Chapter 101 အစားအသောက် လုယူခံရခြင်း
Viewers 17k

အခန်း ၁၀၁ အစားအသောက် လုယူခံရခြင်း

ချိုးယွဲ့က ခြေအိတ်များကို မြစ်ထဲသို့ မချမီ ရေအလုံအလောက် သောက်လိုက်ပြီး သူမ၏မျက်နှာကို အရင်ဆေးကြောလိုက်သည်။ သူမ၏မျက်နှာကို ရက်အနည်းငယ်ကြာအောင် ရေမဆေးခဲ့ရသည့်အတွက် သူမ၏အသားအရေက ခြောက်သွေ့အက်ကွဲတော့မည်ဟု သူမ ခံစားနေရပြီး သူမ၏မျက်နှာကို ဆေးကြောပြီးနောက် ခြေအိတ်များကို ရေထဲသို့ ချကာ လျှော်ဖွတ်လိုက်သည်။

တချို့လူများက သူမရှိနေသည့် မြစ်၏အောက်ပိုင်းတွင် သူတို့၏ရေအိတ်များကို ရေဖြည့်နေကြပြီး ချိုးယွဲ့ လျှော်နေသည့် ခြေအိတ်များကို တွေ့လိုက်ရသည့်အခါ သူတို့ ချက်ချင်း ပေါက်ကွဲသွားကြသည်။

"မင်း ဘာလုပ်နေတာလဲ? မင်းရဲ့မျက်စိက ကန်းနေတာလား? ငါတို့ ဒီမှာ ရေဖြည့်နေတယ်လေ၊ မင်း မမြင်ဘူးလား? အဲ့တာတောင်မှ မင်းက ဒီလောက်အနံ့ဆိုးထွက်နေတဲ့ ခြေအိတ်တွေကို လျှော်နေသေးတာလား? မိန်းမငယ်လေးတစ်​​ယောက်​က ဘယ်​လောက်တောင် တစ်​ကိုယ်ကောင်းဆန် ​နိုင်ရတာလဲ?"

ကြိမ်းမောင်းသော အိမ်ထောင်ရှင်အမျိုးသမီးကြီးက  ဆာလောင်နေသည့်အပြင် ရေလည်းငတ်နေသောကြောင့် မပျော်မရွှင် ဖြစ်နေကာ သူမ၏ဒေါသကို ဖြေဖျောက်ရန် ချိုးယွဲ့ကို ဖမ်းဆွဲထားလိုက်သည်။

ကြိမ်းမောင်းခံလိုက်ရသောကြောင့် ချိုးယွဲ့၏မျက်နှာက နီရဲလာပြီး ခြေအိတ်များကို အမြန် ပြန်ကောက်ကာ ခေါင်းငုံ့ထွက်ပြေးလာခဲ့သည်။ သူမနောက်တွင် သူမကို မယုံနိုင်လောက်အောင် ကျိန်ဆဲနေသော  အဒေါ်ကြီးများ ရှိနေပြီး ထိုအရာက သူမကို ဝမ်းနည်းစေကာ သူမက ငိုကြွေးနေပြန်သည်။

"ချိုးယွဲ့၊ မင်း ဒီကိုဘာလာလုပ်တာလဲ?"

ချိုးယုံခန်းကလည်း မြစ်ဆီသို့ ရေသွားခပ်သည့်လူများနှင့် လိုက်ပါလာခဲ့ပြီး ချိုးယွဲ့က နီရဲသော မျက်လုံးများဖြင့် ပြန်လာသည်ကို မြင်လိုက်ရသောကြောင့် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"သူတို့က ကျွန်မကို အနိုင်ကျင့်ကြတယ်၊ အစ်ကိုကြီးကလည်း ကျွန်မကို အနိုင်ကျင့်ချင်နေတာလား?"

