Chapter 90
Viewers 17k

အခန်း ၉၀

စူးချင်းလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူမမှာ ဆေးရှိနေပေမယ့် သူက မသောက်နိုင်တော့ဘူး။ အခု သူ သေတာကို ထိုင်ကြည့်နေရတော့မှာလား?

ကျိရွှေရှန့်သာ သေဆုံးသွားခဲ့ရင် ရှောင်ယင်ရဲ့တစ်ဦးတည်းသော မိသားစုလည်း ရှိတော့မှာ မဟုတ်ဘူးလေ။ သူမရဲ့မိဘတွေ စောစောကွယ်လွန်သွားလို့ ရှောင်ယင်က အရမ်းဝမ်းနည်းနေတာကို  သူမရဲ့အစ်ကိုကြီးပါ မရှိတော့ရင် ရှောင်ယင် ဘယ်လို ရပ်တည်နိုင်တော့မှာလဲ?

ထိုအချိန်တွင် ရှောင်ချီက စူးချင်းကို မဝံ့မရဲ လှမ်းပြောလိုက်သည်။

"သခင်၊ သခင်ရဲ့ပါးစပ်ထဲကနေ သူ့ပါးစပ်ထဲကို ဆေးထည့်ပေးလို့ ရတယ်"

အိုက်ယား.... သခင်က ငါ့ကို ရိုက်နှက်တော့မှာလား???

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူကို ပါးစပ်နဲ့ ဆေးတိုက်ရမယ်လို့ ပြောနေတာလား? အဲ့တာက တစ်ခုခုနဲ့ တူနေမှာ မဟုတ်ဘူးလား...?

သူမက တစ်သက်လုံး မည်သည့်ယောက်ျားနှင့်မျှ နီးနီးကပ်ကပ် မထိတွေ့ဖူးသောကြောင့် သူမ၏နှလုံးသား အောက်ခြေမှ ခုခံနေခဲ့သည်။

သို့သော်လည်း ကျိရွှေရှန့် သေတော့မည်ကို မြင်လိုက်ချိန်တွင် သူမ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ  သူမ၏ပါးစပ်ထဲသို့ ဆေးထိုးထည့်လိုက်ပြီး ကျိရွှေရှန့်၏ပါးစပ်ကို ဖွင့်လိုက်ကာ ဆေးကို လည်ချောင်းထဲအထိ ထိုးထည့်ပေးရန် သူမ၏ပါးစပ်ကို သူ့နားသို့ တိုးကပ်လိုက်သည်။

ကျိရွှေရှန့်၏လည်ချောင်းက မသိစိတ်ကြောင့် လှိမ့်သွားပြီး သူက ဆေးကို မျိုချလိုက်သည်။ စူးချင်းက သက်ပြင်းချကာ ပြန်ထရန် ပြင်ဆင်လိုက်သော်လည်း ထိုအချိန်တွင် ကျိရွှေရှန့်၏မျက်လုံးများကို  ရုတ်တရက် ပွင့်လာခဲ့သည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားပြီး နှစ်ယောက်လုံး အံ့ဩနေကြသည်။ စူးချင်းက အမြန်ထရပ်လိုက်ပြီး မြေပြင်ပေါ်ရှိလူကို မကြည့်တော့ဘဲ နောက်သို့ ပြန်လှည့်သွားတော့သည်။

သူမ၏နှလုံးခုန်သံက မြန်ဆန်လွန်းနေပြီး သွေးများ ဆူပွတ်နေကာ သူမမျက်နှာအထိ အထိန်းအကွပ်မဲ့ တိုးထွက်နေသည်ဟု ခံစားနေရသည်။ သူမ၏ဘဝနှစ်ခုလုံးတွင် ဤကဲ့သို့ခံစားရခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သည်။

ကျိရွှေရှန့်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းကို ပြန်ထိကြည့်လိုက်သည်။ သူက  သတိလစ်နေရင်းဖြင့်ပင် သစ်ခွနှင့်တူသော မွှေးရနံ့တစ်ခုကို အနံ့ရလိုက်ပြီး အေးစက်သော လက်တစ်စုံက သူ့မျက်နှာကို အုပ်ကိုင်ကာ နူးညံသော အထိအတွေ့ တစ်ခုက သူ့နှုတ်ခမ်းနားသို့ တိုးကပ်လာသည်ကို သူ ခံစားလိုက်ရသည်။ သူ ပြန်နိုးလာချိန်တွင် အထိအတွေ့များ မရှိတော့သော်လည်း သူ့ပါးစပ်ထဲတွင် ချိုမြိန်သော အရသာတစ်ခု ကျန်ရစ်နေခဲ့သည်။

ကျိရွှေရှန့်က မူမမှန်ဖြစ်နေသော စူးချင်း၏နောက်ကျောလေးကို စိုက်ကြည့်နေရင်း အတွေးများနေပြန်သည်။

ဒီအေးစက်တဲ့ မိန်းမကလည်း ဘယ်လိုရှက်ရမှန်း သိတယ်လား?

