Chapter 63
မျှစ်များနှင့် ဝါးမှို
ကောပေါင်က မြင်သောအခါ ပြောလိုက်သည်။
"မင်းတစ်ယောက်တည်း လုပ်နေရတာတော့ မဟုတ်သေးပါဘူး...ငါတို့ အကုန် အလှည့်ကျလုပ်လိုက်မယ်..."
ဝမ်ရှင်းအာက ဆွံ့အသွားသည်။ သူမက ဘာမှထုတ်မပြောသော်လည်း သူမ၏ မျက်နှာက "ကျွန်မကိုပါ လုပ်စေချင်နေတာလား..." ဟု ပြောနေသကဲ့သို့ ရှိနေသည်။
ကျန်းယန်က ဝမ်ရှင်းအာ၏ နူးညံ့၍ အားပျော့သော ပုံစံကိုမြင်သွား၍ အသက်တစ်ချက် ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"သူ့ကိုတော့ ထားလိုက်ပါ...ကျွန်တော်တို့က ယောင်္ကျားတွေပဲ...ကျွန်တော်တို့ ပိုလုပ်လိုက်မယ်လေ..."
ကောပေါင်က ပြုံးလိုက်သော်လည်း မညှာတာစွာပင် ပြောလိုက်သည်။
"အလှည့်ကျလုပ်တာ ပိုကောင်းပါတယ်...ငါတို့ အားတွေကို ချွေတာရမယ်လေ...ရှေ့မှာက သွားစရာလမ်းက အရှည်ကြီးရှိသေးတယ်..."
ဝမ်ရှင်းအာကို ကြည့်ရသည်မှာ ပို၍ပင် တွန့်ဆုတ်သွားဟန်ပေါ်နေသည်။ သူမသည် လက်ထဲ၌ ပိုးကောင်ကာကွယ်သည့်ဆေးဘူးကိုကိုင်၍ အထဲမှ အဆိပ်ရှိသည့် ပိုးကောင်များ ရုတ်တရက် ပျံထွက်လာတော့မည့်အလား ထူထဲသောတောအုပ်ကို ကြောက်လန့်စွာ ကြည့်နေလေသည်။
ကောပေါင်ကတော့ တရားမျှတပါသည်။ နွယ်ပင်များကို အချိန်အတန်ကြာ ရှင်းလင်းပြီးသောအခါ ဓားက ဝမ်ရှင်းအာ ဆီသို့ ကမ်းပေးလိုက်တော့သည်။
ဝမ်ရှင်းအာက ဓားကို ကိုင်၍ ဘာစလုပ်ရမည်မသိဖြစ်နေလေသည်။ ကျန်းယန်က မကြည့်ရက်ပဲ အနည်းငယ် လမ်းပြပေးလိုက်သည်။
နောက်ဆုံး၌ ဝမ်ရှင်းအာသည် လက်မောင်းကိုဆန့်၍ ဓားအား သတိကြီးစွာ ဝှေ့ယမ်းလိုက်ရာ.....သစ်ရွက်နှစ်ရွက် ပြတ်သွားလေသည်။
【ဘုရားရေ ဝမ်ရှင်းအာ...နင်က ဓားကိုကိုင်ထားတာလား တူကို ကိုင်ထားတာလား...】
【နွယ်ပင်တွေက အဆိပ်ရှိလို့လား...အဝေးကြီးမှာရပ်ပြီး လက်မောင်းကို ဆန့်ပြီးလုပ်နေရတာ လက်ကောက်ဝတ်က ကောင်းကောင်းအလုပ်လုပ်လို့ ဘယ်ရမလဲ...ဖြတ်နိုင်ရင်ပဲ တော်ဦး...】
ထို့နောက်တွင် ဝမ်ရှင်းအာသည် အခါများစွာ ခုတ်ပိုင်းနေသော်လည်း နွယ်ပင်များက တုတ်တုတ်မျှပင်မလှုပ်ချေ။ သူမ၏ လက်ခုံကို ဓားနှင့်ခြစ်မိသွားသောအခါတွင်တော့ မျက်ရည်များက ချက်ချင်းလျှံထွက်လာတော့သည်။
ဝမ်ရှင်းအာ၏မျက်ရည်များက ပန်းပွင့်မိုးများရွာနေသကဲ့သို့ ဖြစ်နေလေသည်။
"ကျွန်မ တောင်းပန်ပါတယ်...ကျွန်မ ဘယ်နေရာမှ အသုံးမကျဘူး..."
