အပိုင်း ၆၁
Viewers 23k

Chapter 61


ထန်ချောင်းချောင်းကသူမရဲ့ပုခုံးကိုပုတ်ခဲ့သည်။


"မင်းဘာကိုပဲဝတ်ဝတ် အဲ့တာမင်းရဲ့လွတ်လပ်ခွင့်ပဲ။သားကောင်ရဲ့အပြစ်နဲ့မချည်နှောင်ထားနဲ့။ဒါပေမယ့်သူ့လိုလူတွေအများကြီးရှိသေးတာမလို့မင်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လေ့လာထားသင့်တယ်ထင်တယ်။ပညင်ဆင်ထားပေါ့"


ပရိတ်သတ်တွေကသူတို့ရဲ့ခေါင်းများကိုငြိမ့်ခဲ့ပြီးသူတို့ပြန်သွားရင်သူတို့ကြိုးကြိုးစားစားလေ့လာရမယ်လို့ပြောခဲ့သည်။အနည်း‌ဆုံးဝောာ့သူတို့ခက်ခက်ခဲခဲဖြစ်ရမည်။သူတို့နောက်တစ်ချိန် အဲ့လို လူမျိုးတွေ့ခဲ့ရင်သူတို့ သူ့ကိုသတ်လိမ့်မယ်။


သူမစစ်ဆေးပြီးနောက် ထန်ချောင်းချောင်းက ပရိတ်သတ်တွေကိုလက်ပြခဲ့သည်။


" ပြန်လို့ရပါပြီ။မင်းတို့အလုပ်နဲ့ကျောင်းကို ပြန်သင့်ပြီ"


ပရိတ်သတ်များ :"ချောင်းပေါင် တ့တာ။showရိုက်နေတဲ့အချိန် ဂရုစိုက်နော်"


ထန်ချောင်းချောင်းလေယာဉ်ပေါ်မှာ သူမရဲ့ဖုန်းကိုပိတ်ခဲ့သည်။ဒါပေမယ့် weiboမှာနောက်ထပ်မုန်တိုင်းဖြစ်ပေါ်ခဲ့တာကိုသူမမသိဘူး။


အတင်းအဖျင်းမားကတ်တင်းအကောင့်တစ်ခုဖြစ်တဲ့ "Entertainment Gossip"က weiboမှာပို့စ်တင်ခဲ့သည်။:


"သေချာထူးခြားတဲ့ဇာတ်ရုပ်နဲ့ ပန်းပွင့်လေးကမကြာသေးမီကအောင်မြင်မှုအများအပြားရရှိခဲ့တယ်။ဒါပေမယ့်သူမကအောင်မြင်ကျော်ကြားတဲ့လေလှိုင်းတစ်ခုကို လွှင့်တင်ခဲ့တယ်။ကျွန်တော်တို့က အင်တာနက်သုံးစွဲသူတို့ထံမှ ပို့စ်တစ်ခုကိုလက်ခံရရှိခဲ့တယ်။ သူမနဲ့သူမရဲ့ပရိတ်သတ်တွေက ဒီနေ့ လေဆိပ်မှာဆူညံမှုအများအပြားကိုပြုလုပ်ခဲ့တယ်။တခြားခရီးသည်များကိုအရေးမစိုက်ခဲ့ကြဘူး။ကြီးမားတဲ့လူအုပ်ကြီးက ဘာမဟုတ်တဲ့ အနိုင်ကျင့်မှုတစ်ခုအတွက် ဖြတ်သွားဖြတ်လာတစ်ယောက်ကို ဝိုင်းအုံထားတယ်။


ဒီမာကတ်တင်းက လေဆိပ်မှာ ထန်ချောင်းချောင်းနဲ့သူမရဲ့ပရိတ်သတ်တွေကို မြင်လိုက်တဲ့ အင်တာနက်သုံးစွဲသူထံမှ ပို့စ်ကို ရရှိထားတယ်လို့ဆိုသည်။သူတို့က အကွာအဝေးတစ်ခုကနေသူတို့ကိုမြင်ခဲ့သည်။ပြီးတော့ အဲ့မှာ အပြင်လူတစ်ယောက်နဲ့အငြင်းပွားမှုဖြစ်ခဲ့သည်။ လူအုပ်ကြီးက လူတစ်ယောက်ကိုအနိုင်ကျင့်ခဲ့သည်။ထို့ကြောင့် သူတို့က weiboမှာပို့စ်တင်ရန် ဆုံးဖြတ်ခဲ့သည်။


