Chapter 91
Viewers 17k

အခန်း ၉၁

စူးချင်းက သူ့ကို စိတ်ဝင်တစား ကြည့်နေပြီး ကျိရွှေရှန့်၏အရည်အချင်းက အမှန်တကယ် ကောင်းမွန်လှကြောင်း တွေ့လိုက်ရသည်။

ကျိရွှေရှန့်က မြေပေါ်သို့ ရောက်သွားပြီး နောက်ထပ်ကြိုးတစ်ချောင်းပြုလုပ်ရန် နွယ်ပင်များကို ဆွဲဖြတ်ကာ ကြိုးတစ်ချောင်း ထပ်လုပ်လိုက်ပြီး စူးချင်းကို အသုံးပြုနိုင်ရန် အက်ကွဲကြောင်းထဲသို့ ပြန်ချပေးလိုက်သည်။

စူးချင်းက ဝါးကျည်တောက်များဖြင့် ပြည့်နေသောခြင်းတောင်းများကို ကြိုးဖြင့် အရင် ချည်နှောင်လိုက်ပြီး ကျိရွှေရှန့်ကို ဆွဲတင်ခိုင်းလိုက်သည်။ ကျိရွှေရှန့်က ခြင်းတောင်းကို ဆွဲတင်လိုက်ပြီး စူးချင်း အပေါ်တက်ရန် ကြိုးကို ပြန်ချပေးလိုက်သည်။

စူးချင်းက အပေါ်သို့ ပြန်တက်ရန် ရည်ရွယ်ချက် မရှိသောကြောင့် ​အောက်မှ သူ့ကို လှမ်း​အော်​လိုက်​သည်။​

"ရှင် အရင်ပြန်သွားလို့ ရတယ်၊ ကျွန်မ လုပ်စရာ ရှိသေးတယ်"

အဲဒီနေရာမှာ ဘာလုပ်စရာ ရှိလို့လဲ?

ကျိရွှေရှန့်က သူမကို ပြန်အော်မေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိမည်။

သူမ....? စူးချင်းက ရေချိုးဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား?

ထိုအတွေးဝင်လာသည်နှင့်တပြိုင်နက် ကျိရွှေရှန့်၏မျက်နှာက နီရဲလာသည်။ သူက ခြင်းတောင်းကို အမြန်ထမ်းပြီး အက်ကွဲကြောင်းနှင့် ဝေးရာသို့ သွားနေရင်း အော်ပြောလိုက်သည်။

"ငါ မင်းကို ဟိုနားကနေ စောင့်နေမယ်။ သတိထားနော်"

"မလိုဘူး၊ ရှင် ရေ အရင်ပြန်ပို့ပေးလို့ ရတယ်"

စူးချင်းက အောက်မှ ပြန်အော်ပြောလိုက်သော်လည်း သူမက ကျိရွှေရှန့်ကို လျစ်လျူရှုထားလိုက်သည်။ သူက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး သူမ ရေချိုးနေသည်ကို ချောင်းကြည့်မည် မဟုတ်ကြောင်း သူမ ယုံကြည်နေခဲ့သည်။

သူမ ရေချိုးရန် ဆန္ဒရှိနေသောကြောင့် စူးချင်းက ရေချိုးရန် ရေထဲသို့ ဆင်းသွားလိုက်ပြီး  မြေအောက်မြစ်ထဲရှိ ရေက အရိုးများကိုပင် အေးစက်လာစေသောကြောင့် စူးချင်းက ထိုရေထဲတွင် ကြာကြာမနေနိုင်ခဲ့ပေ။ သူမ ရိုးရိုးရှင်းရှင်း သန့်စင်ပြီးနောက် ရေထဲမှ မြန်မြန် ပြန်ထွက်လာခဲ့သည်။

