယောက်ဖြစ်ပြီး ယောက်ျားနှင့်မိန်းမကြားမှ ကြီးမားသောစည်းမျဉ်းများနှင့်ပတ်သက်၍ ဘာမှ မခံစားရပေ။ သူမက ကျိရွှေရှန့်၏လက်ကို ကိုင်လိုက်သော်လည်း သူမ၏စိတ်ထဲတွင် အမှားအယွင်း ရှိနေသည်ဟု မသတ်မှတ်ပေ။

ချိုးယုံခန်းနှင့် လီတာ့နျိုတို့က စပါးဆိုင်ထဲမှ ပြန်ထွက်လာကြပြီး စူးချင်းက ကျိရွှေရှန့်၏လက်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ လီတာ့နျိုက ချိုးယုံခန်းကို အကြည့်ဖြင့် မေးမြန်းလိုက်သည်။

‘ဘာတွေ ဖြစ်နေတာလဲ? သူတို့ကြားမှာ တစ်ခုခုဖြစ်နေပြီလား’

‘ငါလည်း မသိဘူး"

ချိုးယုံခန်းက သူ့လက်များကို ကူကယ်ရာမဲ့ ဖြန့်ပြကာ ပခုံးတွန့်လိုက်ပြီး အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

စူးချင်းက သူတို့ကို မြင်ပြီး ရှက်သွားမည်ကို စိုးရွံ့နေသောကြောင့် သူတို့နှစ်ယောက်လုံး ထိတ်လန့်နေကာ စကားပင် မပြောရဲကြတော့ပေ။

"ယုံခန်း၊ ငွေစက္ကူတွေကို သိမ်းထားပြီး ဒီအဝတ်သုံးစုံအတွက် စူးချင်းကို ငွေပြန်ပေးလိုက်ပါ"

စူးချင်းက သူ့လက်ကို ဆွဲလိုက်ပြီးနောက် သူ့လက်က ထုံကျင်သွားသည်ဟု ကျိရွှေရှန့် ခံစားလိုက်ရသည်။ ထိုငွေစက္ကူငါးရွက်က သူ့အတွက် ယမ်းစိမ်းကဲ့သို့ ပူလောင်နေသော ချိုးယုံခန်းထွက်လာသည်ကို မြင်သောအခါ သူက ထိုငွေစက္ကူများကို ချိုးယုံခန်းထံ အမြန်ပစ်ပေးလိုက်သည်။

ချိုးယုံခန်းက သူ့လက်ထဲသို့ရောက်လာသော ငွေစက္ကူများကို ကြည့်လိုက်ပြီး ထိတ်လန့်တကြားဖြစ်သွားကာ ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။

"ဒါက ဘယ်က ငွေတွေလဲ?"

✍️✍️✍️