Chapter 86 ရင်နင့်ရတဲ့ မြင်ကွင်း
Viewers 17k

အခန်း ၈၆ ရင်နင့်ရတဲ့ မြင်ကွင်း

အမျိုးသမီးလီက သူမ၏စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း သူမ၏နှာခေါင်းက သူမ၏ခံစားမှုကို ဖော်ပြနေသည်။ စူးချင်းနှင့် တခြားသူများကို သူမ မျက်နှာအား မြင်သွားမည်ကို စိုးရိမ်သောကြောင့် အမျိုးသမီးလီက သူမ၏ခေါင်းကို ငုံ့လိုက်ပြီး ကိတ်မုန့်ပျော့လေးကို တစ်ကိုက် ကိုက်လိုက်သည်။ သို့သော်လည်း သူမ မည်မျှပင် ကြိုးစားအားထုတ်နေပါစေ နူးညံ့သော ကိတ်မုန့်လေးကို သူမ  မမျိုချနိုင်ဘဲ သူမ၏မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာသောကြောင့် အင်္ကျီလက်စများဖြင့် သုတ်လိုက်ရသည်။

"အဒေါ်လီ၊ ဘာဖြစ်လို့လဲ?"

အမျိုးသမီးလီ ငိုနေသည်ကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က ကမန်းကတန်း မေးလိုက်သည်။

ဒီလောက်ကောင်းတဲ့ အစားအသောက်တွေ တစ်ခါမှ မစားဘူးလို့ ငါ အရမ်းစိတ်လှုပ်ရှားသွားတာပါ”

အမျိုးသမီးလီက သူမ၏မျက်ရည်များကို သုတ်နေရင်း ပြန်ဖြေလိုက်ပြီး စူးချင်းက မျက်ခုံးပင့်လိုက်သည်။ သူမရဲ့မျက်လုံးထဲက ဝမ်းနည်းမှုက စိတ်လှုပ်ရှားမှုနဲ့ တူနေလို့လား? သေချာပေါက် သူမ အရင်က ဒီမုန့်မျိုး စားဖူးရတယ်။ ဒါက သူမကို အတိတ်ကို ပြန်သတိရစေပြီး ဝမ်းနည်းစေတာပဲ။

သို့သော် စူးချင်းက ဘာမှ ထပ်မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် စနစ်ဆီမှ သတင်းကောင်းက သူမနားထဲသို့ တိုးဝင်လာသည်။

[ဂုဏ်ယူပါတယ် Host.... သင်ရဲ့ အပ်ချုပ်ခြင်းစွမ်းရည်က အဆင့် ၃ ကို ရောက်ရှိသွားပါပြီ။ သင်ရဲ့ [ဝိညာဉ်စွမ်းအား]၊ [တိုက်ခိုက်ရေးစွမ်းအား] နဲ့ [ရုပ်ပိုင်းဆိုင်ရာခွန်အား] အားလုံးကို အဆင့်မြှင့်တင်လိုက်ပြီး သင့်ရဲ့ [စစ်နတ်ဘုရား] စွမ်းရည်က အဆင့် ၂၁ ကို ရောက်ရှိသွားပါပြီ။]

စူးချင်းက အရမ်းပျော်သွားပြီး သူမ ဝယ်ထားသော အထည်စများကို ထုတ်ယူလိုက်ပြီး တြိဂံပုံ အတွင်းခံဘောင်းဘီနှင့် ဘရာစီယာများ စချုပ်တော့သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း ပန်းထိုးခြင်းက သူမ၏ အလျင်အမြန် အဆင့်တက်စေသောကြောင့် သူမ အချိန်မဖြုန်းတော့ဘဲ အမျိုးသမီးလီကို စူးစမ်းနေခြင်းအား ရပ်တန့်လိုက်သည်။

