Chapter 96 သူခိုးလက်က သူဝှက်လု အပိုင်း (၂)
Viewers 17k

အခန်း ၉၆ သူခိုးလက်က သူဝှက်လု အပိုင်း (၂)

စူးချင်းက ဆိုင်ရှင်ကို ကြည့်ကာ ပြုံးလိုက်သည်။ သို့သော်လည်း သူမ၏အပြုံးက ကြောက်မက်ဖွယ် ကောင်းလှပြီး နွေရာသီတွင်ပင် အရိုးထဲအထိ အေးစိမ့်သွားသလို ခံစားရစေသည်။ ဆိုင်ရှင်က ခဏတာမျှ အံ့အားသင့်နေခဲ့သော်လည်း စူးချင်းက မည်မျှ ပိန်လှီနေသည်ကို မြင်လိုက်ရသဖြင့် သူက သူမကို အလေးအနက်မထားခဲ့ပေ။

သူစိမ်းတစ်ယောက်​က ကိုယ့်​နယ်​​မြေကို​ရောက်လာ​ရင်​ ကိုယ်စိတ်ကြိုက်ပဲလေ။ ကျားသနားမှ နွားချမ်းသာလိမ့်မယ်​။ နောက်ဆုံး ကျားဖြစ်ရင်‌တောင် ဝပ်ဆင်းပေးရမယ်။ နဂါးဖြစ်နေရင်တောင် ရစ်ခွေပေးရလိမ့်မယ်။

"မင်း ကျိရမ်ထန်ထဲကို ဝင်မိတာက မင်း ကံဆိုးလို့ပဲ၊ ပေးတဲ့ပိုက်​ဆံကို ယူပြီး အေးအေးဆေးဆေး ထွက်သွားတာက မင်းအတွက် အကောင်းဆုံးပဲ၊ မင်းက အဲဒါကို ဘယ်လို တန်ဖိုးထားရမှန်း မသိဘူး၊ အခုတော့ ခရိုင်တရားသူကြီးရဲ့ အကျဉ်းထောင်ကို သွားပြီး မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အဲဒီမှာပဲ ကုန်ဆုံးလိုက်ပါတော့”

ကျိရမ်ထန်အနေဖြင့် ယခုကဲ့သို့ပြုမှုခြင်းက ပထမဆုံးအကြိမ် မဟုတ်သောကြောင့် ဆိုင်ရှင်က ထိုစကားကို ပြောလိုက်သည်နှင့် ဆိုင်အကူများက သူတို့အနားသို့ ဝိုင်းလာကြသည်။ တချို့ကလည်း ဆိုင်တံခါးကို သွားပိတ်လိုက်ပြီး အတွင်းထဲမှ တံခါးမင်းတုန်းကိုပင် သေသေချာချာ ပိတ်လိုက်ကြသေးသည်။

စူးချင်းက သူတို့ကိုယ်သူတို့ သေကြောင်းကြံရန် တံခါးပိတ်နေသော လူတစ်စုကို မလှုပ်မယှက် ကြည့်နေလိုက်သည်။

သူမက သာမာန်လူတစ်ယောက်လို အေးအေးချမ်းချမ်း အရောင်းအဝယ် လုပ်ပြီး ပြန်သွားချင်ပေမယ့် ဒီလူတွေကတော့  သူတို့ရဲ့သေခြင်းတရားကို အလျင်စလို ဖိတ်ခေါ်နေကြတယ်လေ။ အဲ့တာကြောင့် သူမကလည်း ယဉ်ကျေးနေစရာ မလို့တော့ဘူး။ ငရဲဘုရင်ကိုယ်စား သူမပဲ ဒီလူဆိုးတွေကို ဂရုစိုက်ပေးလိုက်တော့မယ်။

တံခါးပိတ်ပြီးသွားပြီကို မြင်လိုက်သည်နှင့် ဆိုင်ရှင်က စူးချင်းကို ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ကတိုးအိတ်ကို လက်လွှဲခိုင်းရန် ကြိုးစားနေသည်။

"မင်း အခု ကတိုးအိတ်ကို လက်လွှဲပေးပြီး ဒီကနေ ထွက်သွားရင် မင်းရဲ့ခွေးအသက်ကို ငါ ချမ်းသာပေးလိုက်မယ်"

ပထမတော့ သူက လျန်တစ်ရာတောင်ပြည့်အောင် မပေးချင်ပေမယ့် အခုတော့ သူက တိုက်ရိုက် လုယူချင်နေတယ်။