ချိုးယွဲ့က သူမ၏အစ်ကိုကြီးကို တွေ့သွားပြီး ညည်းညူနေသလိုဖြင့် သူမ၏ဒေါသကို ကူညီဖြေဖျောက်ပေးရန် တောင်းဆိုလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူမအစ်ကိုကြီး၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရသည်။

ငါတို့က အခု လွတ်ရာကျွတ်ရာရောက်ဖို့ ပြေးလွှားနေကြတာလေ၊ မင်းက ဘာတွေ ဇီဇာကြောင်နေတာလဲ? မြန်မြန် ပြန်သွားစမ်း"

ချိုးယုံခန်းက အမျိုးသမီးကြီးများ၏ ဆူပူကြိမ်းမောင်းသံကို ကြားနေရပြီး ဖြစ်ပျက်နေသည့် အကြောင်းအရာကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထို့အပြင် သူ့ညီမ လက်ထဲမှ လျှော်လက်စ ခြေအိတ်များကိုလည်း မြင်နေရသောကြောင့် သူ ဒေါသထွက်လာပြီး သူမကို ဆူပူကြိမ်းမောင်းလိုက်သည်။

"လူတွေအားလုံးက ငါ့ကို မကြိုက်ကြဘူး"

ချိုးယွဲ့ကလည်း ဒေါသထွက်နေပြီး သူမ၏မျက်နှာပင် ဖြူဖျော့လာသည်။ သူမက သူ့အစ်ကိုကို သူမ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ပြီး ငိုယိုကာ ထွက်ပြေးသွားတော့သည်။

ချိုးယုံခန်းကလည်း ဒေါသများ အလွန်အကျွံ ထွက်လာပြီ ဖြစ်သည်။ သူတို့တစ်ဖွဲ့လုံး အရှိန်အဟုန်နဲ့ ခရီးဆက်ဖို့ ပြန်နေတာကို သူ့ညီမက ဘာမှ နားမလည်ဘဲ ဆိုးသွမ်းနေသေးတယ်။

မင်း ငါတို့ကို နှောက်ယှက်နေတာလား?”

ချိုးယုံခန်းက သူ့ညီမကို လိုက်ဖမ်းလိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို ကိုင်ကာ ပြန်ဆွဲခေါ်လာခဲ့သည်။

"လူတိုင်းက မင်းကို စောင့်နေရတယ်။ မင်း အားမနာဘူးလား? မရှက်တက်ဘူးလား?"

ချိုးယွဲ့က သူမအစ်ကိုကြီး၏လက်ထဲမှ  ပြန်ရုန်းနေသော်လည်း သူမ နောက်ထပ် အသံမထွက်ရဲတော့ပေ။ တကယ်လို့ အဖွဲ့နဲ့ ကွဲသွားရင် သူမလည်း ပညာရှင်တင်းရဲ့ကိုယ်လုပ်တော်လိုမျိုး သနားစရာမိဘမဲ့လေး ဖြစ်သွားမှာ မဟုတ်ဘူးလား?

ကျိရွှေရှန့်က ချိုးယွဲ့ ရှာနေသည့်ပြသနာများကို မသိခဲ့ပေ။ သူက လူအရေအတွက်ကို ရေတွက်နေပြီး ချက်ချင်း ပြန်ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ လူရိုင်းမျိုးနွယ် အသာစီးရသွားလျှင် သူတို့နောက်သို့ လိုက်လာနိုင်သောကြောင့် ကျင်းချန်နှင့်နီးသော မြို့များက အန္တရာယ်များလွန်းလှသည်။

သူ လူရေတွက်ပြီးမှသာ ချိုးယုံခန်းနှင့် ချိုးယွဲ့တို့ ပျောက်နေကြောင်း သိလိုက်ရသည်။ ကျိရွှေရှန့်က အလွန်စိုးရိမ်သွားပြီး မျက်ခုံးပင့်သွားရသည်။

ယုံခန်းက ဒီလိုမျိုး စည်းကမ်းမဲ့တဲ့သူ မဟုတ်ဘူး။ ချိုးယွဲ့ကြောင့်ပဲ ဖြစ်ရမယ်။

ယခုအချိန်တွင် ကျိရွှေရှန့်က ချိုးယွဲ့ကြောင့် ပူပန်လာရပြီ ဖြစ်သည်။

အရင်တုန်းက ထောင်ဟွားဝူမှာ နေခဲ့တဲ့အချိန်တွေမှာ သူမက အတော်လေး နာခံတက်ပြီး လူကြီးတွေအားလုံးက သူမကို သဘောကျကြတယ်။ ဒါပေမယ့် သူရဲ့မွေးစားအဖေကတော့ ချိုးယွဲ့ကို မချစ်မိဖို့ သူကို့ တစ်ခါ သတိပေးဖူးပြီး ချိုးယွဲ့က လက်တွဲဖော်ကကောင်း မဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်။

