Chapter 83 စားစရာ လုယူခြင်း (အပိုင်း ၂)
Viewers 17k

အခန်း ၈၃ စားစရာ လုယူခြင်း (အပိုင်း ၂)

ထိုလူထွားကြီးက စူးချင်းထံသို့ ပြေးဝင်တိုက်ခိုက်တော့မည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်တစ်ယောက် အလွန်ထိန်လန့်သွားပြီး ချွေးအေးများပင် ထွက်လာကာ  ကမန်းကတန်း အော်ဟစ်သတိပေးလိုက်သည်။

"စူးချင်း၊ ရှောင်လိုက်!"

သို့သော်လည်း စူးချင်းက အဝေးသို့ ရှောင်ထွက်မသွားဘဲ သူမရှေ့သို့ တိုးဝင်လာသည့် အရူးကောင်ကို မြင်လိုက်သည်နှင့် တပြိုင်နက် သူမက ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူမက သူ့လက်မောင်းအောက်ထဲသို့ တိုးဝင်ကာ ခုန်တက်လိုက်ပြီး သူ့လည်ပင်းနောက်ကို တံတောင်ဖြင့် တွက်လိုက်သည်။

စူးချင်းက ပြင်းထန်သော အင်အားဖြင့် အမြင့်မှ ခုန်ဆင်းကာ ချက်ကောင်းကို တိုက်ခိုက်လိုက်မှန်း သိသာထင်ရှားနေသည်။ လူထွားကြီး၏ခန္ဓာကိုယ်က အကြိမ်အနည်းငယ် ယိမ်းနွဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

လူထွားကြီး လဲကျသွားသည်ကို မြင်သောအခါ သူနှင့်အတူပါလာသည့် ကြမ်းတမ်းပုံရသော လူလေးယောက်က သစ္စာပင် မစောင့်နိုင်တော့ဘဲ ကစင့်ကလျား ထွက်ပြေးသွားကြတော့သည်။

"မင်း အဆင်ပြေရဲ့လား?"

ကျိရွှေရှန့်က ခြေလှမ်းကျယ်ကြီးများဖြင့် ပြေးလာပြီး စူးချင်းကို အရင် စစ်ဆေးလိုက်သည်။ စူးချင်းက သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို အတိုင်းသား မြင်လိုက်ရသည်။

ဘာမှ မဖြစ်ဘူး”

စူးချင်းက ခေါင်းယမ်းပြလိုက်သော်လည်း သူမ၏နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူမက လူထွားကြီးကို ငုံ့ကြည့်ရင်း ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။

"ရှင် သူကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?"

"သူ့ကို ခေါ်ထားချင်တယ်"

ဘာကြောင့်မှန်း မသိသော်လည်း ကျိရွှေရှန့်က စူးချင်းကို ဘာမှ ဖုံးကွယ်မထားချင်ခဲ့ပေ။

"အင်း... သူက လူကြမ်းကောင်ပဲ"

စူးချင်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူမ စစ်နတ်ဘုရားမဖြစ်နေတုန်းကဆိုရင် သူမရဲ့လက်အောက်ငယ်သားတွေက အရမ်းကြမ်းတမ်းတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပဲ။ အဖွဲ့ရဲ့တိုက်ခိုက်ရေးစွမ်းအားအတွက် အဲ့လိုလူမျိုးတွေကို မရှိမဖြစ်လိုအပ်တယ်။ ကျိရွှေရှန့်က ဒီလိုလူမျိုးကို ခေါ်ထားချင်တယ်ဆိုမှတော့ သူ့မှာ အကြံတစ်ခုတော့ ရှိမှာသေချာတယ်။

စူးချင်း အဆင်ပြေနေကြောင်း သေချာသွားသောအခါ  ကျိရွှေရှန့်က လီတာ့နျိုကို ကူညီရန် သွားလိုက်ပြီး သူ့၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ လီတာ့နျို၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် သူလည်း  စိတ်သက်သာရာ ရသွားခဲ့သည်။ ဒီကောင်စုတ်လေးက မေ့မြောသွားရုံလေးပဲ၊ နောက်ဆို သူ မော်ကြွားနိုင်ဦးမလား ကြည့်လိုက်ရအောင်။

ကျိရွှေရှန့်က ကျန်းလောင်ချီနှင့် ချိုးယုံခန်းတို့အားက လီတာ့နျိုကို ဂရုစိုက်ပေးရန် တောင်းဆိုလိုက်ပြီး လူထွားကြီးကို စစ်ဆေးရန် ပြန်သွားလိုက်သည်။

