Chapter 97 မှားယွင်း စွပ်စွဲခံရခြင်း
Viewers 17k

အခန်း ၉၇ မှားယွင်း စွပ်စွဲခံရခြင်း

သံချပ်ကာတပ်ဖွဲ့က ဒုက္ခသည်အဖွဲ့ကို မြင်နေသော်လည်း သူတို့က ရပ်တန့်ခြင်း သို့မဟုတ် ရှောင်လွဲသွားခြင်း မရှိဘဲ မဆင်မခြင် ရှေ့တိုးလာကြပြီး “ဝမ်ဟူသော စကားလုံးပါသည့် စစ်အလံက ထင်ရှားနေခဲ့သည်။

ထောင်ဟွားဝူမှ လူအချို့က မြင်းခွာများကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး နာကျင်စွာ ညည်းတွားနေကြသည်။

သံချပ်ကာတပ်သားများ ဖြတ်သွားပြီးနောက်တွင် ဦးဆောင်လာသည့် အရာရှိက မြင်း၏ဇက်ကြိုးကို ဆွဲပြီး နောက်သို့ ပြန်လှည့်လာသည်။ ထို့နောက် သူက သူ့လက်ထဲမှ နှင်တံဖြင့် ဒုက္ခသည်များကို  ညွှန်ပြလိုက်ပြီး သူ့၏စစ်သည်များကို အမိန့်ပေးလိုက်သည်။

သူတို့က ရုံးတော်ကငွေတွေကို လုယက်သွားတဲ့ အကြမ်းဖက်အုပ်စုပဲ၊ သူတို့ကို ဖမ်းကြစမ်း”

သဘာဝဘေးဒဏ်ကြောင့် ထောင်ဟွားဝူမှ ထွက်ပြေးလာကြသော ရွာသူရွာသားများအားလုံး အံသြသွားကြရသည်။ သူတို့က ဘယ်လိုလုပ်ပြီး အကြမ်းဖက်အုပ်စု ဖြစ်လာတာလဲ? သူတို့က ဘယ်တုန်းက ရုံးတော်ရဲ့ငွေတွေကို သွားလုမိလို့လဲ?

ချိုးယုံခန်းက ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းများကို ကိုင်ဆောင်ကာ ထိုအရာရှိထံသို့ အမြန်ပြေးသွားလိုက်သည်။

လူကြီးမင်း၊ ကျွန်တော်မျိုးတို့အားလုံးက လူကောင်းတွေပါ။ ကျွန်တော်တို့ရဲ့ ဇာတိမှာ ဘဘာဝဘေးဖြစ်ပေါ်ခဲ့ပြီး ဒုက္ခရောက်နေတာကြောင့် ထွက်ပြေးလာခဲ့ကြတာပါ”

သို့သော် ထိုလူက သူ့စကားကို လုံးဝ နားမထောင်သလို သူ လွှဲပေးလိုက်သော ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကိုလည်း ကြည့်ပင်မကြည့်ပေ။ သူက ချိုးယုံခန်းကို မြေပြင်ပေါ်သို့  ကန်ချလိုက်ပြီး ချိုးယုံခန်းကို ကြိုးတုတ်ထားရန် သူ့၏စစ်သည်များကို အမိန့်ပေးလိုက်သည်။

"သူ့ကိုဖမ်းကြစမ်း"

မြင်းတပ်သားများက သူတို့၏မြင်းများပေါ်မှ ခုန်ဆင်းလာကာ ချိုးယုံခန်းကို ကြိုးဖြင့် ချည်နှောင်လိုက်ကြသည်။ ချိုးယုံခန်းက လုံးဝ မရုန်းကန်ပဲ  သူ အပြစ်ကင်းကြောင်းသာ ဆက်အော်နေသော်လည်း ခေါင်း‌ဆောင်လာသော အရာရှိက သူ့စကားကို နားမထောင်ဘဲ မောက်မောက်မာမာ ပြုမူနေခဲ့သည်။

ရွာလူကြီးချိုးနှင့် ထောင်ဟွားဝူမှ လူများက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းပန်နေကြသော်လည်း ထိုလူများက သူတို့၏စကားသံများကို မကြားသလို ပြုမူနေကြသည်။

သူတို့က ဒီလူတွေကို သတ်ပြီး ဒီလူတွေအပေါ် မပြစ်တွေ လွှဲချချင်နေတာလေ၊ ဘာဖြစ်လို့ သူတို့ရဲ့ ဆင်ခြေတွေကို နားထောင်နေရမှာလဲ?