ကျိရှောင်ယင်က အမျိုးသမီးလီနှင့် တစ်ချိန်လုံး အတူရှိနေခဲ့ပြီး ပန်းထိုးခြင်းကိစ္စကို မေ့သွားခဲ့သည်။ ကျိရှောင်ယင်က သူမကိုယ်သူမ ဘာဖြစ်နေသည်ကို မသိသော်လည်း သူမက  အမျိုးသမီးလီကို အလွန်နှစ်သက်နေမိသည်။ သူမက အမျိုးသမီးလီထံမှ အလွန်နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားရပြီး သူမနှင့် ပိုနီးကပ်ချင်စိတ်ကို မတားဆီးနိုင်ပေ။

အမျိုးသမီးလီက ကိတ်မုန့်ကို တစ်ဝက်သာ စားပြီး ကျန်တစ်ဝက်ကို သူမလက်ထဲတွင် ကိုင်ထားခဲ့သည်။ ကျိရှောင်ယင်က ထိုအရာကို မြင်သွားပြီး စားရန် တိုက်တွန်းလိုက်သည်။

"မွေးစားအမေ၊ ဘာလို့ မစားတာလဲ?"

“ယုံအာက ငယ်ငယ်လေးကတည်းက ဒီလိုအရသာရှိတဲ့ ကိတ်မုန့်ကို တစ်ခါမှ မစားဖူးဘူး။ ငါ သူ့ကို မြည်းစမ်းခွင့်ပေးရမယ်"

အမျိုးသမီးလီက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်ပြီး သူမ၏မျက်လုံးများက အနည်းငယ် စိုးရွံ့နေပုံရသည်။

တကယ်တော့ ရှောင်ယင်က ဒီမုန့်ကို သူမအတွက် ပေးခဲ့တာ ဖြစ်ပြီး သူမက ငှားထားတဲ့ပန်းတွေနဲ့ ဗုဒ္ဓကို ပူဇော်နေတာက မရိုးသားတာပါပဲ။ (မြန်မာစာကားပုံကို အလှူလက်ဖက်နဲ့ မျက်နှာလုပ်တယ်ပေါ့)

"ကျုံးယုံမှာ သူ့ကို အရမ်းချစ်တဲ့ အမေတစ်ယောက်ရှိတယ်၊ သူ အရမ်းကံကောင်းတယ်"

ကျိရှောင်ယင်က မနာလိုစွာ ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် တမ်းတခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

တကယ်တော့ မိခင်ရှိနေတာက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ရှိနေတာနဲ့ အတူတူပဲ။ သူမလည်း သူမရဲ့အမေက ဘယ်လိုပုံစံလဲဆိုတာ  မြင်ချင်မိတယ်။ သူမရဲ့မိခင်က ကွယ်လွန်သွားတယ်ဆိုရင်တောင် ဘာလို့ ပုံတူလေးတစ်ပုံကိုတောင် မတွေ့ခဲ့ရတာလဲ?

တကယ်တော့ သူမ တစ်ခါတုန်းက အမျိုးသမီးတစ်ဦးကို အိပ်မက်မက်ခဲ့ဖူးတယ်။ သူမက အဲ့အမျိုးသမီးနောက်ကနေ လိုက်နေပြီး အမေလို့ ‌ငိုကြွေးအော်ခေါ်နေပေမယ့် သူမ အဲ့အမျိုးသမီးကို လိုက်မမီတော့ဘူး။ အဲ့အမျိုးသမီးက ထွက်သွားတာကို သူမ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရတယ်။

အဲ့ဒိစွန့်ပစ်ခံရတဲ့ခံစားချက်က သူမကို မိုးလင်းတဲ့အထိ ငိုကြွေးစေခဲ့တယ်။

"နောက်ဆိုရင် မွေးစားအမေက မင်းကို ပို ချစ်ပေးမယ်"

ကျိရှောင်ယင်၏ ညှိုးနွမ်းနေသော အသံကို ကြားလိုက်ရချိန်တွင် အမျိုးသမီးလီ၏ မိခင်ဗီဇက သဘာဝအလျောက် ပြည့်လျှံလာသည်။ သူမ၏လက်က လေထဲသို့ မြှောက်တက်လာပြီး ကျိရှောင်ယင်၏ဆံပင်များကို သပ်ပေးချင်နေပုံရသော်လည်း သူမက မမြင်နိုင်သောကြောင့် မထိနိုင်ပေ။

