Chapter 102 သူမရဲ့ဆန္ဒက အေးအေးဆေးဆေး လယ်လုပ်ချင်ရုံလေးပါ
Viewers 17k

အခန်း ၁၀၃ သူမရဲ့ဆန္ဒက အေးအေးဆေးဆေး လယ်လုပ်ချင်ရုံလေးပါ

ရှောင်ယင်နဲ့ တခြားသူတွေ သတိမမူမိတဲ့ ဟိုနားက စိမ်းလန်းနေတဲ့အပင်တစ်အုပ်က ကန်စွန်းနွယ်တွေ မဟုတ်ဘူးလား?

(T/N: ဒို့ဆီမှာ ခေါ်တာကတော့ ကစွန်းကြီးရွက်တဲ့)

ကန်စွန်းနွယ်ပင်ရှိရင် ကန်စွန်းဥတွေ ရှိနိုင်တယ်လေ။

စူးချင်းက ကန်စွန်းနွယ်ပင်များကို ဆွဲနှုတ်လိုက်ပြီး အောက်ခြေတွင် အနီရောင် ကန်စွန်းဥတစ်တွဲ ရှိနေသည်ကို တွေလိုက်ရသည်။ ကန်စွန်းဥ အများစုက ကြီးထွားကြပြီး သူမ၏လက်ကောက်ဝတ်အရွယ်ခန့် ရှိကာ အသေးဆုံးကတော့ လက်ချောင်းအရွယ်ခန့်သာ ရှိသည်။ ၎င်းတို့ကို အစားအစာအဖြစ် အသုံးပြုနိုင်သည်။

"မင်းတို့ အားလုံး ဒီကိုလာကြ။ ဒါကို မင်းတို့ မြင်လား? မင်းတို့  ဒါတွေကို တူးသင့်တယ်”

စူးချင်းက ကန်စွန်းနွယ်ပင်များနှင့် ကန်စွန်းဥများကို လူတိုင်းအား ပြသလိုက်သည်။ ကျိရှောင်ယင်က ကန်စွန်းဥကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ သူမတို့ ရွာတွင် လူတိုင်းက ဆန်စပါး၊ ပြောင်းဆန်၊ အခြားအစေ့အဆန်များနှင့် အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များကိုသာ စိုက်ပျိုးကြသည်။

"အစ်မ၊ ဒါစားလို့ ရလား?"

အင်း၊ အရမ်းအရသာရှိတယ်”

စူးချင်းက ကျိရှောင်ယင် ကန်စွန်းဥများကို မသိကြောင်း သဘောပေါက်သွားပြီး ကန်စွန်းဥက စားသုံးနိုင်သော သီးနှံဖြစ်သည်ကို ဤခေတ်မှ မည်သူကမျှ မသိနိုင်သေးကြောင်း သူမ ခန့်မှန်းလိုက်သည်။

ကန်စွန်းဥက အထွက်နှုန်း မြင့်မားပြီး ၎င်းတို့ကို အဓိက အစားအစာအဖြစ် အသုံးပြုနိုင်သလို ဟင်းသီးဟင်းရွက်အဖြစ်လည်း အသုံးပြုနိုင်သည်။ ကန်စွန်းနွယ်ပင်များကို ဝက်မွေးမြူရာတွင် အသုံးပြုနိုင်ပြီး နူးညံ့သော အညွှန့်လေးများကို ဆားနယ်ထားကာ ဟင်းရွက်ချဥ်အဖြစ်လည်း စားသုံးနိုင်သည်။

သူမတို့ ကျင့်ရှီလျိုမြောင်သို့ ရောက်လျှင် သူမက လူတိုင်းကို ကန်စွန်းဥစိုက်ပျိုးနည်း သင်ပေးရန်ပင် တွေးနေပြီ ဖြစ်သည်။

လူတိုင်းက စူးချင်း၏အမိန့်ကို နားထောင်လေ့ရှိသောကြောင့် မိန်းခလေးများအားလုံးက ကန်စွန်းနွယ်ပင်များ ရှာဖွေရန် လမ်းခွဲလိုက်ကြသည်။

အာ!”

