Chapter 100 နှုတ်ကတိကို စောင့်ထိန်းရမယ်
Viewers 17k

အခန်း ၁၀၀ နှုတ်ကတိကို စောင့်ထိန်းရမယ်

လူကြီးမင်းချင်က ကျင်းချန်ကနေ ထွက်ခွာသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်မ သူ့ကို ဆေးကုပေးမယ်လို့ ကတိပေးထားတာကြောင့် အဲ့ကတိကို မဖျက်နိုင်ဘူး"

စူးချင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူမက လူအိုကြီးချင်၏ဆေးကုခကို  လက်ခံခဲ့သည့်အပြင် သူမက နောက်ခံကို စုံစမ်းရန် စုကျိူးသို့ သွားရဦးမည်ဖြစ်သည်။ ထိုအရာက မည်မျှပင်ခက်ခဲနေစေကာမူ သူမ၏မူလကိုယ်၏ဆန္ဒကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားခဲ့သည်။

သူမက သူမ၏ကိုယ်ရေးကိုယ်တာကြောင့် စုကျိုးသို့ သွားရမည် ဖြစ်သော်လည်း  ထောင်ဟွားဝူမှ ရွာသူရွာသားများက သူမနောက်သို့ လိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် သူမက ကျိရွှေရှန့်ကို ကြည့်လိုက်ပြီး  "ရှင်တို့တွေက စုကျိုးကို သွားစရာ မလိုအပ်ဘူး၊ အဲ့တာကြောင့် ကျင့်ရှီလျိုမြောင်ကို တန်းသွားလိုက်ပါ"

ကျင့်ရှီလျိုမြောင်ကို သွားမယ့်လမ်းကြောင်းက စုကျိုးကိုတော့ ဖြတ်သွားရမှာပါပဲ၊ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

ကျိရွှေရှန့်က စူးချင်းကို မည်သည့်နည်းနှင်မျှ တစ်ယောက်တည်း လွှတ်လိုက်မည် မဟုတ်ပေ။ သူမက ထောင်ဟွားဝူအဖွဲ့နဲ့ သူ့ကို အများကြီး ကူညီပေးခဲ့ပြီး လူပေါင်းများစွာရဲ့အသက်တွေကို ကယ်တင်ပေးခဲ့တယ်။ သူက ဘာလို့ သူမကို စုကျိုးကို တစ်ယောက်တည်း သွားခွင့်ပေးရမှာလား?

အင်း”

ကျိရွှေရှန့်က လမ်းကြုံသည်ဟု ပြောနေသည်အတွက် စူးချင်းက အလွယ်တကူ လက်ခံလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ လမ်းတစ်လျှောက်တွင် သူမ၏ခြေထောက်အောက်၌ အရည်ကြည်ဖုများပေါက်လာသဖြင့် ထိုင်ပြီး ဆေးလိမ်းရန် နေရာရှာလိုက်သည်။

ကျိရှောင်ယင်၏ခြေဖဝါးများတွင်လည်း အရည်ကြည်ဖုများ ပြည့်နေပြီး လမ်းလျှောက်ရန် ခက်ခဲနေသော်လည်း သူမက ဇွဲမလျှော့ဘဲ အံ့ကြိတ်ကာ ဆက်လျောက်နေခဲ့သည်။

အပြင်းအထန် ဒဏ်ရာရသူများကို ရထားလုံး စီးခွင့်ပေးထားသောကြောင့် သူမ မဖြစ်မနေ လမ်းလျှောက်ရမည်ကို သူမ သိနေခဲ့ပြီး ကြင်နာတတ်သော ကောင်မလေးက သူမဘာသာသူမ ဒုက္ခခံရန် ဆန္ဒရှိနေခဲ့သည်။

"ရှောင်ယင်၊ ဒီကို လာပြီး ဆေးနည်းနည်း လိမ်းလိုက်"

စူးချင်းက ကျိရှောင်ယင်ကို ဘေးနားမှ တောအုပ်ဆီသို့ ဆွဲခေါ်သွားပြီး  သူမတို့ တောထဲသို့ ဝင်သွားသည်ကို တွေ့သောအခါ ထောင်ဟွားဝူမှ မိန်းကလေးများက အပေါ့အပါးသွားရန် တွေးလိုက်ကြပြီး သူမတို့နောက်မှ လိုက်သွားကြသည်။ စူးချင်း၏အနားတွင် ရှိနေလျှင် သူမတို့က ဘာကိုမကြောက်တော့ပေ။