သူတို့အားလုံးကို ဖမ်းကြစမ်း။ ခုခံတဲ့လူတိုင်းကို သတ်ပစ်ကြ”

တစ်စုံတစ်ယောက်ကို ရာဇဝတ်မှုနဲ့ ချောက်ချပြီး အပြစ်ပေးချင်ရင် သူတို့ကို အသက်ရှင်ခွင့်ပေးစရာ မလိုတော့ဘူးလေ။

အစပိုင်းတွင် ကျိရွှေရှန့်က သူ့ကိုယ်သူ ထိန်းချုပ်ထားဆဲဖြစ်သော်လည်း ယခုအခါ သူ ဆက်ထိန်းချုပ်ထားရန် မလိုအပ်တော့ပေ။ ဤသံချပ်ကာတပ်ဖွဲ့တွင် စုစုပေါင်း လူနှစ်ဆယ် ရှိနေပြီး ကျိရွှေရှန့်က သူတို့အားလုံး  သူ အနိုင်ယူနိုင်ရန် ယုံကြည်မှု မရှိသော်လည်း ဤသို့ အတင်းအကြပ် ဖိအားပေးခံလိုက်ရသောကြောင့် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

"ကျုံးယုံ၊ လီတာ့နျို၊ ကျန်းလောင်ချီ၊ ငါနဲ့ လိုက်ခဲ့"

ကျိရွှေရှန့်က သူ၏ ရတနာဓားကို ထုတ်ယူလိုက်ပြီး ကြိုးစားတွန်းလှန်ရန် စိတ်အားထက်သန်နေသော သူ၏ညီအစ်ကိုကောင်းများကို အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုလူသုံးယောက်ကလည်း ကျိရွှေရှန့်၏အမိန့်ကို စောင့်နေခြင်းဖြစ်ပြီး သူတို့၏လှည်းများပေါ်မှ ပေါက်တူးများကို ဆွဲထုတ်ကာ သံချပ်ကာတပ်သား နှစ်ဆယ်ကျော်ဆီသို့ ပြေးသွားကြသည်။

သံချပ်ကာတပ်ဖွဲ့က သူတို့ကို အလေးအနက်မထားပေ။ တပ်ဖွဲ့မှူးက သူတို့ကို အထင်သေး အမြင်သေး တစ်ချက်ကြည့်လိုက်ပြီး သူ့၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

"မင်းတို့က ခုခံရဲတယ်လား? သူတို့အားလုံးကို သတ်ပစ်လိုက်ကြ”

သံချပ်ကာတပ်ဖွဲ့ဝင်များက ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်ကြပြီး ဒိုင်းကာများ၊ လှံရှည်များကို ကိုင်ဆောင်ထာကာ ခြေတံရှည်သော မြင်းများကို စီးထားကြသည်။ ထောင်ဟွားဝူဘက်မှ လူများအားလုံးက သာမာန်ပြည်သူများသာ ဖြစ်ကြပြီး ကျိရွှေရှန့်နှင့် လူငယ်အနည်းငယ်ကသာ တိုက်ပွဲဝင်နိုင်ကြသည်။ သံချပ်ကာတပ်ဖွဲ့က မြင်းစီးလာသူများ ဖြစ်သောကြောင့် အမြင့်တွင်ရှိနေကာ ထောင်ဟွားဝူမှ ရွာသားများက မြင်းများ၏ခြေထောက်အောက်တွင် ရှိနေပြီး အရေးနိမ့်နေကြသည်။