ကျန်းယန်က မကြည့်ရက်တော့ချေ။
"မင်း အနောက်ကိုပဲသွားလိုက်ပါ...ငါဆက်လုပ်လိုက်ပါ့မယ်..."
ကောပေါင်ကတော့ ဘာမှမပြောပဲ မျက်မှောင်သာကျုံ့နေလေသည်။
ထန်ချောင်းချောင်းတို့သည် နွယ်ပင်နှင့် ဆူးချုံများကို ကျော်လွှားနိုင်ခဲ့သော်လည်း ရှေ့ဆက်ရမည့်လမ်းမှာ လွယ်ကူနေသည်တော့မဟုတ်ချေ။ တောအုပ်သည် အန္တရာယ်များပြားလွန်းလှ၍ လူတိုင်းက မြေပြန့်ကိုသာ အာရုံစိုက်နေကြလေသည်။ တကယ်တော့ သစ်ရွက်ဆွေးများအောက်တွင် လူသားစားသည့်ရွံ့ညွန်အိုင်များ ရှိနေနိုင်လေသည်။ အလွန်ပင် သတိထားရမည်ဖြစ်သည်။
ထန်ချောင်းချောင်းတို့အဖွဲ့သည် ရွံ့ညွန်အိုင်လေးတစ်ခုကို သတိကြီးစွာထား၍ ဖြတ်ကျော်ခဲ့ကြသည်။ သူတို့သည် တောအုပ်ထဲရောက်နေသည်မှာ ၂နာရီကျော်ကြာခဲ့ပြီဖြစ်လေသည်။
ရှည်လျား၍ ထူထပ်သောသစ်ပင်များက ပူပြင်းသည့် နေရောင်ခြည်ကိုကာကွယ်ပေးထားသော်လည်း သစ်ရွက်များဖြင့် လေဝင်လေထွက်သိပ်မကောင်းသောကြောင့် ပူအိုက်ဆဲပင်ဖြစ်သည်။
ရှုယုယီ၏ချွေးများက သူ့အင်္ကျီတစ်ထည်လုံးကို စိုရွှဲနေစေသည်။ ဤကဲ့သို့သော ပြဿနာများကို ဘယ်တုန်းကများ ရှုယုယီ ခံစားရဖူးပါသနည်း။ ဤတောတွင်းရှင်သန်ရေးရှိူးသို့ လာရန် သူ့သူငယ်ချင်းများနှင့် အလောင်းအစားမလုပ်ခဲ့သင့်ပါ။ ရှုယုယီသည် သူ့မျက်နှာအား လူဝတစ်ယောက်အဖြစ် ဖူးယောင်စေရန် ထိုးနှက်ခဲ့ခြင်းသာဖြစ်သည်။ ဤရှိုးသို့ လာမည့်အစား လန်ဒန် သို့မဟုတ် ပဲရစ်သို့သွား၍ ဖက်ရှင်ရှိုးပွဲများကို ကြည့်နေသည်ကမှ အများကြီးကောင်းဦးမည်။ နိုင်ငံရပ်ခြားမှ လမ်းများကို ဓာတ်ပုံရိုက်နေသည်က ကောင်းလွန်းသည်မဟုတ်လား။
[T/N: မျက်နှာအား လူဝတစ်ယောက်အဖြစ် ဖူးယောင်စေရန် ထိုးနှက်ခြင်းသည် တရုတ်စကားပုံတစ်ခုဖြစ်သည်။ မလုပ်နိုင်သည်ကို မငြင်းပဲ ဂုဏ်သိက္ခာမကျဆင်းစေရန်အတွက် အတင်းသည်းခံ၍လုပ်ခြင်းကို ဆိုလိုသည်။]
သို့သော် အမျိုးသမီးတစ်ဦးဖြစ်သော ထန်ချောင်းချောင်းနှင့် အသက် ၂၀ ပင် မပြည့်သေးသော ဝေ့ရီချီတို့ကိုကြည့်လိုက်ရာ ထိုနှစ်ယောက်သည် "ပင်ပန်းသည်" ဆိုသောစကားကို လုံးဝမပြောကြသေးချေ။ ထို့ကြောင့် ရှုယုယီသည်လည်း ညည်းညူ၍မရပဲ ပရိုဂရမ်အုပ်စုကိုသာ အပြစ်တင်နေမိသည်။
"ဒီပရိုဂရမ်အဖွဲ့က လူတွေမဟုတ်ဘူး...ငါတို့ကို ရေသယ်ခွင့်တောင်မပေးကြဘူး..."