အတင်းအဖျင်းအကောင့်က ထန်ချောင်းချောင်းက သူမရဲ့ပရိတ်သတ်တွေကို အမကြီးလိုမျိုးဦးဆောင်နေတဲ့ပုံကိုလည်းတင်ခဲ့သည်။လူအုပ်ကြီးက ထိုလူကိုဝိုင်းထားပြီးဝောာ့ ထန်ချောင်းချောင်းကထိုလူရဲ့နက်တိုင်ကိုပါ ဆွဲထားခဲ့သည်။


[သူတို့ဘာလုပ်နေကြတာလဲ?ထန်ချောင်းချောင်းရဲ့ ကြမ်းကြုတ်တဲ့အသွင်အပြင်က တစ်ယောက်ယောက်ကို ရိုက်ချင်နေတဲ့ပုံလား?]


[ထန်ချောင်းချောင်းက သူမ အလိုရှိနေတဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိထားတယ်လို့တွေးနေပုံရတယ်။ထို့ကြောင့် သူမက သူမကိုယ်သူမတရားမျှတမှုရဲ့ကိုယ်စားလှယ်လိုမျိုးသတ်မှတ်ပြီးနေရာတိုင်းမှာ ပြဿနာလုပ်နေတာ]


[သူမက အောင်မြင်မှုနည်းနည်းရလာပြီး သူမကမြောပါသွားလိမ့်မယ်။ဒီလိုအနိုင်ကျင့်တတ်တဲ့သူမျိုးကိုအမုန်းဆုံးပဲ]


ထန်ချောင်းချောင်းက အနက်ရောင်ဝတ်စုံနဲ့ကောင်မလေးကို ပြဿနာဖြစ်မှာကြောက်လို့weiboမှာမတော်တဆကို မတင်ဖို့ လေဆိပ်မှာ သူရဲ့ပရိတ်သတ်တွေကို ပြောခဲ့သည်။


ထို့ကြောင့်ပရိတ်သတ်တွေက အဲ့တာကိုသိတဲ့အချိန်မှာ "ထန်ချောင်းချောင်းက နာမည်ကြီးတစ်ခုကို ကစားနေတယ်"ဆိုတဲ့သတင်းက weiboမှာပြန့်နေခဲ့သည်။


တစ်ခါတစ်ရံမှာ rhythm တက်အောင်လုပ်ဖို့ရိုးရှင်းသည်။ပုံတစ်ခုတင်လိုက်ရုံပါပဲ။


Keyboardsနောက်က လူတွေက ပုံရဲ့စစ်မှန်မှုကို ဂရုမစိုက်ကြဘူး။သူတို့က ရူးမိုက်စွာ သူတို့အပေါ်ခုန်ပေါက်ပြီးသွေးက်ုစုပ်ယူရုံပဲ။


သကြားယုန်လေးတွေကအရမ်းစိတ်စောကြသည်။သူတို့ကနေရာတိုင်းမှာလိုက်ရှင်းပြပေမယ့် တခြားပရိတ်သတ်တွေကကောလဟာလတွေကိုငြင်းဆိုတဲ့အတွက်သူတို့ကို အော်ကြပြီးသူတို့ကိုတစ်ယောက်မှမယုံကြဘူး။


အဖွဲ့ခေါင်းဆောင် xiaoxiaoကဒီနေ့လေဆိပ်ကိုမသွားခဲ့ဘူး။သူမက ပရိတ်သတ်အဖွဲ့ကိုမေးခဲ့သည်။"ဘာတွေဖြစ်ကုန်တာလဲ?"