သူမ၏အဝတ်အစားများကို မလျှော်နိုင်သလို သူမအသစ်ချုပ်ထားသော အတွင်းဝတ်ဘောင်းဘီတိုကိုလည်း သူမနှင့်အတူ မယူခဲ့မိသောကြောင့် သူမ၏ အဝတ်အစားဟောင်းများကိုသာ ပြန်ဝတ်ထားနိုင်ပြီး အလွန် စိတ်မသက်မသာ ဖြစ်နေမိသည်။

"ရှောင်ချီ၊ ငါ အဝတ်လျှော်ချင်တယ်။ အဝတ်တွေကို ပြန်အခြောက်ခံနိုင်မယ့် နည်းလမ်းမျိုး ရှာပေးနိုင်မလား?”

စူးချင်းက ရှောင်ချီ့ဘက်သို့ အာရုံစိုက်လိုက်သည်။ ရှောင်ချီက သူမ၏ အနက်ရောင် မျက်လုံးကြီးများကို မှေးကျဥ်းလိုက်သည်။

သခင်က အဝတ်တွေ ခြောက်ဖို့ ဆေးအခြောက်ခံတဲ့ စက်တွေကို သုံးချင်နေတာလား?

"ရပါတယ်!"

 

မည်သို့ပင်ဖြစ်စေ စနစ်က ၎င်း၏သခင်အတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး စနစ်အတွက်ရှိ စက်များကလည်း ၎င်းတို့၏သခင်အတွက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ရှောင်ချီက ၎င်းကို နားမလည်မီ ခနလောက် တုံ့ဆိုင်းနေသော်လည်း အဖြေကို ရှာတွေသည့်နှင့် ချစ်စရာကောင်းစွာ ပြန်ဖြေလိုက်သည်။

စူးချင်းက ရှောင်ချီကို ဆပ်ပြာစေ့မှ ပြုလုပ်ထားသည့် ဆပ်ပြာတောင်းလိုက်ပြီး သန့်စင်အောင်လျှော်ဖွတ်ပြီးနောက် ထိုအဝတ်များကို စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။  ဝတုတ်လေးရှောင်ချီက သူမသခင်၏အဝတ်အစားများကို ယူကာ အခြောက်ခံရန် ပြေးသွားတော့သည်။

သို့သော်လည်း ရှောင်ချီက အဝတ်များကြောင့် အခြောက်ခံစက် ညစ်ညမ်းသွားမည်ကို စိုးရိမ်နေကာ သူမကိုယ်တိုင် အဝတ်များကို ပွေ့ဖက်ပေးထားပြီး အခြောက်ခံလိုက်သည်။ ဖြူဖွေးထွားကြိုင်းသောကလေးလေးက အခြောက်ခံစက်ကြောင့် ညှိုးနွမ်းသွားသော်လည်း ရှောင်ချီက သူမ၏ အသွင်အပြင်ကို ဂရုမစိုက်ဘဲ သူမ၏သခင်အတွက်သာ တွေးနေခဲ့သည်။

ဒီမြစ်ရေက အရမ်းအေးလွန်းတယ်။ သခင်က အရမ်းအေးနေလောက်ပြီ။ ရှောင်ချီက အဝတ်အစားတွေကို တတ်နိုင်သမျှ စနစ်ထဲကနေ အမြန်ပြန်ပို့ပေးရမယ်။

"သခင်၊ အဝတ်တွေ ခြောက်သွားပါပြီ"

ရှောင်ချီ၏အသံက တစ်စုံတစ်ခု မှားယွင်းနေကြောင်း စူးချင်းက သတိပြုမိသွားပြီး တစ်ချက်ကြည့်လိုက်ရာ ရှောင်ချီက ပင်ပန်းနေပုံရသဖြင့် သူမ ပြန်မေးလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ?"

