Chapter 76 စျေးကွက်ကို ချုပ်ကိုင်သူ
Viewers 17k

အခန်း ၇၆ စျေးကွက်ကို ချုပ်ကိုင်သူ

ခုနက သူ ပိုက်ဆံအတွက် စိတ်ပူနေတာလေ၊ အခု ပိုက်ဆံ ရှိလာပြီ၊ ဒါပေမယ့် ပိုက်ဆံတွေက အရမ်းများနေတာ မဟုတ်ဘူးလား?

ချိုးယုံခန်းက သူ ပျော်ရမလား စိတ်ပူရမလားပင် မသိတော့ဘဲ ဘယ်ကရောက်လာမှန်းမသိသော  ပိုက်ဆံများကိုလည်း လက်မခံဝံ့ပေ။

ကျိရွှေရှန့်က စူးချင်းကို ညွှန်ပြလိုက်ပြီး "စူးချင်း ငါ့ကို ပေးတာ"

"မိန်းခလေးစူး၊ ဒါက ဘာအတွက်လဲ?"

ချိုးယုံခန်းက အရာရာကို အောက်ခြေအထိ စူးစမ်းတက်သော လူမျိုးဖြစ်ပြီး ထိုငွေစက္ကူကို လက်ခံခြင်းမပြုမီ ရှင်းရှင်းလင်းလင်း မေးရမည် ဖြစ်သည်။

"ဒါက အကြီးအကဲချင် ပေးလိုက်တာ။ ကျွန်မတို့ ဒါကို သက်စောင့်စောင့် လုပ်ပေးလို့ ရတဲ့ အခကြေးငွေအဖြစ် သတ်မှတ်လို့ ရတယ်!”

စူးချင်းက ခဏ စဉ်းစားနေပြီးမှ နောက်ဆုံးတွင် 'သက်တော်စောင့်' ဟူသော စကားလုံးကို ရွေးချယ်လိုက်သည်။ ဒီခေတ်မှာ အစောင့်အရှောက်အနေနဲ့ လုံခြုံရေးကို တာဝန်ယူပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေရှိနေတော့ သူ သူမ ပြောတာကို နားလည်လိမ့်မယ်လို့ သူမ ယုံကြည်တယ်။

အိုး၊ ငါ အခု မှတ်မိပြီ။ လူကြီးမင်းချင်က မင်းကို လျန်တစ်ထောင်တန်ငွေစက္ကူတစ်ရွက် ပေးခဲ့တယ်"

လီတာ့နျိုက ရုတ်​တရက် ထ​​အော်​လိုက်သောကြောင့် ကျိရွှေရှန့်က သူ့နှဖူးကို ထပ်​တောက်​လိုက်​သည်​။

လျန်တစ်ထောင်ထဲက ငါးရာက စူးချင်းရဲ့ဆေးကုခ‌လေ။ မင်းက အဲဒါကို တွေးနေတုန်းလား?”

ငါ အဲဒါကို မစဉ်းစားဘူး။ မင်းက ဘာလို့ ငါ့ကိုပဲ အထင်မှားနေရတာလဲ?"

လီတာ့နျိုက သူ့နဖူးကို အုပ်ထားပြီး ကျိရွှေရှန့်ကို ကြည့်နေကာ သူ ငိုချင်နေသော်လည်း မျက်ရည်က ကျမလာပေ။

ဒီပိုက်ဆံက ဘယ်ကနေလာတာလဲလို့ သူတို့ပဲ မေးနေကြတာ မဟုတ်ဘူးလား? ငါက ပြောပြရုံလေးလေ။ ငါလည်း မလိုချင်ပါဘူးကွ။

စူးချင်းက သူ့ကို နားလည်မှုလွဲမည်ကို စိုးရိမ်သောကြောင့် လီတာ့နျိုက သူ့ခေါင်းမှ နာကျင်မှုကို လျစ်လျူရှုပြီး သူမဆီသို့ ပြေးသွားလိုက်သည်။

"စူးချင်း ငါ့ကို နားလည်မှု မလွဲပါနဲ့။ ငါ မင်းပိုက်ဆံကို မလိုချင်ပါဘူး"

အင်း”

စူးချင်းက သူ့စကားကို အသိအမှတ်ပြုပေးလိုက်သည်။ လီတာ့နျို၏မျက်လုံးများတွင် အစမှ အဆုံးအထိ လောဘအရိပ်အယောင်များ မရှိခဲ့ပေ။ သူက ရိုးသားသူဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ပြောမိခြင်း ဖြစ်ပြီး ယုတ်မာသော ရည်ရွယ်ချက် မရှိပေ။

