Chapter 60
ရှိုးရိုက်ကူးမည့် နေရာသည် အခြားမြို့တွင် ဖြစ်သည်။ သူမနှင့် ဖန်ယန်တို့သည် မနက်စောစောတွင် ကိုယ့်အထုပ်ကို ဆွဲ၍ လေဆိပ်သို့ ထွက်လာခဲ့သည်။ ရှန်းယွဲ့ သူမအတွက် ငှားထားသော သက်တော်စောင့်များကိုတော့ သူမ သူတို့ကို ထားခဲ့လိုက်ပေသည်။
သူမသည် ရှန်းယွဲ့သူမအတွက် ဘာကြောင့် သက်တောစောင့်များထားရသည်ကို နားမလည်ပေ။ သူမှာ့ ပိုက်ဆံပိုနေလျှင် သူမကို ပေးသည်က ပိုကောင်းသည် မဟုတ်ပါလား။
ထန်ချောင်းချောင်း လေဆိပ်သို့ ရောက်သည်နှင့် သူမသည် သူမကြော်ငြာထားသော အားဖြည့်အချိုရည် ကြော်ငြာ ဆိုင်းဘုတ်ကို စောင့်ဆိုင်းဧရိယာတွင် တွေ့လိုက်ရသည်။
ဆိုင်းဘုတ်ပေါ်တွင် ထန်ချောင်းချောင်းနှစ်ယောက်သည် တစ်ယောက်က အပန်းရောင် တစ်ယောက်က အနက်ဖြင့် ကျောချင်းကပ် သောက်နေကြသည်။
ထန်ချောင်းချောင်းသည် ဒီဆိုင်းဘုတ်ကို ပထမဆုံးမြင်သည့်အချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူမသည် အနီးသို့ လျှောက်လာ၍ ဖန်ယန်ကို သူမ၏ ဓါတ်ပုံကို အမှတ်တရအနေဖြင့် ရိုက်ပေးရန် ပြောလိုက်သည်။
ထန်ချောင်းချောင်း ဓါတ်ပုံရိုက်ပြီး သွားတော့မည့်အချိန်တွင် သူမသည် ပန်းရောင်ပိတ်ကျဲစကတ်လေးနှင့်တစ်ယောက် အနက်ရောင်စကတ်တိုတိုလေးနှင့်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့သည် ကြော်ငြာထဲမှ ထန်ချောင်းချောင်းကဲ့သို့ ဝတ်ဆင်ထားခြင်းဖြစ်သည်။
ည်ီအစ်မနှစ်ယောက်သည် ထန်ချောင်းချောင်း၏ဆိုင်းဘုတ်ကို မြင်သောအခါ ခြေဆောင့်၍ အော်လိုက်ကြသည်။ သူတ်ို့သည် ဆိုင်းဘုတ်ရှေ့တွင် ရပ်နေသော မိန်းမတစ်ယောက်ကို မြင်သောအခါ သူတို့သည် သဘာဝအလျှောက်ပင် သူမသည် အခြားသာ ဖန်တစ်ယောက်ဖြစ်မည်ဟု ထင်လိုက်ကြသည်။
“မင်းလည်းပဲ သကြားယုန်လေး ဖြစ်မယ်။ ငါတို့အားလုံးက သကြားယုန်လေးတွေဆိုမှတော့ ငါတို့က ညီအစ်မတွေပဲပေါ့။ ငါတို့ကို ဓါတ်ပုံလေးရိုက်ပေးလို့ရမလား?”
