Chapter 87 သူမက အရမ်းအေးစက်လွန်းတယ်
Viewers 17k

အခန်း ၈၇ သူမက အရမ်းအေးစက်လွန်းတယ်

မသိဘူး၊ ကျွန်တော် သိတာက ဒီကနေ ဆယ်လီ အတောအတွင်းမှာ ရှိတဲ့ မြစ်ကြမ်းပြင်က ခန်းခြောက်သွားပြီ”

ကျုံးယုံ၏စကားများက ကျိရွှေရှန့်၏ နောက်ဆုံးမျှော်လင့်ချက်ကို သေဆုံးသွားစေခဲ့သည်။

အဲ့လိုဆိုရင်တော့ သူတို့ စူးချင်း ရေသိုလှောင်တဲ့ နည်းလမ်းကိုပဲ အသုံးပြုရတော့မယ်၊ မနက်ခင်းမှာ နှင်းရည်တွေ စုဆောင်းပြီး နည်းနည်းလေးများလာရင် သောက်လို့ရပြီ၊ အဲဒီမတိုင်ခင်တော့ ရေငတ်နေရလိမ့်မယ်။

စူးချင်းက သူတို့၏စကားဝိုင်းကို ကြားသွားပြီး ရှောင်ချီကို လှမ်းမေးလိုက်သည်။

"ဒီအနီးနားမှာ ရေအရင်းအမြစ်ရှိလား?"

"သခင် ရှောင်ချီ အခု သွားရှာလိုက်ပါ့မယ်"

ရှောင်ချီက ပျင်းရိနေပြီး စနစ်ထဲတွင် ငိုက်မြည်းနေခဲ့သည်။ နောက်ဆုံးတွင် သူမ၏သခင်က သူမကို သတိရသွားသောကြောင့် ရှောင်ချီက ဝမ်းသာအားရ ခုန်ထကာ သူမ၏ဝတုတ်တုတ်ကိုယ်လေးကို တွန့်လိမ်ပြီး သူမ၏ ခြေထောက်တိုလေးများဖြင့် စနစ်၏စခရင်ဆီသို့ အမြန်ပြေးသွားတော့သည်။ သူမက သူမ၏သခင်ကို ကူညီပြီး ရေအရင်းအမြစ်ရှာရန် အစွမ်းကုန်ကြိုးစားရမည် ဖြစ်သည်။

စူးချင်း၏ သူမ၏တြိဂံပုံ အတွင်းဘောင်းဘီကို ချုပ်ပြီးသွားပြီ ဖြစ်ကာ ချုပ်လုပ်မှုစွမ်းရည်က အဆင့်သေးနှစ်နေရာ တိုးလာခဲ့သည်။ ရှေးခေတ်ဘောင်းဘီရှည်များကို ဝတ်ရသည်မှာ အဆင်မပြေ ဖြစ်လှပြီး ခါးပတ်နှင့် ချည်နှောင်ထားရသည်။ ထို့အပြင် လေတိုက်လျှင်လည်း ဘောင်းဘီ၏အနားမှ လေများဝင်ကာ အပေါ်သို့ ပင့်တက်လာတက်သည်။ ထို့ကြောင့် သူမ၏ကိုယ်ပိုင်အတွင်းခံဘောင်းဘီကို ချုပ်ပြီးသွားချိန်တွင် ချက်ချင်း လဲဝတ်ချင်နေမိသည်။ သို့သော် ရထားလုံးထဲတွင် လူ အများအပြား ရှိနေသောကြောင့် သူမ အဝတ်လဲရန် အခွင့်အလမ်းရှာရတော့မည် ဖြစ်သည်။

သူမ ချုပ်ထားသော ဘောင်းဘီက ​​ခါးနေရာတွင် နှစ်လွှာထပ်ပြီး အနားလုံးထားခြင်းဖြစ်သည်။ ဘေးတစ်ဖက်စီတွင် အပေါက်များ ဖောက်ထားပြီး ကြိုးသေးသေးလေး ထည့်ထားသောကြောင့်   ဆွဲချည်ထားလျှင် အဆင်ပြေလှပြီး ကျွတ်ကျမည်ကိုလည်း စိုးရိမ်နေစရာ မလိုတော့ပေ။

ကျိရှောင်ယင်က စူးချင်းလုပ်ထားသော ဘောင်းဘီကို မြင်သွားပြီး စိတ်ဝင်တစား ကောက်ကိုင်လိုက်သည်။

"အစ်ကို၊ မင်း ဘာတွေ လုပ်နေတာလဲ?"