ဒါဆိုရင် အရမ်းကောင်းတယ်။ ငါတို့မှာ ပိုက်ဆံရှိလာပြီဆိုတော့ လှည်းနှစ်စီးလောက် ထပ်ဝယ်လို့ ရတယ်။ ဘာပဲဖြစ်ဖြစ် မြင်းတွေ အများကြီးရှိနေတာပဲ။ စူးချင်းရဲ့အဝတ်အစားဖိုးက ဘယ်လောက်လဲ?”

ချိုးယုံခန်းက ရယ်မောလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ သူတို့နဲ့အတူ စားစရာတွေ ထပ်ယူသွားနိုင်တော့မှာမို့ သူ အရမ်း ပျော်နေတယ်။

သူက ငွေတစ်ချို့ကို ထုတ်လိုက်ပြီး စူးချင်းကို အဝတ်အစားဖိုး ပြန်ပေးရန် ကျသင့်ငွေကို လှမ်းမေးလိုက်သည်။

"အဲ့တာတွေက ရှင်တို့အတွက်၊ ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တာ"

စူးချင်းက ဘာအမူအရာမှ မရှိဘဲ သူ့ကို  ငြင်းဆိုလိုက်ပြီး သူမ၏လေသံက အရင်အတိုင်း အေးစက်နေဆဲဖြစ်သည်။ သို့သော် ချိုးယုံခန်းက သူမ၏စကားများမှတဆင့် ဤမိန်းကလေးက ကျေးဇူးတရားနှင့် ရန်ငြိုးကို ရှင်းရှင်းလင်းလင်း ခွဲခြားတက်ကြောင်း သိလာရသည်။ သူမက သူမအတွက် ကောင်းသောအရာများကို နားလည်ပြီး သူမအပေါ် ပြသခဲ့သည့် ကြင်နာမှုကို ပြန်လည်ပေးဆပ်မည့်သူတစ်ဦးဖြစ်ကြောင်း သူ ခံစားလာရသည်။ သူ သူမကို ငွေပြန်ပေးရန် အတင်းတောင်းဆိုမိပါက သူတို့ဘက်မှ လွန်သွားနိုင်ကြောင်း တွေးလိုက်မိသောကြောင့် ချိုးယုံခန်းက ပြုံးလိုက်ပြီး ငွေကို ပြန်သိမ်းလိုက်ကာ စူးချင်းကို ဦးညွှတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စူးမိန်းခလေး"

ကျိရွှေရှန့်ကလည်း စူးချင်း၏စိတ်နေသဘောထားကို သိနေခဲ့သည်။

သူမ ပေးမယ်လို့ ပြောတဲ့ အဝတ်အစားတွေက ပိုက်ဆံပြန်ပေးမိရင် သူမက အဲ့အဝတ်အစားတွေကို အပိုင်းပိုင်း ဖြတ်ပြီး လွှင့်ပစ်လိုက်မှာ သေချာနေတယ်။

"တာ့နျို၊ ဒါတွေကို စောင့်ကြည့်ထားလိုက်ဦး။ ငါတို့ လှည်းသွားဝယ်လိုက်ဦးမယ်"

စူးချင်း၊ ကျိရွှေရှန့်၊ ကျိရှောင်ယင်နှင့် ချိုးယုံခန်းတို့က လှည်းဝယ်ရန် အတူတူ ထွက်လာခဲ့ကြပြီး လီတာ့နျိုက စားစရာနှင့် အခြားပစ္စည်းများကို စောင့်ရှောက်ရန် ကျန်နေခဲ့သည်။

သူတို့ ရောက်သွားသောနေရာက စျေးကြီးတစ်ခု ဖြစ်ပြီး မြည်းများ၊ နွားများ၊ မြင်းများနှင့် သစ်သားဘီးတပ်လှည်းများနှင့် မြင်းလှည်းမျိုးစုံတို့ကို ရောင်းချသည့် စျေးကြီးဖြစ်သည်။