စူးချင်းက ကျိရှောင်ယင်ကို ဆီမွှေးတစ်ဘူး ပေးလိုက်သည်။

"ရှောင်ယင်၊ မင်းဖိနပ်ကို ချွတ်ပြီး ဆေးလိမ်းလိုက်"

အင်း”

ကျိရှောင်ယင်က သူ့အစ်မ၏ ဆေးပညာကို အတော်လေး ယုံကြည်နေပြီး သူမ၏ခြေအိတ်များကို နာခံစွာ ဖယ်ရှားလိုက်သည်။ သူမ ခြေအိတ်ကို ချွတ်လိုက်ချိန်တွင် သူမခြေထောက်မှ သွေးများကြောင့် ခြေအိတ်က  သူမအသားနှင့် တစ်သားတည်း ကပ်နေခဲ့သည်။ နောက်ဆုံးတွင် ကျိရှောင်ယင်က နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ ချွေးအေးများ ထွက်လာပြီး သူမ၏ လှပသော မျက်လုံးကြီးများတွင် မျက်ရည်များ ပြည့်နှက်လာခဲ့သည်။

စူးချင်းက အလွန်စိတ်မကောင်း ဖြစ်သွားပြီး "ရှောင်ယင်၊ မင်း ရထားလုံးပေါ် တက်လို့ ရတယ်!"

ကျွန်မ အဆင်ပြေပါတယ်”

ကျိရှောင်ယင်က ကမန်းကတန်း ခေါင်းယမ်းလိုက်ပြီး သူမ၏ခြေထောက်များကို ဆေးလိမ်းလိုက်သည်။ စူးချင်းပေးလိုက်သောဆီမွှေးက အစိမ်းရောင်ဖြစ်ပြီး နာကျင်မှုကို ပျောက်စေနိုင်သည့်အပြင် အနာပေါ်သို့ လိမ်းလိုက်သည်နှင့် အေးမြလန်းဆန်းစေသည်။

"အစ်မ မနာတော့ဘူး"

ကျိရှောင်ယင်က စူးချင်းကို ဝမ်းသာအားရ အော်ပြောလိုက်ပြီး စူးချင်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ဆေးလူးရန် ခေါင်းငုံလိုက်သည်။

ကျိရှောင်ယင်၏စကားကို ကြားသောအခါ အခြားမိန်းခလေးများက သူမကို မနာလိုစွာ လှမ်းကြည့်နေကြသည်။ သူမတို့၏ခြေဖဝါးများတွင်လည်း အရည်ကြည်ဖုများ ရှိနေက နီရဲနေသောကြောင့် သူမတို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နှိပ်စက်ခံနေရသလို နာကျင်နေခဲ့ကြသည်။

စူးချင်းက သူမတို့ကို ဘာသိဘာသာ တစ်ချက်ကြည့်လိုက်သည်။ သူမတို့ထဲမှာ သူမကို မကြိုက်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ အားလုံးက သူမစကားကို နားထောင်ကြတယ်။ သူမကို နှစ်သက်တဲ့သူတွေအတွက် ဆေးပေးလိုက်ရတာက ကြီးကြီးမားမားတော့ မဟုတ်ဘူးလေ။ ပြီးတော့ အဲ့တာက သူမရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်။

စူးချင်းက ဆေးလိမ်းပြီးသည်နှင့် ဆေးဘူးကို မြေပြင်ပေါ်တွင် ချန်ထားကာ ထရပ်လိုက်သော်လည်း တခြားမိန်းကလေးများက မလှုပ်ရှားရဲကြပေ။ အနည်းငယ် သတ္တိရှိသော လီရွှမ်းအာကတော့ စူးချင်းရှေ့သို့ ရောက်လာပြီး မေးမြန်းလိုက်သည်။

"အစ်မစူးချင်း၊ ကျွန်မတို့ အစ်မရဲ့ဆေးကို သုံးလို့ရမလား?"

လီရွှမ်းအာက စူးချင်းကို တွန့်ဆုတ်တွန့်ဆုတ် အမူအရာဖြင့်  လှမ်းကြည့်နေပြီး စူးချင်းက လက်မခံဘဲ သူမကို ကြိမ်းမောင်းမည်ကိုလည်း သူမ စိုးရိမ်ကြောက်လန့်နေပုံရသည်။

စူးချင်း ခေါင်းညိတ်သဘောတူလိုက်ချိန်တွင် လီရွှမ်းအာက ရတနာတစ်ခု ရှာတွေ့သွားပုံဖြင့် ဆေးကို အမြန်ယူပြီး သူမ၏ညီအစ်မများကို အရင်ဆေးလိမ်းပေးနေခဲ့သည်။

