Chapter 77 ဆန်ကုန်မြေလေးကောင်ကို ရိုက်နှက်ခြင်း
Viewers 17k

အခန်း ၇၇  ဆန်ကုန်မြေလေးကောင်ကို ရိုက်နှက်ခြင်း

ထိုရထားလုံးကို ဆွဲလာသောမြင်းက အရပ်ရှည်သည့် အနက်ရောင်မြင်းတစ်ကောင် ဖြစ်နေပြီး ၎င်း၏အမွေးများက သူမတို့ တွေ့ခဲ့သည့် အနီရောင်မြင်းထက် ပိုတောက်ပနေပြီး ခိုင်ခံ့သော ခွာလေးခု ပါရှိသောကြောင့် ပြဿနာမရှိဘဲ ပြေးနိုင်ပုံရသည်။ စူးချင်းကို မြင်သောအခါ ထိုမြင်း၏မျက်လုံးများက တောက်ပနေပြီး ဝမ်းသားအားရ ဟီလိုက်သည်။ မြင်းက စူးချင်း သူ့ကို မမြင်လိုက်မည်ကို စိုးရိမ်နေသောကြောင့် စူးချင်း၏အာရုံစိုက်မှုကို ရယူရန် အသံပြုလိုက်ပုံရသည်။

စူးချင်းက မြင်း၏ဘေးနားမှ ဖြတ်လျှောက်နေရင်း မြင်း၏ခေါင်းကို လှမ်းထိလိုက်သည်။ မြင်းရွေးချယ်ခြင်းက ကံကြမ္မာပေါ်တွင် မူတည်ပြီး ဤမြင်းက သူမနှင့်အတူရှိရန် ရည်မှန်းထားသည်။ သူမက သူမ၏လက်ဖဝါးဖြင့်  မြင်းခေါင်းကို ပွတ်သတ်လိုက်ချိန်တွင် မြင်းက အလွန်ပျော်နေပုံရပြီး သူမလက်ကို ပြန်တိုးဝှေ့နေသည်။

ထို့နောက် စူးချင်းက ရထားလုံးကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ရထားလုံးကလည်း သိပ်မဆိုးဘဲ ယခင်ရထားလုံးထက် ပိုသေးနေခြင်းမျိုး မရှိပေ။ ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်သောအခါ အတွင်းပိုင်းအလှဆင်မှုက ခုနရထားလုံးထက် ပိုကောင်းနေသည်ကို သူမ တွေ့လိုက်ရသည်။

ဤရထားလုံးက ချမ်းသာသော မိသားစုမှ မိန်းမပျိုလေးများ စီးလေ့ရှိသည့် ရထားလုံးမျိုး ဖြစ်သည်။ ရထားလုံး၏ကန့်လန့်ကာများက ပန်းနုရောင်ဖြစ်နေပြီး ပန်းထိုးထားသော နှင်းဆီပွင့်လေးများက သက်ဝင်လှပနေကာ ပန်းဖွားလေးများဖြင့်လည်း အလှဆင်ထားသေးသည်။ ရထားလုံးပေါ်ရှိ ချဉ်သားထိုင်ဖုံများကလည်း အနီရောင်ဖြစ်နေပြီး လှပသောပန်းပွင့်များဖြင့် ပန်းထိုးအလှဆင်ထားသည်။ ရထားလုံးပေါ်ရှိ အငွေ့အသက်ကလည်း အလွန်ကောင်းမွန်နေပြီး ယခင်ပိုင်ရှင်က နံ့သာဖြူကို မကြာခဏ ထွန်းညှိထားပုံရကာ ရထားလုံးထဲတွင် မွှေးကြိုင်သောအနံ့များ ကျန်ရှိနေသေးသည်။

"ရှောင်ယင်... ဒါကို ကြိုက်လား?" စူးချင်းက ကျိရှောင်ယင်ကို ပြန်မေးလိုက်သည်။

ဒါက ဈေးကြီးလွန်းတယ်။ တခြားစျေးသက်သာတဲ့ တစ်ခုကို ဝယ်ရအောင်”