အတိုချုပ်ပြောရရင် မင်းမှာ ပိုက်ဆံရှိရင် ဘယ်လှည်းကိုမဆို ဝယ်လို့ရတယ်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က သစ်သားလှည်းကို ကြည့်ရန် သွားနေကြပြီး စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ ရထားလုံးများ လိုက်ကြည့်နေခဲ့သည်။ သူမက အဆီပိုမရှိသော ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသည့် အနီရောင်မြင်းတစ်ကောင်ကို မျက်စိကျနေခဲ့သည်။ ထိုမြင်း၏အနီးနားတွင်လည်း အတော်လေးကြီးမားသော ရထားလုံးတစ်စီးရှိနေသည်။ သူမတို့အရင်က စီးဖူးသော လူအိုကြီးချင်၏ရထားလုံးလောက် အဆင့်အတန်း မမြင့်ဘဲ အနည်းသေး ပိုသေးသော်လည်း မရှိမဖြစ် လိုအပ်သည့်အရာများ ရှိနေသောကြောင့် ပြည့်စုံသည်ဟု ဆိုနိုင်သည်။ သူမက ထိုရထားလုံးကို ကြည့်ရန် ပိုင်ရှင်ကို ကန့်လန့်ကာ ဖွင့်ခိုင်းလိုက်သည်။

ရထားလုံးက လူလေးငါးယောက်လောက် ထိုင်နိုင်အောင် ကျယ်ဝန်ပြီး ခုံတန်းများ ပါရှိကာ တင်ပါးများကို မထိခိုက်စေရန် ထိုခုံတန်းလျားများကို ဂွမ်းစများဖြင့် အသေအချာ ပတ်ထားပြီး ထိုင်ဖုံများ ပြုလုပ်ထားသည်။

စူးချင်းက သူမ လက်ခံနိုင်သည့် အခြေအနေတွင် ရှိသည်ဟု  ခံစားမိသောကြောင့်  ဈေးမေးလိုက်သည်။

ဒီလူငယ်လေးက မျက်လုံးကောင်းတယ်။ ငါတို့ မိသားစုရဲ့ရထားလုံးကို ဝယ်ယူတာက မင်းအတွက် အကျိုးအမြတ်ရမှာ သေချာတယ်။ ဒီတစ်စျေးလုံးမှာ ငါတို့ ရထားလုံးထက် ပိုကောင်းတဲ့ ရထားလုံးကို မင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ငါ မင်းဆီက ပိုက်ဆံ အများကြီး တောင်းမှာ မဟုတ်ဘူး။ ငါ့ကို လျန်ငါးဆယ်ပဲ ပေးပါ၊ မင်း တစ်ခါတည်း မောင်းသွားလို့ရတယ်”

ရထားလုံးပိုင်ရှင်က စူးချင်းအပေါ် အခွင့်ကောင်းယူရန် ကြိုးစားနေပုံရပြီး သူက ကြာပွတ်ကို ကိုင်ကာ သူ့ရထားလုံးကို ကြွားဝါနေသည်။ ထိုလူက အရပ်ရှည်ကာ သန်မာသော အမျိုးသားတစ်ယောက်ဖြစ်ပြီး ဆံပင်ထူထူ၊ မျက်ခုံးထူထူနှင့် မုတ်ဆိတ်မွေးများလည်း ရှိနေသေးသည်။ သူ့၏နှာခေါင်းက တစ်စုံတစ်ယောက်ကြောင့် ကျိုးခဲ့ပုံရပြီး ကောက်ကွေ့နေသည့်အပြင် သူ့မျက်ခုံးကလည်း ကွဲထားဖူးပုံရသည်။ သူ၏ပွင့်နေသောအင်္ကျီက သူ့၏နက်မှောင်သော ရင်ဘတ်အမွေးအမှင်များကို ပေါ်လွင်နေစေပြီး သူ့ကို ပို၍ ရဲရင့်သော အသွင်အပြင် ဖြစ်ပေါ်နေစေသည်။

စူးချင်းနှင့် ကျိရှောင်ယင်တို့က ယောက်ျားလေးများကဲ့သို့ ၀တ်ဆင်ထားကြပြီး စူးချင်းက သူမ စကားပြောချိန်တွင် ကြမ်းတမ်းသော အသံဖြင့် တမင်တကာ ပြောဆိုနေသောကြောင့် ရထားလုံးပိုင်ရှင်က သူမ မိန်းခလေးဖြစ်သည်ကို မသိပေ။

သို့သော်လည်း သူမတို့နှစ်ဦးက အလွန်ငယ်ရွယ်ပုံပေါ်နေပြီး အသက်ပင် မပြည့်သေးဟု ထင်နေရသောကြောင့် ရထားလုံးပိုင်ရှင်က သူ့‌ရှေ့မှ လူငယ်လေးများကို ကမ္ဘာကြီးကို မမြင်ဖူးသော လူငယ်များဟုသာ တွေးနေခဲ့သည်။

သူက ဒီကောင်လေးတွေကို အရူးလုပ်ရင်တောင် ဒီကောင်လေးတွေက သိမှာ မဟုတ်ဘူး။

ငွေလျန်ငါးဆယ် ကုန်ကျမည်ဟု ကြားသောအခါ ကျိရှောင်ယင်က စိုးရွံ့လာပြန်သည်။

"ဒီလောက်စျေးကြီးတာလား?"