ခရီးသွားတွေအတွက် ထောင်ချောက်က ကောင်းသားပဲ”

စူးချင်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး စူးချင်း ပြောလိုက်သော စကားကြောင့် ဆိုင်ရှင်က အံ့အားသင့်သွားသည်။

သူ့ကို ဖမ်း…”

သို့သော် သူ ဘာမှန်း မသိလိုက်မီမှာပင် အေးစက်သော လက်တစ်ဖက်က သူ့လည်ပင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ့လည်ပင်း အညှစ်မခံရသေးခင်အထိ ဆိုင်ရှင်က သူမ မည်ကဲ့သို့ လှုပ်ရှားလိုက်သည်ကိုပင် မမြင်ခဲ့ရပေ။ သူက သူမကို ဖမ်းရန် အမိန့်ပေး၍ မဆုံးသေးခင်မှာပင် သူမက သူ့လည်ပင်းကို ချိုးလိုက်ပြီး သူကိုယ်တိုင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဆိုင်ရှင် လည်ပင်းညှစ်သတ်ခံလိုက်ရသည်ကို မြင်လိုက်သောအခါ အလုပ်သမားများက 'နှောင့်နှေး'နေရန် မဝံ့ရဲကြတော့ပေ။ သူတို့အားလုံးက သူတို့၏လက်နက်များကို ကိုင်ဆောင်ကာ စူးချင်းကို ဖမ်းရန် ပြေးဝင်သွားကြသည်။ စူးချင်းကလည်း သူတို့အားလုံးကို သတ်ပစ်ရန် ကြံရွယ်ထားပြီးဖြစ်ကာ သူမ နောင်တရရန် ခွင့်မပြုနိုင်တော့ပေ။ သူမက သူတို့လေးယောက်ကြားထဲသို့ ဓားတစ်လက်ကဲ့သို့ ပြေးဝင်သွားသည်။ သူမ ဖြတ်သွားပြီးသည်နှင့် အလုပ်သမားလေးယောက်လုံး လည်ချောင်းများ ကျိုးပဲ့ကာ သူတို့၏ဆိုင်ရှင်ကဲ့သို့ မြေပြင်ပေါ် လဲကျသွားတော့သည်။

ဒါက မှောင်ခိုဆိုင်ပေါ့… ဒါဆို ငါက အေးအေးသက်သာ ပြန်လုယက်ပေးမယ်”

စူးချင်းက ကောင်တာပေါ်မှ အဝတ်ဖြူတစ်ထည်ကို ကောက်ယူလိုက်ပြီး သူမလက်ကို သုတ်လိုက်သည်။ ထို့နောက် သူမက ဆိုင်ရှင်ကို စကားလှမ်းပြောလိုက်သော်လည်း ဆိုင်ရှင်ကတော့ မကြားနိုင်တော့ပေ။

စူးချင်းက ဆေးများကို စတင်စုဆောင်းလိုက်သည်။ ဆေးများကို တစ်ခုပြီး တစ်ခု ယူနေရသည်က အလွန်ဒုက္ခများသောကြောင့် စူးချင်းက ဆေးများကို သေတ္တာလိုက် စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ ရှောင်ချီက သူမ၏သခင် ပစ်ထည့်လိုက်သော  ဆေးသေတ္တာများထဲမှ ဆေးများကို ထုတ်ယူပြီး စနစ်၏ဆေးပုံးထဲသို့ ပြန်ထည့်နေရသည်။ စူးချင်းက ဆေးဗီရိုတစ်ခုလုံးကို ရှောင်ချီဆီသို့ ပစ်ပေးနေပြီး ရှောင်ချီလည်း အလွန်အလုပ်များနေရသည်။ သူမ၏ ဖွံ့ထွားသော ခန္ဓာကိုယ် သေးသေးလေးက အပြန်ပြန်အလှန်လှန် လှုပ်ခါနေပြီး သူမ၏မျက်နှာလေးက ပင်ပန်းမှုကြောင့် နီရဲလာလေသည်။

