အခန်း ၁၂၅
သံသတ္တုရိုင်း (အပိုင်း ၁)
စူးချင်းက
ထိုအရာကို လက်လွှဲယူလိုက်ပြီး သူမ၏ အမူအရာက လေးနက်သွားသည်။ ကျိရှောင်ယင်က သူမအစ်မ၏ဘေးမှ
ကြည့်နေကာ ထိတ်လန့်တကြား စောင့်နေခဲ့သည်။
"အစ်မ၊ ဒါက ဘာလဲ?"
စူးချင်းက ထိုကျောက်တုံးကဲ့သို့သောအရာကို
အနီးကပ် လေ့လာကြည့်လိုက်ပြီး ထိုအရာက ရာသီဥတုဒဏ်ကို ခံထားရပုံပေါ်ပြီး မျက်နှာပြင်က
မည်းမှောင်နေသော်လည်း သံအောက်ဆိုဒ်မှန်း သိသာနေသည်။ တချို့လတ်ဆတ်သောမျက်နှာပြင်က အစိမ်းရင့်ရောင်ဖြစ်နေပြီး
ကျောက်တုံးက လူ့၏ဦးနှောက်ကဲ့သို့ မညီမညာပုံသဏ္ဍန် ဖြစ်သည်။
"သံသတ္တုရိုင်း"
စူးချင်းက သူမ မသေချာသေးသည့်အတွက်
သူမက ရှောင်ချီကို့ စစ်ဆေးခိုင်းလိုက်ပြီး နောက်ဆုံးတွင် သံသတ္တုရိုင်းဖြစ်ကြောင်း
ကောက်ချက်ချနိုင်ခဲ့သည်။
"သံသတ္တုရိုင်း? အဲဒါက ဘာလဲ?"
ကျိရှောင်ယင်က
ဤအသုံးအနှုန်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး သူမက အလွန်စူးစမ်းချင်နေခဲ့သည်။
"ငါ့ကို ပြ"
ကျိရွှေရှန့်က ကျုံးယုံကို
သိုင်းပညာ သင်ကြားပေးပြီးသွားသဖြင့်
ထင်းအလုံအလောက် ရှိ မရှိ မေးရန် စူးချင်းထံသို့ လျှောက်လာခဲ့သည်။ သူ
ရောက်လာချိန်တွင် သူမတို့စကားဝိုင်းမှ အသံကို ကြားသွားပြီး ကျိရွှေရှန့်က
ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
"ဒီမှာ"
စူးချင်းက သံသတ္တုရိုင်းကို
ကျိရွှေရှန့်ထံ လွှဲပေးလိုက်သည်။ ကျိရွှေရှန့်က ထိုအရာကို သေသေချာချာ ကြည့်နေပြီးမှ
စူးချင်းထံ ခွင့်တောင်းလိုက်သည်။
"ငါ သေသေချာချာ စစ်ကြည့်ဖို့ ယုံခန်းဆီကို ယူသွားလိုက်မယ်"
“အင်း”
ကျိရှောင်ယင်က
ထိုအရာကို အရင်တွေ့ရှိခဲ့သူ ဖြစ်သောကြောင့် စူးချင်းက ၎င်းကို စိတ်မဝင်စားတော့ပေ။ ထို့အပြင်
ရှေးခေတ်၌ ရှာဖွေတွေ့ရှိသော သံသတ္တုရိုင်းတွင်းများနှင့် ရွှေတွင်းများက တိုင်းပြည်၏အပိုင်ဖြစ်ပြီး
မည်သူမျှ တူးယူခွင့် မရှိပေ။
ကျိရွှေရှန့်က
သံသတ္တုရိုင်းကို သူ့အင်္ကျီရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး ချိုးယုံခန်းကို ခေါ်ကာ
အခြားသူများ မရှိသည့်နေရာကို လျောက်သွားလိုက်သည်။
"ယုံခန်း၊ ဒါကို ကြည့်ဦး"
နှစ်ယောက်သား တောနက်ထဲသို့
