Chapter 62
ဝမ်ချမ်းအာသည် ပြုံးနေသော်လည်း သူမ၏ သွားများသည် မုန်းတီးမှုများဖြင့် ယားယံနေပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ အချိန်ကြာကြီး စောင်ခဲ့ရသော ဧည့်သည် သရုပ်ဆောင် ရှုယုရီ ရောက်လာပြီဖြစ်သည်။
“ ဆောရီး ကျွန်တော့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပတ်သတ်ပြီး အသေးစားပြဿနာလေးရှိနေလို့ ကျွန်တော်နဲနဲ နောက်ကျသွားတယ်။ အားလုံးရဲ့ အချိန်တွေကို မကြန့်ကြာစေဖို့ မျှော်လင့်ပါတယ်။ ”
ရှုယုရီ ၏ ဆံပင်သည် အဖွား၏မီးခိုရောင် ကာလာဖြစ်သည်။ သူသည် ကြီးမားသော နေကာမျက်မှန်ကြီးကို တပ်၍ သူ၏ပါးစပ်ထဲတွင် ဂျယ်လီကို ဝါးနေသည်။
ထန်ချောင်းချောင်းသည် ဒီရှုယုရီနှင့် ပတ်သတ်၍ သတင်းအနည်းငယ်ကြားထားလေသည်။ သူသည် ဖျော်ဖြေရေးစက်ဝန်းတွင် ရောနေသော်လည်း လူတိုင်းသည် သူ ဂိမ်းမာ တစ်ယောက်ဖြစ်ကြောင်းသိကြလေသည်။ သူသည် သူမိသားစု၏ တန်နှင့်ချီသော ဘီလီယံအမွေများကိုဆက်ခံထားသည်။
သူ၏ဖန်များသည် ရှုယုရီ ပါးစပ်ဖွင့်၍ “ ကိုယ်ပိုင်လေယာဉ် ” ဟု ပြောလိုက်တိုင်း “ မာစတာရှု ” ဟု ခေါ်လေ့ရှိသည်။
ဧည့်သည်များအားလုံးရောက်ရှိပြီးနောက် ရိုက်ကူးရေးသည် တရားဝင်စတင်လိုက်ပြီ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွင့်မှု အခန်း စတင်ဖွင့်လိုက်သည်နှင့် တပြိုင်နက် များပြာလှသော အင်တာနက်သုံးသူသို့ ရောက်ရှိလာကြသည်။
【 လောင်ဇီက နောက်ဆုံးတော့ ဝင်လာပြီပဲ။ ငါသေတောင်သေတော့မယ်။ 】
【 အဲ့မှာ မိန်းကလေးနှစ်ယောက်ပဲရှိတယ် ဒါမဲ့ အဲ့တာက ထန်ချောင်းချောင်းနဲ့ ဝမ်ချမ်းအာ တို့ပဲ။ ရန်သူတွေက လမ်းကျဉ်းလေးမှာတွေ့ကြတာပဲ။ 】
【 ရှိုးဝန်ထမ်းတွေက သူတို့ သူတို့မျက်နှာပျက်လိမ့်မယ်ဆိုတာ မသိဘူးလား? ဘာလို့ သူတို့နှစ်ယောက်ကို တူတူဖိတ်ထားရတာလဲ? 】
【 အဲ့တာက နောက်ထပ် ရှိုးကောင်းကောင််းတစ်ခုဖြစ်တော့မှာပဲ၊ ဟဟဟ 】
.... ဒါရိုက်တာသည် မိုက်ခရိုဖုန်းကိုယူ၍ ရပ်နေတုန်းဖြစ်သည်။ သူက ဧည့်သည်တို့၏နေရာကို သူ၏မျက်နှာတွင်အပြုံးလေးဖြင့် ကြည့်လိုက်သည်။
“ ဝမ်ချမ်းအာ ဘာလို့ မင်းအပြင်မှာရပ်နေရတာလဲ? မင်းနဲ့ ထန်ချောင်းချောင်းတို့က ငါတို့ရှိုးက ပန်းပွင့်လေးတွေလေ။ မင်းတို့နှစ်ယောက်လုံး အလယ်မှာ ရပ်ရမှာလေ။ ”