သူက ချိုးယွဲ့ကို ညီမလေးလိုပဲ အမြဲဆက်ဆံခဲ့ပြီး သူမကို သူ့နှလုံးသားထဲကနေ စွဲလန်းနေတာမျိုး မရှိခဲ့ဘူး။ သူက ချိုးယွဲ့ကို ရှောင်ယင့်ကို ဆက်ဆံသလိုပဲ ပြောဆိုဆက်ဆံခဲ့တယ်။ အဲ့တာကြောင့် အဲ့အချိန်တုန်းက သူရဲ့မွေးစားဖခင်က သူများကို မှားယွင်းအကဲဖြတ်နေတယ်လို့ သူ တွေးခဲ့မိတယ်။ အခုတော့ ဒီချိုးယွဲ့က စကားလုံးအနည်းငယ်နဲ့ ဖော်ပြဖို့တောင် တော်တော်ခက်ခဲနေပြီ။

သူတို့ ပြန်လာပြီ”

အဒေါ်ချိုးကလည်း စိုးရိမ်စိတ်ကြောင့် ပူလောင်နေပြီး သူမ၏သမီးလေး မတော်တဆမှုများ ကြုံတွေ့ရမည်ကို တွေးပူနေခဲ့သည်။ သူမက အလွန်စိုးရိမ်နေပြီး လှည့်ပတ် လမ်းလျှောက်နေကာ သူမ၏သားက သူမသမီးကို ပြန်ရှာတွေ့လာသောကြောင့် အံ့သြဝမ်းသာသွားပြီး သူမ၏မျက်လုံးများပင် နီရဲလာသည်။

“…”

ချိုးယွဲ့က မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်သော်လည်း ကျိရွှေရှန့်က စူးချင်းထံသို့ နှင်တံ လှမ်းပေးလိုက်သည်ကို သူမ မြင်လိုက်ရသည်။

မင်း လှည်းမောင်းလိုက်တော့၊ ငါ အဖွဲ့ကို ဂရုစိုက်ရတော့မယ်"

ချိုးယွဲ့၏နှလုံးသားက ကြေကွဲသွားရပြန်သည်။

စူးချင်းကို ရထားလုံး မောင်းခိုင်းလိုက်တော့ သူမ လမ်းလျှောက်ဖို့ မလိုတော့ဘူးလေ။ အစ်ကိုရွှေရှန့်က စူးချင်း လမ်းလျှောက်နေရတာကို မကြည့်ရက်ဖူးလား? အစ်ကိုရွှေရှန့်နဲ့ သူမက ငယ်စဉ်ကတည်းက ငယ်ကျွမ်းဆွေတွေအဖြစ် အတူတူ ကြီးပြင်းလာခဲ့ပြီး သူမ ဒီလောက် အကြာကြီး ပျောက်ဆုံးနေတာတောင် အစ်ကိုရွှေရှန့်က သူမအတွက် စိတ်မပူခဲ့ဘူးလား?

စူးချင်းက ဘာမှ မပြောဘဲ ကြာပွတ်ကို လှမ်းယူကာ ရထားလုံးဆီသို့ လျှောက်နေရင်း သူမဘေးမှ ကျိရှောင်ယင်ကို ဆွဲခေါ်သွားသည်။

"ရှောင်ယင် ငါ့နားမှာ လာထိုင်"

ရထားလုံး၏ လှည်းခုံတွင် လူထိုင်စရာနေရာရှိပြီး သူမနှင့် ကျိရှောင်ယင်တို့ နှစ်ယောက်ပေါင်း ကိုယ်အလေးချိန်က ကျိရွှေရှန့်ထက် အများကြီး ပိုမလေးသောကြောင့် မြင်းကို ဆွဲချမိမည်အား စိုးရိမ်စရာ မလိုပေ။

အင်း”

