အပိုင်း (၉၄)
Viewers 31k

Part 94


လီကျင်းသည်လည်း မတော်တဆဖြင့် ဤနေ့သည် စုန့်ထင်းရှန်း၏မွေးနေ့ဖြစ်ကြောင်းသိသွားခဲ့ကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်မတိုင်ခင်ထဲက ကြိုတင်ပြင်ဆင်ထားခဲ့သည်။


တစ်စုံတစ်ယောက်ကို တစ်ဖက်သတ် ချစ်ခင်နှစ်သက်နေသောမိန်းကလေးများအားလုံးကဲ့သို့ပင် လီကျင်းသည်လည်း မျှော်လင့်မှုနဲ့စိုးရိမ်ပူပန်ကိုခံစားနေရသည်။


သူက စုန့်ထင်းရှန်း အတွက်အထူးတလည်လက်ဆောင်တစ်ခုပြင်ပေးချင်သော်လည်း မည့်သည့်ပစ္စည်းပေးရမည်မသိချေ။ ထို့အပြင် ကိုယ်တိုင်ကိုယ်ကျ ပုဝါထိုးပေးရန်အတွက်ကလည်းဆောင်းတွင်းနှင့်အလှမ်းဝေးနေသေးသည်။

သူမ အကူအညီရရန်အတွက် ဝေ့ပေါ်ပေါ်တွင် အချိန်အတော်အကြာရှာဖွေခဲ့သော်လည်းသူများတင်ထားသည့် လက်ဆောင် အိုင်ဒီယာများက မသင့်တော်သည်ဟုခံစားရသည်။


အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမ စုန့်ထင်းရှန်းအတွက် ကိတ်မုန့်တစ်လုံးဖုတ်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ဤအတွေးများ က ကိစ္စရပ်များကိုရှင်းရှင်းလင်းလင်းတွေးမိပြီးသားဖြစ်သည်။


စုန့်ထင်းရှန်း သည် သူမတို့ကြား၌အကွာအဝေးတစ်ခုထိန်းသိမ်းထားခဲ့သည်။ သူက သူမကို ကုမ္မဏီရှိတစ်ခြားဝန်ထမ်းများကဲ့သို့ပင်ဆက်ဆံလေသည်။သို့သော်လည်း သူတို့ကြာ၌ တစ်ခြားဆက်နွယ်မှုများကရှိနေဆဲပင်ဖြစ်သည်။


ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်လေ သူမရဲ့အကိုကြီးကိုယ်တိုင်က စုန့်ထင်းရှန်း ရဲ့မွေးနေ့အကြောင်းသူမကိုပြောပြချင်စိတ်ရှိသရွေ့အစဉ်ပြေတာပဲ ပြီးတော့ စုန့်ထင်းရှန်း ကိုသူမနားလည်ထားသည်အခြေအနေအရဆ်ိုရင် ဒီအကြောင်းကို သူမအကိုကြီးကိုသွားမေးနေမှာမဟုတ်ဘူး။


တကယ်လို့ သူမသာ တစ်ခြားနေ့တွေမှာ ကိတ်မုန့်တစ်လုံးပေးမယ်ဆိုရင် ကျိန်းသေပေါက်သူကငြင်းနိုင်တယ်။ဒါပေမဲ့ ဒီလိုနေ့မျိုးမှာပေးမယ်ဆိုရင်တော့ သူကငြင်းမှာမဟုတ်ဘူး။


သူမရဲ့ အကိုကြီးလီကိုလည်း မျက်နှာသာပေးရဦးမယ်လေမဟုတ်ဘူးလား။


တကယ်တမ်းတွင် လီကျင်းသည်လည်း စုန့်ထင်းရှန်း ၏မွေးနေ့ပွဲကို အတူတကွကျင်းပနိုင်မည်ဟုသော ကြီးမားသည့်မျှော်လင့်ချက်မျိုး မထားရှိထားပေ။ သူမက သူ၏မွေးနေ့တွင် ဂရုတစိုက်လုပ်ပေးသည့်တစ်စုံတစ်ယောက်ရှိသည်ဆိုတာကို သိစေချင်ခြင်းဖြစ်သည်။


သူမက စုန့်ထင်ရှင်း ရုံမှ စောစောပြန်သွားမည်ကိုစိုးရိမ်သောကြောင့် ကြိုသွားရန်ပြင်လိုက်သည်။ထို့အပြင် ရုံးမှ လုပ်ဖော်ကိုင်ဖက်များ ကိတ်မုန့်ဗူးကိုမြင်လျှင်အတင်းပြောကြမည်ကိုလည်း စိုးသောကြောင့် ကိတ်မုန့်ဗူးက်ိုတစ်ခြားဗူးတစ်ခုထဲ့သို့ထည့်လိုက်သည်။


ထို့နောက် မှန်အသေးလေးကိုထုတ်ကာ နှုတ်ခမ်းနီပြန်ဆိုးလိုက်ပြီး မိတ်ကပ်အနည်းငယ်ညှိပြီးနောက် မတ်တပ်ထရပ်လိုက်သည်။အားလုံးပြီးသွားသည့်အချိန်၌ သူမခေါင်းထဲသို့ ထူးဆန်းသည့်အတွေးတစ်ခုရုတ်တရက်ဝင်လာလေသည်။


ဒီနေ့က စီအီးအိုစုန်ရဲ့ မွေးနေ့ဆိုတာကို မစ္စစုန့်ရောသိလားမသိဘူး....သူမမသိလောက်ဘူး မဟုတ်လား။


....