ထို့နောက် ခပ်တိုးတိုးဆက်ပြောလိုက်သည်။
"ငါတို့ ရေအရင်ရှာသင့်လား...မဟုတ်ရင် ငါတို့ ထောက်ပံ့ရေးစခန်းကိုမရှာနိုင်ရင် ငါတို့ ရေငတ်ပြီး သေကုန်လိမ့်မယ်...ဒါရိုက်တာက ထောက်ပံ့ရေးစခန်းမှာ ရေထားပေးထားလား ဆိုတာလည်း မသိနိုင်ဘူး..."
ဝေ့ရီချီ၏မျက်နှာသည် အပူရှိန်ကြောင့် နီရဲနေသည်။ သူသည် ခြောက်သွေ့နေသောနှုတ်ခမ်းများကို ဖိကိုက်၍ပြောလိုက်သည်။
"အစ်မချောင်းချောင်း...ကျွန်တော်တို့ ဘာဆက်လုပ်ရင်ကောင်းမလဲ..."
ချောင်းချောင်းပြောသမျှကို ဝေ့ရီချီလုပ်မည်သာဖြစ်သည်။
ထန်ချောင်းချောင်းသည် ရပ်၍ ရှေ့သို့ကြည့်လိုက်သည်။ ထိုအချိန်၌ သူတို့သည် လမ်းဆုံတစ်ခုသို့ ရောက်နေကြခြင်းဖြစ်သည်။
ရှုယုယီက ရှေ့သို့ တိုးကြည့်လိုက်သည်။
"ငါတို့ ဘယ်ဘက်ကို သွားရင်ကောင်းမလဲ..."
ထန်ချောင်းချောင်းသည် ဘေးဘီမှ ပတ်ဝန်းကျင်အခြေအနေကို သေချာကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။
သဘာဝပတ်ဝန်းကျင်သည် ဝိဉာဉ်စွမ်းအင်များကို သိုလှောင်ထားသည့်နေရာဖြစ်သည်။ ခေတ်ပေါ်လူ့အဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးလိုက်ကြသောအခါ ဤဝိဉာဉ်စွမ်းအင်များကိုပါ ဖျက်ဆီးလိုက်ကြသည်။ သို့သော် ဤတောအုပ်ကတော့ လူတို့၏လှုပ်ရှားမှုများစွာနှင့် သိပ်မထိတွေ့ရသေးသောကြောင့် သဘာဝဝိဉာဉ်စွမ်းအင်အတက်အကျများကို ထန်ချောင်းချောင်း ခံစား၍ရနေသေးသည်။
ထန်ချောင်းချောင်းသည် မျက်လုံးများကို ပြန်ဖွင့်၍ သေးသွယ်သောလက်ညှိုးဖြင့် ညာဘက်သို့ ထိုးပြလိုက်သည်။
"ဟိုဘက်ကိုသွားကြမယ်..."
"ဘာဖြစ်လို့လဲ...ဘယ်နဲ့ညာက ဘာမှလည်း သိပ်မကွာပဲနဲ့..."
ရှုယုယီက နားမလည်စွာမေးလိုက်သည်။ ညာဘက်လမ်းက အနည်းငယ်လည်း ပို၍ မှောင်နေသယောင်ရှိသည်။
ဝေ့ရီချီ: "အစ်မချောင်းချောင်းပြောတာ မှန်မှာပါ..."