ကျိရှောင်ယင်ကလည်း တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သောကြောင့် အလွယ်တကူ လက်ခဲလိုက်သည်။ အစ်မနဲ့ ရထားလုံး စီးရတာလည်း မဆိုးပါဘူး။ ရှုခင်းကို ကြည့်နိုင်ပြီး လေနုအေးကို ခံစားနိုင်တယ်၊ လမ်းလျှောက်စရာလည်း မလိုတော့ဘူး။

ကျိရွှေရှန့်က စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမက ရှောင်ယင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အမြဲတမ်း ဂရုစိုက်ပေးတယ်။

အမေ၊ ကျွန်မ လမ်းမလျှောက်နိုင်တော့ဘူး”

ချိုးယွဲ့က ကျိရွှေရှန့် လာနေသည်ကို မြင်လိုက်ပြီး သူမ၏ခြေထောက်များကို ပွတ်သပ်ကာ ခါးသီးသောမျက်နှာဖြင့် သူမ၏မိခင်ကို ပြောလိုက်သည်။ အဒေါ်ချိုးကလည်း ကျိရွှေရှန့် လျှောက်လာနေသည်ကို မြင်သွားပြီး သူမ၏သမီး အဘယ့်ကြောင့် ထိုသို့ပြောသည်ကို နားလည်သွားကာ သက်ပြင်းချလိုက်သည်၊

လူတိုင်း ဒီလိုပဲ လမ်းလျှောက်နေကြတာလေ။ မင်း ဒီကနေ မထွက်သွားနိုင်ရင် လူရိုင်းတွေက မင်းကို ဖမ်းခေါ်သွားလိမ့်မယ်!"

သူမ၏အမေက သူမ၏စကားနောက်သို့ မလိုက်ပါလာသည့်အတွက် ချိုးယွဲ့က စိတ်ဆိုးသွားပြန်သည်။ သူမက သူမ၏မျက်လုံးကြီးကြီးလေးများဖြင့် ကျိရွှေရှန့်ကို စိုက်ကြည့်လိုက်သော်လည်း ကျိရွှေရှန့်က မမြင်ဟန်ဆောင်နေကာ မကြားသလို ပြုမူနေခဲ့သည်။

ကလေးတွေတောင်မှ ပင်ပန်းတယ်လို့ မပြောကြဘူး။ ချိုးယွဲ့က ကလေးထက်တောင် ပိုဆိုးနေသေးတယ်။

ကျိရွှေရှန့်က အဖွဲ့၏နောက်ဘက်သို့ လျှောက်သွားလိုက်ပြီး ကျုံးယုံနှင့် လီတာ့နျိုတို့က ထိုအနောက်ပိုင်းကို စောင့်ရှောက်ပေးနေကြသည်။ သူတို့နှစ်ယောက်က လမ်းလျှောက်နေရင်း စကားစမြည်ပြော နေကြကာ သူတို့က ထွက်ပြေးလာသည်နှင့်မတူဘဲ တောင်တန်းနှင့် မြစ်ချောင်းများသို့ အလည်အပတ် ရောက်လာသည့်လူများနှင့် ဆင်တူနေခဲ့သည်။

တစ်ခုခုတော့ မမှန်ဘူးလို့ ငါ ခံစားနေရတယ်။ မင်းတို့နှစ်ယောက် မျက်လုံးတွေကို သေသေချာချာ ဖွင့်ထားကြ"

ကျိရွှေရှန့်က စိတ်မသက်မသာ ခံစားနေရပြီး ရယ်မောနေသောကြောင့် သတိလက်လွှတ် မဖြစ်သွားစေရန် သူ့၏ညီအစ်ကိုနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။

အစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်တော် တို့ရဲ့ပစ္စည်းတွေကို လုယူရဲတဲ့သူ ရှိရင် ကျွန်တော် အဲ့လူကို သတ်အောင် ရိုက်ပစ်မယ်"