စကားတစ်ခွန်းမှမဆိုပဲ မိန်းကလေးနှစ်ယောက်သည် ထန်ချောင်းချောင်းဆီသို့ သူတို့၏ ကင်မရာကို ပေးလိုက်ပြီး ဆိုင်းဘုတ်ရှေ့တွင် ပို့စ်ပေးလိုက်လေသည်။
ဦးထုပ်နှင့် မက်တပ်ထားသော ထန်ချောင်းချောင်းသည် အံ့အားသင့်သွားလေသည်။
သူမသည် သူမ၏ဖန်များမှ သူမကို ဖန်အဖြစ်မှတ်ယူလိုက်သည့် အတွေ့အကြုံရှိမည်ဟု မတွေးဖူးပေ။
သူမငြင်းပယ်ရန် သို့မဟုတ် ပြန်ဖြေရန် အချိန်ပင် မရှိလိုက်ပေ။
သို့သော်ငြား သူတို့သည် သူမ၏ ချစ်စရာကောင်းသောဖန်လေးများဖြစ်သောကြောင့် ထန်ချောင်းချောင်းသည် ကင်မရာကို မြှောက်၍ သူတို့အတွက် ဓါတ်ပုံအချို့ကို လေးလေးနက်နက်ရိုက်ပေးလိုက်သည်။
မိန်းကလေးနှစ်ယောက်သည် ကျွမ်းကျင် cosplayerများ ဖြစ်ပုံရသည်။ သူတို့သည် ဓါတ်ပုံများနှင့် ပို့စ်ပေးရာတွင်တော့ အတော်လေး လိုအပ်ချက်များသည်။ ထို့အပြင် ထန်ချောင်းချောင်းသည်လည်း အလျင်မလိုချေ။ မူရင်းတစ်ယောက်အနေနှင့် သူမသည် သူတို့ကို သူတို့၏ အမူအရာနှင့် ပို့စ်ပေးရာတွင် အချို့ လိုအပ်များကို ထောက်ပြပေးခဲ့သည်။
“ဘယ်ဘက်ကတစ်ယောက်ရဲ့ အမူအရာက ပိုပြီ သိမ်မွေ့နေရမယ် ၊ ဟုတ်တယ် ညာဘက်ကတစ်ယောက်က ရင်ဘက်ကိုမတ်မတ်ထားပြီး ယုံကြည်မှုအပြည့်နှင့် ဖြစ်ရမယ်၊ အိုခေ?”
ထန်ချောင်းချောင်းသည် တက်တက်ကြွကြွဖြင့် ဓါတ်ပုံများ ပို၍ ပို၍ ရိုက်ယူခဲ့သည်။ အချို့ဓါတ်ပုံများသည် ရှုထောင့်ပေါင်းစုံမှ ဖြစ်သည်။
“ဟုတ်ပြီ ရတော့မယ်။”
ထန်ချောင်းချောင်းသည် ကင်မရာကို သူတို့ဆီသို့ ပြန်ပေးလိုက်သည်။ညီအစ်မနှစ်ယောက်သည် ထိုအရာကို ပြန်ယူပြီးနောက် သူတို့သည် ရလဒ်ကို ကြည့်လိုက်ကြသည်။ သူတို့ အရမ်းကို ကျေနပ်နေကြသည်။
စကတ်အနက်နှင့် မိန်းကလေးသည် ထန်ချောင်းချောင်းကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
“ညီအစ်မ ငါမင်းအသံကို ပိုပြီး ရင်းနှီးလာသလိုပဲ။ ငါတို့ ဒီမတိုင်ခင် တူတူ cosplay လုပ်ဖူးလား? ”
ထန်ချောင်းချောင်းသည် ခြောက်ကပ်စွာ ရယ်လိုက်သည်။ “မလုပ်ဖူးပါဘူး။”
အနက်ရောင်စကပ်နှင့် မိန်းကလေးသည် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချ၍ ဦးထုပ်အောက်မှ အမျိုးသမီး၏ မျက်လုံးများကို အနီးကပ်ကြည့်လိုက်သည်။
သူမ၏မျက်လုံးကြီးများကို မှေးလျက် သူမ၏မသေချာသော အသံတွင် စိတ်လှုပ်ရှားမှုတို့ ရောစွက်နေသည်။
“မင်းက ထန်ချောင်းချောင်းလား?”