လျှောက်လာကြပြီး ကျိရွှေရှန့်က
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာစေပြီးမှ သံသတ္တုရိုင်းတုံးကို ချိုးယုံခန်းဆီသို့ လှမ်းပေးလိုက်သည်။
"ဒါက ဘာလဲ? ဒါက သံသတ္တုရိုင်းလား? ငါ ဆရာဆီကနေ
ကြားဖူးတဲ့ သံသတ္တုရိုင်းက ဒီလို ပုံစံမျိုးထင်တယ်”
ချိုးယုံခန်းက ကျိရွှေရှန့်ကို
အံ့အားသင့်စွာ ကြည့်လိုက်သည်။
သံသတ္တုရိုင်းက
လက်နက်တွေ ဖန်တီးပြုလုပ်နိုင်ပြီး ကြီးကျယ်တဲ့
အရာတွေကို ပြီးမြောက်စေနိုင်လိမ့်မယ်။
"ဟုတ်တယ်၊ ငါလည်း အဲ့လို ထင်တယ်"
ကျိရွှေရှန့်က
ခေါင်းညိတ်ပြလိုက်ပြီး သူ့၏ရတနာဓားကို ထုတ်ကာ အနက်ရောင်ကျောက်တုံးကို ခွဲချလိုက်ပြီး
အလယ်မှ အသားကို ကြည့်ကာ သံသတ္တုရိုင်းဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
"အဲဒါ အရမ်းကောင်းတယ်၊ ဘယ်မှာ တွေ့တာလဲ?"
ချိုးယုံခန်းက ကျိရွှေရှန့်အား
စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျိရွှေရှန့်က ခေါင်းခါလိုက်ပြီး
"ငါ မသိဘူး၊ ရှောင်ယင် ရှာတွေ့ခဲ့တာ။ ညစာ စားပြီးမှ သူ(မ)ကို ခေါ်သွားခိုင်းရတော့မှာပဲ”
"ကောင်းပြီ၊ ဘယ်သူ့ကိုမှ မပြောနဲ့၊ ငါလည်း ငါ့အဘိုးကိုတောင် မပြောဘူး"
ချိုးယုံခန်းက ကျိရွှေရှန့်ကို
လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး
“အထူးသဖြင့် လီတာ့နျိုနဲ့ ကျန်းလောင်ချီပဲ၊ သူတို့ကို ဒီအကြောင်း
သတိပေးချင်ပေမယ့် သူတို့က သူတို့ပါးစပ်ကို မပိတ်နိုင်ကြဘူး။ ပြီးတော့ မင်းရဲ့ညီမ၊ သူ(မ)
ပြောင်းလဲသွားပြီ ငါ ထင်တယ်။ သူ(မ)က တစ်ကိုယ်ကောင်းဆန်လာတယ်။ တကယ်လို့ အန္တရာယ်တစ်ခုခု
ကြုံလာရင် သူ(မ)က ငါတို့ကို မဆိုင်းမတွ သစ္စာဖောက်သွားလိမ့်မယ်”
ကျိရွှေရှန့်က ချိုးယုံခန်း
ဒေါသထွက်သွားမည်ကို စိုးရိမ်မနေတော့ဘဲ သူ့စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြောလိုက်သည်။ သူက
ချိုးယွဲ့ မတည်မငြိမ် ဖြစ်နေသည်ဟု တချိန်လုံး ခံစားနေခဲ့ရခြင်း ဖြစ်သည်။
"ဟင်းးး၊ ချိုးယွဲ့က ဒီလိုမျိုးဖြစ်လာမယ်လို့ ငါလည်း မမျှော်လင့်ထားမိဘူး။
ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ ငါ သူ(မ)ကို ဘာမှ မပြောပါဘူး။ ငါတို့လည်း ကျင့်ရှီလျိုမြောင်ကို