ကျိရှောင်ယင်က တိုးတိုးလေး ပြောလိုက်ပြီး သူမက စူးချင်းကို ဆွဲခေါ်ကာ ထွက်သွားချင်နေသော်လည်း စူးချင်းက သူမကို နောက်သို့ ပြန်ဆွဲခေါ်နေသည်။

“ဒီရထားလုံးက ထိုင်လို့ အဆင်ပြေနိုင်တယ်”

"လူငယ်လေး၊ မင်းမှာ အမြင်ကောင်း ရှိတာပဲ၊ ဒီရထားလုံးက တကယ်ကောင်းပါတယ်၊ ပြီးတော့ ဒီမြင်းကလည်း မင်းနဲ့ရေစက် ရှိနေပုံပဲ၊ မင်း ဝယ်သင့်တယ်!"

ရထားထိန်းက သူ့၏ရထားလုံးကို စိတ်ဝင်စားနေသည့် ဝယ်သူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အမြန်ရောင်းချနိုင်ရန် မျှော်လင့်နေခဲ့သည်။ သူက တတိယသခင်ကြီးထန် အပါအဝင် အခြားသူများနှင့် မရောယှက်မိစေရန် ပိုက်ဆံရသည်နှင့် ဤဒုက္ခများသောနေရာမှ ချက်ခြင်း ထွက်သွားရန် တွေးတားခဲ့သည်။

တတိယသခင်ကြီးထန်ကလည်း စူးချင်းတစ်ယောက် အခြေအနေကို ဝင်နှောက်ရန် ရောက်ရှိလာကြောင်း နားလည်လိုက်သည်။ သူက အလွန်ဒေါသ ထွက်နေပြီး စူးချင်း ကြောက်လန့်စေရန် ခါးထောက်ထားပြီး သူ့၏နွားနှင့်တူသော မျက်လုံးပြူးကြီးများဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။ စူးချင်းက သူ့ကိုပင် မကြည့်ဘဲ သူမ၏ခေါင်းကို မော့ထားပြီး ရထားထိန်းကိုသာ မေးမြန်းလိုက်သည်။

"ဘယ်လောက်လဲ?"

ရထားထိန်းက အလွန်အကျွံ မတောင်းဝံ့ဘဲ လက်လေးချောင်းကို ဆန့်တန်းရင်း ပြန်ဖြေလိုက်သည်။

လူငယ်လေး၊ ငါ့ကို လျန်လေးဆယ်ပဲ ပေးပါ။ ငါ့သခင်က ဒီဈေးနဲ့ရောင်းဖို့ ပြောလိုက်လို့ပါ။ ငါ တကယ်ကို လျှော့ဈေးနဲ့ မရောင်းနိုင်တာပါ”

"သဘောတူတယ်"

စူးချင်းက စျေးပင်မစစ်ဘဲ ငါးဆယ်တန်ငွေစက္ကူကို လွှဲပေးလိုက်သည်။ ရထားထိန်းက ငွေစက္ကူကို ဝမ်းသာအားရ ယူလိုက်ပြီး စူးချင်းကို ငွေဆယ်လျန် ပြန်ပေးလိုက်သည်။ သူက ရထားလုံး၏ကြာပွတ်နှင့် မြင်းဇက်ကြိုးများကို စူးချင်းအား တုံ့ဆိုင်းစွာ ပေးလိုက်ပြီးမှ မြင်းနက်ကြီး၏ဦးခေါင်းကို ထိလိုက်သည်။

တာ့ဟေး၊ မင်းရဲ့သခင်အသစ် နောက်ကို လိုက်သွားရင် နာနာခံခံနဲ့ ကောင်းကောင်းမွန်မွန် နေနော်”

စူးချင်းက ထိုမြင်းနက်နှင့် ရထားလုံးအား ဝယ်လိုက်သည်ကို မြင်လိုက်ရသဖြင့် တတိယသခင်ကြီးထန်က ပိုဒေါသထွက်သွားသည်။ သူက စူးချင်းနှင့် ရထားထိန်းကို ညွှန်ပြပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။

"အဲ့ဒိသွေးကြီးနေတဲ့ ခွေးနှစ်ကောင်ကို သတ်ပစ်လိုက်ကြ"