စူးချင်းက သူ့ကို ကျော်တက်သွားပြီး လူထွားကြီး၏နောက်ကျောကို လှမ်းကန်လိုက်သောကြောင့် ထိုလူထွားကြီးက ပြန်သတိရလာသည်။ သူ မျက်လုံးပြန်ပွင့်သည်နှင့် တပြိုင်နက် ကျိရွှေရှန့်ကို တွေ့လိုက်ပုံရကာ သူ၏လက်သီးကြီးကို ဝှေ့ယမ်းလိုက်သည်။ သူ့၏လက်သီးအားက ပြင်းထန်လွန်းပြီး လေသံများပင် မြည်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်က အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။ ကျိရွှေရှန့်က သူ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး တင်းတင်းကျပ်ကျပ် ဖိညှစ်လိုက်သောကြောင့် လူထွားကြီးက သူ့၏ခန္ဓာကိုယ်တစ်ဝက်လောက် ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ဒါကို ထည့်မတွက်ဘူး။ ထည့်မတွက်ဘူး။ မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်။ မင်း ငါ့ကို လွှတ်ပေးပြီး နောက်တစ်ခါ ပြန်တိုက်ဖို့ သတ္တိရှိလား?"

တုံးအပုံ ရသော လူထွားကြီးက သူ့အဖြစ်ကို မယုံနိုင်သေးဘဲ ကျိရွှေရှန့်ကို အော်ပြောနေသည်။ သူ့အသံက ခေါင်းလောင်းကြီး မြည်နေသလိုမျိုး လေးလံနေသောကြောင့် သူ ဘယ်လောက်တောင် မယုံနိုင်ဖြစ်နေမှန်း သိသာနေသည်။

"မင်း မယုံဘူးလား?"

ကျိရွှေရှန့်က ခပ်လှောင်လှောင်အပြုံးဖြင့် မေးလိုက်ရာ လူထွားကြီးက ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြန်ပြောလိုက်သည်။

ငါ မယုံဘူး”

ဒါဆို ထပ်တိုက်ကြရအောင်။ မင်း ယုံကြည်လာတဲ့ အချိန်အထိ ငါ မင်းကို ရိုက်ပေးမယ်"

ကျိရွှေရှန့်က ငတုံးကောင်ကြီးကို လွှတ်ပေးလိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်နေရင်း ထရပ်လိုက်သည်။ သူက ထိုငတုံးကြီးလောက် အရပ်မရှည်သော်လည်း သူ့၏အရှိန်အဝါက တစ်ဖက်လူကို လုံးဝ ဖိနှိပ်ထားခဲ့သည်။

ရတယ်”

လူထွားကြီးက ကျိရွှေရှန့် သူ့ကို လွှတ်ပေးမည်ဟု မမျှော်လင့်ထားသောကြောင့် ခဏတာမျှ အံ့အားသင့်နေခဲ့သည်။ ခဏအကြာတွင် သူ့၏မျက်လုံးများမှ မကျေနပ်မှုများ လျော့ပါးလာပြီး လေးစားမှုများ အစားထိုးဝင်ရောက်လာသည်။

သူက မြေကြီးပေါ်ရှိ ကျောက်ပုဆိန်ကို ကောက်ယူချင်ရန် ခေါင်းငုံ့ကြည့်လိုက်သောအခါ ကျောက်ပုဆိန်ကို ကိုင်ပြီးမှ ပြန်လွှတ်ချလိုက်သည်။ သူက မတ်မတ်ပြန်ရပ်လိုက်ပြီး အသံသြသြကြီးဖြင့် ကျိရွှေရှန့်အား လှမ်းပြောလိုက်သည်။

"မင်း လက်နက်မသုံးရင် ငါလည်း မသုံးဘူး"

ကောင်းပြီလေ၊ သူက တော်တော် ဖြောင့်မတ်သားပဲ။

စူးချင်းက ပြန်အိပ်မပျော်နိုင်တော့သောကြောင့် ဘေးနားတွင် ရပ်နေကာ ပွဲကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုဆူပူမှုက ထောင်ဟွားဝူအဖွဲ့မှ ရွာသားများကိုလည်း နိုးလာစေပြီး တစ်စုံတစ်ယောက်က သူတို့၏ ရိက္ခာနှင့် လှည်းများကို ခိုးယူရန် ရောက်ရှိလာကြောင်း သိသွားသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ကံကောင်းလို့ ရွှေရှန့်နဲ့ အခြားသူတွေ ရှိနေလို့ပေါ။ မဟုတ်ရင် သူတို့ ဒီစားစရာလေးတွေကိုတောင် ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ ဒီစားစရာတွေ မရှိတော့ရင် ထောင်ဟွားဝူကလူတွေ အားလုံး ငတ်ပြီး သေရလိမ့်မယ်။

"မင်း အရင် စတိုက်!"