စူးချင်းက နောက်ဆုံးဆေးသတ္တာကို ပစ်ထည့်ပြီးသည်နှင့် ကောင်တာဆီသို့ လျှောက်သွားလိုက်ပြီး အံဆွဲကို ဖွင့်ကာ ပိုက်ဆံယူလိုက်သည်။ ငွေက သိပ်မများဘဲ လျန်ဒါဇင်အနည်းငယ်နှင့် ကြေးဒင်္ဂါးပြားတစ်ချို့သာ ရှိနေခဲ့သည်။ ဆေးဆိုင်ကြီးတစ်ဆိုင်က ထိုမျှလောက် ငွေမနည်းနိုင်ကြောင်း တွေးလိုက်မိသောကြောင့် စူးချင်းက ဆိုင်ရှင်၏ခါးတွင် ချိတ်ဆွဲထားသော သော့တစ်တွဲကို လှမ်းကြည့်လိုက်သည်။ ထို့နောက်  သူမက ထိုသော့ကို ယူလိုက်ပြီး အနောက်ဘက် အခန်းဆီသို့ လျောက်သွားလိုက်သည်။

အနောက်ဘက်မှ အခန်းက စာရင်းကိုင်အခန်းဖြစ်နေပြီး စူးချင်းက တံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမက ဗီဒိုကြီးများကို ရှာဖွေလိုက်ပြီး  လျန်တစ်ထောင်ငွေစက္ကူများနှင့်  ရာဂဏန်းတန်ဖိုးရှိသော ငွေစက္ကူများစွာကို ရှာတွေ့ခဲ့သည်။ ထို့အပြင်  ငွေသားများကိုလည်း တွေ့လိုက်ရသောကြောင့် သူမက ငွေကို ရေတွက်၍ပင် မနေတော့ဘဲ စနစ်ထဲသို့ ခပ်တည်တည် ပစ်ထည့်လိုက်သည်။

သူမက အရှေ့ခန်းကို ရှာဖွေခဲ့သော်လည်း အနောက်ဘက်တွင် အခန်းများ ရှိနေဆဲ ဖြစ်သည်။ အိမ်နောက်ဘက်ခြံဝင်း၏တံခါးကို ဖွင့်လိုက်သောအခါတွင် စနစ်တကျ သိုလှောင်ထားသော ဆေးသိုလှောင်ရုံတစ်ခုကို တွေ့ရှိခဲ့သည်။ စူးချင်းက အလွန်ပျော်သွားပြီး သူမ၏ယခင်နည်းလမ်းအတိုင်း စင်ပေါ်ရှိ ဆေးဘက်ဝင်ပစ္စည်းများအားလုံးကို ရှောင်ချီထံသို့ ပစ်ပေးလိုက်သည်။ ရှောင်ချီလည်း အလုပ်များနေပြီး ပျော်ရွှင်နေခဲ့သည်။

ထိုနေရာတွင် လျှို့ဝှက်အခန်းများ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးနောက်တွင် စူးချင်းက ဂိုဒေါင်မှ ပြန်ထွက်လာခဲ့သည်။ ထိုနေရာ၏နောက်တွင် မီးဖိုချောင်နှင့် အနားယူခန်းနှစ်ခန်း ရှိနေပြီး မီးဖိုချောင်တွင် အမျိုးသမီး နှစ်ယောက်က  မန်ထိုနှင့် အသားစွပ်ပြုတ်များ ပြုလုပ်ရင်း အလုပ်များနေကြသည်။

 

ထိုထမင်းချက်အမျိုးသမီးနှစ်ယောက်က မကောင်းမှုများ မလုပ်ခဲ့သောကြောင့် စူးချင်းက သူမတို့ကို မသတ်ချင်ဘဲ ရှောင်ချီက အိပ်ဆေးများ ထုတ်ယူစေပြီး မီးဖိုခန်းထဲသို့ မှုတ်ခိုင်းလိုက်သည်။

ကျိရမ်ထန်၏ မီးဖိုချောင်တွင် သံအိုးကြီးတစ်လုံး၊ သံအိုးသေးတစ်လုံး၊ အကြော်အိုးတစ်ခု၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ ဆန်၊ ဂျုံမှုန့်၊ ဆီ၊ ငါး၊ အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံအပါအဝင် ပါဝင်ပစ္စည်းများ ဒါဇင်ပေါင်းများစွာ ရှိနေပြီး ဟင်းချက်ပစ္စည်းများ အစုံအလင် ရှိနေခဲ့သည်။ စူးချင်းက တုံ့ဆိုင်းမနေဘဲ အရာအားလုံးကို စနစ်ထဲသို့ ရွှေ့ပြောင်းလိုက်သည်။

ရှောင်ချီက အံသြနေခဲ့သည်။

သခင်က ဘာတွေလုပ်နေတာလဲ? သခင်က သူမလိုမျိုး အဆင့်မြင့်ကုသရေးစနစ်ကို အပိုင်းအစတွေ စုဆောင်းတဲ့ ကုန်လှောင်ရုံဖြစ်အောင် ပြောင်းပေးချင်နေတာလား?