စူးချင်းက လီရွှမ်းအာ၏အပြုအမူကို စောင့်ကြည့်နေပြီး အနည်းငယ် ကျေနပ်နေခဲ့သည်။ ဒီကောင်မလေး မဆိုးဘူး။ သူမက ရှောင်ယင်လိုပဲ ကြင်နာတက်ပြီး တစ်ကိုယ်ကောင်းမဆန်ဘူး။

ချိုးယွဲ့၏ခြေဖဝါးများကလည်း ပုပ်ပွလုနီးပါး ဖြစ်နေခဲ့သည်။ ထို့အပြင် သူမလည်း အပေါ့အပါး သွားချင်နေသော်လည်း မနေ့တနေ့က စူးချင်း လူသတ်နေသည့်မြင်ကွင်းက သူမ၏စိတ်ထဲတွင် သစ်လွင်နေဆဲဖြစ်ကာ သူမက စူးချင်းအနားသို လုံးဝ မသွားရဲပေ။  

သူမက သူမ၏အမေနှင့် အခြားအမျိုးသမီးအချို့ကို တောထဲသို့ ဆွဲခေါ်ရုံသာ တက်နိုင်တော့သည်။ သူမတို့ တောထဲသို့ဝင်လိုက်သည်နှင့် စူးချင်းကို တွေ့လိုက်ရသောကြောင့် သူမက ကြောက်လန့်သွားပြီး သူမအမေ၏နောက်သို့ အမြန်ဝင်ပုန်းလိုက်သည်။

အဒေါ်ချိုးက သူမ၏သမီးကို ကာပေးထားလိုက်ရပြီး စူးချင်းကို မှင်တက်စွာ ကြည့်နေလေသည်။ ဘာတွေဖြစ်နေတာလဲ? ရွာကလူတိုင်းက စူးချင်းဆီကနေ ဆီက အကျိုးအမြတ်တွေ ရခဲ့ကြပြီး သူမတို့မိသားစုကတော့ ပိုပြီး အကျိုးအမြတ်ရခဲ့ကြတယ်။ စူးချင်းက သူမတို့မိသားစုက အဘိုးကြီးနဲ့ သူမရဲ့သားကို ကယ်တင်ပေးခဲ့တယ်။ ဒါပေမယ့် သူမရဲ့သမီးကတော့ စူးချင်းကို အမြဲတစေ ဆန့်ကျင်နေတာကြောင့် ဒီလိုမျိုး အနှောက်အယှက်တွေ ဖြစ်နေခဲ့ရတယ်။

စူးချင်းက ချိုးယွဲ့ကို လျစ်လျူရှုထားပြီး  တွေ့ရလျှင် သူမကို အနှောက်အယှက်ဖြစ်စေမည့် ယင်ကောင်ကဲ့သို့ ဆက်ဆံနေခဲ့သည်။ သူမက  အဒေါ်ချိုးကိုပင် မနှုတ်ဆက်တော့ဘဲ အေးစက်သောမျက်နှာဖြင့် ထွက်ခွာသွားခဲ့သည်။

အ‌ဒေါ်ချိုးက သက်ပြင်းချလိုက်ပြီး သူမ၏သမီးကို တောထဲကို ဆွဲခေါ်သွားတော့သည်။

အမေ၊ အစ်မစူးချင်းရဲ့ဆေးက အရမ်းကောင်းတယ်။ လိမ်းပြီးတာနဲ့ ခြေထောက်တွေ မနာတော့ဘူး"

လီရွှမ်းအာက သူမ၏အမေကို တွေ့လိုက်ရသောကြောင့် ဝမ်းသာအားရဖြင့် ပြေးသွားပြီး သူမလက်ထဲမှ ဆေးဆီမွှေးကို သူမအမေအား ပြနေပြန်သည်။

"အမေ၊ အမေလည်း နည်းနည်း လိမ်းလိုက်ပါလား?"