ကျိရွှေရှန့်က ထိုလူထွားကြီး၏လှုပ်ရှားမှုများကို ကောင်းကောင်းသိနေပြီး ဖြစ်သောကြောင့် သူ ထိုကောင်လေးကို အလွယ်တကူ အနိုင်ယူနိုင်ကြောင်း သိနေခဲ့သည်။ သို့သော်လည်း သူ၏ရည်ရွယ်ချက်က သူ၏ကိုယ်ပိုင်အရည်အချင်းများကို ပြသပြီး ထိုကောင်လေးကို စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်။ ထို့မှသာ ဤကောင်လေးက သူ့နောက်သို့ လိုလိုလားလား လိုက်ပါလာမည် ဖြစ်သည်။

မဟုတ်ဘူး၊ မင်း အရင်စ”

ထိုလူထွားကြီးက ခေါင်းယမ်းလိုက်ပြီး ကျိရွှေရှန့်ကို ပထမဆုံး လှုပ်ရှားခွင့်ပေးလိုက်သည်။ ကျိရွှေရှန့်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်သီးများကို လွှဲကာ တိုက်ခိုက်ရန် စတင်လိုက်သည်။ သူက “နှစ်ထပ်မိုးကြိုး” ကို အသုံးပြုလိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ လူထွားကြီး၏နားရွက်နှစ်ဘက်စလုံးကို လက်သီးနှစ်ဖက်ဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။

(T/N: နှစ်ထပ်မိုးကြိုးဆိုတာကလေ သိုင်းကွက်ထင်တာပဲ... အဆင်ပြေသလို ဘာသာပြန်လိုက်ပြီ...အေးရော...)

လူထွားကြီးကလည်း ကျိရွှေရှန့်၏လှုပ်ရှားမှုများကို အာရုံစိုက်နေပြီး သွက်သွက်လက်လက် ပြန်တုန့်ပြန်လိုက်သည်။ ကျိရွှေရှန့် ခုန်တက်လာပြီး သူ့ကို ထိုးနှက်လိုက်သည်နှင့် သူက သူ့လက်နှစ်ဖက်ဖြင့် ပိတ်ဆို့ကာကွယ်လိုက်သည်။ ကျိရွှေရှန့်၏လက်များက သူ့၏လက်များနှင့် ထိမိသွားပင် ကျိရွှေရှန့်၏လက်များပင် ထုံကျင်သွားရသည်။

ဝိုးးး ဒီကောင်လေးရဲ့ လက်မောင်းတွေက သံတွေလို မာကျောနေတယ်ဟ...

ကျိရွှေရှန့်က သူ့လက်သီးများကို နောက်ပြန်ဆုတ်လိုက်ပြီး သူ့ကိုယ့်ကို ကွေးညွတ်ကာ ထိုကောင်လေး၏နံရိုးအောက်သို့ ဖြတ်ဝင်သွားခဲ့သည်။ သူ၏ တောင့်တင်းသန်မာသော  ပခုံးက ထိုကောင်လေး၏နံရိုးကို ထိမှန်ပြီးနောက် သူ့၏တံတောင်ဆစ်က ကောင်လေး၏နောက်ကျောပေါ်သို့ အလွယ်တကူ ကျရောက်သွားသည်။ လူထွားကြီးက နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း ရှေ့သို့သာ လဲကျသွားတော့သည်။ ထိုအရာကို ကြိုမြင်နိုင်သော ကျိရွှေရှန့်က သူ့၏အင်္ကျီဂုတ်ပိုးစကို ဆုပ်ကိုင်လိုက်ပြီး အားအင်အပြည့်ဖြင့် ပြန်ဆွဲထားလိုက်သောကြောင့် ထိုလူထွားကြီးက မြေပြင်ပေါ်သို့ ဖင်ထိုင်ကြသွားသည်။ ကျိရွှေရှန့်က သူ့လက်ကို ချက်ချင်း ဆွဲလိမ်လိုက်ပြီး သူ့နောက်ကျောတွင် ပြန်ဖိကပ်ထားလိုက်သည်။ ထိုနောက် နောက်လက်တစ်ဖက်ဖြင့် ထိုကောင်လေး၏လည်ပင်းကို ခပ်သာသာ ညှစ်ထားလိုက်ပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။

"မင်း ယုံပြီလား?"

