အခန်း ၈၉
"အောက်ကို ဆင်း"
စူးချင်းက
သူ၏ရှက်ရွံ့မှုကို မြင်နေရသော်လည်း အေးစက်စက်ဖြင့်ပင်
အကြည့် ပြန်လွှဲလိုက်ပြီး သူမ၏ခြေထောက်နားရှိ အက်ကွဲကြီးကို ညွှန်ပြရင်း ကျိရွှေရှန့်ကို
အမိန့်ပေးလိုက်သည်။
"ဆင်းရမှာလား?"
ကျိရွှေရှန့်က
အက်ကွဲကြောင်းကို တစ်ချက်ငုံကြည့်လိုက်သည်။ ထိုနေရာက လူတစ်ယောက်ဝင်စာလောက်သာ
ကျယ်ပြီး အောက်ခြေကို မမြင်ရလောက်အောင် မဲမှောင်နေသည်။ သူက မယုံနိုင်စွာဖြင့် စူးချင်းကို
လှမ်းကြည့်လိုက်မိသည်။
လင်ဇီးက ဒီလိုနေရာမှာ
ပေါက်တာလား?
"ခဏနေဦး၊ ကျွန်မ ကြိုးတစ်ချောင်း ကျစ်ဦးမယ်"
စူးချင်းက ရှောင်ချီကို
ထိုအပေါက်၏အတိမ်အနက်ကို မေးထားပြီးဖြစ်က ရှောင်ချီက ငါးမီတာထက် ပိုနက်ကြောင်း
သတင်းပြန်ပို့ထားခဲ့သည်။ ထိုအမြင့်က အရူးအမူး ဆင်းသွားရန် မဖြစ်နိုင်သော
အခြေအနေတစ်ခုသာ ဖြစ်သည်။ စူးချင်းက သစ်ပင်ပေါ်မှ နွယ်ပင်များကို ဆွဲချနေရင်း
အောက်သို့ ခုန်ဆင်းရန် အဆင်သင့်ဖြစ်နေသော ကျိရွှေရှန့်ကို လှမ်းတားလိုက်သည်။ ဤနေရာက
ရေအရင်းအမြစ်နှင့် နီးသောကြောင့် အခြားနေရာများနှင့် မတူဘဲ နွယ်ပင်များက စိမ်းလန်းနေပြီး
သန်သန်မာမာ ရှင်သန်နေကြသည်။
ကျိရွှေရှန့်လည်း
သူ ဖြတ်သန်းလာခဲ့သော နေရာများမှ သစ်ပင်များအားလုံး သွေ့ခြောက်နေပြီး ဤနေရာရှိ
သစ်ပင်များအာလုံး စိမ်းလန်းစိုပြေကာ ထူထူထပ်ထပ် ပေါက်ရောက်နေကြောင့်
သတိပြုမိသွားသည်။ မြေပြင်ပေါ်ရှိ မြက်ပင်များပင် လက်တစ်ဝါးစာလောက် မြင့်နေခဲ့သည်။
ဒီနေရာက စူးချင်းပြောခဲ့တဲ့
ဝိညာဉ်စွမ်းအင်တွေရှိတဲ့ နေရာဖြစ်နိုင်လား?