ထန်ချောင်းချောင်းသည် အကူအညီမဲ့စွာ ပြုံလိုက်သည်။ ကောင်းပြီ၊ သူမကို မှတ်မိသွားပြီ ဖြစ်သောကြောင့် သူမသည်သူမ၏ မက်ကို ချွတ်ချလိုက်သည်။
“အား!တကယ့်ကို ထန်ချောင်းချောင်းပဲ!” ညီအစ်မနှစ်ယောက်သည် နောက်ဆုံးတော့သူမကို မှတ်မိသွားပြီး အော်လိုက်မိကြသည်။
ဖန်ယန်သည် လျင်မြန်စွာပင် သူတို့ကို တိတ်တိတ်နေရန်နှင့် အခြားသောခရီးသည်များကို မနှောင့်ယှက်ရန် ပြောလိုက်သည်။
ညီအစ်မနှစ်ယောက်သည် သူမတို့ ပါးစပ်ကိုလျင်မြန်စွာ ပိတ်၍ ထူးဆန်းသောအမူအရာဖြင့် သူတို့၏ ခေါင်းများကို ညိမ့်လိုက်ကြသည်။
ပန်းရောင်စကပ်နှင့် မိန်းကလေးသည် သူမ၏ဖုန်းကို လျင်မြန်စွာ ထုတ်ယူ၍ အခြားတစ်ယောက်ကို ပြောလိုက်သည်။ “ငါချောင်းပေါင်ကို တွေ့ပြီ။ မြန်မြန်။ ဒီနေရာက စောင့်ဆိုင်းရတဲ့ဟောဝင်ပေါက်မှာ မြန်မြန် မဟုတ်ရင် သူမပြေးသွာ လိမ့်မယ်။”
ထန်ချောင်းချောင်းသည် ရယ်လိုက်လေသည်။ “အလျင်စလိုမလုပ်ပါနဲ့။ ငါမပြေးပါဘူး။”
အချိန်အနည်းငယ်ကြာပြီးနောက် ဒါဇင်လောက်ရှိသည့် ဖန်များသည် အလျင်စလိုဖြင့် စုဝေးပြီး ထန်ချောင်းချောင်းဘေးပတ်လည်တွင် စကားစမြည်ပြောကြလေသည်။
ထန်ချောင်းချောင်းသည် တစ်ချို့လူများကို ရင်းနှီးနေပေမဲ့ တစ်ချို့ကတော့ သူစိမ်းတွေသာ ဖြစ်သည်။ သူမပေးလိုက်လေသည်။
“မင်းတ်ို့ အရင်က ရိုက်ကွင်းကို လာခဲ့ကြတာလား?”
ဖန်အများစုသည် အော်ဟစ်မြည်တမ်းလိုက်ကြသည်။
“ အဲ့သည်အချိန် ကျွန်တော်မရှိလိုက်ဘူး ”
“ ကျွန်တော်တို့မှာ ဖက်ထုပ်တစ်ခုမှ မရှိတော့ဘူး ”
“ ကျွန်တော် အရင်အချိန်တုန်းက မမေးလိုက်ရဘူး။ဒီအချန်န်မှာတော့ ကျွန်တော် မင်းကို လိုက်ပို့ပေးဖို့ ကျန်နေရစ်ဖို့ အထူးတောင်းဆိုပါတယ်။မဟုတ်ရင် မင်းနဲ့ နောက်တစ်ကြိမ် တွေ့နိုင်ပါ့မလား မသိနိုင်ဘူးလေ။ ”
“ ချောင်းပေါင် နောက်တစ်ကြိမ်လည်ပတ်ဖို့ ကျွန်တော်တို့ နေရာပိုပေးနိုင်မလား? ”
...