မြေပြင်ပေါ်တွင် ထိုင်နေသော လူထွားကြီးက သူ့ကိုယ်သူ ဒေါသထွက်နေကာ အခြေအနေကို လက်မခံချင်သေးပေ။ ကျိရွှေရှန့်၏မေးခွန်းကို ကြားပြီးနောက်တွင်ပင် သူက မယုံနိုင်သေးပဲ သူ၏နွားမျက်လုံးနှင့်တူသော မျက်လုံးပြူးကြီးများဖြင့် ကျိရွှေရှန့်ကို စိုက်ကြည့်နေကာ အနည်းငယ် ဝမ်းနည်းနေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"ငါတို့ ထပ်တိုက်လို့ရမလား?"

ကောင်းပြီ၊ သုံးကြိမ်က သုံးခါထက် ပိုကောင်းတယ်။ မင်း ထပ်ရှုံးရင် ဘယ်လိုလုပ်မလဲ?"

ကျိရွှေရှန့်က လူထွားကြီးကို ပြန်လွှတ်ပေးလိုက်ပြီး အေးစက်သော မျက်နှာဖြင့် သူ့ကို ငုံ့ကြည့်လိုက်သည်။

"ငါရှုံးရင် မင်းကို ငါ့အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုမယ်"

လူထွားကြီးက ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်သည်။ သူ ကျိရွှေရှန့်ကို အနိုင်မယူနိုင်ဘူးလို့ သူ မယုံဘူး။ ကျိရွှေရှန့်ရဲ့အရည်အချင်းကို သူ ယုံကြည်နေပြီဆိုပေမယ့် သူ အဲ့တာကို လက်မခံချင်သေးဘူး။

မင်း ငါ့ကို မင်းရဲ့အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုချင်ရင်တောင် အခြေအနေတစ်ခု ရှိနေသေးတယ်။ မင်းက ငါ့အမိန့်ကို ခြွင်းချက်မရှိ နားထောင်ရမယ်”

ကျိရွှေရှန့်က သူ့အခြေအနေကို ပြောပြလိုက်ပြီး လူထွားကြီးကလည်း မဆိုင်းမတွ သဘောတူလိုက်သည်။

ဒါကတော့ သေချာတာပေါ့။ မင်းက ငါ့အစ်ကိုကြီး ဖြစ်သွားရင်တော့ ငါက မင်းစကားကို နားထောင်မှာပေါ့"

"ငါက မင်းကို သေစေချင်ရင် မင်း ဘယ်လိုလုပ်မလဲ?"

ကျိရွှေရှန့်က သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။ လူထွားကြီးက တုံ့ဆိုင်းသွားပြီး မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ကာ စဥ်းစားနေပြီးမှ သူ့လည်ပင်းကို ပြန်မတ်လိုက်ပြီး လေသံမာမာဖြင့် ပြန်ဖြေလိုက်သည်။

အကိုကြီးက ငါ့ကို သေစေချင်ရင် ငါ စကားတစ်ခွန်းမှ မပြောဘဲ သေပေးလိမ့်မယ်”

ကောင်းပြီ၊ လာခဲ့”

ကျိရွှေရှန့်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။ လူထွားကြီးကလည်း မတ်တပ်ထရပ်လိုက်ပြီး ရုတ်တရက် ထပ်ပြောလိုက်သည်။

"မင်း ရှုံးရင်လည်း မင်း ငါ့ကို အကိုကြီးလို့ ခေါ်ရလိမ့်မယ်"

စူးချင်းက ဤကောင်လေးကို  သဘောကျလုနီးပါး ဖြစ်လာခဲ့သည်။

သူက လုံးဝ အရှုံးမပေးဘူးပဲ။

ရတယ်” ကျိရွှေရှန့်က အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်ပြီး လူထွားကြီးကို ပထမဆုံး လှုပ်ရှားခွင့်ပေးလိုက်သည်။

ဒီကလေးက ကြမ်းတမ်းတဲ့ ခွန်အားတွေပဲ ရှိပြီး ကိုယ်ခံပညာ မတက်ဘူးဆိုတာကို သူ ပြောနိုင်တယ်။ သူ့ကို အနိုင်ယူဖို့က လွယ်ကူ လွန်းတယ်။

ယခုတကြိမ်တွင်တော့ လူထွားကြီးက တော်တော်လေး အာရုံစိုက်ထားပုံရပြီး သူက အလစ်ဝင်တိုက်ရန်ပင် ကြိုးစားနေခဲ့သည်။ သူက အသံမထွက်စေဘဲ ကျိရွှေရှန့်၏တိုက်ကွက်ကို အတုခိုးကာ ကျိရွှေရှန့်၏နားရွက်နှစ်ဖက်ဆီသို့  လက်သီးနှစ်ဘက်ချိန်ရွယ်လိုက်ပြီး ကျိရွှေရှန့်၏ ဦးခေါင်းဆီသို့ လှမ်းထိုးလိုက်သည်။

"ရွှေရှန့် သတိထား"

ကျိရွှေရှန့် ဒုက္ခရောက်တော့မည်ကို မြင်သောအခါ ထောင်ဟွားဝူမှလူများက အလွန်ထိတ်လန့်သွားပြီး အလျင်စလို အော်ဟစ်သတိပေးလိုက်ကြသည်။

"အစ်ကိုရွှေရှန့်၊ သတိထားပါ!"