ကျိရွှေရှန့်က မြေပြင်ပေါ်မှ ထထိုင်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးထဲတွင် နောက်ပြောင်ချင်သော အရိပ်အယောင်ခု ပေါ်လာပြီး သူ၏နက်ရှိုင်းသော လေသံက သေရည်သောက်နေရသလို ချိုမြိန်ကာ ဆွဲမက်ဖို့ကောင်းလှသည်။

"မင်း ငါ့ကို နမ်းလိုက်တယ်ဆိုတော့ မင်း ငါ့ကို တာဝန်ယူရမယ်"

ညစ်ညမ်းသောအသံဖြင့် ပြောလိုက်သော လူယုတ်မာ၏စကားများက အခြားသူ၏စိတ်နှလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ စူးချင်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး "ကျွန်မ ရှင့်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာ"

“…”

စူးချင်း ဒေါသထွက်သွားသည်ကို မြင်လိုက်သောကြောင့် ကျိရွှေရှန့်က သူမကို စနောက်နေခြင်းအား ရပ်တန့်လိုက်သည်။

သူမကို နောက်ပြောင်နေလို့ ဘာထူးမှာလဲ? သူမက   ရယ်တက်တဲ့ မိန်းမမှ မဟုတ်တာ။

ကျိ‌‌ရွှေရှန့်က မြေကြီးပေါ်မှ ထရပ်လိုက်ပြီး သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များကိုပင် လျစ်လျူရှုလိုက်ကာ စူးချင်းကို စူးစူးစိုက်စိုက် ကြည့်နေရင်း အလေးအနက် ထပ်ပြောလိုက်သည်။

"ငါ တကယ် အလေးအနက် ပြောပါ့မယ်။ ငါ့ရဲ့သွေးကြွေးတွေအတွက် လက်စားချေပြီးလို့ ငါ အသက်ရှင်နေသေးရင် မင်းကို ငါ့ရဲ့ဇနီးအဖြစ် လက်ထပ်ယူပါ့မယ်။ ငါတို့တစ်သက်လုံး အတူရှိနေမှာဖြစ်ပြီး ငါ မင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

ဒါက သူ စူးချင်းအတွက် ပေးနိုင်တဲ့ကတိပါပဲ။ သူနဲ့ သူမက နမ်းပြီးပြီမို့ ဒီမိန်းခလေးကို သူ တာဝန်ယူမှာပါ။ နောက်ဆုံးတကြိမ်က သူတို့ အရေပြားချင်း ထိတွေ့ဖူးပြီးပြီ ဆိုပေမယ့် အခုတစ်ကြိမ်မှာ အရေပြားချင်း ထိတွေ့တာထက် ပိုပြင်းထန်နေတယ်လေ။

“…”

စူးချင်း လုံးဝ မတုန်လှုပ်ပဲ သူမ၏ အေးစက်စက်နှင့် သီးသန့်ဆန်သောအမူအရာဆီသို့ ပြန်ရောက်သွားခဲ့သည်။

မလိုပါဘူး။ ကျွန်မက ကွာရှင်းထားတဲ့ မိန်းမပါ၊ ကျွန်မမှာ ရှက်နေစရာအကြောင်း မရှိဘူး။ ဒါက လူကို ကယ်တင်ဖို့ လုပ်ခဲ့တာပဲ။ ရှင် တာဝန်ယူစရာ မလိုဘူး"

ကျိရွှေရှန့်က သူမကို စူးစူးစိုက်စိုက် လှမ်းကြည့်နေပြီး သူ့ဘာသာသူ တွေးနေပြန်သည်။

သူမက အရင်တုန်းက အရမ်းနာကျင်ခဲ့ရတာကြောင့် သူ့ကို လက်မခံရဲတော့တာလား?