“ ကောင်းပြီ။ ”
ထန်ချောင်းချောင်းနှင့် ဖန်များသည် လက်မှတ်ဂိတ်သို့ သွားရာတွင် တစ်ဖက်နှင့် တစ်ဖက် အချင်းချင်း စကားများပြောခဲ့ကြသည်။
“ မင်းဘာလိုတွေလုပ်နေတာတုန်း? မင်းမှာမျက်လုံးမပါဘူးလား! ” ရုတ်တရက် လူတစ်ယောက်သည် ကြမ်းတမ်းစွာ ဆဲဆိုလိုက်သည်။
“ ကျွန်မတောင်းပန်ပါတယ် တောင်းပန်ပါတယ် ” ထန်ချောင်းချောင်းကြည့်လိုက်သည်နှင့် အနက်ရောင်စကပ်ပ်နှင့် မိန်းကလေးသည် သူမ၏နောက်ရှိ သတ်လတ်််ပိုင်းလူတစ်ဦးကို တောင်းပန်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ထန်ချောင်းချောင်းနှင့် ပထမဆုံးအကြိမ် တွေ့ရသည်ည်ဖြစ်၍ အရမ်းစိတ်လှုပ်ရှားနေသောကြောင့် လမ်းကို အာရုံမစိုက်မ်ိပေ။ သူမသည် သတ်လတ်ပိုင်းယောက်ျားတစ်ဦးကို ဖြတ်တိုက်မိသွားသည်။
“ ဒါက အများပိုင်နေရာ မင်းအိမ်မဟုတ်ဘူး ” သတ်လတ်ပိုင်းယောက်ျား သည် ဆက်လက်ကျိန်ဆဲနေတုန်းဖြစ်သည်။
“ လူကဖြင့် ကြီးနေပြီ။ ဘယ်နေရာမှ သုံးမရဘူး။ ”
အနက်ရောင်စကပ်ပ်နှင့် မိန်းကလေးသည် အဲ့သည်နေရာတွင် ရှက်ရွံမှုများဖြင့် ရပ်နေလေသည်။
“ ဒါပေမဲ့လည်း မင်းဝတ်ပုံစားပုံ ကြည့်ရတာ မင်းက ဆိုဆုံးမမှု မခံရဘူးဆိုတာ လူတွေသိနိုင်ပါတယ်။ ”
သတ်လတ်ပိုင်းလူကြီး၏ ပါးစပ်ကြီးသည် လွန်စွာ စက်ဆုပ်ရွံရှာစရာကောင်းပေသည်််။ ထို့ပြင် သူ၏မျက်လုံးများသည် အနက်ရောင်စကပ်ပ်နှင့် မိန်းကလေး၏ ဖော်ထားသော ပေါင်တံများတွင် ရစ်ဝဲနေလေသည်။
အနက်ရောင်စကပ်ပ်နှင့် မိန်းကလေးသည် အရမ်းမငယ်ပေ။သို့သော်လည်း သူမအပြောခံနေရချိန်တွင် သူမသည်တစ်ခွန်းမှ ပြန်မပြောနိုင်ပေ။ သူမသည် သူမ၏ စကပ်ပ်ကို ရှက်ရှက်နှင့် ဆွဲချနေပြီး သူမ၏မျက်လုံးများ နီရဲလာသည်။
ထန်ချောင်းချောင်းသည် သူမအဲ့တာကို ကြားသည့့်အခါ စိတ်ဆိုးလာပေသည်။
သူမသည် ဖန်များကို တွန်းဖယ်၍ မိန်းကလေးဆီသို့ လျှောက်သွားလေသည်။
“ မင်း သူ့ကို ဝင်တိုက်မိတဲ့အခါ တောင်းပန်လိုက်လား? ”
“ ကျွန်မ တောင်းပန်ပါတယ်လို့ ပြောခဲ့တယ် ” ကောင်မလေးသည် သနားစဖွယ် ခေါင်းညိမ့်လိုက်သည်။