ငါ ဒီလူငယ်လေးပြောတာကို သဘောမကျဘူး။ မင်းက စျေးကွက်ကို သိလို့လား? ဘာကို ဒီလောက်စျေးကြီးတာလဲ? ဒီဈေးနဲ့ပဲ ရောင်းမယ်၊ မတတ်နိုင်ရင် မဝယ်နဲ့”

ကျိရှောင်ယင်က ဈေးကြီး‌ကြောင်း ပြောလိုက်သည်ကို  ကြားသွားသော ရထားလုံးပိုင်ရှင်က ချက်ချင်း မျက်မှောင်ကုတ်လိုက်ပြီး ဆိုးရွားသောလေသံဖြင့် ကျိရှောက်ယင်ကို အပြစ်တင်လိုက်သည်။ ရထားလုံးပိုင်ရှင်က ကျိရှောင်ယင်ကို ဆိုးဆိုးရွားရွား ဆက်ဆံနေသောကြောင့် စူးချင်း၏မျက်နှာက အေးစက်သွားသည်။

"ရှောင်ယင်... သွားရအောင်!"

ဒီလူရဲ့ စိတ်နေစိတ်ထားကြောင့် သူ့ရဲ့ရထားလုံးက ဘယ်လောက်ကောင်းနေပါစေ၊ သူမ မလိုချင်တော့ဘူး။

ရပ်လိုက်ကြစမ်း၊ မင်းတို့က ဈေးမေးပြီးမှ ဒီအတိုင်းထွက်သွား မလို့လား? မင်းတို့က ထန်မိသားစုရဲ့တတိယသခင်ဖြစ်တဲ့ ငါ့ကို မင်းတို့ရဲ့မျက်လုံးထဲ မထည့်ဘူးလား? ဒီဈေးမှာ ငါ့အမိန့် မပါပဲ မင်းကို ဘယ်သူမှ ရထားလုံး ရောင်းရဲမှာ မဟုတ်ဘူး"

စူးချင်းက မဝယ်တော့ကြောင်း နားလည်လိုက်သောကြောင့် ရထားလုံးပိုင်ရှင်က ဒေါသဖြစ်သွားပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့ကို တားဆီးရန် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူက သူမတို့ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေပြီး မဝယ်လျှင် ထွက်မသွားနိုင်ကြောင်းနှင့် ထွက်သွားလျှင် အရိုက်အနှက်ခံရနိုင်ကြောင်း သတိပေးခြိမ်းခြောက်နေပုံရသည်။

"အတင်းဖိအားပေးပြီး ဝယ်ခိုင်းနေတာလား?"

စူးချင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး တတိယသခင်ကြီးထန်ကို စိုက်ကြည့်နေကာ သူမ၏မျက်လုံးထဲတွင် လူသတ်ရိပ်များ ပြည့်နှက်နေသည်။

တကယ်လို့ သူမ ဒီနေ့ ကျင်းချန်ကနေ အလျင်စလို ထွက်ခွာချင်နေပြီး  ပြဿနာ မဖြစ်ချင်တာမျိုး မဟုတ်ရင် ဒီတတိယသခင်ဆိုတဲ့ ထန်မျိုးရိုးက ဒီအချိန်မှာ အလောင်းကောင် ဖြစ်နေလောက်ပြီ။

တတိယသခင်ကြီးထန်က စူးချင်း၏မျက်လုံးများမှ သတ်ဖြတ်ရိပ်များကို မြင်သွားပြီး တခဏမျှ အံ့အားသင့်နေခဲ့သည်။

ဒီလူငယ်လေးက အရပ်မရှည်သလို သူ့ခန္ဓာကိုယ်ကလည်း ပိန်လွန်းတယ်။ ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းရောင်ဝါကို သူ ဘယ်ကနေ ရလာခဲ့တာလဲ?