မိန်းခလေးများက ဆေးကို ချွေတာသုံးခဲ့သောကြောင့် လိမ်းဆေးက တစ်ဝက်လောက် ကျန်နေသေးသည်။ လီရွှမ်းအာက သူမအမေအတွက် စိတ်မကောင်းဖြစ်နေပြီး သူမ၏အမေကိုလည်း ဆေးလိမ်းစေချင်နေသည်။

စူးချင်းရဲ့ဆေးတွေက အရမ်း ထိရောက်တယ်။ ငါတို့ သူ(မ)ရဲ့ဆေးကို လိမ်းမယ်ဆိုရင်တောင် အဲ့တာကို အလကားမယူမိစေနဲ့၊ မင်း အချိန်နည်းနည်းရတာနဲ့ စူးချင်းအတွက် ဆေးဖက်ဝင်အပင်တွေ ပြန်တူးပေးရမယ်”

အ‌ဒေါ်လီက ဆေးကို လှမ်းယူနေရင်း သူမ၏သမီးကို သွန်သင်ဆုံးမနေသည်။ သူမက စူးချင်းရဲ့ဆီမွှေးကို သုံးချင်ပေမယ့် စူးချင်းအတွက် ဆေးဖက်ဝင်အပင်တွေကို ပြန်ပေးချင်နေမိတယ်။ သူမက သူတပါးဆီကနေ အခွင့်ကောင်းယူဖို့ ဆန္ဒမရှိပါဘူး။

သမီးတို့ သိပါတယ်။ အချိန်ရတာနဲ့ အစ်မစူးချင်းအတွက် ဆေးပင်တွေ ရှာပေးမှာပါ"

လီရွှမ်းအာက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မိန်းကလေးများက သူမတို့ ဘေးကင်းသည့်နေရာ ရောက်သည်နှင့် ဆေးဘက်ဝင်အပင်များ ရှာဖွေကာ စူးချင်းကို ပေးရန် ဆွေးနွေးလိုက်ကြသည်။

မင်းတို့ အရင်သွားကြတော့လေ၊ အမေ တောထဲဝင်ချင်သေးတယ်”

အ‌ဒေါ်လီက သူမ၏သမီးကို အပြင်ထွက်ခိုင်းလိုက်သည်။ အဲ့လိုမှမဟုတ်ရင် သူမ အိမ်သာသွားနေတာကို ဒီမိန်းကလေးတစ်စုက ကြည့်နေပြီး ရှက်စရာတွေ ဖြစ်ကုန်လိမ့်မယ်။

ချိုးယွဲ့၏မျက်လုံးများက ဆီမွှေးပေါ်တွင် ရှိနေပြီး လီရွှမ်းအာနှင့် တခြားသူများက အဒေါ်လီထံတွင် ဆေးထားခဲ့ပြီး မြန်မြန်ဆန်ဆန် ထွက်သွားရန် သူမ မျှော်လင့်နေခဲ့သည်။

အမေ၊ သမီး အမေ့အတွက် နည်းနည်း ပေးထားခဲ့မယ်။ ကျန်တာကို အစ်မစူးချင်းဆီကို ပြန်ပေးရမယ်"

လီရွှမ်းအာက ပုလဲအရွယ် ဆီမွှေးနည်းနည်းကို ကော်ယူလိုက်ပြီး သူမအမေ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ သူမက ကျန်နေသည့်ဆေးများကို သူမနှင့်အတူ ပြန်ယူသွားမည့်ပုံပေါ်နေသောကြောင့် ချိုးယွဲ့က အလွန်စိုးရိမ်နေသဖြင့် သူမ၏အဝတ်များကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူမက လီရွှမ်းအာဆီမှ ဆေးကို တောင်းချင်နေသော်လည်း သူမ၏ မာနကြီးသော အကျင့်စရိုက်က သူမကို ထိုသို့ပြုလုပ်ရန် ခွင့်မပြုခဲ့ပေ။

"ရွှမ်းအာ၊ အဒေါရဲ့ခြေထောက်တွေလည်း နီမြန်းနေပြီ။ ဆေးနည်းနည်းလောက် ပေးခဲ့ပါ"

ချိုးယွဲ့၏ခြေဖဝါးများ ပုပ်လုနီးပါးဖြစ်နေမှန်း အဒေါ်ချိုးက သိနေပြီး စူးချင်းက သူမအတွက် ဘယ်တော့မှ ဆေးပေးမည်  မဟုတ်မှန်းလည်း သူမ သိနေပြန်သည်။ ထို့ကြောင့် သူမက လီရွှမ်းအာကို သူမ၏အမည်ဖြင့် တောင်းဆိုလိုက်သည်။

"အိုက်ယား.... ဒါက? ကောင်းပြီလေ!"