အော်ဟစ်သံတစ်ခုက လူတိုင်းကို ထိတ်လန့်သွားစေပြီး စူးချင်းက မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်ရာ ဖြူဖျော့နေသော မျက်နှာဖြင့် သစ်ပင်ပေါ်ရှိ တစ်စုံတစ်ရာကို ညွှန်ပြနေသည့် ကျန်းယွိရန်ကို မြင်လိုက်ရသည်။ သူမက အလွန်ကြောက်ရွံ့နေပုံရပြီး  လှုပ်တောင် မလှုပ်ရဲပေ။

စူးချင်းက သူမဆီသို့ လျောက်သွားလိုက်ပြီး လှမ်းကြည့်လိုက်သည်။

ဒီဖြူဖွေးထွားကြိုင်းတဲ့ အကောင်က ပိုးချည်ထုတ်ပေးနိုင်တဲ့ ပိုးကောင် မဟုတ်ဘူးလား? ဒီအရာက အာဟာရတန်ဖိုးအမြင့်မားဆုံး ဖြစ်ပြီး ပိုးချည်ကိုလည်း ထုတ်လုပ်ပေးနိုင်တယ်။ ခေတ်သစ်မှာတောင် ပိုးချည်က အရမ်းတန်ဖိုးကြီးတယ်လေ။

ဒါက ပစ္စည်းကောင်းပဲ၊ စားလို့ ရတယ်"

စူးချင်းက ဖြူဖွေးထွားကျိုင်းသည့်ပိုးကောင်ကို ကောက်ယူလိုက်ပြီး ကျန်းယွိရန်ကို ပြောပြလိုက်သည်။ ကျန်းယွိရန်က ကြောက်လန့်နေပြီး သူမ၏မျက်နှာကို အုပ်ထားကာ  လုံးဝ မကြည့်ဝံ့သေးပေ။ သူမက ပျော့ပျောင်းသောပိုးကောင်များကို  မြင်လျှင် ထိတ်လန့်တုန်လှုပ်တက်ပြီး ထိုအရာက သူမ အကြောက်ဆုံး‌သောအရာ ဖြစ်သည်။

ပိုးကောင်းတွေကို မကြောက်တဲ့သူတွေက ဒီလို ပိုးကောင်မျိုးတွေကို များများ ရှာသင့်တယ်။ မင်းတို့ ပိုးချည်နဲ့ ပိုးထည်တွေကို ငွေနဲ့ လဲလှယ်လို့ ရတယ်"

စူးချင်းက နောက်သို့ ပြန်လှည့်ပြီး ကျိရှောင်ယင်နှင့် ကျန်သူများကို ထိုပိုးကောင်များမှ ပိုးသားပိတ်စများ ယက်လုပ်နိုင်ကြောင်း ရှင်းပြလိုက်သည်။ ပိုးထည်က အလွန်စျေးကြီးပြီး သူမတို့အတွက် ငွေရှာရန် အခြားနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ထိုအရာကို ငွေနှင့် လဲလှယ်နိုင်ကြောင်း ကြားလိုက်ချိန်တွင် မိန်းကလေး အများစုက ပိုးကောင်လေးများ ဖမ်းရန် ရောက်လာကြတော့သည်။ စူးချင်းကလည်း ပိုးကောင်တော်တော်များများကို စနစ်ထဲသို့ ပစ်ချနေပြီး ရှောင်ချီလည်း အတော်လေး အလုပ်ရှုပ်နေခဲ့သည်။

သူမရဲ့သခင်က ငွေရှာဖို့ ပိုးကောင်တွေ မွေးမြူချင်မှတော့ သူမလည်း ပိုးကောင်လေးတွေကို ပြုစုစောင့်ရှောက်ရတော့မှာပေါ၊ သူတို့တွေ သေသွားလို့ မရဘူး။