"အခြောက်ခံက အပူတွေကြောင့် အိပ်ငိုက်နေတာပါ"

ရှောင်ချီ၏ အသံက ညှိုးနွမ်းနေပြီး သူမ၏ မျက်ခွံများပင် အလွန်လေးလံနေပုံရသည်။ နောက်ဆုံတွင် သူမ သည်းမခံနိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။

 

စူးချင်း၏နှလုံးသားက အနည်းငယ် နာကျင်သွားသောကြောင့် သူမက ရှောင်ချီ့ကို  ထပ်မနှောင့်ယှက်တော့ပေ။ ပုံမှန်အားဖြင့် စနစ်များက ၎င်းတို့ မောပန်းနွမ်းနယ်လာချိန်တွင် ငြိမ်သက်နေသောအခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပြီး လုံလောက်သော အိပ်စက်ချိန်ရသွားလျှင် စွမ်းအင်များ ပြန်လည် ပြည့်ဝလာမည် ဖြစ်သည်။

စူးချင်း မြေအောက်မြစ်ထဲတွင် ရေချိုးနေစဉ် ကျိုးယုံက တောဝက်ကို ရွာသားများ အနားယူနေသည့်နေရာသို့ ပြန်သယ်သွားခဲ့ပြီး ဖြစ်သည်။ ထောင်ဟွားဝူမှ ရွာသားများက  ကျိုးယုံ တောဝက်တစ်ကောင် သယ်ဆောင်လာသည်ကို မြင်သွားပြီး ထိတ်လန့်သွားရသည်။

မနေ့က သူတို့သားအမိ စားကြမယ့် အစားအစာအတွက် သူတို့ စိုးရိမ်ခဲ့ကြတယ်။ ဒီနေ့ သူက တောဝက် ဖမ်းလာတယ်။ တောဝက်တစ်ကောင်ကနေရမယ် ရလာမယ့် အစားအစာက ဘယ်လောက်များ အဖိုးတန်လိုက်မလဲ?

ရွှေရှန့်က  အရည်အချင်းရှိတဲ့ လူတွေကို သိမ်းသွင်းခဲ့တာပဲ။

အမေ၊ အမေ၊ ကျွန်တော် အသား ရှာလာပြီ၊ အရမ်းကြီးတယ်"

ကျိုးယုံက အလွန်ပျော်ရွှင်နေပြီး ရထားလုံးဆီသို့ ပြေးသွားခဲ့သည်။ အမျိုးသမီးလီက သားဖြစ်သူ၏အသံကို ကြားလိုက်ရသောကြောင့် သူမ၏နှလုံးသားမှ  အပူများ ငြိမ်သက်သွားရသည်။ သူမက သူမ၏သားကို ညင်ညင်သာသာ ချီးမွမ်းလိုက်သည်။

"ယုံအာ၊ မင်းက အရမ်း တော်တယ်"

ကျိုးယုံက သူ့မိခင်ထံမှ ချီးကျူးမှုကို ရလိုက်သည့်အတွက် အလွန်ဝမ်းသာသွားပြီး တောဝက်ကို မြေပေါ်သို့ ပစ်ချလိုက်သည်။ ထိုအသံကို ကြားလိုက်မှသာ သားကောင်က သေးငယ်သည်အကောင် မဟုတ်ကြောင်း သိသွားပြီး အမျိုးသမီးလီက ကျိုးယုံကို စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ယုံအာ ဒဏ်ရာရခဲ့သေးလား?"

ဒဏ်ရာနည်းနည်းတော့ ရခဲ့ပေမယ့် ခြစ်ရာလေး တစ်ခုစာပါပဲ၊ ပြဿနာ မရှိပါဘူး။ အမေ၊ ကျွန်တော်အစ်ကိုကြီးနဲ့ အစ်ကို့ကို ရှာဖို့ ပြန်သွားရမယ်။ တောဝက်နောက်တစ်ကောင်ကိုလည်း ပြန်သယ်ရဦးမယ်”

ကျိုးယုံ၏စကားသံ ထွက်လာသည်နှင့် ထောင်ဟွားဝူမှ ရွာသူရွာသားများ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

တောဝက်က နောက်ထပ်ရှိသေးတာလား? အိုဘုရားရေ!