ထန်ချောင်းချောင်းသည် သူမကို သူမနောက်ကျောဖြင့် ကွယ်ထားလိုက်ပြီး အေးစက်စွာ ပြောလိုက်သည််။ “ ဒီက လူကြီးမင်း၊ သူမက ရှင့်ကို မတော်တဆ တိုက်မိတာ ပြီးတော့ ပြန်တောင်းပန်ပြီးသွားပြီ။ ”
“ အဲ့ဒီတော့? ” ဝတ်ဆုံပြည့်ဖြင့် သတ်လတ်ပိုင်းလူကြီးသည် သူ၏ဝမ်းဗိုက်ကို မြှောက်လိုက်သည်။ သူ သူ၏ဆံပင်ပေါ်တွင် ပျားဖယောင်းများ မည်မျှတင်ထားသည်ကို မည်သူသ်ိန်ိုင်မည်နည်း။အဲ့တာသည် ချောကျိနေပြီး ပြောင်လက်နေသည်။
“ ကျွန်မက အမြဲမျှမျှတတပဲ ” ထန်ချောင်းချောင်း အေးစက်စွာ ပြောလိုက်သည်။ “ သူမ တောင်းပန်ခဲ့တယ်။ အခု ကျွန်မ ရှင့်ကို သူမကို တောင်းပန်ဖို့ ပြောရလိမ့်မယ်။ ”
သတ်လတ်ပိုင်းလူသည် အော်ပြောလိုက်သည်။ “ ဘာလို့ ငါက သူမကို တောင်းပန်ရမှာလဲ? ”
ထန်ချောင်းချောင်း သရော်လိုက်သည်။
“ သူမဝတ်ထားတဲဲ့ ဒီအဝတ်တွေက ရှင့်ကို တစ်ခုခုလုပ်နေလို့လား...ဘာလုပ်နေလို့လဲဲ... ရှင့်မှာ သူကို လာပြီး အဲ့သည်လို ပြောရအောင် ဘာအရည်အချင်းရှိလို့လဲ... ”
သက်လတ်ပိုင်းလူကြီးသည် တက်ကြွစွာ ပြောလေသည်။
“ ငါမှားလို့လား... မိန်းကလေးတစ်ယောက် ဒီလိုစကပ်တိုနဲ့ မသင့်လျှော်အောင် ဝတ်ထားတာ အဲ့တာက သူမ ကောင်းကောင်းမွန်မွန် မသင်ပြခံခဲ့ရလို့ပေါ့ မဟုတ်ဖူးလား... ကောင်းကောင်းသင်ပြခံထားရတဲ့ ဘယ်မိန်းကလေးကများ ဒီလိုဝတ်စားထားလို့လဲ? ”
“ ဒီရက်ပိုင်း ဘာလို့ ဆိုးယုတ်တဲဲ့ ကျူးလွန်မှုတွေ၊ မုဒိမ်းကျင့်တဲ့ ဖြစ်ရပ်တွေ ဘာလို့ ဖြစ်လာလဲ... ဘာလို့ဆို မင်းတို့ မိန်းမတွေက အမြဲ ဒီလိုဖော်နေတဲ့ အဝတ်တွေကို ဝတ်ထားလို့ ပေါ့ကွ။ ဒါပေါ့သူတို့က ယောက်ျားတွေကို ဖျားယောင်နေတာပဲလေ။ မင်းတို့ကို မင်းတို့ နဲနဲလောက် ပိုဖုန်းလိုက်စမ်းပါ။ အဲ့တာဆို ဘာမှမဖြစ်တော့ဘူး။ ပြဿနာအားလုံးလည်း ရှင်းသွားလိမ့်မယ်။ ”
သက်လတ်ပိုင်းလူကြီးသည် ပျော်ရွှင်စွာ ပြော၍ ရိုင်းဆိုင်းစွာ တံတွေးလိုက်သည်။
ထန်ချောင်းချောင်းသည် ဒီစကားများ သူမကြားလိုက်သောအခါ လှောင်ပြောင်လိုက်လေသည်။