ထိုအချိန်၌ ယွမ်ရှက ပေါက်စီလုံးလေးလက်က်ိုဆွဲကာ ဓာတ်လှေကားရှိရာဆီသို့လျှောက်လာခဲ့သည်။


ကုမ္မဏီသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သော်လည်း မူလယွမ်ရှသည် စုန့်ကော်ပိုရေးရှင်းတွင်အလုပ်လုပ်ခဲ့ဖူးသူဖြစ်သောကြောင့် သူမ၏မှတ်ဉာဏ်များကိုမှီခိုကာလျှောက်လာခဲ့လိုက်သည်။


စုန့်ထင်းရှန်း သည်တကယ်ကိုပင် ဒဏ္ဍာရီ လာအရှင်တစ်ပါးဟုဆိုရပေမည်။သူကနောက်မှ ထောက်ပံ့ပံပိုးပေးမည့်သူမရှိပဲနှင့်အသက်ငယ်ငယ်အရွယ်လေးနှင့်ပင် ဤမျှကြီးမားသော  ကုမ္ပဏီ တစ်ခုကိုတည်ထောင်နိုင်ခဲ့ပေသည်။


သူ၏ဆရာက ကျောင်း၌ သူကိုမိန့်ခွန်းပြောရန်ဖိတ်ကြားခြင်းကအံသြစရာမဟုတ်တော့ပေ။ 


ယွမ်ရှထိုအကြောင်းကိုတွေးကြည့်လိုက်မိသည်။


မူလယွမ်ရှဆီက ထောင်ချောက်ဆင်ခံပြီးလက်ထပ်လိုက်ရတာတစ်ခုပဲ သူဘဝရဲ့အစီစဉ်ထဲမှာမပါတဲ့တစ်ခုဖြစ်နိုင်မလား။


ထိုအချိန်၌ ဓာတ်လှေကားပွင့်သွားပြီးယွမ်ရှလျှောက်ထွက်လာလိုက်သည်။


ဧည့်ကြိုဌာနတွင် ရှိနေသော ဝန်ထမ်းက ယွမ်ရှကိုမမှတ်မိသော်လည်း ဝမ်လေးကိုသိနေသည်။သူမ. အနည်းငယ်ပင်အံအားသင့်သွားသည်။


ဝမ်လေးရဲ့ လက်ကိုဆွဲထားတဲ့သူက ဘယ်သူများလဲ။

အဲဒါ ကောလဟာလတွေထဲက မစ္စစုန့်များဖြစ်နေမလား....


ယွမ်ရှ က ရုံးဝန်ထမ်းတစ်ဦးဖြစ်ခဲ့ဖူးသောကြောင့် စီအီးအိုနဲ့တွေ့ဆုံရန်လာသောသူများသည် ဧည့်ကြိုဌာနတွင် အရင်ဆုံးအကြောင်းကြားရမည်ကိုသိပေသည်။သူမက ဝမ်လေး၏လက်ကိုဆွဲကာ ထိုဧည့်ကြိုကောင်တာနားသွားလိုက်ပြီး ထိုဝန်ထမ်းအမျိုးသမီးအား နူးညံစွာပြုံး၍ မေးလိုက်သည်။


"ဟဲလို ကျွန်မ စီအီးအိုကိုလာတွေ့တာပါ

ကျွန်မတို့လာမဲ့အကြောင်းကို သူက ကြိုပြီးတော့အသိပေးထားပါသလား..."


ဝမ်လေးကလည်း ထိုဧည့်ကြိုအမျိုးသမီးကိုသိပေသည်။ဧည့်ကြိုကောင်တာက သူ၏မြင်ကွင်းတွင်ကွယ်နေသောကြောင့်အသာခြေထောက်ခုန်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။


"မမ ဆူစန်...ဒါက သားရဲ့ မားမားလေ သားတို့ပါးပါးကိုလာတွေ့ကြတာ..."


ဆူစန်က ထိုအမျိုးသမီးသည်မစ္စစုန့်ဖြစ်နိုင်သည်ကိုခန့်မှန်းပြီးသားဖြစ်သော်လည်း ဝမ်လေး အတိကျမိတ်ဆက်ပေးလိုက်ချိန်၌ အံအားသင့်မိဆဲပင်ဖြစ်သည်။


သူမ၏ အမူအရာက ယဉ်ကျေးမှုမရှိသည်ကိုသတိပြုမိသွားပြီးနောက် ဆူစန်အလျှင်အမြန်ဖုန်းကိုကောက်ယူလိုက်ပြီး လက်ထောက်ချန်း၏ရုံးခန်းဆီသို့ခေါ်လိုက်သည်။

ထိုအတောအတွင်းသူမကယွမ်ရှကိုလည်း စကားလှမ်းပြောထားလိုက်သေးသည်။


 "မစ္စ စုန့်ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါနော်...

ကျွန်မ လက်ထောက်ချန်းကိုလှမ်းအကြောင်းကြားပြီးရှင်တို့ကိုလာခေါ်ခိုင်းပါ့မယ်..."


သို့သော်လည်းဝမ်လေးကကြားဖြတ်ဝင်ပြောလာလေသည်။


"မလိုပါဘူး...

မားမား သားဘယ်လိုသွားရမလဲဆိုတာသိတယ်။သားခေါ်သွားပေမယ်..."


ယွမ်ရှက ကလေးလေး၏ ခေါင်းကိုပွတ်သပ်လိုက်ပြီး ဧည့်ကြိုဝန်ထမ်းကိုတောင်းပန်ပြုံးလေးပြုံးပြလိုက်သည်။


"မမကို အရင်ဆုံးဖုန်းခေါ်ခိုင်းလိုက်ပါဦး..

ပါးပါးကဒီချိန်ဆိုရင် အလုပ်များနေလောက်တယ်မားမားတို့သူကိုသွားပြီးမနှောက်ယှက်ကြရအောင်..ဟုတ်ပြီလား..."