ဝမ့်ချမ်းအာသည် ပြုံး၍ ပြောလိုက်သည်။ “ ကျွန်မ ဒီမှာပဲ ရပ်လိုက်ပါမယ်။ ”
ဒါရိုက်တာ : “ အလယ်မှာနေပါ။ အမျိုးသားဧည့်သည်များ မင်းတို့က လူကြီးလူကောင်းတွေပဲ။ သူမအတွက် နေရာပေးလိုက်ပါ။ ”
ရှုယုရီ ပြုံရယ်၍ ပြောလိုက်သည်။ “ ကျွန်တော်ပေးလိုက်မယ်။ ” သူသည် နှစ်လှမ်းလောက်ဆုတ်၍ သူမကို သူ၏နေရာပေးလိုက်သည်။
ဝမ်ချမ်းအာ အထဲသို့ အနည်းငယ်ဆုတ်၍ ထန်ချောင်းချောင်းဘေးနားသို့ ရွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံးသည် ရှိုးမှ စီစဉ်ထားသော ဆင်တူပန်းရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်။
ပုံစံသည် အရိုးရှင်းဆုံးတစ်ခုလည်းဖြစ်သည်။
သူမထွက်ပေါ်လာသည်နှင့် သူမသည် သေချာပေါက် ထန်ချောင်းချောင်းနှင့် နှိုင်းယှဉ်ခံရပေမည်။
ထန်ချောင်းချောင်းသည် သူမ၏ဆံပင်ကို မြင်းမြီးပုံစံ ခပ်မြင့်မြင့် စီးထားသည်။ သူမတွင် ချောမွေ့နေသော နဖူး၊ လုံးဝန်းနေသော ဦးခေါင်း၊ သွယ်လျသောခါးနှင့် ကျစ်လျစ်သော ပေါင်များရှိသည်။ သူမသည် ပုံတုန်းသော အားကစားဝတ်စုံ ဝတ်ထားသည်တောင်မှ အဲ့တာသည် စျေးကြီးသောတံဆိပ်နှင့် အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်နှင့်တူပေသည်။
အင်္ကျီဆင်တူဝတ်ရသည်မှာ မဆိုးဝါးသော်လည်း ဝမ်ချမ်းအာသည် မည်သူက ရုပ်ဆိုးပြီး ရှက်စရာကောင်းသည်ကိုဟူသော အမှန်တရားကို နားလည်ပေသည်။
ထို့အပြင် သူမ၏ ပုတိုသောအရပ်အမောင်းသည် သူမ၏ခန္ဓကိုယ်ကို နိမ့်သွားစေပြီး နှိုင်းကြည့်လျှင် ကြမ်းတမ်းသည့်ပုံပေါ်လေသည်။ သူမသည် သူမ၏ ပုသော ခန္ဓကိုယ်ကိုဖုံးကွယ်ရန် အမြဲတမ်း စကပ်ရှည်များ ဝတ်လေ့ရှိသည်။ သို့သော်လည်း အခုတော့ ထန်ချောင်းချောင်းနှင့် နှိုင်းယှဉ်လိုက်သောအခါ လုံးဝမြင်သာသွားတော့သည်။ သူမ ပြန်သွား၍ သူမ၏အဝတ်အစားများ ချက်ချင်းလဲဖို့ရာ မစောင့်နိုင်ပေ။
【ဝမ်ရှောင်းအာမှန်တယ်ရယ်။ သူမဘယ်လိုလုပ် အလယ်မှာ ရပ်ချင်ပါ့မလဲ။ ယှဉ်ကြည့်လိုက်ရင် အရမ်းဝမ်းနည်းစရာကောင်းတဲ့ဟာကို 】
【 ဒီလို အားကစားဝတ်စုံမျိုးကို အရမ်းကို ဒုက္ခရောက်စေတယ်။ ဒါပေမဲ့လည်း ထန်ချောင်းချောင်းဝတ်လိုက်တော့ အရမ်းကို ကြည့်ကောင်းနေတာပဲ။ 】
【 ဝမ်ရှောင်းအာကို ဂန္တဝင်အလှလေးဆိုပြီး သိကြတာ အခုတော့ သူမရှက်နေလောက်ပြီ။ 】
【 သူမမျက်နှာကို ကြည့်လိုက်ဦး။ ငါရယ်သေပြီ။ 】
...