စူးချင်းက ကျင့်ရှီလျိုမြောင်တွင် ပိုးစာရွက် မရှိမည်ကို စိုးရွံ့နေသဖြင့် သူမ၏ အနီးအနားတွင် မည်သူမျှ မရှိနိုင်မည့် နေရာတစ်ခုကို ရှာကာ ပိုးစာပင်ငယ်နှစ်ပင်ကို နှုတ်ယူပြီး စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူမက  ကန်စွန်းပင်နှင့် ကန်စွန်းဥကို အနည်းငယ်ကိုလည်း စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။

သူမက အနာဂတ်တွင် လယ်ယာစိုက်ပျိုးရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် သူမ မြင်သမျှ မျိုးစေ့များကို စုဆောင်းထားရမည် ဖြစ်သည်။ ထိုမှသာ သူမ  စိုက်ပျိုးနိုင်ချိန်တွင် အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်သည်။

ရှောင်ချီက ခါးသီးနေသော မျက်နှာလေးဖြင့် သူမ၏ စနစ်ကို လှည့်ပတ်ကြည့်ရှုနေသည်။ သူမရဲ့သခင် ဆက်တိုက် လုပ်ဆောင်ပြီးတဲ့နောက်မှာ တန်ဖိုးကြီးဆေးတွေ ဖြန့်ဖြူးပေးနိုင်တဲ့ အဖိုးတန်ဆေးပညာစနစ်က နောက်ဆုံးတော့ ဂိုဒေါင်၊ မီးဖိုချောင်၊ ဆေးဆိုင်နဲ့ လယ်ယာဖြစ်လာခဲ့ပြီ။

သို့သော်လည်း ရှောင်ချီက အလုပ်ကြိုးစားသော ပျားလေးတစ်ကောင်ကဲ့သို့ အလုပ်ရှုပ်နေခဲ့သည်။

စူးချင်းနှင့် ကောင်မလေးများက ခြင်းတောင်းတစ်တောင်းစာ ပိုးကောင်လေးများကို ဖမ်းမိခဲ့ကြပြီး စူးချင်းက ပိုးကောင်ကလေးများကို အစာကျွေးရန်အတွက် လမ်းတစ်လျှောက်မှ နောက်ထပ် ပိုးစာရွက်တစ်ခြင်းကိုလည်း ခူးယူခဲ့သေးသည်။

ကန်စွန်းဥက  သုံးခြင်းလောက်ရခဲ့သောကြောင့် စားရန် လုံလောက်မည်ဟု သူမ  သတ်မှတ်လိုက်သည်။ စူးချင်းက လူတိုင်းကို ပြန်ရန် ပြောလိုက်သော်လည်း လီရွှမ်းအာက စူးချင်းအတွက် ဆေးဖက်ဝင်အပင်တချို့ကို ရှာပေးချင်သောကြောင့် စူးချင်းကို ရဲရဲရင့်ရင့် ပြန်တောင်းဆိုလိုက်သည်။

"အစ်မ၊ ကျွန်မတို့ကို ဆေးဖက်ဝင်အပင်တွေ မှတ်မိအောင် သင်ပေးလို့ရမလား?"

အင်း” စူးချင်းက လီရွှမ်းအာကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူလိုက်သည်။ သူမက မိန်းခလေးများကို သင်ကြားပေးပြီး သူမတို့၏ ဆေးပင်ရှာနိုင်စွမ်း တိုးတက်လာလျှင် သူမ၏ဆေးပင်ရှာဖွေ စွမ်းရည်လည်း မြှင့်တက်လာနိုင်မည်ဟု သူမ သိနေခဲ့သည်။

အပြန်လမ်းတွင် စူးချင်းက သူမတို့ကို မြင်သမျှ ဆေးပင်တိုင်း၏ အမည်များကို ပြောပြခဲ့ပြီး  ဆေးဖက်ဝင်အပင်များ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို အတိုချုံးရှင်းပြခဲ့သည်။ ထို့အပြင် မည်သည့်အပင်က ပိုတန်ဖိုးကြီးပြီး မည်သည့်အပင်က တန်ဖိုးနည်းသည်ကိုပါ ထပ်ပြောပြခဲ့သည်။