(T/N: သူ အဲ့လိုတွေ ဇဝေဇဝါ ဖြစ်နေတာက သူ စူးချင်းကို မယုံတာ မဟုတ်ဘူးနော်၊ တကယ်က
သူက အဲ့လို ပညာတွေ သင်ထားဖူးပြီး နားလည်တယ်၊ ခုကျတော့ သူ အရိပ်အယောင်တောင်
မတွေ့တော့ ထူးဆန်းနေတာပါ)
ကျိရွှေရှန့်က စူးချင်း
နွယ်ကြိုး ကျစ်နေသည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ သူမက
စူးစူးစိုက်စိုက် အမူအရာဖြင့် သူမ၏ သွယ်လျသော လက်နှစ်ချောင်းကို အသုံးပြုကာ အလျင်အမြန်
ရက်လုပ်နေသည်ကို သူ ကြည့်နေခဲ့ပြီး သူမ၏ရှည်လျားသော မျက်တောင်ကော့ကော့လေးများက သူမ၏ အေးစက်သော မျက်ဝန်းများကို
ဖုံးအုပ်ထားသည်။ ကျိရွှေရှန့်က သူမကို သွားကူညီချင်နေသော်လည်း ခုနက အဖြစ်အပျက်ကို
ပြန်တွေးမိချိန်တွင် သူ စူးချင်းနားသို့ မကပ်ရဲတော့ဘဲ သူမကို အဝေးမှသာ
စောင့်ကြည့်နေနိုင်တော့သည်။
တကယ်တော့ သူ ဒီခံစားချက်ကို
အရမ်းကြိုက်နေမိတာကို သူဘာသာသူ ပြန်နားလည်သွားတယ်။ ဒီနေရာမှာ သူတို့ နှစ်ယောက်ပဲ
ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာလည်း ဘာမှ မရှိဘူး။ စကားပြောစရာလည်း မလိုတာကြောင့်
တိတ်ဆိတ်ငြိမ်းချမ်းနေပြီး အချိန်တွေ ရပ်တန့်နေသလို ခံစားနေရတယ်။
"ရတော့မယ်၊ ပြီးခါနီးနေပြီ"
စူးချင်းက ရုတ်တရက်
စကားပြောလိုက်ပြီး ကျိရွှေရှန့်ကို မော့ကြည့်လိုက်သည်။ ကျိရွှေရှန့်က စူးချင်းထံမှ အလျင်အမြန် အကြည့်လွှဲလိုက်သော်လည်း
သူက သူခိုးလူမိသလို ဖြစ်နေပြီး ရှက်ရွံ့နေပြန်သည်။
စူးချင်းက ကျိရွှေရှန့်
ထူးဆန်းစွာ ပြုမူနေသည်ကို ခံစားနေမိသော်လည်း သူမထံတွင် သူ့ကို ဂရုစိုက်ရန်
အချိန်မရှိသေးပေ။ စူးချင်းက နွယ်ကြိုးကို သစ်ပင်ကြီးတစ်ပင်၏ပင်စည်တွင် ချည်နေရင်း ကျိရွှေရှန့်ကို
လှမ်းပြောလိုက်သည်။
"ကျွန်မ အရင် ဆင်းသွားလိုက်မယ်"
"ငါ အရင် ဆင်းမယ်"
ကျိရွှေရှန့်က စူးချင်းကို
တားဆီးလိုက်သည်။
အဲ့နေရာက
မည်းမှောင်နေတယ်လေ၊ တကယ်လို့ အန္တရာယ်ရှိနေပြီး တစ်ခုခု ဖြစ်သွားရင် သူ သူမကို
ဘယ်လို ကူညီရမှန်းမသိ ဖြစ်သွားလိမ့်မယ်။
“အမ်း”
စူးချင်းက အချိန်မဖြုန်းဘဲ မသဲမကွဲ အသံတစ်ခုဖြင့် သဘောတူလိုက်ပြီး ကျိရွှေရှန့်ကို
နွယ်ကြိုးစ လှမ်းပေးကာ သူ့နောက်ကျောမှ တောင်းကို ညွှန်ပြနေရင်း “အဲ့တာကို အရင်ချထားလိုက်၊ ရှင် ဆင်းသွားပြီးမှ ကျွန်မ အဲ့တာကို ကြိုးနဲ့
အောက်ချပေးမယ်"
“ကောင်းပြီ”
ကျိရွှေရှန့်က
ခေါင်းညိတ်ပြလိုက်ပြီး သူ သယ်ထးသော တောင်းကို မြေကြီးပေါ်သို့ ချထားလိုက်သည်။
အကယ်၍ သူ ဤမျှလေးလံသော တောင်းကြီးကို အောက်သို့ သယ်သွားပါက၊ အရေးပေါ်အခြေအနေဖြစ်လာလျှင်