"အတွင်းခံဘောင်းဘီ"

စူးချင်းက သူမ၏ဘောင်းဘီကို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်သောကြောင့် ကျိရှောင်ယင်က မယုံကြည်နိုင်စွာ အော်ဟစ်နေပြန်သည်။

"ဒါကို ဘယ်လိုဝတ်ရမလဲ?"

စူးချင်းက ပျော်ရွှင်နေသည့် အမူအရာဖြင့် ဒီဘောင်းဘီကို ကြိုက်သလို ဝတ်လို့ ရတယ်။ အထဲမှာ ရှိနေမှာလေ၊ ဘယ်သူမှ မြင်မှာ မဟုတ်ဘူး”

"ဟုတ်သားပဲ!"

ကျိရှောင်ယင်က စိတ်ရှုပ်ခံ မနေတော့ပေ။ ဘာပဲဖြစ်ဖြစ် အစ်မပြောတာ မှန်တယ်။ အထဲမှာဝတ်ထားတာကို ဘယ်သူက မြင်မှာတဲ့လဲ?

စူးချင်းကလည်း သူမကို မော့ကြည့်လိုက်သည်။ ရှောင်ယင်ရဲ့အသစ်အဆန်းတွေကို လက်ခံနိုင်စွမ်းက တော်တော်ကောင်းတာပဲ၊ သူမအတွက်လည်း ချုပ်ပေးရမယ်။

ညီအစ်မနှစ်ယောက် စကားပြောနေကြစဉ် စိတ်လှုပ်ရှားစွာ အော်လိုက်သည့် ရှောင်ချီ၏ချစ်စရာအသံလေးကို ကြားလိုက်ရသည်။

သခင်၊ ဒီကနေ ငါးလီလောက်ဝေးတဲ့ တောင်ပေါ်က တောနက်ထဲမှာ မြေအောက်ရေအရင်းအမြစ် ရှိတယ်။ အဲ့တာက အရမ်း ကြီးတယ်”

စူးချင်းက ရှောင်ချီ့ကို ချီးကျူးလိုက်သည်။

"ရှောင်ချီက တော်တယ်"

ရှောင်ချီက စူးချင်း၏ ချီးမွမ်းသံကို ကြားသွားပြီး သူမ၏ခန္ဓာကိုယ်ပုံပုံလေးဖြင့် စနစ်ထဲတွင် စက်ဝိုင်းပုံစံ လှည့်ပတ်နေတော့သည်။

သခင်က ရှောင်ချီ့ကို ချီးမွမ်းနေတယ်။ ရှောင်ချီ အရမ်းပျော်နေတယ်!"

စူးချင်း၏ နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးသွားသည်။

ရှောင်ချီက ပို ပိုပြီး ချစ်စရာကောင်းလာတယ်။

အခု ပြဿနာက ဒီတောင်မှာ မြေအောက်ရေအရင်းအမြစ်ရှိနေမှန်း သူမ သိပေမယ့် ကျိရွှေရှန့်နဲ့ တခြားသူတွေက ယုံကြည်အောင် ဘယ်လို ပြောပြရမလဲ?

"ရွှေရှန့်!"

စူးချင်းက ကန့်လန့်ကာကို မတင်လိုက်ပြီး ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်ရာ ကျိရွှေရှန့်က လှည့်ကြည့်လာသည်။

"ဒီတောင်မှာ ဝိညာဉ်စွမ်းအင်တွေ ရှိတယ်လို့ ကျွန်မ ခံစားနေရတယ်၊ ဒါကြောင့် လင်ဇီးကို ရှာတွေ့နိုင်မလားလို့ တွေးမိတယ်"