သို့သော်လည်း ကျိရွှေရှန့်နှင့် ကျုံးယုံတို့က တစ်ဦးစီ သတ်ထားပြီး ဖြစ်သည်။ ကျိရွှေရှန့်က ခေါင်းဆောင်ကို အရင် ဖမ်းချင်နေပြီး သူ၏ပစ်မှတ်က ထိုအရာရှိ ဖြစ်သည်။ သူက ကြမ်းကြုတ်သော ကျားသစ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သံချပ်ကာတပ်သားများကြားတွင် အပြန်ပြန် အလှန်လှန် ပြေးလွှားပျံသန်းနေခဲ့သည်။

ကျိရွှေရှန့်က အလွန်ထက်မြတ်ပြီး သူတို့က မြင်းများပေါ်ရှိ သံချပ်ကာတပ်သားများကို တိုက်ရိုက်တိုက်ခိုက်ရန် မလွယ်ကြောင်း သိနေခဲသည်။ ထို့ကြောင့် သူက သူ့၏လက်ထဲမှ ရတနာဓားကို စစ်မြင်းများအား သတ်ဖြတ်ရန် အသုံးပြုနေခဲ့ပြီး သူ ပြေးဝင်သွားသော လမ်းတစ်လျှောက်တွင် စစ်မြင်းငါးကောင်ကို သတ်ခဲ့ပြီးဖြစ်ကာ ထိုမြင်းများပေါ်မှ သံချပ်ကာတပ်သားများက သူတို့၏မြင်းပေါ်မှ တိုက်ရိုက် ပြတ်ကျလာကြသည်။ ကျုံးယုံက သူတို့ကို မြေပြင်ပေါ်မှ ကောက်ယုလိုက်ပြီး ပြန်ပစ်ချလိုက်သည်။ ထိုတစ်ကြိမ်တွင် သူက သံချပ်ကာတပ်သားနှစ်ဦးကို သေဆုံးစေခဲ့သည်။

လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကတော့ ဒဏ်ရာရနေကြပြီး သူတို့က အခြားတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ထောင်ဟွားဝူမှ အမျိုးသမီးများကလည်း ဘောလုံးတစ်လုံးကဲ့သို့ ဝပ်တွားနေကြကာ အချင်းချင်း ပွေ့ဖက်ထားပြီး တုန်လှုပ်နေကြသည်။

သူမတို့က ငိုတက်တာကလွဲရင် သူတို့အတွက် လုံးဝ အကူအညီ မဖြစ်ပါဘူး။

"ရှောင်ယင်၊ ကလေးတွေကို ဂရုစိုက်ထား။ ရထားလုံးထဲကနေ လုံးဝ မထွက်ခဲ့နဲ့"

စူးချင်းက အခြေအနေမကောင်းကြောင်း မြင်သွားပြီး ကလေးများကို စောင့်ရှောက်ပေးရန် ကျိရှောင်ယင်အား အမိန့်ပေးလိုက်သည်။ သူမကတော့ ရထားလုံးပေါ်မှ ခုန်ဆင်းသွားပြီး ကျိရွှေရှန့်၏လေးနှင့် မြှားကို ယူကာ ရှေ့သို့ ပြေးသွားတော့သည်။ စူးချင်းက ပြေးနေရင်းဖြင့် ရှောင်ချီကို အရိုးပျောဆေးမှုန့် လုပ်ခိုင်းလိုက်ပြီး ရှောင်ချီက သူမ၏ခြေထောက်တိုလေးများဖြင့် ပြေးလွှားနေပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏သခင်က ကျိရမ်ထန်ကို စနစ်ထဲသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် သူမ ဆေးဖန်တီးရန် လိုအပ်သည့်အရာများ ပြတ်တောက်မှု မရှိတော့ပေ။

တစ်ဖက်တွင် ရှောင်ချီက ဆေးမှုန့်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး တခြားတစ်ဖက်ကတော့  စိုးရိမ်စရာ အခြအနေကို ရောက်ရှိနေပြီ ဖြစ်သည်။ ထောင်ဟွားဝူမှ ရွာသားအများအပြားက သံချပ်ကာတပ်ဖွဲ့၏တိုက်ခိုက်ခြင်းကို ခံကြရပြီး မြေပေါ်သို့ လဲကျနေပြီ ဖြစ်သည်။ ထိုအထဲတွင် လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ပင် ပါဝင်နေသည်။ သူတို့၏လက်ထဲတွင် ရှိနေသော လက်နက်က ပေါက်ပြားများ၊ ပေါက်တူးများသာ ဖြစ်ပြီး သူတို့၏ လက်နက်ကို ကျော်ဝင်လာသည့် တစ်ဖက်သား၏လှံက သူ့တို့ရင်ဘတ်သို့  တိုးဝင်လာသည်ကို စောင့်ကြည့်ရုံသာတယ်နိုင်ကြတော့သည်။

ဝှစ်…ဝှစ်....”