သံချပ်ကာ တပ်သားအချို့ကို သတ်ပြီးနောက် ကျုံးယုံက သူ ကျွမ်းကျင်သော တိုက်ခိုက်ရေးနည်းလမ်းကို ရှာတွေ့ခဲ့သည်။ ၎င်းက လူများကို ခါးမှ ဖမ်းကိုင်ကာ အပေါ်သို့ မြှောက်လိုက်ပြီး ပြင်းထန်စွာ ကိုင်ပေါက်ခြင်း ဖြစ်ပြီး ရိုးရှင်းသော်လည်း ရက်စက်ကြမ်းတမ်းကာ အလွန်ထိရောက်လှသည်။ သူက တစ်ဖက်လူကို တစ်ချက်ကိုင်ပေါက်လိုက်ရုံဖြင့် တစ်ဖက်လူက သူ့၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားရမည် ဖြစ်သည်။

ကောင်းပြီ”

ကျိရွှေရှန့်၏ ပါးစပ်ထောင့်က အနည်းငယ် လှုပ်ယမ်းသွားသည်။ ကျိုးယုံက ကိုယ်ခံပညာများကို သင်ယူရာတွင် ထူးချွန်သူဖြစ်ပြီး ၎င်းတို့ကို တစ်ကြိမ်တွေ့ပြီးနောက်တွင် သူက သူတပါး၏သိုင်းပညာကို အတုယူနိုင်သည်။ ကျင့်ရှီလျိုမြောင်သို့ ရောက်လျှင် ကျုံးယုံကို ကိုယ်ခံပညာ သင်ပေးရန် သူ တွေးထားလိုက်သည်။

ပညာရှင်တင်း၏ကိုယ်လုပ်တော်က အစပိုင်းတွင် အဖွဲ့နောက်သို့ လိုက်လျောညီထွေစွာ လိုက်ပါလာခဲ့သော်လည်း နောက်ပိုင်းတွင် သူမ ဆက်မလိုက်နိုင်တော့ပေ။ နောက်ဆုံးတွင် သူမက မြေပြင်ပေါ်သို့ လဲကျသွားပြီး လမ်းဆက်လျှောက်ရန်ပင် ခွန်အားမရှိတော့သောကြောင့် တိတ်တိတ်လေး ငိုနေမိသည်။

ကျင်းချန်၏အလွန်တွင် ရှိနေသော လီချန်က အတော်လေးကြီးမားသော မြို့တစ်မြို့ ဖြစ်ပြီး ၎င်းက မြို့တော်သို့ သွားနိုင်သည့် တစ်ခုတည်းသောလမ်းဖြစ်သည့်အပြင် အလယ်ပိုင်းလွင်ပြင်သို့ လူရိုင်းများ ဝင်ရောက်တိုက်ခိုက်ခြင်းမှ တားဆီးပေးထားသော သိသာထင်ရှားသည့် အတားအဆီးတစ်ခုလည်း ဖြစ်သည်။

လီချန်က စီးပွားရေးအချက်အချာ ကျသည့်အပြင် လျစ်လျူရှုရန် မဖြစ်နိုင်သည့် အရေးပါသော ဗျူဟာမြောက်နေရာတစ်ခုလည်း ဖြစ်သည်။ လူရိုင်းများက  လီချန်ကို သိမ်းပိုက်ပါက ရိက္ခာသယ်ယူရန် မဆိုထားနှင့် တောင်နှင့်မြောက်ကြားရှိ ကူးသန်းရောင်းဝယ်ရေး လမ်းစကိုပင် မြင်နိုင်တော့မည် မဟုတ်ပေ။ လူရိုင်းများက လီချန်ကို သိမ်းယူလိုက်လျှင် ထိုအရာက သူတို့အတွက် အလယ်ပိုင်းလွင်ပြင်တွင် အခြေချနေထိုင်ရန် နေရာရှိသွားခြင်းဟု ဆိုလိုနေသည်။

ထို့ကြောင့် လီချန်က တာ့ရှားတိုင်းပြည်အတွက် အလွန်အရေးကြီးသည်ဟု ဆိုနိုင်သည်။ ဝမ်မိသားစု၏ သံချပ်ကာ တပ်မတော်က ထိုနေရာကို သံတံတိုင်းကြီးတစ်ခုကဲ့သို့ စောင့်ကြပ်နေခဲ့သည်။