"ရှောင်ချီ၊ ငါ့ကို ပြန်လည်ထူထောင်ရေးဆေးတစ်လုံး လုပ်ပေးဦး"

စူးချင်းက ရှောင်ချီကို အမိန့်ပေးလိုက်သည်။ သူမ ဆေးများကို  စုဆောင်းနေစဉ်တွင် လင်ဇီးကို မြင်လိုက်သော်လည်း လင်ဇီးက မည်သည့်အခြေအနေ ရှိမည်ကိုတော့ သူမ မသိရသေးပေ။

ရှောင်ချီက ဆေးပြင်ဆင်ရန် အမြန်ပြေးသွားခဲ့ပြီး လင်ဇီးကို ထုတ်ယူလိုက်ချိန်တွင် သူမ၏ မျက်နှာလေးတွင် အထင်အမြင်သေးနေသည့် အမူအရာများ ပေါ်လာခဲ့သည်။

သခင်၊ ဒီလင်ဇီးက သက်တမ်းတစ်ရာတောင် မပြည့်သေးဘူး၊ ဆေးရဲ့အာနိသင်ကို ပျက်စီးစေဖို့ လွယ်ကူတယ်”

"ဘာမှ မရှိတာထက် စာရင်တော့ ပိုကောင်းလိမ့်မယ်"

စူးချင်းက ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်သည်။ သူမ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင် ကြိုးစားရမယ်။ အနှစ်တစ်ထောင်လင်ဇီးကို ရှာမတွေ့ခင် သူမရဲ့ခန္ဓာကိုယ်က ပျက်စီးသွားမှာကို သူမ မလိုချင်ဘူး။

ဟုတ်ကဲ့ပါ၊ သခင်”

ရှောင်ချီက ချစ်စဖွယ်အသံလေးဖြင့် သဘောတူလိုက်ပြီး သူမ၏လက်ကလေးများက စူးချင်းအတွက် ဆေးပြင်ဆင်ပေးရန်  အလုပ်ရှုပ်နေပြန်သည်။

စူးချင်းက ထိုဆေးဆိုင်တွင် အကြာကြီး မနေနိုင်သောကြောင့် သူမက နောက်ဖေးနံရံကို ကျော်တက်ကာ ကျိရွှေရှန့်တို့ကို ရှာရန် လမ်းသေးသေးအတိုင်း လျှောက်လာခဲ့သည်။

ထိုအချိန်တွင် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က စပါးများ ဝယ်ထားပြီး ဖြစ်ကာ လှည်းနှစ်စီးစာ ပြည့်နိုင်လောက်သည့် စပါးဆယ်ရှီကို ဝယ်ယူထားခဲ့သည်။ ဤနေရာတွင် စပါးစျေးက ကျင်းချန်ထက် အနည်းငယ် ဈေးသက်သာပြီး ငွေတလျန်ဖြင့် စပါးနှစ်ရှီ ဝယ်ယူနိုင်သည်။

ဆားကလည်း ကျင်းချန်ထက် ဈေးသက်သာသောကြောင့် နောက်ထပ် ဆားဆယ်အိတ် ထပ်ဝယ်လိုက်ကြသည်။ သူတို့ နောက်ဆုံးအကြိမ်က ဆားဝယ်ခဲ့သော်လည်း စူးချင်းက တောဝက်သားများအတွက် ဆားကြမ်းနှစ်ထုပ် အသုံးပြုခဲ့သည်။ လမ်းခရီးတွင် တောရိုင်းကောင်များ ထပ်ရခဲ့လျှင် လိုလာနိုင်သောကြောင့် ဆားက မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။

စားစရာများကို ဝယ်ယူပြီးနောက် ကျိရွှေရှန့်က ဝါဂွမ်းစျေးနှုန်းကို မေးမြန်းခဲ့ပြီး ဝါဂွမ်းချည်ထည်တစ်ထုပ်က ငွေတစ်လျန်ထက်ပင် စျေးကြီးနေခဲ့သည်။

သို့သော်လည်း သူက ချည်ဆယ်အိတ်နှင့် စျေးအသက်သာဆုံး အထည်ကြမ်းငါးလိပ်ကို အံကြိတ်ဝယ်ယူခဲ့သည်။ ကျင့်ရှီလျိုမြောင်သို့ ရောက်သောအခါ မဖြစ်မနေ ၀တ်ဆင်ရမည့်  ဂွမ်းထည်အ၀တ်အစားများ ပြုလုပ်ရန် အဒေါ်များအား တောင်းဆိုရဦးမည် ဖြစ်သည်။

စူးချင်းက လက်ဗလာဖြင့် ပြန်လာသည်ကို တွေ့လိုက်သောကြောင့် ကျိရွှေရှန့်က သူမကို လှမ်းမေးလိုက်သည်။

"မင်း ဘာမှ မဝယ်ခဲ့ဘူးလား?"