ထို့ကြောင့်လေဆိပ်ကို သွားခဲ့တဲ့ ပရိတ်သတ်တွေကို အကြောင်းအရာကိုပြောပြခဲ့သည်။


Xiaoxiao: "ချောင်းပေါင် ကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာငါသိတယ်။အခုတော့စိတ်လျှော့ကြရအောင်။ချောင်းပေါင် ကလေယာဉ်ပေါ်မှာပဲရှိသေးတယ်။ဘာမှမသိသေးဘူး။သူမက ငါတို့ကိုအမြဲကာကွယ်ပေးတယ်။ဒါပေမယ့် အခုက သူမကို ငါတို့ပြန်ကာကွယ်ရမယ့်အလှည့်ပဲ။"


ချောင်းပေါင် လက်ထဲကကြာပွတ်လေး :"တခြားပရိတ်သတ်တွေကvideoကို fan club မှာတင်ဖို့ မင်းကိုလက်လွှဲနေကြတယ်။ကြေညာချက်ကို weiboမှာတင်ဖို့ fan club ကိုစောင့်ရအောင်"


ပရိတ်သတ်တွေက သူတို့ရဲ့လုပ်ငန်းတာဝန်များကိုအမြန်လိုက်နာဆောင်ရွက်ကြသည်။မကြာမီမှာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ခေါင်းစဉ်က ဒီနေ့လေဆိပ်မှာ မုန်တိုင်းဖြတ်သွားပြီး videoအားဖြင့်လိုက်ပါခဲ့တာကိုအသေးစိတ်ရှင်းပြသည်။


Video ထဲမှာ အနက်ရောင်စကတ်ကောင်မလေးနဲ့အသက်လတ်ပိုင်း လူရဲ့မျက်နှာကိုဖုံးထားသည်။ဒါပေမယ့် ထန်ချောင်းချောင်း မျက်နှာကိုမဖုံးထားဘူး။သူမပြောထားတဲ့အပြောအဆိုတွေလဲထွက်ခဲ့သည်။


"မင်းမျက်လုံးတွေကိုကန်းသွားအောင် ဘာလို့မထိုးတာလဲ?"


"ဘယ်လိုများဒီလောက်ဈေးပေါရတာလဲ?"


"မင်းကသားရဲတစ်ကောင်ပဲ"


"သူမကိုတောင်းပန်လိုက်"


ထန်ချောင်းချောင်းပါးစပ်ကနေ ထိုစကားလုံးတွေထွက်လာချိန်မှာအင်တာနက်သုံးစွဲသူများက "မိုက်လိုက်တာ" ဆိုတဲ့စကားတစ်လုံးကိုခံစားလိုက်ရသည်။


အထူးသဖြင့် ထန်ချောင်းချောင်း ထိုလူရဲ့နက်တိုင်ကိုဆွဲလိုက်ပြီး စကားလုံးတွေကိုပြောလိုက်ချိန်မှာ "ဘယ်သူမှ အရူးတစ်ယောက်ကိုတရားစွဲလို့မရဘူး" သူမရဲ့အေးစက်တဲ့အမူအရာက လူများကိုအော်ပြီး ဒူးထောက်အောက်လုပ်နိုင်သည်။


အရမ်းကြီးစိုးတာပဲ!


[ထန်ချောင်းချောင်းက သူမရဲ့နှလုံးသားကနေအရာအားလုံးကိုပြောခဲ့သည်။ထိုလူက အအော်ခံရဖို့ထိုက်တန်တယ်။]


[သူမရဲ့ပရိတ်သတ်တွေကို ကာကွယ်ပေးတဲ့starတစ်ယောက်နဲ့ဆိုတစ်ဘဝလုံး ပရိတ်သတ်တစ်ယောက်ဖြစ်နိုင်တယ်]


[သေလိုက်တော့ အတင်းအဖျင်းအကောင့်၊အစကတည်းက ပုံတစ်ပုံပဲရှိတယ်။ဒါပေမယ့် အကြောင်းအရာအားလုံးကို ဖန်တီးထားတာတွေပဲ]


[တစ်ခါတစ်ရံ,ထန်ချောင်းချောင်းကို အော်တဲ့လူအများစုကမိန်းကလေးတွေဖြစ်တယ်လို့စိတ်ကူးဖို့ခက်တယ်။ဒါပေမယ့် သူမကအမျိုးသမီးတွေအတွက်တိုက်ခိုက်ပေးခဲ့တယ်။ညီအစ်မတို့ ငါတို့ပူးပေါင်းသင့်တယ်။]