တောဝက်နှစ်ကောင်ကို တပြိုင်နက် ဖမ်းနိုင်ရလောက်အောင် ဒီဘိုးဘေးလေးက ဘယ်လောက်တောင် သန်မာပြီး ရက်စက်ကြမ်းကြုတ်ရတာလဲ?

"အဖိုး၊ ကျွန်တော် သူနဲ့ လိုက်သွားမယ်"

ချိုးယုံခန်းက  ကျိုးယုံတစ်ယောက်တည်း ပြန်သွားမည်ကို စိတ်ပူနေသောကြောင့် သူ့အဘိုးနှင့် တိုင်ပင်ကာ လိုက်သွားရန် ပြင်လိုက်သည်။

လိုက်သွားလေ။ ငါတို့လည်း အစာခြာက်တွေကို အမြဲ မစားနိုင်ဘူး။ မင်းနဲ့အတူ တာ့နျိုကိုပါ ခေါ်သွားလိုက်။ ကျိုးယုံက မသယ်ခိုင်းနဲ့တော့၊ လူငယ်လေးကို အရမ်း ပင်ပန်းစေလိမ့်မယ်။ မင်းတို့နှစ်​​ယောက် ​ပြန်​သယ်လာခဲ့လိုက်​"

ဟုတ်ကဲ့”

ချိုးယုံခန်းကလည်း  ထိုသို့ တွေးနေခြင်း ဖြစ်ပြီး သူက ကျိုးယုံကို ထပ်ပြီး ဒုက္ခမခံစေချင်တော့ပေ။

အဖိုး၊ အဆင်ပြေပါတယ်။ ကျွန်တော့်မှာ ခွန်အားတွေ အများကြီး ရှိသေးတယ်။ ဒီမှာပဲ နေခဲ့ပြီး ဒီနေရာကိုပဲ ကာကွယ်စောင့်ရှောက်ထားကြပါ။ သူတို့က ဖြည်းဖြည်းချင်း လမ်းလျှောက်နေရင် အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်”

ကျိုးယုံက ခေါင်းယမ်းလိုက်သည်။ သူက ဝန်ပိုနှစ်ခုကို မယူသွားချင်ဘူးလေ။

ချိုးယုံခန်းနှင့် လီတာ့နျိုတို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

ကောင်းရော...အခုတော့ ငါတို့တောင် မထီမဲ့မြင်အပြုခံနေရပြီ။

လက်တွေ့တွင်လည်း သူတို့ လိုက်ချင်လျှင်ပင် မလိုက်နိုင်ပေ။ ကျိုးယုံက ကြီးမားသောခြေလှမ်းကြီးများဖြင့် အလျင်အမြန် လျောက်လှမ်းနေပြီး တောင်ပေါ်လမ်းကို မြေပြန့်ကဲ့သို့ လျှောက်လမ်းနေခဲ့သည်။ ခဏအကြာတွင် သူက ချိုးယုံခန်းနှင့် လီတာ့နျိုတို့ကို ချန်ထားခဲ့တော့သည်။

"ငါတို့ သူ့နောက်ကို လိုက်သွားဦးမှာလား?"

လီတာ့နျို၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုက အဆုံးစွန်အထိ တိုက်ခိုက်ခံလိုက်ရသည်။ အရင်က သူက သူ့ကိုယ်သူ အစွမ်းထက်တယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ သူက ကျိုးယုံကိုတောင် မယှဉ်နိုင်တော့ဘူး။

"ထားလိုက်တော့၊ ပြန်ကြရအောင်!"