စူးချင်းက ကျိရွှေရှန့်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း ခပ်တည်တည် ပြောလိုက်သည်။ သူမအတွက် လင်ဇီး ရှာဖို့ ကူညီပေးမယ်လို့ သူ အရင်က ပြောခဲ့ဖူးတယ်၊ ဒါပေမယ့် သူ မှတ်မိပါ့မလား သူမလည်း မသိဘူး။

"တကယ်လား? ဒါဆို ငါ မင်းအတွက် သွားရှာပေးမယ်"

တောင်ပေါ်တွင် လင်ဇီးရှိနေကြောင်း ကြားလိုက်သောအခါ ကျိရွှေရှန့်က မြင်းဇက်ကြိုးကို ချက်ချင်း ပြန်ဆွဲထားလိုက်သည်။ သူက သူပေးထားသည့်ကတိကို မှတ်မိနေပြီး စူးချင်း၏ရောဂါအတွက် အမြဲစိုးရိမ်နေခဲ့သည်။ သူမ၏ ဆေးပညာကျွမ်းကျင်မှုက အလွန်ကောင်းမွန်ကြောင်း သူ အတည်ပြုနိုင်ခဲ့သော်လည်း သမားတော်အများစုက ကိုယ်ကိုကိုယ် ပြန်ဆေးမကုနိုင်ပေ။ သူမက သူမကိုယ်သူမ ကုသနိုင်လျှင်တောင် ဆေးမရှိဘဲ သူမ၏ရောဂါကို ကုသနိုင်မည် မဟုတ်ပေ။

ကျိရွှေရှန့်၏တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် စူးချင်း၏မျက်လုံးများက တောက်ပလာပြီး သူမ သူ့နောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကျွန်မလည်း လိုက်မယ်”

"မင်း ဒီမှာပဲ အေးအေးဆေးဆေး နေခဲ့ပါ။ လင်ဇီးကို ရှာဖို့ ငါ ကူညီပေးမယ်"

နက်ရှိုင်းသော တောတောင်များထဲသို့ ဝင်ရခြင်းက မလုံခြုံဟု ခံစားမိသောကြောင့် ကျိရွှေရှန့်က စူးချင်း နေခဲ့စေရန် ဖြောင့်ဖြလိုက်သည်။

"အတူတူ သွားရှာကြည့်ရအောင်။ အဲ့တာက ပိုမြန်လိမ့်မယ်။ ပြီးတော့ ရေအရင်းအမြစ်ရှာနိုင်မလားလဲ ကြည့်ရအောင်။ ဒီတောင်တန်းတွေရဲ့ အခြေအနေအရ လင်ဇီးရဲ့တည်နေရာနဲ့ ရေအရင်းအမြစ်ကို ကျွန်မတို့ ရှာတွေ့နိုင်လိမ့်မယ်”

စူးချင်းက ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင် ကျိရွှေရှန့်က သူမ သူ့နောက်လိုက်လာမည်ကို မကန့်ကွက်တော့ပေ။ သူတို့က ရေကို အရေးတကြီး လိုအပ်နေပြီး စူးချင်း၏စွမ်းရည်များက အံ့မခန်းဖြစ်နေသောကြောင့် ဖြစ်သည်။

တကယ်တော့ လင်ဇီး ရှာဖို့ကလည်း အတူတူပါပဲ။ သူက မျက်ကန်းတောတိုး လိုက်ရှာရမှာ ဖြစ်ပြီး  စူးချင်းက ရည်ရွယ်ချက်ရှိရှိနဲ့ နေရာအတိအကျ ရှာနိုင်လိမ့်မယ်။ အဲ့တာကြောင့် ကြာမယ့်အချိန်က မတူနိုင်ဘူး။ တောင်ပေါ်ကို ရောက်သွားပြီးရင် သူ သူမကို အကာအကွယ်ပေးလိုက်မယ်။ အဲ့တာဆိုရင် အန္တရာယ် မရှိလောက်ပါဘူးလေ။

"အားလုံး ဒီမှာ အနားယူပြီး အိပ်ဖို့ အချိန်ယူလိုက်ကြဦး။ မင်းရဲ့စွမ်းအင်ကို ချွေတာပြီး တတ်နိုင်သမျှ မလှုပ်ရှားပဲနေကြပါ"