ကျိရှောင်ယင်က ထိုအပြုအမူကို မြင်သွားလိုက်ပြီး သူမ၏ခေါင်းလေးကို ငုံ့ကာ အမျိုးသမီးလီ၏လက်အောက်သို့ တိုးဝင်လိုက်သည်။ အမျိုးသမီးလီက ကျိရှောင်ယင်၏ နူးညံပျော့ပျောင်းသော ဆံပင်များကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်ပြီး  နှစ်သိမ့်ပေးလိုက်သည်။ ကျိရှောင်ယင်က ပျော်ရွှင်မှုများပြည့်နေသော မျက်နှာလေးဖြင့် သူမဘက်သို့ စောင်းငဲ့နေကာ ချိုမြိန်စွာ ပြုံးပြနေပြန်သည်။

စူးချင်းကလည်း ထိုမြင်ကွင်းကို မြင်နေရပြီး သူမက သူမမြင်ဖူးသော ကြောင်ပေါက်ကလေးကို ရုတ်တရက် သတိရမိသွားသည်။ ထိုစဥ်က သူမ တစ်စုံတစ်ဦးကို သတ်ပြီးနောက် စခန်းသို့ ပြန်ရောက်လာချိန် ဖြစ်သည်။ ထိုလေလွင့်ကြောင်လေးက သူမဘက်သို့ လျှောက်လာပြီး သူမ၏ ဘောင်းဘီစကို သူ့ခေါင်းလေးနှင့် ပွတ်သတ်ကာ သူမကို တားဆီးထားခဲ့သည်။

ရှောင်ယင် သူမကို ပေးနေတဲ့ ခံစားချက်က အချစ်ငတ်နေတဲ့ အဲ့ဒီကြောင်လေလွင့်တစ်ကောင်က ပေးတဲ့ခံစားချက်နဲ့အတူတူပဲ။

ကျိရွှေရှန့်ကလည်း နောက်သို့လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်သည်။ သူက စိတ်မသက်မသာ ဖြစ်သွားသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ညီမလေး မိခင်မေတ္တာ တောင့်တနေသည့်ပုံစံကို မမြင်ချင်တာကြောင့် အမျိုးသမီးလီကို လှမ်းမေးလိုက်သည်။

မွေးစားအမေ၊ အိမ်ထောင်စုစာရင်း ယူလာခဲ့လား?”

"အင်း၊ ငါ ယူခဲ့တယ်"

ကျိရွှေရှန့်၏မေးခွန်းကို ကြားသောအခါ အမျိုးသမီးလီက အလျင်အမြန် ပြန်ဖြေလိုက်ပြီး ကြောင်တောင်တောင်ဖြင့် သူမ၏လက်ကို နောက်ပြန်ဆုတ်လိုက်သည်။ သူမက မမြင်နိုင်သော်လည်း ကျိရှောင်ယင်၏ သူမအပေါ်မှီခိုမှုကို ခံစားနိုင်သည်။ သူမကိုယ်တိုင်လည်း ဤမိန်းကလေးကို အလွန်သဘောကျသော်လည်း ကျိရွှေရှန့် ဒေါသထွက်ပြီး သူမတို့ကို သည်းမခံနိုင်ဖြစ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။

"အဲဒါ ကောင်းတယ်။ မွေးစားအမေက အိမ်ကနေ ထွက်လာဖို့ ဝန်လေးနေမယ်လို့ ကျွန်တော် ထင်ထားတာ”

ကျိရွှေရှန့်က အမျိုးသမီးလီကို ဆက်ပြောလိုက်သည်။ အမျိုးသမီးလီက ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်ကာ ဝမ်းနည်းစရာ ဘာမှ မရှိပါဘူး။ ယုံအာက ကြီးပြင်းလာပြီ၊ သူ့ကို ဒီတောင်ပေါ်မှာ တစ်သက်လုံး ချုပ်နှောင်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ယုံအာရဲ့အဖေကလည်း သူ့သား သာမန်ဘဝနဲ့ တစ်သက်လုံး နေထိုင်သွားရမှာကို မြင်ချင်မှာ မဟုတ်ဘူး”

"မွေးစားအမေ၊ ကျွန်တော့်ရဲ့ မွေးစားအဖေက ဘယ်လိုသေသွားတာလဲ?"