တကယ်တော့ ထောင်ဟွားဝူအဖွဲ့က လူများလွန်းပြီး ငွေ အများကြီး သုံးရတာကြောင့် ကြာလာလေလေ လက်ကျန်ပိုက်ဆံက နည်းလာလေလေပါပဲ။ သူမက ဝင်ငွေတိုးဖို့နဲ့ အသုံးစရိတ်ကို လျှော့ချဖို့ တွေးထားခဲ့ပြီး အရင်ကတည်းက ဆေးဘက်ဝင်အပင်တွေ တူးရောင်းဖို့ စိတ်ကူးခဲ့ပေမယ့် ထူးထူးခြားခြား အဖြစ်အပျက်တွေက အမြဲလိုလို ဖြစ်နေတာကြောင့် သူမမှာ အဲ့တာတွေကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ဘူး။

မိန်းကလေးများအားလုံးက စိတ်အားထက်သန်သော ကျောင်းသားများကဲ့သို့ လေးလေးနက်နက် နားထောင်နေကြပြီး သေသေချာချာ မှတ်သားနေကြသည်။ သူတို့က စူးချင်းကို သူမတို့၏ဆရာတစ်ယောက်လို သဘောထားနေကြပြီး လေးလေးစားစား ကြည့်နေကြသည်။

လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က သူမတို့၏သတ္တိကို စုစည်းလိုက်ပြီး စူးချင်းကို ထပ်ပြောလိုက်သည်။

"အစ်မစူးချင်း၊ ကျွန်မတို့ အစ်မဆီက ကိုယ်ခံပညာ သင်ယူချင်တယ်၊ သင်ပေးလို့ ရမလားဟင်?"

သူမတို့က စူးချင်းလိုမျိုး သန်မာချင်နေကြတယ်၊ အဲ့တာဆိုရင် အမျိုးသားတွေက သူမတို့ကို ကာကွယ်ပေးစရာ မလိုအပ်တော့ဘူးလေ။

ငါတို့က လယ်သမားတွေလေ၊ ကိုယ်ခံပညာသင်ဖို့ မလိုအပ်ဘူး”

စူးချင်းက သူမတို့၏ကမ်းလှမ်းချက်ကို အေးစက်သော မျက်နှာဖြင့် ငြင်းဆန်လိုက်သည်။

သူမရဲ့စိတ်ကူးယဥ်အိပ်မက်က လယ်လုပ်ဖို့လေ။ ဒီမိန်းကလေးတွေကို ဦးဆောင်ပြီး တိုက်ခိုက်သတ်ဖြတ်ဖို့ မဟုတ်ဘူး။ သူမရဲ့လယ်လုပ်မယ့် ဆုံးဖြတ်ချက်ကို ဘယ်သူ့ကြောင့်မှ အထိအခိုက် မခံနိုင်ဘူး။

ကျိရွှေရှန့်က လီတာ့နျိုနှင့် ကျန်သူများ ငါးဖမ်းနိုင်ရန်အတွက် ငါးဖမ်းပိုက်တစ်ခု ရက်လုပ်ပေးခဲ့သော်လည်း မြစ်ရေက တိမ်လွန်းသွားသော လက်ချောင်းတစ်ချောင်းခန့် အရွယ်ရှိသော ငါးငယ်လေးများကိုသာ ဖမ်းမိကြသည်။ ငါးများက သေးလွန်းသောကြောင့် ဟင်းချိုသာ ချက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ကျိရွှေရှန့်က ကျုံးယုံကို ခေါ်ကာ အမဲလိုက်ရန် တောင်ပေါ်သို့ တက်လာခဲ့သည်။ သူတို့နှစ်ယောက် ကံကောင်းနေပြီး တောင်ပေါ်တောထဲသို့ ဝင်ဝင်ချင်းမှာပင် တောဆိတ်တစ်အုပ်နှင့် ဝင်တိုးလေသည်။ ကျိရွှေရှန့်က မြှားနှစ်စင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ပြီး ၎င်းတို့ထဲမှ နှစ်ကောင်ကို ထိမှန်သွားခဲ့သည်။ တောင်ပေါ်တွင် မြက်နှင့် ရေများ ပေါများနေသောကြောင့် ထိုဆိတ်နှစ်ကောင်က တော်တော်လေး ဆူဖြိုးနေလေသည်။