ကျိရွှေရှန့်က ဆုံးဖြတ်ချက်ချပြီး သူက သူ့နောက်မှ အဖွဲ့ကို လှမ်းအော်လိုက်သည်။ သူ့အသံကို ကြားလိုက်ချိန်တွင် မူလကတည်းက မောပန်းနွမ်းနယ်နေပြီဖြစ်သော ရွာသူရွာသားများက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြပြီး ဘာပဲဖြစ်ဖြစ် ပြန်မထနိုင်တော့မည့်ပုံပင် ပေါ်နေကြသည်။ အမျိုးသားများက ဘာကိုမှ ဂရုမစိုက်ဘဲ လှဲလျောင်းကာ အိပ်လိုက်ကြသော်လည်း အမျိုးသမီးများက ထိုကဲ့သို့ရဲရဲတင်းတင်း မနေနိုင်သောကြောင့် မှီပြီး အိပ်နိုင်ရန် သစ်ပင်များကို ရှာဖွေနေကြသည်။

"ကျုံးယုံ၊ ယုံခန်း၊ တာ့နျို၊ လောင်ချီ၊ မင်းတို့က အားလုံးရဲ့လုံခြုံရေးအတွက် တာဝန်ယူ ပေးရတယ်။ စူးချင်းနဲ့ ငါက ရေ သွားရှာမယ်။ ငါတို့ ရေ တွေ့တာနဲ့ မင်းတို့ကို ပြန်လာခေါ်မယ်"

"အကိုကြီး၊ ကျွန်တော် အကိုကြီးနဲ့ လိုက်ခဲ့မယ်"

ကျုံးယုံက ကျိရွှေရှန့်၏နောက်သို့ လိုက်ချင်နေပြီး သူက သူ့အစ်ကိုကြီးကို ကာကွယ်စောင့်ရှောက်ချင်နေသည်။

တောင်ပေါ်မှာ သားရဲတိရစ္ဆာန်တွေ ရှိတယ်။ အကိုကြီး သူတို့ကို တိုက်ခိုက်ဖို့ ကျွန်တော် ကူညီပေးနိုင်ပါတယ်"

"ကောင်းပြီ၊ ဒါဆို မင်း ဒီတောင်းကို သယ်လာခဲ့"

ကျိရွှေရှန့်က ကျိုးယုံ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ခေါ်ဆောင်သွားလျှင် အထောက်အကူ ဖြစ်နိုင်မည်ဟု ခံစားမိသောကြောင့် ဝါးကျဥ်တောက်များ အပြည့်ထည့်ထားသော ခြင်းတောင်းကို ကျော်ပိုးသယ်လာရန် အမိန့်ပေးလိုက်သည်။

ဤကဲ့သို့ အရေးကြီးသောတာဝန်ကို ထမ်းဆောင်ရသည့်အတွက် ကျုံးယုံက ဂုဏ်ယူနေသည်။ သူက ခြင်းတောင်းကို ထမ်းပြီး သူ့အမေဆီသို့ ပြေးသွားကာ ဝမ်းသာအားရ ပြောပြနေလေသည်။

အမေ၊ ကျွန်တော် ရေရှာဖို့ အကိုကြီးနောက်ကို လိုက်သွားမယ်။ အမေ ဒီမှာ ကောင်းကောင်း အနားယူပြီး အမေ့သားက အမေ စားဖို့ အသားရှာလာမှာကို စောင့်နေနော်!"

"မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ရမယ်"

သူမရဲ့သား အမဲလိုက်သွားတိုင်း သူမက သူ့ကို ဒီလို သတိပေးနေကျပါ။

အင်း”

ကျုံးယုံက ခေါင်းညိတ်သဘောတူလိုက်သည်။ သူ၏ အရပ်ရှည်ပြီး ကြီးမားသည့်ခန္ဓာကိုယ်ကြီးအတွက် လေးလံသော တောင်းက ကစားစရာသကဲ့သို့ ဖြစ်နေပြီး သူက တောင်းကို သူ့နောက်ကျောတွင် မရှိသလို ခပ်အေးအေး သယ်ဆောင်ထားသည်။ ထို့နောက်တွင် သူက ကြီးမားသော အပြုံးဖြင့် ကျိရွှေရှန့်၏အနားသို့ ပြန်ပြေးလာခဲ့သည်။

"အကိုကြီး သွားကြရအောင်!"