သူက ချမ်းသာတဲ့မိသားစုမှ သခင်ငယ်‌လေးတစ်ဦး ဖြစ်နိုင်လား? မဟုတ်သေးဘူး၊ သူဌေးသားတွေက ဒီလိုစုတ်ပြတ်နေတဲ့အဝတ်အစားတွေကို ဝတ်နိုင်ပါ့မလား?

ဒါပေမယ့် ဒီလို ပြင်းထန်တဲ့ ရောင်ဝါကို ထုတ်လွှတ်နိုင်တာက သာမန်လူ မဟုတ်ဘူး။ သူက  ကိုယ်ခံပညာရှင် ဖြစ်နိုင်လား?

တတိယသခင်ကြီးထန်က တုံ့ဆိုင်းနေပြီး အချိန်အတော်ကြာသည်အထိ မလှုပ်ရှားရဲတော့ပေ။

သူ စကားမပြောတာသည်ကို မြင်လိုက်သောကြောင့် စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ ဈေးထဲသို့ ဆက်လျောက်သွားသည်။ သို့သော်လည်း တတိယသခင်ကြီးထန် ပြောခဲ့သော စကားက အမှန်ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။  ရထားလုံး ရောင်းသူများက သူမနှင့် စီးပွားရေးစကားပင် မပြောရဲကြ‌ပေ။

စူးချင်းက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ကျိရှောင်ယင်ကို ဆွဲခေါ်ကာ ပြန်ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သူမ ပြန်ထွက်လာစဉ်တွင် ရထားလုံးအသစ်တစ်စီး ပြေးဝင်လာပြီး ရထားလုံးမောင်းလာသူက မြင်းဈေးမှ မဟုတ်ပေ။ ထိုရထားလုံး မောင်းဝင်လာသည်ကို မြင်သောအခါ တတိယသခင်ကြီးထန်က ရှေ့ထွက်လာပြီး ထိုရထားလုံးကို တားဆီးက စျေးစကားပြောချင်နေသော အခြားသူများက တတိယသခင်ကြီးထန် ထွက်လာသည်ကို မြင်သွားရုံဖြင့် ထွက်သွားကြတော့သည်။

"ဒီရထားလုံးက ဘယ်လောက်လဲ?"

တတိယသခင်ကြီးထန်က သူ၏အင်္ကျီရင်ဘတ်ကို ဖွင့်ထားပြီး အနက်ရောင်ရင်ဘတ်အမွှေးအမျှင်များကို ပြသနေကာ ရထားလုံးမောင်းလာသူကို မေးလိုက်သည်။ ထိုလူက ရထားလုံးပေါ်မှ အမြန်ဆင်းလာပြီး သူ့ကို ဦးညွှတ်လိုက်ကာ သခင်ကြီး၊ ငါ့ရဲ့ရထားလုံးက လျန်လေးဆယ်ပဲ ရှိပါတယ်”

"လျန်လေးဆယ်? မင်း ဘာလို့ တစ်ယောက်ယောက်ကို သွားမလုရက်တာလဲ?"

ရထားလုံးမောင်းလာသူ၏ စကားကို ကြားသောအခါ တတိယသခင်ကြီးထန်က ပေါက်ကွဲသွားပြီး ထိုလူအား မျက်လုံးပြူးဖြင့် ကြိမ်းမောင်းလိုက်သည်။

ရထားလုံးမောင်းလာသူက အလွန်စိတ်မကောင်းဖြစ်သွားပုံရသော်လည်း တတိယသခင်ကြီးထန်၏ ကြမ်းကြုတ်သည့် အမူအရာကို မြင်နေသောကြောင့် ဘာမှ ပြန်မပြောရဲပေ။ သူက မြင်းဇက်ကြိုးကို ဆွဲပြီး အတွင်းသို့ ဆက်လျှောက်ရန် ခြေလှမ်းစလိုက်သည်။

တတိယသခင်ကြီးထန်က သူ့လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး မြင်းဇက်ကြိုးကို ဖမ်းကိုင်လိုက်သည်။

လျန်နှစ်ဆယ်နဲ့ ငါ ယူမယ်”

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ပြီးတော့ ဒီရထားလုံး ငါ့အိမ်က ရထားလုံး မဟုတ်ဘူး၊ ငါ့သခင်ကြီးက ရောင်းဖို့ လွှတ်လိုက်တာ၊ လျန်လေးဆယ်အောက်ဆိုရင် မရောင်းဘူးလို့ သခင်ကြီးက မှာလိုက်တယ်”