“ ရှင်ဘာလို့များ ကန်းသွားအောင် ရှင့်မျက်စိကို မထိုးပစ်လဲ? ဘာလို့များ ရှင့်အောက်ပိုင်းက အသားစကို မဖြတ်ပစ်လဲ? ကျွန်မထင်တာတော့ ဒီနည်းလမ်းကသာ ကမ္ဘာကြီး တကယ် ငြိမ်းချမ်းသွားမယ် ထင်တယ်။ ”
“ အဲ့ဒါမှန်တယ် ” ဖန်များသည် ထန်ချောင်းချောင်းကို ထောက်ခံရန် ကျယ်လောင်စွာ အော်လိုက်လေသည်။
“ မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? ဒီဟာက မတူဘူးကွ! ”
သက်လတ်ပိုင်းလူကြီး သည် ပြင်းပြင်းထန်ထန််် ခံပြောနေတုန်းဖြစ်သည်။
“ မတူဘူးလား? ” ထန်ချောင်းချောင်းပြုံးလိုက်သော်လည်း သူမမျက်ဝန်းများ အေးစက်နေသည်။
“ ရှင်တို့ ယောက်ျားတွေက အမြဲတမ်း ရှင်တို့ အောက်ပိုင်းကို တာဝန်ယူဖို့ မစဉ်းစားဘဲနဲ့ မိန်းမတွေ ဝတ်တာ နဲလွန်းတယ်ဆိုပြီးပဲ အပြစ်ရှာနေကြတာလေ။ ဘယ်လိုတောင် အပေါစားဆန်လိုက်လဲ? ”
“ မင်း... ” လူကြီးသည် တစ်ဖက်တွင် ယဉ်ကျေးပုံရသောအမျိုးသမီးသည် သည်လို တိုက်ရိုက်ကြီး ပြောချလိုက်မည်ဟု ထင်မှတ်မထားပေ။
ထန်ချောင်းချောင်းသည် တစ်ဆင့်ချင်းတစ်ဆင့် ပို၍ မာမာထန်ထန််် ဖိပြောလေသည်။
“ မိန်းမတွေ အဝတ်ဝတ်တာနည်းတဲ့အခါ ရှင်တို့ ယောက်ျားတွေက အဝတ်တွေက ဖော်လွန်းတယ် အဲ့ဒါက ရှင်တို့ကို သွေးဆောင်တယ်လို့ ပြောကြတယ်။ မိန်းမတွေက အဝတ်ကို တင်းတင်းကြပ်ကြပ်အားလုံးကို လွှမ်းထားပြီး ဝတ်ထားရင်လည်း ရှင်တို့က အဝတ်အစားအောက်မှာ ဘာရှိလဲ သိချင်ကြပြန်တယ် ပြီးတော့လည်း မိန်းမတွေက အဝတ်တွေ အများကြီး ဝတ်ထားပြီး ရှင့်တို့ကို အဲ့အကြောင်းအိမ်မက်မက်စေတယ် ပြောကြပြန်ပြီ။ ”
“ ဘာပဲဖြစ်ဖြစ် ရှင်တို့မှာ အကြောင်းပြချက်ရှိပြီးသားပဲ။ နောက်ဆုံးတော့လည်း မှားတဲ့သူက မိန်းမတွေပဲလေ ဟုတ်တယ်မလားဟင်? ”
“... ” သက်လတ်််ပိုင်းလူကြီး ပြန်မပြောနိုင်တော့ပေ။
ထန်ချောင်းချောင်းသည် လူကြီးကို အပေါ်မှ အောက်သို့ စိုက်ကြည့်ပြီးနောက် ပြက်ရယ်ပြုသည့့်အသံဖြင့် ပြောလိုက်သည်။
“ ကျွန်မထင်တာတော့ ရှင်ကလူတစ်ယောက်လို ဝတ်စားထားပေမဲ့ ရှင့် အတွေးတွေကတော့ ပုပ်သိုးနေတာပဲ။ ရှင်က တိရစ္ဆာန်တစ်ကောင်ပဲ! ”
“ ရင့်သီးလိုက်တာ။ ငါမင်းကို မနှောင့်ယှက်တော့ဘူး..."