ပရိုဂရမ်အဖွဲ့မစ်ရှင်၏ အကြောင်းအရာမှာ သူတို့ ချမှတ်ထားသောပန်းတိုင်သို့ ဒီဝင်ပေါက်မှ တစ်နေ့နှင့် တစ်ညအတွင်း အရောက်သွားရန်ဖြစ်သည်။
ဒါရိုက်တာ: “လူတိုင်း ပစ္စည်းတွေအများကြီးယူလာတာငါမြင်ပါတယ်။ ဒါမဲ့ ဝမ်းနည်းစရာကောင်းတာက မင်းတို့တွေ မင်းတို့ ပစ္စည်းတွေထဲက တစ်ခုပဲ ရွေးနိုင်မယ်။”
ဧည့်သည်များ ညင်းညူလိုက်ကြသည်။
“ဒါပေမဲ့!” ဒါရိုက်တာသည် လျင်မြန်စွာ ထပ်ပေါင်းပြောလိုက်လေသည်။ “ငါတို့ တောထဲမှာ အမှတ်အသားတွေထားခဲ့ထားတယ်။ အဲ့ဒီမှာ တဲတို့ တစ်ခြားဟာတွေပါ အထဲမှာ ရှိလိမ့်မယ်။ မင်းတို့ သူတို့ကို ရှာနိုင်ရင် မင်းတို့ သူတို့ကို ရနိုင်မယ်။ ”
အဲ့ဒါက ပထမဆုံး တံခါးကို ပိတ်ခိုငးပြီး ဖွင့်ဖို့ရာ ပြတင်းပေါက်သေးသေးလေးတွေ ရှိနေသည်ဟု ပြောသည့်အတိုင်းဖြစ်သည်။ လူတိုင်းတွင် ဒုတိယအခွင့်အရေးရှိတဲ့အခါ ထုံးစံအတိုင်းလက်ခံရမှာဖြစ်သည်။
ဒါရိုက်တာတွင် ဗျူဟာကောင်းများ ရှိနေလေသည်။
ဧည့်သည်များသည် အင်တင်တင်ဖြင့် အထုပ်အပိုးများဆီသို့ သွားကြလေသည်။ သူတို့ အချိန်အကြာကြီးကို တစ်ခုပဲသယ်နိုင်မည်ဟု ထင်ကြသည်။
ကုန်းပေါင်သည် ဓါတ်မီးတစ်ချောင်းကို ယူ၍ ကျန်းယန်သည်တော့ ဓားမြှောင်တစ်ချောင်းယူလိုက်သည်။ ဝမ်ရှောင်းအာသည်တော့ အချိန်အကြာကြီး တုန့်ဆိုင်းပြီးနောက် သူမ၏ အင်းစက်နှိမ်နင်းပေးသည့် ဆေးဘူးကိုယူလိုက်သည်။ရှုယုရီသည် ခပ်မိုက်မိုက်ဖြင့် သူစျေးကြီးပေးဝယ်ခဲ့သော တောခုတ်ဓါးကြီးကို ယူလိုက်ပြီး ဝေ့ရီချီသည်လည်းပဲ ဓါတ်မီးတစ်ချောင်းယူလိုက်သည်။
ထန်ချောင်းချောင်းသည် အရွယ်အစားသေးငယ်သော အိတ်လေးကို ရွေးချယ်လိုက်သည်။