ရထားထိန်းက စိတ်တိုသွားပြီး မြင်းဇက်ကြိုးကို ပြန်ဆွဲလိုက်သည်။

ဒီဈေးမှာ ငါဆိုတဲ့ တတိယသခင်ကြီးထန် ပြောတဲ့စကားက အတည်ပဲ။ ငါကလွဲရင် တခြားသူကို ရောင်းနိုင်မယ်လို့ မထင်နဲ့"

ရထားလုံးမောင်းလာသူက နာခံမှုမရှိသည်ကို မြင်လိုက်ရသဖြင့် တတိယသခင်ကြီးထန်က အင်အားသုံး လုယူတော့မည့် အမူအရာဖြင့် အရှက်မဲ့စွာ ပြုမူလာသည်။

"ငါ မရောင်းတော့ဘူး၊ ရပြီလား?"

သူ ထိုလူ့ကို စော်ကားရန် မတတ်နိုင်ကြောင်း နားလည်နေသော ရထားလုံးမောင်းလာသူက ရထားလုံးကို ဈေးထဲမှ ပြန်မောင်းသွားရန် ပြင်ဆင်လိုက်သည်။ တတိယသခင်ကြီးထန်က ခါးထောက်လိုက်ပြီး ရထားထိန်းကို တားဆီးလိုက်သည်။ "မင်းက ထွက်သွားချင်တာလား? ရတယ်လေ၊ ငွေငါးလျန် ပေးခဲ့"

"ဘာလို့လဲ?"

ရထားထိန်းက စိတ်ပူသွားသည်။ အတင်းအဓမ္မ ရောင်းခိုင်းလို့ မရတော့ ငွေကို လုရက်ဖို့ ကြိုးစားနေတာလား?

ဝင်ကြေးလေ။ ဘယ်သူက မင်းကို ဒီမြင်းဈေးထဲဝင်ဖို့ ခွင့်ပြုခဲ့လို့လဲ? ငွေမပေးရင် မင်းထွက်သွားလို့ မရဘူး"

တတိယသခင်ကြီးထန်က ရိုင်းစိုင်းပြီး ယုတ္တိလည်း မရှိပေ။ သို့သော် သူ့နောက်တွင် လူမိုက်လေးငါးယောက်ခန့် ရှိနေပြီး သူက တခြားသူကို လုရက်ရန် ကြံစည်နေကြောင်း သိသာထင်ရှားနေသည်။

စျေးအတွင်းရှိ အခြားရောင်းသူများကလည်း တတိယသခင်ကြီးထန်၏ အာဏာရှင်စရိုက်ကို သိထားပြီး ဖြစ်သည်။ သူတို့က ထိုရထားထိန်းကို စာနာစိတ်ဖြင့် ကြည့်နေကြသော်လည်း မည်သူမျှ သူ့အတွက် စကားမပြောရဲကြပေ။

မင်းက အနိုင်ကျင့်လွန်းတယ်။ ဒီမြင်းဈေးကို မင်းဆောက်တာ မဟုတ်ဘဲ အစိုးရက ဆောက်ခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ငါ့ပိုက်ဆံကို ယူချင်နေတာလဲ”

ရထားထိန်းက အလွန်ဒေါသထွက်နေပြီး တတိယသခင်ကြီးထန်နှင့် တရားနည်းလမ်းကျကျ ငြင်းခုန်ရန် သူ၏လည်ပင်းကို ဆန့်တန်းလိုက်သည်။

"ဒီလူက တော်တော်ဆိုးတာပဲ"

တတိယသခင်ကြီးထန်က ရထားထိန်းကို အနိုင်ကျင့်နေသည်ကို မြင်လိုက်သောအခါ ကျိရှောင်ယင်၏ ဒေါသများ ထိုးထွက်လာပြီး သူမ၏မျက်နှာပင် နီရဲလာသည်။

သူမသာ ကိုယ်ခံပညာ တက်ခဲ့ရင် ဒီလူဆိုးကြီးကို မြေကြီးပေါ်မှောက်သွားအောင် ရိုက်ချလိုက်မှာ သေချာတယ်။

စူးချင်းက ရန်ဖြစ်နေကြသော လူနှစ်ယောက်ကို မကြည့်သော်လည်း သူမ၏အကြည့်က ရထားလုံးပေါ်သို့ ကျရောက်နေသည်။

✍️✍️✍️