လီရွှမ်းအာက အနည်းငယ် အကျပ်ရိုက်သွားပုံရှိသော်လည်း အဒေါ်ချိုးကိုယ်တိုင် ပြောလာသောကြောင့် လိမ်းဆေး အနည်းငယ် ပေးလိုက်ရသည်။

ကောင်မလေးများ ထွက်သွားပြီးနောက် ချိုးယွဲ့က သူမ၏အမေကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ အ‌ဒေါ်ချိုးက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ ခြေဖဝါးများကလည်း နာကျင်နေပြီ ဖြစ်သော်လည်း သူမ၏သမီးက နာကျင်မှုကြောင့်  နဖူးမှ ချွေးများ ထွက်နေသည်ကို မြင်နေရသောကြောင့် သည်းမခံနိုင်တော့ဘဲ ချိုးယွဲ့ထံသို့ ဆေးဆီမွှေးကို လှမ်းပေးလိုက်သည်။

"အဲဒီကို သွားပြီး မင်းဘာသာ ဆေးလိမ်းလိုက်ပါ"

ချိုးယွဲ့က ဆေးဆီမွှေးကို ရသွားသည့်အတွက် ကျေနပ်သွားပြီး သစ်ငုတ်ပေါ်တွင် ထိုင်ကာ သူမ၏ဖိနပ်နှင့် ခြေအိတ်ကို ချွတ်လိုက်သည်။ သူမ၏ခြေအိတ်ကို ချွတ်လိုက်ချိန်တွင် နာကျင်မှုကြောင့် သူမ တုန်လှုပ်သွားရပြီး ခြေအိတ်၏အောက်ခြေတွင် သွေးများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသောအခါ သူမက ကျယ်လောင်စွာ ငိုကြွေးနေခဲ့သည်။ ဒီဒုက္ခတွေက ဘယ်အချိန်မှ အဆုံးသတ်မှာလဲ?

ချိုးယွဲ့က အလွန်နာကျင်စွာ အော်ဟစ်ညည်းညူနေပြီး လိမ်းဆေးကို ခြေဖဝါးပေါ် လိမ်းလိုက်သောအခါတွင် အေးမြသွားပြီး ပူလောင်နေသော နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောကြောင့် သူမ အံ့သြသွားရသည်။

သူမ ဝန်ခံချင်သော်လည်း စူးချင်းက ဆေးနတ်ဘုရားဖြစ်ကြောင်း ဝန်ခံရပေမည်။

ခြေအိတ်များက သွေးများဖြင့် စွန်းထင်းနေပြီး အနံ့အသက်ဆိုးများ ထွက်နေသောကြောင့် ချိုးယွဲ့က ထိုခြေအိတ်များကို မဝတ်ခင်တော့ဘဲ ခြေအိတ်များကို လျှော်နိုင်ရန် နေရာရှာချင်နေခဲ့သည်။ သူမ၏အနောက်ဘက်မှ တစ်စုံတစ်ယောက်က ရေယူလာသည်ကို မြင်လိုက်ရသဖြင့် သူမက ခြေအိတ်ကို ကိုင်ကာ အနောက်ဘက်သို့ ထွက်လာလိုက်သည်။

အ‌ဒေါ်ချိုးက အလေးစွန့်ပြီးရာမှ ပြန်ရောက်လာပြီး ချိုးယွဲ့ကို ရှာမတွေ့တော့သောကြောင့် စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ ချိုးယုံခန်းက သူ့အမေ၏အသံကို ကြားသွားပြီး တောထဲသို့ ပြေးဝင်သွားသည်။

"အမေ၊ ဘာဖြစ်နေတာလဲ?"

"မင်းရဲ့ညီမလေး ​ပျောက်​​နေတယ်​"

အဒေါ်ချိုး၏နှလုံးသားက ချက်ချင်း ပူလောင်လာသည်။ အခြားသူများက မိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သူမကိုယ်တိုင် သူမမျက်စိဖြင့် မြင်ဖူးခဲ့သည်။ လက်ရှိအချိန်တွင် လူမျိုးစုံက ထွက်ပြေးနေကြပြီး ချိုးယွဲ့က အလွန်လှပသောကြောင့် သူမကို မှတ်မိနိုင်ရန် လွယ်ကူလှသည်။

အမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် သွားရှာကြည့်လိုက်ပါ့မယ်"

ချိုးယုံခန်းက သူ့အမေကို နှစ်သိမ့်ပေးရန် ကြိုးစားနေသော်လည်း သူကိုယ်တိုင်လည်း အလွန်စိုးရိမ်နေခဲ့သည်။

ဒုက္ခသည်တွေက နေရာတိုင်းမှာ ရှိနေပြီး လူတွေက အရမ်းများနေတာလေ၊ သူ့ညီမလေးကို ဘယ်မှာ သွားရှာရမှာလဲ? အခု အဖွဲ့က ပြန်ထွက်ခွာတော့မယ်။ သူမက ဘာလို့ အခုအချိန်ကြီး ပျောက်သွားရတာလဲ?

✍️✍️✍️