ဤလူနှစ်ယောက်က မြင်းစျေးကွက်၏အုပ်စိုးရှင်ဖြစ်သော သူ့၏အာဏာကို စိန်ခေါ်နေသည်ဟု သူ ခံစားနေမိသည်။

ဒီနေ့ သူတို့ကို သင်ခန်းစာ မပေးရင် ဈေးထဲက တခြားလူတွေလည်း သူ့ကို တော်လှန်လာကြလိမ့်မယ်။

လူမိုက် အနည်းငယ်က စူးချင်း၊ ရထားထိန်းနှင့် တတိယသခင်ကြီးထန် သဘောကျနေသော ရထားလုံးကို ဝိုင်းရံထားလိုက်ကြသည်။

သူတို့က လူပိုများသည့်အပြင် ရက်စက်ကြမ်းကြုတ်ပုံလည်း ရနေသောကြောင့် ကျိရှောင်ယင်က စူးချင်း ထိခိုက်သွားမည်ကို စိုးရိမ်နေပြီး သူမ၏အစ်ကိုကြီးနှင့် တခြားသူများကို အကူအညီတောင်းရန် ပြင်လိုက်သော်လည်း စူးချင်းက သူမကို တားဆီးလိုက်သည်။

"ဒီပုစွန်တပ်သားနဲ့ ကဏန်းခေါင်းဆောင် နည်းနည်းလောက်အတွက် မင်းအစ်ကိုကြီးရဲ့အကူအညီကို မလိုအပ်ဘူး"

စူးချင်းက သူ့ကို မကြောက်ရုံသာမက သူမ၏လေသံကလည်း သူ့ကို မျက်လုံးထဲပင် မထည့်ထားသလိုမျိုး မထီမဲ့မြင်ပြုသည့်လေသံ ဖြစ်နေကာ ရှုံ့ချနေသည့် အမူအရာများပင် ရှိနေသောကြောင့် တတိယသခင်ကြီးထန်က ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူက အံကြိတ်လိုက်ပြီး သူ့လက်အောက်ငယ်သားများကို အမိန့်ပေး လိုက်သည်။

သူ့ကို သေအောင်ရိုက်ကြစမ်း၊ သေသွားရင် ငါးစာကျွေးဖို့ မြစ်ထဲကို ပစ်ချလိုက်ကြ”

တတိယသခင်ကြီးထန်၏ အမိန့်ပေးသံ မဆုံးသေးခင်မှာပင် စူးချင်းက သူမ၏ခြေထောက်ကို မြှောက်တင်လိုက်ပြီး သူ ဆယ်မီတာကျော်ကျော်လောက် လွင့်သွားရန် ကန်ထုတ်လိုက်သည်။ ကျင်းနှစ်ရာနီးပါးရှိသော တတိယသခင်ကြီးထန် လွင့်ပျံသွားသည်ကို မြင်လိုက်ရသောအခါ လူမိုက်များက စူးချင်း၏ ခွန်အားကြောင့် အံ့သြတုန်လှုပ်သွားကြသည်။

သူတို့က အားနည်းပြီး အနိုင်ကျင့်ရန် လွယ်ကူသည့် သာမန်လူများကို အနိုင်ကျင့်လေ့ရှိသော်လည်း အင်အားကြီးပြီး သြဇာလွမ်းမိုးမှုရှိသော သခင်ကြီးများနှင့်တွေ့သောအခါ အမြီးကုပ် နေတတ်ကြသည်။ ယခု စူးချင်းကြောင့်  မည်သူမျှ ရှေ့မတိုးရဲကြတော့ပေ။

ရထားထိန်းက စူးချင်း ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်နေပြီး သူမကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး”

"မင်း အရင် ထွက်သွားတော့!"