ကျိရွှေရှန့်က အမျိုးသမီးလီကို မကြည့်ဘဲ အရှေ့ကို ခပ်တွေတွေ စိုက်ကြည့်ရင်း သွေးတိုးစမ်းသည့်သဘောဖြင့် မေးလိုက်သည်။

သူ…သူက သစ္စာစောင့်သိလို့ ငါတို့ကို စွန့်ပစ်ခဲ့တာ”

အမျိုးသမီးလီ၏ မျက်ရည်များ ထပ်စီးကျလာပြီး သူမ၏အသံကပင် ဝမ်းနည်းစရာ ကောင်းလွန်းနေသည်။ သူမ၏မျက်လုံးများ ကန်းသွားသည်အထိ ငိုကြွေးခဲ့သော်လည်း သူမ အရိုးထဲအထိ စွဲနေအောင် ချစ်ရသော ခင်ပွန်းကို မမေ့နိုင်သေးပေ။

မွေးစားအဖေရဲ့မျိုးရိုးနဲ့နာမည်က ဘာလဲလို့ မေးလို့ရမလား?”

ကျိရွှေရှန့်၏အာဒမ်ပန်းသီးက တလှုပ်လှုပ်ဖြစ်နေပြီး သူ့၏အသံက အနည်းငယ် နှေး‌ကွေးသွားသော်လည်း သူ့၏မျက်လုံးများက သခင်မလီကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ။ အဲဒီအကြောင်းကို မပြောဘဲ နေကြရအောင်။ ငါလည်း သူ့ကို အပြစ်မတင်တော့ပါဘူး။ ညီအစ်ကိုတွေ ဖြစ်လာရင် ဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါ အတူတူနေထိုင်ပြီး အတူတူ သေကြရတယ်။ ဒါက လူတစ်ယောက်ရဲ့ သစ္စာစောင့်သိမှုနဲ့ အကျင့်စာရိတ္တပဲ”

အမျိုးသမီးလီက သူမ၏စကားကို ဖြတ်တောက်လိုက်သည်။

ကျိရွှေရှန့်နဲ့ တခြားသူတွေက လူကောင်းတွေလို့ သူမ ခံစားနေရပေမယ့် သူမတို့ရဲ့လျှို့ဝှက်ချက်တွေကိုတော့ မပြောပြနိုင်သေးပါဘူး။

သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ အသေးစိတ်ကို မပြောတော့ဘဲ စကားစဖြတ်ချလိုက်သည်။

မွေးစားအမေ ကျုံးယုံနဲ့ ကျွန်တော်လည်း ဒီလို ညီအစ်ကိုကောင်းတွေ ဖြစ်လာမှာပါ။ ကျွန်တော် အသက်ရှင်နေသရွေ့ သူ့ကို တစ်သက်လုံး ကာကွယ်ပေးမယ်လို့ ကတိပေးပါတယ်”

ကျိရွှေရှန့်က အမျိုးသမီးလီကို လေးလေးနက်နက် စိုက်ကြည့်နေရင်း အခိုင်အမာ အာမခံလိုက်သည်။

သူက သူ့မွေးစားအမေ၏စကားများမှတဆင့် မှန်းဆချက်တစ်ချို့ကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ယခုအချိန်က ထိုစကားများကို ပြောရမည့်အချိန် မဟုတ်သေးပေ။  သူကိုယ်တိုင်လည်း သူ့မည်သူမည်ဝါဖြစ်သည်ကို မဖော်ပြနိုင်ပေ။ သို့သေည်လည်း တချို့အရာများကို သိလာပြီးနောက် သူ ဘာလုပ်ရမည်ကို သိလာခဲ့သည်။

"ငါ မင်းကို ယုံတယ်"