[ဝတ်ဆင်ဖို့အတွက်လွတ်လပ်မှု၊သားကောင်ရဲ့အပြစ်တင်ခြင်းကိုငြင်းဆန်ဖို့၊ထန်ချောင်းချောင်းကိုအားပေးရအောင်]


[အတင်းအဖျင်းမားကတ်တင်းအကောင့်တောင်းပန်သင့်တယ်။ကောလဟာလတွေအကုန်သူတို့လုပ်ခဲ့တာ]


ဒါပေမယ့်အတင်းအဖျင်းentertainmentအကောင့်ကပို့စ်ကိုလဲမဖျက်သလို တုံ့ပြန်မှုလဲမရှိဘူး။ပြီးတော့ သေချင်ယောင်ဆောင်နေကြသည်။


နောက်ပိုင်းမှာ Jingcheng Shenglong Law firm ကနေလက်မှတ်ရရှိထားတဲ့ weiboအရာရှိတစ်ယောက်ကရှေ့နေရဲ့စာကို "Entertainment Gossip"ဆီသို့ရုတ်တရက်ပေးပို့ခဲ့သည်။


ရှေ့နေက သူတို့ရဲ့မှားနေတဲ့ကြေညာချက်ကိုချက်ချင်းဖျက်ရန်နဲ့ထန်ချောင်းချောင်းနဲ့သူမရဲ့ပရိတ်သတ်တွေကိုတောင်းပန်ဖို့ တင်းမာသောလေသံနဲ့သတိပေးခဲ့သည်။မဟုတ်လျှင် တရားရုံးမှာတရားစွဲလိမ့်မည်။


ရှေ့နေရဲ့စာထုတ်ပြန်ပြီးဆယ်မိနစ်အကြာမှာ Entertainment Gossip က blogကိုချက်ချင်းဖျက်ခဲ့ပြီးစစ်မှန်တဲ့စိတ်ရင်းနဲ့တောင်းပန်စာအလုံးတစ်ထောင်လောက်တင်ခဲ့သည်။


[ဒါက ငါမြင်ဖူးသမျှထဲမှာ ကောလဟာလတွေပျက်တာအမြန်ဆုံးပဲ။အရမ်းကောင်းတယ်။]


[အစွမ်းရှိရင် မတောင်းပန်နဲ့လေhahaha]


[မတောင်းပန်နိုင်ဘူးလား?အဲ့တာဘယ်ရှေ့နေကုမ္ပဏီလဲကြည့်လေ။အဲ့ဒီရှေ့နေတွေကပေကျင်းမှာ နာမည်အကြီးဆုံးပဲ။သူတို့ဘယ်တော့မှ မရှုံးဘူး]


[ဒါပေမယ့်ဖောက်သည်က ဘယ်သူလဲဆိုတာရှေ့နေရဲ့စာက မပြောပြတာထူးဆန်းတယ်]


[အဲ့တာကထန်ချောင်းချောင်း မဟုတ်ရင်ဘယ်သူများရှိသေးလို့လဲ?]


ဘာပဲဖြစ်ဖြစ်၊Xiaoxiaoကအဖွဲ့ထဲကို မေးခဲ့သည်။


"ချောင်းပေါင်ကလေယာဉ်ပေါ်ကမဆင်းရသေးဘူး။ဘယ်သူရှေ့နေ့ငှားလိုက်တာလဲ?"