ရှုယုယီသည် ဝေ့ရီချီအား ဆွံ့အစွာကြည့်လိုက်သည်။ ဤကောင်လေးသည် ထန်ချောင်းချောင်း၏ နောက်လိုက်သဖွယ် ဖြစ်နေလေသည်။
ထန်ချောင်းချောင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ရေရဲ့အနံ့ကို ရလို့ပေါ့..."
ရှုယုယီ: "တကယ်လား..."
ရှုယုယီသည် အနည်းငယ်သံသယရှိသော်လည်း ထန်ချောင်းချောင်းနှင့် ဝေ့ရီချီနောက်သို့ ကျိုးနွံစွာပင် လိုက်လာလိုက်သည်။
သူတို့သည် လျှောက်လာရင်းဖြင့် ရေကို အစအနပင်မတွေ့ရသော်လည်း ကြီးမာသော ဝါးပင်အုပ်တစ်ခုကိုတော့ တွေ့လိုက်ရသည်။ ဝါးပင်များသည် ထူထပ်များပြားစွာပေါက်နေကြ၍ ဝါးရွက်များကလည်း စိမ်းလန်းနေကြသည်။ သူတို့သည် ဝါးပင်အုပ်၏အစွန်းဘက်ရှိ ဝါးပင်များကိုပင် မမြင်ကြရချေ။ စီတန်းနေသော ဝါးပင်များက တိတ်ဆိတ်သော ဝါးခြံလေးသဖွယ် ဖြစ်နေကြသည်။
ရှုယုယီက ဘယ်ညာကြည့်လိုက်သည်။
"ဘယ်မှာလဲ ရေက..."
ထန်ချောင်းချောင်းက လက်ညှိုးကိုမြှောက်ကာ ဝါးတောအုပ်ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ရှုယုယီ: "ငါတို့က ဒီကို အလည်အပတ်ထွက်လာတာမှမဟုတ်တာ...ဝါးပင်အုပ်က ဘာလုပ်လို့ရမှာလဲ..."
ထန်ချောင်းချောင်းက တောင်ပို့လေးတစ်ခုကို ခုန်ကျော်လိုက်ကာ ဝါးပင်အုပ်ဆီသို့ လျှောက်သွားလိုက်သည်။ ဝါးပင်တစ်ချောင်းကို ကိုင်ကြည့်၍ နားနှင့် ကပ်၍နားထောင်လိုက်ကာ ဝါးပင်၏အဆစ်များကို တစ်ခုချင်းစီ ခေါက်ကြည့်လိုက်သည်။ အချို့အဆစ်များက အတွင်း၌ ဘာမှမရှိပဲ လှိုဏ်ခေါင်းသံပေါက်နေသော်လည်း အချို့အဆစ်များကတော့ အတွင်း၌ တစ်ခုခုရှိနေသလို အသံထွက်နေသည်။
"မင်းဘာလုပ်နေတာလဲ...ဖရဲသီးရွေးဖို့ လိုက်ခေါက်ကြည့်နေသလိုပဲ..."
ရှုယုယီ၌ မေးစရာမေးခွန်းများ တစ်ရာလောက်ရှိနေသော်လည်း ထန်ချောင်းချောင်းကတော့ လျစ်လျူရှုထားလိုက်သည်။
ဝေ့ရီချီ: "အစ်ကိုယုယီ စိတ်မပူပါနဲ့...အစ်မချောင်းချောင်းက သူဘာလုပ်နေလဲဆိုတာ သူ့ဘာသာသူသိမှာပါ..."
နောက်ဆုံးတော့ ထန်ချောင်းချောင်းသည် သူမ ရှာနေသည်ကို တွေ့သွားတော့သည်။ သူမသည် ဝါးပင်တစ်ချောင်းကို ပုတ်ပြ၍ အပြုံးနှင့် ပြောလိုက်သည်။
"ဒီမှာ ရေရှိတယ်..."