အမျိုးသမီးလီက စိတ်သက်သာရာရသွားပုံဖြင့် ပြုံးလိုက်သည်။

သူမတို့ တောင်ပေါ်ကနေ ထွက်လာခဲ့မိတဲ့အတွက် သူမ စိတ်ဓာတ်ကျနေတာမျိုး မရှိပါဘူး။  အနာဂတ်မှာ သူမတို့အတွက် ခြားနားတဲ့ဘဝတစ်ခု ရှိမယ်ဆိုတာကို သူမ ယောင်ဝါးဝါး ခံစားနိုင်ပြီး ယုံအာရဲ့ဖခင်ကို နှစ်သိမ့်ပေးနိုင်မယ်ဖို့ မျှော်လင့်နေမိတယ်။

စူးချင်းက အမျိုးသမီးလီကို မေးမြန်းစူးစမ်းနေသည့် ကျိရွှေရှန့်၏စကားသံကို နားထောင်နေခဲ့သော်လည်း သူမ၏မျက်လုံးမျာက ငြိမ်သက်နေပြီး သူမ ဘာမှ မကြားသလို ပြုမူနေသည်။ သို့သော်လည်း ကျိရွှေရှန့်၏အကြည့်အောက်တွင် အမျိုးသမီးအတွင်းဝတ်များ ချုပ်ရန် မသင့်တော်သောကြောင့် သူမက ကန့်လန့်ကာကို အောက်သို့ ပြန်ချလိုက်သည်။

ထိုကန့်လန့်ကာက သူ့၏မြင်ကွင်းကို ပိတ်ဆို့လိုက်သောကြောင့် ကျိရွှေရှန့်က သူ့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရထားလုံးကို မောင်းနှင်ရန် ပြန်အာရုံစိုက်လိုက်သည်။

သူ့ပုခုံးတွေက ပိုပြီးလေးလံလာသလို သူ ခံစားနေရတယ်။ (သူ့မှာ တာဝန်တွေ ပိုများလာပြီလို့ ပြောချင်တာပါ)

နေ့ခင်းဘက်ရောက်လာသည်အထိ သူတို့ ထျဲကြွယ်တောင်မှ မထွက်နိုင်သေးပေ။ အကြောင်းမှာ တောင်များတွင် လမ်းလျှောက်ခြင်းက လမ်းမကြီးပေါ်တွင် လမ်းလျှောက်ခြင်းထက် ပိုမိုအေးမြသောကြောင့် လူတိုင်းက ယခင်ရက်အနည်းငယ်ကထက် ရေလိုအပ်မှု နည်းပါးလာခဲ့သည်။ သို့သော်လည်း ဝါးကျဥ်တောက်များအတွင်းမှ ရေက ကုန်တော့သွားမည်ဖြစ်သောကြောင့် ရေအရင်းအမြစ်ကို အမြန်ဆုံးရှာရတော့မည် ဖြစ်သည်။

ကျုံးယုံက ထျဲကြွယ်တောင်တွင် နေထိုင်သောကြောင့် ကျိရွှေရှန့်က ရေအရင်းအမြစ်အကြောင်းမေးရန် သူ့ကို ခေါ်လိုက်သည်။

တောင်ပေါ်မှာ ရေ မရှိတော့ဘူး။ အားလုံး ခမ်းခြောက်နေပြီ”

ကျုံးယုံက ကျိရွှေရှန့်နှင့် စကားပြောနေရင်း သူ့၏ကွဲနေသောနှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။

"ဒါဆို မင်းတို့ ဘယ်လိုရေသောက်ကြလဲ?"

ကျိရွှေရှန့်က သူ့ကို ထူးဆန်းသောအကြည့်တစ်ချက် ပေးလိုက်သည်။

တောင်ပေါ်မှာ ရေ မရှိဘူး၊ မိုး မရွာဘူးဆိုရင် လူတွေက ရေငတ်ပြီး သေမှာ မဟုတ်ဘူးလား?