ကျိုးယုံက သူတို့ကို စောင့်ခေါ်ပေးရန် ဆန္ဒမရှိကြောင်း  ချိုးယုံခန်းက နားလည်နေသည်။

သူတို့ လိုက်မမီနိုင်ရင် ကျိုးယုံသွားတဲ့နေရာ ရှာဖို့ မလွယ်တော့ဘူး။ တောဝက်ကို ကိုယ်တွယ်ဖို့ ပြန်သွားတာကမှ ပိုကောင်းဦးမယ်။ သူတို့အဖွဲ့နားနေတဲ့ နေရာမှာ ဘယ်သူမှ မရှိဘဲ ထားခဲ့ရတာကြောင့် သူ့ကို အကာအကွယ် မဲ့နေမှာကိုလည်း သူ စိုးရိမ်နေသေးတယ်။

ရေချိုးပြီးနေပြီ ဖြစ်သော စူးချင်းက သန့်ရှင်းသော အဝတ်အစားများကို ပြန်၀တ်ကာ နွယ်ကြိုးကို ဆွဲပြီး အပေါ်သို့ ပြန်တက်လာခဲ့သည်။ ကျိရွှေရှန့်က မီတာအနည်းငယ်ကွာဝေးသော သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေပြီး သူ့ပါးစပ်ထဲတွင် မြက်ရိုးခြောက်တစ်ချောင်းကို ကိုက်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သူက သူ့ခေါင်းက သစ်ပင်၏ပင်စည်ပေါ်သို့ မှီထားပြီး ကောင်းကင်ကို မော့ကြည့်နေကာ တစ်ခုခုကို တွေးနေမှန်း သိသာနေသည်။

စူးချင်းက ကျိရွှေရှန့် သတိလစ်နေချိန်တွင် သူ ပြောခဲ့သည့်စကားများကို ပြန်တွေးလိုက်မိသည်။

ဒီလူက သူ့နောက်ကျောမှာ သွေးကြွေးဆပ်ရမယ့် ရန်ငြိုးတွေကို သယ်‌ဆောင်ထားပုံပါပဲ။

ကျိရွှေရှန့်က စူးချင်း၏အကြည့်ကို အာရုံခံမိသွားပြီး သူမ ရှိနေသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ စူးချင်း ပြန်ရောက်လာသည်ကို မြင်သောအခါ သူက အမြန်ထရပ်လိုက်သည်။

"သွားကြရအောင်၊ မင်းရဲ့လင်ဇီးကို ငါ ကူရှာပေးမယ်"

ကျိရွှေရှန့်က စူးချင်းအတွက် လင်ဇီးကို ရှာဖွေပေးရန် စဉ်းစားနေဆဲဖြစ်သည်။ ယခုတကြိမ်တွင်လည်း သူမက သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။ သူမ၏ရောဂါကို ကုသနိုင်ရန် အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးကို ရှာမပေးနိုင်ပါက သူက စူးချင်းအပေါ် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရပေလိမ့်မည်။

လင်ဇီးက မရှိလောက်ဘူး။ ကျွန်မ အရင်က မြင်ခဲ့တဲ့ ဝိညာဉ်စွမ်းအင်က ဒီမြေအောက်မြစ်ကြောင့် ဖြစ်နိုင်တယ်”

ကျိရွှေရှန့်က သူမအတွက် လင်ဇီးရှာပေးရန် သတိရနေသေးသည့်အတွက် စူးချင်းက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမက ရေရှာရန် အကြောင်းပြချက်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူက ၎င်းကို အလေးအနက်ထားခဲ့သည်။

"အော်? အဲ့လို ဖြစ်နိုင်လောက်တယ်၊ တကယ်တော့ ဒီတောင်ကြီးက ဒီလောက် ခြောက်သွေ့နေတာ ဘယ်ကဝိညာဉ်စွမ်းအင်က ရောက်လာမှာလဲ?”

ကျိရွှေရှန့်၏ မျက်လုံးများတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာသော်လည်း သူက စူးချင်းက စိတ်ပျက်သွားမည်ကို စိုးရိမ်နေပြီး သူမကို ကမန်းကတမ်း ထပ်ပြောလိုက်သည်။

"စူးချင်း၊ ငါ မင်းအတွက် အနှစ်တစ်ထောင်လင်ဇီး ကူရှာပေးမှာပါ"

အင်း”

စူးချင်းက သဘောတူလိုက်သည်။ ကျိရွှေရှန့်၏မျက်လုံးများမှ ရိုးသားမှုကို သူမ မြင်လိုက်ရသောကြောင့် စူးချင်း၏အသံက အေးစက်နေရာမှ အနည်းငယ် နူးညံ့လာသည်။

"ပြန်ကြရအောင်!"