အင်း၊ ဒီမှာ ဘာမှ မရှိဘူး။ နောက်တစ်မြို့ရောက်မှပဲ ထပ်ရှာကြည့်ရမယ်။ သွားကြရအောင်!"

စူးချင်း ရှည်လျားသောညတာက ပို၍ ဒုက္ခပေးမည်ကို စူးချင်းက စိုးရိမ်နေပြီး ကျိရွှေရှန့်တို့ကလည်း အစားအသောက်များ ဝယ်ယူပြီး ဖြစ်နေသောကြောင့် မြန်မြန်ထွက်သွားရန် တိုက်တွန်းလိုက်သည်။

"ဒီဝံပုလွေအရေခွံတွေကို ရောင်းဖို့ နေရာရှာရဦးမယ်"

ကျိရွှေရှန့်က ဝံပုလွေငါးကောင်၏အရေခွံများကို လက်ညှိုးထိုးပြရင်း စူးချင်းကို ပြန်ဖြေလိုက်သည်။ သူက စပါးဆိုင်မှ ဆိုင်အကူကို မေးမြန်းခဲ့ပြီး အ‌ရှေ့မှ လမ်းချိုးလေးတွင်  သားရေစုဆောင်းသော ကုန်သည်များ ရှိနေကြောင်း သိခဲ့ရသည်။

မသွားနဲ့တော့။ မြန်မြန် ပြန်ကြရအောင်"

စူးချင်းက သူ အနောက်ဘက်လမ်းသို့ သွားတော့မည်ကို နားလည်လိုက်သောကြောင့် ထွက်သွားရန်သာ တိုက်တွန်းလိုက်သည်။ ကျိရွှေရှန့်က သူမကို မော့ကြည့်လိုက်ပြီး စူးချင်းကခါတိုင်းကဲ့သို့ အေးစက်နေသော်လည်း ကျိရွှေရှန့်က သူမ ထိုနေရာ၌ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် ၎င်းက သေးငယ်သော ကိစ္စ မဟုတ်နိုင်ပေ။

"ကောင်းပြီလေ၊ သွားကြစို့!"

ကျိရွှေရှန့်က ဘာမှ မမေးခဲ့ပေ၊ အဲ့တာက  သူ့အဝတ်အစားတွေ ဘာကြောင့် သွေးတွေနဲ့ ဖုံးလွမ်းနေရတာလဲ? အဲဒီညက သူ ဘယ်သွားခဲ့လဲ ဆိုတာကို စူးချင်း မမေးခဲ့သလိုပါပဲ။

သူတို့သုံးယောက်က  လျန်ချန်မှ ထွက်ခွာလာပြီး အဖွဲ့နှင့် ပြန်ပူးပေါင်းကာ ကျန်းချန်သို့ ဦးတည်လိုက်ကြသည်။ သူတိူ့ ထွက်ခွာ သွားပြီး တစ်ရှိးချန်ကျော်(နှစ်နာရီကျော်) ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က လျန်ချန်ရုံးတော်မှ တိုင်ကြားရန်စည်တော်ကြီးကို တီးခတ်လိုက်လေသည်။

"တရာသူကြီးမင်း၊ သတင်းဆိုး ရှိပါတယ်။ ဓားပြတွေက ကျွန်တော်တို့ရဲ့ဆေးဆိုင်ကို လုယက်သွားတယ်။ ဆိုင်ရှင်နဲ့ ဆိုင်အကူတွေ အကုန်လုံး သေသွားကြပြီ”