မရောက်သေးလို့ စောင့်နေတာပါ၊ အဲ့ကိုရောက်တာနဲ့ သင့်တော်တဲ့မိသားစုတစ်ခု ရှာပြီး သူ(မ)ကို
လက်ထပ်ပေးလိုက်မယ်”
ချိုးယုံခန်းကလည်း အလွန်အမင်း
ရှက်ရွံ့နေခဲ့သည်။
သူ့ညီမလေးက အရမ်းဉာဏ်ကောင်းပြီး
လိမ္မာရေးခြားရှိတယ်လို့ သူ ထင်ခဲ့သော်လည်း သူညီမလေးက ရုတ်တရက် ပြောင်းလဲသွားတယ်။ ချိုးယွဲ့က
သူမ လိုချင်တဲ့အချစ်ကို မရလို့ ပြောင်းလဲသွားတာ
ဖြစ်နိုင်သလို သူမက အစပိုင်းကတည်းက တစ်ကိုယ်ကောင်းဆန်သူဖြစ်ပေမယ့် နူးညံ့ပြီး
ကြင်နာတတ်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်တယ်။
“အင်း”
ချိုးယုံခန်း၏
ကတိစကားကြောင့် ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး သူမအကြောင်း ထပ်မပြောတော့ပေ။
"စူးချင်းက အရမ်းအရည်အချင်း ရှိတယ်။ သူ(မ)ကို ပါဝင်ခွင့်ပေးသင့်တယ်"
ချိုးယုံခန်းက ကျိရွှေရှန့်အား
ထိုသို့ အကြံပြုလိုက်သည်။ စူးချင်းက အရာရာတွင် စွမ်းဆောင်နိုင်ပြီး ကျိရွှေရှန့်ကို
လက်စားချေရာတွင် ကူညီနိုင်မည်ဟု သူ အမှန်တကယ် ခံစားနေရသည်။
"မဟုတ်ဘူး၊ သူ(မ)ကို ဆွဲမထည့်နဲ့၊ ငါတို့ သူတို့အားလုံးကို ကျင့်ရှီလျိုမြောင်အထိ
ဘေးကင်းကင်းနဲ့ ပို့ပေးပြီးရင် ငါတို့ ဘာသာ ထွက်သွားကြမယ်"
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။
သူက စူးချင်းကို အန္တရာယ် မဖြစ်စေချင်ဘူး။ ဒါက သူ့အသက်ကိုတောင်
ဆုံးရှုံးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကိစ္စဆိုတော့ သူက သူမကို သူနဲ့အတူ
မစွန့်စားစေချင်ဘူး။
“ကောင်းပြီလေ”
ချိုးယုံခန်းက ကျိရွှေရှန့်၏ဆန္ဒကို
လေးစားလိုက်နာသူ ဖြစ်သောကြောင့် အသာတကြည် လက်ခံလိုက်သည်။
"ရွှေ့ရှန့်၊ မင်းမှာ စူးချင်းအတွက် ခံစားချက်တွေ ရှိနေတာလား?"
ကျိရွှေရှန့်က သူ့ခေါင်းကို
ယမ်းလိုက်ပြီး “ အခု ငါက ဘယ်သူ့ကိုမှ ချစ်ဖို့ အရည်အချင်း မရှိသေးဘူး၊ ဒါပေမယ့် ငါ
လက်စားချေပြီးတဲ့အထိ အသက်ရှင်နေသေးရင် သူ(မ)ကလွဲပြီး ငါ ဘယ်သူ့ကိုမှ လက်ထပ်မှာ
မဟုတ်ဘူး"
ကျိရွှေရှန့်၏အဖြေကို
ကြားလိုက်ချိန်တွင် ချိုးယုံခန်းက ရယ်မောလိုက်ပြီး “ဒါက ခံစားချက် မရှိတာလား?"