သူ၏တုံ့ပြန်မှုအရှိန်ကို ထိခိုက်စေမည် ဖြစ်သည်။
ကျိရွှေရှန့်က
အောက်ဆင်းသွားပြီး စူးချင်းက သူ့ကို စောင့်ကြည့်နေသည်။ သူက အရပ်ရှည်သေည်လည်း သူ့၏လှုပ်ရှားမှုများက
တောင့်တင်းနေခြင်းမျိုး မရှိပေ။ သူက မျောက်ဝံတစ်ကောင်ကဲ့သို့ သွက်လက်နေပြီး
ကြိုးပေါ်မှ အလျင်အမြန် လျှောချသွားသည်။
ငါးမီတာအမြင့်က
သိပ်မမြင့်သောကြောင့် ကျိရွှေရှန့်က အောက်ခြေသို့ အမြန်ရောက်သွားသည်။ သူက မီးတိုင်ကို
ထွန်းညှိလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းကြည့်လိုက်သည်။ အရှေ့ဘက်တွင်
လေပြင်းတိုက်သံနှင့် ရေသံများကြားနေရပြီး ကံကောင်းထောက်မစွာဖြင့် အဆိပ်ပြင်းသော
မြွေများ သို့မဟုတ် ကြမ်းတမ်းသော သားရဲများ ပုန်းအောင်းနေခြင်း မရှိပေ။
သို့တို့အောင် ကျိရွှေရှန့်က
အလွန်စိတ်လှုပ်ရှားနေမိသေးသည်။
ရေ တကယ် ရှိတယ်။
သူက သူ့ခေါင်းကို မော့လိုက်ပြီး
လက်နှစ်ဖက်ကို ပါးစပ်နားကပ်ကာ လှမ်းအော်လိုက်သည်။
"စူးချင်းက တောင်းကို ချလိုက်"
စူးချင်းက ကြိုးကို
ပြန်ဆွဲတင်လိုက်ပြီး ခြင်းတောင်းတွင် ချည်ကာ ထိုတောင်းကို အောက်သို့ ချပေးလိုက်သည်။
အောက်တွင် ရှိနေသော ကျိရွှေရှန့်က ထိုခြင်းတောင်းကို ဖမ်းယူလိုက်ပြီး အပေါ်ထပ်သို့
ပြန်လှမ်းအော်လိုက်သည်။
“မင်း
မဆင်းနဲ့တော့။ ငါ ရေဖြည့်ပြီး ပြန် တက်လာခဲ့မယ်"
သို့သော်လည်း သူ အော်လိုက်သည့်အချိန်က
အလွန် နောက်ကျနေပြီ ဖြစ်ကာ စူးချင်းက ကြိုးဖြင့် လျှောချလာပြီ ဖြစ်သည်။ ကျိရွှေရှန့်က
သူမ ဆင်းလာနေပြီဆိုကို မြင်သွားပြီး ကြိုးစကို လွှတ်ချပေးလိုက်သည်။
“ငါ့နောက်
လိုက်ခဲ့”
ကျိရွှေရှန့်က အရှေ့တွင်
ရပ်ကာ ပြောနေရင်း မီးတိုင်ကို ကိုင်ထားရင်း စူးချင်းကို လှည့်ကြည့်လိုက်သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး
သူ့နောက်မှ လိုက်လာခဲ့သည်။
တကယ်လို့ သူမရဲ့ စစ်နတ်ဘုရားစွမ်းရည်
အဆင့် ၁၀၀ ကို ပြန်ရောက်သွားရင် သူမအတွက် အလင်းရောင်ပေးနိုင်မယ့်အရာတွေကို မလိုအပ်တော့ဘူး။
အခု သူမ အဆင့် ၂၁ ပဲ ရှိသေးတာတောင်မှ သူမရဲ့အမြင်အာရုံက သာမန်လူတွေထက် အဆပေါင်းများစွာ
သာလွန်နေပြီ၊ အဲ့တာကြောင့် မီးတိုင်က မီးမှိန်မှိန်လေးပဲ ရှိပေမယ့် သူမက ဂူအတွင်းမှာရှိတဲ့
အရာအားလုံးကို မြင်နိုင်တယ်။
လက်ရှိအချိန်တွင် အနက်ရောင်မြွေကြီးက
ကျောက်နံရံနှင့် အရောင်တူနီးပါးဖြစ်နေပြီး သူ့လျှာကို ပြူတစ်ပြူတစ်လုပ်ကာ ကျိရွှေရှန့်ကို
စိုက်ကြည့်နေတယ်။
"ရွှေရှန့် သတိထား"
စူးချင်းက ထိုအဆိပ်ပြင်းမြွေကို