"ဒီထဲမှာ ဟုတ်လား...မင်း နောက်နေတာလား...ဒီ ဝါးပင်ထဲမှာ ရေက ဘယ်လိုလုပ်ရှိမှာလဲ..."
ထန်ချောင်းချောင်းက ဝါးပင်၏အဆစ်တစ်ခုကို ဓားမဖြင့် ဖြတ်လိုက်သည်။ အဆစ်တိုတိုကို ဖြတ်ပြီးသောအခါ ထိုအဆစ်ထဲ၌ ကြည်လင်သောရေများကို တွေ့လိုက်ကြရသည်။
"ဒါကို ဝါးရေ လို့ခေါ်တယ်...သဘာဝအတိုင်းသောက်လို့ရတဲ့ ရေပေါ့..."
"အလုံပိတ်နေတဲ့ ဝါးပင်ထဲမှာ ရေက ဘယ်လိုရောက်နေတာလဲ..."
ဝေ့ရီချီက သိချင်စိတ်ဖြင့်မေးလိုက်သည်။
"မနက်နဲ့ ညနေမှာ အပူချိန်မတူတာကြောင့် ဝါးပင်ထဲမှာ ရေခိုးတွေကနေ ရေဖြစ်လာတာ...ပြီးတော့ ဝါးပင်ရဲ့အကြောတွေကနေ ရေတွေကို စုပ်ယူထားလိုက်တာ..."
ထန်ချောင်းချောင်းက ရှင်းပြရင်း ရေများစုနေသော ဝါးဆစ်များကိုလိုက်ဖွင့်နေလိုက်သည်။
ရှုယုယီက ဝါးပင်တစ်ပင်ကို ကုန်း၍ ကြည့်လိုက်သည်။
ထန်ချောင်းချောင်း: "ခေါက်ကြည့်လို့ လှိုဏ်သံသိပ်မထွက်လာရင် ရေရှိနိုင်ချေများတယ်..."
ရှုယုယီသည် ဖရဲသီးဝယ်နေသာ ဦးလေးကြီးတစ်ဦးအသွင်ပြောင်းသွားတော့သည်။ ဝါးပင်များကို တဒေါက်ဒေါက် လိုက်ခေါက်နေရင်း ပျော်ရွှင်နေတော့သည်။
ထန်ချောင်းချောင်းက ပြုံးလိုက်မိသည်။
သူက ကျပ်များ သိပ်မပြည့်ဘူးမလားမသိဘူး...
【ဝူး...ချောင်းပေါင်က စွယ်စုံရတဲ့ ဆရာမကြီးပဲ...သူ့နောက်ကိုသာလိုက်ရင် အရာရာ စိတ်ချရတယ်. 】
【ရှုယုယီက တကယ်ကို မြေပိုင်ရှင်ရဲ့ ကျပ်မပြည့်တဲ့သားပဲ...ထန်ချောင်းချောင်းရဲ့ ကြည့်မရဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်ပါဦး...】
【ဝါးပင်: ဒေါက် ဒေါက်...ကျွန်တော့်ကို ကြားရလား ဒေါက် ဒေါက်...】
လူသုံးယောက်သည် ဝါးရေများစွာကို စုဆောင်း၍ နောက်ဆုံးတွင်တော့ သူတို့၏ ရေဆာမှု ပြေပျောက်သွားတော့သည်။
ထို့နောက်တွင်လည်း ထန်ချောင်းချောင်းသည် အငြိမ်မနေပေ။ တောအုပ်ကြမ်းပြင်ပေါ်၌ ကြွေကျနေသော ဝါးရွက်များကို ခြေထောက်ဖြင့် ထိုးဖွနေသည်။
ရှုယုယီက ထန်ချောင်းချောင်းလုပ်နေသည်ကို စပ်စုချင်လာမိသည်။
"မင်း ဘာလုပ်နေပြန်တာလဲ..."
"မျှစ်စို့တွေကို ရှာနေတာ..."
ထန်ချောင်းချောင်းသည် ထိုသို့ ပြောပြီးပြီးချင်းမှာပင် သူမ၏ မျက်လုံးများက တောက်ပသွားကြသည်။
"ဒီမှာ တွေ့ပြီ..."