ငါက အဲ့တာတွေကို ဂရုမစိုက်ဘူး။ မင်းက မင်းရဲ့နှလုံးသားကို ဖွင့်ပြီး ငါ့ကို လက်ခံလိုက်တာနဲ့ မင်း အရင်က ဘယ်သူနဲ့လက်ထပ်ခဲ့လဲဆိုတာက ငါနဲ့ မဆိုင်ဘူး။ မင်း ငါ့ကို လက်ထပ်လိုက်တာနဲ့ မင်းက ငါ့ရဲ့တစ်ဦးတည်းသောဇနီးဖြစ်လိမ့်မယ်"

စူးချင်းက ကျိရွှေရှန့်၏စကားကို ကြားနေသော်လည်း သူမ၏အမူအရာက ဘာမှ မထူးခြားပေ။ သူမက လုံးဝ မတုန်မလှုပ်ဖြစ်နေပြီး အေးစက်သောလေသံဖြင့်ပင် အမိန့်ပေးနေသေးသည်။

"မင်း လှုပ်ရှားနိုင်ပြီ ဆိုရင် ရေသွား ယူတော့"

ကျိရွှေရှန့်က ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ အင်း... ဒီရေခဲတုံးကို အရည်ပျော်စေဖို့ အချိန်လိုအပ်နေသေးတဲ့ပုံပဲ။ သူ အရမ်းအလျင်စလိုလုပ်ပြီး သူမကို ခြောက်လန့်မိအောင်လုပ်လို့ မရဘူး။

 

 

စူးချင်းက သူ့ကို တစ်ယောက်တည်း စိတ်မချသောကြောင့် သူ ဆင်းပြီးသည်နှင့် သူမလည်း နောက်မှ လိုက်သွားခဲ့သည်။

သူမက မြွေနက်ကို ကောက်ယူပြီး ရှောင်ချီထံသို့ ပစ်ပေးလိုက်သည်။ မြွေများကို ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး မြွေက ပိုအဆိပ်ပြင်းလေလေ၊ ဆေးက ပိုကောင်းလေလေ ဖြစ်သည်။

"သခင်က အရမ်းတော်တာပဲ"

ရှောင်ချီက စူးချင်းကို ထပ်မံ၍ မြှောက်ပင့်ပြောဆိုလိုက်သော်လည်း စူးချင်းက သူမကို စူးရှသောအကြည့်တစ်ချက် ပြန်ပေးလိုက်သည်။

ရှောင်ချီက အပြစ်ရှိသလို ခံစားလိုက်ရပြီး နောက်သို့ ပြန်ဆုတ်သွားတော့သည်။

အဲဒီလူကို နမ်းဖို့ ပြောမလို့ သခင်က သူမကို စိတ်ဆိုးနေတာလား?

ဟွန့်... သခင်က နမ်းရတဲ့ ခံစားချက်ကို ကြိုက်နေပေမယ့် အေးစက်စက်နဲ့ ဒေါသထွက်သလိုတောင် ဟန်ဆောင်နေသေးတယ်။ ဒီသခင်က အပြောတစ်မျိုး အလုပ်တစ်မျိုးပဲ... ကြောင်သူတော်ဆန်လိုက်တာ...

စူးချင်းနှင့် ကျိရွှေရှန့်တို့က မြေအောက်မြစ်၏အစပ်သို့ ရောက်ရှိသွားကြသည်။ တဟုန်းဟုန်း မြည်းဟီးနေသည့် ရေစီးသံကို နားစွင့်ကြည့်ရသလောက် မြစ်၏အနက် ခန့်မှန်းမရနိုင်အောင် နက်မည့်ပုံပေါ်နေသည်။

စူးချင်းက ရှောင်ချီက သူမတို့ နောက်ဆုံးတွေ့ခဲ့သော ရေကန်ကဲ့သို့ ပိုးမွှားများ ရှိ မရှိ  လှမ်းမေးလိုက်သည်။

သခင်၊ ဒီရေက အရမ်းသန့်တယ်။ မညစ်ပတ်ပါဘူး!"

ရှောင်ချီက သူမ၏ချိုမြိန်သော အသံလေးဖြင့် သခင်ဖြစ်သူထံ သတင်းပြန်ပို့လာသည်။ စူးချင်းက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဝါးကျဥ်တောက်များကို ရေဖြည့်ရန် ပြင်ဆင်လိုက်သည်။

 

သူမက ရေဖြည့်ပြီးသော ဝါးကျည်တောက်ကို ရှောင်ချီထံသို့ ပြန်ပေးလိုက်ပြီး ရှောင်ချီက စနစ်ထဲမှ ဝါးကျည်တောက်အလွတ်များကို ပြန်ထုတ်ပေးနေခဲ့သည်။ သူမတို့နှစ်‌ယောက် ကောင်းစွာ ပူးပေါင်းဆောင်ရွက်နေကြပြီး ကျိရွှေရှန့်က ထိုအရာကို ချက်ချင်း သတိမပြုမိသေးပေ။

သို့သော် ခဏအကြာတွင် သူက တစ်စုံတစ်ခု မှားနေသည်ဟု ခံစားမိလာခဲ့သည်။ စူးချင်းနဲ့ သူနဲ့  ရေအတူတူ ဖြည့်နေခဲ့ပြီး သူရော စူးချင်းရော ရေတွေ အများကြီး ဖြည့်ပြီးတာတောင် ဘာလို့ ရေမပြည့်ရသေးတာလဲ?