မြင်လိုက်ပြီး သတိပေးလိုက်သော်လည်း နောက်ကျနေပြီ ဖြစ်သည်။ မြွေက ကျောက်နံရံမှ ကျိရွှေရှန့်ဆီသို့
ခုန်ဆင်းလာပြီး သူ့၏လက်ကောက်ဝတ်ကို ကိုက်ရန် ပါးစပ်ဖွင့်ပြီးနေပြီ ဖြစ်သည်။
ထိုမြွေက
အဆိပ်ပြင်းလွန်းပြီး ကျိရွှေရှန့်က ရုတ်တရက် နာကျင်မှုကြောင့် သူ့၏မီးတိုင်ကို
လွှင့်ပစ်မိလုနီးပါး ဖြစ်သွားရသည်။ သူ သူ့လက်ကောက်ဝတ်ကို ကိုက်ထားသော အဆိပ်ပြင်းပုံရသည့်
မြွေနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရချိန်တွင် သူ့၏လက်မောင်းတစ်ခုလုံးက ထုံကျင်နေပြီ
ဖြစ်သည်။ မြွေက အဆိပ်ပြင်းလွန်းသောကြောင့် ကျိရွှေရှန့်က အံ့သြနေမိသည်။
စူးချင်းက အမြန် ပြေးလာပြီး
မြွေ၏အမြီးကို ဖမ်းကိုင်ကာ အကြိမ်အနည်းငယ် ခပ်ပြင်းပြင်းဝေ့ယမ်းလိုက်သည်။ ခဏအကြာတွင်
မြွေ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြုတ်ကျလာပြီး တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။
ကျိရွှေရှန့်ကလည်း
သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့၏လက်ကောက်ဝတ်က မည်းနက်နေပြီး
သူလည်း ချက်ချင်း သတိလစ်မေ့မြောသွားတော့သည်။ ထိုမြွေ၏အဆိပ်က ပြင်းထန်လွန်းပြီး
အချိန်မီ မကယ်တင်နိုင်နိုင်လျှင် သူ သေတော့မည်မှာ အသေအချာပင်။
"ရှောင်ချီ"
စူးချင်းက စိုးရိမ်တကြီးဖြင့်
ရှောင်ချီ့ကို အော်ခေါ်လိုက်မိသည်။ သို့သော်လည်း သူမက ရှောင်ချီ၏အဖြေကို မစောင့်နိုင်တော့ဘဲ
ကျိရွှေရှန့်၏လက်ထဲမှ ရတနာဓားကို ယူလိုက်ပြီး မြွေကိုက်ခံရသည့်နေရာကို ဆွဲခွဲလိုက်သည်။
မည်းနက်သော သွေးများ ပြန်ထွက်လာပြီး အနံအသက်ကပင် ဆိုးရွားနေသောလည်း
အဆိပ်ရှိသောသွေးများက သူ့နှလုံးကို တိုက်ခိုက်ခြင်းမှ တားဆီးပေးနိုင်ရန် သူမက ကျိရွှေရှန့်၏လက်ကို
ဖမ်းဆုပ်ပေးထားလိုက်သည်။
ရှောင်ချီက သူမသခင်၏အမိန့်ကို
ကြားလိုက်သော်လည်း သူမ၏မျက်နှာလေးလည်း ညှိုးငယ်နေခဲ့သည်။
ဆေးဘက်ဝင်ပစ္စည်းတွေ
မရှိရင် သူမလည်း အဆိပ်ဖြေဆေး မလုပ်နိုင်ဘူးလေ။
စူးချင်းက အဆိပ်ရှိသော
သွေးများအားလုံးကို ညှစ်ထုတ်လိုက်ပြီး နောက်ဆုံးတွင် သွေး၏အရောင်က အနီရောင်သို့
ပြန်ပြောင်းသွားတော့သည်။ ကျိရွှေရှန့်၏မျက်နှာက ခုနကတော့ မည်းမှောင် မနေတော့သော်လည်း
ဖြူဖျော့နေဆဲဖြစ်သည်။
"ရှောင်ချီ?"
ရှောင်ချီက
အဆိပ်ဖြေဆေး မထုတ်ပေးသေးသည်ကို သတိပြုမိသွားသောကြောင့် စူးချင်း၏အသံက အေးစက်နေသည်။
“သခင်၊
အဆိပ်ဖြေဆေးအတွက် ဆေးပစ္စည်းတစ်မျိုး လိုနေတယ်”
ရှောင်ချီ၏ ငိုသံပါနေသည့်
ညည်းညူသံလေးက စနစ်ထဲမှ ထွက်ပေါ်လာသည်။
"သူ သေမှာလား?"