ဝမ်ရှောင်းအာသည် မကျေမနပ်ဖြင့်မေးလိုက်သည်။ “သူမယူလိုက်တာဘာလဲ? အဲ့ထဲမှာ ပစ္စည်းတွေများကြီးပါနေတာဖြစ်နိုင်တယ်။”
ထန်ချောင်းချောင်းသည် ပုခုံးကိုတွန့်၍ အိမ်ကိုတည်ငြိမ်စွာ ဖွင့်ပြလိုက်ပြီး ဒါရိုက်တာကိုပြလိုက်သည်။
ဒါရိုက်တာအိပ်ကိုကြည့်လိုက်သောအခါ လွန်စွာအံ့သြသွားလေသည်။ ထို့နောက်သူသည် ပြုံးလိုက်သည်။ “အဲ့ထဲမှာ တကယ်ကို့တစ်ခုထဲရှိတယ်။စည်းမျဉ်းကို မချိုးဖောက်ဘူး။ ”
【 ငါအရမ်းကိုသိချင်နေပြီ။ အဲ့ဒါကဘာကြီးလဲ? 】
【 ထန်ချောင်းချောင်းက အမြဲမတူညီတဲ့ လမ်းကြောင်းကနေသွားနေကျမဟုတ်လား။ ငါတကယ်ကို စောင့်မျှော်နေပါပြီ။ 】
လူခြောက်ယောက်ကို အဖွဲ့နှစ်ဖွဲ့ ဖွဲ့လိုက်လေသည်။ အဖွဲ့ခွဲလိုက်သောအခါ ထန်ချောင်းချောင်း၊ ဝေ့ယိချီနှင့် ရှုယုရီတို့သည် တစ်ဖွဲ့တည်းကျလေသည်။ တခြားသုံးယောက်သည် နောက်ထပ်အဖွဲ့ထဲတွင်ဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့သည် တောအုပ်ထဲသို့ တစ်ဖွဲ့ကဘယ်ဘက်၊ တစ်ဖွဲ့က ညာဘက်သို့ ဝင်ခဲ့ကြလေသည်။ ပြောင်း၍ ကြည့်ရှုနိုင်သော နှစ်ခုခွဲထားသည့် screen ပရိတ်သတ်တို့၏ တိုက်ရိုက်ထုတ်လွင့်ခန်းတွင် ပြသလာသည်။
ဝေ့ယိချီသည် အရင်တုန်းကအတိုင်းကပင် ထန်ချောင်းချောင်း၏နောက်လိုက်လေးကဲ့သို့ လိုက်နေတုန်းဖြစ်သည်။ သို့သော်လည်း ရှုယုရီသည်တော့ အဆုံးမရှိ စကားများပြောလိုက်လာသည်။
“အိုး ငါတို့ခုထိအချင်းချင်းမသိသေးဘူးပဲ။အချင်းချင်းမိတ်ဆက်ကြရအောင်လေ”
ထန်ချောင်းချောင်း သူ့ကို စိုက်ကြည့်လိုက်သည်။ “ငါတို့ စောနကပဲ ငါတို့ကိုငါတို့ မိတ်ဆက်ပြီးပြီမဟုတ်လား? ငါနာမည်က ထန်ချောင်းချောင်း ပြီးတော့ နင့်နာမည်က ရှုယုရီလေ။”
ရှုယုရီ: “...”