စူးရှသော လေတိုးသံနှင့်အတူ  ဝါးမြှားနှစ်စင်း ပြေးဝင်လာပြီး သံချပ်ကာတပ်သားနှစ်ဦး၏ လည်ချောင်းထဲသို့ ဖေါက်ဝင်သွားသည်။ ထိုအခိုက်အတန့်က ထိုစစ်သည်များ၏လှံများက လီတာ့နျိုနှင့် ကျန်းလောင်ချီတို့၏နှလုံးသားကို ထိုးဖောက်လု နီးပါးဖြစ်နေသောကြောင့် သူတို့ အရမ်းကြောက်လန့်ကာ ချွေးအေးများ ထွက်နေချိန် ဖြစ်သည်။

စူးချင်းက သံချပ်ကာဝတ်တပ်သားနှစ်ယောက်ကို အသေပစ်သတ်လိုက်ပြီး သူမက လေးကြိုးကို ထပ်ဆွဲကာ မြှားများကို ဆက်တိုက် ထပ်ပစ်နေခဲ့သည်။ သူမက ကျိရွှေရှန့်ကို မြင်းပေါ်မှ ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်နေသော  သံချပ်ကာဝတ်တပ်သားကိုလည်း မြင်းပေါ်မှ ပစ်ချခဲ့သည်။ တစ်ဖက်လူ မြင်းပေါ်မှ ပြုတ်ကျသည်နှင့် တပြိုင်နက် ကျုံးယုံက ထိုလူ၏ဦးခေါင်းကို ကိုင်ကာ မြေပြင်နှင့် ဆောင့်ရိုက်ချလိုက်သည်။

စူးချင်း၏မျက်လုံးများက စူးရှပြီး သူမ၏လက်များကလည်း လျင်မြန်လွန်းလှသည်။ သူမက လေးကြိုးကို အမြန် ထပ်ဆွဲလိုက်ပြီး နောက်ထပ်မြှားတစ်စင်းကို ထပ်လွှတ်ကာ ချိုးယုံခန်း သတ်ရန် ပြင်နေသည့် မြင်းပေါ်မှ သံချပ်ကာဝတ်တပ်သားကို ပစ်သတ်လိုက်သည်။ ချိုးယုံခန်းက စူးချင်းကို ကျေးဇူးတင်နေသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဒါက သူမ သူ့အသက်ကို ဒုတိယအကြိမ် ကယ်တင်ခဲ့တာပါ။

စူးချင်းက သူ့ကို မကြည့်နိုင်တော့ပေ။ သံချပ်ကာဝတ်တပ်သားများက သူမကို ရှာတွေ့သွားပြီ ဖြစ်ကာ စစ်မြင်းငါးကောင်က သူမဆီသို့ ပြေးဝင်လာပြီး လှံငါးချောင်းက သူမဆီသို့ တပြိုင်နက်တည်း တိုးဝင်လာခဲ့သည်။ စူးချင်းက သူတို့ကို ရှောင်နိုင်သော်လည်း သူမနောက်တွင် ရှိနေသည့် ထောင်ဟွားဝူမှ လူများကတော့ မြင်းခွာများအောက်တွင် သေပွဲဝင်ကြရပေလိမ့်မည်။

"မြောင်းအောက်ခြေကို ရောက်အောင်သွားကြ"