ချောင်းပေါင်လက်ထဲကကြာပွတ်လေး :"အဲ့တာငါမဟုတ်ဘူး"။သူ့မှာအဲ့တာတွေလုပ်ဖို့ အချိန်မရသေးဘူး။


ရှန်းယွဲ့ကအဖွဲ့ထဲမှာဆွေးနွေးနေတာကိုစကားမပြောပဲ တိတ်တဆိတ်ကြည့်နေခဲ့သည်။


ပြဿနာတွေပြီးသွားရင် သူ သူရဲ့ကုသိုလ်တွေအောက်မှာအလေးအနက်ပုန်းနေလိမ့်မည်။


သူ သူ့ကိုသူ လေးစားသည်။


ထန်ချောင်းချောင်းသည် သူမ လေယာဉ်ပေါ်တက်ပြီး ပရိုဂရမ်အဖွဲ့ စီစဉ်ထားသော ဟိုတယ်တွင် စာရင်းသွင်းမပြီးမချင်း သူမသည် ဝေ့ပေါမှ အုံကြွမှုကို မသိသေးပေ။ ထို အတင်းအဖျင်းမာကတ်တင်းအကောောင့်များသည် ပုံပြင်များကို အမှန်တကယ် ဖန်တီးနိုင်ပေသည်။ သို့သော်လည်း ဒီအချိန်တွင် ဒီကိစ္စသည် ငြိမ်သက်သွားပြီဖြစ်သောကြောင့် သူမသည် နောက်ထပ် မုန်တိုင်းကို ရှောင်ရန် သူမ၏အမြင်ကို မရှင်းပြတော့ပေ။


သို့သော်ငြားလည်း ဘယ်သူက ရှေ့နေစာကို တောင်းဆိုလိုက်တာလဲ? 


ထန်ချောင်းချောင်း စိတ်ရှုပ်နေသည်။ သူမအေဂျင်စီ၏ တုန့်ပြန်မှုနှုန်းသည် လိပ်ထက်တောင်မှ နှေးလေသည်။ အစ်ကိုချမ်ကလည်း အဲ့ဒါ ကုမ္ပဏီ၏ လူထုဆက်ဆံရေးရုံးမှ လုပ်သည်မဟုတ်ဟု အတည်ပြုခဲ့သည်။


ဒါဆို ဘယ်သူများလဲ? အဲ့တာက သူမ၏အကြီးဆုံးဖန် မစ္စတာကျန့် ကြာပွတ်လေးလား? သူမမှာ အခွင့်အရေးရှိရင် မေးကြည့်ရပေမည်။ 


ထန်ချောင်းချောင်းသည် ဟိုတယ်တွင်တစ်ညအနားယူပြီးနောက် နောက်နေ့မနက်စောစောတွင် အခြားဧည့်သည်များနှင့်တွေ့ရန် ပရိုဂရမ်အဖွဲ့ သတ်မှတ်ထားသော နေရာသို့ အလျင်အမြန် လာခဲ့သည်။


“‌ တောရိုင်းတွင်ရှင်သန်ခြင်း ” သည် အင်တာနက်ပေါ်တွင် တုန့်ပြန်မှု များပြားသော liveလွင့်သည့် အစီအစဉ်တစ်ခု ဖြစ်သည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ဗရုတ်ကျသော တည်းဖြတ်မှု များမပါသဖြင့် ကြည့်ရှုသူများသည် စတားများ၏ သူတို့ တောရိုင်းထဲတွင်ရှင်သန်စဉ် တွေ့ကြုံသော အခကအခဲအမျိုးမျိုးကို ရင်ဆိုင်ရသည့် အစစ်မှန်ဆုံးသော တုန့်ပြန်မှုများကို သေချာစွာကြည့်‌နိုင်ပေသည်။


ဒါရိုက်တာသည် နှုတ်လုံသောသဘောတူညီချက်များတွင်တော်တော်ကျွမ်းကျင်သည်။ သဘောတူညီချက်တွင် လက်မှတ်ထိုးထားသော စတားများသည်ပင် ဧည့်သည့်လိုင်းတွင် မည်သူရှိသည်ကို မသိပေ။


ပထမဆုံးအပိုင်း၏ တည်နေရာသည် ပစ်ထားသော အနောက်တောင်ဘက်တွင်ရှိသော တောအုပ်တစ်ခုထဲတွင် ဖြစ်သည်။ ပရိုဂရမ်အဖွဲ့များတွေ့ဆုံသည့် နေရာသည် တောအုပ်အဝင်ဝရှိ နေရာလွတ်တွင်ဖြစ်သည်။