ကျုံးယုံက ဝမ်းသာလွန်းသောကြောင့် သူ့ပါးစပ်ကြီးက သူ့နားရွက်နားသို့ ‌ရောက်သည်အထိ ပြုံးနေခဲ့သည်။

"အစ်ကိုကြီး၊ စားဖို့ အသားရှိပြီ"

သူက ကောင်းကင်နဲ့ မြေကြီးကို မကြောက်ပေမယ့် ဆာလောင်မှာကိုတော့ အရမ်း ကြောက်တယ်လေ။ စားစရာရှိနေသရွေ့ သူက ပျော်နေပြီ။

"ကောင်းပြီ မင်း အရင် ပြန်ယူသွားလို့ ရတယ်။ ငါ တစ်ခုခုကို ဖမ်းနိုင်မလားလို့ ထပ်ကြည့်လိုက်ဦးမယ်”

ရွှေရှန့်ကလည်း အတော်လေး ပျော်ရွှင်နေခဲ့သည်။

ဒါကြောင့် 'ထွက်လမ်းအမြဲရှိတယ်' လို့ ပြောကြတာ ထင်ပါရဲ့။ စားစရာ ရှိနေသရွေ့တော့ သူတို့ ဝဝလင်လင် မစားရရင်တောင် ငတ်ပြီးသေမှာတော့ မဟုတ်တော့ဘူးလေ။

အင်း”

ကျုံးယုံက ကျိရွှေရှန့်၏ စကားကို မယုံနိုင်လောက်အောင် နာခံခဲ့သည်။ သူက ဆိတ်နှစ်ကောင်ကို အားပင်မစိုက်ထုတ်ဘဲ မယူလိုက်ပြီး "အကိုကြီး၊ ကျွန်တော် ဒါတွေကို ပြန်ပို့ပြီးရင် ပြန်လာခဲ့မယ်"

"မလိုဘူး၊ ငါ အမဲလိုက်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်"

ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။ သူက စူးချင်းအတွက် လင်ဇီးကို ရှာဖွေချင်နေခြင်းသာ ဖြစ်သည်။

ဒီတောင်က စိမ်းလန်းစိုပြေနေတယ်လေ၊ အဲ့တာကြောင့်  ဝိညာဉ်စွမ်းအင်ရှိတယ်လို့ ယူဆနိုင်တယ် မဟုတ်လား?

ဝိညာဉ်စွမ်းအင်ရှိရင် လင်ဇီးရှိလိမ့်မယ်။

အမ်း”

ကျုံးယုံက နုံအအအမူအရာဖြင့် ပြန်ဖြေလိုက်ပြီး ဆိတ်များကို သူ့နောက်ကျောတွင်တင်ကာ ထွက်သွားတော့သည်။ ကျိရွှေရှန့်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး အမြင့်ဆုံးတောင်ထွဋ်ပေါ်သို့ တက်ရန် ရွေးချယ်လိုက်သည်။

အဲ့နေရာက တိမ်တွေ၊ မြူမှုန်တွေနဲ့ ပြည့်နေပြီး နတ်သမီးနယ်မြေတစ်ခုလို ဖြစ်နေတော့ ဝိညာဉ်စွမ်းအား အများဆုံး ရှိနိုင်တဲ့ တောင်ထိပ်ဖြစ်လိမ့်မယ်။

စူးချင်းနှင့် မိန်းခလေးများ ပြန်ရောက်လာချိန်တွင် ကျုံးယုံကလည်း ဆိတ်များနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ဆိတ်များကို မြင်လိုက်သည်နှင့် တပြိုင်နက် စူးချင်းက ဟင်းပွဲအနည်းငယ် တွေးလိုက်‌ပြီးပြီ ဖြစ်သည်။