စူးချင်းက သူ့ကို မကြည့်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။ ရထားထိန်းက သူ ဆက်ရှိနေလျှင်ပင် အကူအညီ မဖြစ်နိုင်မှန်းသိနေသည့်အတွက် လှည်းဈေးမှ မထွက်ခင် စူးချင်းကို လက်ခုပ်အုပ်ကာ ကျေးဇူးထပ်တင်လိုက်ပြီး ခပ်မြန်မြန် ထွက်ခွာသွားတော့သည်။

တတိယသခင်ကြီးထန်၏လူများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကာ တုံ့ဆိုင်းနေကြသည်။

သူတို့မှာ ဒီလူကို ထိပါးနိုင်မယ့် အစွမ်းအစ မရှိဘူး။

တတိယသခင်ကြီးထန်က မြေပြင်ပေါ်မှ ပြန်ထလာပြီး သူ့ဗိုက်ကို ဆုပ်ကိုင်ထားသည်။ စူးချင်း၏ကန်ချက်က သူ့၏အူများ ပြတ်ထွက်သွားသလို ခံစားရစေပြီး သူက စူးချင်းကို လက်ညှိုးထိုးကာ သူ့လူများကို ထပ်အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး အတူတူ ဝင်တိုက်ကြလေ၊ သူ့ကို မြန်မြန် သတ်ပစ်လိုက်ကြ!"

သူတောင်မှ သနားစရာကောင်းလောက်အောင် အကန်ခံလိုက်ရတာကို  တွေ့နေမှတော့ သူ့လက်အောက်ငယ်သားတွေက ဘယ်လိုလုပ်ပြီး အဲ့လို သတ္တိတွေ ရှိတော့မှာလဲ?

သူတို့က တတိယသခင်ကြီးထန်ကို လက်ခုပ်အုပ်ကာ တောင်းပန်လိုက်ကြသည်။

တတိယသခင်ကြီး၊ ကျွန်တော်တို့မှာ အလုပ်အကျွေးပြုရမယ့် သက်ကြီးရွယ်အိုတွေနဲ့ ပြုစုစောင့်ရှောက်ရမယ့် ကလေးတွေ ကျန်နေသေးတာကြောင့် ကျွန်တော်တို့ အသက်ရှင်ချင်ပါသေးတယ်။ တောင်းပန်ပါတယ်"

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးက ကြက်ပျောက်ငှက်ပျောက် ပြန့်ကျဲပျောက်ကွယ်သွားကြသည်။ သူ့၏ပေးစာကမ်းစာကို စားသောက်နေသော ထိုလူများက သူ့ကို ချန်ထားပြီး ထွက်ခွာသွားမည်ဟု တတိယသခင်ကြီးထန် မမျှော်လင့်ထားမိပေ။ သို့သော်လည်း ဤအရေးကြီးသော အခိုက်အတန့်တွင် အားလုံးက သူ့ကို စွန့်ပစ်ပြီး ထွက်ပြေးသွားကြသောကြောင့် သူ အလွန်အကျွံ ဒေါသလာပြီး ခြိမ်းခြောက်အော်ဟစ်နေတော့သည်။

"မင်းတို့အားလုံး ပြန်လာကြစမ်း မလာရင် ငါ မင်းတို့အားလုံးကို အရေခွံခွာပစ်မယ်"

စူးချင်းက မြင်းလှည်းမှ ကြာပွတ်ကို ကိုင်ကာ တတိယသခင်ကြီးထန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ ‌လမ်းလျှောက်နေသည်မှာ အလျင်လိုနေပုံ မရသော်လည်း ခြေလှမ်းတိုင်းတွင် ပြင်းထန်သော ဖိအားများ ဖုံးလွှမ်းနေသည်။ သူမ၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏မျက်နှာက အမူအရာမဲ့နေကာ သူ့ကိုသာ စိုက်ကြည့်နေသည်။

တတိယသခင်ကြီးထန်က သူကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရပြီး ဤလူငယ်လေးက ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်ကြောင်း နားလည်လာသည်။ လက်ရှိတွင် သူတစ်ယောက်တည်း ရှိနေပြီး သူက ထိုလူငယ်လေး၏ပြိုင်ဖက် မဖြစ်နိုင်သည်ကို သိနေသောကြောင့် သူက ရှုံးနိမ့်မှုကို ဝန်ခံပြီး စကားကောင်းများ ပြောရန် စတင်လိုက်သည်။

လူငယ်သူရဲကောင်းလေး၊ ငါက မျက်လုံးတွေရှိနေပေမယ့် ထိုက်တောင်တန်းကြီးကို မမှတ်မိလိုက်ဘူး။ ကျေးဇူးပြုပြီး… အိုက်ယား.... အိုက်ယား!”