လျန်ချန်ကောင်တီမှ ခရိုင်တရားသူကြီးက ရုံးတော်ရှေ့ပြေးများနှင့် စစ်ဆေးရေးမှူးတို့ကို ဦးဆောင်ကာ ကျိရမ်ထန်သို့ ရောက်ရှိလာချိန်တွင် ကျိရွှေရှန့်နှင့် သူ့၏အဖွဲ့က လီအနည်းငယ်အထိ ခရီးပေါက်အောင် လမ်းလျှောက်ပြီးနေပြီ ဖြစ်သည်။ လျန်ချန်တွင် မြို့တံခါးများအာလုံးကို ပိတ်ဆို့ပြီး တစ်မြို့လုံးကို ရှာဖွေခဲ့သော်လည်း စူးချင်းကတော့ ကောင်းကင်တွင် မြင့်မြင့်မားမား လွတ်လွတ်လပ်လပ် ပျံသန်းနိုင်သကဲ့သို့ လွတ်မြောက်သွားခဲ့သည်။

လျန်ချန်မှ ကျန်းချန်သို့ သွားရာလမ်းတွင် ရှောင်ချီက စူးချင်းအတွက် ပြန်လည်ထူထောင်ရေးဆေးတစ်ပြား ထုန်ပေးခဲ့သည်။ ဆေးကို သောက်ပြီးနောက် သူမ၏ ပင်ပန်းနွမ်းနယ်မှုနှင့် အားအင်မဲ့နေခြင်းတို့က ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ အတွင်းအင်္ဂါများလည်း အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။ သို့သော်လည်း စူးချင်းအတွက်တော့ ကျေနပ်အားရစရာ အခြေအနေကို  မရောက်သေးပေ။

ကျန်းချန်တွင် အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးတစ်ခု ရှာတွေ့နိုင်ရန် သူမ မျှော်လင့်နိုင်နေခဲ့သည်။ မဟုတ်လျှင် သူမ အကြီးအကဲချင်၏ စွမ်းဆောင်ရည်အပေါ်သာ မျှော်လင့်ချက်ထားနိုင်တော့မည်  ဖြစ်သည်။

နောက်ဆုံးတွင် စူးချင်း၏မြင်းစီး ဖိနပ်က ပြီးသွားပြီ ဖြစ်ကာ သူမက အသက်ဝင်ပြီး ထည်ဝါကာ သြဇာအာဏာ ပြည့်နေပုံရသည့် လင်းယုန်ငှက်တစ်ကောင်ကိုပင်  ဖိနပ်ပေါ်တွင် ပန်းထိုးထားခဲ့သည်။

ကျိရှောင်ယင်က ဖိနပ်ကို မြင်သည်နှင့် ချက်ချင်း သဘောကျသွားပြီး သူမလည်း သင်ယူချင်နေသည်။ စူးချင်းက သူမကို ရယ်မောပြီး နောက်ပြောင်လိုက်သည်။

မင်း အရင်တုန်းက ပန်းထိုးပညာကို သင်ယူချင်တယ်လို့ ပြောခဲ့တယ်။ အခု ပန်းထိုးတက်ပြီလား?"

ကျိရှောင်ယင်က ရှက်ကိုးရှက်ကန်းဖြင့် လျှာထုတ်လိုက်သည်။

အဲ့တာက ခက်လွန်းတယ်”

စူးချင်း၏ အပြုံးက ပိုပီပြင်လာသည်။ ကျိရှောင်ယင်၏အပြစ်ရှိပုံပေါက်နေသည့် မျက်နှာက အိမ်စာမလုပ်ရသေးသည့်အတွက် အကြောင်းပြချက်ရှာနေသည့် ကျောင်းသားနှင့် တူနေခဲ့သည်။

အမျိုးသမီးလီက မိန်းမပျိုနှစ်ယောက်၏စကားဝိုင်းကို နားထောင်နေပြီး ရုတ်တရက် ဝင်ပြောလိုက်သည်။

"မွေးစားအမေက မျက်လုံး မမြင်ရလို့ပါ၊ မဟုတ်ရင် မင်းကို ပန်းထိုးနည်း သင်ပေးမှာပါ"

စူးချင်းက အမျိုးသမီးလီကို ကြည့်လိုက်ပြီး သူမ၏မျက်လုံးများကို ကုသပေးရန် အချိန်တန်နေပြီဟု တွေးလိုက်သည်။ စူးချင်းက အမျိုးသမီးလီကို ကြည့်ကာ တွေးတောနေစဉ်မှာပင် ရထားလုံး အပြင်ဘက်မှ မြင်းခွာသံများကို ကြားလိုက်ရပြီး သံချပ်ကာတပ်သားတစ်စုက သူမတို့အဖွဲ့ဆီသို့ ချဉ်းကပ်လာခဲ့သည်။

✍️✍️✍️