သက်လတ်ပိုင်းလူသည် သူမနိုင်တော့မှန်းသိသွား၍ သူလွတ်မြောက်ချင်လာသည်။
“ ဟေး...နေဦး။ ” ထန်ချောင်းချောင်းသည် သူ၏ နက်ကတိုင်ုင်ကို လှမ်းဆွဲလိုက်ပြီး တစ်ခြားသောဖန်များသည်လည်း သူ၏လမ်းကို ပိတ်လိုက်သည်။
သူမခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ ရှင် သူမကို မတောင်းပန်ရသေးဘူး။ ”
ဖန်များသည် စိတ်အားတက်ကြွနေကြသည်။
“ တောင်းပန်၊ မြန်မြန်တောင်းပန် ”
သက်လတ်ပိုင်းလူသည် ခဏမျှရုန်းကန်ပြီးနောက် အမောတကောပြောလေသည်။
“ မင်းတို့ဘာလုပ်ချင်တာတုန်း? ဒါက အများပိုင်နေရာနော်။ ”
ထန်ချောင်းချောင်းသည် သူ၏ နက်ကတိုင်ကို ဖြေလျော့၍ ပြုံးလိုက်သည်။
“ ကျွန်မက ရှင်သူမကို တောင်းပန်ဖို့ လိုတယ်လို့ ပြောတာ ”
“ ငါမတောင်းပန်ရင်ရော မင်းတို့ဘာလုပ်နိုင်မှာမို့လဲ? မင်းတို့ ငါကိုသွားခွင့်ပြု မဟုတ်ရင်တော့ ငါမင်းတို့ကို တရားစွဲမှာ ”
ထိုလူကြီးသည် လူအုပ်ကြီးနှင့် ရင်ဆိုင်နေရသောကြောင့် သူ၏နဖူးတွင် ချွေးများစတင် ထွက်လာတော့သည်။
ထန်ချောင်းချောင်းပြုံးလိုက်သည်။
“ လုပ်လိုက်လေ။ တရားစွဲလိုက်စမ်းပါ။ တရားမစွဲတဲ့သူ ဘယ်သူဖြစ်ဖြစ် အရူးပဲ။ ”
လူကြီးကသူမရဲ့အေးစက်တဲ့ အရှိန်အဝါကြောင့်သတိလက်လွတ်ဖြစ်သွားခဲ့သည်။ပြီးတော့သူ့ရဲ့ဘေးကလူအုပ်ကြီးကနောက်ထပ်အော်လာခဲ့သည်။သူကခဏတာ တိတ်ဆိတ်သွားခဲ့ပြီးအနက်ရောင်နဲ့ကောင်မလေးကိုတိုးတိုးလေးပြောခဲ့သည်။
"တောင်းပန်ပါတယ်၊ကျေးဇူးပြုပြီးငါ့ကိုသွားခွင့်ပေးပါ"
ပရိတ်သတ်တွေကထန်ချောင်းချောင်းမျက်နှာကိုကြည့်လိုက်ရာ သူမကခေါင်းငြိမ့်ပြတာကြောင့် ။သူတို့ကလမ်းဖွင့်လိုက်သည် ထို သူကချက်ချင်းထွက်ပြေးသွားလေသည်။
"Yeah!" ပရိတ်သတ်တွေကမကူညီနိုင်ပေးမယ့်အားပေးခဲ့ကြသည်။
အနက်ရောင်စကတ်နဲ့ကောင်မလေးကမျက်ရည်များကျလာပြီးရယ်လိုက်သည်။သူမရဲ့နှလုံးသားထဲတွင် နွေးထွေးနေလေသည်။
Xxxxxx