တတိယသခင်ကြီးထန်၏ စကား မဆုံးမမီ စူးချင်း၏ကြာပွတ်က သူ့ကို မြေပြင်ပေါ်သို့ လူးလှိမ့်သွားစေပြီး ထိုလူက နာကျင်စွာ အော်ဟစ်လိုက်သည်။

ကျိရွှေရှန့်နှင့်သူ့လူသူများ လှည်းနှစ်စီး ဝယ်ပြီးချိန်တွင် ထိုရုန်းရင်းဆန်ခတ်သံများကို ကြားလိုက်ကြသည်။ စူးချင်းနှင့်ကျိရှောင်ယင်တို့က သူတို့အနားတွင် မရှိသောကြောင့် သူတို့က သူမတို့ကို  အမြန်လိုက်ရှာရတော့သည်။

သူတို့ ရောက်သွားချိန်တွင် စူးချင်းက တတိယသခင်ကြီးထန် မြေပြင်ပေါ်မှာ လူးလိမ့်နေအောင် ကြာပွတ်ဖြင့် ရိုက်နှက်နေသည်ကို တွေ့လိုက်ရသည်။ ကျိရွှေရှန့်က ထိုနေရာသို့ လျှောက်သွားပြီး စူးချင်းကို တားဆီးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?"

"သူက အရိုက်ခံရသင့်တယ်"

စူးချင်း၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော လှောင်ပြောင်မှုတစ်ခု ရှိနေပြီး သူမလက်ထဲတွင်ရှိသော ကြာပွတ်က စိတ်ဝိညာဉ်ရှိနေသည့် မြွေတစ်ကောင်ကဲ့သို့ ကျိရွှေရှန့်၏လက်ထဲမှ ထွက်သွားကာ တတိယသခင်ထန်ကြီးထန်၏ပါးစပ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ရှေ့သွားနှစ်ချောင်းကို ကျွတ်ထွက်လာသည်။

အား!”

တတိယသခင်ကြီးထန်က တွားသွားလာကာ ကျိရွှေရှန့်၏နောက်သို့ ကြောက်လန့်တကြား ဝင်ပုန်းနေပြီး သူ့ပါးစပ်ကို အုပ်ထားခဲ့သည်။ သူက ကျိရွှေရှန့်၏ခြေထောက်ကို ပွေ့ဖက်ကာ အကူအညီတောင်းနေသော်လည်း အသံက ပီပီပင်ပင် မရှိတော့ချေ။

ကူညီ၊ ကူညီ…”

ကျိရွှေရှန့်က ဘာမှပင် တွေးမနေဘဲ သူ့ကို ကန်ထုတ်လိုက်သည်။

"ထွက်သွားစမ်း!"

တတိယသခင်ကြီးထန်တစ်ယောက် နောက်တစ်ကြိမ် ပျံသန်းလိုက်ရပြီး သူ့၏ခန္ဓာကိုယ်ကို ဖုန်မှုန့်များ ဖုံးအုပ်သွားသည်။ သူ အရိုက်ခံနေရသော်လည်း အနီးပတ်ဝန်းကျင်ရှိ မည်သူကမျှ လာရောက် တားဆီးခြင်း မရှိပေ။ ထိုတတိယသခင်ကြီးတန်က ဤလှည်းဈေးရှိ အာဏာရှင်တစ်ဦးဖြစ်သည်။ သူက လှည်းရောင်းသူများကို အနိုင်ကျင့်လေ့ရှိပြီး လှည်းရောင်းရသူများက သူ့အတွက် အခကြေးငွေအဖြစ် ငွေတလျန်၊နှစ်လျန်လောက် ပေးကြရသည်။ ထို့သို့ မပေးလျှင် ဤလှည်းဈေး၌ စျေးရောင်းရန် မဖြစ်နိုင်တော့ပေ။ ယနေ့တွင် သူက ပြဿနာတစ်ခုကို သူကိုယ်တိုင် ရှာဖွေခဲ့ပြီး သူ ဝဋ်လည်ခြင်းက ထိုက်တန်သည်ဟု ဆိုနိုင်သည်။