သူဆိုလိုသည့် မိတ်ဆက်ခြင်းက သည်လိုမဟုတ်ပေ။
ထန်ချောင်းချောင်း၏ ခြေလှမ်းမျာ မြန်လွန်းသောကြောင့် သူနောက်ကလိုက်နေရသည်။ “ဘာလို့ ချစ်စရာကောင်းတဲ့ကောင်မလေးက ဦးဆောင်သွားပြီး လမ်းဖွင့်ပေးဖို့လိုမှာလဲ? ငါဦးဆောင်လိုက်ပါ့မယ်။”
“ကောင်းပြီလေ” ထန်ချောင်းချောင်း ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်ပြီး သူ့ကိုဦးဆောင်စေလိုက်သည်။
တောအုပ်သည်ကား အသီးအရွက်တွေ၊ သက်ကိုင်းခြောက်တွေ အရွက်တွေ နွယ်ပင်များဖြင့် ရောယှက်နေသည်။ လမ်းတစ်ခဏလျှောက်ပြီးနောက်တွင် သူတို့သည် ဆူးများပါရှိနေသော နွယ်ပင်များဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
ရှုယုရီသည် သူ့လက်ထဲတွင်ရှိသည့် တောခုတ်ဓားကို မသုံးလိုက်ရမည်ကိုစိုးရိမ်နေခဲ့သော်လည်း သူဒီမြင်ကွင်းကို မြင်သည့်အခါ ပျော်ရွှင်စွာပင်ပြောလိုက်လေသည်။
“မပူပါနဲ့ ငါလမ်းရှင်းလိုက်မယ်”
သူပြောခဲ့သလိုပင် သူသည် တောခုတ်ဓားကို ကိုင်စွဲလိုက်ပြီး အတားအဆီးများကိုရှင်းရန် ကြိုးစားလိုက်သော်လည်း သူသည်အနဲငယ်သာ ဝှေ့ယမ်းနိုင်ခဲ့လေသည်။ သူသည် နွယ်ပင်တစ်ချောင်းဖြတ်ရန်ကိုပင် အကြိမ်များစွာ ခုတ်ရမှာဖြစ်သည်။ “ငါ မခုတ်နိုင်ဘူးဆိုတာ မယုံဘူး”
ရှုယုရီသည် ဒေါသထွက်ထွက်ဖြင့် လာ၍ တောခုတ်ဓားကို ပြင်းပြင်းထန်ထန်လွှဲလိုက်သည်။ နွယ်ပင်များ မပြတ်သည်သာမက သူလက်ဖဝါးများပင် ထုံသွားလေသည်။
‘ခက်လွန်းသည်။’
သူ့အားများဖြန်းတီးမိသွားပြီး ရှုယုရီ၏မျက်နှာသည်လည်း အရုပ်ဆိုးလျက်ရှိသည်။ သူသည် သူ့နောက်မှနှစ်ယောက်ကို ပြန်လှည့်ကြည့်ရန်ပင်ရှက်နေပေသည်။
ထန်ချောင်းချောင်း သူ့ကိုအချိန်ကြာအောင်ကြည့်နေသော်လည်း ရပ်ကြည့်မနေန်ုငတော့ပေ။
“ငါလုပ်လိုက်မယ်။”
“ဟမ်?” ရှုယုရီ သူ့ပါးစပ်ကိုဖွင့်၍ပြောလိုက်လေသည်။ “ငါဆက်လုပ်လိုက်ပါ့မယ်။ မင်းရဲ့ခွန်းအားက ပိုတောင်ဆိုးလိမ့်ဦးမယ်။ ငါ့ကိုခဏအနားပေးပြီးစောင့်နေစမ်းပါ။ ငါထပ်ကြိုးစားလိုက်မယ်။”
ထန်ချောင်းချောင်းကို ကောင်းကောင်းသိသော ဝေ့ယိချီသည် ဘာမျှမပြောပေ။ သူသည်ပြုံးလိုက်ပြီး ရှိုးပွဲကိုသာ ကြည့်နေလေသည်။
ထန်ေချာင်းချောင်းသည် သူ့၏လက်ထဲမှ တောခုတ်ဓားကိုယူ၍ သူမ၏သေးငယ်သောလက်ကလေးဖြင့် ပေါ့ပေါ့ပါးပါးခုတ်လိုက်သည်။ ထို့နောက်နွယ်ပင်သည် ချက်ချင်းကို တစ်ဝက်ပြတ်သွားသည်။ နောက်ထပ်နှစ်ချက်သုံးချက်ခုတ်ပြီးသောအခါ သူတို့သုံးယောက်ရှေ့တွင် လူသွားလမ်းလေး ပေါ်လာတော့သည်။
ရှုယုရီ: ???