ထန်ချောင်းချောင်းက ဒူးထောက်၍ သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်ရာ မြေကြီးထဲမှ ထိုးထွက်နေသော ဝါညိုရောင်မျှစ်စို့များကို တွေ့လိုက်ရသည်။
"ကျွန်မတို့ စားစရာတစ်ခုရပြီ..."
ထန်ချောင်းချောင်းက မျှစ်စို့၏ဘေးနားကို သေချာစွာ တူးနေ၍ ခဏကြာသောအခါ မျှစ်စို့တစ်ခုလုံး ပေါ်လာတော့သည်။
မျှစ်စို့များသည် နူးညံ့ဆဲပင်ရှိသေးသည်။ မျှစ်စို့များ၏ ကြွပ်ဆတ်၍ မွှေးကြိုင်သောရနံ့များကို စဉ်းစားလိုက်မိရုံနှင့်ပင် ထန်ချောင်းချောင်း သွားရည်ယိုလာမိသည်။
ထန်ချောင်းချောင်းသည် ပျော်ရွှင်စွာပြောလိုက်သည်။
"ကြောင်ကြည့်မနေကြနဲ့လေ...မြန်မြန်ရှာကြ...တူးရင်လည်း သတိထားကြဦးနော်...အစို့တွေကို မဖြတ်မိစေနဲ့..."
အရသာရှိသည်ဟု ကြားသောအခါ ဝေ့ရီချီနှင့် ရှုယုယီတို့သည် မျှစ်များကို တစ်ယောက် တစ်မျိုးစီ တူးနေကြတော့သည်။
သူတို့သည် ယခင်က မျှစ်များကို စားဖူးသော်လည်း ယခုကဲ့သို့ မြေကြီးထဲမှ တူးပြီးကာစ အစိမ်းကို စားရမည်မှာ ပထမဆုံးဖြစ်သည်။ ရှုယုယီသည် အလွန်တက်ကြွနေလေသည်။ သို့သော် အချိန်အနည်းငယ်ကြာအောင် တူးပြီးသော်လည်း ရှုယုယီသည် မျှစ်တစ်ခုမှ ရှာမတွေ့သေးချေ။ ဝေ့ရီချီကတော့ နှစ်ခု တွေ့ပြီးပြီဖြစ်သည်။ ရှုယုယီသည် အရှုံးမပေးချင်ပဲ ဝါးပင်များအောက်သို့ တူးကာ ထပ်ရှာနေလေသည်။
"အား မြွေတွေ...!"
ရှုယုယီသည် သစ်ရွက်ခြောက်တစ်ပုံကို လက်နှင့်ဖယ်လိုက်ရာ အောက်မှ အဖြူရောင်အရာတစ်ခုကို တွေ့လိုက်ရသည်။ သူသည် အလွန်ကြောက်လန့်သွားသဖြင့် မြေကြီးပေါ်၌ ဖင်ထိုင်လျက်ပင် နောက်သို့ ဆုတ်သွားလိုက်သည်။
"မလှုပ်နဲ့..."
ထန်ချောင်းချောင်းသည် "မြွေ" ဟူသော အသံကြားသောအခါ ချက်ချင်းပင် သတိကပ်သွားသည်။
ရှုယုယီသည် မည်သို့များ လှုပ်နိုင်ပါမည်နည်း။ သူသည် မြေကြီးပေါ်၌ထိုင်ကာ လက်နှစ်ချောင်းလုံးက တဆတ်ဆတ်တုန်နေကြသည်။ မျက်လုံးများကလည်း ရှေ့သို့ကြည့်ရန်ပင် အလွန်ကြောက်နေကြမိသည်။
ထန်ချောင်းချောင်းသည် သတိကြီးစွာဖြင့် ရှေ့သို့လှမ်းကာ ဖြည်းညင်းစွာ အနားကပ်သွားလိုက်သည်။ ဝေ့ရီချီနှင့် ကင်မရာသမားတို့သည်လည်း အသက်ပင် မရှူရဲကြချေ။
"မြွေက ဘယ်မှာလဲ..."