လူတိုင်းက သူတို့၏အမုန်းတရားများ ပြေပျောက်သွားသလို ခံစားလိုက်ရပြီး စိတ်သက်သာရာရသွားခဲ့သည်။ တချို့ဆိုလျှင် ကျိရွှေရှန့်နှင့် ကျန်သူများက ဤတတိယသခင်ကြီးထန်ကို သတ်ပစ်ပြီး သူ့၏ဆိုးယုတ်မှုကို အပြီးတိုင်ဖယ်ရှားပေးနိုင်ရန် ဆန္ဒရှိနေခဲ့ကြသည်။

ကျိရွှေရှန့်က တတိယသခင်ကြီးထန်ကို ကန်ထုတ်လိုက်ပြီး စူးချင်းက သူ့ကို ဆက်ရိုက်ချင်နေသေးသောကြောင့် သူက သူမကို ပြန်ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သွားကြရအောင်!"

စူးချင်းကိုယ်တိုင်လည်း ဤနေရာတွင် အကြာကြီး မနေသင့်မှန်း သိနေသောကြောင့် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး သူမ အသစ်ဝယ်ထားသော ရထားလုံးကို ယူရန် ပြန်လှည့်လိုက်သည်။ စူးချင်း ရထားလုံးတစ်စီးဝယ်ထားသည်ကို မြင်လိုက်ရသောအချိန်တွင် ကျိရွှေရှန့်က သူမကို မယုံမရဲ ကြည့်နေလေသည်။

"လမ်းလျှောက်ရတာ ပင်ပန်းလွန်းတယ်"

စူးချင်းက ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ပြီး ကျိရွှေရှန့်က ဘာမှ မပြောတော့ပေ။ သူမက သူမ ပိုက်ဆံဆိုတော့ သူမ ကြိုက်သလို သုံးလို့ရတယ်။

အခု သူမမှာ ပိုက်ဆံရှိနေတော့ အရင်ကလို အပင်ပန်းခံစရာ မလိုတော့ဘူး။

အစ်မ၊ အစ်မက အံ့သြစရာပဲ”

ကျိရှောင်ယင်က စူးချင်းကို ကလေးတစ်ယောက်ကဲ့သို့ အားတက်သရော ပတ်ချာလှည့်နေပြီး သူမ၏မျက်လုံးများတွင် လေးစားမှုများ ပြည့်နေခဲ့သည်။

တတိယသခင်ကြီးထန် ဆိုတဲ့ လူဆိုးကောင်ကို အစ်မပါးရိုက်လိုက်တဲ့ မြင်ကွင်းက တကယ်ကို ကြည့်ကောင်းလွန်းတယ်။

စူးချင်း၏နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသော်လည်း သူမကို သတိပေးလိုက်သည်။ "ကောင်မလေး၊ ငါတို့က ယောက်ျားဝတ်တွေ ဝတ်ထားပြီးပြီ။ ငါ့ကို အစ်ကိုလို့ ခေါ်”

"ဟုတ်ကဲ့၊ အစ်ကိုက အရမ်းတော်တာပဲ"

ကျိရှောင်ယင်က သူမနှင့် စူးချင်းတို့ ယောက်ျားလေးများကဲ့သို့ ၀တ်ဆင်ထားသည်ကို ပြန်သတိရသွားပြီး အပြစ်မကင်းသည့် အမူအရာလေးဖြင့် သူမ၏လျှာလေးကို တစ်လစ်လေးထုတ်ကာ စကားလုံးများကို အမြန် ပြန်ပြင်လိုက်သည်။

သူမတို့အားလုံး စပါးဆိုင်သို့ ပြန်လာကြပြီး လှည်းတိုင်ပေါ်တွင် ထိုင်နေသည့် လီတာ့နျိုကို လှမ်းကြည့်လိုက်ရာ သူက သူ့လက်ဖြင့် သူ့ပါးကို ပြန်ထောက်ထားသည်ကို တွေ့လိုက်ကြရသည်။

ဒီကောင်လေးရဲ့မျက်လုံးတွေမှာ ပြဿနာ ရှိနေတာလား? သူတို့ ဒီလောက် ပေါ်ပေါ်ထင်ထင် လာနေတာကိုတောင် သူက မမြင်ဘူးတဲ့လား?

✍️✍️✍️