စူးချင်းက ချက်ပြုတ်ပြီးသွားပြီဖြစ်ကာ
အမျိုးသမီးများနှင့် ကလေးတစ်ဦးစီက ထမင်းပန်းကန်လုံးတစ်ဝက်၊
ဟင်းသီးဟင်းရွက်ဇွန်းတစ်ဝက်နှင့် ငါးစွပ်ပြုတ်နှစ်တုံးကို ဝေစုအဖြစ် ရရှိကြသည်။ အဒေါ်ချိုးက
ခါတိုင်းကဲ့သို့ပင် စူးချင်းအတွက် အမျိုးသားများ၏ဝေစုအတိုင်း ထမင်းဖြည့်ပေးခဲ့သည်။
ထိုအထဲမှ တစ်ဝက်က စူးချင်း၏ သူမတို့အပေါ် အကာအကွယ်ပေးမှုနှင့် ဂရုစိုက်မှုအတွက်
ကျေးဇူးတင်ခြင်းဖြစ်ပြီး ကျန်တစ်ဝက်က အပြစ်မကင်းစိတ်ကြောင့် ဖြစ်သည်။
စူးချင်းက သူမပန်းကန်ထဲမှ
အစားအစာများကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ သူမ၏ပန်းကန်ကို ယူကာ
သစ်ပင်အောက်တွင် ထိုင်စားရန် ထွက်သွားခဲ့သည်။ တောအုပ်က အလွန်အေးမြပြီး လေထဲတွင်
သစ်ရွက်ကြွေများ ဝေဝဲကျနေသည်။ ဤအချိန်က တစ်နေ့တာအတွက် အပျော်ရွှင်ဆုံး အခိုက်အတန့်ဖြစ်ပြီး
စားသောက်ပြီးသည်နှင့် အိပ်ရေးဝဝအိပ်ကာ တစ်နေ့တာ၏ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်နိုင်တော့မည်
ဖြစ်သည်။
"အစ်မ"
ကျိရှောင်ယင်နှင့်
အခြားကလေးများက သူမနှင့်အတူ စားသောက်ရန် ဝိုင်းဖွဲ့လာကြသည်။
“ဘယ်သူ့ကိုမှ
မပြောနဲ့”
စူးချင်းက ကျိရှောင်ယင်၏
နုံအမှုနှင့်အပြစ်ကင်းစင်မှုကို တွေးကာ အထူးသတိပေးလိုက်သည်။
ကျိရှောင်ယင်က ပြင်းပြင်းထန်ထန်
ခေါင်းညိတ်နေရင်း "ကျွန်မ သိပါတယ်၊ လုံးဝ မပြောပါဘူး"
နောက်ဆုံးအကြိမ်တွင်
အစ်မစူးချင်းက သူမကို သင်ခန်းစာတစ်ချို့ သင်ကြားပေးခဲ့သောကြောင့် အချို့သော
စကားလုံးများကို သူမဗိုက်ထဲတွင် ပုပ်သွားအထိ သိမ်းထားရမည် ဖြစ်ပြီး လုံးဝ ထုတ်မပြောသင့်သည်ကို သူမ သိနေပြီ ဖြစ်သည်။
ချိုးယွဲ့က သူမတို့အားလုံးကို
ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။
ရှောင်ယင်က ကျောက်တုံးအနက်တစ်တုံး ကိုင်ထားသည်ကို သူမ
မြင်လိုက်တယ်။ နောက်ပိုင်းတော့ အစ်ကိုရွှေရှန့်နဲ့ အစ်ကိုကြီးက အဲ့ကျောက်ခဲကို
ယူပြီး ထွက်သွားတယ်။ အဲဒါက ဘာလဲ?
ချိုးယုံခန်းနှင့် ကျိရွှေရှန့်တို့က
တောထဲမှ ထွက်လာကြပြီး အဒေါ်ချိုးက သူတို့ကို ထမင်းစားရန် အမြန်လှမ်းခေါ်လိုက်သည်။
"ရွှေရှန့်၊ ယုံခန်း၊ အစားအသောက်တွေ အေးလာပြီ။ မြန်မြန်လာစား!”