စူးချင်းနှင့် ကျိရွှေရှန့်တို့လည်း ခြင်းတောင်းကိုယ်စီကို ကျောပေါ်တင်ထားကြပြီး ကွာခြားချက်မှာ စူးချင်းက ခြင်းတောင်းအလွတ်ကို ယူဆောင်လာခြင်းဖြစ်ကာ ကျိရွှေရှန့်နှင့် ကျုံးယုံတို့က ဝါးကျည်တောက်များ ပြည့်နေသော ခြင်းတောင်းကို သယ်ဆောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် နှောင့်နှေးမှု မရှိပဲ လင်ဇီးနှင့် ရေကို တစ်ပြိုင်နက်တည်း ရှာဖွေနိုင်ပေလိမ့်မည်။

ထျဲကြွယ်တောင်က လှပသော ရှုခင်းများရှိနေသည့် တောက်ပနေသော တောင်တစ်လုံး မဟုတ်ပေ။ ထိုတောင်က ကျောက်တောင်ကြီးတစ်ခုဖြစ်ပြီး ဟာလာဟင်းလင်း ဖြစ်နေကာ ဆိတ်သုဉ်းနေသည့်ခံစားချက်ကို ပေးစွမ်းနေသည်။ ကျိရွှေရှန့်က လမ်းလျှောက်နေရင်း သူ့ခေါင်းကို မော့လိုက်ကာ တောင်၏ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှု့လိုက်သည်။ ထိုတောင်ကို ကြည့်နေရခြင်းကပင် သူ့ကို ဇဝေဇဝါ ဖြစ်နေစေသည်။

ဒီတောင်ပေါ်မှာ ဝိညာဉ်စွမ်းအင် ရှိတယ်တဲ့လား? သူက ဘာလို့ အရိပ်အယောင်လေးတောင် မတွေ့ရတာလဲ? ဒီဝိညာဉ်စွမ်းအင် မရှိတဲ့ တောင်ပေါ်မှာ လင်ဇီးရှိနိုင်ပါ့မလား?

သို့သော်လည်း သူက သူ့၏သံသယများကို ထုတ်မပြောတော့ပေ။ ဤသည်မှာ စူးချင်း၏ မျှော်လင့်ချက် ဖြစ်ပြီး သူက ၎င်းကို မဖျက်ဆီးလိုပေ။

သီးခြားရှာဖွေလျှင် တစ်ခုခုကို ရှာတွေ့ရန် ပိုမြန်မည် ဖြစ်သော်လည်း နက်ရှိုင်းသော တောင်တန်းများတွင် လူ ပျောက်ဆုံးသွားရန် လွယ်ကူလှသည်။ သူတို့ လူစုကွဲသွားလျှင် ပြန်ဆုံနိုင်ရန် ခက်ခဲသောကြာင့် ကျိရွှေရှန့်က သီးခြားရှာဖွေမည့်အတွေးကို စွန့်လွှတ်လိုက်သည်။

ကျုံးယုံက ဤတောင်တန်းများတွင် ကြီးပြင်းခဲ့သူဖြစ်သောကြောင့် တောင်တက်ရခြင်းက သူ့အတွက် ကလေးကစားစရာတစ်ခုသာ ဖြစ်သည်။ သူက စကားများသူ ဖြစ်လာပြီး လမ်းလျှောက်ရင်းဖြင့် ကျိရွှေရှန့်နှင့် စူးချင်းကို ရောက်တက်ရာရာများ ပြောပြနေခဲ့သည်။

အရမ်း မပူတဲ့အချိန်မှာဆိုရင် ဒီတောင်ပေါ်မှာ တောအကောင်သေးသေးလေးတွေ အများကြီးရှိတယ်။ ကျွန်တော်က ဒီတောင်ပေါ်ကို ရောက်တာနဲ့ အမေ စားဖို့ ယုန်တွေနဲ့ ငှက်ကလေးတွေ ဖမ်းလေ့ရှိတယ်။ ဒီလို ခြောက်သွေ့သွားတဲ့ အချိန်မှာတော့ အကောင်သေးသေးလေးတွေတောင် ပျောက်ကွယ်သွားပြီး အမေက အရမ်း ဆာလောင်နေရတယ်”

"ဒီနှစ်တွေမှာ မင်းအတွက် ခက်ခဲခဲ့တယ် မဟုတ်လား?"