စူးချင်းက
သတိလစ်နေသော ကျိရွှေရှန့်ကို ကြည့်ကာ ရှောင်ချီ့ကို ထပ်မေးလိုက်သည်။ ရှောင်ချီ၏အသံလေးက
ဒီဂရီ အနည်းငယ် နိမ့်ကျသွားသည်၊
"သူ... ဟုတ်ပါတယ်"
"ဆေးပင်က ဘယ်မှာလဲ?"
စူးချင်းက ရှောင်ချီကို
ထပ်မေးလိုက်ပြန်သည်။
"အပေါ်နားမှာ ရှိနေပေမယ့် သခင် တက်ပြီး ပြန်ဆင်းလာဖို့ အချိန်မလောက်တော့ပါဘူး"
ရှောင်ချီက
သူမ၏သခင် ဆေးသွားရှာမည်ဟု နားလည်နေသော်လည်း သူမ၏အသံမှာပင် စိတ်ပျက်မှုများ
ပါဝင်နေခဲ့သည်။
ရှောင်ချီ၏စကားကို ကြားသောအခါ
စူးချင်းက မျက်မှောင်ကြုတ်သွားတော့သည်။
သူမ ကျိရွှေရှန့်ကို
အသေမခံနိုင်ဘူးလေ။ သူမ ရှောင်ယင် ဝမ်းနည်းနေတာကို မမြင်ချင်ဘူး။
စူးချင်းက အံကြိတ်လိုက်ပြီး
ကျိရွှေရှန့်၏ရှည်မျောမျော ခန္ဓာကိုယ်ကြီးကို ကျောပိုးလိုက်ပြီး နွယ်ကြိုးဆီသို့
ပြန်သွားလိုက်သည်။ ကျိရွှေရှန့်က လုံးဝ သတိလစ်နေပြီး သူက သူမ၏ပခုံးပေါ် မှီနေရကာ
စူးချင်းက သူမ၏လက်နှစ်ဖက်စလုံးဖြင့် သူ့ကို ထိန်းထားရသည်။ သူမ လွှတ်ချလိုက်လျှင်ပင်
သူက ပြုတ်ကျသွားမည့် အခြေအနေကို ရောက်နေပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင်
သူမ နွယ်ကြိုးကိုပင် ကိုင်ရန် မဖြစ်နိုင်တော့ပေ။ စူးချင်းက ဖျပ်ခနဲ
တွေးတောလိုက်ပြီး ကျိရွှေရှန့်ကို စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူမက စမ်းကြည့်ချင်ရုံသာ ဖြစ်ပြီး ကျိရွှေရှန့်ကို စနစ်ထဲသို့
ထည့်နိုင်မည်ဟု မမျှော်လင့်ထားပေ။
“သခင်၊
အပြင်လူတွေက စနစ်ထဲမှာ တစ်မိနစ်ခွဲလောက်ပဲ နေနိုင်လိမ့်မယ်။ အချိန်ပြည့်တာနဲ့
စနစ်က သူတို့ကို ဖယ်ထုတ်ပစ်လိမ့်မယ်”
ရှောင်ချီက သူမ၏သခင်ကို
အမြန်သတိပေးလိုက်သည်။ စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြန်သည်။ သူမ အပေါ်ကို တက်ဖို့
တစ်မိနစ်ပဲ အချိန်ရလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် ကျိရွှေရှန့်က လေထုထဲကို ပစ်ထုတ်ခံရပြီး အဲ့တာကြောင့် သေဆုံးသွားရလိမ့်မယ်။
စူးချင်းက
မြေပြင်ပေါ်သို့ မြန်နိုင်သမျှ မြန်မြန် ပြန်ရောက်အောင် သူမ တတ်နိုင်သမျှ
မြန်မြန်တက်လာခဲ့သည်။ သူမ မြေပြင်ပေါ်သို့ ခုန်တက်လိုက်သည်နှင့် တပြိုင်နက် စနစ်က
ကျိရွှေရှန့်ကို ထုတ်ပစ်လိုက်သည်။
ထိုအရာက
အန္တရာယ်နှင့် နီးစပ်လွန်းနေပြီး သူမ တစ်စက္ကန့်လောက် ပိုနှေးခဲ့လျှင်ပင် ကျိရွှေရှန့်တစ်ယောက်
သေဆုံးသွားရပေလိမ့်မည်။ စူးချင်းကလည်း သူမ၏တကိုယ်လုံး အေးစက်သော ချွေးများဖြင့်
စိုစွတ်နေမှန်း သူမ သိလိုက်သည်။
ဒါက အရင်က သူမ တစ်ခါမှ
မဖြစ်ဖူးတဲ့အရာပဲ။ သူမ အရင်က တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးပြီး သေခြင်းတရားကနေ
ပွတ်ခါသီခါ လွတ်မြောက်လာတာတောင်မှ သူမ တစ်ခါမှ ဒီလိုကြောက်ရွံ့မှုမျိုးကို မခံစားဖူးဘူး။
စူးချင်းက ရှောင်ချီကို
အမြန်မေးလိုက်သည်။
"ဆေးက ဘယ်မှာလဲ?"