“ဟုတ်ကဲ့”
ချိုးယုံခန်းနှင့် ကျိရွှေရှန့်တို့က
အမြန်လျှောက်လာကြပြီး ကျောက်တုံးပေါ်မှ ထမင်းပန်းကန်လုံး နှစ်လုံးကို ကောက်ယူလိုက်ကြသည်။
သူတို့အတွက် တခြားသူများ၏နောက်ကွယ်တွင် ပြောစရာအချို့ ရှိနေသေးသောကြောင့် သူတို့နှစ်ဦးက
လူနည်းသော တစ်နေရာသို့ လျှောက်သွားလိုက်ကြသည်။
ညစာစားပြီးနောက်
အမျိုးသမီးများက ပန်းကန်နှင့် အိုးများကို ဆေးကြောလိုက်ကြပြီး ကလေးများက ပြေးလွှားဆော့ကစားနေကြသည်။
ချိုးယုံခန်းက သူ့ညီမ၏ ခေါ်ထုတ်ခြင်းကို ခံလိုက်ရသည်။
"အစ်ကိုကြီး၊ ကျွန်မ အပေါ့အပါးသွားချင်တယ်၊ ဟိုနားကို သယ်သွားပေးပါလား?"
ချိုးယွဲ့က လမ်းမလျှောက်နိုင်သေးပေ။
ထိုကြောင့် ချိုးယုံခန်းက သူမကို တောထဲသို့ သယ်သွားပေးရပြီး အဒေါ်ချိုးက သူမကို
ကူညီပေးနေရသည်။
ထို့ကြောင့် ချိုးယုံခန်းက
ဘာမှ အတွေးမလွန်ဘဲ သူ့ညီမကို ကျောပေါ်တင်လိုက်သည်။ သို့သော် သူက သူတို့၏အမေကို
လှမ်းခေါ်ရန် ပြင်လိုက်ချိန်တွင် ချိုးယွဲ့က သူ့ကို တားဆီးလိုက်သည်။
“အစ်ကိုကြီး၊
ကျွန်မ ကိုယ်တိုင်လုပ်နိုင်တယ်။ အမေ့ကို ခဏလောက် အနားယူခိုင်းလိုက်ပါ”
သူ့ညီမလေးက
သူ့အမေကို စိတ်ပူနေသည်ဟု ထင်သွားသော ချိုးယုံခန်းက ခေါင်းညိတ်လိုက်ပြီး သူ့ညီမလေးကို တောနက်ထဲသို့
သယ်ဆောင်သွားခဲ့သည်။ သူက ချုံပုတ်သေးသေးလေးကို ရှာလိုက်ပြီး သူညီမလေးကို အောက်ချပေးလိုက်ကာ
"ငါ အပြင်မှာ စောင့်နေမယ်။ မင်း ပြီးတဲ့အခါ ငါ့ကို လှမ်းခေါ်လိုက်"
ချိုးယုံခန်းက
သူ့ညီမကို ထိုသို့ပြောကာ ချက်ချင်း
ထွက်သွားပြီး သူ့ညီမလေး ရှက်ရွံ့မှု မရှိစေရန် သူမဆီးသွားသည့်အသံကို မကြားနိုင်လောကသည့်
အကွာအဝေးတွင် သွားရပ်နေလိုက်သည်။
"အစ်ကိုကြီး၊ ရှောင်ယင်က အနက်ရောင်ကျောက်တုံးတစ်တုံး ကောက်လာတာကို ကျွန်မ တွေ့လိုက်တယ်။
အဲဒီကျောက်တုံးက ဘာကြီးလဲ?"
“အဲဒါက
သာမန်ကျောက်တုံးတစ်ခုပါ။ အစက ငါတို့က ရတနာတစ်ခုခု ဖြစ်မယ်လို့ ထင်ခဲ့ကြတာလေ။ နောက်ဆုံး
ရွှေရှန့်က သူ့ဓားနဲ့ ဖြတ်ကြည့်မှ ဟောင်းလောင်းပေါက်ကြီးကို တွေ့လိုက်ရတယ်”
ချိုးယုံခန်းက
သူ့ညီမကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ဒါဆို အစ်ကိုကြီးတို့က ဘာလို့ တောထဲကို ဝင်သွားရတာလဲ?"