ချိုးယွဲ့ကလည်း အလွန်စိုးရိမ်နေပြီး သူမ၏မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။ သူမက ကျိရွှေရှန့်ကို အော်ဟစ်သတ်ပေးလိုက်ပြီး ကျိရွှေရှန့်ကို ကူညီပေးရန် ပြောဖို့အတွက် သူမ၏အစ်ကိုဆီသို့ ပြေးသွားလိုက်ပြီး "အစ်ကိုကြီး၊ မြန်မြန်သွားပြီး အစ်ကိုရွှေရှန့်ကို ကူညီပေးလိုက်ပါ"

"ရွှေရှန့်က ဒါကို သူ့ဘာသာသူ ကိုင်တွယ်နိုင်တယ်"

ချိုးယုံခန်းက အလွန်တည်ငြိမ်သက်နေသည်။ ထိုလူထွားကြီးက ခွန်အားသာရှိပြီး ကျွမ်းကျင်မှု မရှိသည်ကို သူ သိနေသည်။ သို့သော်လည်း ထိုကောင်လေးက  လျင်မြန်စွာ သင်ယူတတ်သူဖြစ်ပြီး လှုပ်ရှားမှုများကိုပင် အတုယူနိုင်သည်။

သူမ၏အစ်ကိုကြီးက ကျိရွှေရှန့်ကို ကူညီမည်မဟုတ်ကြောင်း နားလည်သွားသောကြောင့် ချိုးယွဲ့က ကျိရွှေရှန့်ကို ကူညီနိုင်မည့်လူတစ်ယောက်ယောက်ကို ရှာဖွေရန် လူအုပ်ထဲသို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။ စူးချင်းက အေးအေးဆေးဆေး မတ်တပ်ရပ်နေပြီး ပွဲကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ချိုးယွဲ့တစ်ယောက် ဒေါသတကြီး အံကြိတ်လိုက်မိပြန်သည်။ သူမက စူးချင်းထံသွားကာ ကျိရွှေရှန့်ကို ကူညီပေးရန် တွန်းအားပေးချင်နေသော်လည်း စူးချင်းက သူမကို သင်ခန်းစာပေးပြီးနောက်  သူမက စူးချင်းကို အရိုးထိအောင်ကြောက်လန့်နေပြီ ဖြစ်သည်။ အဆုံးစွန်သောအားဖြင့် စူးချင်းက သူမကို ဘာမှ မလုပ်လျှင်တောင် သူမက အရှက်ကွဲခံပြီး မသွားဝံ့တော့ပေ။

ကျိရွှေရှန့်က ထိုကောင်လေးကို ပြေးဝင်လာသည်ကို စောင့်ဆိုင်းနေပြီး ရုတ်တရက် လေထဲသို့ ခုန်တက်ကာ ထိုကောင်လေး၏မျက်နှာကို ကန်ထုတ်လိုက်သည်။ သို့သော်လည်း ထိုကောင်လေး၏လက်သီးများက သူ့ကို ထိလုနီးပါးဖြစ်သွားပြီး ကျိရွှေရှန့်က ကျွမ်းထိုးကာ ထိုလက်သီးများကို ရှောင်တမ်းလိုက်သည်။ သို့‌သော်လည်း ဘေးမှ ကြည့်နေရသည့် လူများအဖို့ အန္တရာယ်များလှသည့် မြင်ကွင်း ဖြစ်နေခဲ့သည်။

မျက်နှာကို အကန်ခံလိုက်ရသော လူထွားကြီး၏ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူ့နှာခေါင်းမှ ပူနွေးသည့် ခံစားချက်ကို ခံစားလိုက်ရသောကြောင့် လက်ဖြင့်သုတ်လိုက်ရာ သွေးများကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားရသည်။

ထပ်လာမယ်”

သူက ဒေါသထွက်သွားပြီး တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်၏ခွန်အားဖြင့် ကျိရွှေရှန့်ထံ ပြေးဝင်သွားတော့သည်။

✍️✍️✍️