စူးချင်းက အော်ဟစ်နေရင်း လေထဲသို့ ခုန်တက်ကာ  သံချပ်ကာဝတ်တပ်သားတစ်ယောက်ကို တံတောင်ဖြင့် တွက်လိုက်ပြီး မြင်းပေါ်မှ တွန်းချကာ သူ့၏မြင်းနှင့် လှံကို လုယူလိုက်သည်။ ထိုအရာက ကျားကို အတောင်တပ်ပေးလိုက်သလို ဖြစ်သွားပြီး သူမက လှံကို ကိုင်ကာ သံချပ်ကာဝတ်တပ်သားလေးဦးနှင့် ရင်ဆိုင်လိုက်သည်။

ကြောက်ရွံ့နေသော ရွာသူရွာသားများက အသိဝင်သွားပြီး မြောင်းထဲသို့ ပြေးဆင်းသွားကြသည်။ သို့သော်လည်း စူးချင်းက သံချပ်ကာဝတ်တပ်သားလေးဦးနှင့် တိုက်ခိုက်နေပြီး ထိုတိုက်ပွဲက ထောင်ဟွားဝူမှ အမျိုးသားများတစ်ချို့၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

မိန်းခလေးတစ်ယောက်က သံချပ်ကာဝတ်တပ်သားတွေကို အသက်စွန့် တိုက်ခိုက်ပြီး သူတိူ့အတွက် တိုက်ပွဲဝင်ပေးနေတယ်။ သူတို့လို ယောက်ျားတွေက မိန်းခလးတစ်လောက်တောင် အသုံးမကျဘူးလား?

ထိုအတွေးက သံချပ်ကာတပ်ဖွဲ့ဝင်များကို ကြောက်ရွံ့နေသော သူတို့၏ထိတ်လန့်မှုကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေပြီး လူတိုင်းက သေဘေးကို မကြောက်တော့ပဲ ရှေ့သို့ ချီတက်လာကြတော့သည်။

"မြင်းခြေထောက်တွေကို ဖြတ်ရိုက်ကြ"

စူးချင်းက ထပ်အော်လိုက်သည်။ ယခုတကြိမ်တွင် မည်သို့ တိုက်ခိုက်ရမည်ကို သိသွားသော ရွာသားများက မြင်းများ၏ခြေထောက်နားသို့ အပြေးအလွှား ချဥ်းကပ်သွားကြသည်။ ဤအခိုက်အတန့်အတွင်းတွင် ထောင်ဟွားဝူမှ ရွာသားများလည်း လှံများဖြင့် အထိုးခံရကာ မြေပြင်ပေါ်သို့ လဲကျနေကြသော်လည်း သံချပ်ကာဝတ်တပ်ဖွဲ့ကလည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့လာရသည်။

တစ်ဖက်တွင် ကျိရွှေရှန့်က တပ်မှူးနှင့် တိုက်ခိုက်နေခဲ့သည်။ တစ်ဖက်လူက ကိုယ်ခံပညာတွင် အလွန်ကျွမ်းကျင်သော်လည်း မြင်းစီးနေချိန်သောကြောင့် ကျိရွှေရှန့်က ​​သူ့မြင်း၏ခြေထောက်ကို ဖြတ်လိုက်သောအခါ သူက မြေပြင်ပေါ်သို့ ပြတ်ကျသွားပြီး ကျိရွှေရှန့်၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ ကျိရွှေရှန့်၏ ရတနာဓားက သူ့၏သံချပ်ကာကိုပင် ဖောက်ဝင်နိုင်ပြီး သူ့၏နှလုံးသားကို ထိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ အမြန် ရှောင်တိမ်းနိုင်ခဲ့ပြီး ထိုသို့မဟုတ်ပါက သူ ဤနေရာတွင်ပင် သေဆုံးသွားနိုင်သည်။

ဦးဆောင်လာသော တပ်မှူးက ကျိရွှေရှန့်၏ရတနာဓားကို ချက်ချင်း မှတ်မိသွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

"လွမ်တောင်? မင်းက ရှောင်းဟမ်ရဲ့လူတွေထဲက အကြွင်းအကျန်လား?"