【 ဒီမြင်ကွင်းက အရမ်းကိုရှက်စရာကောင်းတာပဲ။ 】
【 ရှုယုရီကတော့ ခုထိအံ့အားသင့်နေတုန်းပဲ။ 】
【 သုက ထန်ချောင်းချောင်းရဲ့ ကင်းကောင်ဘာဘီဆိုတဲ့ နာမည်ကိုမသိတာဖြစ်န်ုငတယ်။】
【 ရှုယုရီတော့ ဒီတစ်ကြိမ်ကံကောင်းပြီး ထန်ချောင်းချောင်းကို သိလိုက်ရပြီ။ ဒါမဲ့သူ့ပုံရိပ်ကတော့ ကွဲကြေသွားပြီ ဟဟဟ 】
ထန်ချောင်းချောင်းနောက်ပြန်မကြည့်ဘဲ ပြောလိုက်လေသည်။ “ ငါ့နောက်လိုက်ခဲ့ ”
တောအုပ်က ထူထပ်လွန်းသည်။ ထိုအချိန်သည် နေ့လယ် ၂ နာရီပင်ရှိသေးသော်လည်း နေရောင်က သစ်ရွက်များကြားမှသာ တိုး၍ ဝင်လာနိုင်လေသည်။
ဓားမကို ဝှေ့ယမ်း၍ ဆူးခြုံများကို ခုတ်ထွင်နေသော ထန်ချောင်းချောင်း၏ ဦးဆောင်မှုအောက်တွင် ဝေ့ရီချီနှင့် ရှုယုယီတို့သည် ထိခိုက်မှုမရှိပဲ အေးဆေးစွာပင် ထန်ချောင်းချောင်းနောက်သို့ လိုက်လာကြသည်။
ရှုယုယီက ခေါင်းအနောက်ကိုကိုင်၍ သူ့အနောက်၌ရှိသော ဝေ့ရီချီအား ခပ်တိုးတိုးလှည့်ပြောလိုက်သည်။
"ငါတော့ မကောင်းဘူးထင်တာပဲ...ငါတို့ယောင်္ကျားကြီးနှစ်ယောက်က မိန်းမတစ်ယောက် လမ်းထွင်တဲ့နောက်ကို လိုက်နေရတယ်...ဒါ လူကြီးလူကောင်းတွေ လုပ်သင့်တဲ့အရာမဟုတ်ဘူး..."
ဝေ့ရီချီက သစ်ကိုင်းရှည်တစ်ခုကို လှမ်းယူလိုက်ကာ ထန်ချောင်းချောင်း၏ တက်ကြွနေသော နောက်ကျောကိုကြည့်၍ ပြုံးလိုက်သည်။
"ခင်ဗျားသာ သူ့ထက် ပိုကောင်းအောင်လုပ်နိုင်ရင် အစ်မချောင်းချောင်းက ခင်ဗျားကို ချက်ချင်း ဓားပြန်ပေးပြီး လမ်းရှင်းခိုင်းမှာပါ..."