"ဝါးပင်အောက်မှာ..."
ရှုယုယီ၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေလေသည်။ အဖြူရောင်မြွေသည် အလွန်အဆိပ်ပြင်းသည့်ပုံ ပေါ်သည်မဟုတ်လား။
【ဘုရားရေ...ကြောက်ဖို့ကောင်းလိုက်တာ...ငါသာ မြွေကိုမြင်ရင်တော့ အဲ့နေရာမှာတင် မေ့လဲသွားမှာပဲ...】
【ထန်ချောင်းချောင်းက သွားရဲလိုက်တာ...ပရိုဂရမ်က ဒီလိုအခြေအနေမျိုးတွေနဲ့ မကြုံရအောင် ကြိုပြီး ကာကွယ်မှုတွေ လုပ်ထားသင့်တယ်မဟုတ်ဘူးလား...】
【ချောင်းပေါင်...အဲ့ဒီကို မသွားနဲ့...】
【ငါ့ရဲ့ နှလုံးဆေး ဘယ်နားမှာပါလိမ့်...】
ထန်ချောင်းချောင်းသည် ရှုယုယီညွှန်ပြနေသော ဝါးပင်ဆီသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။ ထို့နောက် သေချာကြည့်လိုက်သောအခါ ရှုယုယီအား သေမတတ်ကြောက်လန့်သွားစေသည့် "မြွေ" ကို တွေ့လိုက်ရတော့သည်။
"ဟားဟားဟား...မြွေက ဘယ်မှာလဲ..."
ထန်ချောင်းချောင်းသည် ရယ်၍ လက်ဆန့်၍ ထိုအရာကို လှမ်းယူလိုက်ကာ ရှုယုယီရှေ့၌ မြှောက်ပြလိုက်သည်။
ရှုယုယီသည် ကြောက်လွန်းလှသဖြင့် မျက်လုံးများကိုမှိတ်ကာ အော်ဟစ်နေတော့သည်။
"ကယ်ကြပါ...မင်း ဘယ်လိုများ အဲ့ဒါကြီးကို ကိုင်ရဲတာလဲ..."
ရှုယုယီက မကြည့်ရဲသော်လည်း ကင်မရာထဲတွင်တော့ ကြည်လင်ပြတ်သားစွာ ပေါ်နေလေသည်။
ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်နေသော ချန်နယ်ထဲတွင်:
【???? ဟားဟားဟားဟားဟား...】
【ရှုယုယီက အဲ့ဒါကြောင့် သေးထွက်ကျမတတ် ကြောက်သွားတာလား...ရှက်စရာကောင်းလိုက်တာ...】
【အဲ့ဒါကြီးက ဘာကြီးလဲ...ရုတ်တရက်ကြည့်လိုက်ရင် တကယ်ပဲ မြွေဖြူအရေခွံနဲ့ တူနေတာကိုး...ငါသာ ရှုယုယီနေရာမှာဆိုရင်လည်း လန့်သွားမိမှာပဲ...】
ထန်ချောင်းချောင်း: "ဒါက ဝါးမှိုလေ...မြွေမဟုတ်ပါဘူး..."
ရှုယုယီသည် မျက်လုံးကို အနည်းငယ်ဖွင့်၍ ထန်ချောင်းချောင်း၏လက်ထဲမှ အရာကို ကြည့်လိုက်သည်။ ထိုအရာသည် မှိုပွင့်ပုံစံဖြစ်နေသည်။ ထိပ်၌ ဦးထုပ်ကဲ့သို့ပုံစံရှိ၍ ထိုဦးထုပ်မှနေ၍ အဖြူရောင်ဇကာကွက်စကတ်ကဲ့သို့ အလွှာတစ်ခုရှိနေသည်။ ထိုအရာသည် သစ်ရွက်ကြွေများကြား၌ ပုန်းကွယ်နေသောကြောင့် ရှုယုယီက မြွေဖြူအဖြစ် အထင်မှားသွားခဲ့ခြင်းဖြစ်သည်။
Xxxxxxx

?