(ဒီနေရာက “လွမ်” ဖီးနစ်အနွယ်ဝင် ဒဏ္ဍာရီလာ ထူးဆန်းမြင့်မြတ်တဲ့ငှက်လို့ အဓိပ္ပါယ် ရပါတယ်)

“မင်း ဘဝကို လိုချင်တဲ့သူ"

တစ်ဖက်လူဆီမှ ရှောင်းဟမ် ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ကျိရွှေရှန့်၏မျက်လုံးများက နီရဲလာပြီး သူ့လက်ထဲမှ ရတနာဓား၏တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာကာ တစ်ဖက်လူကို ခုခံနိုင်စွမ်းမရှိသည့်အထိ ထိုးနှက်နေခဲ့သည်။

တပ်မှူးက သူ့ဘက်မှ အသေအပျောက် အများကြီးရှိနေကြောင်း နားလည်သွားသောကြောင့် နောက်ပြန်ဆုတ်ရန် စဉ်းစားလိုက်ပြီး သူ့၏သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို အော်ဟစ် အမိန့်ပေးလိုက်သည်။

"နောက်ဆုတ်!"

ကျိရွှေရှန့်က သူ့ကို လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မပေးနိုင်တော့ပေ။ သူက လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသော မြွေတစ်ကောင်ကဲ့သို့ ထိုလူ၏အနားသို့ တိုးကပ်သွားသည်။ သူကိုင်ထားသော ရတနာဓားမှ အေးစက်သော အလင်းရောင်တစ်ခု တောက်ပလာပြီး ထိုလူ၏လည်ချောင်းကို ဖြတ်တောက်လိုက်သည်။ တခဏချင်းမှာပင် သွေးစိမ်းများ လျှံထွက်လာပြီး မြေပြင်ပေါ်တွင် လဲကျနေသော တပ်မှူးက ကျိရွှေရှန့်ကို မကျေမနပ် လက်ညှိုးညွှန်နေရင်း အသက်ထွက်သွားတော့သည်။

သံချပ်ကာဝတ်တပ်သားများက သူ့၏နောက်ဆုံးအမိန့်ကို လိုက်နာကာ ခေါင်းဆောင်သေဆုံးသွားသည်နှင့် တိုက်ပွဲကို ရပ်တန့်လိုက်သည်။ သူတို့က မြင်းများကို ပြန်လှည့်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သောကြောင့် သူတို့ရှိနေသည့်နေရာသို့ လေသင့်သွားချိန်တွင် စူးချင်းက ရှောင်ချီပြုလုပ်ပေးလုပ်ထားသည့် ဆေးမှုန့်အားလုံးကို ဖြန့်ကြဲလိုက်သည်။

သံချပ်ကာဝတ်တပ်သားများနှင့် ၎င်းတို့၏ စစ်မြင်းများအားလုံး လဲကျသွားပြီး လေသင့်ရာဘက်တွင် ရှိနေသည့် ကျိရွှေရှန့်နှင့် အခြားသူများလည်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

စူး… စူးမိန်းခလေး၊ သူတို့… သူတို့ အားလုံး သေကုန်ကြပြီလား?”

ရွာလူကြီးချိုးက မြောင်းထဲမှ ခုန်တက်ကာ အံ့သြတုန်လှုပ်သွားပြီး သူ့နှလုံးက နာကျင်လာသောကြောင့် ငိုချင်လာတော့သည်။ မြေပြင်တစ်ခုလုံးတွင် သွေးများ ပြန့်ကျဲနေပြီး ထောင်ဟွားဝူမှယောက်ျားလေးများက မြေပြင်ပေါ်တွင် လဲကျနေသည်ကို  မြင်လိုက်ရသောကြောင့် သူတို့အားလုံး သေသွားပြီဟု သူ ထင်လိုက်မိခြင်းပင်။

မဟုတ်ဘူး၊ ကျွန်မ သူတို့ကို အရိုးပျော့ဆေး ဖြန်းလိုက်တာ”

စူးချင်းက အေးအေးဆေးဆေး ရှင်းပြလိုက်ပြီး ကျိရွှေရှန့်၏ရတနာဓားကို ကောက်ယူရန် လျှောက်သွားလိုက်ပြီး သူမ၏အေးစက်သော မျက်လုံးများက သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို စိုက်ကြည့်နေခဲ့သည်။

✍️✍️✍️