ထန်ချောင်းချောင်းသည် သူမ၏ ချစ်ဖို့ကောင်း၍ နှစ်လိုဖွယ်ဖြစ်သော ပုံစံလေးပျက်စီးသွားပြီဖြစ်သော်လည်း သူမ၏ ခွန်အားများကို ထုတ်မပြချင်ပေ။ သို့သော် သူမ အလုပ်ကြိုးစားရမည့်အချိန်ရောက်လျှင်တော့ နောက်မဆုတ်ပဲ ကြိုးစားမည်သာဖြစ်သည်။
ရှုယုယီသည် ခုတ်ချက်တိုင်း၌ သန်မာနေသော ထန်ချောင်းချောင်း၏ ခွန်အားများကို ကြည့်ကာ ဘာမှဆက်မပြောတော့ချေ။ ရှုယုယီသည် ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ သံသယများဝင်လာမိသည်။ သူသည် မိန်းမတစ်ယောက်လောက်ပင် မသုံးမကျဘူးလား။
ထန်ချောင်းချောင်းသည် အားအင်အပြည့်ဖြင့် ခုတ်ထွင်၍ နောက်ဆုံးနွယ်ပင်များကို ရှင်းလင်းပြီးသောအခါ သူတို့ရှေ့မှ လမ်းသည် ရှင်းလင်းသွားတော့သည်။ နောက်ဆုံးတော့ အနည်းငယ် မြေပြန့်သည့်နေရာသို့ ရောက်ခဲ့ပြီဖြစ်သည်။ မျက်စိတစ်ဆုံးမြင်ရသလောက်တော့ လမ်းပိတ်နေသော နွယ်ပင်နှင့် သစ်ကိုင်းများ မရှိချေ။
【သခင်ရှုရဲ့ ယုံကြည်ချက်နဲ့ လူငယ်နှလုံးသားလေးကတော့ ပထမဆုံးအကြိမ် ထိခိုက်သွားရရှာပြီ...】
【သခင်ရှုက သိမ်ငယ်နေစရာမလိုပါဘူး...တကယ်တော့ ကင်းကောင်ဘာဘီချောင်းရဲ့ ခွန်အားက သာမာန်လူတွေနဲ့မှ ယှဉ်လို့မရပဲ...】
【သူတို့ကိုကြည့်ရတာ ကြေးအဆင့်နှစ်ခုနဲ့ ဘုရင် လို့ခံစားနေရတယ်...ဟားဟားဟား...】
[T/N: ဤသည်မှာ ဂိမ်းအသုံးအနှုန်းဖြစ်ပါသည်။ ဘုရင်အဆင့်သည် အကောင်းဆုံးစွမ်းရည်များဖြင့် ထိပ်ဆုံးအဆင့်ဖြစ်သည်။ ထို့နောက် ရွှေအဆင့်၊ ငွေအဆင့်များရှိ၍ ကြေးအဆင့်မှာ ဘာမှမတတ်သူများဖြစ်သည်။]
【မင်းအမေကိုသွားပြောလေ...သူတို့ကမှ ဘာဒဏ်ရာမှမရပဲ ဒီကိုရောက်လာကြသေးတယ်...နောက်အဖွဲ့ကိုသွားကြည့်လိုက်ဦး...အဲ့တော့မှ ကြေးအဆင့်က ဘာလဲဆိုတာ မင်းသိသွားလိမ့်မယ်...】
ထိုအချိန်၌ ဝမ်ရှင်းအာ၊ ကောပေါင်နှင့် ကျန်းယန်တို့သည်လည်း ချုံနွယ်ပိတ်ပေါင်းများနှင့် လမ်းပိတ်နေသည့်အခက်အခဲနှင့် ကြုံနေရလေသည်။ အိုလံပစ်ချန်ပီယံအနေနှင့် ကျန်းယန်က ဓားကိုယူကာ အနစ်နာခံ၍ ရှေ့မှသွားလိုက်သည်။ သို့သော် ဤသည်မှာ အားကစားပြိုင်ပွဲမဟုတ်ချေ။ သဘာဝတရားသည် ခေါင်းမာလွန်းသောကြောင့် လမ်းရှင်းသည်မှာ မီတာတစ်ဝက်သို့ မရောက်သေးခင်မှာပင် ကျန်းယန်တစ်ယောက် အလွန်မောပန်းနေတော့သည်။
Xxxxxxxx