သူက အနည်းငယ် သံသယဖြစ်သွားပြီး ဝါးကျည်တောက် အလွတ် မည်မျှကျန်နေသေးသည်ကို စတင် စစ်ဆေးနေခဲ့သည်။ ဤတစ်ကြိမ်တွင် စူးချင်းက စနစ်ထဲမှ ဝါးကျည်တောက်အလွတ်များကို ထပ်မထုတ်ရဲတော့ပေ။

ဘာပဲဖြစ်ဖြစ် သူမရဲ့ဝါးကျညတောက်တွေက ပြည့်လုနီးပါး ဖြစ်နေပြီလေ။

ငါတို့ ဒီလောက်ပဲ စုဆောင်းနိုင်လိမ့်မယ်။ ပြန်ကြရအောင်" ကျိရွှေရှန့်က မြေအောက်မြစ်ကို ဝမ်းနည်းစွာ ကြည့်နေရင်း စူးချင်းကို သတိပေးလိုက်သည်။

ရေတွေ အများကြီးရှိပေမယ့် မယူသွားနိုင်ဘူး။ ရေများများ လိုချင်ရင်တော့  လူတွေကို ပြန်ခေါ်ပြီးမှ လာသယ်နိုင်လိမ့်မယ်။

စူးချင်းက ဘာမှ ပြန်မပြောဘဲ သူ့နောက်မှ ပြန်လိုက်လာခဲ့သည်။ သို့သော်လည်း သူမက မြစ်ရေကို ကြည့်နေရင်း ရေချိုးချင်နေသောကြောင့် ထွက်ခွာရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။

ကျိရွှေရှန့်က သူမတုံ့ဆိုင်းနေသည်ကို   သတိပြုမိသောကြောင့် သူမကို ပြန်ခေါ်ဖို့ နောက်သို့ ပြန်လှည့်လိုက်သည်။

“အဲဒီမှာ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိ မရှိဆိုတာ မသိနိုင်ဘူးလေ။ ဒါက အန္တရာယ်များလွန်းတယ်၊ မြန်မြန်သွားကြရအောင်၊ စကားမစပ်၊ မင်း ငါ့ကို ဘယ်လို ကယ်ခဲ့တာလဲ?  မင်း ငါ့.... ငါ့ကို သယ်ခဲ့တာလား?"

 

ကျိရွှေရှန့်က ယခုမှသာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိသွားပြီး သူ မြေအောက်၌ မြွေကိုက်ခံလိုက်ရသည်ကို မှတ်မိနေသော်လည်း သူ ပြန်နိုးလာသောအခါ မြေပြင်ပေါ်သို့ ပြန်ရောက်နေကြောင်း ပြန်သတိရသွားသည်။

ကျိရွှေရှန့်တစ်ယောက် စူးချင်း၏သေးသွယ်သော ခန္ဓာကိုယ်လေးကို မယုံနိုင်စွာ ကြည့်လိုက်မိပြန်သည်။

သူမက သူ့ကို တကယ် သယ်နိုင်ပါ့မလား?

"မဟုတ်ဘူး၊ ရှင့်ကို ကြိုးနဲ့ ဆွဲတင်ခဲ့တာ"

စူးချင်းက မျက်နှာသေဖြင့်သာ ပြန်ပြောလိုက်သည်။ ကျိရွှေရှန့်က သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်သည်။

အေးလေ... သူမက သူ့ကို ဘယ်လိုသယ်နိုင်မှာလဲ? ဆိုတော့ သူမက သူ့ကို ကြိုးနဲ့ ဆွဲတင်တာပေါ့....

ဒါပေမယ့် အဲ့လိုဆိုရင်တောင် အဲဒီအင်အားက တော်တော်လေး များနေသေးတယ်။ သူက သန်မာတာကြောင့် သူ့အရိုးတွေက အရမ်း လေးလံနေမှာလေ၊ သူမက သူ့ကို ဘယ်လို ဆွဲတင် နိုင်မှာလဲ?