 

အင်း”

ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး ခြင်းတောင်းကို သူ့ကျောပေါ်သို့ ပြန်တင်လိုက်သည်။ သူမတို့ တောင်ပေါ်တက်လာစဥ်တွင် ဝါးကျည်တောက်များက အလွတ်ဖြစ်နေပြီး ယခုအခါ ရေဖြည့်ပြီးသောကြောင့် ခြင်းတောင်းက  ပို၍ လေးလံလာသည်။

"ကျွန်မကို နည်းနည်းခွဲပေး"

စူးချင်း၏ခြင်းတောင်းက ဗလာဖြစ်နေသောကြောင့် သူမက  ကျိရွှေရှန့်၏ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးရန် သူမဘက်မှ စတင်တောင်းဆိုလိုက်သည်။

ကျိရွှေရှန့်က ခေါင်းခါလိုက်ပြီး မလိုဘူး။ မင်း ဘာသာ ဂရုစိုက်ပြီး လိုက်လာခဲ့"

သူက ပြောပြီးသည်နှင့် ရှောင်ထွက်သွားသည်။ သူက စူးချင်းကို တွေ့တိုင်း သူမ သူ့ကို ဆေးတိုက်ကျွေးသည့်အချိန်ကို ပြန်သတိရနေပြီး သူ့ပါးစပ်ထဲတွင် ချိုမြိန်သောအရသာနှင့် သူမနှင့် ထိလိုက်ချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ထုံကျင်နေသော ခံစားချက်ကိုပင် ပြန်ရနေသလို ခံစားနေရသည်။

ကျိရွှေရှန့်က သူ့လျှာကို အသုံးပြုပြီး သူ့သွားများကို သန့်ရှင်းလုပ်နေမိသည်။

နောက်တစ်ခါ ဒီလိုအခြေအနေမျိုး ထပ်ဖြစ်လာရင် စူးချင်းက သူ့နဲ့အနံ့အသက်ကို ခံနိုင်မှာ မဟုတ်ဘူး။ နောက်ဆိုရင် သူ တစ်နေ့ကို သွားနှစ်ကြိမ် တိုက်ရမယ်။

စူးချင်း၏မျက်လုံးအကြည့်များက အဆိပ်ပြင်းသည့်မြွေကြီး ကိုက်သွားသော ကျိရွှေရှန့်၏လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားပြန်သည်။ ထိုအခိုက်အတန့်တွင် သူမက သူကို စိတ်ပူနေပြီး သူ့လက်ကို ဓားဖြင့် ခပ်ကြီးကြီး လှီးဖြတ်မိခဲ့သည်။ ထို့အပြင် ပတ်တီးစည်းပြီး ဆေးထည့်ပေးရန်လည်း မေ့သွားခဲ့သည်။ ယခုအခါတွင် ဒဏ်ရာပေါ်၌ သွေးခဲနေကာ ပို၍ ထိတ်လန့်စရာ ဖြစ်နေခဲ့သည်။

ခဏနေဦး”

စူးချင်းက ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။ ကျိရွှေရှန့်၏တစ်ကိုယ်လုံးက အေးခဲသလို ဖြစ်သွားပြီး သူက တောင့်တောင့်ကြီး ရပ်တန့်သွားသည်။ သူက စူးချင်းကို ပြန်လှည့်မကြည့်မီ သူ့၏နှလုံးခုန်သံကို အရင်တည်ငြိမ်အောင်ထိန်းလိုက်ပြီးမှ ခပ်တည်တည် ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

✍️✍️✍️