အရသာအရှိဆုံးကတော့ ဆိတ်ကောင်လုံးကင်ပဲ။ ကံမကောင်းတာက လူက များလွန်းနေတယ်။ ဒီဆိတ်တွေက လူတိုင်းရဲ့သွားကြားထဲက ကွက်လပ်တွေကိုတောင် ဖြည့်ပေးဖို့ မလုံလောက်ဘူး။ အဲ့တော့ ဒီဆိတ်တွေကို ဆိတ်စွပ်ပြုတ်အ‌ရည် ကြည်ကြည်လေး ပြုတ်ဖို့ပဲ ရှိတော့တယ်။ ဆားနည်းနည်းထည့်၊ ကြက်သွန်မြိတ်နဲ့ ဂျင်း အနည်းထည့်လိုက်လျှင် အညှီနံ့ပျောက်သွားလိမ့်မယ်။ အရည်နဲ့ဆိုတော့ လူတိုင်းက အရည်ကို များများသောက်ပြီး အသားနည်းနည်းစားလိုက်တာနဲ့ ဗိုက်ဝသွားလိမ့်မယ်။

ကျုံးယုံက ဆိတ်များကို အရေခွံခွာပေးရန် တာဝန်ယူလိုက်ပြီး ရေသာခိုနေခြင်း မရှိပေ။ သူက ရိုးသားပြီး တုံးအပုံပေါ်နေသော်လည်း သူ့အလုပ်ကိုတော့ ထိထိရောက်ရောက် လုပ်နိုင်ပြီး ဆိတ်အရေခွံကို ညီညီညာညာ ခွံခွာထားကာ အသားတစ်မျှင်တောင် ကပ်နေခြင်း မရှိပေ။

စူးချင်းက ချက်ပြုတ်ရန် စတင်ပြင်ဆင်နေပြီး သူမက လီတာ့နျိုကို သစ်ခြောက်တချို့ ကောက်ယူခိုင်းလိုက်သည်။ ဆိတ်သားစွပ်ပြုတ်ပြုလုပ်ရန် မြင့်မားသော အပူချိန် လိုအပ်ပြီး အပူချိန်မြင့်မြင့်ဖြင့် ကြာကြာပြုတ်မှသာ စွပ်ပြုတ်က ပျစ်လာပြီး အနံ့မွှေးလာမည် ဖြစ်သည်။

သူမက ဆိတ်သားများကို ဆေးကြောလိုက်ပြီး အရွယ်အစားတူ အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။ ထိုမှသာ ဘက်လိုက်မှုမရှိဘဲ အညီအမျှ ခွဲဝေပေးနိုင်မည် ဖြစ်သည်။

စူးချင်းက အလုပ်လုပ်နေစဥ်တွင် ကျိရှောင်ယင်က သူမကို ကူညီပေးနေခဲ့ပြီး သူမ လိုအပ်သမျှကို ရှာဖွေ ထုတ်ယူပေးနေသည်။ လီရွှမ်းအာနှင့် အခြားလူများက မီးမွှေးရန် ကူညီနေခဲ့ကြသည်။ လူတိုင်း ပင်ပန်းနေပြီ ဖြစ်သော်လည်း ဆိတ်ကို မြင်နေရသောကြောင့် မျှော်လင့်ချက်ဖြင့် ပြန်တက်ကြွလာကြသည်။ ယခင်က အစားအသောက်များ ခိုးယူခံလိုက်ရသောကြောင့် ကျနေသော စိတ်ဓာတ်များကလည်း ပြန်တက်လာပြီ ဖြစ်သည်။