ကျွန်တော်တို့ရွာမှာက ရေတွင်းတွေ တူးကြတယ်၊ တခြားရွာတွေလည်း ဒီလိုပဲ။ ရေကို မတွေ့ခင် ဆယ်ကျန်း(ပေတစ်ရာ)ကျော်ကျော်လောက်နောက်အောင် တွင်းတူးရတယ်၊ အဲ့တာတောင်မှ သောက်ဖို့ပဲ လုံလောက်တယ်၊ လယ်တွေကို ရေလောင်းဖို့ မလုံလောက်ဘူး။ ဒီနှစ်မိုးခေါင်ပြီး လောင်းစရာရေလည်း မရှိတော့ ကောက်ပဲသီးနှံတွေ အကုန်သေကုန်တယ်၊ အစိုးရကလည်း အခွန်တောင်းနေသေးတယ်၊ နောက်ဆုံးမှာ လူတွေအများကြီးက အစာမစားရလို့ ငတ်သေတော့မယ်”

ကျုံးယုံက တုံးအသူ ဖြစ်သော်လည်း သူ့စကားများက ရှင်းလင်းကာ အစီအစဥ်တကျ ဖြစ်နေခဲ့သည်။ ထိုစကားကို ကြားပြီးနောက် ကျိရွှေရှန့်က ပို၍ မျက်မှောင်ကြုတ်သွားသည်။

ယခုအခါ သူတို့တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိသော်လည်း ရေမရှိသောကြောင့် ချက်ပြုတ်ရန် နည်းလမ်းမရှိတော့ပေ။ တခြားလမ်းနည်း မရှိလျှင် ရွာများမှ  ရေသွားတောင်းရတော့မည် ဖြစ်သည်။

"ဒီကနေ အနီးဆုံးရွာက ဘယ်လောက်ဝေးလဲ?"

ကျိရွှေရှန့်က ကျုံးယုံကို ထပ်မေးလိုက်သောကြောင့် ကျုံးယုံက သူ့ကို မျက်လုံးပြူးကြီးများဖြင့် ပြန်စိုက်ကြည့်နေသည်။

"အစ်ကိုကြီးက ဘာလုပ်ချင်လို့လဲ?"

"ရေသွားတောင်းမလို့"

ကျိရွှေရှန့်က ဝါးကျဥ်တောက်ထဲမှ နောက်ဆုံးရေတစ်စက်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး  ဝါးကျဥ်တောက်ကို လှုပ်ကြည့်လိုက်ရာ ဝါးကျဥ်တောက်က ဗလာဖြစ်နေပြီ ဖြစ်သည်။

မသွားဖို့ အကြံပေးချင်တယ်။ ဒီလိုမိုးခေါင်ရေရှားတဲ့ ကာလမှာ ရေက လူတွေရဲ့အသက်ပဲ။ ရေကြောင့် လူတော်တော်များများ သေကုန်ကြပြီ။ ရွာတိုင်းက သူတို့ရဲ့ရေအရင်းအမြစ်ကို ကာကွယ် ထားကြတယ်၊ ဘယ်သူကမှ ရေပေးမှာ မဟုတ်ဘူး။ ရေတောင်းဖို့နေနေသာသာ ပိုက်ဆံနဲ့တောင် ဝယ်လို့ရမှာ မဟုတ်ဘူး။ ရွာထဲကို အပြင်လူတွေ ဝင်လာလိုက်တာနဲ့ တစ်ရွာလုံးက ဦးအောင် တိုက်ခိုက်ကြလိမ့်မယ်။ အဲ့တာက ကြောက်စရာကောင်းတယ်”

ကျုံးယုံ၏ဦးခေါင်းက ပလုတ်တုတ်ကဲ့သို့ ခါယမ်းနေသည်။ ကျိရွှေရှန့်က ဤကဲ့သို့ ဆိုးရွားသော အခြေအနေကို ကြားလိုက်ရသောကြောင့် ရေ သွားမတောင်းချင်တော့ပေ။

"ထျဲကြွယ်တောင်ကို ကျော်သွားရင်ရော ရေ ဘယ်မှာရှိတယ်ဆိုတာ မင်း သိလား?"

ကျိရွှေရှန့်က ကျုံးယုံကို ထပ် မေးလိုက်သည်။ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့ ညနေတွင် ဤတောင်တန်းမှ ထွက်ခွာနိုင်မည် ဖြစ်ပြီး ထျဲကြွယ်တောင်ကို ကျော်လွန်သည်နှင့် ရေရှိနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

✍️✍️✍️