စူးချင်းက သူနှင့် စကားမပြောချင်တော့သောကြောင့် သူမက ကြိုးကို ဆွဲကာ အပေါ်သို့ ခပ်မြန်မြန် တက်လိုက်တော့သည်။

သို့သော်လည်း ခဏခဏ  အသုံးပြုနေသည့် အလေးချိန်ကို မခံနိုင်တော့သောကြောင့် ကြိုးက လမ်းတစ်ဝက်တွင် ပြတ်သွားခဲ့ပြီး သူမက ကြွေကျသွားသော သစ်ရွက်လေးများကဲ့သို့ အပေါ်မှ ပြုတ်ကျလာ‌လေသည်။ ကျိရွှေရှန့်က မည်သည့်အရာကိုမျှ မစဉ်းစား နိုင်တော့ဘဲ သူမဆီသို့ အမြန်ပြေးသွားကာ သူ့လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

စူးချင်းက တောင့်တင်းသန်မာသော ရင်ခွင်ကျယ်ကြီးထဲသို့ ကျရောက်သွားပြီး သူမ၏ နားထဲတွင် နှလုံးခုန်သံများ ပြည့်နှက်နေခဲ့သည်။ သူမ၏မျက်နှာက ပူလောင်လာပြီး ကြွက်သားများပင် နာကျင်လာသလို ခံစားနေရသည်။ သူမ၏အသက်ရှုသံများတွင်ပင် ကျိရွှေရှန့်၏ ပြင်းထန်သော ဟော်မုန်းများနှင့် ပြည့်နေခဲ့သည်။

သူမက ကျိရွှေရှန့်၏ရင်ဘတ်ကို သူမ၏လက်နှစ်ဘက်ဖြင့် တွန်းထုတ်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။

သူမရဲ့နှလုံးခုန်သံ အရမ်းမြန်နေတာကို သူမ ဝန်ခံချင်စိတ်မရှိပါဘူး။

ကျိရွှေရှန့်က တံတွေး မျိုချလိုက်ပြီး စူးချင်းကို ပွေ့ဖက်ထားဆဲဖြစ်သော သူ့လက်နှစ်ဖက်ကို အမှတ်တမဲ့ လျှော့ပေးလိုက်သည်။

ထိုနောက် သူက စူးချင်းကို စိုက်ကြည့်နေပြန်သည်။

သူတို့ ဒီနေ့ တစ်ယောက်ကို တစ်ယောက် နမ်းခဲ့တဲ့အပြင် အခု ပွေ့ဖက်မိကြသေးတယ်။ သူတို့က အိမ်ထောင်သည်လင်မယားတွေ လုပ်သင့်တာရဲ့တစ်ဝက်ကျော်ကျော်ကို လုပ်ပြီး နေပြီ။ ဒါက သူတို့ရဲ့ကံကြမ္မာပဲလား?

သူက သူနှင့် စူးချင်းတို့ အကြင်လင်မယားဖြစ်သင့်သည်ဟု သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

"ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?"

စူးချင်းက ကျိရွှေရှန့်၏ ပူလောင်သောအကြည့်ကို ခံစားမိလိုက်သောကြောင့် မြေပြင်ပေါ်ရှိ နွယ်ကြိုးကို ကောက်ယူလိုက်ပြီး သူ့ကို လှည့်မကြည့်ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်တော့သည်။

"ငါ အရင် တက်မယ်"

ကျိရွှေရှန့်က သူ၏ မသင့်တော်သော အတွေးများကို ဖယ်ထုတ်လိုက်ပြီး စူးချင်းကို ပြန်ဖြေလိုက်ကာ  သူ၏ ရတနာဓားကို ထုတ်ယူလိုက်သည်။ မြေပြင်မှ အက်ကွဲရာက ဓားကဲ့သို့ ဖြောင့်တန်း နေသော်လည်း သူ့အတွက်တော့ မခက်ခဲပေ။

“အင်း”

စူးချင်းက ဘေးကပ်ပေးလိုက်ပြီး သူ့ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။ ကျိရွှေရှန့်က သူ့ခြေထောက်ကို အားယူကာ ခုန်တက်သွားပြီး အမြင့်နှစ်မီတာကျော်အထိ ပျံသန်းသွားသည်ကို သူမ တွေ့လိုက်ရသည်။ သူ၏လှုပ်ရှားမှုများက တိမ်တိုက်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ ချောမွေ့နေပြီး သူ ပြန်ကျခါနီးတွင် သူက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ရန် သူ့၏ရတနာဓားကို ကျောက်နံရံထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်သို့ ပျံတက်နိုင်ရန် သူ့၏အင်အားကို သုံးပြီး ကျောက်နံရံကို ထပ်မံကန်လိုက်သည်။

✍️✍️✍️