စူးချင်းနှင့် ကျန်သူများ လီချန်သို့ အပြေးအလွှားရောက်လာချိန်တွင် မြို့တံခါးများအား တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ မြို့တံခါးများမှ အစောင့်များက သဘာဝဘေးဒုက္ခသည်များ ခြေတစ်လှမ်းပင် မလှမ်းနိုင်အောင် တားဆီးထားပြီး မြို့ရိုးပေါ်ရှိ လေးသည်တော်များက သဘာဝဘေးဒဏ်ခံရသူများ နီးကပ်လာပါက ၎င်းတို့ကို ပစ်သတ်ရန် အဆင်သင့်ပြင်ထားကြသည်။ ချဉ်းကပ်ရန် ကြိုးပမ်းသည့် မည်သူမဆို ပစ်သတ်ခံရမည်ဖြစ်သည်။

လီချန်တွင် အခြေချနေထိုင်ရန် ရောက်လာကြသော လူချမ်းသာများပင် ထိတ်လန့် အံသြနေကြရသည်။

သူတို့က လမ်းမှာ စားစရာတွေ ကုန်သွားပြီလေ၊ မြို့ထဲကို ဝင်ခွင့်မပေးရင် စားစရာဝယ်လို့ မရတော့ဘူး။

ကျိရွှေရှန့်နှင့် သူ့လူများက စားစရာ ရှိနေဆဲဖြစ်သောကြောင့် မြို့ထဲသို့ ဝင်ရန် အစီအစဉ် မရှိပေ။ သူတို့က မရပ်တော့ဘဲ ခရီးဆက်ရန် ပြင်လိုက်ကြသည်။

သူတို့က ဘေးကင်းစွာဖြင့် ခရီးဆက်ချင်သော်လည်း တစ်စုံတစ်ယောက်က သူတို့ကို ထိုကဲ့သို့ မသွားစေချင်ခဲ့ပေ။

မြို့ရိုးပေါ်တွင် သံချပ်ကာတပ်မှ ဒုတပ်မှူးက ထောင်ဟွားဝူမှ ကောက်နှံလှည်းနှစ်စီးခွဲစာကို မြင်သွားပြီး စပါးများကို သိမ်းယူရန် မြို့စောင့်တပ်သားများအား အမိန့်ပေးလိုက်သည်။

တာ့ရှား၏စစ်သည်အုပ်စုတစ်စုက ကျိရွှေရှန့်နှင့် ကျန်လူများကို ဝိုင်းရံထားလိုက်ပြီး ထောင်ဟွားဝူမှ ရွာသားများ အားလုံး ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်သွားကြရပြန်သည်။

သူတို့မှာ တာ့ရှားရဲ့စစ်သည်တွေနဲ့ ပတ်သက်ပြီး အထင်အမြင်ကောင်းတွေ မရှိတော့ဘူး။ နောက်ဆုံးအကြိမ်က သူတို့ သံချပ်ကာဝတ်တပ်သားတွေရဲ့လက်ထဲမှာ အသတ်ပေးရလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီလူတွေက ဓားပြတွေပဲ။ သူတို့က သာမန်ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဒီနေရာမှာ ရှိနေတာ မဟုတ်ဘူး။

လူရိုင်းတွေက ကုန်းတွင်းပိုင်းကို တိုက်ခိုက်နေကြတယ်။ ငါတို့က မင်းတို့ဆီကနေ ရိက္ခာတွေ အရေးတကြီး လိုအပ်နေတယ်။ မင်းတို့ရဲ့စားစရာတွေကို သိမ်းလိုက်ပြီ။ လာကြစမ်း၊ လှည်းတွေကို မောင်းယူ သွားတော့"

စပါးများကို မသိမ်းမီ မြို့စောင့်တပ်မှ လူများက ပြည်သူများကို ထိုစကားတစ်ခွန်းသာ ပြောလေ့ရှိကြသည်။ ကျုံးယုံနှင့် လီတာ့နျိုတို့က သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

သံမဏီဓား တစ်ဒါဇင်ကျော်က သူတို့ကို ချိန်ရွယ်ထားပြီး ခေါင်းဆောင်လာသူက မျက်မှောင်ကြုတ်ကာ "မင်းတို့က ပုန်ကန်ချင်နေတာလား?"

✍️✍️✍️