ကျိရွှေရှန့်က တောင်ပေါ်တွင် ကြီးပြင်းခဲ့သူ ဖြစ်သောကြောင့် သူက တောင်ပေါ်တွင် မြေပြန့်သကဲ့သို့ လမ်းလျှောက်နိုင်ပြီး သူက တောင်ထိပ်သို့ ခပ်မြန်မြန် ရောက်ရှိသွားခဲ့သည်။ လင်ဇီးက ဝက်သစ်ချပင်များနှင့် အခြားအရွက်ကြီးသော သစ်ပင်များဘေးတွင် လင်ဇီးပေါက်လေ့ရှိကြောင်း သူ့၏မွေးစားဖခင်ထံမှ သူ သိထားခဲ့သည်။ ၎င်းတို့က သစ်ပင်ခြံနွယ်ထူထပ်ပြီး မြေသြဇာကောင်းကာ မြေဆီလွှာစိုစွတ်သည့် မြေပွသော နေရာများတွင် ပေါက်လေ့ရှိကြသည်။ ထို့အပြင် အနှစ်တစ်ထောင်သက်တမ်းသောရှိ လင်ဇီးကို ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို ဆုတ်ယူနိုင်သောကြောင့် နတ်သားရဲများက ၎င်းကို အကာအကွယ် ပေးနေလေ့ရှိကြသည်။

ကျိရွှေရှန့်က တောင်ပေါ်သို့ တက်လာကတည်းက ထိုသို့သောနေရာများကို အာရုံစိုက်ကာ ရှာဖွေ‌လာခဲ့ပြီး ယခု သူ မော့ကြည့်နေသော ကျောက်နံရံက သစ်ပင်များ ထူထပ်ပြီး မြေသာများ စိုစွတ်နေသည်ကို သူ မြင်နေရသောကြောင့် လင်ဇီး ပေါက်ရောက်ရန် အလားအလာ အရမ်းများသည်ဟု သူ ခံစားနေမိသည်။

သူ အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဆီမှ အကိုက်ခံရပြီးနောက်တွင် စူးချင်းက သူ့ကို အိတ်သေးသေးလေးတစ်လုံး ပေးခဲ့ပြီး သူက အိတ်ကို ဖွင့်ကြည့်လိုက်ရာ ရှုံးဟွမ်များ ရှိနေသည်ကို တွေ့ခဲ့ရသည်။ စူးချင်းက ထိုအရာကို မည်သည့်နေရာမှ ရလာသည်ကို သူ မသိသော်လည်း ကျိရွှေရှန့်က သူမကို ဘာမှမမေးဘဲ ကျေးဇူးတင်စွာဖြင့် လက်ခံထားလိုက်သည်။

သူ ထိုအရာကို လက်ခံခဲ့ခြင်းက စူးချင်းအတွက် လင်ဇီးကို ကူရှာပေးရန် ဖြစ်ပြီး သူ လာခဲ့သည့်လမ်းတွင် မြွေတစ်ကောင်က မြက်ခင်းပြင်ပေါ်မှ လျှောထွက်လာသော်လည်း  သူ့အနားကို မကပ်ရဲဘဲ အမြန်ပြေးထွက်သွားခဲ့သည်။

နက်ရှိုင်းသော တောင်တန်းများတွင် အဆိပ်ရှိသော မြွေများသာမက ကင်းခြေများ၊ အဆိပ်ရှိသော ခြင်များ၊ အဆိပ်ရှိသော ပျားများ ရှိတက်ပြီး အချို့သော အပင်များကပင် အဆိပ်ပြင်းသော အပင်များ ဖြစ်နေတက်သည်။ လက်ရှိ ဤနေရာတွင်ပင် သစ်ပင်များထူထပ်နေရုံသာမက ဆူးပင်များ ဖုံးလွှမ်းနေသေးသည်။ ကျိရွှေရှန့်က သူ့၏ရတနာဓားကို ထုတ်ယူလိုက်ပြီး လမ်းကြောင်းတစ်ခု ပေါ်လာအောင် ရှင်းလင်းလိုက်သောကြောင့် ချောချောမွေ့မွေ့ ဆက်လျှောက်နိုင်ခဲ့သည်။

သူ အမှောင်ထဲသို့ လျှောက်လာမိသည်နှင့် တပြိုင်နက် ပြင်းထန်သော ညှီစိုစိုအနံ့ကို ခံစားလိုက်ရသည်။

✍️✍️✍️