ထန်ချောင်းချောင်း ရောက်သောအခါ အခြားဧည့်သည် အရင်ရောက်နေပြီဖြစ်သည်။ ထိုသူသည် ကျော်ကြားသော အဆိုတော်ဖြစ်သည့် ကုန်းပေါင်ဖြစ်သည်။ သူသည် မျိုးဆက်တစ်ဆက်ထဲတွင် တီဗီစီးရီး၏ ဇာတ်ဝင်သီချင်း အားလုံနီးပါးကို သီဆိုခဲ့သည်။ သူသည် လူကြီးလူကောင်းပုံစံ ဖြစ်သည်။


ထန်ချောင်းချောင်း သူ့ကို နှုတ်ဆက်ပြီး မကြာမှီတွင် အခြားဧည့်သည်ရောက်လာပေသည်။


ဝေ့ယိချီဖြစ်သည်။


သူကားပေါ်မှ ဆင်းလာပြီး ထန်ချောင်းချောင်းကို မြင်သွားသောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်လေသည်။ “အစ်မချောင်းချောင်း!”


ထန်ချောင်းချောင်း၏ မျက်လုံးထဲတွင်တော့ သူမသည် သူ၏ လေတွင်လွင့်နေသော အစိမ်းရောင်ဆံပင်ကိုသာ မြင်လေသည်။


‘ ကောင်လေး ငါမင်းနဲ့ မတွေ့တာ အတော်ကြာပြီပဲ။ မင်းရဲ့စတိုင်လ် တော်တော် ပြောင်းသွားတာပဲ။ ’


ထန်ချောင်းချောင်းသည် ဝေ့ယိချီကို သူတို့ အကြိမ်များစွာ လက်တွဲလုပ်ကိုင်ထားသောကြောင့် မောင်ငယ်လေးအဖြစ် မှတ်ယူထားပြီး ဖြစ်သည်။ ရှိုးကို ထုတ်လွင့်ပြသပြီးနောက် သူ၏ ကျော်ကြားမှုသည် အများအပြား မြင့်တက်သွားသည်။ သူသည် ဂရု၏အောက်ခြေတွင် နောက်ထပ်မရှိတော့ပေ။ သို့သော်ငြား သူသည် ဝီချက်တွင် “ အစ်မချောင်ူပေါင် ” ဟု မကြာခဏ ခေါ်လေ့ရှိသည်။ ထန်ချောင်းချောင်းသည်လည်း သူ့ကို သူမပြုလုပ်ထားသော အဆာပြေမုန့်များ အကြိမ်တော်တော်များများ ပို့ပေးလေ့ရှိသည်။


ထန်ချောင်းချောင်း၏ အကြည့်သည် သူ၏ခေါင်းပေါ်သို့ ကျရောက်ပြီးနောက် သူမ၏ ပထမဆုံးသော ဝါကျမှာ “ ကမ္ဘာပေါ်တွင် ရနံ့မမွေးသော မြက်ဟူ၍ မရှိပေ။ မင်းအချစ်က ကျိုးပျက်သွားရင်တောင် သို့မဟုတ် မင်းက ပစ်ချခံထားရရင်တောင် မင်းဝမ်းနည်းဖို့ မလိုပါဘူး။ ”


ဝေ့ယိချီတွင် အစိမ်းရောင်ဆံပင်ရှိပြီး သူ၏ဆံပင်သည် ဖြောင့်နေသည်။ နဖူးပေါ်တွင်ကျနေသော ဆံယဉ်အားလုံးကို ဖီးထားသည်က သူ၏ ပင်ကိုစရိုက်တစ်ခုလုံးပြောင်းလဲသွားစေသည်။


ဝေ့ယိချီ : “ ဟမ်? ”


ထန်ချောင်းချောင်းသည် သူ၏ဆံပင်ကို ညွှန်ပြလိုက်သည်။ “ အစိမ်းရောင် ”


ဝေ့ယိချီသည် သူ၏ဆံပင်ကို ထိပြီး ရှင်းပြလိုက်သည်။ “အစ်မချောင်းချောင်း ဒီဟာက အစိမ်းမဟုတ်ပါဘူး ။ စိမ်းပြာရောင်ဆိုတာ သိသာပါတယ်။ ” 