ကျိရွှေရှန့်က ကျုံးယုံကို ကြည့်ပြီး မေးလိုက်သည်။  ကျုံးယုံက ခေါင်းခါလိုက်ပြီး “မခက်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ဦးလေးက ကျွန်တော်တို့အပေါ် အရမ်းကောင်းတယ်။ မနှစ်က ကျွန်တော့်ဦးလေး ဆုံးပါးသွားပေမယ့် ကျွန်တော်က အမဲလိုက်တက်‌နေပြီ ဆိုတော့ အဆင်ပြေတယ်။ ဒီလို ဘေးဥပဒ်ဖြစ်လာတဲ့ နှစ်မှာတော့ လိုက်ရှာစရာတောင် ဘာတစ်ခုမှ မရှိတော့ဘူး၊ အဲ့တာတော့ ကျွန်တော်တို့ရဲ့ဘဝတွေက မကောင်းတော့ဘူး”

"ဦးလေးလား?"

ကျိရွှေရှန့်က ထပ်မေးလိုက်သောကြောင့် ကျုံးယုံ၏ မျက်လုံးများက နီရဲလာပြီး ငိုသံပါကြီးဖြင့် ပြန်ဖြေလာသည်။

ဟုတ်တယ်၊ ကျွန်တော့်ဦးလေးက ကျွန်တော့်ကို အမဲလိုက်နည်းကို သင်ပေးပြီး အစားအသောက်ကောင်းတွေ အမြဲပေးတယ်။ သူက အမေ့ရဲ့မျက်လုံးကို ကုသဖို့လည်း ငွေရှာပေးတယ်။ နောက်တော့ သူ သေသွားပြီး သူ့ကို ပြန်နှိုးလို့ မရတော့ဘူး။ အမေနဲ့ ကျွန်တော် သူ့ကို အရမ်းလွမ်းတယ်"

ကျုံးယုံက စကားပြောနေရသ်း သူ့၏ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ ‌အော်ငိုနေတော့သည်။ သူ၏ ဝံပုလွေနှင့်တူသော အထီးကျန်ဆန်သည့် အော်ဟစ်သံများက တောင်များပေါ်တွင် ပဲ့တင်ထပ်နေပြီး ကျိရွှေရှန့်၏မျက်လုံးများကလည်း နီရဲလာသည်။ သူက ပေါက်ကွဲထွက်လာသော သူ့နှလုံးသားထဲမှ အမုန်းတရားများကို ထိန်းချုပ်ရန် သူ့လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

စူးချင်းက ဘာအမူအရာမှ မပြဘဲ ဝမ်းပန်းတနည်း အော်ဟစ်ငိုကြွေးနေသော လူတစ်ယောက်နှင့် ‌ဒေါသဖြင့် လောင်မြိုက်နေသော လူတစ်ယောက်၏ ရှေ့မှ အေးအေးဆေးဆေး လျှောက်လမ်းနေခဲ့သည်။ ကျိရွှေရှန့်က စူးချင်း၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။

သူမမှာ လူသားဆန်တဲ့ ခံစားချက်တွေ ရှိရဲ့လား? သူမက အေးစက်လွန်းတယ်။

စူးချင်းက ရှောင်ချီ ညွှန်ပြပေးခဲ့သော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခဲ့ပြီး တောင်ပေါ်လမ်းများက လျှောက်လှမ်းရန် ခက်ခဲလွန်းလှသည်။ ကျောက်ဆောင်များက မတ်စောက်နေသာကြောင့် သူမ လုံးလုံးလျားလျား အာရုံစိုက်နေရသည်။ ထိုသို့မဟုတ် သူမ ချောက်ကမ်းပါး‌အောက်သို့ အလွယ်တကူ ပြုတ်ကျသွားပေလိမ့်မည်။

✍️✍️✍️