ချိုးယွဲ့က ဆက်လက်စူးစမ်းနေပြီး
ချိုးယုံခန်းက သူ့ညီမကြောင့် အံ့အားသင့်သွားခဲ့သည်။
သူ့ညီမက ရွှေရှန့်ကို
အဆက်မပြတ် စောင့်ကြည့်နေတာလား? အဲ့တာက အနှေးနဲ့အမြန်ဆိုသလို သူတို့ရဲ့အကြံအစည်တွေကို
ပျက်စီးစေလိမ့်မယ်။
"မင်းရဲ့ အစ်ကိုရွှေရှန့်က လူတိုင်းရဲ့အစားအသောက် အခြေအနေ တိုးတက်စေဖို့အတွက်
သားကောင်အချို့ကို အမဲလိုက်ချင်နေတယ်လေ။ နောက်ဆုံးမှာတော့ သူ ဘာမှ မဖမ်းမိခဲ့ဘူး"
ချိုးယုံခန်းက အံ့အားသင့်သွားသော်လည်း
သူ့ညီမကို တည်တည်ငြိမ်ငြိမ် ပြန်ပြောနိုင်သေးသည်။ သူက လိမ်လည်နေပုံနှင့် လုံးဝ မတူပေ။
"ဪ ... သိပြီ!"
ချိုးယွဲ့က သူ့ကို
မယုံကြည်သေးသော်လည်း သူမ၏အစ်ကိုက ထိုသို့ပြောနေသောကြောင့် သူမ အတွေးလွန်နေသည်ဟုသာ
တွေးလိုက်တော့သည်။
သူတို့ပြန်လာပြီးနောက်
ချိုးယုံခန်းက သူ့အဘိုးနှင့် ဆွေးနွေးရန် ချက်ချင်း ထွက်သွားခဲ့သည်။
“အဘိုး၊
ကျင့်ရှီလျိုမြောင်ကို ရောက်အောင် စောင့်မနေပါနဲ့တော့။ စုကျိုးကို ရောက်တဲ့အခါ
ကောင်းမွန်တဲ့ မိသားစုတစ်ခုကို ရှာပြီး ချိုးယွဲ့ကို အိမ်ထောင်ချပေးရအောင်”
“ငါလည်း
ဒါကို မင်းနဲ့ ဆွေးနွေးချင်နေတာ။ လီတာ့နျိုက ပိုကောင်းတယ်လို့ ထင်လား? ဒါမှမဟုတ်
ကျန်းလောင်ချီက ပိုကောင်းတယ်လို့ မင်း ထင်လား? သူတို့မိသားစုတွေဆိုရင်
တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြတယ်။ သူတို့မှာ ကောင်းမွန်တဲ့ မိသားစု
နောက်ခံရှိပြီး သူတို့ကိုယ်တိုင်လည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာကြတယ်။
သူတို့က ချိုးယွဲ့ကို နှိပ်စက်မှာ မဟုတ်ဘူး"
ချိုးယုံခန်းက
သူ့အဖိုးက ဤလူနှစ်ယောက်ကို ချိုးယွဲ့နှင့် လက်ထပ်ပေးလိုကြောင်း ကြားလိုက်ရပြီး
သူ့မျက်ခုံးများပင် ပင့်တက်သွားရသည်။
ချိုးယွဲ့ကို တာ့နျို ဒါမှမဟုတ် လောင်ချီနဲ့ အိမ်ထောင်ပြုပေးလိုက်ရင် ချိုးယွဲ့က သူတို့နဲ့အတူ ဆက်ပါလာမှာပေါ့၊ အဲ့တာက မဖြစ်သေးဘူး။
✍️✍️✍️