“အဲ့ဒါက
အဝါရောင်ပန်းပွင့်လေးပဲ၊ ဟိုနားမှာ ရှိတယ်”
ရှောင်ချီ၏ညွှန်ကြားပေးသံကို
ကြားလိုက်ရသောကြောင့် စူးချင်းက ဆေးပင်ရှာရန် အမြန်ပြေးသွားပြီး ဆေးပင်ကို ခူးကာ စနစ်ထဲသို့
ပစ်ချလိုက်သည်။ ရှောင်ချီက ဆေးဖော်ရန် တစ်စက္ကန့်ပင် အချိန်မဖြုန်းဘဲ ချက်ချင်း ပြေးသွားတော့သည်။
စူးချင်းက ကျိရွှေရှန့်ကို
ကြိုးဖြည်ပေးလိုက်ပြီး မြေပြင်ပေါ်သို့ လှဲချပေးလိုက်သည်။ ကျိရွှေရှန့်က သူ့မျက်လုံးများကို
တင်းတင်းမှိတ်ထားပြီး သူ့သွားများကို တင်းတင်းကျပ်ကျပ် စေ့ထားကာ အသက်ရှူမဝသလို
ဖြစ်နေသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြန်သည်။
သူမက သူ့၏အားနည်းနေပြီး
အားကိုးရာမဲ့ဖြစ်နေသည့် ပုံစံကို မမြင်ချင်ပေ။
“အဖေ
အမေ၊ အဖေတို့သားက အဲ့ဒီသွေးကြွေးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အဖေတို့ရဲ့သားက အဖေနဲ့အမေအတွက်
လက်စားချေပေးမယ်"
ကျိရွှေရှန့်၏
အတွေးများက ရှုပ်ထွေးနေပြီး သူက အဓိပ္ပါယ်မဲ့သည့် ပေါက်ကရ စကားများကို
ပြောဆိုနေတော့သည်။
စူးချင်းက သူ့၏စကားများကို
ငြိမ်သက်စွာ နားထောင်နေရင်း သူ့၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ သူက အားနည်းပြီးရင်း
အားနည်းလာပြီ ဖြစ်ကာ သူ့၏ပြင်းပြသော စိတ်ဆန္ဒကြောင့်သာ မဟုတ်ရင် သူ ယခုအချိန်အထိ ရှိနေနိုင်တော့မည်
မဟုတ်ပေ။
"ရှောင်ချီ မြန်မြန်လုပ်"
စူးချင်းက ရှောင်ချီကို
အမိန့်ပေးလိုက်ချိန်တွင် ရှောင်ချီက အနက်ရောင်ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး “သခင်၊
အဆင်သင့်ဖြစ်ပါပြီ”
စူးချင်းက ကျိရွှေရှန့်၏ပါးစပ်ကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း သူ့သွားများက တင်းတင်းစေ့နေပြီဖြစ်ကာ မဖွင့်နိုင်တော့ပေ။ စူးချင်းက စိတ်တိုသွားပြီး သူ့ပါးရိုးကို ခက်ခက်ခဲခဲ ညှစ်ကာ သူ့သွားများကို ဖွင့်ဟလိုက်ပြီး ဆေးကို အမြန်ထည့်ပေးလိုက်သော်လည်း ကျိရွှေရှန့်က မျိုမချနိုင်တော့သောကြောင့် ဆေးက ပြန်ထွက်လာပြန်သည်။
✍️✍️✍️