ထန်ချောင်းချောင်း : ‘ အဲ့တာက မတူလို့လား? ’


သူရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “ ဘာလို့ဆို ကျွန်တော် MV တစ်ခုရိုက်ခဲ့ပြီး ကျွန်တော့်ရဲ့သီချင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေါက်သွားတယ်လေ။ ကျွန်တော် ကျွန်တော်ရဲ့ဆံပင်ကို ဒီအရောင်ဆိုးလိုက်တာ မလှဖူးလား? ဖန်တွေကတော့ ချောတယ်ပြောတာပဲ။ ”


“ အရမ်းကို ပြိုင်ဘက်ကင်းတယ်။ ” ထန်ချောင်းချောင်း စကားလုံးလှလှလေးသုံလိုက်သည်။ သူမသည် ဝေ့ယိချီ၏ ကြည့်ကောင်းသော ကလေးပင်ကိုစရိုက်သည် အပြာရောင် အစိမ်းရောင်ဆံပင်တို့နှင့် မလိုက်ချေ။


ထို့နောက် ဧည့်သည်နှစ်ယောက် ထပ်ရောက်လာသည်။ တစ်ယောက်သည် အားကစားလောက၏ ကျော်ကြားသော ကျန်းယန်ဖြစ်သည်။ သူသည် တစ်ခါက အိုလံပစ်ဆုရှင် ဖြစ်ခဲ့သည်။ အနားယူပြီးနောက် သူသည် ဖျော်ဖြေရေးစက်ဝန်းသို့ ဝင်ရောက်ခဲ့သည်။ သူ၏ဖန်အရေအတွက်သည် ကျော်ကြားသော အမျိုးသားစတား၏ ဖန်များအောက်မနိိမ့်ပေ။


အခြားဧည့်သည်တစ်ယောက်သည်တော့ တကယ့်ကို ရင်းနှီးနေသော မျက်နှာဖြစ်သည်။ ဝမ်ချမ်းအာ ဖြစ်သည်။


ထန်ချောင်းချောင်းသည် သူမကို မြင်လိုက်သည်နှင့် လျို့ဝှက်စွာ တိုးတိုလေးရေရွတ်လိုက်သည်။


 “ တကယ့်ကို ရန်သူတွေက လမ်းကျဉ်းလေးမှာ တွေ့ဆုံကြတာပဲ။ ”


ဝမ်ချမ်းအာသည်လည်း ဒီအစီအစဉ်တွင် ထန်ချောင်းချောင်းကို တွေ့ရမည်ဟု မမျှော်လင့်ထားချေ။


သူမနှုတ်ဆက်ရန် မြှောက်လိုက်သောလက်သည် လမ်းတစ်ဝက်တွင် ရပ်သွားလေသည်။ သူမသည် ထန်ချောင်းချောင်းကို လုံးဝမနှုတ်ဆက်ချင်ပေ။ သို့သော်လည်း နောက်ဆုံးတွင် ကင်မရာက ရိုက်ကူးနေသည်။ နောက်ဆုံးတွင်တော့ သူမသည် ကိုးရိုးကားယားပြုံးလျက် ထန်ချောင်းချောင်းနှင့် အဝေးတွင် သွားရပ်နေတော့သည်။


အဘယ်ကြောင့်ဆိုသော် ထန်ချောင်းချောင်းသည် သူမမူလပိုင်ဆိုင်ခဲ့သည့် ဇာတ်ကောင်ကို ယူသွားခဲံသာကြောင့် သူမသည် သူမသီးသန့် အချိန်စာရင်းကို ဖြည့်လိုက်ရလေသည်။ ၎င်းသည် ရုတ်တရက်ဆန်လွန်း၍ သူမသည် ဇာတ်ညွှန်းကောင်းတစ်ခုမှ လက်ခံမရရှိပေ။ မဟုတ်လျှင် သူမသည် ဘယ်လိုကြောင့် ဒီလိုပင်ပန်းလွန်းသည် ရသစုံရှိုးကို လာချင်ပါလိမ့်မည်နည်း...


Xxxxxx